Chapter 71.1
“ရူးလောက်အောင်လွမ်း”
မြို့တော်ကို ဖြတ်ကျော်လာသော သဲမုန်တိုင်းကြောင့် လူတွေဆုတ်ခွာခဲ့ရပြီး ကောင်းကင်ကြီးက အုံ့ဆိုင်းနေကာ အပြင်ကိုခြေချလိုက်တိုင်း သဲတစ်လုပ်ကို စားလိုက်ရလေ၏။
ဒါရိုက်တာဖန့်က တောင်ဘက်ရှိ သဲမုန်တိုင်းမရှိသော နေရာမှလာသည့် ရှန်းယုဟန်ကို စဥ်းစားမိတာကြောင့် သူက သူ့ကို ဟိုတယ်မှာ တစ်ရက်နေခိုင်းပြီး ကျန်တေးဂီတအားလုံးကို အပြီးမသတ်ခင်မှာ ပြင်းထန်သော သံမုန်တိုင်းကို စောင့်ပေးဖို့ တောင်းဆိုခဲ့သည်။
ရှန်းယုဟန်က သဲမုန်တိုင်းကို တစ်ခါမှမမြင်ဖူးသဖြင့် သူက တေးသွားလေ့ကျင့်မနေပဲ ပြတင်းပေါက်မှာရပ်ကာ အထပ်မြင့် အဆောက်အအုံကြီးကနေ အလွန်အမင်း ကြောက်စရာကောင်းသော ကောင်းကင်ကြီးကို ကြည့်လိုက်၏။ ကောင်းကင်ကြီးက နေ့လယ်ကြီးမှာ အလွန်မှောင်နေပြီး အလင်းရောင်လုံးဝမရှိပေ။ လမ်းသွားလမ်းလာများ လမ်းလျှောက်ဖို့ခက်ခဲနေပြီး အပြင်ထွက်သူတိုင်း သူတို့ကိုယ်သူတို့ zongzi လို ထုပ်ပိုးထားကြသည်။ ကောင်းကင်၏အရောင်ကို အချိန်အတော်ကြာကြည့်ပြီးနောက် သူက ရှင်းမပြနိုင်လောက်အောင် ကြောက်သွားခဲ့၏။
သူက ဓာတ်ပုံချက်ချင်းရိုက်ကာ ရှန်ချီဟွမ်းကို မက်ဆေ့ပို့လိုက်သည်။ သူက မြို့တော်ကို အရမ်းကြောက်စရာကောင်းတယ်လို့ ထင်ပြီး အိမ်ကိုမြန်မြန်ပြန်ချင်နေသည်။
ရှန်ချီဟွမ်းက အစည်းအဝေးပြီးလို့ ရုံးခန်းကိုပြန်ရောက်တာနဲ့ သူနဲ့ ဗီဒီယိုကောလ်ခေါ်လာခဲ့သည်။ “ငါကုမ္ပဏီမှာရှိနေတာ၊ အပြင်မှာရာသီဥတုသာယာတယ်။ မင်းအပြင်ထွက်လို့မရရင် အခန်းထဲမှာ တီဗီကြည့်နေ၊ လိုက်ကာကိုတော့ပိတ်ထား…”
သူက နေသာသော ကျန်းမြို့တော်ကို ရှန်းယုဟန်အားပြသရန် ကင်မရာ တကူးတကဖွင့်လိုက်လေသည်။
“အွန်း” ရှန်းယုဟန်က သူ့စကားကို ချက်ချင်းနားထောင်လိုက်ပြီး လိုက်ကာကိုပိတ်ကာ အပြင်က မှိန်ဖျော့နေသော ကောင်းကင်ကြီးကိုမကြည့်တော့ပေ။ ထို့နောက် တီဗီဖွင့်လိုက်ပြီး ချန်နယ်တစ်ခု ကြုံသလိုပြောင်းလိုက်တော့ တီဗီက နွေဦးပန်းပွင့်များကို ပြနေသည်။ ယင်းမှာ တိရစ္ဆာန်များ၏ မိတ်လိုက်ရာသီဖြစ်ပြီး တေးသွားက အလွန်အသက်ဝင်နေသဖြင့် သူ့စိတ်က ပိုကြည်လာပြီး မြန်နေသော နှလုံးခုန်သံမှာလည်း ငြိမ်သက်သွားလေသည်။
ရှန်ချီဟွမ်းက သူ့အတွက် အာရုံလွှဲပေးလိုက်သည်။ “မင်းမနက်ဖြန် သူတို့အတွက် အသံသွင်းပေးမှာလား? ဘယ်လောက်ထိ သွင်းပေးထားလဲ?”
သူ့အလုပ်အကြောင်းပြောလာသည့်အခါ ရှန်းယုဟန်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “အများကြီးမဟုတ်ပါဘူး။ တစ်ဝက်လောက်တော့ သွင်းပြီးပြီ၊ အဲ့ဒီတေးသွားတွေက အရင်ဆုံးလေ့လာရဦးမှာ…ပြီးရင် မသွင်းခင် ကျွမ်းကျင်အောင် အရင်လုပ်ရမယ်။ သီချင်းတွေက ခက်တယ်။ ကျွန်တော် ဒီနေ့လည်း အပြင်မထွက်ဖြစ်လို့ သီချင်းအားလုံးနဲ့ ရင်းနှီးအောင် လုပ်လို့ရတယ်။”
ရှန်ချီဟွမ်းမှာ သံသယတချို့ရှိနေသည်။ “သုတေသနဌာနမှာပဲ လေ့ကျင့်လို့ရတယ်လို့ မင်းပြောခဲ့တယ်မလား? ဒါပေမယ့် အခု ဟိုတယ်မှာ လေ့ကျင့်နေတာလား?”
ရှန်းယုဟန်က လုပ်ငန်းစဥ်ကို အသေးစိတ်ရှင်းပြလိုက်၏။ “ဒါရိုက်တာဖန့်က ပေါက်ကြားလို့မရတဲ့ သဘောတူစာချုပ်မှာ လက်မှတ်ထိုးဖို့ပြောခဲ့တယ်။ ကျွန်တော် လက်ထောက်ယန်ကိုပြလိုက်တော့ သူမက ပြဿနာမရှိဘူးပြောမှ ကျွန်တော်ထိုးလိုက်တာ။”
“လက်ထောက်ယန်က ယုံလို့ရတယ်။ သူမက အမြဲတင်းကျပ်တယ်။” ရှန်ချီဟွမ်းက ထိုအကြောင်းကြွားဝါလိုက်၏။ သူမက သူရှာတွေ့ခဲ့သော အရည်အချင်းရှိသူဖြစ်၏။ “တစ်ခုခုလိုလို့ မင်းငါ့ကိုဆက်သွယ်မရရင် လက်ထောက်ယန်ကို မေးလို့ရတယ်”
“သိပါပြီ….ယောကျာ်း….ခင်ဗျားအလုပ်ရှုပ်နေလား?” သူက ရှန်ချီဟွမ်း မောက်စ်နှိပ်နေသောအသံကို ဗီဒီယိုထဲမှ ကြားခဲ့ရသည်။ “ခင်ဗျားအလုပ်ရှုပ်နေရင် ကျွန်တော်ချင်လေ့ကျင့်တော့မယ်။ ဒါကြောင့် သေချာနားထောင်ပြီး ဖုန်းမချလိုက်နဲ့။”
ရှန်ချီဟွမ်းက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။”
ရှန်းယုဟန်က သူ့ချင်တူရိယာကိုယူကာ စတင့်လေ့ကျင့်ခဲ့သည်။
ရှန်ချီဟွမ်းက တကယ်ကိုအလုပ်ရှုပ်နေပြီး သူ့လက်အောက်ငယ်သားများနှင့် အကြံသစ်တစ်ခုကို ဆွေးနွေးနေခဲ့တာဖြစ်၏။ ထိုအတောအတွင်း သူက ရှန်ဂရုနဲ့ သူ့ကိုယ်ပိုင်ကုမ္ပဏီကြားမှာ ပြေးနေရပြီး ထိုနေရာမှာ အများကြီးသင်ယူခဲ့ရသည်။ သူပြန်ရောက်လာတော့ သူ့ကုမ္ပဏီမှာ အပြောင်းအလဲတချို့ ပြုလုပ်ခဲ့ပြီး ရှန်ဂရု၏ လမ်းကြောင်းဟောင်းကို မလိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ မဟုတ်ပါက ယခုလိုမျိုး ဖရိုဖရဲအခြေအနေ ရှိလာပေမည်။
အစ်ကိုကြီးက အိမ်မှာပြန်နေပြီး ဒုတိယနှင့် တတိယအိမ်တော်ကတော့ ရှန်ထျန်းဖုန်းဆီမှ အာဏာယူဖို့ အလုပ်ရှုပ်နေသည်။ အလွန်အကျွံမဖြစ်လာသရွေ့ ရှန်ထျန်းဖုန်းက သူတို့တောင်းဆိုမှုကို သဘောတူပေးပြီး နှစ်ဖက်လုံးက တစ်ယောက်နဲ့တစ်ယောက် ပြိုင်နေကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် အလုပ်ရှုပ်လွန်းလို့ မြေပြင်ကိုတောင် မထိရသေးသော ရှန်ချီဟွမ်းက ပြန်လာပြီး သူ့ကိုယ်ပိုင်ကိစ္စများကို ကိုင်တွယ်ဖို့ အားလပ်ချိန်ရခဲ့သည်။ သူက အစားထိုးလေးသာဖြစ်ပြီး အိမ်တော်နှစ်ခုကြားက ရန်ပွဲကြောင့် ဒေါသမထွက်နိုင်ပေ။ တောင်ပေါ်မှာထိုင်ပြီး ကျားတွေဖိုက်တာကို ကြည့်နေတာပိုကောင်းပြီး ဤနည်းက စိတ်ဝင်စားစရာလည်းဖြစ်၏။
ဗီဒီယိုထဲတွင် ရှန်းယုဟန်က တေးသွားအသစ်ကို လေ့လာရာမှာ နစ်မြုပ်ထားပြီး သူတီးခတ်ဖူးသော ဂီတရမှတ်ကလွဲရင် ဤတေးသွားများကို မကြားဖူးပေ။ ဂီတရမှတ်ပေါ်က စကားလုံးများက ချီတိုင်းပြည်နဲဲ့ တစ်ထပ်တည်းမတူသော်လည်း မှတ်မိဖို့ အရမ်းလွယ်ကူသည်။
ရှန်းယုဟန်က လွန်ခဲ့သောနှစ်ရက်က ဒေါက်တာဖန့်ပြောခဲ့သော မျိုးရိုးနာမည်ရှန်း၏ ရှေးဟောင်းအုတ်ဂူကို သတိရသွားပြီး သူက ထိုအကြောင်း စဥ်းစားနေတာကြာခဲ့လေပြီ။ အဲ့ဒါက ရှန်မိသားစုနဲ့ သက်ဆိုင်နေတာလား?
သူက ထိုအရာကို ရှန်မိသားနှင့် ပတ်သက်စေချင်တာလားဆိုတာ သူလည်းသေချာမသိပေ။ ပတ်သက်နေရင် ဘိုးဘွားအုတ်ဂူကို တူးသည်မှာ အလွန်သိက္ခာမဲ့သဖြင့် သူက ရှန်မိသားစုကို ထိုသို့မဖြစ်စေချင်ပေ။
မပတ်သက်ဘူးဆိုရင် သူက သူ့နှလုံးသားထဲမှာ ရှန်မိသားစု အသက်ရှင်နေသေးတယ်လို့ ခံစားရမှာပင်။
ဒေါက်တာဖန့်ပေးခဲ့သော အချက်အလက်အရ ရှေးဟောင်းအုတ်ဂူက လွန်ခဲ့သည့်နှစ်ပေါင်းနှစ်ထောင်လောက်ကဖြစ်ပြီး ထိုအချိန်က ချီတိုင်းပြည်နှင့် ကောတွေရှိခဲ့လျှင် ယခုချိန်မှာ ဘာလို့မရှိတော့တာလဲ၊ ချီတိုင်းပြည်က ဒဏ္ဍရီတစ်ခုပဲဖြစ်နေမလား?
သံသယတစ်ခုကမရှင်းသေးတော့ ရှန်းယုဟန်က စိတ်မငြိမ်မသက်ဖြစ်ကာ ချင်တီးခတ်နေရင်း မှတ်စုတချို့မှားသွားတာကြောင့် သူက ရပ်လိုက်သည်။
စာရိုက်နေသောရှန်ချီဟွမ်းက ချင်အသံမကြားရတော့သဖြင့် ရှန်းယုဟန်ကို လှည့်ကြည့်လိုက်သည်။
“မင်းဘာလို့ မတီးခတ်တော့တာလဲ?” သူ့ဇနီးလေးက ချင်ကို ကောင်းကောင်းတီးတတ်တယ်။
ရှန်းယုဟန်က သူ့လက်ကို ဒူးပေါ်တင်ကာ ပြောလိုက်၏။ “ကျွန်တော့်စိတ်က မငြိမ်လို့ မှတ်စုတချို့ မှားသွားတယ်။”
ရှန်ချီဟွမ်းက မေးလိုက်၏။ “ဘာလို့မငြိမ်တာလဲ? သဲမုန်တိုင်းကိုကြောက်နေတုန်းလား?”
“အဲ့ဒါမဟုတ်ဘူး။ ခင်ဗျားရှိနေလို့ ကျွန်တော်သဲမုန်တိုင်းကို မကြောက်ပေမယ့် အဖြေရှာမရတဲ့ ပြဿနာတစ်ခုရှိနေလို့။”
“ငါ့ကိုပြောပြလေ၊ မင်းအတွက်ရှာပေးနိုင်မလား ကြည့်ရတာပေါ့”
ရှန်းယုဟန်က သူ့ခင်ပွန်းမှာ ဗဟုသုတအများကြီးရှိတယ်လို့ တွေးလိုက်ပြီး ခဏလောက်တုံ့ဆိုင်းနေပြီးမှ သူက မေးလိုက်သည်။ “ယောကျာ်း၊ သမိုင်းမှာလုံးဝပေါ်မလာဖူးတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်က နိုင်ငံတစ်ခုကို အခုမှ ရှာတွေ့ခဲ့တာ ဘာကြောင့်လိို့ထင်လဲ?”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “ဒီကိစ္စကိုစိတ်ပူနေတာလား၊ ဘာကိုပြောချင်တာလဲ၊ သမိုင်းမှာ နိုင်ငံတွေအများကြီးရှိတယ်။ နိုင်ငံကြီးတွေက နိုင်ငံအသေးလေးတွေကို ဖျက်စီးခဲ့တယ်။ ငါးအကြီးက ငါးသေးကိုစားတယ်။ ငါးသေးက ပုဇွန်ဆိတ်ကိုစားတယ်။ အနောက်မှာချန်ထားခဲ့လို့ရတဲ့ သမိုင်းမှတ်တမ်းနဲ့ အခြေခံအချက်အလက်တွေက အခြေခံအားဖြင့် မရှိတော့ဘူးလို့ပြောလို့ရတယ်။ ရှာတွေ့ခဲ့တဲ့ နိုင်ငံတွေလည်း အများကြီးရှိတဲ့အပြင် တခြားနိုင်ငံတွေရဲ့ ဖျက်စီးခံလိုက်ရတဲ့နိုင်ငံတွေလည်းရှိတယ်။ ညတွင်းချင်းရုတ်တရက်ပျောက်ကွယ်သွားတဲ့ လို့လန်လို နိုင်ငံတွေလည်းရှိတယ်။ အခုထိတော့ အကြောင်းအရင်းကိုမသိရသေးဘူး။ ဒီထက်ပိုတာက မင်းက လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်က နိုင်ငံကိုပြောနေတော့ အဲ့ဒါကနိုင်ငံအသေးလေးဆိုရင် သုတ်သင်ခံရတာ ဒါမှမဟုတ် သိမ်းပိုက်ခံခဲ့ရတာဖြစ်မယ်။ အမည်မဖော်ပဲ ဆက်လက်နေထိုင်ခဲ့လားဆိုတာလည်း မသိသေးဘူး။ သူတို့က အမည်မဖော်ပဲနေထိုင်ခဲ့တာဆိုရင် အကြောင်းအရင်းက ဘာဖြစ်နိုင်မလဲ? အကြောင်းအရင်းတော့ရှိရမယ်။”
ချီတိုင်းပြည်က တခြားနိုင်ငံတွေ လိုချင်တဲ့အရာကို ကမ်းလှမ်းခဲ့တာလား? တွင်းထွက်ပစ္စည်းတွေလား?
ချီတိုင်းပြည်ပျောက်ကွယ်သွားရင် အဲ့ဒါကပါ ဘာလို့ပျောက်သွားတာလဲ??
.
မူလကတော့ သူ့ဝိညာဥ်က ကမ္ဘာတစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းသွားတာလို့ ထင်ခဲ့ပေမယ့် ဂီတရမှတ်ကစလို့ သူက ရိုးရိုးလေးသာ တွေးခဲ့တာကို သဘောပေါက်သွားခဲ့သည်။ သူက တခြားကမ္ဘာကို ရောက်သွားတာမဟုတ်ပဲ အချိန်နှင့်အမျှ တိုးတက်နေသော ကမ္ဘာတစ်ခုတည်းမှာ ရှိနေတာဖြစ်နိုင်သည်။
ချီတိုင်းပြည်နဲ့ အိမ်နီးချင်းနိုင်ငံတွေက ဘာလို့ သမိုင်းမှာပေါ်မလာခဲ့တာလဲ?
ရှေးဟောင်းအုတ်ဂူကို ဘယ်မှာတူးဖော်ခဲ့တယ်ဆိုတာ သူရှာဖို့လိုပြီထင်တယ်။
–
သဲမုန်တိုင်းမပြီးခင် သုံးရက်ကြာခဲ့ပြီး ရှန်းယုဟန်က ဟိုတယ်မှာပဲ သုံးရက်နေခဲ့သည်။ ဒီသုံးရက်အတွင်းမှာ သူက ကျန်အပိုင်းများကို လေ့ကျင့်လို့ပြီးသွားပြီး လေးရက်မြောက်နေ့မှာ သူက ဌာနကိုသွားကာ တိုက်ရိုက်အသံသွင်းခဲ့သည်။ သူတီးခတ်ခဲ့သော မှတ်စုက သုတေသနပညာရှင်များ ဘာသာပြန်ခဲ့သော ဂီတရမှတ်နှင့် တစ်ထပ်တည်းတူပြီး သူနဲ့ အသံသွင်းဖို့ တာဝန်ရှိသည့် ဝန်ထမ်းက အံ့သြသွားခဲ့သည်။
သီချင်းရှစ်ပုဒ်ကို အသံသွင်းဖို့ နှစ်ရက်ကြာခဲ့ပြီး ကျန်နှစ်ပုဒ်ကတော့ တခြားရှစ်ပုဒ်နှင့်မတူစွာ စာသားပါရှိသည်။ ကျွမ်းကျင်ပညာရှင်များက စာသားကို ဘာသာပြန်ပြီးနောက် သူတို့က စာသားများ အလွန်ရိုးရှင်းပြီးလှပတာကို တွေ့ခဲ့ရပြီး သီချင်းအတူဆိုဖို့ လူရှာသင့်လားလို့ စဥ်းစားနေကြသည်။
သူတို့က ရှန်းယုဟန်ကို ဦးစားပေးမစဥ်းစားပေမယ့် ဒါရိုက်တာဖန့်က ရှန်းယုဟန် စွယ်စုံရတာကို မြင်ခဲ့ရတာကြောင့် သူတို့ ကဖေးမှာ မုန့်စားရင်း ပေါ့ပေါ့ပါးပါး မေးခဲ့သည်။.
ဒါရိုက်တာဖန့်က သူ့ကိုမေးလာသည်။ “ရှောင်ရှန်သီချင်းဆိုတတ်လား?
“ကျွန်တော်မဆိုတတ်ဘူး” ချီတိုင်းပြည်၏ စည်းမျဥ်းအရ မိန်းမပျိုလေးနှင့် ကောများက သီချင်းဆိုတာကို သင်ယူလို့မရပေ။ အကြောင်းမှာ ထိုအရာက တခြားသူများရှေ့ ပါးစပ်ဖွင့်ပြီး အသက်မွေးဝမ်းကြောင်းပြုသည့် လူများအတွက်သာဖြစ်၍ပင်။
ခေတ်သစ်ကိုရောက်လာပြီးနောက် သီချင်းဆိုခြင်းက ဖျော်ဖြေရေးပုံစံတစ်ခုဖြစ်လာခဲ့ပြီး လူတိုင်းက သီချင်းဆိုနိုင်ကြသည်။ ဆင်းရဲသားနှင့် နိမ့်ကျသူများကြားမှာ ခွဲခြားထားခြင်းမရှိပေမယ့် ရှန်းယုဟန်က သူ့ရင်ထဲက အရှက်တရားကို မကျော်ဖြတ်နိုင်သေးသဖြင့် သူက တခြားသူများရှေ့တွင် သီချင်းမဆိုဖို့ ဆုံးဖြတ်ထားသည်။
ဒါရိုက်တာဖန့်က နှမြောတသဖြစ်နေပြီး သူက ရှန်းယုဟန်၏ အသံသွင်းဗီဒီယိုနှင့် အကျိုးသက်ရောက်မှုကို ကြည့်ရှုခဲ့သည်။ ယင်းမှာ ထိုင်နေသော လူများ၏မျက်လုံးကို သာယာစေပြီး သူသာ စာသားအနည်းငယ်ဆိုနိုင်ခဲ့ရင် ခံစားချက်နှင့် ကင်းလွတ်နေတော့မှာမဟုတ်ပေ။ ထို့အပြင် သူတို့ကလည်း သီချင်းဆိုဖို့ လူရှာစရာမလိုတော့ပဲ အားလုံးကို တစ်ခါတည်းနဲ့ အပြီးသတ်နိုင်လိမ့်မည်။
ရှန်းယုဟန်က ငြင်းလိုက်တော့ ဒါရိုက်တာဖန့်က ဘာမှမလုပ်နိုင်ခဲ့ပေ။
&&&&&&&&&&&&
Chapter 71.2
“ရူးလောက်အောင်လွမ်း”
ကျန်သီချင်းနှစ်ပုဒ်ကို အသံသွင်းပြီးနောက် ရှန်းယုဟန်က ကျန်းမြို့တော်ကိုပြန်ခါနီးတွင် ဒါရိုက်တာဖန့်ကို ထပ်ချဥ်းကပ်ပြီး ရှေးဟောင်းအုတ်ဂူအကြောင်းမေးခဲ့သည်။ ဒါရိုက်တာဖန့်က သူ့ကို သိလိုစိတ်ပြင်းပြသော လူငယ်လေးလို့သာတွေးပြီး ပြောပြခဲ့သည်။
ရှန်းယုဟန်က ယခုဆိုရင် ဒါရိုက်တာဖန့်နဲ့ ရင်းနှီးသွားလေပြီ။ “ဒါရိုက်တာ၊ အုတ်ဂူပိုင်ရှင်ရဲ့ ဇစ်မြစ်ကဘာလဲ၊ ကျွန်တော့်ကိုပြောပြလို့ရမလား၊ ကျွန်တော်တကယ်သိချင်လို့ပါ။”
ဒါရိုက်တာဖန့်က ရယ်မောကာ ပြောလိုက်၏။ “မင်းကိုပြောပြလို့ ဘာမှမဖြစ်ပါဘူး။ ရှေးဟောင်းအုတ်ဂူရဲ့ သုတသနပြီးသွားတာနဲ့ အပြင်ကမ္ဘာမှာ ကြေညာတော့မှာပဲလေ”
ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ “ဒါဆိုမြန်မြန်လေးပြောပြပေးပါ။”
ဒါရိုက်တာဖန့်: “ဘာတွေအလျင်လိုနေတာလဲ၊ လက်ရှိမှာ ရှေးဟောင်းအုတ်ဂူနဲ့ပတ်သတ်ပြီး သံသယအများကြီးရှိနေတယ်။ အုတ်ဂူပိုင်ရှင်ရဲ့အရိုးက ငါတို့နဲ့မတူဘူး။ ကျွမ်းကျင်ပညာရှင်တွေကတော့ မိန်းကလေးလို့ပြောကြတယ်။ ပြီးတော့ တခြားအုတ်ဂူတွေကိုလည်း အနီးအနားမှာ ရှာတွေ့ခဲ့သေးတယ်။ အဲ့ဒီထဲကအုတ်ဂူပိုင်ရှင်တစ်ယောက်က အမျိုးသားတစ်ယောက်ဖြစ်ပြီး ငါတို့ဆီက အမျိုးသားတွေနဲ့မကွာဘူး။ သူက ဒီဂီတရမှတ်ရဲ့ပိုင်ရှင်ဖြစ်ပြီး သာမန်လူတွေနဲ့ ကွာခြားတယ်လို့ ကောက်ချက်ချလို့ရတယ်။ ပြီးတော့ မွေးရာပါအင်္ဂါချို့ယွင်းချက် ဒါမှမဟုတ် မျိုးရိုးဗီဇချို့ယွင်းချက် တစ်ခုခုနဲ့ မွေးဖွားလာတဲ့ကောင်လေးလို့ ကောက်ချက်ချနေကြတယ်။”
ရှန်းယုဟန်က ထိုအဖြေကိုရဖို့ မမျှော်လင်ထားခဲ့ပေ။ “သူ့ခန္ဓာကိုယ်က သာမန်အမျိုးသားတွေနဲ့ကွာတာက ပုံပျက်နေလို့လား?”
ဒါရိုက်တာဖန့်ကခေါင်းညိတ်သည်။ “ဟုတ်တယ်၊ အဲ့ဒါကလည်း ထင်ကြေးပေးရုံပါပဲ။ အဲ့ဒီအုတ်ဂူထဲမှာ သူ့ဘဝနဲ့ပတ်သတ်တဲ့ မှတ်တမ်းတချို့ပါသေးတယ်။ ဒါပေမယ့် သန့်ရှင်းရေးလုပ်နေတုန်းပဲ၊ ထွင်းထားတဲ့စာလုံးတွေဖြစ်ရင်ကောင်းမယ်။ နှမြောစရာပဲ”
(သေဆုံးသူရဲ့အုတ်ဂူမှာ အမှတ်တရရေးထွင်းထားတဲ့ ကဗျာ၊ စာစုကိုပြောတာပါ။)
ရှန်းယုဟန်က ဒါရိုက်တာဖန့်၏အဖြေကိုကြားတော့ သက်ပြင်ချလိုက်သည်။
ထိုစဥ် ဒါရိုက်တာဖန့်က ဖုန်းကောလ်တစ်ခုကို ရရှိခဲ့ပြီး သူ့မျက်ခုံးမွှေးက ပျော်ရွှင်မှုကြောင့် တွန့်ကွေးလာကာ အာမေဋိတ်ပင် ပြုလိုက်သေးသည်။ “ကောင်းတယ်၊ တကယ်ကိုကောင်းတယ်။ ငါမင်းရဲ့နေရာကို မနက်ဖြန်လာခဲ့မယ်။ ဒီပရောဂျက်က ဒီနှစ်ထဲမှာ အရေးကြီးဆုံးမို့လို့ သေချာကိုင်တွယ်ပြီး အမှားမရှိအောင်လုပ်ရမယ်။ လွန်ခဲ့တဲ့နှစ်ထောင်ကျော်က ယဥ်ကျေးမှုအမွေအနှစ်တွေ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ စေစေ့စပ်စပ်လေ့လာရမယ်။”
ထိုအချိန်မှာ ရှန်းယုဟန်က ရှေးဟောင်းအုတ်ဂူမှာ တိုးတက်မှုအချို့ရှိနေမှန်းသိလိုက်သည်။ ဒါရိုက်တဖန့်ကဆိုသည်။ “သူတို့က အုတ်ဂူပိုင်ရှင်ရဲ့ မှတ်စုစာအုပ်ကိုရှာတွေ့ခဲ့တယ်။ စာတွေကို စီစစ်ပြီးရင် အချက်အလက်ကို ပိုသိရလိမ့်မယ်။”
ရှန်းယုဟန်က သူ့ကိုမေးလိုက်သည်။ “ဒါရိုက်တာ၊ ကျွန်တော် သူ့မှတ်စုစာအုပ်ကိုကြည့်လို့ရမလား? ကျွန်တော်က ပုံမှန်ဆိုရင် လက်ရေးလှကိုကြိုက်တာဆိုတော့ သူ့လက်ရေးနဲ့ပတ်သတ်ပြီး အတော်လေး စပ်စုချင်တယ်။”
“အခုတော့မရသေးဘူး၊ သုတသနပြီးခါနီးရင် ငါမင်းအတွက် ဓာတ်ပုံရိုက်ပေးမယ်။” ဒါရိုက်တာဖန့်က သူ့ရင်ထဲမှာပျော်နေ၏။ ဤယဥ်ကျေးမှုအမွေအနှစ်များသည် အနှေးနဲ့အမြန် ထွက်ပေါ်လာမှာဖြစ်၍ ရှန်းယုဟန်ကို ကြိုပြလိုက်ရင်လည်း ပြဿနာမရှိပေ။
ရှန်းယုဟန်က ခေါင်းညိတ်လိုက်ပြီး ဒါရိုက်တာဖန့်က သူ့ကို အသံသွင်းပေးလို့ ကျေးဇူးတင်စကားပြောနေတာကို နားထောင်ပြီးနောက် ရှန်းယုဟန်က ယင်းမှာ သူ့လုပ်သင့်သည့်အရာဟု ကမန်းကတန်းပြောလိုက်၏။
မသေချာမရေရာမှုနဲ့ စိုးရိမ်မှုကြောင့် ရှန်းယုဟန်က ဌာနမှထွက်ခွာပြီး ဟိုတယ်ကိုပြန်သွားခဲ့သည်။
ဤလမ်းကိုလာရတာ ဆုံးရှုံးမှုမရှိချေ။ သူက အုတ်ဂူပိုင်ရှင်ကိုမသိပေမယ့် သူတို့က ချီတိုင်းပြည်နှင့် သက်ဆိုင်လိမ့်မည်။
သူနေထိုင်သည့်နိုင်ငံဟာ သူ့ခင်ပွန်းပြောသလိုပင် လက်ရှိသမိုင်းမှာ မြှုပ်နှံထားသည်။ လူမျိုးတစ်မျိုးလုံးက သေသွားလောက်တာဖြစ်မည် ဒါမှမဟုတ် သူတို့က မြို့ထဲမှာ ပုန်းအောင်းနေတာလည်း ဖြစ်နိုင်သည်။ ကမ္ဘာကြီးက ထူးခြားသော လူမျိုးစုကို ဘယ်တော့မှာလက်ခံလာမှာမဟုတ်ပေ။ အချိန်တွေကုန်လာတာနဲ့ သူတို့က မမြင်နိုင်တော့သည့် အမည်မသိများသာ ဖြစ်လာလိမ့်မည်။
ရှန်းယုဟန်က နောက်ဆုံးထွက်ဆိုချက်ကို ပိုလိုလား၏။ ကောတွေက မရှိတာမဟုတ်ပဲ သူတို့က သူတို့၏ ထူးခြားသော ကိုယ်ခန္ဓာကြောင့် ပုန်းနေတာဖြစ်ပေမည်။
သူတွေးကြည့်လိုက်တော့ ကောတွေက ဘယ်လောက်ထိ ထူးခြားတာကို သူသဘောပေါက်သွားခဲ့သည်။ သူက သူ့အစ်ကိုကြီးပြောခဲ့ဖူးတာကို မှတ်မိသေးသည်။ ချီတိုင်းပြည်နှင့် ချူတိုင်းပြည်ကလွဲရင် ကောမရှိတဲ့ နိုင်ငံတွေအများကြီးရှိသည်။ နိုင်ငံက ဖျက်စီးခံရရင် ကောတွေက တန်ဖိုးပိုရှိလာတာ ဒါမှမဟုတ် ဆန့်ကျင်ဘက်အနေဖြင့် သူတို့က ကျွန်အဆင့်နိမ့်ကျသွားပြီး ကုန်စည်များအဖြစ် အရောင်းအဝယ်လုပ်ခံနေရတာ ဖြစ်နိုင်သည်။
ထိုသည်မှာ သူတို့က အလွန်ထူးခြားသောကြောင့်ဖြစ်၏။
ထိုအချိန်က သူသည် သူ့အစ်ကိုပြောသော ‘ထူးခြားတယ်'ဆိုတာကို နားမလည်ခဲ့ပေ။ ထိုအချိန်က သူ့မှာ အတွေ့အကြုံအနည်းငယ်သာရှိ၍ နေရာတိုင်းမှာ ကောတွေရှိနေတယ်လို့ ယူဆခဲ့လို့ဖြစ်မည်။ ကိစ္စက ဒီလိုမဟုတ်ဘူးဆိုတာ သူအခုနားလည်သွားလေပြီ။
တိုင်းပြည်၏ အကာအကွယ်မရှိလျှင် သူတို့က အကျဥ်းသားအဆင့်သို့ တန်းဆင်းရလိမ့်မည် ဒါမှမဟုတ် ဒုက္ခအတွေ့အကြုံများကို ပိုပြီးခံစားရနိုင်သည်။
သူနဲ့အတူ ပျောက်ကွယ်သွားသော ကောများ ဘာဖြစ်ခဲ့တာလဲ တွေးကြည့်တော့ ရှန်းယုဟန်က သက်ပြင်းချရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။ သူတို့က ထိရှလွယ်ကြ၏။
ဤအုတ်ဂူပိုင်ရှင်မှာ မျိုးရိုးနာမည်ရှန်းဖြစ်ပြီး တိုက်ဆိုင်မှုတစ်ခုသာဖြစ်နိုင်၏။ မျိုးရိုးနာမည်ရှန်းက လူပေါင်းထောင်ချီရှိတာကြောင့် သူတို့ရှန်းမိသားစု၏ ဘိုးဘေးအုတ်ဂူများကို တူးဖော်ဖို့မဖြစ်နိုင်ချေ။
–
ရှန်းယုဟန်က ဟိုတယ်ကို မတူညီသော စိတ်အခြေအနေဖြင့် ပြန်လာခဲ့သည်။ ညစာစားပြီးနောက် သူက ရှန်ချီဟွမ်းနဲ့ ဗီဒီယိုကောလ်ပြောနေသောအခါ သူ့ခင်ပွန်းက သူစိတ်ဓာတ်ကျနေတာကို အလွယ်တကူရှာတွေ့ခဲ့သည်။
“ဘာလို့လဲ၊ မင်းက အိမ်ပြန်ရမှာ မပျော်လို့လား?” ရှန်ချီဟွမ်းက တွေးလိုက်သည်။ သူတို့မနေက ပျော်ပျော်ကြီး စကားပြောခဲ့တာပါ။ ဒါပေမယ့် သူ့ပုံစံက ဒီနေ့အပြင်ထွက်ပြီးတော့ ဘာလို့ မောပန်းနေရတာလဲ?”
ရှန်းယုဟန်က ဖုန်းကိုကိုင်ထားပြီး သူ့မျက်နှာကိုလက်ဖြင့်ကိုင်ကာ ရှန်ချီဟွမ်းကိုပြောလိုက်သည်။ “ကျွန်တော်မပျော်ဘူး”
ရှန်ချီဟွမ်းက သူ ဒီနေ့အသံသွင်းနေစဥ်အတောအတွင်း တစ်ခုခုကြုံခဲ့ရတာဖြစ်မယ်လို့ ခန့်မှန်းမိတာကြောင့် သူက ရှန်းယုဟန်ကို အကြံပေးလိုက်သည်။ “မင်းမြို့တော်မှာ နှစ်ရက်လောက် လျှောက်လည်လိုက်ပါလား”
ရှန်းယုဟန်က ရှူခင်းသာနေရာများကို တစ်ယောက်တည်း လျှောက်မလည်ဖူးပေ။ သူက ကျန်းမြို့တော်မှာဆိုရင် အားလုံးကိုမြင်ဖူးသည်။ “ကျွန်တော်တစ်ယောက်တည်းသွားရမှာလား?”
“မင်းမှာဘော်ဒီဂတ်ရှိတယ်၊ ပြီးတော့ လက်ထောက်ယန်က မင်းကိုအဖော်လိုက်ပေးလိမ့်မယ်။ အဲ့ဒါမလုံလောက်ဘူးလား? ရှန်ချီဟွမ်းကပြောလိုက်၏။
“သူတို့ရှိတာတော့မှန်ပေမယ့် ကျွန်တော့်ယောကျာ်းမရှိဘူးလေ” ခရီးစဥ်အကြောင်းပြောရာမှာ ရှန်းယုဟန်၏စိတ်အခြေအနေက ပိုကောင်းစပြုလာပြီး သူက သူ့ကိုယ်သူ အတိတ်မှာ နစ်မြှုပ်မထားနိုင်ကြောင်း ရင်ထဲမှာ ပြောလိုက်သည်။
“မင်းက ငါ့ကို အဲ့ဒီကိုလာပြီး အဖော်ပြုပေးစေချင်တာလား? မင်းကိုထောက်ပံ့ဖို့ ငွေမရှာရဘူးလား?” ရှန်ချီဟွမ်းက ပြုံးလိုက်သည်။
“ငွေရှာဖို့ကအရေးကြီးပေမယ့် ကျွန်တော့်ခင်ပွန်းက ကျွန်တော်ကို တစ်ခါတစ်လေတော့ အဖော်ပြုပေးလို့ရပါတယ်။” ရှန်းယုဟန်က တမင်တကာ သက်ပြင်းချပြလိုက်၏။ “ဒါပေါ့၊ ကျွန်တော်လည်း ယောကျာ်းကို သိပ်မလွမ်းပါဘူး။”
ရှန်ချီဟွမ်းက မျက်ခုံးပင့်လိုက်၏။ “ငါ့ကိုမလွမ်းဘူးလား?”
“ဒါပေမယ့် ကျွန်တော်ခင်ဗျားကိုလွမ်းလည်း မတွေ့နိုင်ဘူးလေ၊ ဒါကြောင့် မတွေးတာပဲကောင်းတယ်။ ကျွန်တော်တို့အခု ဗီဒီယိုပြောနေတော့ ခင်ဗျားကိုအရမ်းလွမ်းနေတဲ့ ခံစားချက်ကိုလျော့သွားစေတယ်။” ရှန်းယုဟန်၏ အချစ်စကားများက ယခုချိန်မှာ ထွက်ပေါ်လာခဲ့သည်။ သေချာတာက သူက သူ့ခင်ပွန်းအပေါ်ကို ရိုးသားနေတာဖြစ်လို့ ဘာအမှားမှမရှိပေ။
ရှန်ချီဟွမ်းက သူ့ဖုန်းစခရင်ကို သေးလွန်းတယ်လို့ ရုတ်တရက်ခံစားလိုက်ရသည်။ “မင်းငါ့ကို သိပ်မတွေးချင်ရင် ဖုန်းချလိုက်တော့။”
ရှန်းယုဟန်: “မချဘူး၊ နောက်ကျရင် အိပ်လို့မရတော့မှာကို စိုးရိမ်တယ်။ ကျွန်တော်ကြောက်တယ်။”
ရှန်ချီဟွမ်း: “မင်းက အတော်သတ္တိရှိတာပဲ… မင်းယောကျာ်းကိုတောင် မလွမ်းဘူးဆိုတော့ ကြောက်တာဖြစ်နိုင်ပါ့မလား”
“ယောကျာ်း၊ စိတ်မဆိုးပါနဲ့… ကျွန်တော်မှားသွားပါတယ်။ ကျွန်တော် ခင်ဗျားကိုတကယ်လွမ်းတယ်၊ ထမင်းစားလည်းတွေးတယ်၊ လမ်းလျှောက်လည်းတွေးတယ်။ အလုပ်လုပ်လည်းတွေးတယ်။ ခင်ဗျားကို အိပ်မက်ထဲမှာလည်း တွေးတယ်။ မနေ့ညက ခင်ဗျားကျွန်တော့်ကို လာကြိုပြီး အိမ်ပြန်ခေါ်သွားတယ်လို့ အိပ်မက်မက်တယ်။” ရှန်းယုဟန်က သူ့အတွေးများကို ရိုးရိုးသားသား ပြောပြလိုက်သည်။
ရှန်ချီဟွမ်းက သူ့ဇနီးကိုလေးစားသည်။ သူက အလှပဆုံးစကားလုံးများကို အရိုးရှင်းဆုံးလေသံဖြင့် ပြောနိုင်သည်။ ထိုသည်မှာ သူ့နှလုံးသားကို အချိန်တိုင်း ယားယံစေ၏။
သူက သူတို့ခွဲနေရသော နေ့ရက်များကို ရေတွက်နေပြီး သူတို့က တစ်ပတ်ကျော်တောင် မတွေ့ခဲ့ရပေ။
သူတိတ်ဆိတ်နေတာကိုတွေ့တော့ ရှန်းယုဟန်က အရင်တစ်ခေါက် ဟိုတယ်မှာ ဗီဒီယိုကောလ်ပြောတုန်းက သူ့ခင်ပွန်းလုပ်ခဲ့တာကို ပြန်တွေးမိသွားသည်။
“ယောကျာ်း… ကျွန်တော်ရေချိုးတော့မလို့၊ ခဏလောက်စောင့်နေနော်။”
“အွန်း”
ရှန်ချီဟွမ်းက သူလှည့်ထွက်သွားမယ်လို့ ထင်ထားပေမယ့် ဘယ်သူကသိမှာလဲ…. နောက်စက္ကန့်မှာ ရှန်းယုဟန်က သူ့ရှေ့မှာ အင်္ကျီချွတ်ပြပြီး သူ့လှုပ်ရှားမှုများက အတော်လေးနှေးကာ ကြယ်သီးတစ်လုံးစီကို ချွတ်နေပြီး နောက်ဆုံးကြယ်သီးရောက်သောအခါ သူက ရုတ်တရက်လှည့်ပြီး ကင်မရာကိုကျောပေးလိုက်၏။
ရှန်ချီဟွမ်း၏အသက်ရှူသံက ဆိုးရွားလာပြီး သူက အသားမစားရတာ တစ်ပတ်ကြာပြီဖြစ်၍ သူ့မျက်လုံးများကို ဖုံးထားချင်ပေမယ့် သူက တစ်စက္ကန့်တောင် အလွတ်မပေးချင်ပေ။
သူ့ကိုကျောပေးထားသော ရှန်းယုဟန်က လှုပ်ရှားမှုအသစ်တစ်ခုကို လုပ်ခဲ့ပြီး သူ့လက်ကို ဗိုက်အောက်မှာထားကာ ရှန်ချီဟွမ်းက သူဘာလုပ်နေလဲ တွေးကြည့်နိုင်သည်။
ရှက်ရွံ့လွန်းတာကြောင့် ရှန်းယုဟန်က ရုတ်တရက် လှည့်ကြည့်လိုက်သည်။ “ယောကျာ်း၊ ကျွန်တော် ရေချိုးတော့မယ်!” နောက်အခိုက်အတန့်မှာ သူကရေချိုးခန်းထဲဝင်သွားပြီး ရှန်ချီဟွမ်းအတွက် အခန်းလွတ်သာ ချန်ထားခဲ့သည်။
မူလက သူ့ခြေထောက်ဖြူဖြူလေးကို မြင်ချင်နေသော ရှန်ချီဟွမ်းက အော်လိုက်၏။ “ရှန်းယုဟန်၊ မင်းပြန်လာခဲ့စမ်း!”
ရှန်းယုဟန်က အထဲမှာ အကျယ်ကြီးရယ်မောနေပြီး အော်ဖြေလိုက်သည်။ “မလာဘူး”
ရှန်ချီဟွမ်းက ကူကယ်ရာမဲ့ခေါင်းခါပြီး သူ့လက်ထဲကဘောပင်ကို စားပွဲပေါ်မှာတင်လိုက်သည်။ သူက ဖုန်းထဲကိုကြည့်ကာ အံကြိတ်ပြီး အော်လိုက်လေသည်။ “ရှန်းယုဟန်၊ ငါ့ကိုစောင့်နေဦး … ပြီးရင်တော့ အကျိုးဆက်ကိုသိစေရမည်။”
ထို့နောက် ချက်ချင်းပင် ဗီဒီယိုကောလ်ကိုချလိုက်ပြီး မြို့တော်လေယာဥ်လက်မှတ် အမြန်မှာလိုက်သည်။
ရှန်းယုဟန် ရေချိုးခန်းထဲက ထွက်လာစဥ် ရှန်ချီဟွမ်းက သူအချိန်အပိုမလုပ်ပဲ အိမ်ပြန်သွားတာကြောင့် သူနဲ့ ဗီဒီယိုကောလ်ဆက်မပြောဘူးလို့ ပြောခဲ့သည်။
ညနေဗီဒီယိုကောလ်အပြီးမှာ ရှန်းယုဟန်က မကြောက်တော့ပဲ သူ့ခင်ပွန်း၏ အကြံပေးချက်ကို နားထောင်ဖို့ဆုံးဖြတ်လိုက်သည်။ သူက မနက်ဖြန်မှာ ဘုရားကျောင်းသွားပြီး မြို့တော်၏ဆွဲဆောင်မှုရှိသောနေရာကို သွားလည်ရန် အင်တာနက်ပေါ်က စားဖို့သောက်ဖို့ ကိစ္စအများကြီးကို အမြန်ရှာဖွေခဲ့သည်။ ဝမ်ဖူကျင့်သရေစာလမ်း၊ မင်းသားလေး၏စံအိမ်၊ တားမြစ်မြို့၊ မဟာတံတိုင်းနှင့် အမျိုးသားပြတိုက်.. အားလုံးက သူလည်ပတ်နိုင်သောနေရာများဖြစ်၏။
တားမြစ်မြို့က ချင်မင်းဆက်ဧကရာဇ် နေထိုင်ရာဟုဆိုကြသော်လည်း ယခုချိန်မှာ လူတွေလည်ပတ်ဖို့ ခရီးသွားများကို ဆွဲဆောင်ဖို့နေရာဖြစ်လာခဲ့၏။ ချီတိုင်းပြည်ရှိ ကောများအကြောင်း ထပ်စဥ်းစားလိုက်သောအခါ အမျိုးသားနှင့်အမျိုးသမီး အများစုနေထိုင်သော ဤကမ္ဘာမှာ ကောတွေရှိခဲ့ရင် ပြပွဲအတွက် အပိုင်းအစတစ်ခုများ ဖြစ်လာနိုင်မလား….
ဆုံးဖြတ်ချက်ချခဲ့သည်မှာ ပညာရှိဘုရင်ကောင်းဖြစ်နိုင်၏။ သမိုင်း၏အပြောင်းအလဲမှာ မသေချာမရေရာမှုအများကြီးရှိနေသည်။
အလိုလေး…
–
ရှန်းယုဟန်က သူဘယ်အချိန် အိပ်ပျော်သွားခဲ့လဲမသိပေမယ့် ရုတ်တရက် သူ့အခန်းတံခါးခေါက်သံကို ကြားလိုက်ရပြီး တစ်ချိန်တည်းမှာ သူ့ဖုန်းကမြည်လာပြီး ထိုသည်မှာ သူ့ခင်ပွန်းဖြစ်နေ၏။
သူ့ခင်ပွန်းက ညသန်းခေါင်ကြီး သူ့ကိုဘာလို့ခေါ်တာလဲ?
အရေးကြီးကိစ္စရှိလို့လား?
ရှန်းယုဟန်က မျက်လုံးကို အတင်းဖွင့်လိုက်ပြီး တကယ်တော့ သူက နှစ်နာရီလောက်သာအိပ်ခဲ့ပြီး ဖြေဆိုမှုခလုတ်ကိုနှိပ်ကာ သူ့အသံက သမ်းဝေမှုပြည့်နေသည်။ “ယောကျာ်း?”
ဖုန်းဖြေလာသူက တံခါးခေါက်လိုက်ပြီး သူ့ခင်ပွန်းကပြောလိုက်သည်။ “တံခါးဖွင့်ပေးဦး….ငါပါ”
ရှန်းယုဟန်က ရုတ်တရက်နိုးလာသည်။ “ခင်ဗျားက…. တံခါးအပြင်မှာလား?” သူက အိပ်သည့်အခါ အမြဲသတိထားပြီး သူခိုးဖမ်းပေးမယ့်သော့ကို ဆောင်ထားလေ့ရှိ၏။ “အဲ့ဒါကတကယ်ခင်ဗျားလား?”
ရှန်ချီဟွမ်းက လက်ထောက်ယန်ဆီက အခန်းကတ်ကိုရထားပေမယ့် အတွင်းကနေ သော့ခတ်ထားမယ်လို့ မမျှော်လင့်ခဲ့ပေ။ “ငါပါ”
ရှန်းယုဟန်က သူ့မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ပွတ်လိုက်ပြီး အိပ်မက်မက်နေတယ်လို့ထင်နေသည်။ ထိုသည်မှာ တံခါးဖွင့်ပေးပြီး သူ့ခင်ပွန်း၏ ခန့်ညားသောမျက်နှာကို မမြင်လိုက်ရခင်အထိဖြစ်၏။ သူက အေးစက်သော အသံဖြင့် ပြောလာခဲ့သည်။ “မစိုးရိမ်ပါနဲ့ ငါပါ…”
ထိုမှသာ ရှန်းယုဟန်က တံခါးဖွင့်လိုက်ပြီး ရှန်ချီဟွမ်းက ကုတ်ကိုချွတ်လိုက်တော့ သူ့ခန္ဓာကိုယ်က အေးစက်သွား၏။ သူက ရှန်းယုဟန်ကို ပွေ့ချီကာ စားပွဲပေါ်တင်လိုက်၏။
“အား!” ရှန်းယုဟန်က သူ့လည်ပင်းကို ကမန်းကတန်းဖက်လိုက်သည်။ “ယောကျာ်း…ဘာလုပ်နေတာလဲ?”
ရှန်ချီဟွမ်းက ရှန်းယုဟန်၏မျက်နှာကို နီရဲနေသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ “ငါအဝေးကြီးကနေလာတာ ဘာကြောင့်လို့ထင်လဲ? 'အကျိုးဆက်ကိုခံရမယ်'ဆိုတဲ့စကားကို ဘယ်လိုရေးရမလဲသိလား?
ထိုမှသာ ရှန်းယုဟန်က ရေမချိုးခင် သူဘာလုပ်ခဲ့လဲသတိရသွားပြီး နောက်ကျသွားလို့လည်း နောင်တရနေခဲ့သည်။ ကြည့်ရတာ ဒီနည်းက သူ့ခင်ပွန်းကို စောစောတွေ့လို့ရတဲ့ နည်းလမ်းဖြစ်ပုံပဲ….
ရှန်ချီဟွမ်းက သူနိုးနေလား မနိုးနေလား ဂရုမစိုက်ပေ။ သူက လူကိုတိုက်ရိုက်ဖိချကာ ခဏလောက်နမ်းလိုက်သည်။
သူက ညသန်းခေါင်မှာ တံခါးအပြင်ထုတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။