no

Font
Theme

အခန်း (၁၅)

ရွှီဝမ်ဝမ်က ဆိုင်ထဲသို့ ဝင်လိုက်စဉ် ဟိုင်မြို့၏ ထင်ပေါ်ကျော်ကြားသော ရှောင်းမိသားစုမှ သမီးကြီး ရှောင်းကျန့်ရန်နှင့် ထိပ်တိုက်တိုးတော့သည်။ ရှောင်းကျန့်ရန်မှာ ယခုနှစ်တွင် အသက် ၂၀ သာ ရှိသေးသော်လည်း သူ(မ)၏ ဝတ်စားဆင်ယင်မှုမှာ အသက်အရွယ်ထက် များစွာ ပိုကြီးရင့်နေပုံရသည်။

ရှောင်းကျန့်ရန်က ရွှီဝမ်ဝမ်၏ တောသားဆန်သော ဝတ်စုံကို မြင်သည်နှင့် ချက်ချင်းပင် နှာခေါင်းကို လက်ဖြင့် ပိတ်လိုက်ပြီး စက်ဆုပ်ရွံရှာစွာ ပြောလာ၏။

“ဒီလိုအဆင့်မရှိတဲ့သူတွေကို ဘယ်လိုဖြစ်ပြီးတော့များ ဆိုင်ထဲပေးဝင်လိုက်တာလဲ။ ဆိုင်ရဲ့ ဂုဏ်သိက္ခာကို တကယ် ညှိုးနွမ်းစေတာပဲ။”

ဆိုင်ဝန်ထမ်းတစ်ဦးကလည်း ကမန်းကတန်း ဝင်ရောက်ထောက်ခံလေသည်။

“မမလေး ပြောတာ မှန်ပါတယ်။ ဒီလောက် စုတ်ပြတ်နေတဲ့သူက ဆိုင်ထဲကို ဝင်ရဲတယ်ဆိုတော့... ကျွန်မ ထင်တယ် သူ တစ်ခုခု ခိုးဖို့ ကြံနေတာပဲနေမှာ။”

“ဒီက အဝတ်အစားတစ်ထည်ရဲ့ တန်ဖိုးက ဒီကောင်မလေးရဲ့ နှစ်နဲ့ချီတဲ့ အသုံးစရိတ်ထက်တောင် ပိုများဦးမယ်။ မင်းတို့နှစ်ယောက် သူ(မ)တစ်ကိုယ်လုံးကို ရှာကြ၊ ဘာမှမခိုးသွားစေနဲ့။”

ဆိုင်မန်နေဂျာက ဝန်ထမ်းနှစ်ဦးကို အမိန့်ပေးလိုက်သည်။

ရွှီဝမ်ဝမ်က ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းလာကာ အော်ဟစ်လိုက်သည်။

“ရှင်တို့လုပ်ရဲတယ်နော်၊ ဒါက ဥပဒေနဲ့ မညီဘူးဆိုတာရော သိလား။”

“ဥပဒေဟုတ်လား။ ငါ့မိသားစုပိုင်တဲ့ဆိုင်မှာ ငါက ဥပဒေပဲ။”

ရှောင်းကျန့်ရန်က ခနဲ့ပြုံးပြုံးကာ ဝန်ထမ်းနှစ်ဦးကို မျက်ရိပ်ပြလိုက်သည်။

ရွှီဝမ်ဝမ်၏ မျက်နှာမှာ ဖြူလျော့သွားပြီး သူ(မ)၏ ကျောပိုးအိတ်ကို ချွတ်ကာ ဝန်ထမ်းနှစ်ဦးကို လှမ်းထုလိုက်သည်။

သို့သော် သူ(မ)မှာ တစ်ယောက်တည်းဖြစ်ရာ ဝန်ထမ်းတစ်ဦးက သူ(မ)၏လက်ကို ဖမ်းကိုင်လိုက်ပြီး နောက်တစ်ဦးက ကျောပိုးအိတ်ကို လုယူ၍ ဘေးသို့ ပစ်ချလိုက်သည်။ ထို့နောက် သူ(မ)၏ ကိုယ်ကို စတင်ရှာဖွေရန် ပြင်တော့သည်။

ဆိုင်အတွင်းမှ ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် အပြင်မှ ဝယ်သူများ၏ အာရုံစိုက်မှုကို ရရှိလာသည်။ လူတချို့မှာ ရပ်ကြည့်နေကြပြီး တချို့ကမူ ဖုန်းဖြင့် ဗီဒီယိုရိုက်ကာ မှတ်ချက်ပေးနေကြသည်။

“အဖမ်းခံရတဲ့ သူခိုးမလေးတဲ့... တကယ်ကို အရှက်မရှိဘူး...”

လူတချို့ကလည်း သက်ပြင်းချကြသည်။

“ဒီလောက် ချောချောလှလှလေးကို ဘာလို့ ကောင်းကောင်းမွန်မွန် အလုပ်မလုပ်ဘဲ ခိုးရတာလဲ...”

ထိုပြောဆိုသံများကို ကြားရသောအခါ ရွှီဝမ်ဝမ်မှာ အလွန်စိုးရိမ်ပူပန်သွားပြီး မျက်ရည်များ ဝဲလာကာ ရုန်းထွက်နိုင်ရန်သာ ကြိုးစားနေမိသည်။ သူ(မ)သည် ခြေထောက်ကို မြှောက်ကာ ဝန်ထမ်းတစ်ဦးကို ကန်လိုက်သည်။

ဝန်ထမ်းမှာ အငိုက်မိသွားသဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထိုသည်ကို မြင်သောအခါ တခြားဝန်ထမ်းတစ်ဦးက ရွှီဝမ်ဝမ်၏ ပါးကို ရိုက်ရန် လက်ရွယ်လိုက်သဖြင့် ရွှီဝမ်ဝမ်က မျက်လုံးများကို စုံမှိတ်ထားလိုက်မိသည်။

“ဖြန်း” ဟူသည့်အသံနှင့်အတူ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ ရွှီဝမ်ဝမ်သည် တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် သူ(မ)မှာ ဘာနာကျင်မှုမျှ မခံစားရပေ။ ထိုအစား နွေးထွေးသော အရည်တစ်ခုမှာ သူ(မ)၏ မျက်နှာပေါ်သို့ စဉ်သွားခဲ့သည်။

ရွှီဝမ်ဝမ် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ(မ)ကို ရိုက်ရန် ကြိုးစားသော ဝန်ထမ်း၏ ဆံပင်ပေါ်တွင် အမည်းရောင်အဖတ်လေးများ ကပ်နေသည်ကို တွေ့လိုက်ရသည်။ သူ(မ)ဆံနွယ်များမှ အရည်များလည်း စီးကျနေသည်။ သေချာကြည့်လိုက်တော့...

Bubble tea ပါလား။

“ဝမ်ဝမ်၊ ဝမ်ဝမ်... နင် ဘာဖြစ်သွားသေးလဲ။”

ရွှီဝမ်ဝမ်၏ နားထဲတွင် ရင်းနှီးသော အသံတစ်ခု ပဲ့တင်ထပ်လာသည်။

ကြည့်လိုက်ရာ ရဲ့ကျင်မုန့်သည် ဆိုင်အဝင်ဝမှ အပြေးအလွှား ဝင်လာသည်ကို တွေ့လိုက်ရသည်။

“ငါ ဘာမှမဖြစ်ပါဘူး။”

ရွှီဝမ်ဝမ် သက်ပြင်းချလိုက်မိသည်။

“ဟွန့်... နင့်မျက်လုံးတွေ နီနေတာတောင် ဘာမှမဖြစ်ဘူးလို့ ပြောသေးတယ်နော်။”

ရဲ့ကျင်မုန့်က တစ်ရှူးများကို ထုတ်ကာ ရွှီဝမ်ဝမ်မျက်နှာပေါ်မှ အစက်များကို သုတ်ပေးရန် ပြင်နေသည်။

သူ(မ)က လူစုလူဝေးကို လာကြည့်ရာမှ ရွှီဝမ်ဝမ်ဖြစ်နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရခြင်း ဖြစ်သည်။

သူ(မ) အလွန်စိုးရိမ်သွားသဖြင့် လက်ထဲမှ Bubble Tea ခွက်ဖြင့် ချက်ချင်း လှမ်းပေါက်လိုက်ခြင်းဖြစ်ပြီး တော်သေးသည်မှာ သူ(မ)၏ ပစ်မှတ်က တိကျသဖြင့် ဝမ်ဝမ်ကို ဆိုင်ဝန်ထမ်းလူဆိုးမ ထိခိုက်အောင် မလုပ်နိုင်ခဲ့ခြင်းပင်။

“ငါ... ငါ့ဘာသာငါ သုတ်လိုက်ပါ့မယ်။”

ရွှီဝမ်ဝမ်မှာ အနည်းငယ် နေရခက်သွားသည်။

ရဲ့ကျင်မုန့်က မငြင်းနေတော့ဘဲ တစ်ရှူးများကို ရွှီဝမ်ဝမ်ထံ ပေးလိုက်ပြီး ဆိုင်ထဲမှ လူများဘက်သို့ လှည့်လိုက်သည်။

မူလက ချစ်စရာကောင်းသော မျက်နှာလေးတွင် ဒေါသအရိပ်အယောင်များဖြင့် လွှမ်းမိုးနေ၏။

“XJ ဆိုင်က ဝယ်သူတွေကို ဒီလိုမျိုး ဆက်ဆံလိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး။ အံ့တောင် အံ့ဩမိပါရဲ့။”

ရဲ့ကျင်မုန့်က ခနဲ့ကာ ပြောလိုက်သည်။

ရှောင်းကျန့်ရန်က သူ(မ)၏ မောက်မာသော အမူအရာကို ချက်ချင်း ပြောင်းလဲလိုက်သည်။ သူ(မ)က ရဲ့ကျင်မုန့်ကို မျက်နှာချိုသွေးသလို ပြုံးပြကာ

“မမလေးရဲ့... သူ(မ)နဲ့ သိလို့လား။ ကျွန်မ ပြောပြမယ်၊ ဒီမိန်းကလေးက သူခိုးမလေးလေ။ ကျွန်မတို့ဆိုင်က အဝတ်အစားတွေ ခိုးဖို့ ကြိုးစားတာကို ဝန်ထမ်းတွေက လက်ပူးလက်ကြပ်မိလို့ ဖမ်းလိုက်တာ။”

ထို့ပြင် သူ(မ)က သတိပေးလိုက်သေးသည်။

“သူ(မ) လှည့်စားတာကို မခံပါနဲ့။”

ထိုစကားကို ကြားသောအခါ ရွှီဝမ်ဝမ်၏ မျက်နှာမှာ ပို၍ မှုန်မှိုင်းသွားရတော့သည်။

“သူ(မ)က သူခိုးလား။ နင်တို့ဆိုင်က ဘာကို ယူသွားလို့လဲ။ သက်သေရော ဘယ်မှာလဲ။ သက်သေမရှိဘဲ တစ်ပါးသူကို စွပ်စွဲတာက ဥပဒေအရ အရေးယူခံရနိုင်တယ်ဆိုတာ သိလား။”

ရဲ့ကျင်မုန့်က ဆိုင်တစ်ဆိုင်လုံးကို စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်ပြီး

“နောက်ပြီးတော့ နင်တို့ရဲ့ ဒီလိုအညံ့စားပစ္စည်းတွေကို အလကားပေးရင်တောင် ဘယ်သူက လိုချင်မှာလဲ။ သူ(မ)က နင်တို့ဆိုင်က ပစ္စည်းတွေကို ခိုးဖို့တောင် အချိန်မဖြုန်းချင်လောက်ဘူး။”

ရှောင်းကျန့်ရန်၏မျက်နှာက ဖြူလျော့သွားပြီး ဒေါသထွက်လွန်းသဖြင့် သူ(မ)၏ ကြွေသွားအတုများပင် ကျိုးထွက်လုမတတ် ဖြစ်သွားရသည်။ သူ(မ)၏ မျက်ဝန်းထဲတွင် ရက်စက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားကာ ဆိုင်မန်နေဂျာကို ထပ်မံ မျက်ရိပ်ပြလိုက်သည်။

မန်နေဂျာက သဘောပေါက်သွားပြီး အမြန်ရှင်းပြလိုက်၏။

“မမလေးရဲ့... ခုနက ဝန်ထမ်းတွေက သူ(မ) ဆိုင်ထဲမှာ ဟိုကြည့်ဒီကြည့်နဲ့ မသင်္ကာစရာကောင်းအောင် လုပ်နေတာ မြင်လို့ သူခိုးလို့ ထင်သွားကြတာပါ။”

သူက ဆံပင်မှ Bubble Tea များစီးကျနေသော အရောင်းဝန်ထမ်းကို လက်ညှိုးထိုးကာ ဒေါသထွက်စွာ လှမ်းအော်လိုက်သည်။

“မင်း မမလေးရဲ့ကို မြန်မြန်တောင်းပန်လိုက်။”

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment