no

Ads_900_2
ချမ်းသာတဲ့ဖေဖေလေးက အပျင်းတစ်ပြီးနောက် နာမည်ကြီးသွားတယ်

ချမ်းသာတဲ့ဖေဖေလေးက အပျင်းတစ်ပြီးနောက် နာမည်ကြီးသွားတယ်

-

5
Your Rating
Author -
Artist -
Translator Aurora Team
Release -

Summary


...

Description

ရုံးဝန်ထမ်းဖြစ်သူ လင်ယိတစ်ယောက် အလုပ်အလွန်အကျွံလုပ်ခြင်းကြောင့် ရုတ်တရက်သေဆုံးသွားခဲ့၏။ သူ မျက်လုံးများ ပြန်ဖွင့်လာချိန်မှာ လူချမ်းသာသူဌေးကြီးတစ်ဦးနှင့် စီးပွားရေးအရလက်ထပ်ထားသော အမြောက်စာဇာတ်ကောင်လေး ဖြစ်နေခဲ့လေသည်။

ဤအိမ်ထောင်ရေး၌ လင်ယိက လုံးဝအရေးမပါချေ။ အေးစက်လွန်းသော သူ၏ခင်ပွန်းဖြစ်သူ CEO မှာ အိမ်သို့တစ်ခါမှပြန်မလာဖူးဘဲ လစဥ်လတိုင်း သူ့ကတ်ထဲသို့ ယွမ်ငါးသန်း အသုံးစရိတ်ကိုသာ လွှဲပေးတတ်သည်။

လင်ယိ : ဒီလိုကောင်းတဲ့အရာမျိုး တကယ်ရှိတာလား။ ကဲ၊ အခုက အေးအေးဆေးဆေးအနားယူပြီး လှဲနေရမဲ့အချိန်ပဲ!

ထိုအရာအပြင် လင်ယိမှာ မွေးစားသားတစ်ယောက်ရှိနေသည်။

[T/N: တကယ်တော့ လင်ပါသားပါ။ အဲ့နာမည်ကြီးက ခေါ်လို့မကောင်းလို့ မွေးစားသားလို့ ရေးထားပါတယ်။]

သူ၏မွေးစားသားဖြစ်သူ ဟော့မျန်မျန်က သုံးနှစ်သားအရွယ်ကလေးတစ်ယောက်ဖြစ်ပြီး သေးသေးအိအိလေးနှင့် အလွန်နူးညံ့ကာ ချစ်စရာကောင်းလွန်းသော်လည်း အမြဲတမ်း တိတ်ဆိတ်နေတတ်ပြီး အလွန်သတိကြီးလွန်းကာ မည်သူ့ကိုမှ အလွယ်တကူ အနားကပ်မခံတတ်ပေ။

လင်ယိမှာ ကလေးကို ပျိုးထောင်ပေးစရာမလိုသောကြောင့် ပျော်ပျော်ရွှင်ရွှင်နှင့် လွတ်လပ်နေခဲ့သည်။ သူ၏ နေ့စဥ်စိုးရိမ်ကြောင့်ကြမှုက ငွေများကို မည်သို့သုံးရမလဲဟု စဥ်းစားရခြင်းသာ။

သူ ပျော်နေချိန်ဆို ဆိုင်တစ်ဆိုင်ကို ဝယ်လိုက်ပြီး မပျော်လျှင်တော့ ပြိုင်ကားတစ်စီးလောက်ကို ဝယ်လိမ့်မည်သာ...

_

စာချုပ်တစ်ခုကြောင့် လင်ယိနှင့် ဟော့မျန်မျန်တို့ ကလေးထိန်းကျောင်းသည့် ရသစုံရှိုးတစ်ခု၌ အတူတကွ ပါဝင်ခဲ့ကြရ၏။

ဤခန္ဓာ၏မူလပိုင်ရှင်က ဖျော်ဖြေရေးနယ်ပယ်၌ ကောင်းမွန်သောဂုဏ်သတင်းမရှိရာ အင်တာနက်သုံးစွဲသူများက ချက်ချင်းဆိုသလို လှောင်ပြောင်ကာ ဝေဖန်ကြတော့သည်။

[လင်ယိဆိုတာ အာရုံစိုက်ခံရအောင် အမြဲပြဿနာရှာနေတတ်တဲ့တစ်ယောက်မလား။ သူ ကလေးကို လမ်းမှားမရောက်စေရင် ပိုကောင်းမယ်!!]

[အတိအကျပဲ။ ငါကြားထားတာတော့ ဟော့မိသားစုရဲ့သခင်လေးမှာ အော်တစ်ဇင်လက္ခဏာတွေရှိတယ်တဲ့။ လင်ယိက ပိုဆိုးအောင် လုပ်လိုက်ရင်ရော?]

[T/N: အော်တစ််ဇင်ဆိုတာ အလွယ်ပြောရရင် အထီးကျန်ဝေဒနာပါ။ ဆေးပညာအရပြောရရင်တော့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ သက်ဆိုင်တဲ့အခြေအနေကိုခေါ်ပါတယ်။ အော်တစ်ဇင်ကို ရောဂါလို့ပြောတာထက် ဝေဒနာလို့ပြောတာ ပိုမှန်ပါတယ်။ အဲ့ဒီဝေဒနာခံစားနေရတဲ့သူတွေက တစ်ယောက်နဲ့တစ်ယောက် လက္ခဏာတွေ၊ ပြင်းအားတွေ၊ လိုအပ်ချက်တွေ မတူညီကြပါဘူး။]

[လင်ယိရေ ဖျော်ဖြေရေးနယ်ပယ်ထဲကနေ ထွက်သွားလိုက်ပါတော့!!]

သို့သော် ရှိုးကို စတင်ရိုက်ကူးသည်နှင့်တစ်ပြိုင်နက် ကိစ္စများက အင်တာနက်သုံးစွဲသူများ ခန့်မှန်းထားသည်များနှင့် လုံးဝပြောင်းပြန်ဖြစ်နေခဲ့သည်။

မွေးစားသားလေးက လင်ယိကို အလွန်အမင်းတွယ်ကပ်ကာ တန်းလန်းတန်းလန်းကျနေသော အမြီးလေးကဲ့သို့ သူ့အနောက်ကိုပဲ လိုက်နေခဲ့၏။

နှစ်ဦးသား အခန်းတစ်ခန်းထဲမှာ အတူတူရှိနေချိန်၌ လင်ယိဘယ်သွားသွား ကလေးငယ်က အနောက်ကနေလိုက်နေတတ်သည်။ လင်ယိ ရပ်လိုက်သည်နှင့် ကလေးငယ်က သူ့အနောက်ကနေ 'ဒုတ်' ခနဲ ခပ်ဖွဖွဝင်တိုက်တတ်သည်။ ထိုအချိန်ဆို နာသွားသော်လည်း မငိုဘဲ သူ၏ဝဝကစ်ကစ်လက်ကလေးဖြင့် သူ့နဖူးလေးကို ပွတ်သပ်ရင်း လင်ယိအနောက်သို့ ဆက်လိုက်လိမ့်မည်သာ။

နှစ်ဦးသား အတူတူစားသောက်ချိန်၌ ကလေးငယ်က သူ၏ခုံသေးသေးလေးကို ဆွဲယူပြီး လင်ယိဘေးမှာ ထိုင်တတ်သည်။ လင်ယိက သူမကြိုက်သောအစားအစာများကို ဘေးဖယ်နေသည်အား မြင်လိုက်ရလျှင် ကလေးငယ်က စိတ်ရှည်စွာဖြင့် သူ့ကို သတိပေးတတ်သေး၏။

"ဖေဖေလေး၊ အစားအသောက်ကို ရွေးစားတာက ကျန်းမာရေးအတွက် မကောင်းဘူးနော်~"

နှစ်ဦးသား လှုပ်ရှားမှုများကို အတူတူလုပ်ဆောင််ချိန်၌ အခြားမိသားစုများက ဂိမ်းများကိုအနိုင်ရရန် ကြိုးစားပမ်းစား လုပ်နေခဲ့ကြ၏။ သို့သော် လင်ယိကတော့ နားနေခန်းထဲမှ ကုလားထိုင်ပေါ် ပျင်းရိစွာလှဲချကာ သူ့နံဘေးမှနေရာကို ပုတ်ပြခဲ့သည်။

"ချာတိတ်လေး၊ လာ၊ မြန်မြန်လာနားလိုက်။"

မွေးစားသားလေးက ခေါင်းယမ်းပြကာ သူ၏လက်သီးသေးသေးလေးများကိုဆုပ်၍ နူးညံ့သိမ်မွေ့သော ကလေးအသံလေးဖြင့် ပြောလာခဲ့သည်။

"ဖေဖေလေး၊ သားတို့အတွက် ပထမနေရာယူလာခဲ့ပေးမှာမို့ သားကိုစောင့်နေနော်!"

မွေးစားသားလေးက အလွန်ချိုမြိန်ကာ လိမ္မာရေးခြားရှိပြီး တစ်ခါတစ်ရံ ကလေးဆန်စွာ ယခုလိုပြုမူတတ်ချိန်မှာတောင်—

သူက ကြမ်းပြင်ပေါ်လဲလျောင်းကာ စိတ်ဆိုးစိတ်ကောက်စွာ ညည်းညူနေပြီး ထရပ်ဖို့ ငြင်းဆန်နေခဲ့၏။

ထိုအခါ အနီးနားမှာထိုင်၍ ဖုန်းသုံးနေသော လင်ယိက ပေါ့ပေါ့ပါးပါး သတိပေးလိုက်သည်။

"နေရာနည်းနည်းရွှေ့ပေးလိုက်ဦး၊ အိမ်အကူအန်တီက သန့်ရှင်းရေးလုပ်ရတော့မှာ။"

"အော~"

ကလေးငယ်က နာခံမှုရှိစွာ ပြန်ဖြေခဲ့ပြီး နံဘေးသို့ရွှေ့ပေးလိုက်၏။ အိမ်အကူ သန့်ရှင်းရေးလုပ်ပြီးသည်နှင့် ကလေးငယ်က မူလနေရာပြန်သွားကာ လှဲချလိုက်လေသည်။

သားအဖနှစ်ယောက်က ညတွင်းချင်း နာမည်ကြီးသွားခဲ့သည်။

[လင်ယိရဲ့ကလေးထိန်းတဲ့ပုံစံက အရမ်းလွယ်တာပဲ!!!]

[လင်ယိက ကလေးထိန်းတာ ကျွမ်းကျင်တဲ့သူလား။ ကလေးက သူ့အပေါ် ဒီလောက်ထိမှီခိုနေအောင် ဘယ်လိုများလုပ်လိုက်တာပါလိမ့်???]

သိပ်မကြာခင် လင်ယိက ကလေးထိန်းတော်ရုံသာမက ဟော့မိသားစု၏ ဒုတိယသခင်လေးနှင့် တတိယသခင်မလေးတို့ကိုပါ ကောင်းမွန်စွာ ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့ကြောင်း အင်တာနက်သုံးစွဲသူများ သိရှိသွားတော့သည်။

တစ်ချိန်က မဟုတ်မခံ၊ မျှော်လင့်ချက်မဲ့သော ဒုတိယသခင်လေးက ယခုအခါ ကမ္ဘာ့အဆင့် e-sports ပြိုင်ပွဲ၏ ချန်ပီယံစင်မြင့်ထက်မှာ ရပ်နေနိုင််ပြီဖြစ်သည်။

တစ်ချိန်က အလိုလိုက်ခံရပြီး ဆိုးသွမ်းခဲ့သော တတိယသခင်မလေးက ယခု ချီးကျူးဂုဏ်ပြုခံရသော အတော်ဆုံးမင်းသမီး ဖြစ်လာခဲ့သည်။

ထိုမောင်နှမနှစ်ယောက်၏ပါးစပ်ဖျားမှ ၎င်းတို့၏ 'မရီး' လင်ယိမှာ မည်မျှအံ့အားသင့်စရာကောင်းကြောင်းများသာ တရစပ်ပြောနေခဲ့ကြပြီး လင်ယိ၏စကားကို အမြဲတမ်း နားထောင်ခဲ့ကြ၏။

အင်တာနက်သုံးစွဲသူများမှာ ကြောင်အမ်းကုန်ကြသည်။

မေးခွန်းထုတ်ခံနေရသော လင်ယိကတော့ လုံးဝ စိတ်အေးလက်အေးရှိနေခဲ့သည်။

ကလေးဆိုးကြီးနှစ်ယောက်ကို ထိန်းကျောင်းလိုက်ရုံပါပဲ၊ အဲ့ဒါက ဘာများခက်ခဲနေလို့လဲ။

_

အမုန်းပွားသူတစ်ယောက်က လင်ယိနှင့် ဟော့မိသားစု၏အကြီးဆုံးသား ဟော့ကျိဟန်တို့သည် စီးပွားရေးအရ လက်ထပ်ထားခြင်းဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ခံစားချက်အစစ်အမှန်များမရှိကြောင်း ဖော်ထုတ်ခဲ့သည်။

သိပ်မကြာခင် အစီအစဥ်တစ်ခုပြီးဆုံးချိန်၌ အမြဲလိုလို အေးစက်ကာ ကြမ်းတမ်းတတ်သော ဟော့ကျိဟန်က လင်ယိကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ နမ်းရှုပ်ခဲ့သည်။ ထို့နောက်မှာတော့ ပွေ့ချီလျက် ကားထဲသို့ ခေါ်ဆောင်သွားလေ၏...

ထိုနေ့မှာ အင်တာနက်တစ်ခုလုံး ပျက်ကျသွားခဲ့သည်။

ဒါကို 'ခံစားချက်တွေမရှိဘူး' လို့ ခေါ်တာလား!!!

***

Aurora Novel Translation Team

Lastest Chapter Update


Chapter1 04,April,2026
Chapter2 04,April,2026
Chapter3 04,April,2026
Chapter4 04,April,2026
Chapter5 04,April,2026
Chapter6 04,April,2026
Chapter7 04,April,2026
Chapter8 04,April,2026
Chapter9 04,April,2026
Chapter10 04,April,2026
Chapter11 05,April,2026
Chapter12 05,April,2026
Chapter13 05,April,2026
Chapter14 05,April,2026
Chapter15 05,April,2026
Chapter16 06,April,2026
Chapter17 06,April,2026
Chapter18 06,April,2026
Chapter19 06,April,2026
Chapter20 06,April,2026
Chapter21 08,April,2026
Chapter22 08,April,2026
Chapter23 08,April,2026
Chapter24 08,April,2026
Chapter25 08,April,2026
Chapter26 08,April,2026
Chapter27 08,April,2026
Chapter28 08,April,2026
Cjapter29 08,April,2026
Chapter30 08,April,2026
Chapter31 13,April,2026
Chapter32 13,April,2026
Chapter33 13,April,2026
Chapter34 13,April,2026
Chapter35 13,April,2026
Chapter36 13,April,2026
Chapter37 13,April,2026
Chapter38 13,April,2026
Chapter39 13,April,2026
Chapter40 13,April,2026
Chapter41 13,April,2026
Chapter42 13,April,2026
Chapter43 13,April,2026
Chapter44 13,April,2026
Chapter45 13,April,2026
Chapter46 13,April,2026
Chapter47 13,April,2026
Chapter48 13,April,2026
Chapter49 13,April,2026
Chapter50 13,April,2026
Chapter51 14,April,2026
Chapter52 14,April,2026
Chapter53 14,April,2026
Chapter54 14,April,2026
Chapter55 14,April,2026
Chapter56 17,April,2026
Chapter57 17,April,2026
Chapter58 17,April,2026
Chapter59 17,April,2026
Chapter60 17,April,2026
Chapter61 17,April,2026
Chapter62 17,April,2026
Chapter63 17,April,2026
Chapter64 17,April,2026
Chapter65 17,April,2026
Chapter66 17,April,2026
Chapter67 17,April,2026
Chapter68 17,April,2026
Chapter69 17,April,2026
Chapter70 17,April,2026
Chapter71 20,April,2026
Chapter72 20,April,2026
Chapter73 20,April,2026
Chapter74 20,April,2026
Chapter75 20,April,2026
Chapter76 20,April,2026
Chapter77 20,April,2026
Chapter78 20,April,2026
Chapter79 20,April,2026
Chapter80 20,April,2026
Chapter81 22,April,2026
Chapter82 22,April,2026
Chapter83 22,April,2026
Chapter84 22,April,2026
Chapter85 22,April,2026
Chapter86 22,April,2026
Chapter87 22,April,2026
Chapter88 22,April,2026
Chapter89 22,April,2026
Chapter90 22,April,2026
Chapter91 26,April,2026
Chapter92 26,April,2026
Chapter93 26,April,2026
Chapter94 26,April,2026
Chapter95 26,April,2026
Chapter96 26,April,2026
Chapter97 26,April,2026
Chapter98 26,April,2026
Chapter99 26,April,2026
Chapter100 26,April,2026
Chapter101 30,April,2026
Chapter102 30,April,2026
Chapter103 30,April,2026
Chapter104 30,April,2026
Chapter105 30,April,2026
Chapter106 30,April,2026
Chapter107 30,April,2026
Chapter108 30,April,2026
Chapter109 30,April,2026
Chapter110 30,April,2026
Chapter111 12,May,2026
Chapter112 12,May,2026
Chapter113 12,May,2026
Chapter114 12,May,2026
Chapter115 12,May,2026
Chapter116 12,May,2026
Chapter117 12,May,2026
Chapter118 12,May,2026
Chapter119 12,May,2026
Chapter120 12,May,2026
Chapter121 12,May,2026
Chapter122 12,May,2026
Chapter123 12,May,2026
Chapter124 12,May,2026
Chapter125 12,May,2026
Chapter126 12,May,2026
Chapter127 12,May,2026
Chapter128 12,May,2026
Chapter129 12,May,2026
Chapter130 12,May,2026
Chapter131 12,May,2026
Chapter132 12,May,2026
Chapter133 12,May,2026
Chapter134 12,May,2026
Chapter135 12,May,2026
Chapter136 12,May,2026
Chapter137 12,May,2026
Chapter138 12,May,2026
Chapter139 12,May,2026
Chapter140 12,May,2026
Chapter141 14,May,2026
Chapter142 14,May,2026
Chapter143 14,May,2026
Chapter144 14,May,2026
Chapter145 14,May,2026
Chapter146 15,May,2026
Chapter147 15,May,2026
Chapter148 15,May,2026
Chapter149 15,May,2026
Chapter150 15,May,2026

Manga DISCUSSION


Leave A Reply

you must Login or register to post a comment


Reviews & Ratings


0.0
0 reviews
View All Reviews

No reviews yet. Be the first to review!