Chapter 75
“ဘာမှမဖြစ်ပါစေနဲ့”
လျန့်ရွှေရွာတွင် သူဌေးကြီးတစ်ဦး ရောက်ရှိလာပြီးနောက် ရွာသူကြီးက နေ့တိုင်းပျော်ရွှင်နေပြီး ရွာအတွက် ရိတ်သိမ်းထွက်ကုန်များ စာရင်းပြုစုရန် ရွာ၏အတွင်းရေးမှူးအား စေခိုင်းကာ ထိုထုတ်ကုန်များကို သူဌေးကြီးကို တစ်ခုချင်းမိတ်ဆက်ပေးရန် ပြင်ဆင်နေကြသည်။
ကောလာဟလသူဌေးကြီးက ပေါ်မလာပေမယ့် သူဌေးကြီး၏လက်ထောက်ဖြစ်သော လက်ထောက်ချွီက ရောက်လာခဲ့သည်။ သူက ရိတ်သိမ်းထွက်ကုန်များကို ဂရုတစိုက်သုံးသပ်ပြီး သူနဲ့အတူ ကျွမ်းကျင်သူတစ်ယောက်ပါ ခေါ်လာခဲ့၏။ သူဌေးအစစ်ကတော့ မြင်ကွင်းနောက်ကွယ်မှာသာနေ၏။ ရွာသူကြီးက မြို့ထဲက သူဌေးကြီးများကို ကွဲပြားသောနည်းဖြင့် ချဥ်းကပ်ရမှာကို နားလည်တာကြောင့် သူက ကျောက်စိမ်းကိုဆွဲဆောင်ဖို့ အုပ်တစ်ချပ်အသင့်ချပေးရပေမည်။
(အခွင့်အရေးယူဖို့ ကြိုးစားတာကို ပြောတာပါ။)
ရွာသူကြီးက လက်ထောက်ချွီနှင့်ဆုံတော့ သူက ရွာ၏ဧည့်ရိပ်သာကို ပေးသုံးခဲ့ပြီး ရှန်ချီဟွမ်းက စစ်ဆေးရေးအမည်ခံပြီး ရွာမှာ တရားဝင်နေထိုင်ခဲ့သည်။
အရာအားလုံးကို လက်ထောက်ချွီကဦးဆောင်ပြီး ရွာအတွင်းရေးမှူးနှင့် ရွာခေါင်းက လက်ထောက်ချွီကို သူဌေးချွီလို့ခေါ်ကြလေသည်။ ထိုစဥ် တကယ့်သူဌေးအစစ်က ရှေးဟောင်းသုတေသနအဖွဲ့ဝင်များ နေ့စဥ်နေထိုင်သော နေရာကိုကြည့်ရန် မှန်ပြောင်းကိုအသုံးပြုပြီး သူတို့ ဝင်ထွက်သွားလာနေတာကို ကြည့်နေခဲ့သည်။ ထိုသည်မှာ လုပ်ငန်းကိုလာစစ်ဆေးသော နိုင်ငံခေါင်းဆောင်နှင့်တူပေမယ့် သူက သူများအလုပ်ကို အနှောင့်အယှက်မဖြစ်စေဖို့ ဆုံးဖြတ်ထားလို့ ရှေ့ဆက်တိုးလို့မရသလိုပင်။
သူတို့၏ ရှေးဟောင်းသုတေသနအဖွဲ့အစည်းကို ဖွဲ့စည်းခြင်းသည် အတော်လေးအလျင်လိုနေပြီး ယင်းမှာ နိုင်ငံ့အဖွဲ့အစည်းဖြစ်သော်ငြား ရန်ပုံငွေက အကန့်အသတ်သာရှိပြီး ကုမ္ပဏီအကြီးများနှင့် ယှဥ်လို့မရနိုင်ချေ။ တချို့သောကိစ္စရပ်များမှာ ဝင်ငွေတိုးအောင်လုပ်ပြီး အသုံးစရိတ် လျော့ချကာ စုနိုင်သလောက်စုလို့ရသည်။ ထို့ကြောင့် အပြင်လူများ၏ မျက်လုံးထဲတွင် ရှေးဟောင်းသုတေသနအဖွဲ့အစည်းက တကယ်ကိုဆင်းရဲသော်လည်း ရှန်ချီဟွမ်း၏အမြင်မှာတော့ ရှေးဟောင်းသုတေသနအဖွဲ့က ဆင်းရဲရုံတင်မကပဲ အလုပ်လည်းကြိုးစားကြသည်။ ယင်းမှာ ခေတ်မီအင်တာနက်ကုမ္ပဏီက 996 ထက်ပိုဆိုးပြီး ဤလူတွေ ရက်အများကြီး အနားယူခဲ့တာတောင် မတွေ့ခဲ့ရပေ။
သူ့ဇနီးလေး၏ပါးပြင်က ပိုပါးလာ၏။ သူက အသင့်စားခေါက်ဆွဲကို နေ့တိုင်းဘယ်လိုစားနိုင်တာလဲဲ… မကြာသေးခင်ကမှ အသားနည်းနည်း စားနိုင်ခဲ့တာဖြစ်၏။
သို့သော် သူတို့နှစ်ယောက်က လက်ရှိမှာ စိတ်တည်ငြိမ်အောင်လုပ်ဖို့ လိုသေးသည်။
အနောက်ဟန်မင်းဆက်အုတ်ဂူ၏ တာဝန်ခံကြီးကြပ်ရေးမှူး လျန့်က လက်ထောက်ချွီကိုရှာဖို့ အချိန်ယူခဲ့ရ၏။ သူမက သူမတို့ကို အထောက်အပံ့ပစ္စည်းများ ပို့ပေးထားသော သူဌေးကို လက်ထောက်ချွီလို့ ထင်နေသော်လည်း လက်ထောက်ချွီက မဟုတ်ဘူးလို့ ပြောပြမှ နားလည်မှုလွဲတာကို သိခဲ့ရသည်။ ထို့နောက် ကြီးကြပ်ရေးမှူးလျန့်က လျှပ်စစ်မီးဖိုကိုအပူပေးကာ တစ်ရှူးကိုင်ပြီး နှာခေါင်းမှာဖိထားသည့် ရှန်ချီဟွမ်းနှင့် ဧည့်ခန်းထဲမှာတွေ့ခဲ့ရ၏။
သူမက နောက်ကွယ်မှာ အမြဲရှိနေသော ဤသူဌေးကို အရမ်းမာနကြီးမယ်လို့ ထင်ထားသော်လည်း သူက သူမနဲ့ တခြားသူများအပေါ် နွေးထွေးပြီး ဖော်ရွေမယ်လို့ မမျှော်လင့်ခဲ့ပေ။ ထို့အပြင် ဤလူက သူဌေးတစ်ယောက်သာသာ မဟုတ်ကြောင််း သူမသိသွားခဲ့သည်။
“ကြီးကြပ်ရေးမှူးလျန့်၊ ဟယ်လို.. အေးအေးမအေးအေး အထဲဝင်ထိုင်ပါဦးဗျာ!” ရှန်ချီဟွမ်းက သူ့မိခင်ကိုတွေ့ရသလိုမျိုး သူ့ဘဝမှာ ဘယ်သူ့အပေါ်မှ စိတ်အားထက်သန်ခဲ့တာမျိုး မရှိဖူးပေ။ မဟုတ်ဘူး… သူ့မိခင်တောင် သူ့ဆီက ဒီလိုဆက်ဆံတာမခံရဖူးဘူး။
ကြီးကြပ်ရေးမှူးလျန့်ကလည်း မြှောက်တက်သွား၏။ ရှန်ချီဟွမ်းက ငယ်ရွယ်ချောမောသူဖြစ်လို့ သူမသာ အသက်နှစ်ဆယ်အရွယ်ဆိုလျှင် ရှက်သွေးဖြာမိမှာဖြစ်၏။
သူမက ရှန်ချီဟွမ်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ “ဥက္ကဋ္ဌရှန်… ဟယ်လို””
“ကြီးကြပ်ရေးမှူးလျန့်… ကျွန်တော့်ကို ရှောင်ရှန်လို့ပဲခေါ်ပါ” ရှန်ချီဟွမ်းက ကြီးကြပ်ရေးမှူးလျန့်နဲ့ ရင်းနှီးဖို့ကြိုးစားလိုက်၏။
ကြီးကြပ်ရေးမှူးလျန့်က မြစ်လမ်းကြောင်းအတိုင်း စီးဆင်းနေသလို အကြံကောင်းကို လက်ခံလိုက်၏။ “ဟုတ်ပါပြီ”
ရှန်ချီဟွမ်းက ဧည့်ရိပ်သာတွင် သူ့ကိုယ်ပိုင်ရုံးခန်းလိုမျိုး အစည်းအဝေးခန်းကို ပြင်ဆင်ထားသည်မှာ အတော်လေး သေသပ်၏။ ရေနွေးအိုးတည်ကာ သူက သူမအတွက် လက်ဖက်ရည်ဖျော်ပေးလိုက်၏။
“ကျွန်တော် လက်ဖက်ခြောက်ကို ကိုယ်တိုင်ယူလာတာ ။ မြည်းကြည့်ပါ။”
ကြီးကြပ်ရေးမှူးလန့်က မြည်းလိုက်သည်။.”အရမ်းမွှေးတာပဲ”
ရှန်ချီဟွမ်းကပြောလိုက်၏။ “ကြိုက်ရင် နောက်မှ ပြန်လာယူလို့ရပါတယ်။”
ကြီးကြပ်ရေးမှူးလျန့်က ပြုံးလိုက်၏။ “မဟုတ်တာ.. မင်းပစ္စည်းကိုဘာလို့ယူရမှာလဲ.. ငါတို့ ရှေးဟောင်းသုတေသနအဖွဲ့က မင်းလှူထားတဲ့ပစ္စည်းတွေကို လက်ခံရရှိထားပါတယ်။ ထပ်ယူရင် ငါအပြစ်တင်ခံရလိမ့်မယ်။”
ထိုအရာနဲ့ပတ်သတ်ပြီး ရှန်ချီဟွမ်းက ပိုလို့တောင် တက်ကြွလာ၏။ “ဒါတွေက စကားထဲထည့်ပြောစရာလား… ဒီလိုအေးတဲ့နေရာမှာ ခင်ဗျားအလုပ်ကြိုးစားနေရတာ အရမ်းခက်ခဲမှာပဲ။ မနေ့ကဆို မိုးတောင်ရွာခဲ့သေးတယ်။ ကျွန်တော်က တတ်နိုင်သလောက် ကူညီပေးနေတာပါ။”
ကြီးကြပ်ရေးမှူးလျန့်ကလည်း ငတုံးမဟုတ်ပေ။ သူမမလာခင်က ဒါရိုက်တာဖန့်ကို ရှန်ချီဟွမ်းအကြောင်းမေးခဲ့သည်။ ထောက်ပံရေးပစ္စည်းများကို လက်ခံရရှိကြောင်း အထက်လူကြီးများကို တင်ပြဖို့လိုသလား၊ လူ့အဖွဲ့အစည်းအဖွဲ့ဝင်ထံမှ အလှူငွေများကို လက်ခံလို့ရလား စသဖြင့်မေးခဲ့၏။ ထိုမှသာ သူက ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်၏ဆက်နွယ်မှုကို သိခဲ့ရပြီး ရှောင်ရှန်းက သူတို့နဲ့ ရင်းရင်းနှီးနှီး ဆက်ဆံနေပေမယ့် သူ့ဆီမှ ရှန်ချီဟွမ်းအကြောင်းပြောတာကို မကြားခဲ့ရပေ။ ရှောင်ရှန်းမှာလည်း ပုံမှန်အားဖြင့် သခင်လေးတစ်ယောက်၏ စိတ်နေစိတ်ထားမရှိပေ။ သူ့မိသားစုက သာမန်မိသားစုထက် အနည်းငယ်ချမ်းသာတယ်လို့သာ လူတိုင်းကထင်ခဲ့ကြပေမယ့် သူ့မှာ ဒီလိုနောက်ခံမျိုးရိုးရှိမှန်း မသိခဲ့ကြပေ။
ကြီးကြပ်ရေးမှူးလျန့်က ပြုံးကာပြောလိုက်သည်။ “မင်း ဒါတွေကို ရှောင်ရှန်းအတွက် လုပ်နေတာမလား?”
သူ့ရည်ရွယ်ချက်က ထုတ်ဖော်မိသွားတော့ ရှန်ချီဟွမ်းက ရှက်ရမယ့်အစား ပြုံးပြီးပြောလိုက်၏။ “သူက ကျွန်တော့်ကိုပြောပြီး ထွက်ပြေးသွားလို့ ၊ ပုံမှန်ဆိုရင် သူက ခရီးဝေးထွက်လေ့မရှိလို့ ကျွန်တော်စိတ်မချလို့ပါ။”
ကြီးကြပ်ရေးမှူးလျန့်က သူမရင်ထဲမှာပြောလိုက်၏။ သူက ဒီရောက်ပြီးတာတောင် ရှောင်ရှန်းနဲ့ မတွေ့ရသေးဘူးပေါ့၊ သူမက အတွေအကြုံရှိတဲ့လူမို့ ပြုံးပြီး ပြောလိုက်၏။ “လူငယ်စုံတွဲ ရန်ဖြစ်ခဲ့တာလား? မင်းမနေ့တည်းက ဒီကိုရောက်နေပေမယ့် သူကမင်းကိုလာတွေ့ဖို့ ခွင့်ပြုချက်လည်း မတောင်းခဲ့ဘူး။”
“ခင်ဗျားအကုန်မြင်ပြီးသွားပြီပဲ…. ကြီးကြပ်ရေးမှူးလျန့်. အမှန်တိုင်းပြောရရင် ကျွန်တော်တို့မှာ ပဋိပက္ခနည်းနည်းရှိခဲ့ပေမယ့် ခင်ဗျားအလုပ်ကိုတော့ အနှောင့်အယှက်ဖြစ်မှာမဟုတ်ပါဘူး။” ရှန်ချီဟွမ်းက ရှန်းယုဟန်အတွက် အမြန်ပြောပေးလိုက်၏။
“ငါပြောချင်တာအဲ့လိုမဟုတ်ဘူး။ ရိုးသားဖြောင့်မတ်တဲ့အရာရှိတောင် မိသားစုရန်ပွဲကို ပြေလည်စေဖို့ ခက်ခဲသေးတာပဲ။ မင်းကတော်ပါတယ်။ လူငယ်တွေက ကိစ္စတွေကို ဆွေးနွေးသင့်တယ်။” ကြီးကြပ်ရေးမှူးလျန့်က ရှန်ချီဟွမ်းနှင့် မရင်းနှီးတာကြောင့် စကားအများကြီးပြောဖို့ ခက်ခဲနေပေမယ့် ရှန်းယုဟန်က အပြုအမူကောင်းပြီး ယဥ်ကျေးသည်။ သူက နေ့တိုင်း တာဝန်သိစိတ်နှင့် ကြံ့ကြံ့ခံပြီး အခက်အခဲများကို စောဒကမတက်ပဲ ကြိုးစားအားထုတ်သည်။ သူက ခက်ခဲမှုတွေကို ညည်းမတွားဖူးသလို သူ၏ရောက်ရှိလာမှုက ရှေးဟောင်းသုတေသနအဖွဲ့ကို မသေမျိုးစွမ်းအင် ဖြည့်ပေးလိုက်သလိုပင်။ သူမက အတော်လေး သဘောကျတာကြောင့် စကားလုံးအနည်းငယ်သာ ပြောလိုက်၏။
ရှန်ချီဟွမ်းက သူ့စာရွက်စာတန်းမှ စာအိတ်တစ်ခုကို ယူလိုက်၏။ “ ကျေးဇူးပြုပြီး ဒါလေးကို သူ့ဆီပို့ပေးနိုင်မလား?”
ကြီးကြပ်ရေးမှူးလျန့်က ထောက်ပံ့ရေးပစ္စည်းကို လက်ခံပြီး လင်မယားအဆင်ပြေအောင် ကူညီပေးရမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ “ကောင်းပါပြီ၊ ငါမင်းကိုစာပို့ပေးဖို့ ကူညီပေးမယ်။ တခြားဘာမှဂရုမစိုက်ဘူး။”
ရိက္ခာတွေကို ပြန်ပေးလို့လည်းမရ၍ သူမ၏အဖွဲ့ဝင်က မနေ့ကရော ဒီနေ့ပါ သဘောထားကြီးခဲ့သည့် သူဌေးကို ချီးကျူးလိုက်၏။ ယင်းမှာ နိုင်ငံက ထောက်ပံ့ပေးသော ရပိုင်ခွင့်များကို အလွန်ဆင်းရဲတယ်လို့ ခံစားမိစေသည်။
“ဒါဆိုကျေးဇူးပါ၊ ကြီးကြပ်ရေးမှူးလျန့်” ရှန်ချီဟွမ်းက နောက်ဆုံးမှာ သက်ပြင်းချလိုက်၏။
ကြီးကြပ်းရေးမှူးလျန့်က ရှန်ချီဟွမ်း၏ ယာယီဇိမ်ခံရုံးခန်းမှ မထွက်ခွာခင် အကြာကြီးမထိုင်ခဲ့ပေ။ သူမက ယနေ့ခတ်လူငယ်တွေ လှည့်ကွက်မျိုးစုံကို ကစားနိုင်ကြောင်း စဥ်းစားကြည့်လိုက်၏။ လူတိုင်းမှာ မိုဘိုင်ဖုန်းရှိတာ သိသာသော်လည်း သူတို့က ဒီလိုလက်ရေးစာကို ပေးနေကြ၏။ ခြေနှစ်လှမ်းပဲဝေးတာကို ကိုယ်တိုင်သွားပေးလိုက်လို့မရဘူးလား?”
ရှန်ချီဟွမ်း ရှန်းယုဟန်ကို စာပေးတာက အတော်လေးရိုမန်တစ်ဆန်တယ်လို့ ကြီးကြပ်ရေးမှူးလျန့်ကို ခံစားမိစေသည်။
ကျစ်..ကျစ်.. ဒီနေ့ခတ်လူငယ်တွေက ထူးဆန်းလိုက်တာ…
–
ရှန်းယုဟန်က ယနေ့တွင် အဆင်တန်ဆာတစ်ခုပေါ်တွင် ရေးထွင်းထားသော စာလုံးကို ကူကြည့်ပေးနေသည်။ ယင်းမှာ ပါးလွှာနေပြီး မှန်ဘီလူးသုံးကာ အချိန်အကြာကြီးလေ့လာခဲ့ရ၏။ မှန်ဘီလူးကို ချလိုက်သောအခါ သူ့မျက်လုံးများက အနည်းငယ်နာကျင်လာပြီး သူမော့ကြည့်လိုက်တော့ ကြီးကြပ်ရေးမှူးက သူ့ကို အပြုံးတစ်ခုဖြင့် ကြည့်နေ၏။
သူက အတန်ငယ်အံ့အားသင့်သွား၏။ ကြီးကြပ်ရေးမှူးက ပုံမှန်ဆိုရင် အလုပ်ရှုပ်နေတာဖြစ်၍ ဒီနေ့ဘာလို့ရောက်လာခဲ့တာလဲ… “ကြီးကြပ်ရေးမှူးလျန့်က ဘာလို့ဒီကိုရောက်နေတာလဲ?”
ကြီးကြပ်ရေးမှူးလျန့်: “မင်းဒီရက်တွေမှာ ဆက်တိုက်အလုပ်လုပ်နေခဲ့တာ။ အဆင်ပြေရဲ့လား ငါမမေးခဲ့ရဘူး။ ငါ့ရဲ့ပေါ့ဆမှုပါ။”
ရှန်းယုဟန်က သူ့ကို ကမန်းကတန်း လက်ဝေ့ယမ်းပြကာ ပြောလိုက်၏။ “အဲ့လောက်မခက်ခဲပါဘူး။ အပြင်မှာ လေစိမ်းတိုက်ခံနေရတဲ့ ခင်ဗျားက ကျွန်တော့်ထက် ပိုခက်ခဲမှာပါ။ ပြီးတော့ ရှောင်လီနဲ့ အကိုယန်လည်း ဒီမှာရှိတာပဲလေ”
ကြီးကြပ်ရေးမှူးက ပြုံးကာပြောလိုက်သည်။ “တိုးတက်မှုနှေးလည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်ကို မပင်ပန်းစေနဲ့”
ရှန်းယုဟန်က ကြီးကြပ်ရေးမှူးလျန့် ပုံမှန်အားဖြင့် တည်ကြည်လေးနက်တာကို ကြားဖူးပြီး သူမက သူ့အပေါ် နူးညံ့ညင်သာပေးဖို့ မမျှော်လင့်ထားပေ။
.ဟုတ်ကဲ့ပါ” ရှန်းယုဟန်က ခေါင်းညိတ်လိုက်၏။ “တခြားပြောစရာရှိသေးလို့လား ကြီးကြပ်ရေးမှူးလျန့်?” သူမက အလုပ်ရှုပ်နေတာမဟုတ်ဘူးလား… ဘာလို့ဒီမှာ သူနဲ့စကားစမြည်ပြောနေရတာလဲ?
ကြီးကြပ်ရေးမှူးလျန့်က လိုရင်းကိုပြောလိုက်သည်။ “အပြင်ကသူဌေးဆိုသူက မင်းရဲ့ခင်ပွန်းမလား?”
ရှန်းယုဟန်က ရှက်သွေးဖြာသွားပြီး ခေါင်းတစ်ဝက်ငုံ့ထားလိုက်၏။ သူ့ဆံပင်က လတ်တလော ပိုရှည်လာပြီး ဆံပင်အချို့က သူ့လှုပ်ရှားမှုနဲ့အတူ ကျဆင်းသွားကာ သန့်ပြန့်ကြော့ရှင်းနေ၏။
“ဟုတ်ကဲ့၊ သူ ကျွန်တော်တို့အဖွဲ့ကို ပြဿနာရှာနေလို့လား?” ရှန်းယုဟန်က ကြီးကြပ်ရေးမှူးလျန့်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။ “ကြီးကြပ်ရေးမှူး၊ သူက ပြဿနာရှာဖို့ မရည်ရွယ်ထားပါဘူး။”
“မင်းဘယ်လောက်စိတ်ပူနေလဲကြည့်ပါဦး၊ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိနေတယ်လို့ ငါမပြောခဲ့ပါဘူး။ ငါက သူ့ကိုကျေးဇူးတင်ရင်တောင် မလုံလောက်ဘူး။ သူက မင်းကို ဒီစာပို့ခိုင်းလိုက်လို့ပါ။”
ရှန်းယုဟန်က ထိုအခိုက်အတန့်မှာ ရှက်သွေးဖြာနေ၏။ သူတို့ရန်ဖြစ်ခဲ့တာကို ကြီးကြပ်ရေးမှူးလျန့်က သိသွားတာလား၊ သူ့ယောကျာ်းက တကယ်ပါပဲ… ပစ္စည်းတွေအများကြီး ပို့ပေးခဲ့ရုံတင်မဟုတ်ပဲ ကြီးကြပ်ရေးမှူးလျန့်နဲ့ လမ်းကြုံစာပို့ခိုင်းလိုက်သေးတယ်။ ခဏလောက်တော့ သူဘာပြောရမှန်းမသိတော့ပေ။
“ကျေးဇူးတင်ပါတယ်၊ ကြီးကြပ်ရေးမှူးလျန့်” ရှန်းယုဟန်က စာကိုလက်ခံလိုက်သည်။
နေ့လည်စာစားပြီးတော့ နားချိန်ရောက်လာခဲ့သည်။ သူက ပုံမှန်ဆိုရင် သိပ်အနားယူလေ့မရှိတာကြောင့် သူ့အစ်ကိုများ မြှုပ်နှံထားသော ပစ္စည်းများကို အမြန်ဆုံးရှာချင်နေသည်။ သို့သော် တိုးတက်မှုက ယခုထိ နှေးနေပြီး မြှုပ်နှံထားသော ပစ္စည်းအများအပြားရှိနေ၏။ ရှန်းမိသားစု၏ သားစဥ်မြေးဆက်များက တကယ်ကိုချမ်းသာပြီး ရှန်မိသားစု မျိုးဆက်အလိုက် စုဆောင်းထားသော စည်းစိမ်များဖြစ်နိုင်၏။
တကယ်တော့ သူနားမလည်တာတစ်ခုရှိသည်။ ဒီရှန်းမိသားစုဝင် ကောတွေက အိမ်ထောင်ပြုဖို့ မလိုတော့ဘူးလား? စည်းစိမ်ဥစ္စာကြွယ်ဝမှုအရ မျိုးဆက်များစွာ စုဆောင်းထားပြီး ရှန်းမိသားစုက သူ့ကိုအမွေဆက်ခံသူအဖြစ် ပျိုးထောင်ခဲ့တာဖြစ်ပေမည်။
ဒါက ကောတွေကို ကာကွယ်ဖို့အတွက်လား? အခုချိန်ကစပြီး သူတို့ကိုသားတွေလိုဆက်ဆံ၊ လက်ထပ်ပေးဖို့လည်းမလိုတော့ပဲ အမှီခိုကင်းကင်းနေနိုင်ဖို့နဲ့ အတွင်းခြံဝန်းထဲကထွက်ခွင့်ပေးပြီး ကောတွေရဲ့ လျို့ဝှက်ချက်ကို ကာကွယ်ဖို့ ကြိုးစားနေတာလား…
နောက်ဆုံးတစ်ခေါက်က ရှန်းယုဟန်တွေ့ခဲ့သော မှတ်စုစာအုပ်မှာ ဤ 'ရှန်းကောအာ’၏ဘဝထဲက အရေးကြီးအပိုင်းအစတစ်ခုသာဖြစ်၏။ မကြာသေးမီက သူက မြှုပ်နှံထားသော ပစ္စည်းအများကြီးကို ရှာတွေ့ခဲ့ပြီး အားလုံးက အရောင်အသွေးစုံလင်ကာ ခမ်းနားနေ၏။ သူ့မှာ သူငယ်ချင်းအများကြီးရှိပြီး သူကလည်း သူတို့နဲ့ ခရီးထွက်လေ့ရှိကာ မိသားစုပိုင်ဆိုင်မှုကို သေချာစီမံထိန်းသိမ်းခဲ့သည်။ ကောများ၏ အထောက်အထားကို ကာကွယ်ရန် သူက အိမ်ထောင်မပြုခဲ့ပေမယ့် သူ့ကိုဘယ်သူမှ မဝေဖန်ခဲ့ကြပေ။ ဤအသေးစိတ်အချက်အလက်များဖြင့် သူ့မိသားစုက သူ့ကို ဘယ်လောက်တောင် ကာကွယ်ခဲ့ကြောင်း မြင်နိုင်ခဲ့သည်။
ရှန်းယုဟန်သာ ယခုခေတ်လူသားများ၏ ပွင့်လင်းမှုနှင့် လွတ်လပ်မှုကို မကြုံခဲ့ရရင် သူက ဒီလိုကလေးမျိုးကို ပုန်ကန်တတ်တယ်လို့ ချက်ချင်းတွေးမိသွားမှာဖြစ်၏။ သို့သော် ထိုသို့ဆက်မတွေးနိုင်တော့ပဲ ဆန့်ကျင်ဘက်အနေဖြင့် သူက ထိုပတ်ဝန်းကျင်မျိုးမှာ မွေးဖွားလာခဲ့သော ရှန်းမိသားစု၏ကောကို အားကျလာသည်။ သူက ပေါ့ပါးလွတ်လပ်သောဘဝမှာ အေးအေးဆေးဆေးနေထိုင်ပြီး အတွင်းခြံထဲမှာ အထိန်းအကွပ်မရှိ နေလို့ရကာ အိမ်ထောင်ပြုဖို့လည်းမလိုပေ။
ရှန်းယုဟန်က ရှန်းကျိယွီ၏မြှုပ်နှံထားသော ပစ္စည်းအချို့နှင့်အတူ သူ့ဘဝနှင့်သက်ဆိုင်သော ပစ္စည်းလေးများကိုကြည့်ကာ သူ့အတွေးများက တိတ်တဆိတ်ပြောင်းလဲသွားခဲ့သည်။
အစ်ကိုကြီးများက ကောများကို ကာကွယ်ဖို့ ဆုတ်ခွာသွားခဲ့တာကြောင့် သူတို့က ထိုကောအာလေး ကောင်းကောင်းမွန်မွန်ရှင်သန်ဖို့ မျှော်လင့်နေပြီး သူ့ကို အိမ်ထောင်မပြုစေချင်ကြပေ။
ရှန်းကျိယွီ ချန်ထားခဲ့သော စကားများတွင် ရှန်းမိသားစုက သူ၏သေဆုံးမှုကြောင့် တရားရုံးကနေ နှုတ်ထွက်ခဲ့တယ်လို့ မှတ်တမ်းတင်ထားခဲ့သည်။
(T/N ရှန်းယုဟန်သေဆုံးမှုကြောင့် ရှန်မိသားစုက တရားရုံးကနှုတ်ထွက်ခဲ့တာကို သားစဥ်မြေးဆက်ဖြစ်တဲ့ ရှန်းကျိယွီက မှတ်တမ်းတင်ခဲ့တာပါ)
လွန်ခဲ့သည့်ရက်အနည်းငယ်မှာ ရှန်းယုဟန်၏စိတ်က တိတ်တဆိတ်ပြောင်းလဲနေပြီး သူက ဒီနေရာမှာ အဖြေရှာဖို့လာခဲ့တာဖြစ်သည်။ ရှန်းကျိယွီ၏ သဘာဝနှင့် အထိန်းအကွပ်မဲ့သောဘဝက သူတို့မျှော်လင့်ချက်ပါလို့ သူ့အစ်ကိုများက ရှန်းယုဟန်အား ရှင်းရှင်းလင်းလင်း ပြောခဲ့ဖူးသည်။
(T/N ရှန်းယုဟန်ရဲ့အစ်ကိုတွေက သားစဥ်မြေးဆက်ဖြစ်တဲ့ ရှန်းကျိယွီရခဲ့တဲ့ ဘဝနဲ့ ကြွယ်ဝချမ်းသာတဲ့ခေတ်ကိုလိုချင်တယ်လို့ ရှေ့အပိုင်းမှာ ရှန်းယုဟန်ကိုပြောခဲ့ဖူးပါတယ်)
သူက အဖြေ၏ဦးတည်ရာကို ရှာတွေ့သွားခဲ့၏။
ရှောင်လီနှင့်အကိုယန်က နေ့လည်တွင် အထဲကခေါက်ကုတင်မှာ အနားယူနေကြပြီး ရှန်းယုဟန်က သူတို့လို အိပ်လို့မရတာကြောင့် သူက ရှန်ချီဟွမ်း၏စာကိုယူကာ အပြင်ဘက်သစ်ပင်ကို လျှောက်သွားလိုက်သည်။
သူ စာအိတ်ကိုဖွင့်လိုက်တော့ အထဲမှာ စာရွက်တစ်ရွက်ရှိနေပြီး အပြာနုရောင်စာရွက်ဖြစ်ကာ ရေမွှေးနံ့ရှိနေသည်။
စကားလုံးတွေက လူအတိုင်းပင်။
ရှန်ချီဟွမ်း၏ စိတ်နေသဘောထားကို ခမ်းနားထူးကဲလှသော စကားလုံးများထဲမှာ ဖော်ပြထားပြီး သူ့စကားများကိုကြည့်ရင်း ရှန်းယုဟန်၏ နှလုံးသားကခုန်လာခဲ့သည်။ သူတို့ခွဲခွာခဲ့ရသော ရက်ကိုရေတွက်ကြည့်တော့ ငါး၊ခြောက်ရက်ခန့်ရှိ၏။ အတိတ်မှာ သူတို့ခွဲနေရရင် ဝီချက်မှာ နေ့တိုင်းစကားပြောလေ့ရှိပေမယ့် ယခုအခါ သူတို့က တစ်နေ့ကို မက်ဆေ့တစ်စောင်သာပို့၏။ ဤစာကိုကြည့်ပြီးတော့ ရှန်းယုဟန်၏တောင့်တမှုက ဒီရေလို တိုးမြှင့်လာခဲ့သည်။
စာရွက်ကိုကိုင်ထားသော သူ့လက်ချောင်းများက တင်းကျပ်လာပြီး သူ့မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ မျက်ရည်သုတ်လိုက်ပြီးမှ သူက စာကိုရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။
–
ဇနီးလေး:
ကိုယ့်နှလုံးသားထဲမှာ မင်းကို အဲ့လိုအမြဲခေါ်ခဲ့တာပါ၊ မင်းက ကိုယ်ရဲ့ဇနီးပါ..ပြီးတော့ တစ်ဦးတည်းသော ဇနီးလေးဖြစ်နေမှာ။ ကိုယ်တို့လက်ထပ်ပြီးကတည်းက တစ်ခါမှ မခွဲရဖူးလို့ဖြစ်မယ်။ မင်းကို အရမ်းလွမ်းနေတယ်။ အရင်ရက်တွေမှာ လွန်ခဲ့တဲ့ခြောက်လက ကိုယ်တို့ ဘာတွေလုပ်ခဲ့သလဲ ထပ်ခါတလဲလဲ တွေးနေခဲ့တယ်။
ကိုယ်မင်းကိုပြောချင်တာက ဒီခြောက်လက ကိုယ့်ဘဝမှာ အရေးအပါဆုံးဖြစ်ခဲ့တာပါ။ အပျော်ရွှင်ဆုံးနေ့တွေလည်းဖြစ်တယ်။ ကိုယ်က မိသားစုရဲ့နွေးထွေးမှုနဲ့ အချစ်ခံရတဲ့ ခံစားချက်ကို တွေ့ကြုံခံစားခဲ့ရတယ်။
ကိုယ်တို့အိမ်ထောင်ရေးက စီစဥ်ပေးခဲ့တဲ့အိမ်ထောင်ရေးလို့ မင်းပြောခဲ့တယ်။ ကိုယ်မငြင်းပါဘူး။ ဒါပေမယ့် ကိုယ်မင်းကိုသိလာတာနဲ့အမျှ ဒါကို စီစဥ်ပေးခဲ့တဲ့အိမ်ထောင်ရေးလို့ မခံစားရတော့ဘူး။ ကိုယ်တို့က အချစ်ကြောင့် အတူရှိနေတာလို့ပဲ တွေးနေခဲ့တာ။ လက်ထပ်မှတ်ပုံတင်ယူခဲ့တာကလွဲရင် ကျန်တာအားလုံးက ကိုယ်ရဲ့ဆန္ဒတွေကြောင့် ဖြစ်လာခဲ့တာပါ။
ကိုယ်မင်းကို အလေးအနက်မပြောဖူးဘူး။ ကိုယ်မင်းရဲ့နေ့စဥ်လှုပ်ရှားမှုတိုင်းမှာ ဆွဲဆောင်ခံနေရတာကိုလေ။ မင်းရယ်မောရင် ကိုယ်ပျော်တယ်။ ကိုယ့်နှလုံးသားထဲမှာ မင်းရယ်မောရင် ကိုယ်က မင်းထက်ပိုပျော်ခဲ့တာ။ မင်းငိုနေရင်လည်း ဝမ်းနည်းတယ်။ ငိုနေတဲ့မင်းထက် ကိုယ်က စိတ်မကောင်းပိုဖြစ်ရတယ်။
ကိုယ့်ရဲ့မိသားစုက ယူဆောင်လာပေးတဲ့ ချို့ယွင်းချက်တွေကို မပြောတော့ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး ရှင်းရှင်းလင်းလင်း နားလည်အောင်လုပ်ခဲ့တယ်။ ကိုယ်က ခံစားချက်ကိုဖော်ပြရာမှာ တကယ်ကိုမတော်တဲ့သူပါ။ မင်းကို ပစ္စည်းဥစ္စာတွေပေးရင် မင်းပျော်ရွှင်ရမယ်လို့ထင်ခဲ့တာ။ ဒါပေမယ့် ကိုယ်မှားသွားတာ သိသာပါတယ်။ ကိုယ်မင်းကို ကောင်းကောင်းနားမလည်ခဲ့ဘူးလို့ထင်တယ်။ ပြီးတော့ ကိုယ်မင်းကို ကောင်းကောင်း ဂရုမစိုက်ပေးခဲ့ဘူး။
ကိုယ့်ရဲ့ ချို့ယွင်းချက်မျိုးစုံကို အမြဲသည်းခံပေးလို့ ကျေးဇူးတင်ပါတယ်။ ဘယ်လိုအရာမျိုးကို မင်းရင်ထဲမှာ ဖုံးကွယ်ထားတာလည်း ကိုယ်မသိဘူး။ မင်းစကားပြောချင်ရင် ကိုယ်နားထောင်ပါ့မယ်။ မင်းစကားမပြောချင်ရင်လည်း လက်ခံပေးပါ့မယ်။ ကိုယ်က လက်တွဲဖော်ပြောင်းဖို့လည်း တစ်ခါမှမတွေးဖူးပါဘူး။ ပြီးတော့ ကိုယ့်ရဲ့ချစ်သူဖြစ်ဖို့ မင်းလောက် သင့်တော်တဲ့သူလည်းမရှိဘူး။ ကိုယ်ကိုယ့်ကိုယ် အထင်မသေးပါနဲ့။ မင်းက ကိုယ့်အတွက်အကောင်းဆုံးပါ။ မင်းလောက်ဘယ်သူမှမကောင်းဘူး။
ကိုယ့်မျက်လုံးထဲမှာ မင်းနဲ့ပတ်သတ်တာမှန်သမျှ ကောင်းပါတယ်။ ကိုယ်ကသာ ချို့ယွင်းချက်တွေရှိတဲ့လူပါ။
မင်းယောကျာ်းက မင်း အိမ်အမြန်ပြန်လာဖို့ မျှော်နေပါမယ်။ အပြင်မှာ ဒုက္ခမခံပါနဲ့ ကိုယ်လည်း စိတ်ဆင်းရဲရလိမ့်မယ်။
မင်းရဲ့ယောကျာ်း… ရှန်ချီဟွမ်း
–
ဤသည်မှာ စာကြောင်းတိုင်းမှာ စေးကပ်နေသော စကားလုံးများနှင့် ပြည့်နှက်နေသော စာတစ်စောင်ဖြစ်၏။ ရှန်းယုဟန်က ခေတ်သစ်လူသားများ၏ တည့်တိုးဆန်သော ခံစားချက်ကို မြင်ခဲ့ရပြီး အသုံးနှုန်းမှာ သိမ်မွေ့မနေပေမယ့် ရှန်းယုဟန်က ရင်ထဲမှာ နွေးထွေးမှုကို ခံစားလိုက်ရသည်။
ရှေးဟောင်းသုတေသနအဖွဲ့နဲ့ နေထိုင်ပြီး ရက်အနည်းငယ်အတွင်းမှာ သူက သူလုံခြုံဘေးကင်းကြောင်း ရှန်ချီဟွမ်းကို ပုံမှန်သတင်းပို့ခဲ့ပြီး ရှန်ချီဟွမ်းကလည်း ‘ကိုယ်နားလည်ပါပြီ'ဟု စာပြန်လေ့ရှိသည်။ သူက ရှန်ချီဟွမ်း သူ့ကို ပိုပြီး ဂရုမစိုက်တော့ဘူးလို့ တစ်ခါတွေးဖူးပေမယ့် လျန့်ရွှေရွာမှာပေါ်လာသော သူ့ကိုမြင်လိုက်ရတော့ သူ့စိတ်အခြေအနေက မနေ့တည်းက ပိုတိုးတက်လာခဲ့သည်။
ယင်းမှာ သူနားလည်မှုလွဲသွား၍ အဖြေရှာမလို့ပင်။
သူ့ခင်ပွန်းက သူ့နဲ့ခွဲနေဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ။
စာကိုဖတ်ပြီးနောက် ရှန်းယုဟန်က အေးစက်သောလက်ကို အနည်းငယ်ပွတ်သပ်လိုက်ပြီး လေထဲကိုလှမ်းမေးလိုက်၏။ “ဘော်ဒီဂတ်ဒီကိုရောက်နေလား?”
သစ်ပင်နောက်မှ အသံတစ်ခုထွက်လာပြီး ရှန်းယုဟန်အရှေ့မှာ ရှည်လျားသောခန္ဓာကိုယ်ကြီးတစ်ခု ပေါ်လာ၏။ “ဒီမှာပါ၊ ဘာပြောချင်လို့ပါလဲ… မစ္စတာရှန်း?”
ရှန်းယုဟန်က သူ့ကိုကာကွယ်ပေးဖို့ သူ့ခင်ပွန်း လူလွှတ်ထားမှန်း သေချာပေါက်သိခဲ့သည်။ “နောက်မှ ငါ့အတွက် ရှန်ချီဟွမ်းဆီကို စာတစ်စောင်ပို့ပေးပါ။”
သူလှည့်ထွက်ကာ အိမ်ပြန်သွားပြီး စာရေးဖို့ ဘောပင်နဲ့စာရွက်ရှာလိုက်သည်။
သူက လွန်ခဲ့သောရက်အနည်းငယ်က ခေတ်သစ်ဘောပင်ကို အသုံးပြုခဲ့ရလို့ နေသားကျသွားပေမယ့် စုတ်တံသုံးတာကို ပိုသဘောကျနေဆဲပင်။
ကိစ္စမရှိပါဘူး။ အခုလုပ်ကြည့်ရအောင်.
သူက စာရွက်ပေါ်မှာ စာတစ်ကြောင်းရေးလိုက်ပြီး ခေါက်ကာ ရှန်ချီဟွမ်းပေးခဲ့သော စာအိတ်ထဲကိုထည့်လိုက်သည်။ ထို့နောက် အတွင်းမှစာကိုထုတ်ပြီး သူ့အိတ်ကပ်ထဲထည့်လိုက်၏။
ဘော်ဒီဂတ်က စာယူပြီးထွက်သွားတော့ သူက အလုပ်ပြန်ဝင်လိုက်ပြီး အိမ်စောစောပြန်နိုင်အောင် မြန်မြန်ပြီးအောင် လုပ်နေ၏။
သူက ယခုချိန်မှာ ရှန်ချီဟွမ်းကို သွားမတွေ့နိုင်ပေ။ သူက သူ့ကိုသွားတွေ့ခဲ့လျှင် အလုပ်မလုပ်နိုင်ပဲ အိမ်ကို ချက်ချင်းပြန်ချင်နေမှာ စိုး၍ပင်။
–
ရှန်ချီဟွမ်းက ရှန်းယုဟန်ဆီက ပြန်စာတစ်စောင်ရခဲ့ပြီး ထိုထဲတွင် စကားလုံးအနည်းငယ်ပါ၏။ “ယောကျာ်း… ကျွန်တော်စာရခဲ့ပါတယ်။”
သူက ထပ်ခါထပ်ခါ လှန်ကြည့်လိုက်သည်။ ဒါပဲလား.. သူ့ကိုပြောချင်တာဘာမှမရှိဘူးလား?
လျို့ဝှက်လှည့်ကွက်များ ဖြစ်နေမလား… သူက စာကို ရေအနည်းငယ်ပက်ဖြန်းချင်နေသည်။ ဆင်ခြေက သူ့ဒီအတွေးကိုရပ်စေခဲ့သည်။
(tN ရေဖြန်းပြီး လျို့ဝှက်စာလုံးတွေ ပေါ်လာမလား ကြည့်ချင်တာပါ)
သူ့ဇနီးလေးက သူနဲ့ ထပ်ပြီး ခွဲနေချင်တုန်းပဲထင်တယ်!
သူ့စာက မလုံလောက်သေးလို့ဖြစ်မယ်။ ဒါဆိုလည်း ကြိုးစားအားထုတ်ပြီး ဆက်ရေးကြတာပေါ့!
ရှန်ချီဟွမ်းက သူ့ဇနီးအား အလေးအနက်ထားကာ မေတ္တာစာများ စတင်ရေးသားလိုက်ပြီး စာ၏အကြောင်းအရာများက ပို၍ပင် ရှင်းလင်းလာခဲ့သည်။
.
အဓိကအကြောင်းအရာမှာ ‘ချစ်ခြင်းမေတ္တာ'နှင့် ဖြည့်စွက်စာမှာ ‘မြတ်နိုးမှု'တို့ဖြင့် သူက စာလုံးတစ်ထောင်ရေးသားလိုက်၏။
ဘော်ဒီဂတ်က လွယ်ကူသော စာပို့သမားအဖြစ် ထပ်လုပ်ဆောင်ပေးခဲ့သည်။
–
သူတို့နှစ်ယောက်ကြား စာဖလှယ်မှုက အကြိမ်ရေများလာပြီး သုတေသနအဖွဲ့မှာ ရှန်းယုဟန်၏ လူနေမှုအဆင့်အတန်းက သူ့ခင်ပွန်းရောက်လာတည်းက တိုးမြှင့်လာခဲ့သည်။ နေ့စဥ်အစားအသောက်ကို အထူးပြင်ဆင်ပေးပြီး သူဌေးက သူ့လက်တွဲဖော်ဆိုတာကို ရှေးဟောင်းသုတေသနအဖွဲ့တစ်ခုလုံးက သိသွားခဲ့သည်!
ယခုချိန်မှာ ရှန်းယုဟန်က သူ့လုပ်ဖော်ကိုင်ဖက်များ၏ စနောက်ခြင်းကို နေ့တိုင်းခံနေရသည်။ “ရှောင်ရှန်း၊ ဒီနေ့ဘာစားခဲ့လဲ?”
ရှန်းယုဟန်က ရှက်ဒေါသကြောင့် သေချင်နေသည်။ သူ့ခင်ပွန်းက တကယ်ကို အဆင့်အတန်းမြင့်လွန်းတယ်!
ယနေ့မှာ ရှန်းယုဟန်က ယာယီအလုပ်ရုံမှာ ဆက်လုပ်နေပြီး အပြင်မှာ မိုးတွေ ရုတ်တရက် ရွာချလာခဲ့သည်။
အလုပ်ဆင်းချိန်ရောက်သောအခါ သူက တောင်ပေါ်မှ ရှေးဟောင်းသုတေသနအဖွဲ့၏ကားဖြင့် အောက်ကိုဆင်းသွားခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းနေလေသည်။ သူကားပေါ်ရောက်တာနဲ့ သူ့ဘောင်းဘီခြေထောက်များက စိုစွတ်သွား၏။
နွေရာသီတွင် တောင်ဘက်မှာ မိုးကြိုးမုန်တိုင်းရှိပြီး တောင်များက မြူဆိုင်းနေကာ မြင်နိုင်စွမ်းနည်းပါး၏။ ယာဥ်မောင်းများက တောင်ပေါ်နေ့တိုင်းတက်သော အတွေ့အကြုံရှိသူများဖြစ်ကြ၏။
သူတို့က ရှေးဟောင်းသုတေသနအဖွဲ့၏ကားကို လျန့်ရွှေရွာသို့ နေတိုင်းပြန်ပို့ပြီး တောင်ပေါ်အတက်အဆင်းခရီးက ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်ကြာ၏။
ကားထဲမှာ ထိုင်နေတာက ရှန်းယုဟန်၊ ရှောင်လီ၊ အကိုယန်၊ အကိုကြီးလင်းနှင့် တခြားသူများဖြစ်သည်။ သူတို့က ဤနေရာကိုရောက်နေတာ အချိန်အတော်ကြာနေပြီဖြစ်၏။ တောင်ဘက်မှာ မိုးသည်းထန်စွာ ရွာလေ့ရှိသော်လည်း ကားက ရှေ့ကို ဆယ်မိနစ်ဆက်မောင်းသွားပြီးနောက် ကားထဲကလူတွေက ကျယ်လောင်သောအသံတစ်ခုကို ကြားလိုက်ရသည်။
တချိန်တည်းမှာ ရှန်ချီဟွမ်းက အလုပ်ပြီးလို့ ရွာပြန်ရောက်သောအခါ သူ့ဇနီးကိုရှာနေခဲ့သည်။ သူက သူ့ဇနီးလေးနှင့် ယနေ့မှာ ညစာစားပြီး ကုတင်တစ်ခုတည်းမှာ အတူအိပ်မယ်လို့ ဆုံးဖြတ်ထား၏။ သူတို့က စကားမပြောရတာ လဝက်နီးပါးကြာခဲ့လေပြီ။
အကြာကြီးစောင့်ပြီးနောက် သူက ရှေးဟောင်းသုတေသနအဖွဲ့၏ကား တောင်အောက်ဆင်းလာတာကို မတွေ့ရသေးပေ။
နောက်တော့ သူက ရွာသားတွေ ကယ်ဆယ်ရေးလုပ်ရန် တောင်ပေါ်တက်ဖို့ စီစဥ်နေတာကို ကြားလိုက်ရသည်။ ရှေးဟောင်းသုတေသနအဖွဲ့၏ကားက တောင်ပြိုကျမှုနှင့် ကြုံတွေ့ခဲ့ရပြီး လဲကျနေသော သစ်ပင်ကြောင့် သူတို့ကားက ပိသွားခဲ့သည်။
ရှန်ချီဟွမ်းက ထိုစကားကိုကြားတော့ ထိတ်လန့်သွားပြီး ရှန်းယုဟန်ကို တုန်ယင်နေသောလက်ဖြင့် ချက်ချင်းခေါ်လိုက်ပေမယ့် တစ်ဖက်လူ၏ဖုန်းက ချိတ်ဆက်လို့မရခဲ့ပေ။
ရှန်းယုဟန်… ဖုန်းဖြေစမ်းပါ!