Chapter 70.1
“ဇနီးလေး၏ပထမဆုံးအလုပ်ခရီး”
ခေတ်သစ်ကမ္ဘာရှိ ရှန်းယုဟန်၏ပထမဆုံးနှစ်က အတော်လေးပျော်စရာကောင်းခဲ့ပြီး သူက ခေတ်သစ်လူနေမှုဘဝကို တဖြည်းဖြည်းဝင်ရောက်ကာ ရှန်ချီဟွမ်း၏ ဆွေမျိုးများကို သေချာသိလာပြီး တခြားသူများကို စိတ်ရင်းနဲ့ ဆက်ဆံခဲ့သည်။
နှစ်သစ်ကူး၏ ပထမရက်အနည်းငယ်မှာ သူတို့အားလုံး အပြင်အတူထွက်ခဲ့ကြပြီး ရှန်ချီရှင်းက သူတို့အိမ်မှာနေသည်။
နှစ်သစ်ကူး၏ပထမရက်မှာ အန်တီက နှစ်သစ်ကူးကျင်းပဖို့ အိမ်ပြန်သွားခဲ့ပြီး ချက်ပြုတ်နိုင်တာက ရှန်းယုဟန်တစ်ယောက်သာရှိသည်။ သူက ချီတိုင်းပြည်၏ဟင်းလျာများကို စားပွဲအပြည့်ချက်ထားပြီး ပါဝင်ပစ္စည်းအားလုံးကိုလည်း ချီတိုင်းပြည်၏ နည်းလမ်းအတိုင်းသုံးထားခဲ့သည်။ ဒီမှာပိုအဆင်ပြေသည်မှာ ဂက်စ်မီးဖိုရှိတာကြောင့် မီးမွှေးဖို့မလိုပေ။ ဒီနေ့အတွက် သူ့ဟင်းလျာတစ်မျိုးက ချီတိုင်းပြည်၏ချက်နည်းအတိုင်း ချက်ပြုတ်ထားသော ဆိတ်သားပြုတ်ဟင်းဖြစ်ပြီး ရှန်းယုဟန်က ဟင်းခတ်အမွှေးအကြိုင်များကိုရှာဖို့ ဟင်းခတ်အမွှေးအကြိုင်စျေးကိုသွားခဲ့သည်။ နာမည်တစ်ချို့ကတော့ ပြောင်းသွားသဖြင့် သူက အင်တာနက်မှာ ခေတ်သစ်နာမည်များကိုရှာဖို့ အချိန်အတော်ယူခဲ့ရ၏။
ဆိတ်သားပြုတ်ဟင်းကိုချက်တာအပြင် သေချာပြင်ဆင်ထားသော တခြားဟင်းပွဲများ၊ အကြော်ပွဲတချို့၊ ပေါင်းထားသောဟင်းပွဲတစ်ချို့လည်းရှိသည်။ စားသောက်ကုန်က ကြွယ်ဝပြီး ကောက်ပဲသီးနှံ၏ အရောင်မျိုးစုံက ကောက်ပဲသီးနှံ ရိတ်သိမ်းမှု ပေါများခဲ့ကြောင်း ဖော်ပြနေသည်။ အသားနဲ့ ကောက်ပဲသီးနှံကို ရောစားတာက ကျန်းမာရေးနဲ့ညီညွတ်၏။
ရှန်းယုဟန်က နေ့လည်သုံးနာရီမှာ လူသုံးယောက်အတွက် ဟင်းပွဲများကို စတင်ပြင်ဆင်ခဲ့ပြီး ရှန်ချီဟွမ်းက ဘေးကကူပေးကာ ရှန်ချီရှင်းက ခွေးလျှာလို စားပြီး ချီးကျူးပေးဖို့သာ တာဝန်ရှိသည်။
“မရီး၊ ခင်ဗျားက ဝက်သားနီဟင်းလျာကိုလည်း ချက်တတ်တာပဲ၊ ဒါကအရမ်းကောင်းတာပဲ!”
ရှန်းယုဟန်က သူ့ချီးကျူးမှုကိုလက်ခံခဲ့သည်။ “မဆိုးဘူး။ ယောက်ဖ၊ မင်းက ပိန်းဥနည်းနည်းခွာပေး၊ ငါက မင်းအတွက် ဝက်သားပြုတ်ပေးမယ်”
ရှန်ချီရှင်းက လူသစ်လေးနဲ့တူသည်။ “အွန်း၊အွန်း၊အွန်း…..ဒီကြာစွယ်ကဘာအတွက်လဲ?”
အေပရွန်ဝတ်ထားသောရှန်းယုဟန်က ကြာစွယ်လှီးနေသည်။ “ငါ ကြာစွယ်အစာသွပ်လုပ်မလို့၊ သူတို့ကိုဝက်သားနဲ့သွပ်မှာ၊ မင်းစားလို့ရလား?”
ရှန်ချီရှင်းက သူ့ပါးစပ်ထောင့်ကို သုတ်လိုက်သည်။ “စားလို့ရလား၊ ကျွန်တော်ရှုတင်မှာ နေ့တိုင်းကောင်းကောင်းမစားရဘူး။ နှစ်သစ်ကူးမှာတော့ အငတ်မခံချင်ဘူး။ ကျွန်တော့်မန်နေဂျာက ဆူမှာမဟုတ်ပါဘူး။”
“အို၊ မင်းမန်နေဂျာဆူလည်း ငါဂရုမစိုက်ပါဘူး။” ရှန်းယုဟန်….ဒီမရီးက အတော်လေးရက်စက်တာပဲ….. ရှန်ချီဟွမ်းဆီက သင်ထားတာပဲဖြစ်ရမယ်။”
ရှန်ချီဟွမ်းက စကားများနေသော သူ့ညီဲကြောင့် စိတ်ပျက်နေသည်။ “မင်းရဲ့မရီးက မင်းကိုပိန်းဥခွာခိုင်းတာကို မင်းက စကားများနေတယ်။”
“တတိယအစ်ကို၊ အသားလှီးဖို့သာ ဂရုစိုက်ပါ။ ကျွန်တော့်ကိုဆရာမလုပ်နဲ့။” ရှန်ချီရှင်းက သူ့တတိယအစ်ကို suit ချွတ်ထားတာကို သိပ်မမြင်ဖူးပေ။ သူက အင်္ကျီလက်ကိုတင်ကာ အသားလှီးနေသည်။ နှစ်ဝက်မပြည့်ခင်မှာ သူ့တတိယအစ်ကိုက အများကြီးပြောင်းလဲသွားလို့ သူ့အရင်အကျင့်စရိုက်ကိုတောင် မမှတ်မိတော့ပေ။
“ပြန်ပြောရဲသေးတယ်ပေါ့!” ရှန်ချီဟွမ်းက အသားလှီးနေသောဓားကို ထောင်ပြလိုက်သည်။ အိမ်မှာအသားကြိတ်စက်ရှိပေမယ့် သူ့ဇနီးက လက်နဲ့လှီးရင် အရသာပိုကောင်းတယ်လို့ပြောလာသည်။ ကြိတ်သားမှာ အသက်လည်းမရှိပဲနဲ့ အခု သူက သူ့အသက်မထွက််ခင်အထိ လှီးပေးရဦးမည်။
ရှန်ချီရှင်းက သူ့တတိယအစ်ကိုနဲ့ ရန်မဖြစ်ရဲပဲ ပိန်းဥကိုသာ နာနာခံခံ ခွာလိုက်သည်။
ရှန်းယုဟန်၏ဦးဆောင်မှုအောက်မှာ နှစ်သစ်ကူးညစာက လူသုံးယောက်၏ ပံ့ပိုးကူညီမှု ပါလာခဲ့သည်။ လူတိုင်းက တစ်ပိုင်းစီတာဝန်ယူပြီး ဒီညစာက အထူးအဓိပ္ပါယ်ရှိလာသည်။
သူတို့သုံးယောက်က စားသောက်ပြီးတော့ ရှန်ချီဟွမ်းနှင့် ရှန်ချီရှင်းက ဆိုဖာပေါ်မှာလှဲကာ မလှုပ်ချင်တော့ပေ။
ရှန်ချီရှင်းက သူ့ဗိုက်ဖောင်းဖောင်းလေးကို ပွတ်လိုက်သည်။ “ကျေနပ်တယ်”
ရှန်ချီဟွမ်း၏မျက်လုံးက ဗလာကျင်းနေပြီး သူကဗိုက်အရမ်းပြည့်နေတာကြောင့် လည်ပင်းထိရောက်လုနီးပါးပင်။ သူက လေ့ကျင်ခန်းစလုပ်တည်းက ဒီလောက်အများကြီးမစားဖူးပေ။
သူ့ဇနီးက အလွန်အရည်အချင်းရှိရုံမကပဲ အချက်အပြုတ်လည်းတော်သည်။ ဒီလိုဇနီးက သူနဲ့သာအပြည့်အဝသက်ဆိုင်ပြီး စဥ်းစားလိုက်ရုံနဲ့ ရယ်မောစေသည်။
ရှန်းယုဟန်က သူ့ခင်ပွန်း မိန်းမောတွေဝေနေတာကို အခွင့်အရေးယူကာ ဖောင်းနေသောသူ့ဗိုက်ပေါ်ကို လက်တင်လိုက်သည်။ “ယောကျာ်း၊ အစာကြေအောင် ပန်းကန်နဲ့တူတွေကို သွားဆေးလိုက်။”
ရှန်ချီဟွမ်းက တစ်ဖက်ခြမ်းမှာမှီနေသော ရှန်ချီရှင်းကို ကန်ပြီး ပြောလိုက်သည်။ “ရှန်ချီရှင်း၊ အစာကြေအောင် ပန်းကန်နဲ့တူကို သွားဆေးလိုက်။”
“မရီးက ခင်ဗျားကိုပြောတာလေ၊ ကျွန်တော့်ကိုမဟုတ်ဘူး။” ရှန်ချီရှင်းက မလှုပ်မယှက်လှဲနေသည်။
ရှန်းယုဟန်က သူ့ခင်ပွန်းနဲ့ယောက်ဖကြောင့် ရွှင်မြူးသွားသည်။ သူတို့က တကယ်ကို မွေးချင်းညီအစ်ကိုပီသသည်။ သူကတော့ဆန့်ကျင်ဘက်ပြောလိုက်သည်။ “ဒါဆိုငါပဲသွားတော့မယ်။”
ဇနီးလေးက ချက်ပြုတ်ပြီးတာတောင် ပန်းကန်နဲ့တူကို ဆေးရဦးမည်။ ခွင့်မပြုနိုင်တာကြောင့် ရှန်ချီဟွမ်းက ချက်ချင်းထရပ်လိုက်ပြီး တချိန်တည်းမှာ ရှန်ချီရှင်းကို ဆွဲထူလိုက်သည်။ “ငါစားပွဲရှင်းမယ်၊ မင်းကမီးဖိုချောင်ရှင်း၊” အနည်းဆုံးတော့ အလုပ်သမားခွဲပြီး ပူးပေါင်းဆောင်ရွက်ရမယ်…
ရှန်းယုဟန်က သူတို့နစ်ယောက် အကြိတ်အနယ်ရန်ဖြစ်နေတာကိုကြည့်ပြီး သူ့အစ်ကိုတွေကို မစဥ်းစားပဲမနေနိုင်တော့ပေ။ သူတို့က သူထွက်သွားပြီးတဲ့နောက်မှာ ဒီလိုအခြေအနေကို ဆက်ထိန်းထားနိုင်ပါ့မလား မသိပေ။ သူက သူတို့အမြဲတမ်းပျော်ရွှင်နေဖို့ မျှော်လင့်သည်။
–
နှစ်သစ်ကူး၏ ဒုတိယနှင့် တတိယမြောက်နေ့မှာ သူတို့သုံးယောက်က အစ်ကိုကြီးနှင့်အစ်မလတ်တို့နဲ့အတူ ညစာစားခဲ့ကြသည်။ သူတို့အားလုံး၏အိမ်မှာ ချက်ပြုတ်ပေးသော အန်တီကြီးများရှိကြပြီး သူတို့က စားဖို့သာတာဝန်ရှိသည်။ ရှန်ချီယွမ်၊ရှန်ချီဟွမ်းနှင့် ရှန်ချီရှင်းတို့က လုံးဝမတူညီသော စိတ်နေသဘောထားရှိပြီး သူတို့က အရူးလုပ်ရမလွယ်ပေ။ ရှန်းယုဟန်က တချိန်လုံးသတိထားနေပြီး အဓိပ္ပါယ်မရှိတာကို မပြောတာကြောင့် သူက သူတို့အိမ်မှာ သီးသန့်ဆန်နေပြီး ကိုယ့်ကိုယ်ကိုယ် ဧည့်သည်အဖြစ်မှတ်ယူကာ တကူးတကနီးစပ်အောင်မလုပ်ခဲ့ပေ။
နှစ်သစ်ကူး၏ လေးရက်မြောက်နေ့မှာ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို တင်းချွမ်၏အိမ်သို့ခေါ်သွားပြီး လူတော်တော်များများလည်းရှိနေသည်။ လျှိုထန်နှင့် တခြားသူများလည်းရှိနေပြီး ထိုအတောအတွင်း ရှန်းယုဟန်က တင်းချွမ်၏ဇနီးနှင့် မီးဖိုချောင်မှာအလုပ်ရှုပ်နေသည်။ သူက လူတိုင်းမြည်းလို့ရအောင် ဟင်းနှစ်ခွက်ချက်ပေးခဲ့သဖြင့် အများကြီးချီးကျူးခံလိုက်ရပြီး ရှန်ချီဟွမ်းကို မျက်နှာရအောင်လုပ်ပေးခဲ့သည်။
ရှန်ချီဟွမ်းက ယခင်နှစ်တွေမှာ နွေဦးပွဲတော်ဆိုရင် နေ့တိုင်းကုမ္ပဏီမှာနေဖို့ မစောင့်နိုင်ခဲ့ပေ။ သူက ဇနီးရပြီးသည့်နောက်ပိုင်း သူ၏သာလွန်ချင်သောစိတ်နှင့် ကြွားဝါချင်စိတ်များ တဖြည်းဖြည်းပြည့်လာခဲ့သည်။ သေချာသည်မှာ အိမ်ပြန်ရောက်သည်နှင့် သူ့ဇနီး၏လက်နှင့်ခြေကို ဖိထားရမှာဖြစ်ပြီး သူ့ဇနီး၏လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ခန္ဓာကိုယ်ကို အပေါ်အောက်နှိပ်ပေးလိုက်မည်။
ရှန်းယုဟန်က ရင်ထဲကနေပြောလိုက်သည်။ တကယ်တော့ သူ့မှာလိုအင်ဆန္ဒအများကြီးမရှိပေ။ သူ့ခင်ပွန်း ကုမ္ပဏီကို အတတ်နိုင်ဆုံး မြန်မြန်ပြန်သွားဖို့သာ သူမျှော်လင့်နေသည်။ သူက အရမ်းကပ်ပြီး စိတ်ပျက်ဖို့ကောင်းလွန်းတယ်..
နှစ်သစ်ကူး၏ခုနှစ်ရက်မြောက်နေ့ပြီးသွားတော့ အိမ်ကြီးက တိတ်ဆိတ်သွားသည်။
ရှန်းယုဟန်က သူအိမ်မှာ အွန်လိုင်းသင်တန်း တက်ရမယ်လို့ မူလကထင်ခဲ့သည်။ သို့သော် သူက ဒါရိုက်တာဖန့်ဆီက ဖိတ်ခေါ်မှုကို ရုတ်တရက် ရရှိခဲ့သည်။ တစ်ဖက်လူက သူတို့ရှာတွေ့ခဲ့သော ရှေးဟောင်းဂီတကို အသံကူသွင်းပေးရန် မြို့တော်ကိုလာဖို့ပြောခဲ့သည်။ အသေးစိတ်က လျို့ဝှက်ထားဖို့လိုတာကြောင့် မျက်နှာချင်းဆိုင်တွေ့ဖို့လိုသည်။
သူက ညရောက်တော့ ရှန်ချီဟွမ်းကို ထိုကိစ္စပြောပြခဲ့သည်။ “ယောကျာ်း၊ ဒါရိုက်တာဖန့်က သီချင်းတစ်ပုဒ်တီးခတ်ပေးဖို့ ပြောခဲ့တယ်။ ကျွန်တော်သွားသင့်တယ်ထင်လား?”
ရှန်ချီဟွမ်း၏မျက်နှာပေါ်မှာ မကျေနပ်မှုကိုရေးထားသည်။ “ကျန်းမြို့တော်မှာ ရိုက်ကူးပြီး ပို့လိုက်လို့မရဘူးလား?”
ရှန်းယုဟန်က သူ့ကိုဆွဲကာ ဆိုဖာပေါ်မှာထိုင်ခိုင်းလိုက်သည်။ “ဒါရိုက်တာဖန့်က လျို့ဝှက်ထားရမယ့်အလုပ်မို့ ပေါက်ကြားလို့မရဘူးလို့ပြောတယ်။”
ရှန်ချီဟွမ်းက ဝမ်းနည်းသလိုပြောလိုက်၏။ “မင်းအလုပ်ကိစ္စအတွက် ပိုင်မြို့တော်ကိုသွားရင် ကိုယ်တစ်ယောက်တည်း အိမ်မှာကျန်ခဲ့မှာမဟုတ်လား?”
ဟမ်? ထိုမှသာ ရှန်းယုဟန်က နားလည်သွားသည်။ သူမြို့တော်ကိုခရီးသွားဖို့ လက်ခံလိုက်ရင် ဒါရိုက်တာဖန့်ရဲ့ဖိတ်ခေါ်မှုက အလုပ်ကိစ္စဖြစ်မသွားဘူးလား?
“အဲ့လိုထင်ရတာပဲ” ရှန်းယုဟန်က သူ့ခင်ပွန်း အလုပ်ခရီးသွားတုန်းက အချိန်ကို ပြန်စဥ်းစားလိုက်သည်။ သူလည်းအိမ်မှာတစ်ယောက်တည်း ကျန်နေခဲ့ဖူးသည်။ သူက ရှန်ချီဟွမ်း၏လက်မောင်းကိုဖက်ကာ လှုပ်ခါလိုက်သည်။ “ယောကျာ်းအလုပ်ခရီးသွားတုန်းက ကျွန်တော်အိမ်ကနေ ခင်ဗျားအိမ်ပြန်လာတာကို စောင့်ခဲ့တာပဲ၊ ဒီတော့ ကျွန်တော်အလုပ်ခရီးသွားရင် ယောကျာ်းလည်း ကျွန်တော့်ကိုစောင့်နေပေါ့။”
“ဒါဆိုမင်းမြို့တော်ကိုသွားမှာပေါ့?” ရှန်ချီဟွမ်းက သူ့စကားကို ရှင်းရှင်းလင်းလင်း သိသည်။ ဆိုလိုတာက ရှန်းယုဟန်က အိမ်နဲ့ခဏလောက် ဝေးနေတော့မှာပင်။
“အွန်း…ဒါရိုက်တာဖန့်ရဲ့နေရာမှာ ဘယ်လိုတေးဂီတမျိုးရှိလဲ ကျွန်တော်ကြားချင်တယ်။ ကျွန်တော့်ရဲ့နယ်မြေကို ချဲ့ထွင်ဖို့လေ” ဒါက ရှန်းယုဟန်သင်ယူခဲ့သော စကားလုံးအသစ်ဖြစ်၏။
“မင်းကဘက်စုံတော်တဲ့သူပဲ၊ ပြီးတော့ မင်းရဲ့ပန်းချီပြပွဲကလည်း အခုထိမပြီးသေးဘူးလေ” ရှန်ချီဟွမ်းက သူချွဲနေတာကို မခံနိုင်ဆုံးဖြစ်၏။ “မင်းသွားလို့ရတယ်။ ဒါပေမယ့် တစ်ယောက်တည်းသွားလို့မရဘူး။ ငါ ဘောဒီဂတ်နှစ်ယောက်ထည့်ပေးလိုက်မယ်။ ပြီးတော့ လက်ထောက်တစ်ယောက်ရောပဲ….”
“ယောကျာ်းစကားနားထောင်ပါ့မယ်။” ရှန်းယုဟန်က နာခံစွာတုံ့ပြန်လိုက်ပြီး နားမထောင်လို့လည်းမရတာကြောင့် ယုံကြည်မှုကင်းမဲ့သလို မေးလိုက်သည်။ “ကျွန်တော်က တကယ်ကို ဘက်စုံတော်လား?”
ရှန်ချီဟွမ်းက သူ့ပါးကို ဆွဲဖျစ်လိုက်သည်။ “မင်းက ငါ့ကိုမြှူစွယ်တဲ့နေရာမှာတော့ သေချာပေါက် စွယ်စုံရတယ်။”
ရှန်းယုဟန်က နှာခေါင်းရှုံ့ကာ နှာမှုတ်လိုက်သည်။ “ကျွန်တော်က အတည်ပြောနေတာကို ခင်ဗျားက အမြဲတမ်း သိက္ခာမဲ့နေတယ်။”
“ငါဘယ်မှာသိက္ခာမဲ့လို့လဲ၊ ငါက အိမ်ထောင်ရေးဝတ္တရားတွေကို ပုံမှန်ဖြည့်ဆည်းပေးနေတာပါ။ မင်းသိလား…. အိမ်ထောင်ဖက်တစ်ယောက်က တစ်ဖက်ကို မဖြည့်ဆည်းပေးရင် သူတို့လိင်မှုဘဝက သဟဇာတမဖြစ်ပဲ ကွာရှင်းရနိုင်တယ်။” ရှန်ချီဟွမ်းက သူ၏သိက္ခာမဲ့မှုခေါင်းစဥ်ကို လေးနက်သော အပြုအမူနှင့် ရှင်းပြလိုက်သည်။
“အဲ့လိုရှိသေးတာလား?” ရှန်းယုဟန်က အထွက်ခုနှစ်ချက်*ကိုပဲသိပေမယ့် ထိုအရာက ခေတ်သစ်မှာ မရှိပေ။ သို့သော် နိုင်ငံ၏ဥပဒေက စုံတွဲ၏လူနေမှုဘဝရှုထောင့်ကို ကာကွယ်ပေးထားမယ်လို့ မမျှော်လင့်ခဲ့ပေ။
(**ခင်ပွန်းက ဇနီးကိုစွန့်ပစ်လို့ရတဲ့ အကြောင်းအရင်းခုနှစ်ချက်ပါ)
ဆိုလိုတာက သူ့ခင်ပွန်းကလည်း သူကျေနပ်အောင် လုပ်ပေးချင်တာလား? သူက သူ့ကို ဒီနည်းနဲ့ သတိပေးလိုက်တာပဲ!
ရှန်းယုဟန်က သူ့ခင်ပွန်းကို တစ်ချက်ကြည့်လိုက်သည်။ သူတို့က ဒီလောက်နဲ့ မလုံလောက်သေးတာလား?
–
ဒေါက်တာဖန့်က ရှန်းယုဟန်ကို ‘အရည်အချင်းများ'လိုအပ်သော မြို့တော်သို့ဖိတ်ခေါ်ခဲ့သည်။
ထွက်ခွာသည့်နေ့တွင် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လေဆိပ်သို့ ကိုယ်တိုင်လိုက်ပို့ခဲ့သည်။ ဖြတ်သွားဖြတ်လာ လူအုပ်ကြီးကိုကြည့်ကာ တစ်ဖက်လူတွေ ရှန်းယုဟန်ကိုတိုက်မိပြီး နာသွားမှာ စိုးရိမ်တာကြောင့် ရှန်ချီဟွမ်းက ကိုယ်ပိုင်လေယာဥ်ဝယ်ဖို့ စဥ်းစားနေသည်။ တစ်စက္ကန့်တွေးပြီးနောက် ထိုအကြံကို စိတ်ထဲမှာသိမ်းထားလိုက်သည်။ သူအိမ်ပြန်ရောက်မှ အသိတစ်ယောက်ကို လေယာဥ်ဝယ်ဖို့နဲ့ အလုံခြုံဆုံးမော်ဒယ်ကို မေးလိုက်မည်။
ရှန်းယုဟန်က သူ့ခင်ပွန်း ဘာတွေတွေးနေလဲမသိခဲ့ပေ။ ဤသည်မှာ သူ အလုပ်ခရီးကို ပထမဆုံးအကြိမ် သွားနေတာဖြစ်ပြီး သူ့စိတ်က အရင်တစ်ခေါက် ရှန်ချီဟွမ်းကိုရှာဖို့ လေယာဥ်စီးခဲ့တာနဲ့ ကွဲပြားသည်။ ဤသည်မှာ သူ၏ပထမဆုံးအလုပ်တာဝန်ဖြစ်၏။
သူက ယခုဆိုရင် အလုပ်ရှိသော အမျိုးသားတစ်ယောက်ဖြစ်ခဲ့ပြီ။ သူသာ ချီတိုင်းပြည်မှာရှိနေရင် သူတစ်နေ့မှာပိုက်ဆံအတွက် အလုပ်ရှာရမယ်လို့ ဘယ်တော့မှတွေးမိမှာမဟုတ်ပေ။ သို့သော် နိုင်ငံ့အဖွဲ့အစည်းအတွက် ချင်တီးခတ်တာက ဖျော်ဖြေသူတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းမဟုတ်ပေ။ ယခုခေတ်တွင် ကိုယ်ပိုင်ဝင်ငွေရှာဖို့က အရမ်းအရေးကြီးပြီး အင်တာနက်သုံးစွဲသူများပြောကြသည်မှာ အိမ်ထောင်ပြုပြီးရင် လူတစ်ယောက်က ကိုယ်ပိုင်အလုပ်ရှိရမှာဖြစ်ပြီး အိမ်ထောင်ရှင်ထီးပဲ လုပ်နေလို့မရပေ။ မဟုတ်ရင် သူက တဖြည်းဖြည်း သူ့ကိုယ်သူဆုံးရှုံးရလိမ့်မည်။
သူတို့ရှေ့ဆက်လျှောက်လာပြီး လုံခြုံရေးစစ်ဆေးသောနေရာကိုရောက်တော့ ရှန်ချီဟွမ်းက အထဲဝင်လို့မရတော့သဖြင့် ရှန်းယုဟန်၏လက်ကိုကိုင်ကာ မြို့တော်ကိုရောက်ရင် ဘာလုပ်ရမလဲဆိုတာကို ပြောပြခဲ့သည်။ ထို့နောက် သူက သူပို့ခဲ့သည့် လက်ထောက်ကိုလည်း ရှန်းယုဟန်၏နေထိုင်မှုအလေ့အထတချို့ကို ပြောပြခဲ့သည်။
ရှန်းယုဟန်က သူ့စကားကြားတော့ ပျော်ရွှင်သွားကာ အရွှန်းဖောက်လိုက်သေးသည်။ “ယောကျာ်း၊ ခင်ဗျားဆက်ပြောနေမယ်ဆိုရင် လေယာဥ်လွတ်သွားလိမ့်မယ်။”
“မင်းက ငါ နားပူနာဆာလုပ်တာကို မကြိုက်ဘူးပေါ့လေ၊ မင်းအပြင်ထွက်တိုင်း ဘယ်နှစ်ခေါက်များ စိတ်ချရဖူးလို့လဲ ပြောကြည့်ပါဦး။” ရှန်ချီဟွမ်းက သူ့ကိုတွန်းလိုက်သည်။ “မြန်မြန်သွားတော့၊ ငါမင်းကိုမမြင်ချင်တော့ဘူး။”
ရှန်းယုဟန်က တင်းမာနေသော သူ့မျက်နှာကိုကြည့်ကာ အပြုံးတစ်ခုနှင့် လှည့်ကြည့်လာပြီး သူ့ခါးကိုဖက်လိုက်သည်။ “ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ်။ စိတ်မပူပါနဲ့။”
“ငါစိတ်မပူပါဘူး။ မင်းမြန်မြန်သွားပါ၊ မင်းထွက်သွားမှပဲ ငါပျော်နိုင်တော့မယ်။” ရှန်ချီဟွမ်းက သူ့ဆံပင်ကိုသပ်ပေးပြီး သူ့လှုပ်ရှားမှုများက နူးညံ့နေပေမယ့် သူ့ပါးစပ်ကတော့ အေးစက်ချင်ယောင်ဆောင်နေသည်။ “မင်းအိမ်မှာမရှိမှ ငါနေရတာအဆင်ပြေမှာ။”
ရှန်းယုဟန်က သူ့စကားကို ပြောင်းပြန်သာယူလိုက်သည်။ “ဒါဆို ကျွန်တော်သွားတော့မယ်။” သူကလည်း သူ့ခင်ပွန်းကို သတိပေးလိုက်သည်။ “ယောကျာ်း၊ သူငယ်ချင်းတွေနဲ့ သွားသောက်ရင် မမူးစေနဲ့နော်”
“အင်း ငါမသောက်ဘူး” ရှန်ချီဟွမ်းက ရှန်းယုဟန်ရှေ့မှာ ပုန်ကန်တတ်သော မြီးကောင်ပေါက်အရွယ်လေးအဖြစ် သရုပ်ဆောင်နေသည်။
သူဒီလိုပြောလာတော့ သေချာပေါက်မူးအောင် သောက်မှာမဟုတ်ပေ။ ထိုမှသာ ရှန်းယုဟန်က လုံခြုံးရေးဂိတ်ကိုဖြတ်ဖို့ စိတ်သက်သာရာရသွားခဲ့သည်။
သူက လုံခြုံရေးစစ်ဆေးရေးမှူးကို သူ့သက်သေခံစာရွက်စာတမ်း လွှဲပေးသောအချိန်မှာ နောက်ပြန်လှည့်ကြည့်တော့ သူ့ခင်ပွန်း မတ်တပ်ရပ်နေတာကိုတွေ့လိုက်ရသည်။ ရှန်းယုဟန်က လက်ယမ်းပြလိုက်တော့ ရှန်ချီဟွမ်းကလည်း တောင့်တောင့်ကြီးဝေ့ယမ်းပြလာသည်။
လုံခြုံရေးစစ်ဆေးရေးမှူးက သက်သေခံစာရွက်စာတမ်းကို ပြန်ပေးလာပြီး ရှန်းယုဟန်က အထဲဝင်သွားခဲ့သည်။
&&&&&&&&&&&&&&&&
Chapter 70.2
“ဇနီးလေး၏ပထမဆုံးအလုပ်ခရီး”
သူ၏ပထမဆုံးအလုပ်ခရီးစဥ်တွင် သူ့နှလုံးသားထဲမှာ သိမ်မွေ့သောခံစားချက်တစ်ခုပေါ်လာပြီး ထိုခံစားချက်က သူ့ခင်ပွန်းကိုထားခဲ့ဖို့ တုံ့ဆိုင်းနေတာဖြစ်၏။
အိမ်ထောင်ကျပြီး ပထမဆုံးအကြိမ် သူ့ခင်ပွန်းအလုပ်ခရီးသွားခဲ့စဥ်က သူက သူနဲ့ခွဲဖို့ တုံ့ဆိုင်းနေခဲ့ပေမယ့် ဤတစ်ကြိမ်တုံ့ဆိုင်းမှုက မတူတော့ချေ။ သူက အိမ်ပြန်ဖို့ မျှော်လင့်ချက်ပိုရှိလာပြီး သူ့အလုပ်ကိုမြန်မြန်အပြီးသတ်ကာ အိမ်ပြန်ပြီး သူ့ခင်ပွန်းနဲ့အတူရှိနေချင်၏။
ခရီးကနှစ်နာရီကြာပြီး လေယာဥ်ဆင်းတော့ ရှန်းယုဟန်က ရှန်ချီဟွမ်းကြိုတင်ငှားရန်းထားသည့် ဟိုတယ်ကိုသွားခဲ့ပြီး သူ့နောက်ကလိုက်လာသော ဘော်ဒီဂတ်နှစ်ယောက်လည်းရှိသည်။ လက်ထောက်ကတော့ ရှန်ချီဟွမ်းရွေးချယ်ထားတာဖြစ်ပြီး သူမက နောင်မှာ ရှန်းယုဟန်၏အလုပ်အတွက် တာဝန်ယူရမှာဖြစ်သည်။ သူမက အသက်သုံးဆယ်ကျော် ရင့်ကျက်တည်ငြိမ်သောအမျိုးသမီးဖြစ်ပြီး အဘက်ဘက်က ပါးနပ်မှုရှိသည်။ သူမက လေယာဥ်ခရီးစဥ်တစ်လျှောက် ရှန်းယုဟန်ကို ဘယ်သူမှမထိအောင် ကာကွယ်ပြီး ယင်းမှာရှန်းယုဟန်ကို အလွန်စိတ်သက်သာရာရစေခဲ့သည်။ သူက မရင်းနှီးသော အမျိုးသားအမျိုးသမီးများနှင့် အရမ်းနီးကပ်နေတာကို မကြိုက်ပေ။
လက်ထောက်ယန်: “မစ္စတာရှန်း၊ ကျွန်မ ရှင့်အတွက် ဒါရိုက်တာဖန့်နဲ့ တခြားသူတွေကို တွေ့ဖို့ အချိန်စီစဥ်ပေးထားတယ်။ နေရာက အမျိုးသားရှေးဟောင်းသုတေသနအဆောက်အဦးမှာ၊ အဲ့ဒါနဲ့ပတ်သတ်ပြီး အကြံပေးချင်တာရှိလား?”
ရှန်းယုဟန်က ထိုင်ချကာ ဖြေလိုက်သည်။ “အွန်း၊ ဒါရိုက်တာဖန့် ပင်လယ်စာကြိုက်တာကို ကျွန်တော်မှတ်မိတယ်။ ကျွန်တော်တို့ ညမှာ ညစာစားမယ်ဆိုရင် ပင်လယ်စာစားသောက်ဆိုင်ကို ဘိုကင်လုပ်ပေးပါ။ သူတို့အဲ့ဒါကိုအရမ်းကြိုက်တာ ကျွန်တော်မှတ်မိတယ်။”
လက်ထောက်ယန်က ရှန်းယုဟန်ကို လေးစားမှုအပြည့်ရှိသည်။ “တခြားသတ်မှတ်ချက်တွေ လိုအပ်သေးလား?”
ရှန်းယုဟန်က လက်ထောက်ယန်နဲ့မရင်းနှီးပေမယ့် သူမ၏ ကျွမ်းကျင်ပိုင်နိုင်မှုကို ခံစားလို့ရသည်။ “ဒါရိုက်တာဖန့်နဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ပေးပါ။ ပြီးတော့… တခြားသူတွေမသိသွားပါစေနဲ့။” ရှန်းယုဟန်က ဒါကိုလည်းသိသည်။ ခေါင်းဆောင်များက အလွန်အကျွံစာသောက်လို့မရဘူးလို့ ကြားဖူးသည်။
လက်ထောက်ယန်: “နားလည်ပါပြီ”
လက်ထောက်ယန် သူ့အတွက် မရပ်မနား အလုပ်လုပ်ပေးနေတာကိုတွေ့တော့ ရှန်းယုဟန်က တွေးလိုက်သည်။ မော့ကျူးမှာသာ ဒီလိုအစွမ်းအစရှိရင် သူနဲ့အတူ ဘာလို့ချူတိုင်းပြည်ကို လိုက်ခဲ့မှာလဲ၊ သူမ အသက်ရှင်နေလားတောင် သူမသိခဲ့ပေ။
သို့သော် သခင်ကထွက်သွားတော့ မော့ကျူးလည်း မရှင်နိုင်လောက်ပေ။
အမျိုးသားရှေးဟောင်းသုတေသနဌာနက အတော်လေး ပုန်းကွယ်နေသည်။ မြို့တော်မှာ ရှေးအကျဆုံး အုတ်နီအဆောက်အဦးရှိပြီး အမျိုးသားရှေးဟောင်းသုတေသနဌာနက ထိုအဆောက်အဦးများကြားမှာ ညှပ်နေသည်။ ပင်မဝင်ပေါက်က အတော်လေးရှေးကျသော သစ်စေးဂိတ်ဖြစ်ပြီး နံရံကို ရွှေယွန်းထည်ဖြင့် စီခြယ်ထားကာ နေထွက်လာသည့်အခါ တောက်ပနေလေ၏။
ကြိုတင်ချိန်းဆိုထားတာကြောင့် ဒါရိုက်တာဖန့်နှင့်တွေ့မည့် လုပ်ငန်းစဥ်က အတော်လေးချောမွေ့နေသည်။ ဘာပဲဖြစ်ဖြစ် သူ့ကို ဒါရိုက်တာဖန့်က ဖိတ်ခေါ်ထားတာဖြစ်လို့ သူ့မှာ ပညာအရည်အချင်းမရှိသော်လည်း သူ့စိတ်နေသဘောထားနှင့်အတူ ရှန်မိသားစုက သူ့နောက်မှာရှိနေတော့ ရှန်းယုဟန်က ယုံကြည်မှုကင်းမဲ့မနေပေ။ သူက ဒါရိုက်တာဖန့်ကို စကားပြောသောအခါ သိက္ခာနှင့်သတိရှိပြီး လူတိုင်းက သူ့ကိုပြုံးပြချင်ကြသည်။
ရှန်းယုဟန်က ဒါရိုက်တာဖန့်၏ ရုံးခန်းကို ဖိတ်ခေါ်ခံခဲ့ရပြီး သူက ရှန်းယုဟန်ကို အကြောင်းအရင်း အရင်ရှင်းပြပြီးမှ သူတို့က အလုပ်ကိစ္စဆွေးနွေးခဲ့ကြသည်။ သူ့အလုပ်က လူသိရှင်ကြားမဖော်ပြဖူးသည့် ရှေးခတ်ဂီတကို အသံသွင်းရမှာဖြစ်၏။ နောက်ဆုံးအကြိမ်က ရှန်းယုဟန်၏ {တဒင်္ဂပေမယ့်ခဏလေးပါပဲ}သည် ရှေးဟောင်းအုတ်ဂူထဲက ရှာတွေ့ခဲ့သော ရှေးခတ်ဂီတလို့ အတည်ပြုခဲ့ကြပြီး သူတို့က လူအများစုကို ထိုအပိုင်းတီးခတ်ခွင့်ပေးခဲ့ပေမယ့် ကျွမ်းကျင်သူအများစုက အကြိုက်မတွေ့ခဲ့ပေ။ သူတို့ရှာတွေ့ခဲ့သော ဆရာများကလည်း ရှန်းယုဟန်၏ဗားရှင်းလို မတီးခတ်နိုင်ခဲ့ပဲ ရှေးဆန်ပြီး ပျင်းဖို့ကောင်းနေခဲ့သည်။
တရုတ်နှစ်သစ်ကူးမတိုင်ခင်မှာ သူတို့က ရှေးဟောင်းအုတ်ဂူ၏ဘေးခန်းက ဂီတရမှတ်အပိုင်းအစကို သေချာတူးဖော်ခဲ့ကြပြီး ယင်းမှာ ရှေးဟောင်းသုတေသနအဖွဲ့အစည်းတစ်ခုလုံးကို အံ့အားသင့်စေခဲ့တယ်လို့ ဆိုနိုင်ပေမည်။
ဒါရိုက်တာဖန့်က ရိုက်ကူးထားသော ဂီတရမှတ်ကို ရှန်းယုဟန်အား ပေးခဲ့ပြီး ရှန်းယုဟန်က အလေးအနက်ကြည့်နေတာကိုတွေ့တော့ သူက သူ့နဖူးသူရိုက်လိုက်၏။ “တုံးလိုက်တဲ့ငါ…. မင်းမဖတ်နိုင်လောက်ဘူး။ ဘာသာပြန်ထားတဲ့ဗားရှင်းကို တစ်ယောက်ယောက်နဲ့ ယူလာခိုင်းလိုက်မယ်။”
ရှန်းယုဟန်တိတ်ဆိတ်နေပြီး အလေးအနက်ကြည့်နေသော အကြောင်းအရင်းမှာ သူနားမလည်လို့မဟုတ်ပဲ သူက ဂီတရမှတ်ပေါ်က စာလုံးတွေကို မှတ်မိနေလို့ဖြစ်သည်။
သူက ခေါင်းခါလိုက်သည်။ “ဘာသာပြန်ဗားရှင်းကို ယူစရာမလိုပါဘူး။ ဒါရိုက်တာဖန့်၊ ကျွန်တော်ဖတ်နိုင်တယ်”
ဒါရိုက်တာဖန့်က ဖုန်းကိုကောက်ကိုင်ထားပြီး “မင်းမဖတ်နိုင်လည်း….” ကိစ္စမရှိပါဘူး. “မဟုတ်….ဘာ…မင်းဘာပြောလိုက်တာလဲ?”
“ကျွန်တော်နားလည်တယ်လို့ပြောလိုက်တာ၊ ကျွန်တော့်ကို ဘာသာပြန်ဗားရှင်းပေးစရာမလိုပါဘူး” ရှန်းယုဟန်က ထပ်ပြောလိုက်၏။ သူ့ကို ဘာသာပြန်ဗားရှင်းပေးမှ သူနားလည်မှာဖြစ်၏။
သူက သက်ပြင်းချကာ တည်ငြိမ်ဖို့ကြိုးစားလိုက်သည်။ သူက ချီတိုင်းပြည်နဲ့ပတ်သတ်သော အချက်အလက်ကို လုံးဝမရှာနိုင်ခဲ့ပေ။ ဒီတော့ ဒါရိုက်တာဖန့်မှာ ဘာလို့ ချီတိုင်းပြည်ရဲ့ဇာတ်ညွှန်းကိုရေးထားတဲ့ ဂီတရမှတ်ရှိနေတာလဲ?
“ဒါရိုက်တာဖန့်၊ ဒီဂီတရမှတ်ကလည်း တူးခဲ့တာလား?”
“အမှန်အတိုင်းပြောရရင် အဲ့ဒါအမှန်ပဲ၊ နောက်ဆုံးအကြိမ်မင်းတွေ့ခဲ့တဲ့ ဂီတရမှတ်က အုတ်ဂူပိုင်ရှင်တစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တာ၊ ဒီဂီတရမှတ်ဆယ်ပိုင်းက ငါတို့ရဲ့ ရှေ့တန်းလုပ်ဖော်ကိုင်ဖက်တွေ ရှင်းလင်းခဲ့တာ။ အုတ်ဂူပိုင်ရှင်ရဲ့ အထောက်အထားကိုတော့ မသတ်မှတ်ရသေးဘူး။ ဒါကြောင့် လောလောဆယ်မင်းကိုပြောပြလို့မရဘူး။” ဒါရိုက်တာဖန့်က သူစကားပြောရပ်လိုက်စဥ် စိတ်လှုပ်ရှားနေသည်။ “မဟုတ်ဘူး။ မင်း ဒီဂီတရမှတ်ကို နားလည်တယ်လို့ ပြောခဲ့တယ်မလား? ဒီလိုအရေးအသားကိုရောသိတာလား?”
အရေးအသားနဲ့ တရုတ်စာလုံးများကြားက ကွာခြားချက်မှာ သိပ်မကြီးသော်လည်း ဤ “ကွာဟမှုအနည်းငယ်”က ရှေးဟောင်းသုတေသနပညာရှင်များ၏ မျက်လုံးထဲတွင်သာရှိပြီး သာမန်လူတွေအတွက်ကတော့ အလွန်ခက်ခဲသည်။
ဒါရိုက်တာဖန့်၏ စိတ်လှုပ်ရှားမှု မထိန်းနိုင်ဖြစ်နေတာကိုတွေ့တော့ ရှန်းယုဟန်ကပြောလိုက်သည်။ “ကျွန်တော်နည်းနည်းပဲနားလည်တယ်။”
ဤအဖြေကအလွန်သိမ်မွေ့ပြီး သူ့နိုင်ငံက သမိုင်းစာအုပ်များတွင် ဘယ်တုန်းကမှပေါ်မလာခဲ့ဖူးပေ။ သူက သူဖတ်နိုင်တယ်လို့ ရုတ်တရက်ပြောမိလိုက်သည်။ သူက အနည်းငယ်ရှုပ်ထွေးသွားလို့ စိတ်လိုက်မာန်ပါ ပြောမိသွားတာဖြစ်၏။
“ကျွန်တော် ဂီတရမှတ်အများကြီးကို ဖတ်ခဲ့လို့ဖြစ်မယ်။ ဒါကြောင့် နည်းနည်းတော့နားလည်တယ်။ ပြီးတော့ အကြမ်းဖျင်းလည်း ခန့်မှန်းနိုင်သေးတယ်။” ရှန်းယုဟန်က နည်းနည်းရှင်းပြခဲ့သည်။
ထိုရှင်းပြချက်က ဒါရိုက်တာဖန့်၏ လက်ခံမှုအတိုင်းအတာထဲကို ရောက်သွားပြီး ဒါရိုက်တာဖန့်က ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ “ရှောင်ရှန်း၊ မင်းကတကယ်ကိုတစ်ခုခုပဲ…မင်းက အရည်အချင်းကို ဖုံးထားတာပဲ! ဒီရှေးဟောင်းတေးဖျော်ဖြေမှုနဲ့ ရိုက်ကူးရေးအတွက် မင်းကို တကယ်စိတ်ချလို့ရသွားပြီ!”
ထို့သို့ဖြင့် သူက ရှန်းယုဟန်ကို ရိုက်ကူးရေးနေရာသို့ ခေါ်သွားကာ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကျော်က ဂီတကိုနားထောင်ဖို့ စိတ်အားထက်သန်နေခဲ့သည်။
ရှန်းယုဟန်က သူ့ကိုယ်ပိုင်ချင်တူရိယာကို ယူလာပေမယ့် ပြပွဲနေရာကိုဖြတ်သွားတော့ သူသဘောကျသည့် ရှေးဟောင်းချင်တူရိယာများကို တွေ့ခဲ့ရပြီး သူတို့အားလုံးက နှစ်အတော်ကြာအောင်တည်ရှိခဲ့တာကြောင့် အရည်အသွေးက ထိပ်တန်းလို့ယူဆလို့ရသည်။
သို့သော် သူက ချီတိုင်းပြည်က သူ့မှာရှိခဲ့သော ချင်တူရိယာကို ထပ်လိုချင်သေးသည်။ ယင်းမှာ သူ့အဖေရှာပေးခဲ့တာဖြစ်ပြီး သူ့ချင်တူရိယာက ထိုနှစ်များမှာ ဉာဏ်အလင်းရခဲ့သော ဘုန်းကြီးတစ်ပါးသုံးခဲ့တာလို့ ဆိုကြပြီး ရှန်းယုဟန် ရသွားပြီးနောက်မှာ သူက အမြဲတမ်းတန်ဖိုးထားခဲ့၏။
ကံမကောင်းတာက လက်ရှိမှာ ပြန်မရနိုင်တော့ပေ။
ရှန်းယုဟန်က သူ့မျက်လုံးကိုဖွင့်ကာ ဒါရိုက်တာဖန့်ကိုမေးလိုက်၏။ “ဒါရိုက်တာ၊ ဒီအုတ်ဂူပိုင်ရှင်ရဲ့ နာမည်အပြည့်အစုံကဘာလဲ?”
ဒါရိုက်တာဖန့်က ခေါင်းခါကာ ပြုံးပြလိုက်သည်။ “ငါအသေးစိတ်ပြောပြလို့မရသေးဘူး။ ဒါပေမယ့် သူ့မျိုးရိုးနာမည်က ရှန်းလို့သိရတယ်။ မင်းမျိုးရိုးနဲ့တူတူပဲ။”
ရှန်းယုဟန်၏နှလုံးသားက တစ်ချက်ခုန်သွားသည်။ “တက…တကယ်…မျိုးရိုးနာမည်ရှန်း?” သူက တည်ငြိမ်ချင်ယောင်ဆောင်ကာ ဒါရိုက်တာဖန့်ကို မဝံ့မရဲမေးလိုက်၏။ “ကျွန်တော်တို့ရှန်းမိသားစုရဲ့ ဘိုးဘေးဖြစ်နိုင်မလား?”
“အဲ့ဒါက သုတေသနရလဒ်ပေါ်မူတည်တယ်။” အုတ်ဂူပိုင်ရှင်၏ အရိုးတည်ဆောက်ပုံကို တွေးကြည့်တော့ သူက ခေါင်းထပ်ခါလိုက်၏။ “ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်။”
ရှန်းယုဟန်က စိတ်မပျက်ပေ။ အုတ်ဂူပိုင်ရှင်က ချီတိုင်းပြည်နဲ့သက်ဆိုင်လား သူသိချင်သည်။
သူက ဒေါက်တာဖန့်နဲ့ ထပ်ပြီးဆက်သွယ်နေဦးမှာမို့ ဒါရိုက်တာဖန့်နဲ့ တခြားသူများကို ညနေမှာ ပင်လယ်စာစားဖို့ ဖိတ်ခေါ်ခဲ့သည်။
ဒါရိုက်တာဖန့်ကလည်း လက်ခံခဲ့ပြီး လက်ရှိမှာ လုပ်ဖော်ကိုင်ဖက်လို့ သတ်မှတ်လို့ရလေပြီ။ သူတို့က အကျိုးအမြတ်ကို ခံစားနိုင်ပြီး ဘာပဲဖြစ်ဖြစ် စားနပ်ရိက္ခာလည်း ပြတ်လတ်မနေတာကြောင့် အရင်းရှင်များ၏ အကျိုးကျေးဇူးကို အရင်အသုံးချလိုက်မည်။
ရှန်းယုဟန်က သုတေသနအဖွဲ့အစည်းမှ ဂီတရမှတ်ကို မယူနိုင်ခဲ့တာကြောင့် မွန်းလွဲပိုင်းမှာ သူက အသံသွင်းစတူဒီယိုတွင် ပထမပိုင်းကို စမ်းတီးခတ်ခဲ့သည်။ ထိုအပိုင်းကို အရင်က မတီးခတ်ဖူးသော်လည်း လေ့ကျင့်မှုအချို့နှင့်အတူ သူက သဘာဝကျကျ လုပ်ဆောင်နိုင်ခဲ့၏။
ဒါရိုက်တာဖန့်က သူ ချင်လေ့ကျင့်နိုင်ဖို့ သီးသန့်ခန်းတစ်ခု စီစဥ်ပေးခဲ့သည်။
သူက နေ့လည်ခင်းတစ်ခုလုံးမှာ ပထမပိုင်းကို လေ့ကျင့်ခဲ့ပြီး ညနေ ညစာစားချိန်မှာ ရှန်းယုဟန်က မနက်ဖြန်ရိုက်ကူးလို့ရပြီဖြစ်ကြောင်း ပြောလိုက်သည်။
သူက သူတို့ကို ညနေမှာ ညစာလိုက်ကျွေးခဲ့ပြီး ဒါရိုက်တာဖန့်က အဖွဲ့အစည်းရှိ ကျွမ်းကျင်ပညာရှင်များကို ညစာအတူစားဖို့ ဖိတ်ခေါ်လာခဲ့၏။
ညနေ ဟိုတယ်ပြန်ပြီးနောက် ရှန်းယုဟန်၏ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်နေ၏။
သူက နေ့လည်ခင်း အဖွဲ့အစည်းမှာ ဖုန်းမသုံးနိုင်ခဲ့တာကြောင့် သူ့ခင်ပွန်းအကြောင်း မေ့လုနီးပါးပင်။ ကံကောင်းတာက အိပ်ရာမဝင်ခင် သတိရသွားခဲ့၏။
ဖုန်း၏ဗီဒီယိုကောလ်ဖွင့်လိုက်သည်နှင့် ရှန်းယုဟန်က သူ့ခင်ပွန်း၏ စိတ်မကောင်းဖြစ်နေသော မျက်နှာကိုတွေ့လိုက်ရပြီး ကျယ်လောင်စွာရယ်မောလိုက်သည်။
ရှန်ချီဟွမ်းက မျက်နှာကိုဖုံးကာ ရှန်းယုဟန်ကို သင်ခန်းစာပေးလိုက်၏။ “ရှန်းယုဟန်…. မြို့တော်ကို ထွက်ပြေးသွားပြီး မင်းရဲ့လူကိုပါ မေ့သွားတာလား?”
ရှန်းယုဟန်က သူ့ဖုန်းကိုကိုင်ကာ ကုတင်ပေါ်မှာ လှဲလိုက်ပြီး အရွန်းဖောက်ကာ တမင်တကာပြောလိုက်၏။ “အာ…ကျွန်တော်မေ့သွားတယ်”
ဤဗီဒီယိုကောလ်အတွက် တစ်နေ့လုံးစောင့်နေခဲ့သော ရှန်ချီဟွမ်းက ဒေါသတကြီးပြောလိုက်၏။ “ဒါဆိုပြန်မလာနဲ့။”
ရှန်းယုဟန်ကပြောလိုက်သည်။ “အဲ့လိုတော့မဖြစ်ဘူး။ ကျွန်တော့်ယောကျာ်းကို လွမ်းနေရင် ဘာလုပ်ရမလဲ”
ရှန်ချီဟွမ်းက စောဒကတက်၏။ “ဘာမှမလုပ်နဲ့၊ မင်းက ယောကျာ်းရှိတာတောင် မေ့သွားပြီ”
သို့သော် တစ်ခါတစ်ရံ ရှန်ချီဟွမ်းက ဘယ်လောက်ပဲ ခက်ထန်နေပါစေ ရှန်းယုဟန်၏ ချော့ပြောသော စကားများနှင့် ယှဥ်လို့တော့မရချေ။
ရှန်းယုဟန်က လှိမ့်လိုက်ပြီး ဖုန်းကိုမျက်နှာမူကာ မျက်တောင်ခတ်ပြီး နူးညံ့သောလေသံဖြင့် ပြောလိုက်၏။ “ဒါပေမယ့် ကျွန်တော် ခင်ဗျားကို အခုလွမ်းနေတာ”
ရှန်ချီဟွမ်းက သက်ပြင်းချပြီး စိတ်မဆိုးနိုင်တော့ပဲ တောင့်တမှုအနည်းငယ်နှင့်အတူ နူးညံ့သောလေသံဖြင့်ပြောလိုက်၏။ “ဒါဆို စောစောပြန်လာသင့်တယ်။”
အိမ်ထောင်ကျပြီးနောက် သူ၏ပထမဆုံးအလုပ်ခရီးမှာ ရှန်းယုဟန်က သူ့ကို ဒီစကားပြောခဲ့ဖူးတာ မှတ်မိသေးသည်။.
ရှန်းယုဟန်က သူ့ကိုမေးလိုက်သည်။ “ယောကျာ်းရော ကျွန်တော့်ကို ဒီနေ့လွမ်းလား?”
ရှန်ချီဟွမ်းက သူ့ဇနီး ဟိုတယ်မှာ တစ်ယောက်တည်းဖြစ်နေတာကို တွေးမိသွားပြီး သူလန့်နေမှာ စိုးရိမ်တာကြောင့် သူက ပြောလိုက်၏။ “မလွမ်းဘူး၊ နည်းနည်းပါပဲ။” သန်းရာဂဏန်းလောက်ပါပဲ…
ရှန်းယုဟန်က မာန်တက်နေသလို ပြုံးပြလိုက်၏။ “ယောကျာ်း၊ ကျွန်တော်ပြီးတာနဲ့ အမြန်ပြန်လာခဲ့မယ်။”
–
မြို့တော်ရှိ ပြည်သူများထံ နောက်ရက်အနည်းငယ်အတွင်း သဲမုန်တိုင်းဝင်ရောက်လာမည့်အကြောင်းကို မိုးလေဝသ စောင့်ကြည့်ရေးဌာနက နောက်တစ်နေ့မှာ သတိပေးအကြောင်းကြားခဲ့သည်။
ရှန်ချီဟွမ်းက စကားမပြောနိုင်ပဲ ဖုန်းကိုကိုင်ထားသည်။ “......”
သူ့ဇနီးရဲ့အလံက တစ်ခုပြီးတစ်ခု တိတိကျကျ သတ်မှတ်စီစဥ်ထားတာပဲ…