no

Font
Theme

Little Creampie:

Chapter 20

ရှောင်းဝမ်လင်သည် အေးဆေးစွာဖြင့် ကျင်းလော့အား ငေးကြည့်နေသည်။ 

ဒီရက်ပိုင်း ကျင်းလော့၏ မျက်နှာသည် သူ့အိပ်မက်ထဲ ခဏတိုင်းလိုလိုဝင်ရောက်လာခဲ့သည်။ အိပ်မက်မှနိုးတိုင်းသူ၏စိတ်ထဲတွင် မသက်မသာဖြစ်ရသည်မှာလည်း ခဏခဏပင်။ 

သို့သော်... သေခြင်းတရားကို ထိုင်စောင့်နေရသည်က သူ့စရိုက်မဟုတ်ပေ။ ဤပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းလိုက်ချင်သည်။ အဆင့်မီခြင်း မရှိသော အယ်လ်ဖာတစ်ဦးကြောင့် သူ၏စိတ်ခံစားမှုများ လှုပ်ခတ်ခံရသည်မှာလည်း ရှောင်းဝမ်လင် ငြီးငွေ့နေပြီပင်။ 

ရှောင်းဝမ်လင်သည် သူ၏လက်ချောင်းများကို ဂနာမငြိမ်စွာ ရစ်ပတ်လျက် ကုတင်ပေါ်တွင် ထိုင်နေ၏။ သူ၏အောက်ပိုင်းသည် သွေးပူလာကာ လိင်တံမှာဖောင်းကြွနေသော်လည်း၊ သူ့မျက်နှာတွင်မူ လုံးဝသဘာဝကျနေဆဲဖြစ်သည်။ ထိုသွေးပူမှုသည် သူနှင့်မဆိုင်သလို အေးဆေးတည်ငြိမ်စွာ ရှိနေသည်။ 

ကျင်းလော့ ခပ်ပြင်းပြင်း အသက်ရှူလိုက်မိသည်။ 

သူ့မျက်နှာတွင် တင်းမာနေသော်လည်း၊ ထူးဆန်းစွာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးနီရဲနေသည်။ ရှက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် သူ၏နားရွက်များ၊ ပခုံးလေးများပါ ပန်းရောင်သန်းနေပြီး ခြေချောင်းလေးများကိုလည်း မသိမသာ ကုတ်ထားလိုက်မိသည်။

ကျင်းလော့သည် အနည်းငယ်တုန်ယင်နေသော လက်ဖြင့် ကုတင်ပေါ်ရှိ ပန်းရောင်အတွင်းခံကို ကောက်ယူလိုက်၏။ သူသည် အနောက်ပြန်လှည့်ကာ ရှောင်းဝမ်လင်အား ကျောပေးထားရင်း အဝတ်အစားကို ဝတ်ဆင်ရန် ကြိုးစားနေသည်။

ထိုအချိန်တွင် ရှောင်းဝမ်လင်၏ အေးတိအေးစက် အသံထွက်ပေါ်လာသည်။ "ငါ့ကိုကြည့်"

ရှောင်းဝမ်လင်၏ အောက်ပိုင်းသည် ပို၍ပို၍ တောင့်တင်းလာနေပြီး သူ၏ မျက်လုံးများသည် ကျင်းလော့၏ ရှေ့ပိုင်းကိုသာ စိုက်ကြည့်နေသည်။ ကျင်းလော့၏ အရာသည် သေးငယ်ပြီး သန့်ရှင်းသော်လည်း ကြီးမားခြင်းမရှိပေ၊ ရှောင်းဝမ်လင်၏ အရာနှင့် နှိုင်းယှဉ်လျှင် ကွာဟချက်သည် ပို၍ကြီးမားနေသည်။

ရှောင်းဝမ်လင်သည် ကျင်းလော့၏ မျက်နှာပေါ်က ရှက်ရွံကာစိတ်အနှောင့်အယှက်ဖြစ်နေသော အမူအရာအား မြင်လိုက်ရသည့်အခါ၊ သူ၏ ခန္ဓာကိုယ်တွင်းသို့ သွေးများ ရုတ်တရက် ပြင်းထန်စွာ စီးဆင်းလာသလို ခံစားလိုက်ရ၏။

ရှောင်းဝမ်လင်သည် လက်တစ်ဖက်အား မြှောက်လိုက်ကာ သူ၏ မျက်နှာအမူအရာ ပြောင်းလဲမှုကို အပြတ်အသတ် ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။

ဟား….

သူ၏ မျက်လုံးများသည် ယုန်နားရွက်အစုံနှင့် ထိုနိမ့်ကျသော အယ်လ်ဖာကို မျက်ခြေမပြတ်စိုက်ကြည့်နေသည်။ ထိုမျက်လုံးများအတွင်းမှ တဏှာစိတ်သည် ဖျော်မရသော မင်ကဲ့သို့ ပြင်းထန်လွန်းသလို၊ အကန့်အသတ်မရှိ ဖိစီးထားသော မီးတောင်တစ်ခုကဲ့သို့လည်းဖြစ်နေ၏။

ကျင်းလော့၏ မျက်နှာပေါ်မှ အခြားအမူအရာများသည် မခို့တရို့နှင့်မျက်နှာငုံနေပုံ၊ ကလေးဆန်စွာ ရှုံတွနေပုံ၊ ရှက်ရွံ့နေပုံတို့ကို ကြည့်ရတာ ရှောင်းဝမ်လင်အတွက် ခံနိုင်ရည်မရှိဖြစ်နေသည်။

ထိုအမူအရာများသည် အကောင်းစား ကာမဆေးဝါးကြီးတစ်မျိုးလို သူ့အားဆွဲဆောင်နေသည်။

ရှောင်းဝမ်လင်သည် သူ၏စိတ်ခံစားချက်များကို ဖုံးကွယ်ရန် လက်ဖြင့် မျက်နှာကို အုပ်လိုက်သည်။ သူ၏မျက်နှာတွင်း အေးစက်သောအပြုံးတစ်ခု ပေါ်လာ၏။ ရုပ်တုတစ်ခုကို ကြည့်နေသူတစ်ဦးလို အာရုံမပါဟန်နှင့်ပင်။

သို့သော်… သူ၏အောက်ပိုင်းရှိ လိင်တံကြီးမှာ ကြောက်စရာကောင်းလောက်အောင် မာကျောနေပြီပင်။

ကျင်းလော့က သူ့ဘက်သို့ မျက်နှာမူလာသည်။ နားရွက်များ နီရဲနေပြီး နှုတ်ခမ်းလေးများ တင်းတင်းစူနေ၏။ သူ၏ မက်မောဖွယ် မျက်လုံးလေးများထဲတွင် ရှုပ်ထွေးမှုနှင့် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေသည်။

ကျင်းလော့သည် မျက်ခုံးများ ကျုံ့လိုက်ကာ ရှောင်းဝမ်လင်ကို မကြည့်ဘဲ ရှိနေသော်လည်း၊ သူ၏မျက်နှာပေါ် က အနည်းငယ်နီမြန်းနေသော အရောင်များက စိတ်မသက်မသာဖြစ်နေကြောင်း ဖော်ပြနေသည်။

ထို့နောက် သူသည် ခြေထောက်တစ်ဖက်အား ဖြည်းဖြည်းချင်းမြှောက်လိုက်သည်။ ဤလှုပ်ရှားမှုကြောင့် သူ၏ ရှည်လျားသွယ်လျသော ပေါင်တံမှ အထဲဘက်သို့ ဆန့်ထွက်လာသော အနားသတ်များကို ရှောင်းဝမ်လင်မြင်လိုက်ရ၏။ သူ၏ ပေါင်ခြံကြားတွင် ဝိုးတဝါးမြင်လိုက်ရသော အပေါက်လေးတစ်ခုလဲအပါအဝင်ပင်။

ရှောင်းဝမ်လင်သည် သူ၏လျှာကိုသွားဖြင့် ကိုက်လိုက်သည်။ လက်နှစ်ဖက်ကို ရစ်ပတ်ထားပြီး ဘာမှမဖြစ်သလို အေးဆေးတည်ငြိမ်စွာထိုင်နေ၏။ သူ၏ မျက်လုံးများက ကျင်းလော့ကို အနုပညာလက်ရာတစ်ခုအား ကြည့်ရှုနေသကဲ့သို့ အေးမြစွာ ငေးကြည့်နေ၏။

ကျင်းလော့သည် ချည်သားဖြင့်ပြုလုပ်ထားသော ပန်းရောင်ကြိုးလေးကို ခြေဖြင့်ဖိထားကာ သူ၏ပေါင်ရင်းဆီသို့ တဖြည်းဖြည်း တွန်းတင်လိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့်လားမသိ၊ ကျင်းလော့သည် အလျင်အမြန် လှုပ်ရှားနေပြီး မြန်မြန်ပြီးစေချင်နေသည်။ သို့သော်… နောက်ကျလွန်းနေပြီပင်။ ဖဲကြိုးများသည် နုနယ်ပြီးဖောင်းနေသော ပေါင်သားများပေါ်တွင် အစင်းရာလေးများ ကျန်ရစ်စေခဲ့သည်။

ရှောင်းဝမ်လင် တွေးမိသည်။

ငါသူ့ကိုထိုးသွင်းလိုက်မယ်ဆိုရင်… သူ့ပေါင်သားလေးတွေက တင်းပြီးကိုင်ရတာ အရမ်းကောင်းမှာပဲ...

မဟုတ်… သူကျင်းလော့ကို ထိပါးချင်တာမဟုတ်ဘူး။ ဒီလောက်နဲ့ပဲ ကြည့်ချင်ရုံပါ။

ရှောင်းဝမ်လင်သည် သူ့ကိုယ်သူ အတတ်နိုင်ဆုံး နားချနေခဲ့သည်။

သူ၏လျှာက လည်ချောင်းအတွင်းသို့ဖိထားပြီး ချုပ်တည်းကာ ထိန်းချုပ်ထားသည်။ သူ၏မျက်နှာမှာ ဘာမှမဖြစ်သလို တည်ငြိမ်နေဆဲပင်။

ကျင်းလော့သည် ပေါင်ပေါ်တွင် ကပ်နေသော ကြိုးလေးကို အလျင်အမြန် ဆွဲတင်လိုက်သည်။ အဲကွန်းလေအေးအေးကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေပြီး လေထဲတွင် ပျံ့နေသော အယ်လ်ဖာ၏ ဖယ်ရိုမုန်းနှင့် ကာမစိတ်တို့၏ အနံ့သည် သူ့လို ထုံထိုင်းသူတစ်ယောက်အတွက်ပင် သိသာထင်ရှားလွန်းလှ၏။ 

ကျင်းလော့သည် ယုန်နားရွက်ကို အလျင်အမြန် တပ်လိုက်ပြီး ခြေကျင်းဝတ်ကွင်းလေးအား စွပ်ရန် ခြေထောက်တစ်ဖက်ကို မြှောက်လိုက်သည်။ ထိုကြိုးများသည် သူ၏ နုနယ်သောအရေပြားပေါ်တွင် အစင်းရာလေးများ ကျန်ရစ်စေခဲ့၏။ 

ကျင်းလော့သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပန်းရောင်လည်ပတ် ခေါင်းလောင်းလေးကို လည်ပင်းတွင်တပ်လိုက်၏။ ပန်းရောင်ကြိုးနှင့်ချိတ်ထားသော ခေါင်းလောင်းလေးမှာ မျှော်လင့်ချက်ပြည့်သည့် သာယာသောအသံလေးဖြင့် မြည်ဟီးလာသည်။ 

ဤပစ္စည်းများကို သူမည်သို့ ဝတ်ဆင်မိသွားသည်ကိုပင် ကျင်းလော့ကိုယ်တိုင် နားမလည်။ သူ၏စိတ်ထဲတွင် လုံးဝဗလာလုနီးပါးဖြစ်နေသည်။ 

သူခံစားရသည်မှာ ပြင်းထန်သောရှက်ရွံ့မှုနှင့် ထောင့်တစ်နေရာသို့ ပြေးဝင်ပုန်းအောင်းလိုစိတ်သာ။ ရှောင်းဝမ်လင်၏ အကြည့်များသည် အလွန်ပူလောင်နေပြီး သူ့ကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာနိုင်သလို ခံစားရသည်ကြောင့် ကျင်းလော့ သဘာဝအတိုင်း ထိတ်လန့်တုန်လှုပ်သွားရသည်။ 

ကျင်းလော့သည် ကျန်ရှိနေသေးသော ယုန်အမြီးလေးကို ကြည့်လိုက်ပြီး ငေးငိုင်သွား၏။ ယုန်အမြီးအောက်တွင် ကော့နေသော အရာလေးတစ်ခု ချိတ်ဆွဲထားပြီး အပေါ်တွင် အမွှေးလေးများ တွဲလောင်းကျနေသည်။

ကျင်းလော့က ရှောင်းဝမ်လင်းအား ရှက်ရှက်နှင့် ကြည့်ကာ တိုးတိုးလေးမေးလိုက်သည် 

"ဒါ... ဘယ်လိုဝတ်ရမှာလဲ...?" 

သူ၏ မျက်လုံးများက အဆိုပါချွန်ထက်သောအရာပေါ်သို့ ရောက်သွားပြီး ရုတ်တရက် သဘောပေါက်သွားသလို မျက်နှာတစ်ခုလုံး နီရဲသွား၏။ 

ရှောင်းဝမ်လင်က ကျင်းလော့၏ ကွေးညွှတ်နေသော ခြေထောက်လေးများ၊ ပန်းရောင်သန်းနေသည့် လက်ချောင်းလေးများ၊ လည်ပင်းအထိ ပျံ့နေသော နီမြန်းမှုတို့အား ကြည့်နေမိသည်။ ကျင်းလော့၏ မျက်နှာတွင် တစ်စုံတစ်ရာကို ရုတ်တရက် သဘောပေါက်သွားသလို ရှက်ရွံ့တုန်လှုပ်နေသည့် အမူအရာမျိုး ပေါ်နေ၏။ 

ရှောင်းဝမ်လင် ရုတ်တရက် အံ့အားသင့်သွားသည်။ 

မဖြစ်နိုင်တာ

ဒီလောက်တောင် ဖြူစင်နေရသလား

ဒါဆို သူက အကျင့်သိက္ခာမရှိတဲ့ စော်ကားနေသူလို ဖြစ်နေပြီလား... ဒါက မကောင်းတာမဟုတ်ဘူးလား? 

ရှောင်းဝမ်လင်၏စိတ်ထဲတွင် ထိုသို့ တွေးမိနေသော်လည်း၊ သူ၏မျက်လုံးများထဲက ပိုင်ဆိုင်လိုမှုနှင့် တပ်မက်မှုတို့သည် ကျင်းလော့၏ အရေပြားကိုပင် ခွာထုတ်နိုင်လောက်အောင် ပြင်းထန်နေ၏။ 

ရှောင်းဝမ်လင်က နှုတ်ခမ်းတစ်ဖက်တွန့်ပြီး ပြုံးလိုက်သည်

"ငါ ကူညီပေးမယ်၊ ဒီကိုလာခဲ့" 

ကျင်းလော့ တွန့်ဆုတ်နေမိသည်။ 

သူသည် ရှောင်းဝမ်လင်နှင့် အဝေးဆုံးနေရာတွင် ရပ်နေပြီး အနည်းငယ်မျှ မချဉ်းကပ်ရဲပေ။ 

ရှောင်းဝမ်လင်က သူ၏ပေါင်ကို ပုတ်ပြလိုက်ပြီး ဖြည်းညှင်းစွာ ဖြားယောင်းလိုက်သည်။

"နာခံစမ်းပါ မြန်မြန်ပြီးစေချင်တယ်မဟုတ်လား?" 

အခုလို ကြည့်ရတာ သားကောင်ကို ဖြားယောင်းနေသည့် ဝံပုလွေတစ်ကောင်လိုပင်။ သူ၏ ပြုံးရယ်နေမှုဟာ လူကောင်းပီသစွာနှင့် သားကောင်အား စွဲဆောင်နေသလိုပင်

"လာခဲ့..."

ကျင်းလော့က သူ့လက်ထဲက အရုပ်လေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိပြီး လှုပ်ရှားမရဖြစ်နေသည်။

"ငါ...ငါ..." 

"မရဘူး" 

ရှောင်းဝမ်လင်က သူ့အင်္ကျီကော်လာကို ဆွဲချလိုက်ပြီး ဂျုံမှုန့်ရောင်အသားနှင့် ရင်အုပ်ကြွက်သားများကို ဖော်ထုတ်လိုက်သည်။ သူ၏ လည်စေ့လေးလည်း ရွေ့လျားသွားသည် 

"လာခဲ့..." 

ရှောင်းဝမ်လင်၏ အသံသည် လည်ချောင်းသံဖြင့် အနည်းငယ်ဩရှနေသည်။

ရှောင်းဝမ်လင်က အေးဆေးစွာ မေးလိုက်သည် "ဝတ်ပြီးရင်ပြီးသွားမှာပဲ ဒါမှမဟုတ် အခြားသူတွေ ပြန်လာတဲ့အထိ စောင့်ချင်သေးလား"

ရှောင်းဝမ်လင်: "ငါကတော့ စမ်းကြည့်ရုံပါပဲ"

ကျင်းလော့သည် အာရုံထွေပြားနေသလို ခဏတာ မတတ်မသာဖြစ်ပြီး ဖြည်းဖြည်းချင်း ခြေလှမ်းများ ရွေ့လျားလာခဲ့သည်။

ချစ်စဖွယ် ခြူသံလေးမြည်လာသည်။ ရှောင်းဝမ်လင်၏မျက်လုံးများက ပန်းရောင်ကြိုးများနှင့် ချည်နှောင်ထားသော ယုန်နားရွက်လေးတပ်ထားသည့် ကျင်းလော့ကို စိုက်ကြည့်နေမိသည်။

ကျင်းလော့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပန်းရောင်သန်းနေပြီး၊ လိင်အင်္ဂါအား ဆွဲဆောင်မှုရှိသော ကြိုးဖြင့် ဖုံးအုပ်ထားကာ ပေါင်ပေါ်ရှိ အသားများမှာလည်း ကြိုးရာများဖြင့် ကျန်ရစ်ခဲ့သည်။

လည်ပင်းတွင်ဆွဲထားသော ပန်းရောင်ခြူလေးမှာ လည်ပင်းပေါ်တွင် တည်ရှိနေပြီး၊ ပန်းရောင် ကြိုးလေးများက လှပစွာကွေးညွတ်နေသော လည်ပင်းနှင့် ညှပ်ရိုးပေါ်တွင် ကပ်နေ၏။

ကျင်းလော့၏ လက်မောင်းများနှင့် ပေါင်ခြံတို့တွင် ပန်းရောင်သားမွှေးအဆင်တန်ဆာလေးများ တပ်ဆင်ထားပြီး၊ သူ၏ခွက်နေသော တင်ပါး၏ လိုင်းများသည် ပန်းရောင်ကြိုးအတွင်းသို့ ဖြောင့်တန်းစွာ ဆက်သွားကာ တစ်ဝက်ဖုံးကွယ်ထားသော လျှို့ဝှက်နေရာလေးအား ဖော်ပြနေသည်။

ကျင်းလော့၏ ခန္ဓာကိုယ်သည် အလွန်လှပသည်။ အကယ်၍ သူသည် အယ်လ်ဖာတစ်ဦးဖြစ်ခဲ့မည်ဆိုလျှင်၊ သူ၏ သွယ်လျသော ကြွက်သားများက အိုမီဂါများထက်ပင် ပိုမိုလှပသော ခန္ဓာကိုယ်ကောက်ကြောင်းများနှင့် ဘယ်သောအခါမှ မည်းမလာသည့် အလွန်ဖြူနေသော အသားအရေတို့ကြောင့် အိုမီဂါများက သူ့ကို လွန်စွာပျော့ပျောင်းလွန်းပြီး လုံခြုံမှုနှင့် ကာကွယ်မှုအငွေ့အသက် မပေးနိုင်လို့ နှစ်သက်ကြမည်မဟုတ်ပေ။

သို့သော်... အယ်လ်ဖာတစ်ဦး၏ မျက်လုံးများထဲတွင်မူ ဤအားကောင်းသော်လည်း နူးညံ့သည့် ကိုယ်ခန္ဓာကောက်ကြောင်းများသည် အလွန်ဆွဲဆောင်မှုရှိနေ၏။ ထိုနူးညံ့သော ခါးလေးကို ကိုင်ထားသည့်အခါ ခါးလေး၏ ကွေးညွတ်မှုနှင့် အားအင်တို့ကို သူ အလွယ်တကူ မြင်ယောင်နိုင်သည်။ 

ထို့ထက်ပို၍ အရေးကြီးသည်မှာ... 

ကောင်းမွန်သော ကိုယ်လက်ကြံ့ခိုင်မှုပင်။ 

သာမန်အိုမီဂါများကဲ့သို့ အားနည်းလွန်းသည်ဟူသော အကြောင်းပြချက်ဖြင့် အလွယ်တကူ သတိလစ်သွားနိုင်မည်မဟုတ်။ 

ရှောင်းဝမ်လင်၏ ၏လိင်တံသည် ပေါက်ကွဲထွက်လုနီးပါးဖြစ်နေပြီပင်။

ရှောင်းဝမ်လင်သည် ဘာမှလုပ်ဖို့ မရည်ရွယ်ခဲ့ပေမယ့် သူစဉ်းစားလိုက်မိသည်။ ဒါကိုကြည့်ပြီးရင် သူ့အတွေးကို စွန့်လွှတ်လိုက်မလား၊ ဒါမှမဟုတ် ဒါဟာ စမ်းသပ်မှုတစ်ခုသာလား။

ရှောင်းဝမ်လင်၏ ခန္ဓာကိုယ်အပူချိန်သည် အလွန်မြင့်မားနေပြီး၊ အယ်လ်ဖာဖယ်ရိုမုန်းများပင် ဤပူပြင်းမှုကို မထိန်းချုပ်နိုင်တော့ချေ။

သူ၏သားကောင်ကို နှောင့်ယှက်မိမှာစိုးသည့်အတွက် ရှောင်းဝမ်လင်သည် အပူကို သည်းခံထိန်းချုပ်နေမိသည်။ 

ကျင်းလော့က ကြွက်သားလိုင်းအနည်းငယ်ရှိသော်လည်း သိသာထင်ရှားမှုမရှိသည့် ပေါင်တံများဖြင့် ဖြည်းဖြည်းချင်း သူ့ဘက်သို့ လှမ်းလာခဲ့သည်။ ရှောင်းဝမ်လင်၏ မျက်လုံးများသည် မလွဲမသွေ သူ့ပေါင်တံများပေါ်သို့ စိုက်ကျသွားမိသည်။ 

ရှောင်းဝမ်လင်သည် ခြေတံလှသူများကို စွဲလမ်းတတ်သူဖြစ်သည်။ 

သူ လင်လုကို စိတ်ဝင်စားရတာလည်း ဒီအချက်ကြောင့်ပင်။ လင်လုသည် အရပ်ရှည်ပြီး မော်ဒယ်လုပ်ဖို့ ကိုယ်ခန္ဓာကောက်ကြောင်းလှသူဖြစ်သည်။ 

သို့သော် ယခုအချိန်တွင် ကျင်းလော့သည် သူ၏ဘောင်းဘီကို ချွတ်လိုက်ပြီးနောက် ရှောင်းဝမ်လင်တွေ့လိုက်ရသည်မှာ ကျင်းလော့၏ ခြေထောက်များသည် လင်လုထက်ပင် ပို၍ဆွဲဆောင်မှုရှိနေခြင်းပင်။ 

ပုံမှန်အားဖြင့် ကျင်းလော့သည် သူ၏ခြေထောက်ပုံစံကို မပြသနိုင်သည့် ဘောင်းဘီမျိုးကိုသာ ဝတ်ဆင်လေ့ရှိသဖြင့် သူ၏ခြေထောက်ရှည်များကို သိသာစွာမမြင်ရပေ။ သို့သော် ယခုအခါ သူဘောင်းဘီချွတ်လိုက်သည်နှင့် ကောက်ကြောင်းလိုင်းများဖြင့် လှပစွာတည်ရှိနေသော သူ၏ပေါင်တံများသည် အလွန်ထင်ရှားလှပလာသည်။ 

ကျင်းလော့သည် မျက်နှာနီမြန်းလျက်၊ မျက်ခုံးများကျုံ့ထားပြီး ရှောင်းဝမ်လင်၏ရှေ့တွင် မတ်တပ်ရပ်ကာ မသေမချာဖြစ်နေသည့်အမူရာနှင့် ရှောင်းဝမ်လင်ကို ကြည့်နေသည်။

ရှောင်းဝမ်လင်သည် သူ့ဘေးရှိ စားပွဲပေါ် သို့ ခြေထောက်တစ်ဖက်ကို ချိတ်တင်လိုက်ပြီး၊ လက်တစ်ဖက်ဖြင့် ကျင်းလော့အား ချီကာ စားပွဲပေါ်တွင် သူ၏တင်ပါးကို ထိုင်ခိုင်းလိုက်သည်။

ကျင်းလော့သည် အလန့်တကြားဖြစ်သွားသည်။ ရှောင်းဝမ်လင်၏ အားပြင်းမှုနှင့် အရှိန်မှာ အလွန်မြန်လွန်းသည်။ နောက်စက္ကန့်ပိုင်းအတွင်း သူသည် စားပွဲပေါ် သို့ ချီတင်ခံရပြီး သူ၏ပေါင်တံများကို ရှောင်းဝမ်လင်းက ကားချဲလိုက်ကာ စားပွဲစွန်းပေါ်တွင်ချခိုင်းလိုက်၏။

ဖြူစင်လှပသော ပေါင်တံများသည် ရှောင်းဝမ်လင်၏ ဘေးနှစ်ဖက်တွင် ဖိချထားခံရသည်။ စားပွဲသည် အိပ်ရာထက် အများကြီးမြင့်သော်လည်း၊ ကျင်းလော့ထိုင်လိုက်သည့်အခါ ရှောင်းဝမ်လင်ထက် အနည်းငယ်မျှသာ မြင့်နေသည်။

ရှောင်းဝမ်လင်သည် ပေါင်သားများကို ကားထားပြီး တစ်ဖက်လက်ဖြင့် ကျင်းလော့၏ ခါးကို ပွေ့ထားသည်။ ရည်ရွယ်ချက်ရှိရှိ မရှိရှိ၊ သူ၏လက်သည် ကျင်းလော့၏ နှင်းဖြူရောင်တင်ပါးသားနုနုပေါ်တွင် ကျန်ရစ်နေပြီး လက်ချောင်းအရာများ ထင်ကျန်စေခဲ့သည်။

ရှောင်းဝမ်လင်၏ အကြည့်များသည် ကျင်းလော့၏ ဖြန့်ထားသော ခြေထောက်များ အလယ်ရှိ အပေါက်တွင် ကျောက်ချနေသည်။

ထိုကြည့်ရှုမှုအောက်တွင် အပေါက်လေးသည် ရှက်ရွံ့ သကဲ့သို့ ပိတ်သွားသည်။ ယောက်ျားတစ်ဦး၏ ချစ်ခြင်း မေတ္တာကို မခံစားရဖူးသေးသကဲ့သို့ သန့်ပြန့်ဖြူစင်လျက်၊ အယ်လ်ဖာ၏ ဖယ်ရိုမုန်းများ ထိတွေ့မှုကြောင့် အနည်းငယ် စိုစွတ်နေ၏။

ရှောင်းဝမ်လင်၏ အသက်ရှူသံများ လေးလံလာပြီး မျက်လုံးများတွင် နက်မှောင်လာသည်။

သူ နှုတ်ခမ်းတစ်ဖက်တွန့်ပြီး ပြုံးလိုက်ကာ၊ "ငါ ကူညီပေးမယ်" ဟု ညင်သာစွာ ပြောလိုက်၏။

ကျင်းလော့၏ လက်များက စားပွဲကို ကုတ်ပြီး မှီနေမိသည်။ "ငါ"

ရှောင်းဝမ်လင်က ကျင်းလော့၏ လက်ထဲမှ ယုန်အမြီးလေးကို ယူလိုက်သည်။ ယုန်အမြီးတွင် တပ်ဆင်ထားသော အရုပ်လေးမှာ အလွန်ချစ်စရာကောင်းသည်။

ရှောင်းဝမ်လင်က လက်တစ်ဖက်ဖြင့် ကျင်းလော့၏ ခန္ဓာကိုယ်ကို ဖိချလိုက်ပြီး၊ အခြားလက်ဖြင့် သူ၏ မေးစေ့ကို ဖိထားလိုက်သည်။ လက်မဖြင့် ကျင်းလော့၏ အောက်နှုတ်ခမ်းကို ပွတ်သပ်ပြီးနောက်၊ လက်ချောင်းများကို သူ၏ ပါးစပ်အတွင်းသို့ ထိုးသွင်းကာ လျှာကိုနှိုးဆွလိုက်သည်။

ကျင်းလော့သည် စိုးရိမ်ထိတ်လန့်စွာဖြင့် ရှောင်းဝမ်လင်ကို ကြည့်နေမိသည်။ သူ၏ လက်ချောင်းများက လျှာကို ညှပ်ပြီး ပါးစပ်အတွင်း လှုပ်ရှားနေစဉ်၊ ကျင်းလော့သည် မသက်မသာဖြစ်ကာ ခေါင်းလှည့်လိုသော်လည်း၊ သူ့မေးစေ့ကို ဖိထားသော လက်ချောင်းများကြောင့် မလှုပ်ရှားနိုင်ခဲ့ပေ။

ပါးစပ်အတွင်း လက်ချောင်းများဖြင့် ဆော့ကစားရာမှ ရှက်ဖွယ်ကောင်းသော ရေသံများ ထွက်ပေါ်လာခဲ့သည်။ 

ရှောင်းဝမ်လင်သည် သူ၏လက်ချောင်းများကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ပြီး၊ လက်ဖျားပေါ်က ငွေချည်မျှင်တန်းလေးများကို စိုက်ကြည့်နေမိသည်။ သူ၏လက်ချောင်းများကို ကျင်းလော့၏ပေါင်တံပေါ်တွင် တင်လိုက်ပြီး အပေါက်ဝအနီးသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လိုက်သည်။ 

ကျင်းလော့ သဘာဝအတိုင်း တုန်လှုပ်သွားပြီး ခြေထောက်နှစ်ဖက်ကို တင်းတင်းစုစည်းလိုက်မိသည်။ 

ရှောင်းဝမ်လင်၏ အသံထဲတွင် သူအပြင်းအထန် ထိန်းချုပ်နေရသော တပ်မက်မှုများ ပြည့်နှက်နေ၏ "အချစ်ကလေး... နည်းနည်းလေး လျော့ထားပါအုန်း..." 

စကားလုံးများ ပါးစပ်ထဲမှ ထွက်လာသည်နှင့်တပြိုင်နက် ရှောင်းဝမ်လင် ခဏတာ ရပ်တန့်သွားပြီး၊ သူ၏နှလုံးသားထဲတွင် ရှက်ရွံ့မှုနှင့် မသက်မသာဖြစ်မှုတို့၏ ထူးဆန်းသော ခံစားချက်များ လျှပ်တစ်ပြက် ဖြတ်သန်းသွားခဲ့သည်။ သူအချိန်ကြာမြင့်စွာ ရင်ဆိုင်ရန် မဝံ့မရဲဖြစ်နေခဲ့သော အရာတစ်ခုကို သူ အများဆုံး ရှောင်ဖယ်ချင်သူရှေ့မှောက်တွင် ဖော်ထုတ်မိသလို ခံစားလိုက်ရ၏။ ဤအခေါ်အဝေါ်ကို အသိအမှတ်ပြုလိုက်ခြင်းသည်၊ နှလုံးသားအတွင်းက လျှို့ဝှက်ခံစားချက်များကို ဝန်ခံလိုက်ခြင်းဖြစ်ပြီး၊ အယ်လ်ဖာတစ်ဦး၏ ဂုဏ်သိက္ခာကိုလည်း စွန့်လွှတ်လိုက်ရခြင်းပင်…

ကျင်းလော့သည် ထိုအခေါ်အဝေါ်အား အာရုံမစိုက်မိခဲ့ပေ။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေပြီး အယ်လ်ဖာ၏ဖိအားကြောင့် စားပွဲနှင့်ကပ်နေရသည်။

စိုးရိမ်ထိတ်လန့်စွာဖြင့် လက်နှစ်ဖက်ကို စားပွဲပေါ်တွင် မှီထားကာ မျက်နှာကို တစ်ဖက်သို့ လှည့်ထားမိသည်။ သူ၏လည်ပင်းကြွက်သားများ လှုပ်ရှားသွားသည့်အခါ ဖြစ်ပေါ်လာသော ကွေးညွတ်မှုများမှာ အလွန်လှပ၏။

ကျင်းလော့၏ အသံမှာ တုန်လှုပ်နေလောက်အောင် နူးညံ့ လွန်းသည် “… အဝတ်လေးတွေ ဝတ်ပေးရုံပဲ မဟုတ်လား..?"

သူ၏အသံထဲတွင် ကြောက်ရွံ့မှုများ ပြည့်နေပြီး သဘာဝအတိုင်း အားနည်းနေသည့် အရိပ်အမြွက်ပင် ပေါ်လွင်နေသည်။

ရှောင်းဝမ်လင်သည် ကျင်းလော့၏ နှင်းဆီဖြူရောင် လက်မောင်းသားကို ညှစ်လိုက်ပြီး၊ သူ၏မျက်နှာပေါ်တွင် အနည်းငယ်စိတ်လှုပ်ရှားမှု ဖြတ်သန်းသွားကာ အသံအာသီသဖြင့် ပြန်ဖြေလိုက်သည် “ဒါပေါ့”

"ငါကအယ်လ်ဖာတွေကို စွဲလမ်းတဲ့ နှာဗူးတစ်ယောက်တော့မဟုတ်ပါဘူး”

ရှောင်းဝမ်လင်သည် သူ၏သားကောင်ကို တင်းတင်းကြီး ဆုပ်ကိုင်ထားမိသည်။

တကယ်တော့ သူ၏ဝမ်းကွဲကို မေးမြန်းပြီး နောက်ပိုင်း ကျင်းလော့သည် သူ၏အိုမီဂါဖြစ်လာမည် ဟု သူမျှော်လင့်ထားခြင်း မရှိတော့ပေ။ အကြောင်းမှာ ရှောင်းဝမ်လင်သည် ကျင်းလော့၏ မိသားစုအခြေအနေကို နားလည်သိရှိထားသောကြောင့်ဖြစ်သည်။

ကျင်းလော့သည် ဖယ်ရိုမုန်းဆေးဝါးများအား မတတ်နိုင်ပေ။

ရှောင်းဝမ်လင်၏ နှလုံးသားသည် အလွန်ပူပြင်းလာပြီး နူးညံ့သွားခဲ့သည်။ ကျင်းလော့ အိုမီဂါဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ မည်သို့မျှ အရေးမကြီးတော့ပေ။ သူလိုချင်တာက ကျင်းလော့ကို နေ့ညမရွေး ထိုးသွင်းပြီး သူ၏ဖယ်ရိုမုန်းအနံ့များဖြင့် ပြည့်နှက်စေလိုခြင်းသာဖြစ်သည်။

ရှောင်းဝမ်လင်အနေနှင့် ကျင်းလော့သည် အိုမီဂါဖြစ်နိုင်ခြေမှာ လုံးဝသုညနီးပါးရှိသည်ဟု သိထား၏။

သို့သော် ဤအချိန်တွင် ရှောင်းဝမ်လင် လိုအပ်သည်မှာ ကျင်းလော့ကို သူ့အား ထိုးသွင်းခွင့်ပြု ရန် လက်ခံစေမည့် အကြောင်းပြချက်တစ်ခုသာ ဖြစ်သည်။

ရှောင်းဝမ်လင်သည် သူ၏လက်ချောင်းကို အပေါက်အတွင်းသို့ ဖြည်းဖြည်းချင်း ထိုးသွင်းလိုက်ပြီး လူကြီးလူကောင်းပီသသော အပြုံးတစ်ခုနှင့်၊ အရှက်မရှိစွာပင် ပြောလိုက်သည်။

"ကျင်းလော့..မင်းက အဲ့ညတုန်းက ငါ့အမှတ်အသားပြုခဲ့တဲ့ အိုမီဂါနဲ့ အရမ်းဆင်တူနေတယ်”

Chapter 20 ended

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment