no

Font
Theme

Little Creampie:

Chapter 15

ဒါက နမ်းတာထက် ကိုက်တာနှင့်ပိုတူသည်။ ရှောင်းဝမ်လင်က ကျင်းလော့ရဲ့ နုနယ်တဲ့ နှုတ်ခမ်းလေးကို ကိုက်လိုက်တာ။ 

ရှောင်းဝမ်လင်ရော ကျင်းလော့ပါ မူးနေကြသည့်အခြေအနေတွင်မဟုတ်။ 

ကျင်းလော့၏ မျက်လုံးများ ရုတ်တရက်ကျဉ်းမြောင်းသွား၏။ 

ရှောင်းဝမ်လင်၏ အားက ကြီးလွန်းသဖြင့် သံတံတိုင်းကြီးလိုပင် ကျင်းလော့အား တင်းတင်းကြီးဖိထား၏။ ရှောင်းဝမ်လင်က ကျင်းလော့၏ နှုတ်ခမ်းလေးအား ကိုက်နေတုန်းပင်၊ နုနယ်သည့် နှုတ်ခမ်းလေးတွေက ညှဉ်းပန်းမှုကြောင့် သနားစရာကောင်းအောင် တုန်နေသည်။

ကျင်းလော့၏ မျက်လုံးများ နီရဲလာကာ၊ သူ့အနီးက အယ်လ်ဖာဖယ်ရိုမုန်းတွေမှ ကြောက်စရာကောင်းသည့် ခြိမ်းခြောက်မှုများ ဖြာထွက်နေ၏။ 

လျှာက နှုတ်ခမ်းကြားကနေ အတင်းဝင်ရောက်လာသည်။ ရှောင်းဝမ်လင်၏ အသက်ရှူသံတွေက ပူလောင်နေသည်။ သူ့လျှာက ကျင်းလော့၏ လျှာအား လှည့်ပတ်ကာ၊ လျက်ပြီး အတွင်းမှာ တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားသည်။ သူ့ကို အလုံးလိုက်မျိုချဖို့လို့တောင်ထင်ရ၏။

ရှောင်းဝမ်လင် အရက်မသောက်ထားပေ။ သူက ရူးသွပ်စွာ စိုက်ကြည့်နေ၏။ ကျင်းလော့က မျက်လုံးတွေကို တင်းကြပ်စွာ မှိတ်ထားပြီး၊ အသက်ရှူနှုန်းတွေက တဖြည်းဖြည်း ကျပ်လာကာ၊ သူ၏ ရုန်းကန်မှုတွေသည် အပေါ်မှ လက်များနှင့် ဖိနှိပ်ခံလိုက်ရ၏။ 

တံတွေးတွေက နှစ်ဦးသားထိတွေ့နေသည့် နေရာကနေ စီးကျလာသည်။

အချိန်အတော်ကြာပြီးနောက်၊ ကျင်းလော့၏ မျက်လုံးများတွင် မျက်ရည်များနှင့်ပြည့်နေပြီး ရှောင်းဝမ်လင်သူ့ကို လွှတ်လိုက်သည်။

ရှောင်းဝမ်လင်က သူ့လက်မနဲ့ ကျင်းလော့၏ နှုတ်ခမ်းထောင့်နားက တံတွေးတွေကို သုတ်လိုက်ပြီး၊ သူ့နားကို နီးကပ်စွာကပ်ကာ ပြောလိုက်၏ "သူနဲ့ဝေးဝေးနေပါ မဟုတ်ရင်..." 

ရှောင်းဝမ်လင်သည် ဆိုးရွားသော ခြိမ်းခြောက်မှုတစ်ခုကို လုပ်လိုက်ပြီး နှုတ်ခမ်းကို ကွေး၍ ပြုံးကာ အနားကပ်ပြီး  "မင်းလင်လုကို ဘာလုပ်ချင်တာပဲဖြစ်ဖြစ်၊ ငါမင်းကိုအဲ့လိုပဲ ပြန်လုပ်မယ်”

ကျင်းလော့၏ လျှာက ထုံကျင်နေပြီး၊ အသံလည်း တုန်နေကာ၊ စိုစွတ်နေသည့် မျက်တောင်မွှေးများကညွတ်ကျနေ၏ "ငါ... သူ့ကိုနမ်းဖို့မရည်ရွယ်ခဲ့ဘူး..." 

ရှောင်းဝမ်လင် "အိုး?" 

"ဒါဆို မင်းဘာလုပ်ချင်တာလဲ?" 

S အဆင့်အယ်လ်ဖာဖယ်ရိုမုန်းတွေက အလွန်ဖိအားများလွန်းတာကြောင့်၊ လူကို အလိုလိုနာခံချင်စိတ်ဖြစ်လာစေ၏။ ရှောင်းဝမ်လင်က ဖြားယောင်းသံတစ်ဝက်နှင့် အတင်းအကျပ်တစ်ဝက်မေးလာသည် "မင်းဘာလုပ်ချင်တာလဲ? ဒီလမ်းကြားထဲကို လာဖို့လိုအပ်တယ်ထင်တဲ့အထိလေ?" 

ကျင်းလော့က အသက်ပြင်းပြင်းရှုသွင်းမိပြီး အယ်လ်ဖာ၏ ဖယ်ရိုမုန်းဖိအားကြောင့် ကောင်းကောင်းအသက်ရှူ၍မရတော့ပေ။ သူ၏နှုတ်ခမ်းများ ဖြူဖပ်ဖြူရော်ဖြစ်လာပြီး၊ ကြာမြင့်စွာ မျက်လုံးမှိတ်ထားကာ ပြောလိုက်၏ "ငါ... သူမကိုငါ့ကိုကိုက်စေချင်တာ..." 

ရှောင်းဝမ်လင်၏ မျက်လုံးများ ပိုမိုမှောင်မိုက်လာသည်။

“ဘယ်နားကို ကိုက်ခိုင်းမှာလဲ?”

ရှောင်းဝမ်လင်က သူ့လက်ကိုလျှော့ပြီး ပြုံးရယ်ကာ ပြောလိုက်၏ “ငါ့ကိုပြ”

အယ်လ်ဖာ၏ ဖယ်ရိုမုန်းတွေက အပြည့်အဝလွှမ်းမိုးမှုရှိနေသည်။ ကျင်းလော့၏ မျက်လုံးများခဏတာ အာရုံပျံ့လွင့်သွားပြီး၊ သူ့လက်သည် တုန်ယင်နေရင်း သူ့ရဲ့... gland ကို ထိလိုက်၏။ 

ထိုသို့ညွှန်ပြလိုက်တာနှင့် ...ရှောင်းဝမ်လင်၏ အပြုံးတွေ ပျောက်ကွယ်သွားပြီး၊ အယ်လ်ဖာ၏ သစ်သားရနံ့ထဲမှာ ရက်စက်မှုအနည်းငယ် ပါလာသည် "ဒါလား..." 

ရှောင်းဝမ်လင်သည် ကျင်းလော့၏ ပခုံးများအား ညင်သာစွာဖိလိုက်ပြီး၊ ကြောက်စရာကောင်းသည့် ထိန်းချုပ်မှုနှင့် ကျင်းလော့အား ဖြည်းဖြည်းချင်း မ,လိုက်၏။ 

"မင်းက အပျက်ကောင်လား?" 

ရှောင်းဝမ်လင်က တောက်လျှောက်ပြုံးနေခဲ့သည် "ငါ့ကိုပြောစမ်းပါ၊ ကျင်းလော့ မင်းက အပျက်ကောင်လား?" 

"အိုမီဂါတစ်ယောက်ကို မင်းကိုကိုက်ခိုင်းတယ်?" 

"မင်း ထန်လွန်းလို့ ရူးသွားတာလား ဒါမှမဟုတ် လင်လုကို ဘယ်လောက်တောင် သဘောကျနေလို့၊ မင်းလိုအဆင့်မြင့် အယ်လ်ဖာတစ်ယောက်ကို ကိုက်ခိုင်းဖို့ အသင့်ဖြစ်နေရတာလဲ? မင်းတကယ်ပဲတော်တယ်နော်။ ငါ့ချစ်သူနဲ့ ဘာဆိုင်လို့လဲ? ဒီကိုလာစမ်းပါဦး!”

"ငါမင်းကိုကူညီပေးမယ်ဆိုရင်ကော?”

ရှောင်းဝမ်လင်သည် ကျင်းလော့၏ ပခုံးများကို ကိုင်ထားပြီး နီးကပ်လာစေရန် ခေါင်းကို ပိုမိုငုံလာသည်။

"မဖြစ်ဘူး.." ကျင်း​ေလာ့၏အေးစက်ကာ တင်းမာနေသည့် အသံက အနည်းငယ်ထိတ်လန့်နေပုံရပြီး သူ၏လက်ချောင်းတွေအား ကြောက်ရွံ့စွာကုတ်ဖဲ့နေသည် "...”

ရှောင်းဝမ်လင်က ကျင်းလော့၏ ပါးစပ်ကိုလက်နဲ့ပိတ်ပြီး၊ သူ၏နှုတ်ခမ်းတွေကို ကျင်း​ေလာ့၏ gland နား ကပ်ကာ "တိုးတိုးနေ" လို့ပြောလိုက်သည်။

"အယ်လ်ဖာတွေကို အမှတ်အသားမလုပ်နိုင်ဘူး.. ဟုတ်တာပေါ့"

ရှောင်းဝမ်လင်၏ မျက်လုံးများသည် နက်မှောင်နေသည့်ရေတွေပြည့်နေသလိုဖြစ်နေပြီး၊ လူများကိုနှစ်မြုပ်သတ်နိုင်မလိုပင်...

“ဒါပေမယ့် ငါမင်းကို သင်ခန်းစာမပေးရင် နာကျင်မှုကို မင်းဘယ်လိုသိနိုင်မှာလဲ၊ ယုတ်ညံ့တဲ့အယ်လ်ဖာလေးရဲ့”

***

ရှောင်းဝမ်လင်သည် ကျင်းလော့၏လက်ကောက်ဝတ်များအား ဖမ်းထားကာ နံရံနှင့်တင်းတင်းကပ်ထား၏။ ကျင်းလော့၏သွယ်လျသောလက်မောင်းများ အနည်းငယ်ရုန်းကန်နေခြင်းက အယ်လ်ဖာ၏သားကောင်အပေါ် ပိုင်ဆိုင်လိုစိတ်အား ပိုမိုလှုံ့ဆော်နေသည်။

လေထုထဲတွင်ကရာမယ်လ်ရနံ့အယ်လ်ဖာ၏ ဖယ်ရိုမုန်းများဖြင့်ပြည့်နေကာ ချိုမြိန်၊ စူးရှပြီး အနည်းငယ်လောင်ကျွမ်းသောအနံ့နှင့် ခါးသက်သက်အရသာပါဝင်နေသည်။

ကျင်းလော့အား နံရံပေါ်ဖိထားပြီး လှန်လိုက်၏။ သူ၏လည်ပင်းအနောက်ဘက်မှာ ဖြူဖွေးတောက်ပလွန်းနေသည်။ သူသည် ခေါင်းအနည်းငယ်ငိုက်ကာ သူ၏အနက်ရောင်ဆံပင်အောက်မှ ဖုံးကွယ်ထားသော ဆွဲဆောင်မှုတစ်ခုကို ထုတ်ပြလိုက်၏။ သူ့တွင်ယောက်ျားလေးတစ်ဦး၏ ထူးခြားသော မာနနှင့် ထက်မြက်မှုများရှိနေသည်။

ကျင်းလော့၏မျက်နှာတွင် အတင်းအဓမ္မဖြစ်နေသည့် ရှုပ်ထွေးမှုနှင့် ခေါင်းမာမှုများပါနေဆဲဖြစ်ပြီး သူ၏မျက်လုံးများမှာ အနည်းငယ်နီနေ၏။ ရှောင်းဝမ်လင်၏ လိင်တံမှာ အလွန်မာနေပြီပင်။

“ဟား......"

ရှောင်းဝမ်လင်၏ မျက်လုံးများက ကျင်းလော့၏ လည်ပင်းအနောက်ဘက်တွင်ကျောက်ချနေပြီး သူ့မျက်လုံးများအား မခွာနိုင်ခဲ့ပေ။ သူ့အကြည့်တွေက ဘယ်လောက်ထိ ပိုင်ဆိုင်လိုစိတ်ပြင်းထန်နေမှန်း သူကိုယ်တိုင်ပင် မသိလိုက်။

"အယ်လ်ဖာတစ်ယောက်ကို အမှတ်အသားမလုပ်နိုင်ဘူး... ဒါဆို မင်းကို ဘယ်လိုပဲကစားကစား ပြဿနာမရှိဘူးမလား?"

ရှောင်းဝမ်လင်၏ အသံသည် သက်သောင့်သက်သာရှိနေသည်လား ဒါမှမဟုတ်... နောင်တရသည့်သဘောလား မကွဲပြားခဲ့ပေ။

သစ်သားရနံ့ အယ်လ်ဖာ၏ ဖယ်ရိုမုန်းများက နူးညံ့ပျော့ပျောင်းလို့နေသည်။ ကျင်းလော့မသိခဲ့သည်မှာ နွေးထွေးမှုနှင့် နူးညံ့မှုကိုကိုယ်စားပြုသည့် သစ်သားရနံ့သည် ဤမျှကြောက်မက်ဖွယ်ကောင်းပြီး ဖိအားများစေနိုင်သည်ကိုပင်။ ထိုရနံ့သည် မရေမတွက်နိုင်အောင် လေးလံသည့်အေးစက်မှုဖြင့် အနက်ရှိုင်းဆုံးနေရာအထိ ဖိနှိပ်ထားသကဲ့သို့ဖြစ်နေသည်။

ကျင်းလော့သည် အလွန်ကြီးမားသော ဖိအားကို သည်းခံကာ တံတောင်ဖြင့် ထိုသူအားတွန်းဖယ်ရန် ကြိုးစားခဲ့၏။ သို့သော် သူ၏တံတောင်သည် ရှောင်းဝမ်လင်၏မျက်နှာကို တိုးမိပြီး မည်သည့်အသံမျှမထွက်ဘဲ ရှောင်းဝမ်လင်၏ အရေပြားကိုသာပွတ်သပ်မိသွား၏။ ရှောင်းဝမ်လင်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ်နီရဲနေသည့်တိုင်၊ ဤအနည်းငယ်သော နာကျင်မှုသည် ရှောင်းဝမ်လင်၏မျက်လုံးတွင် စိတ်လှုပ်ရှားဖွယ်ရာ ကျီစယ်မှုသာဖြစ်နေပုံရသည်။

ရှောင်းဝမ်လင်က ရင်းနှီးကျွမ်းဝင်ပြီးသား စကားစုတစ်ခုကို ပြောလိုက်၏ "ကျင်းလော့... မင်း ပရောပရည်လုပ်နေတာလား?"

ကျင်းလော့၏ ကျောပြင်က တဒင်္ဂအတွင်း တင်းမာသွားသည်။

ရှောင်းဝမ်လင်ရဲ့ အသက်ရှူသံတွေက သူ့လည်ပင်းနောက်ဘက်ကို ကပ်လာနေ၏။ သူ့အသက်ရှူသံတွေက gland ပေါ်ကိုဖြတ်ပြီး တိုးဝင်လာသည်။ ဒီအချိန်မှာ သူ့ခန္ဓာကိုယ်ရဲ့အာရုံခံစားမှုတွေက ထူးဆန်းစွာပင် အလွန်အမင်းအာရုံခံနိုင်နေ၏။ တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ ပူပြင်းတဲ့အသက်ရှူသံတွေကိုတောင် သူခံစားမိနေသည်။

ကျင်းလော့သည် သူ့နောက်ကနေအပူရှိန်တစ်ခုက သူ့ကိုဆွဲထားသလို ခံစားရပြီး၊ အလွန်မြင့်မားသည့် ကိုယ်အပူချိန်ရှိသူတစ်ယောက်၏ ပွေ့ဖက်ခြင်းကိုခံလိုက်ရသည်။

သူ၏ အာရုံခံနိုင်စွမ်းမြင့်မားသည့် gland ပေါ်ကို လေးလံသည့်အသက်ရှူသံတွေဖြတ်သန်းသွားသည့်အခါ အနည်းငယ်မျှသောထိတွေ့မှုနှင့်ပင် ကျင်းလော့က လုံးဝပြုတ်ကျိုပြီးသော ပုစွန်အနီတစ်ကောင်လို ဖြစ်သွား၏။

ရှောင်းဝမ်လင်သည် မည်သည့်နေရာကိုစအရသာခံရမည်အား တွေးတောနေသည့် အမဲလိုက်သားရဲတစ်ကောင်လိုဖြစ်နေ၏။ ကျင်းလော့၏အသက်ရှူသံတွေက ပိုလေးလာပြီး၊ အကိုက်မခံရခင်မှာ ကြောက်စိတ်က ပိုတိုးလာခဲ့သည်။

ကျင်းလော့၏ ခန္ဓာကိုယ်သည် အချိန်ကြာမြင့်စွာ တင်းမာနေပြီး သက်သောင့်သက်သာမရှိခဲ့ပေ။ သူမတတ်နိုင်ချေ။ သူ၏အေးစက်ပြီး ဒေါသထွက်လွယ်ကာ အမြဲဆဲရေးတတ်သည့် နှုတ်ခမ်းများသည် ဘာညွှန်ကြားမှုမှမရှိဘဲ သနားညှာတာမှုတောင်းခံရန် သင်ယူလိုက်သည် "ရှောင်းဝမ်လင်! ငါ..."

"ဟမ်!"

သို့သော် ဤအခိုက်အတန့်တွင် ကိုက်ဖို့အကောင်းဆုံးနေရာကို ရှာဖွေနေသည့် အမဲလိုက်သားရဲသည် နောက်ဆုံးတွင် ကိုက်လိုက်၏!

ကျင်းလော့၏လက်များကို နံရံပေါ်ဖိထားပြီး၊ သူတောင်မသိလိုက်ပါဘဲ ကာကွယ်ရန်အတွက် တံတောင်ဖြင့် ထောက်ထားမိသည်။ သူ၏သေးငယ်သောကျောရိုးမကြီးကို ဖြောင့်တန်းထားလျက် အနည်းငယ်တုန်ရီနေ၏။ သူ့မျက်လုံးများတွင် ကြည်လင်သောမျက်ရည်များဖြင့်ပြည့်နေပြီး၊ ကိုက်ခံရသည့်အခိုက်တွင် အသက်ရှူမဝဖြစ်ကာ "အား!" ဟု အော်လိုက်မိသည်။

လည်ပင်းနောက်ဘက်ရှိ glandမှာ ကိုက်ခံလိုက်ရ၏။ Alpha သည် ရက်စက်သည့် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ နုနယ်သောအသားအား ကိုက်နေသည်။ ကရာမယ်လ်အရသာရှိသည့် အယ်လ်ဖာဖယ်ရိုမုန်းများသည် ဟိုတယ်ထဲက စိတ်လှုပ်ရှားဖွယ် အိုမီဂါ၏ ရနံ့နှင့်ယှဉ်လျှင် အရာမထင်သလောက်ဖြစ်ပြီး၊ သူ၏ဖြူဖွေးသည့်လပြည့်ညရဲ့ ရနံ့နှင့်ယှဉ်လျှင် ရယ်စရာကောင်းသည့် အတုခိုးမှုတစ်ခုသာဖြစ်သည်။

ရှောင်းဝမ်လင်၏မျက်လုံးများသည် နက်ရှိုင်းနေပြီး၊ သူ၏ခန္ဓာကိုယ်အတွင်းက ဖယ်ရိုမုန်းများသည် ကျင်းလော့အပေါ်တွင် စည်းချက်ညီညီ ဖြတ်သန်းနေ၏။

အယ်လ်ဖာ gland ၏အပေါက်သည် ပိတ်နေပြီး ကျဉ်းမြောင်းနေသည်။ လင်လုပေးခဲ့သော အယ်လ်ဖာ disguise agent သည် အသုံးပြုသူ၏ ဖယ်ရိုမုန်းများကို အချိန်အတိုင်းအတာတစ်ခုအထိ အယ်လ်ဖာ၏လက္ခဏာများအားပြသစေနိုင်သည်။ သို့သော် ဤမျှပြင်းထန်သော ဖယ်ရိုမုန်းစီးကြောင်းအောက်တွင်၊ ဖယ်ရိုမုန်း၏အပေါက်သည် ဖိညှစ်ခံရပြီး အနက်ရှိုင်းဆုံးနေရာတွင် အမှတ်အသားများထားရစ်ခဲ့၏။

ကျင်းလော့သည် အသက်ပြင်းပြင်းရှူနေရပြီး၊ သူသည် အခုအချိန်တွင် အယ်လ်ဖာအဖြစ်ဟန်ဆောင်နိုင်သော်လည်း၊ ရှောင်းဝမ်လင် သူ၏ gland အားကိုက်လိုက်သည့်အခိုက်တွင် သူ၏အသက်ကြိုးအား ကိုက်ဖြတ်လိုက်သလို ခံစားလိုက်ရ၏။

ပြင်းထန်သော မသက်မသာဖြစ်မှုနှင့် ကျူးကျော်ခံရသည့် သက်ရှိတို့၏ ဗီဇသဘောတရားတို့ကြောင့် သူတုန်လှုပ်နေရသည်။ ကျင်းလော့၏ လှပသော မျက်လုံးလေးများတွင် မျက်ရည်များစိုစွတ်နေပြီး၊ သူ၏မျက်ခုံးများကို တင်းကြပ်စွာရှုံ့ထားကာ သည်းခံနေရသည့်အမူအရာကို ပြသနေသော်လည်း၊ သူကိုယ်တိုင်မှာမူ ဤအမူအရာရှိနေသည်အား မသိလိုက်ချေ။

ရှောင်းဝမ်လင်က သနားစရာကောင်းလွန်းသည့် ထို gland လေးအား အလျင်အမြန်၊ ကြမ်းတမ်းစွာ လျက်လိုက်ပြီး၊ အိုမီဂါတစ်ယောက်အား အမှတ်အသားပြုသကဲ့သို့ အယ်လ်ဖာဖယ်ရိုမုန်းတွေကို ဗီဇအတိုင်း ထိုးသွင်းလိုက်၏။ ဒါပေမယ့် ဘယ်လောက်ပဲထိုးသွင်းသွင်း၊ ရှောင်းဝမ်လင်သည် လုံလောက်မှုမရှိပဲ ဝမ်းနည်းမှုကြောင့်ဖြစ်လာသည့် ဖော်ပြမရတဲ့ စိတ်ညစ်စရာခံစားချက်တွေကို ဆက်တိုက်ခံစားနေရသည်။

အယ်လ်ဖာက အယ်လ်ဖာပဲ၊ အမှတ်သားလုပ်လို့မရဘူး အမှတ်သားလုပ်လို့မရဘူး။

အိုမီဂါ မဟုတ်ဘူး... အမှတ်သားလုပ်လို့မရဘူး။ လုံးဝအပြည့်အဝ ငါ့အပိုင် မဖြစ်လာနိုင်ဘူး။

Chapter 15 ended

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment