Little Creampie:
Chapter 10
စတိုးဆိုင်မန်နေဂျာက "ဒီနေ့တော့ ကူညီစရာ များများစားစား မရှိပါဘူး။ ဒါကို 2X2 နျန်ရှန့်လမ်းမှာရှိတဲ့ ရေပူစမ်းခန်းမကို ပို့ပေးရုံပဲ"
ကျင်းလော့က ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။
သူသည် အနက်ရောင်အလုပ်ဝတ်စုံနှင့်မိုးကာအင်္ကျီအား ဝတ်ဆင်ထား၏။ ထိုလေးလံသည့်သေတ္တာအား မရန်ကြိုးစားလိုက်သော်လည်း သူ့ခန္ဓာကိုယ်က အားနည်းသွားသည်ကို ခံစားလိုက်ရ၏။ အရင်က အားစိုက်ထုတ်မှ ရွေ့နိုင်သည့် သေတ္တာက အခုဆို မမနိုင်လောက်အောင်ပင် လေးလံနေသည်။
ခေါင်းက နည်းနည်းမူးနေသလိုခံစားရပြီး… အအေးမိသလိုလဲဖြစ်နေ၏။
ဒါမှမဟုတ်... အိုမီဂါ အဖြစ် ကွဲပြားသွားပြီးခွန်အားတွေ တဖြည်းဖြည်း ကျဆင်းနေတာလည်း ဖြစ်နိုင်သည်။
ကျင်းလော့သည် နှုတ်ခမ်းအား ကိုက်လိုက်ပြီး ဝမ်းဗိုက်အားစိုက်ကာ မသက်မသာဖြစ်မှုကို သည်းခံလျက် ပစ္စည်းအား အားစိုက်ကာ မ,တင်လိုက်သည်။
စတိုးမန်နေဂျာသည် သူတို့ဆိုင်က တိတ်ဆိတ်ပြီး လုပ်ရည်ကိုင်ရည်ကောင်းသည့် စီနီယာကျောင်းသားလေး အားနည်းနေသည်ကို သတိမထားမိပေ။ ဖုန်းပြောရင်း ခေါင်းတညိတ်ညိတ်လုပ်နေခဲ့သည်။ ဖုန်းခေါ်ဆိုမှုပြီးသည့်နောက်တွင် စတိုးဆိုင်မန်နေဂျာက သူ့လက်အား မြှောက်ကာ ယွမ်ငွေ ၂၀၀၀ ကို ကျင်းလော့ဆီ လွှဲပြောင်းပေးခဲ့သည်။ "ရှောင်လော့ ထရပ်ကားမောင်းပြီးကုန်ပစ္စည်းတွေပို့ဖို့ မင်းကို ဒုက္ခပေးရတော့မယ်”
ကျင်းလော့၏ အမြင်အာရုံမှာ အနည်းငယ် မှုန်ဝါးနေပြီး ကိုယ်တွင်းမှာ အေးစက်နေသလို ခံစားရသော်လည်း၊ တကယ်တော့ သူသည် တခြားသူများအား ငြင်းဆန်ရန် မကျွမ်းကျင်သူပင်။ အထူးသဖြင့် သူ့ကို ကောင်းမွန်စွာ ဆက်ဆံသူများအား ငြင်းပယ်ရန် ပို၍ပင် ခက်ခဲ၏။ စတိုးဆိုင်မန်နေဂျာက သူ့ကို အမြဲပင် ကောင်းမွန်စွာ ဆက်ဆံခဲ့သူဖြစ်သည်။
မည်သူမဆို သူ့ကို ကောင်းမွန်စွာ ဆက်ဆံပါက၊ ကျင်းလော့က ပြန်လည်ပေးဆပ်ရန် မတတ်သာသည့်အတွက်၊ တခြားသူ၏ တောင်းဆိုမှုအား ငြင်းဆန်ရန် အလွန်ခက်ခဲ၏။
ကျင်းလော့သည် သူထရပ်ကားအတွက်ယာဥ်မောင်းလိုင်စင်ကို ဘယ်တုန်းက ရခဲ့တာလဲဆိုတာတောင် မမှတ်မိတော့ပေ။ ကျင်းလော့ ထွက်သွားပြီး ထရပ်ကားပေါ်တက်လိုက်တော့ တံခါးအပြင်ဘက်မှာ မိုးသံတွေ ကြားနေရ၏။
ကျင်းလော့သည် ကားထဲတွင်ထိုင်ပြီး၊ မိုးရေများက လမ်းမီးတိုင်တွေကို ပိုမိုတောက်ပလာစေသည်အား ငေးကြည့်နေမိသည်။
သူရေပူစမ်းသို့ မောင်းသွားခဲ့သည်။
ခေါင်းထဲက မူးဝေမှုနှင့် ခန္ဓာကိုယ်အတွင်းက နာကျင်မှုတွေဟာ ရှိနေဆဲဖြစ်ပြီး၊ ပိုပို၍ ဆိုးရွားလာနေ၏။
ကျင်းလော့သည် ရေပူစမ်းဟိုတယ်၏ နောက်ဖေးတံခါးသို့ ရောက်ရှိလာပြီး ကားထဲမှ ဆင်းလိုက်သည်။ သူသည် အနက်ရောင် သားရေမိုးကာအင်္ကျီကို ဝတ်ထား၏။ မိုးစက်များသည် မိုးကာအင်္ကျီပေါ် ကျရောက်နေသံကို သူကောင်းကောင်းကြားနေရ၏။
ကျင်းလော့သည် အနောက်တံခါးဆီသို့ လျှောက်သွားပြီး မိုးရေထဲတွင် ထရပ်ကားနောက်ဘက်ကို ဖွင့်လိုက်သည်။ ရေပူစမ်းဟိုတယ်မှ ဝန်ထမ်းများသည် ကုန်ပစ္စည်းများ လက်ခံရရှိရန် လာရောက်ကူညီပေးကြ၏။ ကျင်းလော့သည် ကားပေါ်မှနေ၍ အောက်ရှိလူများထံ ပစ္စည်းများ လက်ဆင့်ကမ်းပေးနေသည်။
မိုးကသည်းထန်စွာရွာနေပြီး မိုးရေအချို့သည် မိုးကာအင်္ကျီကို စိမ့်ဝင်၍ အတွင်းရှိ အဝတ်အစားများထဲသို့ ရောက်ရှိလာသည်။ အလွန်အေးစက်နေ၏။ မိုးသည်ထန်းလာသည့်အခါတွင် မိုးကာအင်္ကျီ၏ အပူချိန်ပင် ရေခဲသလို အေးလာသည်။ သူ့အရေပြားနှင့် နီးကပ်လာသည့်အခါ လေအေးများက မိုးကာအင်္ကျီတစ်လျှောက် စိမ့်ဝင်သွား၏။
ကျင်းလော့၏ လက်ချောင်းများသည် ကုန်တင်ပစ္စည်းတစ်ခုကို ကိုင်ထားစဉ်တွင် အနည်းငယ် အားနည်းသွားသလို ခံစားရသည်။ သူ့အသက်ရှူအားကို အာရုံစိုက်ကာ သူ့ကိုယ်သူညှိယူရန် ကြိုးစားနေရ၏။
ရှောင်းဝမ်လင်သည် ကြယ်ငါးပွင့် ရေပူစမ်းဟိုတယ်သို့ လာရောက်ရန် ဆွဲဆောင်ခံခဲ့ရသည်။
သူသည် ခမ်းနားလှသော ဟိုတယ်ထဲဝင်ရောက်လာပြီး အသစ်စက်စက်အနီရောင်ငွေစက္ကူတချို့အား စားပွဲထိုး၏ပန်းကန်ပြားပေါ်တင်လိုက်ပြီး အတွင်းဘက်ကို လျှောက်လာခဲ့သည်။ အနားရှိစားပွဲထိုးက "ဆရာ ဆရာ့ဖိနပ်တွေ ညစ်ပတ်နေပါတယ်..." ဟုဆိုရင်း အဝတ်စဖြူဖြူနှင့် သုတ်ဖို့ အသင့်ဖြစ်နေ၏။
ရှောင်းဝမ်လင် သူ့ခြေထောက်ပေါ်ရှိ ဒေါ်လာသောင်းချီတန်သည့် သားရေဖိနပ်အားကြည့်ကာ အစွန်းအထင်းတွေကို သုတ်ဖို့ရန် စားပွဲထိုးအားခွင့်ပြုပေးလိုက်သည်။ သူက အိပ်ငိုက်နေသည့်လေသံဖြင့်ပြောလိုက်သည် "ငါ့ကိုဒီကိုခေါ်လာရတဲ့ အကြောင်းပြချက် ကောင်းကောင်းရှိမှ ဖြစ်မယ်။ ငါ့မှာ အိုမီဂါရှိတယ်"
ရှောင်းဝမ်လင်သည် သူ့မျက်မှန်အမဲကြီးအား ချွတ်လိုက်ကာ ထူထဲကာထက်မြက်နေပုံရသည့် သူ့မျက်ခုံးမွှေးများအားပေါ်ထွက်လာစေသည်။
နံဘေးက ငယ်သူငယ်ချင်းတစ်ယောက်က ရယ်ကာ "အိုမီဂါ? ဘယ်သူလဲ? မင်းလိုက်နေတဲ့လင်းလုလား? မင်းရဲ့ပထမဆုံး အကြိမ်ကို သူနဲ့ပဲ ဖြုန်းလိုက်တာလား?" ဟုဆိုလာသည်။
ရှောင်းဝမ်လင်သည် သူ့အား ပျင်းရိပျင်းတွဲ ကြည့်လိုက်ပြီး မျက်လုံးထဲ ခြိမ်းခြောက်မှုအနည်းငယ်ပါလာသည့်အခါတွင် ငယ်သူငယ်ချင်းက ချက်ချင်းပင် လက်မြှောက်အရှုံးပေးလိုက်၏။
သူ့ကို အခမ်းနားဆုံးအခန်းတစ်ခုထဲသို့ ပို့ဆောင်ပေးခဲ့သည်။
အတွင်းမှ ရေပူစမ်းရေများသည် ဖန်သားပြင်နှင့် ဖောက်ထွင်းမြင်ရသည့် နံရံများကြားတွင် မှိုင်းညှို့နေ၏။
ရှောင်းဝမ်လင်သည် ရေထဲသို့မသွားဘဲ အနီးရှိ ဆိုဖာပေါ်တွင် ထိုင်နေခဲ့သည်။
ဖာ့ရှောင်က "ဘယ်လိုလဲကွာ၊ မင်းမှာ ဇနီးချောလေးရှိနေပြီးသားနဲ့ ငါတို့သူငယ်ချင်းတွေနဲ့ ဘာလို့ပျော်နေတုန်းလဲ? မင်းရဲ့ အိုမီဂါကို အိမ်ပြန်ခေါ်ပြီး စောင့်ကြည့်နေသင့်တာပဲလို့ ငါထင်တယ်နော်" ဟု ပြက်လုံးထုတ်လိုက်၏။
ရှောင်းဝမ်လင်သည် စီးကရက်တစ်လိပ်ထုတ်ပြီး မီးညှိလိုက်ကာ မျက်လုံးအားမှိတ်ထားလျက် ဘာမှမပြောပေ။
သူလည်းမသိဘူး။
သူလင်းလုကို သဘောကျသင့်သည်။
မဟုတ်ဘူး၊ သူ အဲ့ညက အိုမီဂါနဲ့ဖြစ်ခဲ့တဲ့ ရင်းနှီးမှုတွေကို ပြန်သတိရမိတိုင်း သူ့ရင်ထဲက တုန်ရီမှုနဲ့ လောဘတွေက တောက်လောင်နေဆဲပဲ။ အဲ့အိုမီဂါကိုပိုင်ဆိုင်ချင်နေတုန်း၊ စွဲလမ်းမိနေတုန်းပဲ…
ထိုခံစားချက်များက သူ့နှလုံးသားထဲတွင် အခုထိ တဒိန်းဒိန်းခုန်နေဆဲဖြစ်ပြီး၊ အခုပြန်တွေးမိသည့်တိုင် ရှောင်းဝမ်လင်၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ခံစားရဆဲပင်။
ရှောင်းဝမ်လင်သည် လင်းလုအပေါ်မှ caramel အနံ့ရှိသော အိုမီဂါဖယ်ရိုမုန်းရနံ့ကို ခံစားမိသော်လည်း၊ သူမနှင့်အတူရှိစဉ်က သူ၏စိတ်အခြေအနေမှာ အေးဆေးတည်ငြိမ်နေပြီး အနည်းငယ်စိတ်မရှည်ဖြစ်ကာ ပျင်းရိသည်အထိ ခံစားခဲ့ရသည်။
ရှောင်းဝမ်လင်သည် ထိုခဏတာလောဘသည် နောက်တစ်ကြိမ် ပြန်လည်ဖြစ်ပေါ်လာမည်မဟုတ်ဟုပင် တွေးမိသည်။ မီးပွားတစ်ခုလို တစ်ခဏတာသာ တောက်ပြီး ပျောက်ကွယ်သွားသည့် အရာတစ်ခုလိုပင်။
သူသည် လင်လုထံတွင် သူ့နှလုံးသား၏ တဒိန်းဒိန်းခုန်သံကို မခံစားရပေ။ သို့သော် caramel နှင့် ပင်လယ်ဆားရနံ့ရှိသော အိုမီဂါရနံ့က ထိုအခိုက်အတန့်က ခံစားချက်ကို ခဏတာ ပြန်လည်အမှတ်ရစေသည်။
ထို့ကြောင့် ယခု ရှောင်းဝမ်လင်သည် လင်လု၏ တောင်းဆိုမှုတိုင်းကို လိုက်လျောပေးနေမိသည်။
ရှောင်းဝမ်လင်က စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
သူ့ကိုယ်သူ မပြည့်စုံသလို ခံစားနေရသည်မှာ ကြာပြီပင်။
သူ့စိတ်ထဲမှာ... ရတက်မအေးရမှုတစ်ခုတောင် ခံစားနေရသည်။
လင်းလုနှင့် ထိတွေ့ပြီးနောက်ပိုင်း ထိုခံစားချက်က ပိုမိုပြင်းထန်လာသည်။ သူတို့အတူရှိချိန်များလာလေ၊ ရှောင်းဝမ်လင်က ဆုံးရှုံးမှုကို ပိုမိုခံစားလာရလေပင်။ ရှောင်းဝမ်လင်က ပြင်ပမှာထုတ်မပြသည့်တိုင် သူခံစားနေရသည်များဟာ သူလိုချင်သည့်ခံစားချက်မျိုး မဟုတ်ဟု အမြဲတမ်းထင်နေခဲ့သည်။ ပင်လယ်ဆား အိုမီဂါ၏ ချိုမြိန်သော ဖယ်ရိုမုန်းရနံ့က သူ့ကိုဆွဲဆောင်နိုင်သေးသော်လည်း၊ သူ့နှလုံးသားကို အပ်နှင်းချင်စိတ်ဖြစ်စေသည့် ထိုတဒိန်းဒိန်းခုန်သော ခံစားချက်မျိုးကိုတော့ သူ့ကို နောက်တစ်ဖန် မဖြစ်စေတော့ပေ။
ဖြစ်နိုင်သည်၊ ဤမျှပြင်းထန်သော ပထမဆုံးမျက်နှာချင်းဆိုင်ချိန်တွင် ချစ်သလိုဖြစ်သွားသည့် ခံစားချက်မျိုးသည် မူလကပင် ခဏတာဖြစ်တတ်သော အရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်၏။
ရှောင်းဝမ်လင်သည် စီးကရက်အား ပြင်းပြင်းရှူသွင်းကာ မီးခိုးလုံးများကို ရှေ့သို့ မှုတ်ထုတ်လိုက်သည်။ သူ့ငယ်သူငယ်ချင်းက ဖြတ်လျှောက်လာရင်း "ငါ မသိရင် မင်း အချစ်ဒဏ်ရာရနေတယ်လို့တောင် ထင်မိမှာ" ဟု ပြက်လုံးထုတ်လိုက်၏။
ရှောင်းဝမ်လင်က ပြုံးပြီး သူ့အား ကန်ချလိုက်ကာ "လစ်စမ်း"
သူ့ငယ်သူငယ်ချင်းက ပခုံးတွန့်ပြကာ ရေချိုးဝတ်စုံ ပြောင်းဝတ်ပြီး ရေပူစမ်းတွင် ဝင်စိမ်နေသည်။
ရှောင်းဝမ်လင် ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်၏။ ရေပူစမ်း၏ ဖန်တံခါးသည် အပေါက်ဖြစ်နေ၍ အပြင်ဘက်မှ မှုန်ဝါးနေသည့် လရောင်ကို မြင်နေရ၏။ ရှောင်းဝမ်လင်သည် စီးကရက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်သည်။ တစ်စုံတစ်ရာသော ဗီဇအာရုံက သူ့အား ဖန်တံခါးနားကို ဆွဲခေါ်သွားခဲ့သည်။ မိုးရေစက်တွေနှင့် ဖုံးနေသည့် ဖန်တံခါးသည် ပန်းချီကားတစ်ချပ်လို ဖြစ်နေသည်။ မှုန်ဝါးနေသည့် ရေစက်လမ်းကြောင်းများ ကြားတွင် ရှောင်ဝမ်လင်း၏ မျက်လုံးများသည် အောက်က ထရပ်ကားဘေးတွင် ရပ်နေသည့် လူတစ်ယောက်ဆီကို မထိန်းနိုင်မသိမ်းနိုင် ရောက်သွား၏။
အနက်ရောင်မိုးကာအင်္ကျီဝတ်ထားသည့် အမျိုးသားသည် သူ့ခေါင်းကိုပါ အင်္ကျီထဲ ဆုပ်နှောင်ထားသေးသည်။ သည်းထန်စွာ ရွာနေသည့်မိုးထဲတွင် သူတို့ကြားမှာ ဆယ်ထပ်ကျော် အမြင့်ရှိနေသည့်ကြားမှ သူ့ပုံရိပ်သည် နံဘေးမှ တခြားသူတွေနှင့် ဘာမှမကွာသင့်ပေ။ သူက မှုန်ဝါးနေတဲ့ အရိပ်တစ်ခုသာပင်။
ဒါပေမယ့် ရှောင်းဝမ်လင်က နှုတ်ခမ်းထောင့်တွေကို လှုပ်ရှားလိုက်မိပြီး၊ တိရစ္ဆာန်ဗီဇလိုမျိုး တစ်စုံတစ်ရာက သူ့အားထိန်းချုပ်လာသည်။
ရှောင်းဝမ်လင်က စီးကရက်ကို ထုတ်လိုက်သည်။ ရှောင်းဝမ်လင်း၏ မျက်နှာအမူအရာအား မြင်သည့်အခါ သူ့ငယ်သူငယ်ချင်းက ငေးငိုင်သွားပြီး "ဘာလဲကွာ... မင်းရဲ့ အိုမီဂါ ဒီကိုလာတာလား?" လို့ မေးလိုက်သည်။
မဟုတ်ရင် သူဘာလို့...ဒီလောက်တက်ကြွနေရမှာလဲ။
သူသည် အသားကိုမြင်နေရသည့်ဝံပုလွေလို ဖြစ်နေပြီး၊ သူ့မျက်လုံးထဲက အလင်းတန်းက သူ့ငယ်သူငယ်ချင်း (အဆင့်တူ Alpha တစ်ယောက်) ကိုတောင် စိတ်အနည်းငယ်မအီမသာဖြစ်စေခဲ့သည်။
ရှောင်းဝမ်လင်သည် သူ့ဘေးကမီးခြစ်ခွက်ထဲ စီးကရက်အား လှမ်းထည့်လိုက်ပြီး အောက်ကိုအမြန်ဆင်းလာကာ သူ့ငယ်သူငယ်ချင်းကို ပြောလိုက်သည် “ဘယ်ဟုတ်ပါ့မလဲ?" သူက ဆင်းသွားပြီး ..."ငါ့ရဲ့ ပြိုင်ဘက်အယ်လ်ဖာကိုတွေ့လိုက်လို့ပါကွာ"
ရှောင်းဝမ်လင်၏အရိပ်သည် ရေပူစမ်းခန်းမထဲတွင် လျင်မြန်စွာပင်ပျောက်ကွယ်သွား၏။ သူပျောက်ကွယ်သွားတဲ့ပုံကိုကြည့်ရင်း သူငယ်ချင်းဖြစ်သူက သူ့ဘာသာရေရွတ်လိုက်သည် "Alpha? ပြိုင်ဖက်? ပျောက်သွားတဲ့ဇနီးကို ပြန်ရှာတွေ့တဲ့ပုံစံမျိုး ဖြစ်နေတယ်"
တကယ်တော့ ရှောင်းဝမ်လင်မှာ သူ့ငယ်သူငယ်ချင်း၏ ညည်းညူချက်တွေကို နားထောင်နေဖို့ အချိန်မရှိတော့ပေ။
......
ကျင်းလော့၏ အမြင်အာရုံ ဝေဝါးလာခဲ့သည်။ သူ၏လက်ချောင်းများ တဖြည်းဖြည်း လျော့ရဲလာကာ၊ မိုးသည်လည်း ပိုမိုပြင်းထန်လာခဲ့သော်လည်း သူအာရုံမစိုက်မိ။ ကြီးမားသောသေတ္တာကြီးသည် သူ့လက်ထဲမှ ရုတ်တရက် ပြုတ်ကျကာ မြေပြင်ကို ကျယ်လောင်စွာ ရိုက်ခတ်သွားသည်။
အထုပ်ကြီးသည် မြေပြင်သို့ ထိမှန်ကာ အတွင်းမှပစ္စည်းများ အားလုံးနီးပါး ကြမ်းပြင်ပေါ်သို့ ဖိတ်စင်ကျဲ့ထွက်သွားတော့သည်။
မိုးရွာသောည၏ ကွန်ကရစ်ကြမ်းပြင်ပေါ်တွင်၊ အထုပ်များကို ပလပ်စတစ်ဖြင့် ထုပ်ပိုးထားသည့်တိုင်၊ ညစ်ပတ်သောမိုးရေနှင့် ဗွက်များက ချက်ချင်းစိုစွတ်သွားခဲ့သည်။ မြေတွင်စုဝေးနေသော ရေအိုင်များထဲသို့ အညစ်အကြေးများ စိမ့်ဝင်သွားကာ၊ ကြမ်းပြင်တစ်ခုလုံးသည် ညစ်ပတ်သောရေ၊ ကြက်အမွေးများနှင့် အမှိုက်သရိုက်များဖြင့် ရှုပ်ပွနေတော့၏။
ကျင်းလော့ မူးဝေလာပြီး ခန္ဓာကိုယ်တစ်ခုလုံး တဖြည်းဖြည်း မတည်မငြိမ်ဖြစ်လာခဲ့သည်။
အောက်ထပ်ရှိ ဟိုတယ်အတွင်းမှ လူများသည် သူ့ဘက်သို့ လက်ညှိုးထိုးကာ တစ်ခုခုကို ဆဲဆိုနေကြသည်။ နီးနီးကပ်ကပ် သူ့နှာခေါင်းထိပ်အထိ ညွှန်ပြနေကြသော်လည်း၊ သူကိုယ်တိုင် ဘာမှားနေမှန်း မသိခဲ့။ ခန္ဓာကိုယ်တွင်း၌ မခံမရပ်နိုင်အောင် မအီမသာဖြစ်နေပြီး၊ ဒီလောက်နီးနေသင့်သည့် ဆဲဆိုသံများပင် ဝေးကွာသလို ကြားနေရသည်။
ကျင်းလော့၏ နားထဲတွင် "ဝီး" ဟူသော အသံများ မြည်နေပြီး အခြားအသံတစ်ခုကိုမှ မကြားရတော့။
တချိန်တည်းမှာပင် သူ့နားထဲသို့ ရင်းနှီးသောအသံတစ်ခု ဝင်လာခဲ့သည်။ ပုံမှန်ဆိုလျှင် ပျင်းရိပျင်းတွဲဖြစ်နေတတ်သည့် အသံဖြစ်သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ စိုးရိမ်ထိတ်လန့်ဖွယ် ဖြစ်နေခဲ့သည်။
"ဘာဖြစ်တာလဲ?"
Chapter 10 ended