no

Font
Theme

Little Creampie:

Chapter 17

လက်တွေ့သင်တန်းကာလသည် တစ်ပတ်ကြာမြင့်မည်ဖြစ်သည်။

ပိတ်ပင်ထားသည့်နေရာသို့ ခေါ်ဆောင်သွားမည့် ရဟတ်ယာဉ်သည် တက္ကသိုလ်ဝင်းအတွင်း၌ ရပ်နားလိုက်၏။ ကျင်းလော့သည် အနောက်ဘက်တွင် ရပ်ကာ ခရီးဆောင်အိတ်များအား ဆွဲယူနေသည်။ 

သူ၏ အေးစက်သောမျက်နှာပေါ်တွင် စိုးရိမ်စိတ် အနည်းငယ်ပေါ်လာပြီး လူအုပ်ထဲမှ ရှောင်းဝမ်လင်ကို မျက်စောင်းထိုးကြည့်လိုက်မိ၏။ ရှောင်းဝမ်လင်က သူ့ကို သတိမထားမိသေးတာကို တွေ့လိုက်ရတော့ သူလူအုပ်အနောက်ကိုဝင်ပုန်းလိုက်၏။ 

“ငါ... ရှောင်းဝမ်လင်နဲ့ နီးနီးကပ်ကပ် မနေချင်တော့ဘူး..."

ကျင်းလော့သည် မသက်မသာနှင့် သက်ပြင်းရှိုက်လိုက်ပြီး  သူ့လည်ပင်းအနောက်ဘက်ကို ကသိကအောက်ဖြစ်စွာ ပွတ်သပ်လိုက်သည်။ 

သူ ယာဉ်ပေါ်ကို အောင်မြင်စွာ တက်နိုင်ခဲ့သော်လည်း၊ ရှောင်းဝမ်လင်နှင့် ယာဉ်တစ်စီးတည်းမဟုတ်ခဲ့ပေ။ အနောက်တွင် ရှောင်းဝမ်လင်၏ မျက်လုံးများသည် ရေကြည်လို အေးဆေးတည်ငြိမ်နေပြီး၊ သူဘက်သို့ လှည့်ကြည့်ခြင်းတောင်မရှိပေ။ 

သူကတော့ လုံးဝဂရုမစိုက်သလို၊ စိတ်လည်းမဝင်စားသည့်ဟန်ပင်။

ရှောင်းဝမ်လင်၏ လက်ရှိအမူအရာကိုမြင်တဲ့အခါ ကျင်းလော့ရင်ထဲတွင် အနည်းငယ် သက်သာရာရသွားသလို ခံစားလိုက်ရသည်။ 

သင်တန်းနေရာကိုရောက်တဲ့အခါ ကျင်းလော့သည် လူလေးယောက်‌နေထိုင်သည့် အခန်းအားတွေ့လိုက်ရသည်။ တံခါးဘေးကဘုတ်ပြားတွင် နာမည်လေးခုရေးထားပြီး သူ့နာမည်ရဲ့အောက်မှာ ရှောင်းဝမ်လင်ရဲ့ နာမည်ကိုတွေ့လိုက်ရ၏။ 

ကျင်းလော့သည် တံခါးကိုတွန်းဖွင့်လိုက်ပြီး သီးသန့်ခန်းထဲတွင် လူများပြည့်နှက်နေသည်ကိုတွေ့လိုက်ရ၏။ ရှောင်းဝမ်လင်သည် အောက်ဆုံးခုတင်ပေါ်မှာ လဲလျောင်းနေပြီး အယ်လ်ဖာနှစ်ယောက်က သူနဲ့စကားပြောနေကြသည်။ ရှောင်းဝမ်လင်က ပျင်းရိငြီးငွေ့ဖွယ်အပြုံးတစ်ခုနှင့်အတူ သူ့လက်ထဲက စစ်ဓားလေးကို လှည့်ကိုင်ကစားနေ၏။ 

တစ်ချိန်လုံး ပျင်းရိငြီးငွေ့နေခဲ့သူက အသံတစ်ခုကြားတာနဲ့ မျက်နှာမော့ကြည့်လာပြီး ရယ်စရာကောင်းသည့် အပြုံးတစ်ခုနဲ့ လှည့်ကြည့်လာသည်။ 

သူ့ဘေးက အယ်လ်ဖာနှစ်ယောက်သည် ရှောင်းဝမ်လင်၏ ရုတ်တရက်ပြောင်းလဲသွားသည့် မျက်နှာအမူအရာကို သတိထားလိုက်မိကြသည်။ ရှောင်းဝမ်လင်ထံမှ နှစ်သက်ခံရဖို့ကြိုးစားနေသည့် ဒီလူနှစ်ယောက်က ကျောင်းတွင် ရှောင်းဝမ်လင်နှင့် အပြန်အလှန်ခွဲခြား၍မရသော ရန်သူတစ်ဦးရှိကြောင်း ကောင်းစွာသိထားကြ၏။

ဒါက ကိုယ့်ဂုဏ်ကိုယ် ဖော်ပြဖို့ အကောင်းဆုံးအချိန်ပဲ။ 

အယ်လ်ဖာနှစ်ဦးသည် တစ်ဦးကိုတစ်ဦး မျက်စပစ်ပြပြီး ထလိုက်ကာ ကျင်းလော့ဘက်သို့ ချီတက်လာခဲ့သည်။ 

ရှောင်းဝမ်လင်ကမူ ဓားလေးကို လက်ထဲမှာ လှည့်ပတ်ရင်း ဘေးကနေ အေးအေးဆေးဆေး ကြည့်နေခဲ့၏။ 

"ဘာကိစ္စလဲ"

ကျင်းလော့သည် မည်းနက်စူးရှသော မျက်လုံးများဖြင့် ချဉ်းကပ်လာသူနှစ်ဦးကို မော့ကြည့်လိုက်သည်။ 

သူ၏ မက်မောဖွယ် မျက်ဝန်းလေးများပေါ်တွင် နှင်းခဲအလွှာတစ်ခု ဖုံးအုပ်သွားသကဲ့သို့ အေးစက်နေ၏။ 

ထိုအေးစက်လွန်းသော မျက်လုံးများက ကြည့်သူတိုင်းကို ချမ်းစိမ့်စေလောက်အောင် အာနိသင်ပြင်းထန်နေသည်။ 

အယ်လ်ဖာနှစ်ဦးသည် ခဏတာ ဝန်လေးနေမိချိန်တွင်၊ ကျင်းလော့က သူတို့နှစ်ဦးကြားမှ ဖြတ်သန်းသွားလိုက်ပြီပင်။ 

ထိုအချိန်တွင် အယ်လ်ဖာတစ်ဦးသည် ရှောင်းဝမ်လင်၏ မိသားစုအာဏာနှင့် သူ၏ လက်ပိုက်ကြည့်နေမည်မဟုတ်သည့်အကျင့်ကို သတိရလိုက်ပြီး သွားကြေးစုပ်ကာ လက်တစ်ဖက်အား မြှောက်လိုက်ပြီး ကျင်းလော့၏ ပခုံးအား ဖိချလိုက်သည်။ 

“ရပ်၊ မင်းကို ဝင်ခွင့်ပေးပြီလား? အရည်အချင်းမရှိတဲ့ အယ်လ်ဖာ..."

ခဏကြာတော့... 

ရေအိုင်ကဲ့သို့ အေးစက်ကာ ခက်ထန်နေသည့် မက်မွန်ပွင့်များကဲ့သို့ မျက်ဝန်းတစ်စုံက လှမ်းကြည့်လာသည်။

အယ်လ်ဖာ၏ နှလုံးသားမှာ တုန်လှုပ်သွားရပြီး ကျင်းလော့၏ ပခုံးပေါ်တွင် တင်ထားသည့် လက်မှာဆွဲချခံလိုက်ရကာ ရုတ်တရက်ပြင်းထန်သည့် အားတစ်ခု ဝင်ရောက်လာပြီး 

သူ၏ အမြင်အာရုံသည်လည်း မှုန်ဝါးသွားခဲ့၏။ 

ထိတ်လန့်စရာပဲ!

ကျင်းလော့သည် ကျွမ်းကျင်စွာပင် ပခုံးပေါ်မှ လက်အားလှည့်ပုတ်ချလိုက်သည်။ 

လှုပ်ရှားမှုအားလုံးသည် လျှပ်တစ်ပြတ် ဖြစ်ပေါ်သွားခဲ့၏။ 

ကျင်းလော့ထက် အနည်းငယ်ပိုမြင့်သော အယ်လ်ဖာသည် ကြမ်းပြင်ပေါ်သို့ အပြင်းအထန် ကျသွားပြီး ကြက်သံကဲ့သို့ နာကျင်ဖွယ်အသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။ 

"အား!"

အယ်လ်ဖာသည် ကြမ်းပြင်ပေါ်တွင် အော်ဟစ်နေခဲ့သည်။ 

ကျင်းလော့၏ မည်းနက်သော မျက်လုံးများက ဘေးနားမှ အခြားအယ်လ်ဖာကို စိုက်ကြည့်လိုက်ပြီး 

"မင်းလည်း စမ်းကြည့်ချင်သေးလား?"

ထိုအယ်လ်ဖာသည် အလွန်တရာပင် ထိတ်လန့်သွားရပြီး ရှောင်းဝမ်လင်ဘက်သို့ ကြောက်ရွံ့စွာ လှည့်ကြည့်လိုက်သည်။ 

ရှောင်းဝမ်လင်၏ မျက်နှာပေါ်တွင် နားလည်ရခက်သော အမူအရာကို တွေ့မြင်ရသည်နှင့် 

"မဟုတ်ဘူး... ငါ..." ဟု အလျင်အမြန် ခေါင်းခါလိုက်သည်။ 

ကျင်းလော့သည် သူ၏ ခရီးဆောင်အိတ်များနှင့်အတူ အခန်းအတွင်းသို့ ဝင်သွားခဲ့၏။

ကျင်းလော့ ရှောင်းဝမ်လင်၏ ဆန့်ကျင်ဘက်ခုတင်ပေါ်တွင် ထိုင်နေ၏။ 

ထိုတစ်လျှောက်လုံး ကျင်းလော့က ရှောင်းဝမ်လင်အား လှည့်ကြည့်သည်မရှိ၊ ရှောင်းဝမ်လင်ကလည်း သူ့လက်ထဲက ဓားလေးနဲ့ ကစားရင်းပဲ စကားမပြောပဲနေခဲ့သည်။ နှစ်ယောက်ကြားက ဆက်ဆံရေးက တင်းမာနေခဲ့ပြီး၊ ကျောင်းမှာ ပြောနေကြသလို "ဆက်ဆံရေး သိပ်မပြေပြစ်ဘူး" ဆိုသည့်အတိုင်းပင်။

ရှောင်းဝမ်လင်က ခြေထောက်ကွေးပြီး ခုတင်ပေါ်မှထိုင်လျက်၊ သူ့မျက်လုံးထဲတွင် နက်နဲသည့်အကြံများပါသည့်မျက်လုံးများဖြင့် ဖြတ်သွားနေသည့် ကျင်းလော့အား စိုက်ကြည့်နေသည်။ 

ဒေါသကြီးတယ်၊ ကြမ်းတမ်းတယ်...

အရမ်းဒေါသထွက်လွယ်တဲ့ ကြောင်ရိုင်းလေးလိုပဲ…

ကြမ်းတမ်းလိုက်တာ ကြမ်းတမ်းလိုက်တာ 

ရှောင်းဝမ်လင်က မရေရာသော လေသံဖြင့် ပြုံးလိုက်သည်။

ဒီလိုအေးစက်တဲ့ပုံနဲ့ ဒေါသကြီးပြီး အကြမ်းဖက်ရမှာကို မတွန့်တိုတဲ့ လူတစ်ယောက်မှာ... ဒီလိုစရိုက်မျိုးရှိမယ်လို့ ဘယ်သူသိမှာလဲ။ 

ငိုရတာကိုကြိုက်ပြီး အလိုလိုက်ခံထားရတဲ့အာပေတူးလေးလိုလဲ သရုပ်ဆောင်တတ်သေးသည်။  

ညသန်းခေါင်အချိန်မှာတောင် ထပြီး အယ်လ်ဖာရဲ့ ခါးပေါ်ကို တက်တွယ်တတ်သေးတယ်။ 

ရှောင်းဝမ်လင်၏ မျက်လုံးများသည် သူ၏ဆန့်ကျင်ဘက်ခုတင်ပေါ်တွင် အိတ်ကြီးအားဖွင့်ကာ အိပ်ရာခင်းနေသည့် ကျင်းလော့ကို စိုက်ကြည့်နေခဲ့သည်။ ကျင်းလော့က ကိုယ်ကို အနည်းငယ်ကိုင်းပြီး အိတ်ထဲပစ္စည်းများအား စီနေသည့်အခါ၊ သူ့ခန္ဓာကိုယ်၏ ကောက်ကြောင်းတို့က ပိုမိုထင်ရှားလာခဲ့သည်။ သူ့ရဲ့ရှည်လျားသည့်ခြေထောက်တွေက စည်းနှောင်ခံထားရသလို တင်းကျပ်နေပြီး၊ သူ့တင်ပါးက လုံးဝန်းပြီး တင်းရင်းနေကာ ရှောင်းဝမ်လင်ရဲ့ဘက်ကို မျက်နှာမူထား၏။ 

ရှောင်းဝမ်လင် လျှာဖြင့် သူ့သွားတွေကို ပွတ်သပ်လိုက်သည်။

ဘယ်သူသိမှာလဲ... 

ဒီလိုအေးစက်တဲ့ပုံပေါက်တဲ့သူတစ်ယောက်က အကိုက်ခံရတာကို ကြိုက်နှစ်သက်တဲ့ စိတ်မနှံ့သူတစ်ယောက်ဖြစ်မယ်ဆိုတာ... 

ပြီးတော့ ကိုက်ခံရတိုင်း ငိုတတ်တဲ့သူတစ်ယောက်ဆိုတာကိုရော။

ရှောင်းဝမ်လင်က ကျင်းလော့၏ မျက်ရည်များနှင့် ရွှန်းစိုနေသည့် မျက်လုံးများအား မြင်ယောင်မိတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှပ်စီးလက်သလို စူးရှသည့်ခံစားမှုတစ်ခု ဖြတ်သွားခဲ့သည်။ 

သူလေးက အရမ်းနူးညံ့ကာ မကြာခဏ ငိုတတ်၏။ အကယ်၍ သူ အိုမီဂါ တစ်ယောက်နဲ့ တွေ့ခဲ့ရင်တောင် ထိုအိုမီဂါက သူ့ကို ကျေနပ်စေနိုင်ပါ့မလား? 

ငိုနေရင်းနဲ့ လိုးလို့မရဘူးလေ။ 

အရမ်းချစ်စရာကောင်းတယ်။ 

ရှောင်းဝမ်လင် ထိုဖြစ်ရပ်ကို စဉ်းစားမိသည့်အခါ ရယ်ချင်စိတ်ပေါက်သွားရသည်။၊ ဒါပေမယ့် သူ မတွေ့ဖူးသေးသည့် အိုမီဂါအကြောင်း ပြန်စဉ်းစားမိတော့ သူ့မျက်နှာပေါ်တွင် သရော်မှုနှင့်အတူ မကျေနပ်မှုကြောင့် အကြောင်းမဲ့ မပီသသည့်အပြုံးတစ်ခုပေါ်လာခဲ့သည်။

ရှောင်းဝမ်လင် ထပ်တွေးမိ၏။ ကိုက်ခံရတာကို နှစ်သက်တဲ့ အယ်လ်ဖာတစ်ယောက်ကို အိုမီဂါနဲ့အတူထားမယ်ဆိုရင်... အိုမီဂါအတွက် အတော်လေး နာကျင်စရာဖြစ်မှာပဲ။ 

ရှောင်းဝမ်လင်က သူသည် ယဉ်ကျေးပြီး လူကြီးလူကောင်းဆန်သည့် အယ်လ်ဖာတစ်ယောက်ဟု သူ့ကိုယ်သူ သတ်မှတ်ထားသည်။ 

ဒါကြောင့် အိုမီဂါတစ်ယောက်ကို ဒီလိုနည်းနဲ့ နာကျင်အောင် လုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားသင့်သည်ဟု သူထင်သည်။ 

ရှောင်းဝမ်လင်၏ မျက်လုံးများက ကျင်းလော့၏ ခြေထောက်တွေဆီ ရွေ့သွားသည်။ ကျင်းလော့က အိပ်ရာခင်းဖို့ ကိုင်းညွှတ်နေစဉ်၊ သူ့ခါးကောက်ကြောင်းက နူးညံ့ပျော့ပျောင်းနေပြီး ဘောင်းဘီကြပ်ကြပ်ထဲက ဖောင်းထွက်နေသည့် တင်ပါးလုံးတွေအား သူ့ရဲ့ လှုပ်ရှားနေသည့် တင်ပဆုံရိုးတစ်ဝိုက်ကနေ အတော်လေး ထင်ရှားစွာ မြင်နေရသည်။

ကျင်းလော့ သန့်ရှင်းရေးလုပ်နေစဉ် သူ့တင်ပါးလုံးလေးတွေက အနည်းငယ်တုန်နေခဲ့သည်။ 

...ဒီလိုတုန်နေတဲ့တင်ပါးလုံးလေးတွေပေါ်  ယုန်အမြီးလေးတပ်ပေးလိုက်ရင် အတော်လေးကိုက်ညီမှာပဲ။ ဒါမှမဟုတ်... ညစ်ညမ်းတဲ့ အရုပ်တစ်ခုဆိုလည်း ရတာပဲ။ ဖြူဖွေးပြီး ဖောင်းကြွနေတဲ့ ဒီတင်ပါးလုံးလေးတွေပေါ်  လက်ဖဝါးနဲ့ပွတ်သပ်ရင်း လက်ဗွေရာတွေချန်ထားခဲ့ရင် အတော်လေး အရသာရှိမှာပဲ။ 

ရှောင်းဝမ်လင်က ဒီတင်ပါးလုံးလေးတွေအား ထိတွေ့ဖူးသည့်အရသာကို ပြန်လည်အမှတ်ရနေမိပြီး သူ့မျက်လုံးတွေ အနည်းငယ်မှိန်လာခဲ့သည်။

ညသန်းခေါင်ယံတွင်... 

ကျင်းလော့၏ အသက်ရှူသံတွေ ပြင်းထန်လာခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲမှာ ပျစ်ခဲသည့်အရာတစ်ခု ပြည့်နေသလိုခံစားရပြီး လေးလံနေသည်ဟု သူခံစားမိသည်။ 

ကျင်းလော့က သူ့ကိုယ်ကို အားယူထိုင်လိုက်ပြီး သူ့လက်အား နှာခေါင်းနား ကပ်စမ်းကြည့်နေရင်းက ရုတ်တရက်ရပ်တန့်သွားခဲ့၏။ 

သူ့လက်ပေါ်တွင် အနည်းငယ်ချိုမြိန်သည့်... ကရာမဲလ်အနံ့ပါတဲ့ အိုမီဂါရနံ့ စွဲနေတာကို သတိထားမိလိုက်သည်။ ဒီအနံ့က အလွန်အနည်းငယ်သာရှိပြီး အရည်အသွေးမကောင်းသည့် ကရာမဲလ်အာဖာရနံ့နှင့် ရောနှောနေသည်။

ကရာမဲလ်အိုမီဂါဖယ်ရိုမုန်းရနံ့ ...

ချိုမြိန်ပြီးမွှေးကြိုင်လွန်းသည့် ဒီအိုမီဂါဖယ်ရိုမုန်းရနံ့က နူးညံ့လွန်းသဖြင့် ကိုက်စားချင်စိတ်တောင်ပေါက်စေ၏။ 

 

ဒါပေမယ့် ကျင်းလော့သူ့ကိုယ်ပေါ်က အိုမီဂါဖယ်ရိုမုန်းရနံ့အား ရှူလိုက်မိသည့်အခါ သူ့မျက်နှာသည် ရုတ်တရက်မှောင်ကျသွား၏။ 

ထိန်းချုပ်ဆေးက အာနိသင်ကုန်တော့မှာလား... 

ကျင်းလော့ ချက်ချင်းထလိုက်ပြီး အိပ်ပျော်နေသည့်အခန်းသားများအား လှမ်းကြည့်ကာ ဖိနပ်စီးပြီး အရင်ကပြင်ဆင်ထားသည့်ထိုးဆေးအား ကောက်ယူလိုက်၏။ 

ကျင်းလော့၏လှုပ်ရှားမှုတွေက တိတ်ဆိတ်ကာ လျင်မြန်သည်။ အရင်က ဒီလိုမျိုး အကြိမ်ပေါင်းများစွာ လုပ်ဖူးတာကြောင့် သူ့လှုပ်ရှားမှုတွေက အလွန်ချောမွေ့နေ၏။

ကျင်းလော့သည် အရိပ်ကျသည့် နေရာတစ်ခုအားရှာကာ တစ်ဖက်လက်နှင့် ဆေးထိုးအပ်အား ထောက်ကာ၊ သွေးကြောထဲသို့ ထိုးသွင်းလိုက်သည်။ 

အေးစက်သည့်အရည်တွေက ခန္ဓာကိုယ်ထဲကို စီးဝင်သွား၏။

ပါးလွှာသည့် အစိမ်းရောင်အရည်များအား မြန်မြန်ထိုးသွင်းလိုက်သည်မှာ စက္ကန့်ပိုင်းသာကြာ၏။ နောက်ခံမှောင်မဲသည့်အတွင်း လျှို့ဝှက်စွာ လုပ်ဆောင်သွားခြင်းပင်။

ကျင်းလော့သည် ဆေးထိုးပြွန်အား ထောင့်ချိုးရှိ မြောင်းထဲပစ်ချလိုက်ပြီး မြေကြီးနဲ့ဖုံးအုပ်ထားလိုက်သည်။ 

သူ့ကိုယ်ကို ပြန်ရှူကြည့်သည့်အခါတွင် နူးညံ့ကာချိုမြိန်သည့် ပင်လယ်ဆားကရာမဲလ်ထောပတ်အိုမီဂါရနံ့မှ အရည်အသွေးမကောင်းသည့် ကရာမဲလ်အယ်လ်ဖာရနံ့နှင့် ရောယှက်နေသလိုခံစားလိုက်ရ၏။ 

ကျင်းလော့ သူ့ခန္ဓာကိုယ်ပေါ်က ဖယ်ရိုမုန်းရနံ့တွေ ပျောက်သွားတဲ့အထိ စောင့်ဖို့ဆုံးဖြတ်လိုက်သည်။ 

Chapter 17 ended

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment