Little Creampie:
Chapter 13
ကျင်းလော့ ဆင်းသွားသည့်အခါ ခါးနှင့်ဝမ်းဗိုက်တွင်ရှိသည့် နူးညံ့မှုလေးတွေလည်း ပျောက်ကွယ်သွားတော့သည်။
ရှောင်းဝမ်လင်က ယခုအချိန်တွင် သူ့ကိုယ်သူ တော်တော်လေး စိတ်ဖောက်ပြန်နေသလို ခံစားလိုက်ရသည်။
ယေဘူယျအားဖြင့် ကျင်းလော့လုပ်သမျှအရာအားလုံးကို သူမကျေနပ်ပေ။ ကျင်းလော့ ထွက်သွားသည့်အခါမှာတွင်မူ ရှောင်းဝမ်လင်က ထပ်ပြီးစိတ်မသက်မသာဖြစ်ရပြန်၏။
ရှောင်းဝမ်လင်သည် နှာခေါင်းသွေးများအား သုတ်ကာ သူ့ဂုဏ်သိက္ခာအား ကယ်တင်ရန် တစ်ခုခုပြောဖို့ လှည့်ကြည့်လိုက်သည်။ ဒါပေမယ့် သူလှည့်ကြည့်လိုက်တော့ ကျင်းလော့ အိပ်ပျော်နေသည်ကိုသာ မြင်လိုက်ရ၏။
သဘာဝကျပေသည်။ ရှောင်းဝမ်လင် ပြန်လာပြီးနောက် သူ့ရဲ့ဖယ်ရိုမုန်းတွေက ထပ်မံပြီး ထူထဲစွာဝိုင်းရံလာသည့်အတွက် ကျင်းလော့သဘာဝအတိုင်း သက်တောင့်သက်သာနှင့်အိပ်ပျော်သွားခြင်းပင်။
ရှောင်းဝမ်လင် "..."
နောက်တစ်နေ့မနက်တွင် ကျင်းလော့ နိုးလာခဲ့၏။
နိုးလာသည့်အခါ ရှောင်းဝမ်လင်သည် ကုတင်ပေါ်မှာလှဲပြီး သူ့ကိုကြည့်နေတာကို တွေ့ရတော့ လန့်သွားသည်။
ကျင်းလော့က မျက်လုံးမှေးကာဖွင့်ကြည့်ရင်း ပထမဆုံးတုံ့ပြန်မှုအနေနှင့် စောင်ကိုမ,ပြီး သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။
ရှောင်းဝမ်လင် စိတ်ပျက်သလိုနှင့် “အဲ့ဒီတုံ့ပြန်ပုံကဘာလဲ? အယ်လ်ဖာတစ်ယောက်ဖြစ်တဲ့ မင်းကို ငါကဘာဖြစ်လို့စိတ်ဝင်စားရမှာလဲ? ဒီလောက်ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိနေတာ"
ကျင်းလော့: “ငါ..." သူ့အသံက ခြောက်ကပ်နေ၏။
ရှောင်းဝမ်လင်: “ကောင်းတယ် ဒါက ငါ့အိမ်ပဲ။ ငါက တကယ်တော်ပြီး အာဃာတကင်းတဲ့သူမလို့ပေါ့ မင်းငါ့ကောင်မလေးကို နေ့တိုင်းခိုးဖို့ကြိုးစားရင်တောင် ငါမင်းကိုမနှောက်ယှက်ဘူး”
ဆံပင်အနက်ရောင်နှင့် လှပသည့် လူငယ်လေးက စောင်ကိုဖက်ထားလျက် ခဏတာတိတ်ဆိတ်နေသည်။ ရှောင်းဝမ်လင်သည် ဒီစိတ်ဆိုးလွယ်တဲ့လူငယ်လေးမှ နောက်ထပ်ကြမ်းတမ်းသည့်အပြုအမူတစ်ခုခု ထပ်လုပ်မယ်ဟု ထင်နေခဲ့၏။
ခဏကြာသည်အထိ အသံမကြားတဲ့အတွက် လှည့်ကြည့်လိုက်တော့... သူတကယ်ကို အံ့အားသင့်သွား၏။
ကျင်းလော့က ခေါင်းငုံ့ထားလျက် သူ့မျက်နှာကို ဆံပင်တွေနှင့် ဖုံးနေသည်ကြောင့် မျက်နှာအမူအရာကို မမြင်ရပေမယ့်... သူ့နားရွက်လေးတွေမှာ နီရဲနေပြီး ခြင်သံလောက်သေးငယ်သည့်အသံလေးနှင့် "......ကျေးဇူးတင်ပါတယ်" ဟုပြောလာသည်။
လခွမ်း!၊ မဖြစ်နိုင်တာ။
ရှောင်းဝမ်လင်ရဲ့ နှလုံးသားက ထူးဆန်းစွာ တဒိန်းဒိန်းခုန်နေသည်။ သူကျင်းလော့ကို ကြည့်နေသည့်အကြည့်မှာ တဖြည်းဖြည်း ပို၍ပင်ထူးဆန်းလာနေ၏။
ကျင်းလော့၏ နီရဲနေသည့်နားရွက်လေးတွေကို စိုက်ကြည့်ရင်း သူ့စိတ်ထဲတွင်..
သေစမ်း
သူဘာကြောင့် ဒီလိုဖြစ်နေတာလဲ?..
ဒါက... ဒါက...
ငါလခွမ်း
ကျင်းလော့ ထိုစကားလုံးတွေကိုပြောပြီးသည့်အခါ သူ့စိတ်သည်းခံနိုင်စွမ်းကုန်သွားရပြီး သူ့လက်တွေက အိပ်ရာခင်းတွေအား ဆွဲကိုင်ထားမိပြီး "ငါ... သွားတော့မယ်..."
ကျင်းလော့ စောင်ကိုမ,ကာ ထလိုက်သည်။ သူဝတ်ထားသည့်အဝတ်တွေက သူ့ဟာမဟုတ်မှန်း မသိခဲ့ပေ။ ထလိုက်သည်နှင့် ရှောင်းဝမ်လင်၏ ချောင်နေသည့်ဘောင်းဘီတွေက ကျွတ်ကျသွားပြီး ဖြူစင်ဖြောင့်တန်းနေသည့် ခြေနှစ်ချောင်းက ရှင်းလင်းစွာပေါ်လွင်လာ၏။
တစ်ခဏအတွင်း...
အခန်းထဲက တိတ်ဆိတ်သွားခဲ့သည်။
ကျင်းလော့၏ ဦးနှောက်က လုံးဝချောက်ချားသွားခဲ့သည်။
ရှောင်းဝမ်လင်ရဲ့ အသက်ရှူသံတွေက ပြင်းထန်စွာထွက်ပေါ်နေပြီး နှာခေါင်းအားလက်နဲ့ဖိကာ အတွေ့အကြုံအရ တစ်ရှူးဖြင့် အမြန်ဖုံးလိုက်၏။
ကျင်းလော့ကနေရာတွင် ရပ်နေဆဲပင်။
ရှောင်းဝမ်လင်သည်ကျင်းလော့၏ ခြေထောက်များအား အပေါ်အောက်သေသေချာချာကြည့်ကာ “လှလိုက်တဲ့ပေါင်တံတွေ” ဟူ၍သဘောကျစွာမှတ်ချက်ပေးလိုက်၏။
ရုတ်တရက်ဆိုသလို ရှောင်းဝမ်လင်သည် ကျင်းလော့၏ မျက်နှာနှင့် လည်ပင်းများမှာ နီရဲနေပြီး ပေါင်တွေတောင်မှ ပန်းရောင်သန်းနေသည်။
ကျင်းလော့က အလျှင်အမြန် တုံ့ပြန်လိုက်ပြီး ဘောင်းဘီအား ဆွဲတင်ကာ စကားတစ်ခွန်းမှမပြောဘဲ ပြေးထွက်သွား၏။
ရှောင်းဝမ်လင် မျက်တောင်ခတ်လိုက်ရင်း...
သူမနေနိုင်ဘဲ နှုတ်ခမ်းထောင့်တွေ နှစ်ဖက်စလုံး မြောင့်တက်သွားသည်။
အရင်တုန်းက သူ့မှာ ဒီလိုစရိုက်ရှိမှန်း ငါဘာလို့မသိခဲ့တာလဲ...
ရှောင်းဝမ်လင် အပြင်ထွက်လာသည့်အခါ ကျင်းလော့က သူ့ဘောင်းဘီကိုဝတ်ထားပြီး ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေဆဲပင်။
ရှောင်းဝမ်လင်အားမြင်သည့်အခါ ကျင်းလော့သည် သူ့မျက်လုံးများကို တိမ်းရှောင်သွား၏။
ရှောင်းဝမ်လင်က မနေနိုင်ဘဲ ရယ်မောလိုက်မိပြီး- “ငါက မင်းကိုကူညီထားတာဆိုတော့ မင်းလည်း ငါ့ကိုကူညီရမယ်”
ကျင်းလော့က ခဏတာတိတ်ဆိတ်သွားပြီးနောက် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
“လက်တွေ့ လေ့ကျင့်ရေး အဖွဲ့"
ရှောင်းဝမ်လင်ကတောင်းဆိုခဲ့သည်ကြောင့် ကျင်းလော့လည်း သဘာဝအတိုင်းငြင်းမနေတော့ပေ။
ကျင်းလော့ထွက်သွားပြီးနောက် ဗီလာကြီးလည်း တိတ်ဆိတ်သွားခဲ့သည်။
ကာရာမယ်လ်အယ်လ်ဖာရနံ့လည်း ကျန်ရစ်ခဲ့သည်။
ရှောင်းဝမ်လင်က ဆိုဖာမှာထိုင်ကာတွေးနေ၏။ သူဘာကြောင့်မှန်းမသိပေ၊ အိပ်မက်ထဲကတစ်ယောက်၏ ပုံပန်းသဏ္ဍာန်က ကျင်းလော့နှင့် ပိုပိုပြီးထပ်တူကျလာသည်။ ထိုအတွေးကို သူတွေးလိုက်မိတော့ ရှောင်းဝမ်လင်၏နှလုံးသည် ပြင်းထန်စွာခုန်ပေါက်လာပြီးနောက်တွင် ဖြည်းဖြည်းချင်းပြန်လည်ငြိမ်သက်သွားတော့၏။
ဒါပေမယ့် ရှောင်းဝမ်လင်ကတော့ ထိုသည်မှာမဖြစ်နိုင်ဘူးမှန်းသိပေသည်။
ကျင်းလော့ကဲ့သို့ပင် ရှောင်းဝမ်လင်သည် သူ့အား အယ်လ်ဖာတစ်ဦးဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ခဲ့သည်။
အကယ်၍ သူသာ အိုမီဂါဖြစ်ရင် ...
သူသာ အိုမီဂါဖြစ်နေရင်
ရှောင်းဝမ်လင်၏ အတွေးများသည် မထိန်းနိုင်ဘဲ သူ့သုတ်ရည်များနှင့် အယ်လ်ဖာရနံ့များ ဖုံးလွှမ်းနေသည့် ကျင်းလော့ကို မြင်ယောင်မိပြီး အသက်ရှူသံများပို၍ပင်မြန်လာတော့၏။
ရှောင်းဝမ်လင်သည် မျက်နှာကျက်အားကြည့်ကာ သူ့ဘောင်းဘီကို ဖြည်းညှင်းစွာ ဇစ်ဖွင့်လိုက်ပြီး ကာရာမယ်လ်ရနံ့တဖြည်းဖြည်းပျောက်ကွယ်သွားသည့် အခန်းထဲတွင် တစ်ကိုယ်ရည်အာသာဖြေခြင်းကို စတင်ခဲ့၏။
****
ကျင်းလော့ ပြန်ရောက်ပြီးနောက် ရက်အတော်ကြာသည်အထိ ကြောက်ရွံ့ထိတ်လန့်နေခဲ့သည်။ သို့သော် သူမည်မျှပင် စိတ်ရှုပ်ထွေးနေပါစေ၊ အယ်လ်ဖာလေ့ကျင့်ရေးသင်တန်းက မကြာမီပင်စတင်လာ၏။
မသွားခင်မှာ ကျင်းလော့သည် သူ၏ပုံမှန်အလေ့အထအား ချိုးဖောက်ကာ ရှောင်းဝမ်လင်ကို သုံးရက်တိတိ ရှောင်ဖယ်နေခဲ့ပြီး မတွေ့ချင်ယောင်ဆောင်ခဲ့သည်။
လေ့ကျင့်ရေးမစမီ တစ်ရက်အလိုတွင်၊ ကျင်းလော့သည် သူ၏ဇဝေဇဝါဖြစ်နေသော စိတ်ကို ဖိနှိပ်ထားနိုင်ခဲ့ပြီး နောက်ဆုံးတွင် လင်လုနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
ကော်ဖီဆိုင်အတွင်းတွင်…
ကျင်းလော့သည် နှုတ်ခမ်းကိုက်လျက် လင်လုရှေ့တွင်ထိုင်နေ၏။
လင်လုသည် ဘောင်းဘီတိုဝတ်ထား၏။ သူမသည် အရပ်ရှည်ပြီး ရုပ်ရုပ်ချောမောကာ ခန္ဓကိုယ်လှပ၏။ သူမက နေကာမျက်မှန်တပ်ထားကာ ကော်ဖီခွက်တစ်ခုကို ကိုင်ထား၏။ "ဘာဖြစ်တာလဲ?"
ကျင်းလော့သည် လင်လုရှေ့တွင် စကားကောင်းကောင်းမပြောနိုင်ခဲ့ပေ။ ငယ်စဉ်ကတည်းက ရှက်တတ်ပြီး စကားပြော အားနည်းခဲ့သူဖြစ်ရာ၊ လင်လုရှေ့တွင်လည်း အလားတူ အမှားမျိုး ထပ်လုပ်မိနေသည်။ ဒါမှမဟုတ် စိတ်လှုပ်ရှားနေလို့လည်း ဖြစ်နိုင်သည်။ လင်လုက ကျင်းလော့အား ဆူသည့်အခါ၊ သူသည် မသိစိတ်ကနေ သူ့အဝတ်အား ဆုတ်ကိုင်ထားမိသည့်တိုင်၊ အသေးစိတ်အချက်အား နက်ရှိုင်းစွာ ဝှက်ထားခဲ့၏။
အရပ်ရှည်သော ကောင်လေးသည် ခြေတံရှည်ရှည်ရှိပြီး မက်မွန်ပွင့်မျက်လုံးလေးများသည် အမြဲတမ်း ရေခဲလို အေးစက်နေတတ်သည်။ သူသည် လူတွေနှင့် ဝေးကွာနေပုံရပြီး ရှက်ရွံ့ပြီး နူးညံ့သိမ်မွေ့သူတစ်ဦးကဲ့ လုံးဝမတူပေ။ သို့သော် ထိုအေးစက်သောလူငယ်သည် ကော်ဖီဆိုင်တွင် အချိန်အတော်ကြာ တိတ်ဆိတ်စွာထိုင်နေပြီးနောက်၊ အလွန်တိုးလျသည့် အသံနှင့်ပြောလိုက်သည်—
"ငါ... Heat ဖြစ်နေလောက်တယ်..."
ကျင်းလော့က ခက်ခက်ခဲခဲ ပြောလိုက်သည်။
လင်လုက သူမ၏သွယ်လျသည့်လက်ချောင်းလေးတွေနှင့် မျက်မှန်ကိုချွတ်လိုက်ပြီး ဖြူဖပ်ဖြူရော်နေတဲ့ မျက်လုံးတွေနှင့် ကျင်းလော့ကို လှမ်းကြည့်လိုက်၏ - "Heat ကာလလား?"
"ရိုးရိုးလေးပါ"
"ကျွန်မ ရှင့်ကိုကိုက်လိုက်ရုံပဲ”
လင်းလု၏အသံထဲတွင် စိတ်လှုပ်ရှားမှုလုံးဝမပါဘဲ အေးဆေးတည်ငြိမ်နေသည်။
ကျင်းလော့ ခဏလောက်ငိုင်သွားပြီး သူမပြောတာကို နားမလည်ခဲ့ပေ။ နောက်မှ အသိစိတ်နှင့်တဖြည်းဖြည်း နားလည်လာပြီး ရေခဲသဖွယ်အေးစက်နေသည့် သူ့မျက်နှာလေး နီရဲသွားရသည် "ကိုက်... ကိုက်မယ်?!"
လင်လုက ကော်ဖီကိုအေးဆေးသောက်လိုက်ပြီး စိတ်လှုပ်ရှားမှုလုံးဝမပါဘဲ အေးဆေးပင် ပြောလိုက်၏ "ရှင့်ကို ရှောင်းဝမ်လင်က အမှတ်သားပေးထားပြီးသား၊ တားဆေးတွေကလည်း အလုပ်မဖြစ်ဘူး။ သူ့ဖယ်ရိုမုန်းတွေကို နိုင်နင်းနိုင်တဲ့ S အဆင့် Alpha တွေလည်း များများစားစားမရှိဘူး။ ကျွန်မကတစ်ယောက်အပါအဝင်ပေါ့။"
လင်လုက ကျင်းလော့အား ကြည့်နေသည်။
သူမစကားပြောသည့်အခါ စက်ရုပ်က သက်ရှိတွေကို ကျိုးကြောင်းစီလျော်စွာ ဆင်ခြင်တုံတရားနှင့် ဇီဝကမ္မဗေဒဆိုင်ရာ အစိတ်အပိုင်းတစ်ခုအကြောင်း ပြောနေသလိုပင် ရိုးရိုးရှင်းရှင်းကြီးပင်။ ဥပမာ "မိတ်လိုက်ခြင်း" ဆိုတဲ့ စကားလုံးလိုမျိုးပေါ့။
လင်လု - "တခြား S အဆင့် Alpha တွေက ရှင့်ကိုအမှတ်အသားလုပ်လိုက်ရင်၊ ရှင်အသိမ်းပိုက်ခံလိုက်ရနိုင်တယ်"
သူမမေးစေ့ကို လက်ဖဝါးနဲ့ထောက်ထားရင်း ပြတင်းပေါက်ဘက်ကိုမျှော်ကြည့်လျက် အေးအေးဆေးဆေး ပြောလာသည် "ရှင့်ရဲ့ အိုမီဂါဖယ်ရိုမုန်းလယ်ဗယ်က အရမ်းမြင့်နေတယ်"
"ကျွန်မမျှော်မှန်းထားတာထက်ကို ပိုမြင့်နေတယ်”
"ရှင်ရထားတဲ့ S အဆင့် အမှတ်သားနဲ့ဆိုရင်၊ ဒီတောရိုင်းကောင်တွေရဲ့ ပစ်မှတ်ဖြစ်သွားနိုင်တယ်"
ကျင်းလော့က နှုတ်ခမ်းအားတင်းတင်းစေ့လိုက်သည်။
သူအနည်းငယ်ရှက်သွားသလိုနှင့် မျက်လွှာချလိုက်ပြီး သူ့လည်ပင်းအား နေရခက်စွာ ပွတ်သပ်နေသည်။ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးမှ သူခေါင်းငုံ့လိုက်သည့်အခါ၊ လင်လုက ကျင်းလော့၏လည်ပင်းနံဘေးက ထင်းရှားလှပသည့်မျဉ်းကြောင်းတွေနှင့် အလင်းထဲတွင် ဆီးနှင်းလို ဖြူရှင်းတောက်ပနေသည့် အသားအရေကို မြင်လိုက်ရ၏။
...ကိုက်ဖို့ အကောင်းဆုံးပဲ။
လင်လုက အေးဆေးစွာနှင့် မျက်နှာလွှဲလိုက်သည်။
ဖြူစင်နုနယ်တဲ့ ယုန်လေးတစ်ကောင်က ခွေးအဖြစ်အတုယူဖုံးကွယ်နေတာ...။ အယ်လ်ဖာတစ်ကောင်သာ သူ့ကို မိသွားပြီဆိုတာနဲ့ ချက်ချင်းဖမ်းစားခံရအုန်းမယ်။ အပြင်းအထန် ကိုက်ချီပြီး မျိုးအောင်ဖို့အထပ်ထပ်အိပ်ရာထဲ ပစ်ထည့်ခံရမယ်။ အိပ်ရာကနေ ပြန်ထဖို့တောင် အခွင့်မရှိလောက်ဘူး။
ကျင်းလော့က နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်ပြီး သူတောင်မသိလိုက်ဘဲ မတည်မငြိမ်ဖြစ်နေသည့် အသံနှင့် ပြောလိုက်သည် "...အင်း ရပါတယ်”
အခြားတစ်ဖက်တွင်...
ရှောင်းဝမ်လင်က ကျင်းလော့ကို သုံးရက်ဆက်တိုက် မမြင်ရသည့်အတွက် စိတ်တိုနေပြီး နောက်ဆုံးမှာတော့ သူသိပ်မသုံးတဲ့ အထူးအခွင့်အရေးကို အသုံးပြုလိုက်၏။ ရှောင်းဝမ်လင်သည် သူရှာဖွေတွေ့ရှိထားသည့် အချက်အလက်များအား ကြည့်နေရင်း၊ သူ့ဒေါသ၏ အရင်းအမြစ်လေးက ကော်ဖီဆိုင်ထဲတွင် ထိုင်နေသည်အား တွေ့လိုက်ရသည်။
လင်လုနဲ့အတူထိုင်နေတာ။
ရှောင်းဝမ်လင်သည် သူ့မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သည့် အပြုံးကိုပြသထား၏။ ထိုအခိုက်အတန့်တွင် ဖယ်ရိုမုန်းများထုတ်လွှတ်ထားခြင်းမရှိသည့်တိုင် ရုံးခန်းထဲမှလူတိုင်း အလွန်ပြင်းထန်သည့် ဖိအားကို ခံစားလိုက်ရပြီး အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။
စောင့်ကြည့်ရေးကင်မရာအား ကူစစ်ပေးနေတဲ့သူက ရှောင်းဝမ်လင် အမြန်လှမ်းထွက်သွားပြီးမှ သက်ပြင်းချကာ.... "ကြောက်စရာကောင်းလိုက်တာ... S အဆင့် လူငယ်တစ်ယောက်ဆိုတာ အမှန်ပါပဲလား..." ဟူ၍ သက်သာရာရစွာ ပြောလိုက်သည်။
Chapter 13 ended