no

Font
Theme

Little Creampie:

Chapter 7

ကျင်းလော့၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းကာ လည်ပင်းအနောက်ဘက်သို့ အာရုံပြောင်းသွားရသည်။ သူ့လည်ပင်းအနောက်ဘက်တွင် ဂလင်းနှင့် အကိုက်ခံရသော အမှတ်အသားများကို ဖုံးအုပ်ရန် ပတ်တီးဖြင့် ပတ်ထားခဲ့သည်။

ထို့ကြောင့် ရှောင်းဝမ်လင် ချဉ်းကပ်လာသည့်အခါ ကျင်းလော့ တုန်လှုပ်သွားရပြီး သူ၏အေးတိအေးစက် မျက်လုံးများမှာလည်း ကြောင်တစ်ကောင်ကဲ့သို့ပင် အနည်းငယ် ပြူးကျယ်သွားခဲ့သည်။

ထို့နောက် ရှောင်းဝမ်လင် ပြောသည်ကို ကျင်းလော့သဘောပေါက်သွား၏။ သူသည် မက်မွန်ပွင့်မျက်လုံးကို အနည်းငယ်ကျဥ်းမြောင်းကာ နှုတ်ခမ်းအားဖိလျက် စကားတစ်ခွန်းမှမဆိုပဲ လက်ကိုမြှောက်ကာ ရှောင်းဝမ်လင်၏ မျက်နှာအားရိုက်လိုက်သည်။

ကျင်းလော့သည် တိုက်ခိုက်ရေးသမားကောင်းတစ်ဦးဖြစ်ပြီး သူ၏လှုပ်ရှားမှုများသည် ရှင်းလင်းသပ်ရပ်ကာ သူ့လက်သီးများသည်လည်း ပြင်းထန်၏။

ဒါပေမယ့် ရှောင်းဝမ်လင်ကလည်း တိုက်ပွဲမှာ တစ်ခါမှ ရှုံးဖူးသူမဟုတ်ပေ။ ရှောင်းဝမ်လင်သည် အလွတ်တမ်း တိုက်ခိုက်ခြင်းနှင့် လက်ဝှေ့ထိုးခြင်းတို့ကို အချိန်အတော်ကြာ လွန်လွန်ကဲကဲ စွဲလမ်းနေခဲ့ပြီး သူ့မျက်နှာသည် တစ်ချိန်လုံးလိုလို ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့ဖူး၏။ သူသည် သူ့အိုင်ဒီကို ဖုံးကွယ်ပြီး မြေအောက်လက်ဝှေ့ကွင်းသို့ သွားရောက်ခဲ့ဖူးသည်။ အစပိုင်းတွင် ကျိုးသွားသော အရိုးများနှင့် ပွန်းပဲ့ရာများမှ တဖြည်းဖြည်း သေးငယ်သော ခြစ်ရာများသာ ရခဲ့ပြီး နောက်ပိုင်းတွင် ထိခိုက်ဒဏ်ရာရခြင်း မရှိတော့သလောက်ပင်။

ရှောင်းဝမ်လင်၏ S အဆင့် အယ်လ်ဖာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုသည် နောက်စရာမဟုတ်ပေ။

ရှောင်းဝမ်လင်သည် သူ၏ရန်သူများ ဒေါသတကြီး ခုန်ပေါက်နေသည် ကို အမှန်တကယ် သဘောကျ၏။ တစ်ဖက်တွင်၊ သူသည် သူတို့၏မကောင်းသည့် ဒေါသကို သက်ပြင်းချခဲ့ရပြီး တစ်ဖက်တွင်တော့ သူနှင့် လင်လုသည် နောက်ဆုံးတွင် ဆက်ဆံရေးတစ်ခုရှိလာသည့်အတွက် ကျင်းလော့က သူ့အားစိတ်အနှောက်အယှက်ဖြစ်စေသည်ကိုပင် သူပျော်နေခဲ့သည်။

ရှောင်းဝမ်လင်သည် ကျင်းလော့၏ လက်သီးတစ်ဖက်ကို အလွယ်တကူ ဖမ်းလိုက်နိုင်ပြီး သူ့လက်ချောင်းများအား ဆုပ်ကိုင်ကာ သူ့နှင့် အသားရောင်ကွဲပြားသည့် လက်သီးအားဆုပ်ကိုင်ထားလိုက်သည်။

ကျန်းမာသော ဂျုံရောင်အသားရောင်သည် အေးစက်ဖြူစွတ်‌နေသည့်အသားအရည်နှင့် ထပ်နေသဖြင့် ထူးဆန်းသည့် ရမ္မက်ပုံစံအား ဖန်တီးပေးနေ၏။

တခြား အယ်လ်ဖာများအား လှဲချနိုင်သည်အထိ အင်အားကြီးသည့်တိုင် ရှောင်းဝမ်လင်ရဲ့လက်ထဲမှာတော့ သူဟာငှက်မွှေးလောက်ပေါ့ပါးကာ အားနည်းသွားခဲ့သည်။ 

ရှောင်းဝမ်လင်၏မျက်နှာပေါ်တွင် စိတ်တိုဖွယ်အပြုံးတစ်ခုက ဆက်လက်တည်ရှိနေဆဲပင်။ သူဟာ လက်တစ်ဖက်ကို အိတ်ကပ်ထဲထိုးထားရင်း၊ တံတောင်ဖြင့် အားစိုက်တွန်းလိုက်သည်။ 

ကျင်းလော့ သူ့လက်တစ်ဖက်နဲ့ ဆွဲငင်ခံရပြီး နံရံပေါ်သို့ ပြင်းပြင်းထန်ထန်တွန်းကပ်ခံလိုက်ရ၏။ လက်ကောက်ဝတ်ရိုးတွေက နံရံနှင့်ဖိမိသည်ကြောင့် နာကျင်နေကာ ခန္ဓာကိုယ်တစ်ခုလုံးပါ ဆွဲငင်ခံရပြီး နံရံပေါ် ကပ်သွားခဲ့ရသည်။

ကျင်းလော့ သူ့နောက်ကျောမှ နာကျင်မှုအားခံစား‌နေရသည်။

သူ အိုမီဂါ ဖြစ်လာသောကြောင့်ဖြစ်နိုင်သော်လည်း ကျင်းလော့၏အရေပြားသည် အလွန်အမင်းထိခိုက်လွယ်လာခဲ့သည်။ နံရံနှင့်ထိမိသည့်အခိုက်တွင်၊ အယ်လ်ဖာ တစ်ယောက်အတွက် သာမန်ပြက်လုံးဖြစ်တဲ့ ထိုအပြုအမူကြောင့် နာကျင်မှုဒဏ်ကို မခံနိုင်ဘဲ သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ခဲသွားစေခဲ့၏။ သူ မတုံ့ပြန်နိုင်ခင်မှာပင် နာကျင်မှုက သူ့မျက်လုံးတွေကို မှုန်ဝါးသွားစေခဲ့သည်။

ကျင်းလော့ အသက်တစ်ချက်ရှိုက်လိုက်မိသည်။

နာတယ်......

ရှောင်းဝမ်လင်သည် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားရင်း၊ စူးစမ်းကြည့်သွားကြသည့် ဖြတ်သွားဖြတ်လာများအား ပျင်းရိပျင်းတွဲ ကြည့်လိုက်ပြီး၊ နံရံပေါ်သို့ သူဖိထားသူဆီသို့ ဖြည်းဖြည်းချင်း လှည့်ကြည့်ကာ၊ ဂရုမစိုက်သလို စိတ်ဆိုးဖွယ်အသံနှင့် ပြောလိုက်သည်—- "မင်းကိုယ်တိုင်တောင် မျိုးရိုးဗီဇမကွဲသေးတဲ့သူပဲ။ ငါနည်းနည်းလေး လျှော့ပေးထားတာနဲ့၊ တကယ်ပဲ ငါ့ကိုနိုင်မယ်ထင်နေတာလား...."

ရှောင်းဝမ်လင်သည် ရုတ်တရက် စကားကိုရပ်လိုက်ပြီး သူ့အကြည့်က ကျင်းလော့၏ မျက်နှာဆီသို့ ပြန်လှည့်သွားသည်။

ချောမောသွယ်လျသည့် မျက်နှာပြင်ပေါ်တွင် ဖြူဖတ်ဖြူရော်အရိပ်တစ်ခု ရှိနေပြီး၊ မျက်နှာအစိတ်ပိုင်းတိုင်း၏ အနေအထားများမှာ ပျော့ပျောင်းလွန်းနေသလို ခံစားလိုက်ရသည်။ ပန်းရောင်နုနုနီနေသည့် နှုတ်ခမ်းလေးတွေကို တင်းတင်းကြပ်ကြပ် ကိုက်ထားသည်ကြောင့် ထိုနှုတ်ခမ်းပေါ်မှာ ကိုက်ရာလေးတစ်ခု ကျန်ရစ်ခဲ့၏။

ယခင်က လှသော်လည်း အလွန်အေးစက်သည့် မက်မွန်ပွင့်မျက်လုံးများတွင် ယခုမူ မြူဆိုင်းသည့် အလွှာတစ်ခု ဖုံးလွှမ်းနေ၏။ အေးစက်သော မက်မွန်ပွင့်မျက်လုံးများက သူ့ကိုကြည့်သောအခါ ရှောင်းဝမ်လင်၏နှလုံးသည် နားမလည်နိုင်စွာ တုန်လှုပ်သွားကာ သူမသိလိုက်ဘဲ သူ့လက်အားတွေ သိသိသာသာ လျော့ကျသွားခဲ့ရ၏။ သူ့နှလုံးထဲမှာလည်း ထူးထူးခြားခြား ဂနာမငြိမ်ဖြစ်လာခဲ့သည်။

နာကျင်မှုဒဏ်ကြောင့် ကျင်းလော့သည် ထိုအခိုက်အတန့်တွင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိခဲ့သည့်တိုင်၊ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ခဲ့ပြီး အံကြိတ်ကာ မျက်ရည်များထွက်မလာစေရန် မျက်လုံးများအား မှိတ်၍ ထိန်းချုပ်လိုက်သည်။

ကျင်းလော့သည် မျက်ခုံးတန်းတို့ကို အေးစက်စွာ ကျုံ့လိုက်မိ၏။ မနေ့ညက ခံစားခဲ့ရသော အကြမ်းဖက်မှု၏ နာကျင်မှုများက ယခုထိ ကျန်ရှိနေဆဲပင်။ သူသည် အိုမီဂါ တစ်ယောက်အဖြစ် ဘယ်လိုနေထိုင်ရမည်ကို မသိသေးသော်လည်း၊ ကြံ့ခိုင်သန်မာဟန်ဆောင်တတ်သည့် အလေ့အထကြောင့်၊ သူ့ခန္ဓာကိုယ်တွင်း သူနှင့်မသက်ဆိုင်သော အခြား အယ်လ်ဖာ၏  ဖယ်ရိုမုန်းများ ပြည့်နှက်နေသည့်တိုင်၊ ထိုအရာအား မပြသရန် အားထုတ်နေခဲ့သည်။ 

ကျင်းလော့သည် သူ၏သေးသွယ်သော ခန္ဓာကိုယ်ပေါ်တွင် ချောင်ချောင်ချိချိ ဆွယ်တာအင်္ကျီအဖြူကိုဝတ်ထားပြီး၊ မျက်လုံးများထဲတွင် ရှောင်းဝမ်လင် အကျွမ်းတဝင်ရှိပြီးသား စိတ်ဆိုးနေသည့်အမူရာနှင့် အမျက်ဒေါသများ ပြည့်နှက်နေခဲ့သည်။ သူသည် ရှောင်းဝမ်လင်၏ အကြည့်ကို ရှောင်ရှားရန် ခေါင်းကိုလှည့်လိုက်၏။ 

ရှောင်းဝမ်လင်က လက်လျှော့မပေးခဲ့ပေ။ သူ့နှလုံးသားထဲတွင် နှုတ်ဖြင့်ဖော်ပြ၍မရသော ခံစားချက်များ ကျန်ရှိနေဆဲဖြစ်ပြီး၊ သဘာဝအတိုင်း လက်လျှော့မပေးလိုစိတ်များ ဖြစ်ပေါ်နေခဲ့သည်။ 

ရှောင်းဝမ်လင်က ထိုအရာအားလုံးကို မနေ့ညက လှပသည့်အမျိုးသမီးတစ်ဦးနှင့် အတူအိပ်ခဲ့ကြီး ဂုဏ်ယူဝင့်ကြွားလိုစိတ်ကြောင့်ဟု အကြောင်းပြနေခဲ့သည်။

သူသည် လက်လျှော့မပေးဘဲ ရှေ့တစ်လှမ်းတိုးလိုက်ပြီး သူတို့ကြားအကွာအဝေးကို ထပ်မံကျဉ်းသွားစေခဲ့သည်။ ရှောင်းဝမ်လင်၏ဝမ်းဗိုက်အရေပြားသည် ကျင်းလော့နှင့် နီးကပ်စွာ ထိတွေ့လုနီးပါးပင်။ ရှောင်းဝမ်လင်သည် အောင်ပွဲခံ အယ်လ်ဖာများကဲ့သို့ပင် သူ၏ဖယ်ရိုမုန်းများဖြင့် ပြိုင်ဘက်အား ဖိအားပေးနေခဲ့၏။ 

တဟုန်ထိုးတက်လာသော အယ်လ်ဖာဖယ်ရိုမုန်းများသည် နယ်မြေအမှတ်အသားပြုနေပုံ သို့မဟုတ် ပြသမှုတစ်ခုအဖြစ် ရှိနေသော်လည်း ရှောင်းဝမ်လင်ကိုယ်တိုင်မှာမူ ဤဖယ်ရိုမုန်းများသည်... ချောင်ပိတ်မိနေသော ဤအဆင့်နိမ့် အယ်လ်ဖာအား သိမ်းပိုက်ရန် ကြိုးပမ်းနေပြီး သူ့ကိုယ်ပိုင် နယ်မြေအတွင်း၌ ပိတ်ဆို့ထားလိုခြင်းဖြစ်နေသည်ကို သဘောမပေါက်မိခဲ့ပေ။ 

ရှောင်းဝမ်လင်သည် ကြာမြင့်စွာ ခံစားချက်များအား ဖိနှိပ်ထားပြီးနောက်၊ "မင်းက အယ်လ်ဖာဆို? အခု ငိုနေတာလား?” ဟု မေးလိုက်သည်။ 

ရန်သူဆိုတာ ကလေးဘဝတည်းက အတူရှိခဲ့သူ၊ အမြဲလိုလို လှောင်ပြောင်နှိမ့်ချခဲ့သူ၊ နောက်ပြီး မင်းရဲ့ကံဆိုးမှုတွေကိုပါ အခွင့်ကောင်းယူအသုံးချသူပဲမဟုတ်လား။ 

ထိုသို့ နီးကပ်စွာ ချဉ်းကပ်လိုက်မှသာ ရှောင်းဝမ်လင်သည် ကျင်းလော့ကိုယ်ပေါ်က အဆင့်နိမ့် အယ်လ်ဖာဖယ်ရိုမုန်းအနံ့ကို ရှူမိလိုက်ရသည်။ ထိုသည်က... caramel အနံ့၊ မီးလောင်ထားသည့် caramelလိုမျိုး၊ နည်းနည်းခါးပြီး စူးရှသည့်အနံ့ပင်။

၎င်းသည် အရည်အသွေးနိမ့် အယ်လ်ဖာ ဖယ်ရိုမုန်းများနှင့် တူသည်၊ ရနံ့သည် အမြဲတမ်း မှိုတက်နေသည်။

ဒါပေမယ့် ဒီအယ်လ်ဖာဖယ်ရိုမုန်းတွေက ရှောင်းဝမ်လင်အား အမွှန်းတင်မရသည့် အောင်နိုင်လိုစိတ်အား ဖြစ်စေခဲ့၏။ ထိုသည်က မဖြစ်သင့်သည့် ထူးဆန်းသည့်စိတ်ဆန္ဒတစ်ခုပင်။  အနံ့က စူးရှလွန်းလှ၏။ အခြားအယ်လ်ဖာတွေဆိုလျှင် တစ်ဦးနှင့်တစ်ဦး ဖယ်ရိုမုန်းများ၏အနံ့အား ရှူမိရင် မအီမသာဖြစ်တတ်ကြသည်။ ဒါပေမယ့်... 

ရှောင်းဝမ်လင်သည် ရုတ်တရက် သတိထားမိသွားပြီး သူ့နှလုံးခုန်သံ တစ်ချက် ရပ်သွားခဲ့ရသည်။ 

သူ အယ်လ်ဖာ တစ်ယောက်နှင့် heat ဖြစ်လာခြင်းတို့အား သတိထားလိုက်မိသောအခါ မထင်မှတ်ထားသည့် ရှက်ရွံ့မှုနှင့် ဒေါသများ ဖြစ်ပေါ်လာခဲ့သည်။ 

ဒါက ရွံစရာမကောင်းဘူးလား? သူက Omega တဲ့! 

ရှောင်းဝမ်လင် သည် ခေါင်းငုံ့ကာ ရုတ်တရက် ကျင်းလော့၏လည်ပင်းသို့ ချဉ်းကပ်လာသည်။

ကျင်းလော့၏လည်ပင်းတွင် ပတ်တီးပတ်ထား၏။ ရှောင်းဝမ်လင်သည် အိုမင်းနေသည့် လူမိုက်ကြီးတစ်ယောက်လို ဂနာမငြိမ်ဖြစ်ကာ လက်ဂနာမငြိမ်ဖြစ်နေခဲ့သည်။ သူ့တွင် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ မထိန်းနိုင်သည့် အသိစိတ်နှင့် ဂရုမစိုက်တတ်သည့် ဗီဇများ ရှိနေခဲ့၏။ သူကျင်းလော့၏ အဝတ်များအား ဆွဲဖြဲလိုက်သည်။

ကျင်းလော့ မျက်လုံးများကို အနည်းငယ်ဖွင့်၍ လှည့်ကြည့်လိုက်ကာ ရှောင်းဝမ်လင်၏ ကော်လံအားဆုပ်ကိုင်လိုက်သည်။ သူ့မျက်နှာအမူအရာက တစ်စုံတစ်ယောက်အား အကြွေးငါးသန်းတင်နေသကဲ့သို့ အေးစက်နေကာ ထိတ်လန့်မှုတစ်ခု ဖြတ်သန်းသွားပြီး “မင်း ဘာလုပ်နေတာလဲ?" 

ရှောင်းဝမ်လင်သည် ပျင်းရိပျင်းတွဲဖြင့် သူ့အဝတ်အစားအား ဆွဲဖြဲလိုက်ကာ သူ၏ ဝမ်းဗိုက်ကြွက်သားရှစ်ထပ်နှင့် ရေသူမလိုင်းအား ညွှန်ပြလိုက်ပြီး “ဘာလဲ? မင်းကို ကွာခြားမှုတွေ သိအောင်လုပ်ပေးမလို့"

ကျင်းလော့က စိတ်လှုပ်ရှားသွားပြီး ပုံမှန်အေးစက်နေတတ်သော မျက်နှာတွင် ရှုပ်ထွေးမှု အနည်းငယ်ပေါ်လာကာ တစ်နည်းနည်းဖြင့် ချစ်စရာကောင်းနေ၏။ "မင်းရူးနေပြီ၊ မင်းနေမကောင်းဘူးပဲ!"

ရှောင်းဝမ်လင်၏ လက်များက အားကောင်းနေသေးသည်ကြောင့် ဆွယ်တာအင်္ကျီအား အနည်းငယ် ဆွဲဖယ်လိုက်ရာ ဆီးနှင်းခဲလို အသားအရေနှင့် လည်ပင်းရိုးတစ်လျှောက်... ညိုနွမ်းနေသည့် အနမ်းရာတို့ဖြင့်ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

ထိုအနမ်းရာမှတ်များသည် နှင်းထဲကျနေသော မုန်လာဥနီပန်းပွင့်လေးများကဲ့သို့ နီရဲနေပြီး ဖြူစင်သည့်အသားအရေပေါ်တွင် ပို၍ပင် ဆွဲဆောင်မှုရှိနေခဲ့သည်။ ထိုချစ်ခြင်းမေတ္တာပြည့်ဝနေသည့် အနမ်းရာမှတ်များအားချန်ခဲ့သူသည် မည်မျှပင် အားကြီး၍၊ ပိုင်ဆိုင်လိုစိတ်ပြင်းပြစွာဖြင့် ဤသို့အမှတ်အသားများ ချန်ထားခဲ့သည်ကို မြင်နိုင်၏။

ရှောင်းဝမ်လင်၏ မျက်လုံးများ မှောင်မိုက်သွားပြီး မကျေမနပ်ဖြစ်ကာ အမျက်ထွက်လာခဲ့သည်။ သူ လက်တစ်ဖက်ဆန့်ထုတ်တော့မည့်အချိန်တွင် အေးမြသော အမျိုးသမီးအသံတစ်ခု ဘေးမှ ကြားလိုက်ရ၏ “ဘာတွေလုပ်နေကြတာလဲ?" 

ရှောင်းဝမ်လင်၏ လက်သည် လေထဲတွင် ရပ်တန့်သွားပြီး နှစ်ဦးစလုံး မျက်နှာမူကြည့်လိုက်သည်။ လင်လု သည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော မျက်နှာအမူအရာဖြင့် ဘေးတွင် ရပ်နေ၏။ သူမရောက်ရှိလာသည်နှင့် ပင်လယ်ဆားကဲ့သို့ ချိုမြိန်သော အိုမီဂါဖယ်ရိုမုန်း အနံ့က သူတို့အနီးတစ်ဝိုက်တွင် လွင့်ပါလာသည်။ ထိုအနံ့သည် အလွန်ချိုမြိန်လွန်းသဖြင့် လူတို့၏ အရိုးများကိုပင် ခဏအတွင်း ပျော့ပျောင်းသွားစေနိုင်၏။ 

ရှောင်းဝမ်လင်သည် ထိုအိုမီဂါဖယ်ရိုမုန်း အနံ့ကို ရှူမိသောအခါ မနေ့ညက ခံစားခဲ့ရသော အချစ်ကိစ္စအား ပြန်လည်သတိရလာသည်။ လင်လု၏ မျက်နှာအမူအရာက အေးစက်နေသည့်တိုင် သူမ၏ခန္ဓာကိုယ်မှ ထွက်သော ဖယ်ရိုမုန်း အနံ့က ချိုမြိန်နေခြင်းသည် ဆန့်ကျင်ဘက်အခြေအနေတစ်ခုပင်။ ထို့အပြင် ထို အိုမီဂါဖယ်ရိုမုန်းသည် သူနှင့် အလွန်ကိုက်ညီမှုရှိ၏။ 

သစ်သားရနံ့ကဲ့သို့ ထင်ရှားသော အယ်လ်ဖာဖယ်ရိုမုန်းသည် လင်လုအား မြင်သည့်အခါတွင် အနည်းငယ် ဆူပွက်လာခဲ့သည်။ သို့သော် ခဏတာမျှသာ။ 

ရှောင်းဝမ်လင်သည် အလွန်အမင်း နွေးထွေးတပ်မက်ဖွယ်ကောင်းသင့်သော်လည်၊ အကြောင်းပြချက်မရှိဘဲ မနေ့ညက အိုမီဂါအတွက် သူ့နှလုံးခုန်သံမြန်ပြီး ကိုယ့်ကိုယ်ကိုယ် အပ်နှံချင်စိတ်ဖြစ်ခဲ့သည့် ခံစားချက်မျိုး မရှိတော့ပေ။ 

သို့သော် ပိုင်ဆိုင်မှုနှင့် ပိုင်စိုးလိုမှုစိတ်တို့သည် စိတ်ပိုင်းဆိုင်ရာမှီခိုမှုတစ်ခုလို ဖြစ်နေပြီး၊ ရှောင်းဝမ်လင်အတွက်  အလွန်ပျော်ရွှင်ဖွယ်ကောင်းလွန်းသဖြင့် လင်လုအား မြင်တဲ့အခါ မျက်နှာမှာ အပြုံးတစ်ခု ဖြစ်လာမိ၏။ 

*—ဖြူဖွေးတဲ့ လရောင်ဖြူလေးရဲ့ဖြစ်တည်မှု*

ရှောင်းဝမ်လင် အနည်းငယ် မသက်မသာဖြစ်မိကာ စဉ်းစားလိုက်မိသည်။ 

သူ၏ မျက်လုံးများသည် လင်လုပေါ်တွင် ကြာကြာမနေ၊ မသိလိုက်ဘဲ ကျင်းလော့ဆီသို့ ပြန်လှည့်ကြည့်မိလိုက်၏။ ရှောင်းဝမ်လင်မြင်လိုက်ရတာက ကျင်းလော့သည်လည်း ထိုအချိန်မှာ လင်လုအား အာရုံစိုက်ကြည့်နေပြီး၊ သူ၏ မက်မောဖွယ်ကောင်းသော မည်းနက်သည့် မျက်လုံးများထဲတွင် ဝမ်းနည်းမှုနှင့် ရှောင်ဖယ်လိုမှုတို့ ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသည်။ 

ရှောင်းဝမ်လင်သည် သူ့ကိုယ်သူ ဘာကြောင့်မသိ မသက်မသာဖြစ်ကာ စိတ်ဆိုးမိနေသည်။ ဘယ်နေရာမှာ မသက်မသာဖြစ်နေမှန်း သူကိုယ်တိုင်လည်း မသိပေ။ ရှောင်းဝမ်လင်သည် သူ့လက်အား ကျင်းလော့၏ မေးစေ့ပေါ်တင်ကာ မေးထိပ်ကို ညှစ်ကာ သူ့မျက်နှာကို ဘေးသို့ အတင်းလှည့်လိုက်၏။

ရှောင်းဝမ်လင်၏ အသံထဲတွင် မကျေမနပ်ဖြစ်မှုနှင့် အန္တရာယ်သဘောသက်ရောက်နေသည့် အရိပ်အမြွက်ပါဝင်နေပြီး - “ငါမင်းကို လင်လုကိုကြည့်ခိုင်းခဲ့လို့လား?"

Chapter 7 ended

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment