Little Creampie:
Chapter 2
ပွဲခန်းမအတွင်း အလင်းရောင်များ တောက်ပနေလျက်ရှိသည်။ ညစာစားပွဲပြီးနောက်တွင် လူအပေါင်းသည် ကြီးမားကျယ်ပြန့်လှသည့် ဟောခန်းမကြီးတစ်ခုအတွင်း ဝင်ရောက်လာခဲ့ကြ၏။
ကျောင်းသားသမ္မဂအဖွဲ့မှ ကျောင်းသားတစ်ယောက်က အလွန်ပါးနပ်စွာပြောလိုက်သည်။ “အမှန်ပြောမလား ခိုင်းတာလုပ်မလား ကစားကြရအောင်။ မလုပ်နိုင်တဲ့သူက အရက်သောက်ကြေး!!”
လူစုလူဝေးပွဲတွေမှာ ဂိမ်းကစားတာကအသက်ပဲ! အထူးသဖြင့် ဒီလိုလေထုကောင်းတဲ့ညမျိုးမှာပေါ့။
တက်ရောက်လာသည့် ကျောင်းသားအများစုကလည်း စိတ်လှုပ်ရှားနေကြပုံပေါက်ကာ နားလည်ကြောင်း ခေါင်းညိတ်လိုက်ကြ၏။
ရှောင်းဝမ်လင်တွင် ဖုံးကွယ်စရာတစ်ခုရှိနေသည်မို့ သဘာဝအတိုင်း ငြင်းဆန်ဖို့မလွယ်ခဲ့ပေ။ သူသည် အတန်းဖော်အား ယဉ်ကျေးသိမ်မွေ့သည့်အမူအရာနှင့် "လုပ်ကြတာပေါ့" ဟု ဆိုလိုက်၏။
လင်လုကတော့ ဝိုင်ခွက်အားကိုင်ထားရင်း အသင်းသားများ၏စိတ်အားထက်သန်မှုအား ထိခိုက်မှာစိုးသဖြင့် ခေါင်းညိတ်လိုက်ရသည်။
လူတစ်စုသည် အလင်းမှိန်ကာဖျော့တော့သော နေရာတစ်ခုသို့ ရောက်ရှိလာကြ၏။ ရှောင်းဝမ်လင်က ရင်သပ်ရှုမောဖွယ်အခင်းအကျင်းအား ဖန်တီးရန် အလင်းများကို မှိန်ထားခဲ့သည်။ ဤသည်မှာ အဆင့်မြင့်သီးသန့်အခန်းတစ်ခုဖြစ်ပြီး နှစ်သက်ဖွယ်ကောင်းသော ဝိုးတိုးဝါးတား အလင်းရောင်မှိန်မှိန်လေးသာ ရှိနေ၏။
စားပွဲပေါ်တွင် အမျိုးမျိုးသော အရက်များ စီတန်းနေပြီး ၎င်းတို့သည် အတော်လေး စျေးကြီးကာ အဆင့်အတန်းစုံလင်စွာ တွေ့ရှိနိုင်သည်။
ပါတီထဲတွင် လူများလွန်းသည်ကြောင့် အလင်းမှိန်ပြီး လူထူထပ်နေသည့် အခန်းအတွင်းတွင် ဘယ်သူဘယ်ဝါဆိုတာ သိပ်မှတ်မိဖို့မလွယ်ကူလှချေ။ ဒါပေမယ့်…ဒါကလည်း ရှောင်ဝမ်လင်းရဲ့ ရည်ရွယ်ချက်ပင်။
ဒီလို အလင်းမှိန်ပြီး ဆူညံစွာပြည့်နှက်နေတဲ့နေရာမျိုးက လူတွေကို ပိုမိုလွယ်ကူစွာ စိတ်လှုပ်ရှားစေနိုင်တယ်လေ။
ထိုအချိန်အတွင်းပင်၊ ပါတီနေရာအား အနှေးနှင့်အမြန်ရှာတွေ့သွားခဲ့သည့် ကျင်းလော့သည် တံခါးနံဘေးမှ ခိုးကြည့်နေရင်း အလင်းများယိမ်းထိုးနေချိန်အတွင်း မမြင်ရသည့် နေရာမှ ဝင်ရောက်လာနိုင်ခဲ့သည်။
ကျင်းလော့၏ ခြေလှမ်းများက ကြွကြွယွယွနှင့်သွက်လက်နေသည့်တိုင် ဒေါက်မြင့်စီးရာမှာ ကျင့်သားမရသေးသည်ကြောင့် ခြေလှမ်းများကလည်း မတည်ငြိမ်ပေ။
သို့သည့်တိုင် ထိုဖိနပ်များက သူ့ခြေတံအား ပို၍ပင်ရှည်လျားလှပနေစေ၏။ လှေကားထစ်များပေါ်ဖြတ်လျှောက်ရင်း သူ့ခြေဖျားထိပ်တွေက ပင်လယ်လှိုင်းတွေကဲ့သို့ လှုပ်ရှားနေခဲ့သည်။
ကျင်းလော့၏ မျက်ဝန်းထဲတွင် လင်လုနံဘေးရှိ လူဝိုင်းထဲမှာ ထိုင်နေတဲ့ ရှောင်းဝမ်လင်၏ပုံရိပ်က ထွက်ပေါ်လာခဲ့သည်။
ကျင်းလော့ မျက်မှောင်ကြုတ်လျက် အံကြိတ်ကာ ရှောင်းဝမ်လင်အား စူးစူးရှရှကြည့်လိုက်၏။
ကျင်းလော့က ထိုအရာကို သိပ်ဂရုမစိုက်မိချေ။ သူ့အနေနှင့် Alpha အဆင့်ကို ရောက်ပြီးကတည်းက pheromone အနံ့တွေကို ခံစားရတာ ပုံမှန်ပဲဟုထင်နေခဲ့သည်။
စိတ်ဝင်စားစရာကောင်းသည်က- ဘယ်လောက်ပဲသောက်သောက် သူမရဲ့ပါးပြင်တွေကနီမြန်းလာခြင်းမရှိချေ။
ကျင်းလော့ ထိုင်ပြီးတဲ့နောက်တွင် ပြောမပြတတ်တဲ့ မသက်မသာဖြစ်မှုအား ခံစားလိုက်ရ၏။
သူ့မျက်ခွံလေးများအား အနည်းငယ်ချလိုက်ပြီး စကတ်အနားစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်မိသည်။
နံဘေးက Alphaရဲ့ အနံ့က အရမ်းပြင်းလွန်းနေတယ်..
ကျင်းလော့သည် ဘာကြောင့်မှန်းမသိ ခေါင်းထဲနည်းနည်းမူးဝေလာကာ ဘေးက Alphaနှင့် ကိုယ်ခန္ဓာထိတွေ့မှုများအား ရှောင်ရှားလိုက်၏။
စားပွဲပေါ်တွင် ရှောင်းဝမ်လင်နှင့် လင်လုတို့သာဆက်ဆော့နေကြသည်။
အရက်ပြင်းတွေ အမြန်ဆုံးနှုန်းနဲ့ ပြတ်သွား၏။
ပတ်ဝန်းကျင်မှ လူအားလုံးသည် ငေးမောလျက် ထိုအံ့ဖွယ်ဇာတ်လမ်းအား စောင့်ကြည့်နေကြသည်။
ကျင်းလော့ သူ့အတွင်းမှ ထူးဆန်းသည့်ခံစားချက်အား ဖိနှိပ်ထားကာ နှုတ်ခမ်းအားကိုက်လျက် ထိုနှစ်ဦးအား စောင့်ကြည့်နေလိုက်၏။ သူ့ကျောပြင်မှာ တောင့်တင်းနေပြီး ရှောင်းဝမ်လင်ဘက်မှ သူ၏ဝံပုလွေစိတ်အား ထုတ်ပြလျှင် လှမ်းရိုက်ရန်အတွက် အသင့်ဖြစ်နေခဲ့သည်။
သို့သည့်တိုင် ရှောင်းဝမ်လင်က အရာအားလုံးကို တွက်ချက်ထားခဲ့သော်လည်း သူမျှော်လင့်မထားခဲ့သည်က သူဟာ လင်လုလောက် အရက်မသောက်နိုင်ခဲ့ချေ။
အကြိမ်အနည်းငယ်ကစားပြီးနောက် ရှောင်းဝမ်လင်က မျက်ခုံးအနည်းငယ်တွန့်လိုက်ပြီး ခေါင်းထဲမှာ နည်းနည်းမူးလာကာ မျက်နှာတစ်ခုလုံး အရက်ကြောင့် နီမြန်းနေခဲ့သည်။
လင်လုက ယဉ်ကျေးစွာပင် အိမ်သာသွားအုန်းမည်ဟု ဆို၏။ ထိုအချိန်တွင်ပင် ကျင်းလော့က အလျင်အမြန် လိုက်ထွက်လာပြီး သူမပြန်လာတဲ့လမ်းမှာ တံခါးကိုပိတ်ကာ လမ်းဆီးလိုက်သည်။
“လင်…လင်လု!”
လင်လု ပြန်ရောက်လာသည့်အခါတွင် အနီရောင်ဂါဝန်အားဝတ်ဆင်ထားသည့် မိန်းမလှလေးတစ်ယောက်အား နံရံမှာမှီလျက် အနည်းငယ်ရှက်နေသယောင်ပုံစံနှင့် မြင်လိုက်ရ၏။
လင်လုအားမြင်သည့်အခါတွင် ကျင်းလော့၏အေးစက်နေသည့်မျက်နှာထားသည် ထူးဆန်းစွာ နီရဲလာခဲ့၏။ သူခေါင်းမော့လိုက်ပြီး လင်လုဘက်သို့ မျက်နှာမူကာ တုန်တုန်ယီယီနှင့်ပြောလိုက်သည်။
'ရှောင်...ရှောင်းဝမ်လင်က လူကောင်းမဟုတ်ဘူး…”
လင်လု၏မျက်လုံးများက သူ့အားစိုက်ကြည့်နေခဲ့သည်။ အပြင်မှ လင်းနေသည့်မီးရောင်များထဲတွင် သူမ၏ မျက်လုံးများမှာ သံသယအနည်းငယ်နှင့် ဝေခွဲမရဖြစ်နေခဲ့ပြီး “ကျင်း .. ကျင်းလော့လား?”
ကျင်းလော့၏ မျက်နှာပြင်တစ်ခုလုံးမှာ နီမြန်းသွားရပြီး လက်ကို အလျင်အမြန်လှုပ်ရမ်းရင်း ပြောလိုက်သည်။
“ငါ...ငါက မရိုးသားတဲ့လူ မဟုတ်ဘူး၊ မင်းကိုကာကွယ်ဖို့ပဲ...သူက တကယ့်ကို မဖြောင့်မတ်ဘူး! ငါ...ငါသူ့ဘေးမှာထိုင်ပေးမယ်! သူမင်းကိုထိခိုက်အောင် လုပ်ခွင့်မပေးဘူး!”
ကျင်းလော့က အရမ်းစိတ်လှုပ်ရှားနေခဲ့ပြီး ဘယ်ကနေစပြောရမှန်းတောင် မသိတော့ပေ။
ကျင်းလော့၏ အသားအရေက အရမ်းဖြူဖွေးနေခဲ့သည်။ သူက မကြာခဏ စိတ်ဆတ်တတ်ပြီး ဒေါသထွက်လျှင် မွေးညှင်းထောင်တတ်သည့် ကြောင်လိုမျိုး ဖြစ်နေတတ်ပေမယ့်၊ ယခုအချိန်တွင်မူ ရှက်ရွံ့နေပုံရပြီး ကြည့်ရတာ အရမ်းကိုချစ်ဖို့ကောင်းနေခဲ့သည်။
လင်လု၏ မျက်လုံးများ အနည်းငယ်လှုပ်ရှားသွားရပြီး သူမ၏မျက်နှာအမူအရာမှာ ပျော့ပျောင်းသွက်လက်လာကာ ''ဟုတ်ပါပြီ” ဟုဆိုကာ ခေါင်းညိတ်လိုက်သည်။
ကျင်းလော့ တုန်လှုပ်သွားပြီး သူ၏မျက်နှာပြင်မှာနီမြန်းကာ ခြေလက်များတုန်ယိုင်လျက် အခန်းထဲသို့ ပြန်ဝင်သွားခဲ့၏။
ထို့နောက် စိတ်ထဲတွင် အတိုင်းမသိဂုဏ်ယူစွာဖြင့် ရှောင်းဝမ်လင်၏ဘေးတွင် ထိုင်လိုက်သည်။
သူ ရှောင်ဝမ်လင်းကို လင်လုကို ထိခိုက်ခွင့်မပြုတော့ဘူး!
ရှောင်းဝမ်လင်းဘေးမှာ ထိုင်လိုက်တာနဲ့ ကျင်းလော့သည် ရှောင်းဝမ်လင်၏ကိုယ်ပေါ်က Alpha ဖယ်ရိုမုန်းအနံ့ပျော့ပျော့လေးအား ရှူရှိုက်လိုက်မိသည်။ ဘာကြောင့်မှန်းမသိဘဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး ထုံကျဉ်သွားသလို ခံစားလိုက်ရ၏။
ကျင်းလော့၏ ဖော်ထားသောပခုံးများပေါ် နီမြန်းလာစေသည့် ပန်းရောင်အရိပ်တစ်ခု ဖြာထွက်လာခဲ့သည်။
Alpha ၏ဖယ်ရိုမုန်းအနံ့က အလွန်ထူးခြားနေ၏။ ဝေးလံခေါင်ဖျားလှသည့်တောင်တန်းများဆီမှ သစ်သားရနံ့ကဲ့သို့ပင်။
ထိုအနံ့များက သူ့ခန္ဓာကိုယ်အား ပတ်ရံနေသည်မှာ မီးစလေးများ လောင်ကျွမ်းနေသကဲ့သို့ အရေပြားတစ်ခုလုံးကိုပူလောင်စေ၏။
ကျင်းလော့၏ နှလုံးသားနှင့်သွေးခုန်နှုန်းများ မြင့်တက်လာရပြီး သူခေါင်းအား လှုပ်ခါလိုက်ရ၏။
“ဘာလို့ ဒီအရူးရဲ့ဖယ်ရိုမုန်းအနံ့က ကောင်းနေရတာလဲ?"
ထိုသစ်သားရနံ့သည် စပ်ဖျဉ်းဖျဉ်းနှင့် စူးရှနေကာ အန္တရာယ်ရှိသည့်အရိပ်များဖြင့် ခိုအောင်းနေသည်။ Alpha၏ အရိုးစဉ်မှအစပြုသော သားရဲတိရစ္ဆာန်ဆန်မှုနှင့် ပုန်းကွယ်နေသည့် အန္တရာယ်အသိစိတ်တို့က ကျင်းလော့အား တဒင်္ဂတုန်လှုပ်စေခဲ့သည်။
..ရှောင်းဝမ်လင်က ဒီလောက်တောင် ဆိုးဝါးတာလား?
ဒီအနံ့က ရှောင်းဝမ်လင် အရက်မူးနေလို့ မထိန်းနိုင်တော့ပဲ စိမ့်ကျနေတဲ့ သူ့ရဲ့ဖယ်ရိုမုန်းအနံ့ပဲ။
ကျင်းလော့ရဲ့ အသက်ရှူသံများက ပိုပြင်းထန်လာပြီး သဘာဝအတိုင်း ရှောင်ဝမ်လင်းနဲ့ ပိုဝေးရာကို ရွေ့ထိုင်လိုက်သည်။
ရှောင်းဝမ်လင်က အရက်ရှိန်ကြောင့် အသက်ရှူသံပြင်းနေလျက် မျက်ခုံးများလည်းတွန့်နေ၏။
သူသောက်ထားတဲ့ အရက်က အရက်ပြန်ပြင်းပြီး နောက်ဆက်တွဲအာနိသင်ပြင်းပြသည်။။ ယခုအချိန်တွင်မူ ရှောင်းဝမ်လင် နည်းနည်းမူးနေပြီပင်။
ထိုရနံ့များက နှလုံးသား၏နုနယ်သည့်အသားစိုင်လေးတွေကို ရစ်ပတ်သလိုဖြစ်နေကာ ယားယံစေ၏။ ပင်လယ်ဆား ကာရမယ်လ်ခရင်မ်၏အနံ့က နှလုံးသား၏အနက်ရှိုင်းဆုံးနေရာကို ထိတွေ့သွားသလိုပင်။
ကျင်းလော့၏ လည်ပင်းနားတွင် ခေါင်းတစ်လုံး ညင်သာစွာငိုက်လာတာကို ခံစားလိုက်ရပြီး သူ့မျက်နှာတစ်ခုလုံး ချက်ချင်းပင်နီရဲသွားတော့သည်။
ရှောင်းဝမ်လင်၏ ပူလောင်သည့်အသက်ရှူသံများမှာ သူ့လည်ပင်းအား ဖြတ်တိုက်သွားသည့်အခါတွင် ကျင်းလော့သည် မွေးညှင်းထောင်နေသည့်ကြောင်ကဲ့သို့ ထခုန်မိလုနီးပါးဖြစ်သွား၏။ အံကြိတ်ကာ လည်ပင်းအားကာကွယ်ရင်း တစ်ဖက်သို့ စောင်းနေလိုက်သည်။ နှုတ်ခမ်းများတုန်ရီလျက် စိတ်ထဲမှာလည်း အထပ်ထပ် ကျိန်ဆဲနေမိသည် “စောက်ရူး!”
Omega ၏ ချိုမြိန်သည့်ရနံ့က ရှောင်းဝမ်လင်ရဲ့နှလုံးသားထဲက သားရဲနဲ့မီးလျှံတွေကို အလွယ်တကူဆွဲဆောင်လိုက်နိုင်သည်။ ရှောင်းဝမ်လင်သည် အနံ့၏အရင်းအမြစ်ဆီ ခေါင်းလှည့်လိုက်ပြီး ချိုမြိန်ပြီးလှုပ်ရှားနေသည့် ထိုရနံ့အား လိုက်ဖမ်းမိနေတော့၏။
လင်လုများလား? အနံ့လေးကကောင်းလိုက်တာ…
အိုမီဂါဟော်မုန်းများ၏ ချိုမြိန်သောရနံ့သည် သူ၏နှာခေါင်းထဲသို့ ဝင်ရောက်လာကာ နှလုံးခုန်နှုန်းကို မြန်စေ၏။ ရှောင်းဝမ်လင်သည် ထိုချိုမြိန်သော အိုမီဂါ၏ လည်ပင်းအား ကိုက်ကာ သူ့အသိုက်မြုံဆီသို့ ခေါ်ဆောင်သွားလိုစိတ်ပင်ဖြစ်ပေါ်လာရသည်။
ရှောင်ဝမ်လင်း၏ အသက်ရှုသံများ ပြင်းထန်လာကာ မျက်ခုံးများလည်း ကြိုးတန်းထားသကဲ့သို့ ကျစ်လာသည်။
သူသည် နံဘေးတွင်ထိုင်နေသူ၏ ခါးအား ပွေ့ဖက်ကာ သူ၏ပေါင်ပေါ်သို့ ဖိချလိုစိတ် အလွန်ပြင်းထန်နေလျက်ရှိသည်။ သို့သော် ထိုသူသည် လင်လုဖြစ်ကြောင်း သတိရကာ ထိုစိတ်လှုပ်ရှားမှုအား အတင်းဖိနှိပ်ထားလိုက်၏။ သူ၏ဘောင်းဘီအတွင်းတွင် ကြီးမားသော အရာတစ်ခုက ဖောင်းကြွလာနေပြီပင်။ ရှောင်းဝမ်လင်သည် ထိုင်ပုံထိုင်နည်းကို ညင်သာစွာညှိပြီး အလွန်အမင်းသည်းခံနေရင်း "ခဏလောက်ခွင့်ပြုပါအုန်း" ဟု ဆိုလိုက်၏။
ရှောင်းဝမ်လင် ထလိုက်ပြီး ထွက်သွားဖို့ ပြင်ဆင်နေသည်။
အိုမီဂါ၏ရနံ့သည် အလွန်ချိုမြိန်လွန်းပြီး သူ့ကို နက်ရှိုင်းစွာ ဆွဲဆောင်နေ၏။
ကျင်းလော့သည် ထိုရန်သူဟောင်းအား ဒီအတိုင်း ထွက်ခွာခွင့်မပေးလိုချေ။ အကယ်၍ သူမဟုတ်ဘဲ လင်လုသာ ဤနေရာတွင် ထိုင်နေခဲ့ပါက သူမဟာ အခွင့်ကောင်းယူခံနေရမည် မဟုတ်လော။
ရန်သူက ယခုလို မူးယစ်ကာ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်သည့်အချိန်က သူ့ကိုအနိုင်ကျင့်ဖို့ အလွယ်ဆုံးအချိန်ပဲမလား?
ကျင်းလော့ အေးစက်စွာ တွေးလိုက်မိသည်။ *
မင်းဒီကနေထွက်တဲ့အခါ မူးနေတဲ့မင်းကို အမှိုက်ပုံးထဲပစ်ချပြီး နိုးကြားလာအောင်လုပ်ပစ်မယ်။*
ကျင်းလော့သည် ရှောင်းဝမ်လင်အား လှောင်ပြောင်ရန် စိတ်ကူးမိသော်လည်း သည်းခံလိုက်၏။ ရုတ်တရက် သူသည် ရှောင်းဝမ်လင်၏လက်မောင်းအား ဖက်ကာ ခပ်တိုးတိုး ဆိုလိုက်၏ “ငါလဲအတူလိုက်မယ်..."
Chapter 2 ended