no

Font
Theme

Chapter 69.1

တစ်ယောက်ယောက်က ဒါရိုက်တာဖန့်ကို မေးရမယ်ဆိုရင် သီချင်းတစ်ပုဒ်အတွက် အချိန်တစ်နာရီရဖို့ ပိုင်မြို့တော်ကနေ ကျန်းမြို့တော်ကို ညတွင်းချင်း လေယာဥ်စီးလာခဲ့တာ သူ့အတွက် တန်တယ်ထင်လား?

ဒါရိုက်တာဖန့်က ခိုင်မာသောအဖြေတစ်ခု သေချာပေါက်ပေးမှာဖြစ်၏။ တန်တာပေါ့! ဘာလို့မတန်ရမှာလဲ!

ရှေးဟောင်းသုတေသနဌာန၏ ဒါရိုက်တာ ဖန့်ချီချန်က ရှေးဟောင်းသုတေသနဆရာဝန်နှစ်ဦးကိုခေါ်ကာ ညတွင်းချင်း ကျန်းမြို့တော်ကို ပြေးလာခဲ့သည်။

ဤရိုးသားမှုကြောင့် ရှန်းယုဟန်က တစ်ဖက်လူနဲ့တွေ့ဆုံရန် ငြင်းဖို့အကြောင်းပြချက် မရှိတော့ပေ။

သူက စစ်ဆေးကြည့်တော့ နိုင်ငံတော်အဆင့်ယာမန်အားလုံးက အလွန်အာဏာရှိသောနောက်ခံရှိကြောင်း သိခဲ့ရ၏။ ထို့အပြင် သူက ဒါရိုက်တာဖန့်၏ ကိုယ်ရေးရာဇဝင်ကိုလည်း အွန်လိုင်းပေါ်မှာ စစ်ကြည့်လို့ရပြီး ဤခေါင်းစဥ်များက ဘာအတွက်ရပ်တည်သလဲ မသိသော်ငြား ပညာရေးဆိုင်ရာ အရည်အချင်းစစ်ကော်လံမှာ ဒါရိုက်တာဖန့်အား သူ့နှလုံးသားအောက်ခြေမှ လေးစားလာစေရန် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့သည်။

The two sides met and exchanged greetings in the hotel lobby, Director Fang and others wanted to talk about the matter immediately, but it is not easy to talk with people coming and going, Shan Qihuan immediately said that he had booked a suite, which was enough for them to discuss things and kept it confidential.

ဟိုတယ်ဧည့်ခန်းမှာနှစ်ဖက်တွေ့ဆုံပြီး နှုတ်ဆက်လိုက်ကြသည်။ ဒါရိုက်တာဖန့်နှင့် တခြားသူများက ထိုကိစ္စကို ချက်ချင်းစကားပြောချင်​သော်လည်း လူသွားလူလာကြောင့် စကားပြောရမလွယ်ခဲ့ပေ။ ရှန်ချီဟွမ်းက သူတို့ဆွေးနွေးပြီး လျို့ဝှက်ထားလို့ရအောင် လုံလောက်သော အခန်းတစ်ခန်းကို ငှားထားကြောင်း ချက်ချင်းပြောလာခဲ့သည်။

Shan Qihuan is a businessman and has great respect for people in the literary field, Director Fang and others spare no effort1 to come over, taking advantage of their Shen family’s money, he directly arranged for them to live in the presidential suite.

ရှန်ချီဟွမ်းက လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး စာပေနယ်ပယ်မှလူများကို အထင်ကြီးလေးစားမှုရှိသည်။ ဒါရိုက်တာဖန့်နှင့် တခြားသူများက ဒီကိုလာဖို့ပင်ပန်းခဲ့ကြပြီး သူတို့ရှန်မိသားစု၏ပိုက်ဆံကို အသုံးချလိုက်သည်။ ရှန်ချီဟွမ်းက သူတို့နေထိုင်ဖို့ စျေးအကြီးဆုံးဇိမ်ခံဟိုတယ်ခန်းကို စီစဥ်ပေးခဲ့သည်။

The main reason is that the presidential suite has a conference room, and there are enough rooms for several people to stay.

အဓိကအကြောင်းအရင်းက ဇိမ်ခံဟိုတယ်ခန်းမှာ အစည်းအဝေးခန်းနှင့် လူအများကြီးနေဖို့ အခန်းလုံလုံလောက်လောက်ရှိ၏။

Director Fang, with black hair despite being over fifty, felt his heart ache at the sight of such a high-end suite, and thought to himself: Evil capitalists, the price of a suite for a day is equivalent to one month’s salary for them. Money is something outside the body, don’t get upset, don’t get upset.

အသက်ငါးဆယ်ဖြစ်သော်လည်း ဆံပင်အနက်ရောင်ရှိသော ဒါရိုက်တာဖန့်က ထိုကဲ့သို့အဆင့်မြင့်သော ဟိုတယ်ခန်းကြီးကိုကြည့်ကာ ခေါင်းကိုက်လာတယ်လို့ ခံစားခဲ့ရပြီး စိတ်ထဲမှာတွေးလိုက်၏။: အရင်းရှင်လူယုတ်မာတွေ၊ ဒီလိုဇိမ်ခံဟိုတယ်ခန်းရဲ့ တစ်ရက်စျေးနှုန်းက သူတို့ရဲ့ လစာတစ်လစာနဲ့ညီတယ်ကွ။ ငွေဆိုတာ ခန္ဓာကိုယ်ပြင်ပက အရာတစ်ခုပဲ၊ စိတ်မဆိုးနဲ့…..စိတ်မဆိုးနဲ့…..

As the capitalist’s wife, Shen Yuhan has no special expression towards the bright hotel, because white is unlucky for him, but modern people like to use white, so he has no choice but to ignore it.

အရင်းရှင်၏ဇနီးဖြစ်သော ရှန်းယုဟန်က တောက်ပသောဟိုတယ်အတွက် ထူးခြားသောအမူအရာမရှိပေ။ အကြောင်းမှာ အဖြူရောင်က သူ့အတွက် ကံမကောင်းပေမယ့် လူတွေက အဖြူသုံးရတာကြိုက်သဖြင့် သူ့မှာ လျစ်လျူရှုရုံကလွဲရင် ရွေးချယ်စရာမရှိချေ။

After the two sides met, Assistant Qu asked the hotel to bring food and drinks, all in self-service mode, and placed them on the dining table, while Director Fang’s briefcase had just been taken out.

နှစ်ဖက်ဆုံပြီးတော့ လက်ထောက်ချွီက ဟိုတယ်ကနေ အစားအသောက်မှာလိုက်၏။ အားလုံးက ကိုယ်တိုင်ဝန်ဆောင်မှုစနစ်ဖြင့် စားပွဲပေါ်မှာတင်ထားခဲ့၏။ ထိုစဥ်ဒါရိုက်တာဖန့်က သူ့လက်ဆွဲအိတ်ကို ထုတ်လိုက်သည်။

Shen Yuhan said with dignity2: “The three gentlemen, why don’t you have a meal first, there’s no rush, let my husband and I do our best to act as host3, try the special delicacies of our Jiang City, these fish and shrimp are unique to our Jiang City, you may not be able to eat authentic fish and shrimp in Bei City.”

ရှန်းယုဟန်က သိမ်သိမ်မွေ့မွေ့ ပြောလိုက်သည်။ “လူကြီးမင်းတို့သုံးယောက် ဘာလို့အရင်မစားကြတာလဲ…. အလျင်လိုစရာမလိုပါဘူး။ ကျွန်တော့်ခင်ပွန်းနဲ့ ကျွန်တော်က ဧည့်ခံပါ့မယ်။ ကျွန်တော်တို့ကျန်းမြို့တော်က အထူးဟင်းလျာကိုသုံး​ဆောင်ပါ။ ဒီငါးနဲ့ပုဇွန်က ကျန်းမြို့တော်မှာ ထူးခြားတယ်။ ပိုင်မြို့တော်မှာဆိုရင် ဒီလိုလတ်ဆတ်တဲ့ငါးနဲ့ပုဇွန်ကို စားနိုင်မှာမဟုတ်ဘူး။”

Shen Yuhan’s attitude is very modest, there is no condescending attitude as the person being requested, which saved the scene from being a bit cold.

ရှန်းယုဟန်၏အပြုအမူက အလွန်ကျိုးနွံပြီး တောင်းဆိုခံထားရသည့် လူတစ်ယောက်၏ နှိမ်ချလိုသောစိတ်သဘောထားမရှိသဖြင့် အေးစက်သောမြင်ကွင်းမှ ကယ်တင်နိုင်ခဲ့၏။

At this time, Shan Qihuan naturally opened his mouth: “Director Fang, you guys came here in a hurry and probably didn’t eat well on the plane, why don’t you have dinner first, Xiao Han and I haven’t had dinner yet, so we’re a little hungry.”

ထိုအချိန်တွင် ရှန်ချီဟွမ်းက သူ့ပါးစပ်ကိုဖွင်လိုက်သည်။ “ဒါရိုက်တာဖန့်၊ ခင်ဗျားတို့ အမြန်လာခဲ့တာတာဆိုတော့ လေယာဥ်ပေါ်မှာ ကောင်းကောင်းမစားခဲ့ရလောက်​ဘူး။ ညစာအရင်စားလိုက်ပါ။ ရှောင်ဟန်နဲ့ ကျွန်တော်လည်း ညစာမစားရသေးလို့ ဗိုက်နည်းနည်းဆာနေတယ်။”

These steps and sincerity were all here, Director Fang and the other two felt comfortable hearing it, so naturally they were no longer reserved.

ထိုခြေလှမ်းများနှင့်ရိုးသားမှုက နေရာမှာရှိနေပြီး ဒါရိုက်တာဖန်နှင့် တ​ခြားနှစ်ယောက်က ကြားရတာနားဝင်ချိုတာကြောင့် သူတို့က အားနာမနေတော့ပေ။

Rather than jumping into the topic directly in the conference room, it would be more natural to chat while eating, and then cut to their purpose.

အစည်းအဝေးခန်းထဲမှာ ခေါင်းစဥ်ကို တိုက်ရိုက်ဆွေးနွေးကြတာထက် စားသောက်ရင်းဖြင့် စကားပြောတာ သဘာဝပိုဆန်ပြီး သူတို့ရည်ရွယ်ချက်ကို ထိမိစေ၏။

When he is outside, Shen Yuhan takes care of his husband’s face and takes the initiative to peel shrimp shells for him, his movements are very skillful, and after Shan Qihuan finished eating it, he also gives Shen Yuhan some of his favorite dishes, the two of them would occasionally ask each other in a low voice what they like to eat and what they didn’t like to eat, or they would exchange ideas about which dishes tasted good, and suggest that the other person try them.

ရှန်းယုဟန်က အပြင်ရောက်နေရင် ခင်ပွန်း၏မျက်နှာကို ဂရုစိုက်ရပြီး သူ့အတွက် ပုဇွန်စတင်ခွာပေးလိုက်၏။ သူ့လှုပ်ရှားမှုက ကျွမ်းကျင်နေပြီး ရှန်ချီဟွမ်းက စားပြီးတာနဲ့ ရှန်းယုဟန် ကြိုက်သည့်ဟင်းလျာကို ထည့်ပေးနေ၏။ သူတို့နှစ်ယောက်က သူတို့ကြိုက်သည့်ဟင်းလျာနှင့် မကြိုက်သည့်ဟင်းလျာကို ရံဖန်ရံခါ တိုးတိုးလေးပြောနေကြသည်။ သူတို့က အရသာကောင်းသောဟင်းလျာအကြောင်း ဆွေးနွေးကာ တစ်ဖက်လူကို စမ်းစားကြည့်ဖို့ အကြံပေးနေ၏။

Director Fang and the other two were impressed by the natural attitude of these two people, and the topics of conversation became more varied. It wasn’t until they had eaten and drank enough and put down their chopsticks that they had a chance to start talking, they even changed their address for Shan Qihuan and Shen Yuhan.ယ

ဒါရိုက်တာဖန့်နှင့် တခြားနှစ်ယောက်က သူတို့နှစ်ယောက်၏ သဘာဝဆန်သောအပြုအမူကြောင့် သဘောကျသွားပြီး စကားဝိုင်း၏ခေါင်းစဥ်က ပိုမိုကွဲပြားလာခဲ့သည်။ ထိုသည်မှာ သူတို့စားပြီးလို့ တူကိုချလိုက်သည့်အချိန်အထိဖြစ်၏။ သူတို့က စကားစဖို့ အခွင့်အရေးရသွားပြီး ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်ကို ခေါ်ဆိုပုံပါ ပြောင်းခဲ့ကြသည်။

“Xiao Shan, Xiao Shen, it’s like this, the main reason we came here this time is that we want to learn from Xiao Shen about the piece of music that he played on the qin before, this matter is very important to our archaeological research.”

“ရှောင်ရှန်၊ ရှောင်ရှန်း…ဒါကဒီလိုပါ… ဒီနေ့လာရင်းအကြောင်းက ရှောင်ရှန်း အရင်ကတီးခတ်ခဲ့တဲ့ ချင်တေးဂီတအပိုင်းကို လေ့လာချင်လို့ပါ။ ဒီကိစ္စက ငါတို့သုတေသနဌာနအတွက် အရမ်းအရေးကြီးတယ်။”

Shan Qihuan is also very good at speaking in the official language: “As long as we can help, we will definitely help.”

ရှန်ချီဟွမ်းက ရုံးသုံးဘာသာစကားပြောရာမှာ အလွန်ကျွမ်းကျင်သည်။ “ကျွန်တော်တို့ ကူညီလို့ရရင် သေချာပေါက်ကူညီပါမယ်။”

Shen Yuhan got a general idea from Shan Qihuan, but he wasn’t quite clear on what to do specifically.

ရှန်းယုဟန်က ရှန်ချီဟွမ်းဆီက အကြမ်းဖျင်းနားလည်ခဲ့သော်လည်း သူက ဘာလုပ်ရမလဲသေချာမသိပေ။

He could only ask directly now: “Is there anything wrong with my song?”

သူက တိုက်ရိုက်သာမေးလိုက်သည်။ “ကျွန်တော့်သီချင်းက မှားနေတာတစ်ခုခုရှိလို့လား?”

Director Fang slowly narrated the course of events: “This involves our archaeological research project. Three months ago, our archaeological team took on an archaeological project and spent a month deciphering a musical score, however, the music score had been soaked, and many of the characters were unclear, so we only managed to work out a few melodies. Some time ago, we hired professionals who discovered a piece played by Xiao Shen, and the melody is extremely similar to the one on the score, that’s why we came directly here. Xiao Shen, where did you get the musical score for this piece? Can you tell me about it?”

ဒါရိုက်တာဖန့်က အဖြစ်အပျက်ကို ဖြေးညှင်းစွာပြောပြလိုက်သည်။ “ဒါက ရှေးဟောင်းသုတေသနပရောဂျက်နဲ့ ပတ်သတ်နေတာပါ။ လွန်ခဲ့တဲ့သုံးလက ငါတို့ရှေးဟောင်းသုတေသနအဖွဲ့က ပရောဂျက်တစ်ခုကိုယူပြီး တေးဂီတရမှတ်တစ်ခုကို ပုံဖော်ဖို့ တစ်လလောက်ကြာခဲ့တယ်။ ဒါပေမယ့် တေးဂီတရမှတ်က ရေစိုသွားပြီး စာလုံးတော်တော်များများက မရှင်းမလင်းဖြစ်နေလို့ ငါတို့က တေးသွားအနည်းငယ်ကိုပဲ ရှာနိုင်ခဲ့တယ်။ သိပ်မကြာသေးခင်က ရှောင်ရှန်းတီးခတ်ခဲ့တဲ့ အပိုင်းအစတစ်ခုကို ရှာတွေ့ခဲ့တဲ့ ကျွမ်းကျင်ပညာရှင်တွေကို ငှားရမ်းခဲ့ပြီး တေးသွားက ဂီတရမှတ်ပေါ်က တစ်ခုတဲ့ အတော်လေးဆင်တူ​နေတာကို တွေ့ခဲ့ရတယ်။ ဒါကြောင့် ဒီကိုတန်းလာခဲ့တာပါ။ ရှောင်ရှန်း ဒီအပိုင်းအတွက် ဂီတရမှတ်ကို မင်းဘယ်ကရခဲ့တာလဲ? ငါတို့ကိုပြောပြပေးလို့ရမလား?”

(ဂီတရမှတ်ဆိုတာ တေးသွား၊တေးစု၊ တ​ခြားဒိုင်နှမစ်နဲ့ ဂီတဆိုင်ရာအစိတ်အပိုင်းတွေပါဝင်တဲ့ စာရွက်အပိုင်းအစတစ်ခုပါ။ အထူးသဖြင့် တေးရေးဆရာတွေရဲ့ တေးသွားကို အဓိပ္ပါယ်ပြန်ဆိုဖို့ အသုံးပြုပါတယ်။)

They didn’t rush to find Shen Yuhan, instead, they first asked a professional teacher to record the music played by Shen Yuhan and then spent a month comparing the music played by Shen Yuhan with the ancient music scores note by note, and they came to the conclusion that the two matched perfectly, with each note complementing the other perfectly, they believed that if they changed it to another tune, it would lose its flavor.

သူတို့က ရှန်းယုဟန်ကိုရှာဖို့ အလျင်မလိုခဲ့ပဲ ရှန်းယုဟန် တီးခတ်ခဲ့သော တေးသွားကို ရိုက်ကူးမှတ်တမ်းတင်ထားဖို့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို အရင်မေးခဲ့သည်။ ထိုနောက်မှသာ ရှန်းယုဟန်၏တေးသွားနှင့် ရှေးခတ်ဂီတရမှတ်ကို မှတ်စုအလိုက်ယှဥ်ကြည့်ပြီး သူတို့နှစ်ခုက အပြည့်အဝကိုက်ညီတယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်သည်။ တစ်ခုနဲ့တစ်ခုပြီးပြည့်စုံစွာပေါင်းစပ်ထားတာမို့ တခြားတေးသွားကိုသာ ​ပြောင်းလိုက်ရင် ဂီတအရသာပျက်သွားမယ်လို့ ယုံကြည်ခဲ့သည်။

That’s why, they contacted Shan Qihuan and then found Shen Yuhan through him, all of them were very eager to find out where his music score came from, and why it matched မthe one they had researched that had been unearthed from an ancient tomb a thousand years ago.

ဒါကြောင့် သူတို့က ရှန်ချီဟွမ်းကိုဆက်သွယ်ပြီး သူ့ဆီကတစ်ဆင့် ရှန်းယုဟန်ကိုရှာတွေ့ခဲ့သည်။ သူတို့အားလုံးက သူ့ဂီတရမှတ် ဘယ်ကရလာသလဲနှင့် လွန်ခဲ့သည့် နှစ်တစ်ထောင်ခန့်က ရှာတွေ့ခဲ့သည့် ရှေးဟောင်းအုတ်ဂူထဲက ဂီတရမှတ်နှင့် ဘာ​​ကြောင့်ကိုက်ညီနေတာလဲ သိရဖို့ စိတ်အားထက်သန်နေ၏။

After listening to Director Fang’s words, Shen Yuhan immediately understood the significance of the song he played, however, he had never imagined that the song he played was actually something that did not exist in this world, while he was thinking about whether he could find out the whereabouts of his relatives in this way, at the same time, he was also thinking about whether his origin would be exposed.

ဒါရိုက်တာဖန့်၏စကားကိုနား​ထောင်ပြီးတော့ ရှန်းယုဟန်က သူတီးခတ်ခဲ့သော သီချင်း၏အရေးပါမှုကို ချက်ချင်းနားလည်သွားသည်။ သို့သော် သူတီးခတ်ခဲ့သောသီချင်းက ဤကမ္ဘာပေါ်မှာမရှိသည့် အရာတစ်ခုဖြစ်မယ်လို့ မထင်ထားခဲ့ပေ။ သူက ဤနည်းဖြင့် သူဆွေမျိုးများ၏တည်နေရာကို ရှာဖွေနိုင်တယ်လို့ တွေးနေစဥ် သူ့ဇစ်မြစ်ကို ဖော်ထုတ်မိသလိုဖြစ်မှာလည်း စိုးရိမ်နေသည်။

His mind was spinning rapidly, now he was no longer the ignorant ancient Shen Yuhan who had just come to this world half a year ago, he knew what archaeology was, and in front of outsiders, he would naturally try to hide his true self.

သူ့စိတ်က ချာချာလည်နေပြီး ယခုဆိုရင် သူက လွန်ခဲ့သည့်နှစ်ဝက်လောက်က ဤကမ္ဘာကိုရောက်လာသော ရှေးခေတ်လူသားရှန်းယုဟန်မဟုတ်တော့ပေ။ သူက ရှေးဟောင်းသုတေသနဆိုတာကိုသိပြီး အပြင်လူများ၏အရှေ့မှာ သူ့ကိုယ်သူဖုံးကွယ်ဖို့ သဘာဝကျကျ ကြိုးစားရပေမည်။

He knew that telling a lie would require another lie to cover it up, but he had to do so.

လိမ်ညာပြောလိုက်ခြင်းသည် ထိုလိမ်ညာမှုကိုဖုံးကွယ်ဖို့ နောက်ထပ်လိမ်ညာမှုတစ်ခု လိုအပ်လာမှာကို သူသိပေမယ့် သူက လုပ်ကိုလုပ်ရပေမည်။

Shan Qihuan also looked at him with burning eyes, his wife was really amazing, playing a piece of music at random was an ancient piece of music, and now he also wanted to know where he got his music score from.

ရှန်ချီဟွမ်းက သူ့ကို တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။ သူ့ဇနီးက တကယ်ကို အံ့ဖွယ်ဖြစ်၏။ ကြုံသလို တီးခတ်ခဲ့သော သီချင်းတစ်ပုဒ်က ရှေးခတ်ဂီတအပိုင်းအစတစ်ခုဖြစ်နေပြီး ယခုချိန်မှာ သူ့ဇနီးက ထိုဂီတရမှတ်ကို ဘယ်ကရခဲ့လဲဆိုတာ သူလည်း သိချင်နေ၏။

Everyone was looking at Shen Yuhan as if expecting Shen Yuhan to tell some shocking secret, but Shen Yuhan was not that stupid, he smiled and played things down: “This piece of music was bought by my family in an antique shop when I was learning the qin, at that time, I liked it very much, so I spent some money to buy it, however, the original score was lost due to moving house many times.”

လူတိုင်းက ရှန်းယုဟန်ကို ကြည့်နေသည်မှာ ရှန်းယုဟန်က ထိတ်လန့်စရာလျို့ဝှက်ချက်တစ်ခုကို ပြောပြဖို့ မျှော်လင့်နေသလိုပင်။ သို့သော် ရှန်းယုဟန်က ထိုမျှလောက်မတုံးပေ။ သူက ပြုံးကာ သိပ်မလေးနက်သလို ပြောလိုက်၏။ “ဒီဂီတအပိုင်းတစ်စက ကျွန်တော် ချင်သင်ယူနေတုန်းက ကျွန်တော့်မိဘတွေက ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုက ဝယ်လာခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ကျွန်တော်အရမ်းကြိုက်လို့ ပိုက်ဆံအများကြီးသုံးပြီး ဝယ်ခဲ့တာ။ ဒါပေမယ့် မူရင်းဂီတရမှတ်က အိမ်အပြောင်းအရွှေ့ကြောင့် ပျောက်သွားခဲ့တယ်။”

Director Fang and the other two experts expressed regret: “How did it get lost? It might also be an antique.”

ဒါရိုက်တာဖန့်နှင့် တခြားကျွမ်းကျင်သူနှစ်ဦးက နှမြောတသဖြစ်နေ၏။ “ဘယ်လိုပျောက်သွားတာလဲ? အဲ့ဒါကလည်း ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်မယ်ထင်တယ်”

“Not really, it was just an ordinary paper.” Shen Yuhan gave them a less distressing answer, “So I didn’t pay much attention to it.”

“မဟုတ်ပါဘူး။ သာမန်စက္ကူလေးတစ်ရွက်ပါ။” ရှန်းယုဟန်က သူတို့ကို စိတ်မရှုပ်စေမယ့် အဖြေကိုပေးခဲ့သည်။ “ဒါ​ကြောင့် ကျွန်တော်ဂရုမစိုက်တော့တာပါ။”

In fact, he was not lying, the music score of this song was indeed bought by him from a father and daughter who played the pipa and sang for a living, the woman’s mother was ill and there was no money to treat her, he was soft-hearted at the time, thinking that he would help if he could, so he bought the music score, as for how much money he spent for it, he forgot.

တကယ်တော့ သူလိမ်နေတာမဟုတ်ပါဘူး။ ဤသီချင်း၏ဂီတရမှတ်ကို ဖီဖာတီးခတ်သီဆိုပြီး အသက်မွေးဝမ်းကြောင်းပြုကြသည့် အဖေနဲ့သမီးဆီက သူ့ဖခင်က ဝယ်ပေးခဲ့တာဖြစ်သည်။ ထိုအမျိုးသမီး၏မိခင်က ဖျားနေပြီး သူမကိုကုဖို့ ပိုက်ဆံမရှိခဲ့ပေ။ သူက ထိုအချိန်က အသည်းနုတာကြောင့် တတ်နိုင်သမျှကူညီပေးမယ်လို့တွေးပြီး ဂီတရမှတ်ကိုဝယ်ခဲ့သည်။ ပိုက်ဆံဘယ်လောက်သုံးခဲ့လဲဆိုတာကတော့ သူမေ့သွားခဲ့ပြီ။

Director Fang’s tone softened: “I thought you threw away the antique.” He made a request, “Can you play the piece in its entirety? It’s less than a minute in the video, so I don’t think it’s complete.”

ဒါရိုက်တာဖန့်၏လေသံက ပျော့ပျောင်းသွားသည်။ “ငါက မင်းရှေးဟောင်းပစ္စည်းကို လွှင့်ပစ်လိုက်တယ်ထင်သွားတာ” သူက တစ်ခုတောင်းဆိုလိုက်၏။ “မင်းတစ်ပုဒ်လုံးကိုတီးခတ်နိုင်လား? အဲ့ဒါက ဗီဒိယိုထဲမှ တစ်မိနစ်မပြည့်လို့ ပြီးပြည့်စုံတယ်လို့မထင်ဘူး။”

Shen Yuhan said: “I don’t have the music score, but I can play it for the three of you, this piece is about five minutes.”

ရှန်းယုဟန်က ပြောလိုက်သည်။ “ကျွန်တော့်မှာ ဂီတရမှတ်မရှိပေမယ့် ခင်ဗျားတို့သုံးယောက်အတွက် တီးခတ်ပေးနိုင်ပါတယ်။ ဒီအပိုင်းက ငါးမိနစ်ကြာပါတယ်။”

As long as it can be played, it’s good, as long as it can be played, it’s good!

တီးခတ်လို့ရသရွေ့အဆင်ပြေတယ်! တီးခတ်လို့ရသရွေ့အဆင်ပြေတယ်!

Director Fang no longer has so many demands: “It doesn’t matter, you play, and we will ask the professional teacher to record the score later.”

ဒါရိုက်တာဖန့်က အများကြီးမတောင်းဆို​တော့ပေ။ “ကိစ္စမရှိ​ပါဘူး။ နောက်မှ မင်းတီးခတ်ပြတဲ့အခါ ကျွမ်းကျင်သူတစ်ယောက်ကို ဂီတရမှတ်မှတ်တမ်းတင်ဖို့ တောင်းဆိုလိုက်မယ်။”

Shen Yuhan nodded: “Then I will play it once, you record it first and bring it back to listen to it slowly, tomorrow will be the Chinese New Year’s Eve, so all of you should have a peaceful New Year.”

ရှန်းယုဟန်က ခေါင်းညိတ်ပြသည်။ “ဒါဆို ကျွန်တော်အဲ့ဒါကို တစ်ကြိမ်တီးပြမယ်၊ ခင်ဗျားကအသံအရင်သွင်းပြီး ဖြည်းဖြည်းချင်းနား​ထောင်လိုက်ပါ။ မနက်ဖြန်က တရုတ်နှစ်သစ်ကူးဆိုတော့ ခင်​ဗျားတို့အားလုံး ငြိမ်းချမ်းဖွယ်နှစ်သစ်ကူးလေးဖြစ်ပါစေ။”

He got up and went to fetch the qin he had brought along with him, setting it down on the tea table outside.

သူက ထရပ်ကာ သူယူလာသော ချင်တူရိယာကိုသယ်ကာ အပြင်ဘက်စားပွဲပေါ်တွင် ချလိုက်သည်။

Shan Qihuan knew his habits, so he laid a thick blanket on the carpet on the floor for him and put a cushion on it, the height was just right, and then Shen Yuhan began to adjust the sound of the qin.

ရှန်ချီဟွမ်းက သူ့အကျင့်ကိုသိတာကြောင့် ကြမ်းပြင်ကော်ဇာ်ပေါ်မှာ စောင်အထူတစ်ထည်ချပေးလိုက်ပြီး ကူရှင်ပါတင်ပေးလိုက်၏။ အမြင့်ကွက်တိဖြစ်သွားမှာ ရှန်းယုဟန်က ချင်တူရိယာသံကို ညှိလိုက်၏။

Advertisement

After they completed this series of seemingly pretentious but cooperative arrangements, two of Director Fang’s colleagues also set up professional recording equipment.

သူတို့က ဤပူးပေါင်းလုပ်ဆောင်မှုအစီအစဥ်ပြီးသွားတော့ ဒါရိုက်တာဖန့်၏ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်က ပရော်ဖက်ရှင်နယ် အသံသွင်းကိရိယာကို တပ်ဆင်ထားလိုက်သည်။

Shen Yuhan gave a very modern OK gesture, Shan Qihuan, who was sitting next to him, was stunned for a moment, he seemed to have rarely seen Shen Yuhan do similar behavior, but he is actually quite cute, mainly because of his beautiful fingers, which warms the heart and delights the eye no matter how you look at them.

ရှန်းယုဟန်က အလွန်အဆင့်မြင့်သော ကိုယ်ဟန်ရှိနေပြီး သူ့ဘေးတွင်ထိုင်နေသော ရှန်ချီဟွမ်းက ခဏလောက် ဆွဲဆောင်ခံလိုက်ရသည်။ သူ့ကြည့်ရတာ ရှန်းယုဟန်ကို ဤပုံစံဖြင့်မြင်ရတာရှားသော်လည်း သူက အတော်လေးချစ်ရာကောင်းနေပြီး အထူးသဖြင့် လက်ချောင်းလှလှလေးများက ဘယ်လိုပဲကြည့်ကြည့် နှလုံးသားကိုနွေးစေပြီး မျက်လုံးကို ကြည်စေသည်။

He watched Shen Yuhan gently place his fingers on the strings, and play the first note.

သူက ရှန်းယုဟန် ကြိုးပေါ်မှာ လက်ကို ညင်ညင်သာသာ တင်ပြီး ပထမမှတ်စုကို တီးခတ်နေတာကို ကြည့်လိုက်သည်။

The last time Shan Qihuan listened to this piece of music, was when he felt physically and mentally tired, at that time, he didn’t pay too much attention to what he was listening to, he only knew that after listening to it, his body and mind became lighter, and all the unpleasantness he encountered during the day were temporarily forgotten by him.

နောက်ဆုံးအကြိမ် ရှန်ချီဟွမ်း ဤဂီတအပိုင်းအစကို နားထောင်ခဲ့သည်မှာ စိတ်ရောလူရော ပင်ပန်းနေချိန်ဖြစ်ပြီး ထိုအချိန်က သူနား​ထောင်နေတာကို အာရုံသိပ်မစိုက်ခဲ့ပေ။ သူက နား​ထောင်ပြီးမှသာ သူ့စိတ်နဲ့ခန္ဓာကိုယ် ပေါ့ပါးသွားတာကို သိခဲ့ရပြီး ထို့နေ့က ကြုံတွေ့ခဲ့သော မကျေနပ်မှုအားလုံးကို ခေတ္တမေ့ပျောက်သွားခဲ့သည်။

As he listened, he became fascinated.

သူနား​ထောင်ရင်း စွဲလမ်းလာခဲ့သည်။

Shan Qihuan himself also turned on his mobile phone and recorded this complete piece of music, of course, he also did this as insurance, after all, he was a businessman, so he still had to keep an eye out for his wife, they are not familiar with Director Fang and the others, what if they go back on their words and refused to acknowledge Shen Yuhan’s contribution? When the time comes, they will have nothing to say, so just in case, they can leave a way out for themselves.

ရှန်ချီဟွမ်းက ဖုန်းကိုဖွင့်ကာ ဤပြီးပြည့်စုံသော ဂီတအပိုင်းအစကို ရိုက်ကူးလိုက်သည်။ သေချာသည်မှာ သူဒီအရာကို အာမခံအနေနဲ့လုပ်နေတာဖြစ်ပြီး သူက စီးပွားရေးသမားဖြစ်တာကြောင့် သူ့ဇနီးလေးအတွက် စောင့်ကြည့်ပေးရမည်။ သူတို့က ဒါရိုက်တာဖန့်တို့နဲ့မရင်းနှီးပေ။ သူတို့စကားကို ပြန်ရုတ်သိမ်းပြီး ရှန်းယုဟန်ရဲ့ ပံ့ပိုးမှုကို အသိအမှတ်ပြုဖို့ ငြင်းဆိုခဲ့ရင် ဘယ်လိုလုပ်မလဲ? အချိန်ရောက်လာရင် သူတို့ ပြောစကားမရှိအောင် လိုရမယ်ရ ကိုယ့်အတွက် လမ်းကြောင်းချန်ထားရမည်။

&&&&&&&&&&&

Chapter 69.2

“တဒင်္ဂဆိုပေမယ့် ခဏပါ”

တိတ်ဆိတ်ငြိမ်သက်နေသော အခန်းကျယ်ကြီးတွင် ချင်တီးခတ်သံက ပဲ့တင်ထပ်နေပြီး တေးသွားက ငြိမ့်ငြောင်းကာ တစ်ခါတစ်ရံ စိတ်ပေါ့ပါးစေပြီး တစ်ခါတစ်ရံ ဝမ်းနည်းဖို့ကောင်းသည်။ ယင်းမှာ ကြည်နူးစရာကောင်းပြီး နား​ထောင်သူကို တေးသွားနှင့်အတူ မျောပါသွားစေပြီး နက်ရှိုင်းသော စိတ်ကူးယဥ်အတွေးများမှာ နစ်မွှန်းစေသည်။ တစ်နည်းအားဖြင့် သူတို့စိတ်ထဲမှာ ဇာတ်လမ်းတစ်ပုဒ်ရှိနေလေ၏။

အစပိုင်းမှာ ပေါ့ပါးသောတေးသွား ပေါ်လာသောအခါ လှပသော စိတ်ကူးယဥ်မှုများနှင့် အရှက်ကြီးသည့်မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့ပုံရသည်။ သူမက ကျေးလက်မှာ လွတ်လွတ်လပ်လပ် ပြေးနေပြီး ငှက်များကို အဖော်ပြုကာ ပန်းပွင့်များကြားက တိရစ္ဆာန်လေးများနှင့်အတူ ဆော့ကစားနေပြီး သူမဘဝက လှပပျော်ရွှင်နေသည်။

သို့သော် ချင်တီးခတ်သံက ရုတ်ချည်းလျင်မြန်လာပြီး ဝမ်းနည်းကြေကွဲစရာကောင်းလာသည်။ မိန်းကလေး၏မိသားစုတွင် အပြောင်းအလဲကြီးရှိခဲ့ပုံရပြီး သူမမလုပ်ချင်တာကို အတင်းလုပ်ခိုင်းနေပုံပင်။ ထိုအချိန်မှစ၍ သူမက ခက်ခဲကြမ်းတမ်းစွာ ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။ သူမက လမ်းခရီးမှာ ရိုင်းစိုင်းသူများနှင့် တွေ့ခဲ့ပေမယ့် ထိုကပ်ဘေးမှလွတ်မြောက်လာကာ နာကျင်တာထက် ပို၍ ထိတ်လန့်နေခဲ့သည်။ သူမက ကြင်နာတတ်သော လူတစ်ယောက်ဆီက ငွေသားလက်ဆောင်ကိုရရှိခဲ့ပြီး ထိုအရာက သူမ၏ အခက်ခဲဆုံးအခြေအနေများကို ကျော်ဖြတ်ဖို့ ကူညီပေးခဲ့သည်။

တေးသွားက နောက်တစ်ကြိမ် ပျော့ပြောင်းလာပြီး အပြစ်ကင်းစင်သော ပေါ့ပါးမှုမရှိတော့သလို သနားစရာ ဒုက္ခဆိုးများလည်း မရှိတော့ပဲ သူမက ငြိမ်းချမ်းသွားခဲ့သည်။ ထိုသည်မှာ မိန်းကလေးဘဝ၏ တတိယအဆင့်ဖြစ်ပြီး သူမဘဝက ​အေးချမ်းလာကာ သူမက ပန်းတိုင်ရှိလာခဲ့သည်။ သူမက နောက်ဆုံးမှာ ဤကမ္ဘာ၏ ဒုက္ခများမှ လွတ်မြောက်သွားခဲ့သည်။

နားထောင်နေသော ဒါရိုက်တာဖန့်နှင့် တ​ခြားသူများ၏ မျက်လုံးများက နီရဲလာပြီး ချင်သံက ကြိုးစားဖော်ပြနေသော ပုံပြင်ကို သူတို့ကြားနိုင်ပြီး ယင်းမှာ လှပပေမယ့် အကူအညီမဲ့သည်။

သူမသာ ခေတ်သစ်မှာ နေထိုင်နေမယ်ဆိုရင် ပိုပျော်ရွှင်ပြီး ပိုပြည့်စုံသောဘဝကို ရနိုင်ပေမည်။

နောက်ဆုံးမှတ်စု တီးခတ်ရာမှာ ရှန်းယုဟန်၏လက်ချောင်းများက လေထဲမှာရပ်သွားပြီး နှစ်စက္ကန့်အကြာမှာ သူတို့က အားနည်းသွားကြသည်။ သူက မျက်လုံးမှိတ်ကာ သူ့ခံစားချက်ကို ဖယ်ထုတ်လိုက်ပြီး မျက်လုံးပြန်ဖွင့်လိုက်စဥ် ရှန်ချီဟွမ်း၏ဇနီးအဖြစ်သို့ ပြန်ရောက်ရှိလာခဲ့သည်။

ရှန်ချီဟွမ်းက အံ့အားသင့်နေသည်။ တူညီသောတေးသွားက ချင်တီးခတ်ရာမှာ ခံစားချက်အမျိုးမျိုးကို ပေးစွမ်းခဲ့သည်။ သူ့ဇနီးရဲ့ချင်စွမ်းရည်က မြင့်မားလွန်းနေတယ်မလား?

သို့သော် သူနားထောင်နေစဥ် လူငယ်လေးတစ်​ယောက်၏ဇာတ်လမ်းက သူ့စိတ်ထဲမှာပေါ်လာပြီး သူက ရှန်းယုဟန်၏ {နွေဦးစတင်ချိန်}၊ {ဆောင်းယဥ်စွန်ချိန်}နှင့် {လေဟာပြင်​စျေး} ကို တွေးမိသွားပြီး တစ်ဖက်သက်ဖြစ်နေသော ဇာတ်ကောင်၏နောက်ခံကို ဆက်စပ်နိုင်ခဲ့သည့်အပြင် ပန်းချီကားထဲက လူငယ်လေး၏ ကြီးပြင်းလာမှုကိုပါ မြင်ခဲ့ရသည်။

သူက အပူအပင်ကင်းသောဘဝမှာ နေထိုင်လေ့ရှိပြီး ဆောင်းရာသီမှာ သူ့ကြောင်လေးနဲ့အတူ မီးလှုံကာ နွေရာသီမှာ အစေခံများ၏ ဝန်းရံခံထားရပေမယ့် လွတ်လွတ်လပ်လပ်ကစားနေခဲ့သည်။ သို့ပေသိ သူ့ဘဝက ရုတ်တရက်ပြောင်းလဲသွားပြီး သူ့အိမ်နှင့်ဝေးရာကို ထွက်သွားခဲ့ရသည်။ သူက ဘယ်တော့မှ ပြန်မလာနိုင်တော့ပဲ ထိုနေရာမှာ အများကြီးသင်ယူခဲ့ရပြီး အများကြီးကြုံတွေ့ခဲ့ရသည်။ သူ့စိတ်က အတက်အကျဖြစ်နေပြီး တစ်ခါတစ်ရံဝမ်းနည်းကာ တစ်ခါတစ်ရံပျော်ရွှင်သည်။ အဆုံးမှာ သူက လူငယ်လေး ပျော်ရွင်နေတယ်လို့သာ တွေးလိုက်သည်။

လူတစ်ထောင်၏မျက်လုံးထဲမှာ ဇနပုဒ်တစ်​ထောင်ရှိတယ်ဆိုတာ ဒါကိုဆိုလိုတာဖြစ်ပေမည်။

“မင်း တီးခတ်လို့ပြီးသွားပြီလား?” ဒါရိုက်တာဖန့်က ပို၍တောင့်တနေခဲ့သည်။

ရှန်းယုဟန်က ယဥ်ယဥ်ကျေးကျေး ခေါင်းညိတ်လိုက်သည်။ “ပြီးသွားပြီ၊ ဒါက အပိုင်းတစ်ခုလုံးပါ။”

ဒါရိုက်တာဖုန့်နဲ့ တ​ခြားသူများက တေးသွားကို အပြည့်အစုံရရှိခဲ့ပြီး ယခုချိန်မှာ သူတို့ကပျော်လွန်းလို့ ချက်ချင်းပြန်ပြီး နက်နက်နဲနဲ လေ့လာချင်နေသည်။

“ကျေးဇူးပါ၊ ကျေးဇူးအများကြီးတင်ပါတယ်” သူ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုက ဖိနှိပ်ထားလို့မရသဖြင့် သူက ရှေ့တိုးကာ ရှန်းယုဟန်ကို လက်ကမ်းပေးလိုက်၏။ သေချာတာက ရှန်းယုဟန်သည် အမျိုးသားတစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်ဖို့ ဆန္ဒမရှိပေ။ ရှန်ချီဟွမ်းက သူ၏ခုခံမှုကို သတိထားမိခဲ့ပြီး သူကလည်း သူ့ဇနီးကို တခြားသူများနှင့် လက်ဆွဲနှုတ်ဆက်တာကို မလိုလားပေ။ ဒါ​ကြောင့် သူက ရှန်းယုဟန်ကိုယ်စား ဒါရိုက်တာဖန့်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး အခြေအနေကို နေရမခက်အောင် တားလိုက်နိုင်သည်။

ရှန်ချီဟွမ်းက ရုံးသုံးဘာသာစကားဖြင့် ပြောလိုက်သည်။ “ရပါတယ်၊ ဒါကရှောင်ဟန်လုပ်သင့်တာပါ။ သူက ကျွန်တော်တို့နိုင်ငံရဲ့ ရိုးရာယဥ်ကျေးမှုကို နည်းနည်းလောက် ပံ့ပိုးပေးခဲ့ရုံပါ၊ အကူအညီဖြစ်သွားတာ ကောင်းပါတယ်။”

ထိုမှသာ ဒါရိုက်တာဖုန်းက သူ့အပြုအမူ မသင့်လျော်တာကိုသိသွားပြီး ရှန်းယုဟန်က ရှန်ချီဟွမ်း၏ ကာကွယ်ပေးခြင်းခံခဲ့ရကာ သူတို့က အကြင်လင်မယားဖြစ်တာကြောင့် သူက ရုတ်တရက်ဆန်သွားသလို ဖြစ်သွားခဲ့သည်။

ရှန်းယုဟန်က သူ့တာဝန်ပြီးသွားပေမယ့် အချိန်က အတော်လေးနောက်ကျနေပြီဖြစ်၍ သူနဲ့ ရှန်ချီဟွမ်းက အိမ်ပြန်ရတော့မှာပင်။

သူတံခါးနားကိုရောက်တော့ ဒါရိုက်တာဖန့်က ရုတ်တရက် ပြေးထွက်လာပြီး ရှန်းယုဟန်ကို တားကာ မေးလိုက်၏။ “ရှောင်ဟန်….သီချင်းနာမည်ကဘာလဲ?”

ရှန်းယုဟန် ဂီတရမှတ်ကို ရခဲ့တုန်းက နာမည်မပါခဲ့ပေ။

သူက ခဏလောက်စဥ်းစားပြီး ရုတ်တရက်ပြုံးလိုက်သည်။ “တဒင်္ဂဆိုပေမယ့် ခဏပါပဲ။”

နောက်နေ့မနက်မှာ ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ဒါရိုက်တာဖန့်နှင့် တခြားနှစ်ယောက်ကို ပြန်ပို့လိုက်ပြီး အချိန်က နှစ်သစ်ကူး၏ ၃၀ရက်မြောက်ဖြစ်လေသည်။

ရှန်းယုဟန်က အိမ်တွင် ကဗျာနှင့်မီးပုံးကို ချိတ်ဆွဲထားပြီး အရင်ကဆိုရင် ဤအရာများကို အစေခံကလုပ်တာဖြစ်ပေမယ့် ယခုချိန်မှာတော့ သူကိုယ်တိုင်လုပ်နေပြီး ရှန်ချီဟွမ်းက ဘေးမှာရှိနေလို့ ထူးခြားနေသည်။ သူက ကိုင်ထားပြီး ဘယ်နှင့်ညာကူညီပေးနေစဥ် တကယ်လုပ်ခဲ့သူက ရှန်ချီဟွမ်းသာဖြစ်သည်။

ရှန်းယုဟန်က ခေါင်း​မော့ကာ ပြောလိုက်သည်။ “ယောကျာ်း၊ ဘယ်ဘက်နည်းနည်းကပ်လိုက်။”

ရှန်ချီဟွမ်းက ဘယ်ဘက်နည်းနည်းတိုးလိုက်သည်။ “ဒီလိုလား?”

ရှန်းယုဟန်က မမှန်ဘူးလို့ထင်ပြီး ထပ်ပြောလိုက်သည်။ “ညာနည်းနည်းရွှေ့မှ မှန်မယ်ထင်တယ်။”

ရှန်ချီဟွမ်းက ခေါင်းငုံ့ကာ မေးလိုက်သည်။ “ဘယ်လား ညာလား?”

ရှန်းယုဟန်: “အဲ့လို​၊ အဲ့လို!”

နောက်ဆုံးမှကျေနပ်သွားပြီး ရှန်ချီဟွမ်းက သူညွှန်ပြသည့်အတိုင်း ကဗျာစာတန်းကို တပ်ဆင်လိုက်သည်။

ယခင်နှစ်များမှာ ငြိမ်သက်အေးစက်သော နှစ်ဖြစ်ပေမယ့် ယခုနှစ်ကတော့ ထူးခြားလာခဲ့သည်။

ရှန်မိသားစုက နှစ်စဥ်နှစ်တိုင်း သူတို့၏ဘိုးဘွားများကို ကန်တော့လေ့ရှိပြီး သူတို့နှစ်ယောက် ကဗျာစာတန်းကပ်ပြီးတာနဲ့ ဘိုးဘေးများကိုကန်တော့ဖို့ ရှန်မိသားစု၏ ဘိုးဘွားပိုင်ခန်းမကို သွားရမှာဖြစ်သည်။ ရှန်ထျန်းဖုန်းနှင့် ရှန်ချီယွမ်က ယခုနှစ်မှာ ကျန်းမာရေးမကောင်းတာကြောင့် ယခုနှစ်၏ ဘိုးဘေးကန်တော့ပွဲကို ရှန်မိသားစု၏အန်ကယ်က ဦးဆောင်ကျင်းပမှာဖြစ်သည်။ ရှန်ချီဟွမ်းက သူတို့၏အကိုင်းအခက်ကို ကိုယ်စားပြုပြီး အိမ်တော်သုံးအိမ်က ညီအစ်ကိုများမှာ သူ့နောက်ကိုသာ လိုက်လို့ရမည်။

ရှန်ချီဟွမ်းနှင့် တရားဝင်လက်ထပ်ထားသော ရှန်းယုဟန်က ယခုနှစ်မှာရှိနေလို့ရသည်။

ဘိုးဘွားပိုင်ခန်းမနေရာက ကျန်းမြို့တော်၏ မြို့ပြဧရိယာမှာမဟုတ်ပဲ တောင်ပေါ်မှာ ဆောက်ထားတာဖြစ်၍ သူတို့ကားပေါ်ကဆင်းပြီး လမ်းအနည်းငယ်လျှောက်ဖို့လိုသည်။

အပြင်မှာအေးခဲနေပြီး ရှန်းယုဟန်က သူ့ကုတ်အင်္ကျီကိုတင်းတင်းဖက်ကာ ဘိုးဘွားပိုင်ခန်းမကို တစ်ဆင့်ချင်းလျှောက်လာပြီး မောဟိုက်နေသည်။

ရှန်ချီဟွမ်းက သူ့လက်ကိုဆွဲကာ ပြောလိုက်သည်။ “မင်းပင်ပန်းနေပြီလား?”

“မဆိုးပါဘူး။” ရှန်းယုဟန်က အတန်ငယ် အသက်ရှူမဝဖြစ်နေ၏။

ရှန်ချီရှင်းက ခါး​ထောက်ကာ ပြောလိုက်သည်။ “မရီး၊ ခင်ဗျားလေကျင့်ခန်းမလုပ်ဘူးလား၊ အိမ်မှာနေ့တိုင်းမနေသင့်ဘူး။ အပြင်ထွက်ပြီး လမ်းများများလျှောက်။”

ရှန်းယုဟန်က သူပြောတာ ကျိုးကြောင်းဆီလျော်တယ်လို့ တွေးလိုက်သည်။ “ဒါဆိုနှစ်သစ်ပြီးရင် ငါလမ်းလျှောက်ထွက်မယ်။”

ရှန်ချီဟွမ်းက ရှန်ချီရှင်းကို မျက်စောင်းထိုးလိုက်သည်။ “ဆူညံတယ်” သူ့ဇနီးအိမ်မှာနေတာ ဘာမှားလို့လဲ။

သူတို့ရောက်တော့ ရှန်ချီယွမ်နှင့် အိမ်တော်များစွာက တခြားလူတွေ ရောက်နှင့်နေပြီးဖြစ်၏။

ဘိုးဘေးကန်တော့ပွဲလုပ်ငန်းစဥ်က ပြဿနာတစ်စုံတစ်ရာမရှိပဲ ချောချောမွေ့မွေ့ ပြီးသွားခဲ့သည်။

ယခင်နှစ်များနှင့် နှိုင်းယှဥ်ပါက တခြားအိမ်တော်သုံးအိမ်က ညီအစ်ကိုများ၏မျက်နှာသည် ပိုတောက်ပနေပြီး သူတို့၏ ​မောက်မာသောအာရုံမှာ ပို၍သန်မာလာသည်။ အထူးသဖြင့် ချီမိသားစု၏အကူအညီရထားသော ရှန်ချီယွင်က ရှန်ချီဟွမ်းကို စိန်ခေါ်ရဲရုံတင်မကပဲ သူ့ကိုနင်းချေပစ်ဖို့ အကြံအစည်လည်းရှိ၏။ ရှန်ချီဟွမ်းက သူ့ကိုဂရုမစိုက်သလို အကြည့်တစ်ချက်တောင််မပေးပေ။

ညနေမှာ လူတိုင်းက ရှန်အိမ်တော်ကိုပြန်ကြပြီး နှစ်သစ်ကူးညစာအတွက် ရှန်ထျန်းဖုန်းကို အဖော်ပြုပေးရန် အိမ်ပြန်ခဲ့တာဖြစ်၏။

ရှန်ချီရှင်းက ရှန်ချီဟွမ်း၏အနောက်ကနေ လိုက်လာခဲ့ပြန်၏။

သူတို့က ဖက်ထုပ်အတူစားကာ နှစ်သစ်ကူးပွဲတော်ကိုကြည့်ခဲ့သည်။ ရှန်ချီရှင်းက ဆိုဖာပေါ်မှာ တစ်ယောက်တည်းထိုင်နေပြီး ရှန်းယုဟန်နှင့်ရှန်ချီဟွမ်းက အတူထိုင်ကာ ရှန်ချီရှင်းက နွေဦးပွဲတော်ကို မကျေမနပ်ပြောဆိုနေသည်။

(နှစ်သစ်ကူးပွဲတော်=နွေဦးပွဲတော်)

“ဒီဲပွဲက ဘယ်လိုကြီးလဲ?”

“ဒီနှစ်ဖိတ်ခေါ်ထားတာက အကုန် traffic တွေကြီးပဲ၊ ဒါရိုက်တာက trafficမှန်းတောင်မသိဘူး။ ဒီနှစ်ရဲ့ဒါရိုက်တာက မကောင်းဘူး။ အစားထိုးဖို့လိုအပ်တယ်။ ဖွဲ့စည်းပုံကသေးလွန်းတယ်။”

ရှန်းယုဟန်က ရုတ်တရက်​မေးလိုက်သည်။ “ယောက်ဖ၊ မင်းလည်း traffic ပဲ​၊ မင်းကိုဘာလို့မဖိတ်တာလဲ?”

ရှန်ချီရှင်းက ထိုမေးခွန်းကြောင့် စွန့်အသွားသည်။ ဒါကအနာကိုတုတ်နဲ့ထိုးလိုက်တာပဲ….

ဒီလိုမျိုးခေတ်သစ်နွေဦးပွဲတော်ကို သူ့မျိုးရိုးနာမည်က ရှန်ဖြစ်နေ၍ သွားလို့မရပေ။

ရှန်ချီရှင်းက တတိယမရီး၏အထိုးခံရခဲ့ရသည့် နာကျင်မှုကိုမေ့ကာ ပြောလိုက်သည်။ “တတိယအစ်ကို၊ တတိယမရီး…. ကျွန်တော် နောက်နှစ်လလောက်မှာ ပရိုဂရမ်တစ်ခုကို ရိုက်ကူးတော့မှာ။ ပြီးတော့ ကျွန်တော့်မိသားစုနဲ့ တွဲဖက်ရိုက်ကူးဖို့လည်းလိုတယ်။ ဒါကြောင့် ကျွန်တော်ဒီမှာရိုက်လို့ရမလား?”

ရှန်ချီဟွမ်းက နေရာမှာတင်ငြင်းချင်ပေမယ့် အရင်မေးလိုက်သည်။ “အစ်ကိုကြီးဆိုရင် ပိုသင့်တော််မယ်မထင်ဘူးလား?”

ရှန်ချီရှင်းက အံ့အားသင့်သွားသည်။ “မလုပ်ပါနဲ့၊ သူ့မိသားစုမှာ ရိုက်စရာဘာမှမရှိတာကို၊ ပြီးတော့ အစ်ကို​ကြီးကလည်း ကျန်းမာရေးမကောင်းဘူးလေ”

ရှန်ချီဟွမ်းက ရှန်းယုဟန်၏အမြင်ကို မေးရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။ “မင်းဘယ်လိုထင်လဲ?”

ရှန်းယုဟန်က ဘာကိုရိုက်မှာလဲမသိသဖြင့် ပေါ့ပေါ့တန်တန် ပြောလိုက်သည်။ “ငြင်းစရာမရှိပါဘူး။”

ရှန်ချီဟွမ်းက ရှန်ချီရှင်းနှင့် သဘောတူညီချက်ပြုလုပ်ခဲ့သည်။ “ရိုက်ကူးလို့ရပေမယ့် မထုတ်လွှင့်ခင်မှာ ငါ့ဘက်က ပြန်စစ်ဆေးမယ်။ ဒါကိုမင်းစာချုပ်ထဲမှာရေးလိုက်၊ မဟုတ်ရင်တော့ မင်းဒီရှိုးမှာ ပါဝင်ဖို့မစဥ်းစားနဲ့။” ရှန်းယုဟန်၏မျက်မှာကို ပြခွင့်မပြုနိုင်ဘူး။ သူက အင်တာနက်သုံးစွဲသူတွေ သူ့ဘဝကို နှောင့်ယှက်လာမှာကိုမလိုချင်ပေ။

“ကောင်းပြီ၊ကောင်းပြီ၊ကောင်းပြီ” လိုချင်သည့်အဖြေကိုရခဲ့သော ရှန်ချီရှင်းက ရယ်မောလိုက်သည်။

ရှန်းယုဟန်က တစ်ညလုံးမအိပ်ပဲ နိုးကြားနေပြီး သူတို့သုံးယောက်က နာရီသုညမထိမချင်း အတူနေခဲ့ကြသည်။

ရှန်ချီရှင်းက ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းဆီက စာအိတ်နီကိုရရှိခဲ့ပြီး သူက စာအိတ်နီကိုယူကာ ရုတ်တရက်မျက်နှာလွှဲပြီး အပေါ်ထပ်ကိုတက်ပြေးသွားသည်။

“ကျွန်တော်အိပ်တော့မယ်၊ ကောင်းသောညပါ။”

သူ့တတိယအစ်ကိုနှင့် တတိယမရီး၏ မြင်ကွင်းမှထွက်လာကာ မျက်လုံး​ထောင့်ကိုသုတ်လိုက်သည်။

ဘာလို့မှန်းမသိပေမယ့် သူရုတ်တရက်ငိုချင်လာသည်။

ရှန်ချီရှင်း သူ့အခန်းထဲပြန်သွားတော့ ရှန်ချီဟွမ်းက သူ့အိတ်ကပ်ထဲက စာအိတ်နီကိုထုတ်ပြီး ရှန်းယုဟန်ကို ပေးလိုက်သည်။ “မင်းအတွက်”

ရှန်းယုဟန်က ခဏတာအံ့အားသင့်နေပြီး သူလည်း သူ့အိတ်ကပ်ထဲက စာအိတ်အထူကိုထုတ်ကာ သူ့လက်ထဲထည့်ပေးလိုက်သည်။ “ယောကျာ်း၊ ပျော်ရွှင်စရာနှစ်သစ်ကူးပါ။”

ရှန်ချီဟွမ်းက စာအိတ်နီကိုဖယ်ကာ ရှန်းယုဟန် အာရုံစိုက်မနေသောအချိန်မှာ ပွေ့ချီလိုက်​ပြီး အပေါ်ထပ်တက်သွားသည်။ သူက ခြေလှမ်းတစ်လှမ်းဖြင့် လှေကားသုံးဆင့်ကျော်ပြီး အခန်းထဲပြန်ဖို့ စိတ်လှုပ်ရှားနေသည်။ ရှန်းယုဟန်က တိုးတိုးလေးအော်လိုက်ပေမယ့် ယောကျာ်းလို့တောင် မခေါ်တော့ပေ။ “ရှန်ချီဟွမ်း……အောက်ချပေး!”

ရှန်ချီဟွမ်းက ရှန်းယုဟန်၏ဖင်ကို ပွတ်သပ်လိုက်သည်။ “အရမ်းအတင့်ရဲတာပဲ၊ ယောကျာ်းလို့ခေါ်။”

ရှန်းယုဟန်က နှုတ်ခမ်းကိုဖိပြီး ကုတင်ပေါ်လှဲချမခံရခင်အထိ လုံးဝခေါ်မလာခဲ့ပေ။ ထို့နောက် သူက ရှန်ချီဟွမ်း၏လည်ပင်းကို ဖက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ “ယောကျာ်း။”

ရှန်ချီဟွမ်းက ခေါင်းငုံ့ကာ သူ့နှုတ်ခမ်းထောင့်ကိုနမ်းလိုက်သည်။ “အွန်း?”

ရှန်းယုဟန်က သူ့နှုတ်ခမ်းသူလျက်လိုက်သည်။ “ကျွန်တော်ခင်ဗျားကိုလွမ်းတယ်။”

ဒီနှစ်ဟာရိုးရှင်းပြီး ဟန်ဆောင်မှုမရှိပဲ နေရာတိုင်းမှာ နွေးထွေးနေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment