အသက်ဆယ့်ခုနစ်နှစ်အရွယ်မှ ယနေ့အထိ မနှစ်တုန်းက တစ်နှစ်တည်းသာ ယွမ်ယယ် ဖန်းရှောက်ယိဆီကနေ စာအိတ်နီ သို့မဟုတ် အချစ်စကားကဲ့သို့ ရိုးရှင်းသောဆုတောင်းများ မရရှိခဲ့ခြင်းဖြစ်သည်။ အရင်နှစ်'နှစ်သစ်ကူးပွဲ၌ သူက ပါမောက္ခယွမ်၊ သူ၏မိခင်တို့နှင့်အတူ ည၏ပထမပိုင်းကို အချိန်ဖြုန်းခဲ့သည်။ ဒုတိယပိုင်း၌ လောင်ထူ၏ဆိုင်တွင် နေထွက်လာတဲ့အထိ သောက်နေခဲ့၏။ လောင်ထူက သောက်နေချိန်တွင် သူ၏ဘေးတွင် မိန်းကလေးငယ်လေးကို မနေစေချင်ပေ။ ထို့ကြောင့် ၎င်းတို့နှစ်ဦးတည်းသာ။ ထိုနေ့က ယွမ်ယယ်
စကားအများကြီးမပြောခဲ့ပေ။ သူက အယ်လ်ကိုဟောဖြင့် သူ၏အာရုံကြောများကို ထုံထိုင်းချင်နေခဲ့သည်။
သို့သော် ထိုနေ့က သူ၏အသိစိတ်က နိုးကြားနေပြီး အတွေးများမှာလည်း ပြတ်ပြတ်သားသား ထင်ကျန်နေဆဲပင်။ ထိုနှစ်များအတွင်း သူ၏ရရှိမှုများ၊ ဆုံးရှုံးမှုများနှင့် သူ့ကို နာကျင်စေသောအရာများအားလုံး သူ၏ဦးနှောက်ထဲ ငြိတွယ်နေဆဲဖြစ်သည်။
ယနေ့တွင် ၎င်းတို့နှစ်ဦးလုံး အဆုံးထိမသွားခဲ့ကြပေ။ ၎င်းမှာ သူတို့အလိုမရှိခြင်းကြောင့်မဟုတ်။
သလို ပို၍တိတိကျကျပြောရလျှင် မည်သူမျှ သည်းခံနိုင်သောကြောင့်လည်းမဟုတ်ပေ။ အရင်က ၎င်းတို့နှစ်ယောက် အရှက်မဲ့စွာဖြင့် ရသစုံရှိုးရိုက်ကူးနေစဥ်အတွင်း လိင်မှုကိစ္စများကို လုပ်ခဲ့ကြသည်။ ၎င်းမှာ ထိုအချိန်က ၎င်းတို့နှစ်ဦး၏နှလုံးသားများထဲတွင် မရေရာမှုများကို ခံစားမိနေသောကြောင့်ဖြစ်၏။ စိတ်ခံစားချက်အတက်အကျများစွာဖြင့် စိတ်ထွက်ပေါက်ပေးရန် ကောင်းမွန်သောနည်းလမ်းကို မစဥ်းစားနိုင်တော့ဘဲ အခုမလုပ်လျှင် ဘယ်တော့မှရမှာမဟုတ်ဟု ခံစားမိခဲ့ကြသည်။ ထို့ပြင် ၎င်းမှာ သူတို့၏နောက်ဆုံးအပိုင်း ရိုက်ကူးရေးဖြစ်နေခဲ့၏။
သို့သော် ယခုက ထိုသို့မဟုတ်ပေ။ ယခု ၎င်းတို့က တစ်ယောက်မျက်စိရှေ့မှာ တစ်ယောက်ရှိနေကြပြီး ၎င်းတို့၏ အချစ်ရေးကလည်း တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာ၏။ ထို့ကြောင့် ၎င်းတို့ ထိုဆက်ဆံရေးကို အဆုံးမသတ်ရန် သို့မဟုတ် စတင်ရန် လိင်ကိစ္စကို ထပ်ပြီးအသုံးချရန်မလိုအပ်တော့ပေ။ လိင်ဆက်ဆံခြင်းက မရေမရာဆက်ဆံရေးကို ချက်ချင်းအဆုံးသတ်စေလိမ့်မည်။ ထို့နောက် ၎င်းတို့နှစ်ဦးသား အဆုံးတွင် အတူတကွပြန်လည်ပေါင်းစည်းသွားကြလိမ့်မည်။ သို့သော် အဆုံးမှာတော့ ၎င်းက အခမ်းအနားတချို့လစ်လပ်နေဆဲပင်။
နှစ်ဦးကြား အကွာအဝေးသေးသေးလေးခြားကာ ယွမ်ယယ်၏နှုတ်ခမ်းများက မြင့်တက်သွားပြီး သိမ်မွေ့စွာပြုံးပြလိုက်သည်။ သူ၏အသံက အနည်းငယ်အက်ရှနေ၏။ "ယိကော၊ မင်းတစ်ခါပြီးသွားအောင် ငါကူပေးမယ်လေ?"
ဖန်းရှောက်ယိက မျက်လုံးများမှိတ်ထားပြီး တိုးလျစွာတုံ့ပြန်လိုက်သည်။ ထို့နောက် သူကဆက်မေးလာခဲ့၏။ "ထပ်ပြီး လုပ်ဖို့မလိုတော့ဘူးလား။"
ယွမ်ယယ်က ရယ်နေဆဲပင်။ ထို့နောက် သူက ပြောလိုက်သည်။ "ငါ့မှာ ပါးစပ်အကြီးကြီးရှိတယ်၊ မင်းလည်း သိတာပဲ။"
ဖန်းရှောက်ယိက ယွမ်ယယ်၏မေးစေ့ကို ညှစ်ကာ အတင်းအကျပ်ကိုက်လိုက်ပြီးနောက် နူးညံ့စွာပြောလာသည်။ "မင်းက အပြောပဲရှိတာ။"
"အမ်း...အတိအကျပဲ။" ယွမ်ယယ်သည် နောက်ဆုံးတွင် ကောင်းကောင်းပြုမူလာတော့သည်။ "ငါက ကြောက်တတ်တယ်လေ။"
ဖန်းရှောက်ယိက ယွမ်ယယ်၏မေးစေ့ကို ညင်သာစွာကိုက်ခဲလိုက်ပြီး လက်နောက်ပြန်ဖြင့် မီးပိတ်လိုက်လေသည်။ ကုတင်ခေါင်းရင်းနားမှ မီးရောင်လေးသာ ကျန်နေတော့၏။
ထိုရက်ပိုင်းတွင် ယွမ်ယယ်က မျောက်ရိုင်းကလေးတစ်ကောင်နှင့်မတူဘဲ တစ်စုံတစ်ယောက်၏အိမ်၌ ထိန်းသိမ်းထားခံရသော ယဥ်ပါးသောမျာက်ကလေးနှယ် ကောင်းမွန်စွာပြုမူနေခဲ့သည်။ သူ၏စကားလုံးများတွင် ဆူးများမပါတော့သလို မည်သည့်အရာကိုမဆို မလုပ်ခင် အရင်စဥ်စားတတ်လာ၏။ ရိုက်ကွင်းတွင်လည်း သူနှင့် ရိုက်ကွင်းအဖွဲ့သားများ၊ ဒါရိုက်တာများ၏ဆက်ဆံရေးမှာ အတော်လေးကောင်းမွန်ခဲ့သည်။ သူက ဖန်းရှောက်ယိနားမှာရှိနေသရွေ့ သူ၏ဆူးများကို အလိုအလျောက်သိုဝှက်ကာ တည်ငြိမ်နေပုံပေါက်အောင် အကောင်းဆုံးကြိုးစားလိမ့်မည်သာ။
ယွမ်ယယ်က ရိုက်ကွင်းဇာတ်ညွှန်းရေးဆရာပေါက်စလေးနှစ်ယောက်ကိုတောင်မှ နှစ်သစ်အတွက် စာအိတ်နီများပေးခဲ့လေ၏။ ရှောင်ကောင်းမှာ အားနာနေခဲ့သည်။ "ယွမ်ယယ်ကော၊ ကောက အရမ်းကြင်နာတတ်တာပဲ။ ကျေးဇူးတင်ပါတယ်၊ ကော။ ကောက ကျွန်တော်တို့ကို အမြဲတမ်းဂရုစိုက်ပေးတယ်။"
ယွမ်ယယ်က ပြုံးပြလိုက်သည်။ "နှစ်သစ်မှာပျော်ရွှင်ပါစေ။ နှစ်သစ်မှာ အလုပ်တွေလည်း အဆင်ပြေချောမွေ့နေပါစေလို့ ဆုတောင်းပေးပါတယ်ကွာ။"
ယန်စစ်ရန်ကလည်း နွေဦးပွဲတော်(*နှစ်သစ်ကူးပွဲ)၌ ရိုက်ကွင်းတွင်နေခဲ့သည်။ သူက ဖန်းရှောက်ယိ၏ကုမ္ပဏီမှ သရုပ်ဆောင်တစ်ယောက်ဖြစ်ရာ ယွမ်ယယ် သူ့ကိုလည်း စာအိတ်နီတစ်အိတ်လက်ဆောင်ပေးခဲ့သည်။ ယွမ်ယယ် ယန်စစ်ရန်ကို လျှောက်လမ်းတွင် တွေ့လိုက်ရသောအခါ အော်ခေါ်လိုက်သည်။ ယန်စစ်ရန်က ခြေလှမ်းများ တုံ့ခနဲရပ်ကာ မေးလာ၏။ "ဘာဖြစ်လို့လဲ ယွမ်ယယ်ကော။"
ယွမ်ယယ်က သူ၏အိတ်ကပ်ထဲမှ အတော်အတန်ထူသော စာအိတ်နီကိုထုတ်ကာ သူ့ဆီပစ်လိုက်သည်။ "ဖမ်းလိုက်! ကျားယို!"
ယန်စစ်ရန်က အနည်းငယ်အံ့အားသင့်မှုနှင့်အတူ စာအိတ်နီကို ဖမ်းလိုက်၏။ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ဘာကိုမှ တုံ့ပြန်မပြောနိုင်ခဲ့ပေ။ အတော်လေးကြာပြီးမှ 'ကျေးဇူးတင်ပါတယ် 'ကိုသာ ထုတ်ပြောနိုင်ခဲ့ပြီး ယွမ်ယယ်၏နာမည်ကို ထပ်ထည့်ပြောရန်ပင် မေ့နေခဲ့သည်။ သူ၏အမူအရာက အလွန်ကိုအံ့သြနေသည့်ပုံပင်။
ယွမ်ယယ်က သူ၏တုံ့ပြန်မှူကြောင့် ရယ်မောလိုက်လေသည်။ "စိတ်လှုပ်ရှားနေစရာမလိုပါဘူး။"
အားလပ်ရက်က နှစ်ရက်သာကျန်တော့သည်။
ဖန်းရှောက်ယိက ယွမ်ယယ်၏အခန်းထဲ၌ အိပ်ငိုက်နေ၏။ ယွမ်ယယ်တစ်ယောက် နာခံမှုအပြည့်ဖြင့် သူ့ဘေးနားမှာ အလုပ်ကိစ္စများကို တိတ်တဆိတ်လုပ်ဆောင်နေခဲ့သည်။ ခဏကြာပြီးနောက် ဖန်းရှောက်ယိက လုံးဝအိပ်ပျော်သွားခဲ့သည်။ ယွမ်ယယ်က အခန်းအပူချိန်ကို ထိန်းညှိကာ ဖန်းရှောက်ယိကိုယ်ပေါ်သို့ စောင်ပါးလေးတစ်ထည် လွှမ်းခြုံပေးလိုက်၏။ ထို့နောက် လေကောင်းလေသန့်ရှူရန် သူတစ်ယောက်တည်း ထွက်လာခဲ့သည်။
အပြင်၌ အနည်းငယ်အေးနေ၏။ ယွမ်ယယ်က အသက်ရှူထုတ်ကာ အိတ်ကပ်ထဲလက်ထည့်ပြီး ထိုနားတစ်ဝိုက် လမ်းလျှောက်နေခဲ့သည်။ သူ၏ဦးနှောက်ထဲမှာ ဗလာကျင်းနေပြီး မည်သည့်အတွေးမှမရှိပေ။ ထိုအခိုက်အတန့်များက စိတ်လက်အပေါ့ပါးဆုံးအချိန်များဖြစ်သည်။
ယန်စစ်ရန်က ဦးထုပ်ဆောင်းထားပြီး သူ၏နားတွင် နားကြပ်ကို တပ်ထားလေသည်။ သူက မျက်နှာချင်းဆိုင်ဘက်ကနေ သူ့ဆီကို ပြေးလာနေ၏။ ယွမ်ယယ် လက်မြှောက်ကာ သူ့ကိုနှုတ်ဆက်လိုက်သည်။ ယန်စစ်ရန်ကလည်း စကားပြောရန် ရပ်လိုက်လေသည်။
ယန်စစ်ရန်က ခေါ်လာခဲ့၏။ "ယွမ်ယယ်ကော"
ယွမ်ယယ်က သူ့ကိုမေးလိုက်သည်။ "ပြေးနေတာလား။"
ယန်စစ်ရန်က ခေါင်းညိတ်ပြလာခဲ့သည်။ "ဟုတ်၊ ကျွန်တော် အခန်းထဲမှာဆို အိပ်ငိုက်သလိုခံစားရနေလို့။"
အစက ယွမ်ယယ် သူ့ကိုစကားပြောနေသောကြောင့် ယန်စစ်ရန်ကလည်း တစ်ဖက်လူနောက်လိုက်ကာ ဖြည်းဖြည်းချင်းလမ်းလျှောက်နေခဲ့သည်။ ထို့နောက် သူသာ ထိုစကားဝိုင်းကိုဖြတ်၍ စောစောက သူသွားမည့်ဘက်သို့ ပြန်ပြေးသွားလျှင် မသင့်တော်ပေ။ ထို့ကြောင့် ၎င်းတို့နှစ်ဦးက အတူတူလမ်းလျှောက်ခဲ့ကြသည်။ ထိုအတွဲက လိုက်ဖက်မှုမရှိဟုထင်ရသော်လည်း တကယ်တော့ အတော်လေးအဆင်ပြေနေ၏။
ယွမ်ယယ်က မေးလိုက်သည်။ "မင်း ဘာသီချင်းနားထောင်နေတာလဲ။"
တစ်ဖက်လူက သူ၏နားကြပ်ကို စောစောကတည်းက ချွတ်ထားပြီးဖြစ်သည်။ ယွမ်ယယ်၏အမေးကြောင့် ယန်စစ်ရန်က ထိုနားကြပ်များကို သူ့ထံလှမ်းပေးကာ ပြောလာ၏။ "တီးလုံးသံပဲ၊ စာသားမပါဘူး။ ယွမ်ယယ်ကော နားထောင်ကြည့်မလား။"
သူက ၎င်းကို ကမ်းပေးပြီးဖြစ်သည်မို့ ယွမ်ယယ်က ၎င်းအားဆွဲယူကာ သူ၏နား၌ တပ်လိုက်သည်။ ၎င်းမှာ စန္ဒယားသံစဥ်ဖြစ်ပြီး အတော်လေးနှေးသော်လည်း အလွန်ကောင်းပေသည်။ ယွမ်ယယ်က မေးလိုက်သည်။ "ဒီတီးလုံးကို ဘယ်သူရေးတာလဲ။"
ယန်စစ်ရန်က နောက်တစ်ပုဒ်ပြောင်းလိုက်သည်။ သူက ရှက်ရွံ့စွာပြုံးလိုက်ပြီး ပြောလာခဲ့သည်။ "ကျွန်တော် ရေးထားတာ။ အဲ့ဒါက အရမ်းကြီးနားထောင်လို့ကောင်းနေတာမျိုးမဟုတ်ပါဘူး။ ကျွန်တော့်ကို မရယ်နဲ့နော်။"
ယွမ်ယယ်က ဂီတနှင့်ပတ်သက်လာလျှင် လုံးဝကိုအပြင်လူတစ်ယောက်သာ။ သူ တကယ်တော့ ဘာမှမပြောနိုင်သော်လည်း ထိုသံစဥ်က နားထောင်ရတာ အတော်လေးသက်တောင့်သက်သာရှိစေသည်။ သီချင်းအားလုံးက အတော်လေးကိုကောင်းနေလေ၏။ ယွမ်ယယ်က အံ့သြသွားပြီး မေးမြန်းလိုက်သည်။ "ဒါတွေအားလုံးကို မင်းရေးထားတာလား။"
"အွန်း... ဟုတ်ပါတယ်။" ယန်စစ်ရန်က ခေါင်းညိတ်ကာ ပြုံးပြလာခဲ့သည်။ "တကယ်တော့ ကျွန်တော်က ဂီတပိုင်းကို လေ့လာခဲ့တာ။"
ယွမ်ယယ် ၎င်းအား မမျှော်လင့်ထားပေ။ သူက ယန်စစ်ရန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ "မင်းက ဂီတပိုင်းကိုလေ့လာခဲ့တာဆိုရင် ဘာလို့ သူတို့ကုမ္ပဏီနဲ့ စာချုပ်လိုက်ရတာလဲ။ သူတို့က ရုပ်ရှင်တွေပဲရိုက်တာလေ။ မင်းက သရုပ်ဆောင်ရတာကို ကြိုက်လို့လား။"
ယန်စစ်ရန်က သူ၏အင်္ကျီကို မေးစေ့ကိုထိနေသည်အထိ ဇစ်ဆွဲထားလေသည်။ သူက ယွမ်ယယ်ကိုကြည့်ကာ ခေါင်းယမ်းပြလိုက်၏။ "တကယ်တော့ အစတုန်းက သရုပ်ဆောင်ရတာကို ကျွန်တော်တကယ်မကြိုက်ဘူး။ အဲ့ဒါက အရမ်းကိုပဲ သဘာဝမဆန်ဘူးလေ။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော်ကျင့်သားရလာတာကြောင့် ပိုပြီးအဆင်ပြေလာပါပြီ။ ရှောက်ယိကောလိုလူမျိုးသာ ဘေးမှာရှိနေရင် ကျွန်တော်တို့လိုလူသစ်လေးတွေအတွက် သရုပ်ဆောင်ရတာ အများကြီးကိုပိုလွယ်ကူသွားမှာ။"
"အင်း... သူက မင်းရဲ့ဇာတ်ကောင်ထဲကို ဝင်နိုင်အောင် ကူညီပေးတယ်။ သူ့ဆီကနေ ကောင်းကောင်းသင်ယူသင့်တယ်။" ယွမ်ယယ်က ပြန်ပြောလိုက်သည်။
ထိုထူးဆန်းသောအတွဲက အမှန်တကယ်လျှောက်သွားနေပြီး အချိန်အတော်ကြာသည်အထိ စကားလက်ဆုံကျနေခဲ့ကြသည်။ ယွမ်ယယ် အခန်းသို့ ပြန်ရောက်သောအခါ ဖန်းရှောက်ယိမှာ နိုးနေပြီဖြစ်သည်။ သူကမေးလာ၏။ "မင်း ဘယ်သွားလာတာလဲ။"
ယွမ်ယယ် အပြင်ဘက်လမ်းလျှောက်ရာကနေ သယ်ဆောင်လာသောလေးအေးများက သူ့ဘေးနားမှာ ဝန်းရံနေဆဲပင်။ တစ်ဖက်တွင် ဖန်းရှောက်ယိက နွေးထွေးနေလေ၏။ ယွမ်ယယ်က သူ၏လက်ကို တစ်ဖက်လူ၏စောင်ထဲ ထိုးထည့်လိုက်သည်။ အတိတ်က ဖြစ်ခဲ့သောအရာအား ပြန်လည်အမှတ်ရမိပြီး တမင်တကာပြောလိုက်လေသည်။ "ချာတိတ်တစ်ယောက်နဲ့ လမ်းထွက်လျှောက်တာ။"
နောက်ဆုံးတစ်ခေါက် ချာတိတ်တစ်ယောက်နှင့် ညအချိန်စကားစမြည်ပြောခဲ့စဥ်က သူပညာပေးခံလိုက်ရသည်။ ယခုတွင် သူက ထိုအရာကို ပြန်လည်အစဖော်ရန် မျက်နှာရှိနေဆဲပင်*။ သူက သူ၏စကားလုံးများဖြင့် ပြဿနာရှာရန်ကြိုးစားနေ၏။ ဖန်းရှောက်ယိကလည်း မှတ်မိပေသည်။ သူက မျက်ခုံးပင့်ကာ မေးလိုက်သည်။ "စိတ်ခံစားချက်တွေအကြောင်း ထပ်ပြောနေတာလား။ ဘဝအကြောင်းလား။"
[TN/ မျက်နှာပြောင်တာ၊ အရှက်မရှိတာကိုပြောတာပါ။]
ယွမ်ယယ်က သူ၏လက်များကို ဖန်းရှောက်ယိနှင့် အိပ်ရာကြားထဲသို့ ထည့်လိုက်လေသည်။ အပူချိန်မှာ အတော်လေးဆွဲဆောင်မှုရှိနေသည်။ ညစ်ကျယ်ကျယ်အပြုံးဖြင့် သူက ပြန်ဖြေလိုက်၏။ "အာ... ငါက ရှောင်ယန်နဲ့ စိတ်ခံစားချက်တွေအကြောင်း ပြောနေခဲ့တာလေ။ ငါ့ရဲ့ခင်ပွန်းဟောင်းနဲ့သတင်းထွက်ထားတဲ့ ရည်းစားငယ်လေးကို သူ့ရဲ့အချစ်ရေးအကြောင်း၊ အနာဂတ်အိပ်မက်တွေအကြောင်း မေးကြည့်နေတာ။ အဲ့လိုမျိုးတွေပေါ့... ကိုယ့်ရဲ့ရန်သူကို သိထားရမယ်လေ၊ ဟုတ်တယ်မလား။"
ဖန်းရှောက်ယိတစ်ယောက် ရယ်မောလေတော့သည်။ သူက ယွမ်ယယ်ကို ဆက်ပြီးစနောက်မနေတော့ဘဲ လက်မြှောက်ကာ တစ်ဖက်လူကို လှမ်းဖက်လိုက်သည်။ ယွမ်ယယ်က ၎င်းကို အခွင့်အရေးယူပြီး သူ့ပေါ်ကို အလိုက်သင့်လှဲချလိုက်၏။ ဖန်းရှောက်ယိက ရယ်မောကာဖြင့် ပြောလာသည်။ "မင်းက ကြွေထည်လေးလား။ ကိုယ့်လက်မှာ အားတောင်ထည့်မထားဘူး။"
ယွမ်ယယ်က ကြွေထည်လေးဖြစ်သည်။ ဖန်းရှောက်ယိက သူ့နားကပ်လာသည်နှင့် တိုက်ရိုက်ပင်လှဲချခဲ့သည်။ ယခုတွင် သူက ထိုနေရာ၌လှဲကာ အချိန်အတော်ကြာတဲ့အထိ ရယ်နေခဲ့၏။ ထို့နောက် သူက ပြောလိုက်သည်။ "မင်းအိပ်ရာနိုးလာတဲ့အချိန်ဆို မင်းရဲ့ခန္ဓာကိုယ်က အရမ်းနွေးတယ်။ ငါက အနွေးဓါတ်လေးမျှချင်လို့ပါ။"
၎င်းတို့နှစ်ယောက်၏အသက်ကိုပေါင်းလိုက်လျှင် ခုနစ်ဆယ်နားနီးပြီဖြစ်သော်လည်း ၎င်းတို့မှာ ထိုသို့သော အပြုအမူမျိုးကို သရုပ်ဆောင်ချိန်၌ နည်းနည်းလေးတောင် ချို့ယွင်းချက်မရှိကြပေ။ ယခု ဤနေရာ၌ ကျီရှောင်ထောင်း ရှိမနေသည်က တော်သေးသည်ဟုပြောရမည်။ မဟုတ်လျှင် လူအိုးကြီးနှစ်ယောက် အရှက်မဲ့စွာဖြင့် လူငယ်လေးတွေချစ်နေသလို သရုပ်ဆောင်နေသည်ကို သေချာပေါက် မျက်စိလှန်ပြလိမ့်မည်သာ။ သို့သော် ၎င်းတို့က အသက်ကိုဂရုမစိုက်ဘဲ အချင်းချင်းအဖော်ပြုကာ ပျော်ရွှင်နေခဲ့ကြသည်။
ထိုကဲ့သို့ အားလပ်ရက်လေးက မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။ အလုပ်များ စသည့်အချိန်၌ လူတိုင်း အလွန့်အလွန်ပျင်းရိနေကြလေ၏။ ပထမည၌ အစည်းအဝေးခန်းထဲ အလွန်အရေးကြီးသည့်အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့ကြသည်။ ၎င်းမှာ သုံးနာရီကျော်တောင် ကြာမြင့်ခဲ့၏။
ဖန်းရှောက်ယိအတွက် လေ့ကျင့်ခန်းလုပ်ဖို့ကို ရှောင်လွှဲလို့မရပေ။ သူ့မှာ နေ့တိုင်းအဆုံးသတ်လုပ်ပေးရမည့် တာဝန်များရှိနေသည်။ အရင်က သူခေါင်းကိုက်ဝေဒနာခံစားနေရစဥ်အတွင်း ကိုယ်အလေးချိန်များကျခဲ့သည်။ နောက်ဆုံးတော့ သူ၏ကိုယ်ကာယနည်းပြဆရာက သူ၏လေ့ကျင့်ခန်းအစီအစဥ်ပုံစံကို ပြောင်းပေးခဲ့၏။ ယွမ်ယယ်တို့ အစည်းအဝေးပြီးသောအခါ သူက နောက်တစ်နေ့အတွက် ဇာတ်ညွှန်းကိုပြင်ဆင်ရန် ပြန်လာခဲ့သည်။ မနက်ဖြန်တွင် ၎င်းတို့က ဇာတ်ဝင်ခန်းများ၊ စာသားများကို သေချာပေါက် ပြုပြင်ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ပထမဆုံးအလုပ်ပြန်လုပ်သည့်ရက်က ကံကောင်းခြင်းများနှင့်ပြည့်နှက်နေရန် လိုအပ်ပေသည်။ ၎င်းတို့က ဖန်းရှောက်ယိနှင့် အတွေ့အကြုံရှိသောသရုပ်ဆောင်တို့ ရိုက်ကူးရမည့်ဇာတ်ဝင်ခန်းကို အထူးရွေးချယ်ရိုက်ကူးခဲ့ကြသည်။ ထို့ကြောင့် ပထမနေ့ရိုက်ကူးရေးက အလွန်ချောမွေ့နေတော့သည်။
ထိုနေ့က ကန်းကျင့်ဝေလည်း လာလည်ခဲ့၏။ သူက နွေဦးပွဲတော်အတွက် သူ၏မိသားစုဆီပြန်သွားခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီသို့မပြန်ခင် ရိုက်ကွင်းသို့ လာကြည့်ခြင်းဖြစ်သည်။
ဖန်းရှောက်ယိ ရိုက်ကူးပြီးသွားသောအခါ မှောင်တောင် မှောင်နေပြီဖြစ်၏။ သူ၏မိတ်ကပ်များကိုဖျက်ကာ၊ အဝတ်များလဲပြီးနောက် ကန်းကျင့်ဝေနှင့် ညစာအတူစားခဲ့ကြသည်။ ယွမ်ယယ်က ဒါရိုက်တာ့အခန်းသို့ ဇာတ်ညွှန်းတည်းဖြတ်ရန် သွားခဲ့သဖြင့် မပါခဲ့ပေ။
ညစာစားနေစဥ် ကန်းကျင့်ဝေက ပြောလာ၏။ "မင်းရဲ့ ရုပ်ရှင်မြှုပ်နှံတဲ့သူက ဇာတ်ညွှန်းပြောင်းချင်လို့တဲ့၊ ဒါရိုက်တာကပြောပြသေးလား။"
ဖန်းရှောက်ယိ၏မျက်ခုံးအစုံမှာ မြင့်တက်သွားခဲ့သည်။ "အဓိကဇာတ်ကြောင်းကိုပြောင်းမှာလား? ဘာအကြောင်းလဲ။"
ကန်းကျင့်ဝေက ပြန်ဖြေလာ၏။ "သူတို့က အဓိကဇာတ်ကောင်နောက်တစ်ယောက် ထပ်ထည့်ချင်တာ။ မင်းက ဇာက်လိုက်ဖြစ်နေတုန်းဆိုပေမဲ့ သူတို့က ဒုတိယဇာတ်လိုက်ကို ထည့်ချင်တာ။ ဒါပေမဲ့ ဒါရိုက်တာကျန်းနဲ့ ထုတ်လုပ်သူတွေက ဖိအားတွေကို ဆန့်ကျင်နိုင်လိမ့်မယ်လို့ ငါထင်တယ်။ မဟုတ်ရင် သူပြောပြနေစရာတောင်မလိုဘူးလေ။ လူတိုင်း သူဒေါသကြီးတာကို သိကြတာပဲ။ သူစိတ်ဆိုးသွားပြီး ထွက်လိုက်ရင် အားလုံးသဲထဲရေသွန်ဖြစ်သွားမှာ။"
ပြဿနာမဖြစ်စေသော ရင်းနှီးမြှုပ်သံသူမှာ ရှားပါးပေသည်။ ဖန်းရှောက်ယိက ထိုကိစ္စကို အများကြီးတွေးတောမနေတော့ပေ။ ကျန်းလင်းချွမ်၏အဖွဲ့သားများက ထိုဖိအားများကိုဆန့်ကျင်ကာ မတ်မတ်ရပ်နိုင်ကြလိမ့်မည်။ ဖန်းရှောက်ယိက ပြောလိုက်၏။ "ကျန်းလင်းချွမ်ပြောင်းလိုက်တဲ့ အဖွဲ့သားအသစ်က နည်းနည်းတော့မတည်ငြိမ်ပေမဲ့ အရမ်းကြီးစိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးလည်းမဟုတ်ပါဘူး။ သူ့ကို ထားလိုက်ပါ။"
ဒါရိုက်တာများက ၎င်းတို့၏ရုပ်ရှင်၌ ရင်းနှီးမြှုပ်နှံသူများကို ဝင်ရှုပ်ခွင့်ပေးလိမ့်မည်မဟုတ်ပေ။ ကျန်းလင်းချွမ်၏ဒေါသက ၎င်းကိုလက်ခံလိမ့်မည်မဟုတ်။ ထို့ကြောင့် သူက ဘာကိုမှမပြောခဲ့ဘဲ သူ၏စာအုပ်ထဲတွင် ပါလိမ့်မည်မဟုတ်ချေ။
နှစ်သစ်ကူးရှစ်ရက်မြောက်နေ့၌ ကျီရှောင်ထောင်းက ခရီးဆောင်သေတ္တာအကြီးကြီးကိုဆွဲကာ ပြန်ရောက်လာခဲ့သည်။ ထိုထဲတွင် သူ့အိမ်မှသယ်လာသော အရသာရှိသောမုန့်မျိုးစုံ ပါပေ၏။ ထိုထဲကတချို့အား သူနှင့်ရင်းနှီးသောဒါရိုက်တာများ၊ ထုတ်လုပ်သူများကို လက်ဆောင်ပေးခဲ့သည်။ ထို့နောက် သူက ယွမ်ယယ်၏တံခါးကိုခေါက်ကာ ပြောလာ၏။ "မစ္စတာဇာတ်ညွှန်းရေးဆရာဗျ! တံခါးလေးဖွင့်ပေးပါဦး။ ကျွန်တော် လက်ဆောင်လေးပေးချင်လို့ပါ!"
မစ္စတာဇာတ်ညွှန်းရေးဆရာ၏တံခါးကို ရုပ်ရှင်ဧကရာဇ်က လာဖွင့်ပေးခဲ့သည်။
ကျီရှောင်ထောင်းနှင့် ဖန်းရှောက်ယိတို့က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့ကြ၏။ ကျီရှောင်ထောင်းက သူ့ဘာသာသူ တွေးလိုက်မိသည် - 'ကျွန်တော်ထွက်သွားတဲ့ ဆယ်ရက်အတွင်းမှာ ကောတို့ရဲ့ဆက်ဆံရေးက ဘယ်အထိအဆင့်တက်သွားကြပြီလဲ။'
ထိုလူနှစ်ဦးမှာ လွန်ခဲ့သောရက်အနည်းငယ်က သူ၏စာတိုများကို တစ်ခုမှ မတုံ့ပြန်ခဲ့ကြပေ။ ၎င်းတို့က သူ့ကို အနှောင့်အယှက်သဖွယ် သတ်မှတ်ထားခဲ့ကြ၏။ ရိုက်ကွင်းသို့ပြန်လာချိန်၌ သူက ဖန်းရှောက်ယိကို သူ့အခန်းထဲတွင် မတွေ့ခဲ့ရပေ။ ထိုအစား ယခု ယွမ်ယယ်၏အခန်းထဲမှာ တွေ့လိုက်ရပေ၏။
ယွမ်ယယ်က အထဲကနေ အော်ပြောလိုက်သည်။ "ဘာလက်ဆောင်တွေလဲ ကြည့်ရအောင်။"
ကျီရှောင်ထောင်းက အထဲသို့အမြန်ဝင်ကာ ယွမ်ယယ်ဘေးနားသို့ ဝက်ပေါင်ခြောက်တစ်ထုပ် ချပေးလိုက်လေသည်။ ထို့နောက် သူက တိုးတိုးလေးကပ်မေးလိုက်သည်။ "မစ္စတာဇာတ်ညွှန်းရေးဆရာ... ပြန်လက်ထပ်လိုက်ပြီလား။"
မစ္စတာဇာတ်ညွှန်းရေးဆရာက အသားခြောက်ထုပ်ကိုဖောက်ကာ ပါးစပ်ထဲထည့်လိုက်ပြီးနောက် ဖြေခဲ့လေသည်။ "လက်ဆောင်ပေးပြီးပြီဆိုတော့ မင်းပြန်လို့ရပြီ။ မင်းရဲ့ကောကိုလည်း ခေါ်သွားလိုက်တော့။ ငါ့ကို အေးအေးချမ်းချမ်းနဲ့ တိတ်တိတ်ဆိတ်ဆိတ်လေး နေခွင့်ပေးပါဦး။"
ကျီရှောင်ထောင်းက ထိုစကားကို လုံးဝစိတ်မဆိုးဘဲ တစ်ဖက်လှည့်ကာ ထွက်သွားတော့သည်။ သူက လမ်းလျှောက်နေရင်း ပြောလာ၏။ "ကျွန်တော်ကပဲ အနှောင့်အယှက်ဖြစ်တာပါ။ ကျွန်တော့်ကောက လုံးဝစိတ်အနှောင့်အယှက်မပေးဘူး။ သူ့ကို ဒီမှာပဲနေခိုင်းလိုက်ပါ!"
သူထွက်သွားပြီးနောက် ယွမ်ယယ်နှင့် ဖန်းရှောက်ယိတို့မှာ အကြည့်ချင်းဆုံလိုက်ကြပြီး နှစ်ယောက်လုံးရယ်လိုက်မိကြသည်။ ထို့နောက် ဖန်းရှောက်ယိက ယွမ်ယယ်ကိုပြောလိုက်၏။ "စောစောအိပ်တော့။ ကိုယ် အခုပြန်တော့မယ်။"
ယွမ်ယယ်က ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပြီ။"
သို့သော်လည်း ဖန်းရှောက်ယိမပြန်ခင် ကျီရှောင်ထောင်းက ယွမ်ယယ်၏တံခါးကို ထပ်ခေါက်လာပြန်သည်။ ဖန်းရှောက်ယိက တံခါးဖွင့်ပေးလိုက်ရာ ကျီရှောင်ထောင်းက တိုးဝှေ့ကာ ဝင်လာခဲ့လေသည်။ သူက မျက်မှောင်ကြုတ်ထားပြီး မေးလာ၏။ "ဟယ့်ဟန်က နှစ်ကူးမတိုင်ခင်ကတည်းက သူ့အခန်းတွေ ရိုက်ပြီးသွားပြီမဟုတ်ဘူးလား။ ကျွန်တော် ဘာဖြစ်လို့ သူ့ရဲ့မန်နေဂျာကို ထပ်တွေ့ခဲ့ရတာလဲ။"
ယွမ်ယယ်သည် အစက ထိုင်ခုံပေါ်တွင် ပျင်းရိစွာခွေခေါက်ထိုင်နေခဲ့သည်။ ထိုစကားကို ကြားလိုက်ရပြီးနောက် ချက်ချင်းပင် ခပ်မတ်မတ်ထိုင်လိုက်ပြီး မျက်ခုံးတစ်ဖက်က အလွန်အမင်းပင့်တက်နေခဲ့သည်။ "သူက ထပ်ပြီးပြန်လာတာလား။"
"အာ... ကျွန်တော် သူ့ကို တွေ့ခဲ့တာ၊ လျှောက်လမ်းမှာ။" ကျီရှောင်ထောင်းက ပြန်ဖြေလိုက်သည်။
ယွမ်ယယ်က ပြန်ပြောလိုက်၏။ "သူသရုပ်ဆောင်တာ ဆိုးရွားလို့နေမှာပါ။ သူ့ဇာတ်ဝင်ခန်းထဲက တချို့အခန်းတွေက အဆင်မပြေလို့ ဒါရိုက်တာက ပြန်ရိုက်ဖို့ခေါ်လိုက်တာဖြစ်လောက်တယ်။"
"မဖြစ်နိုင်တာ... သူတို့က ကျွန်တော်တို့ကို ပြန်သွားပြီး ဆေးအနံ့တွေ ထပ်ရှူခိုင်းစေချင်နေတာလား။" ကျီရှောင်ထောင်းက ထေ့ငေါ့လိုက်၏။ "သူပဲ အလျင်လိုနေခဲ့တာကို အခုတော့ ပြန်လာပြီး ထပ်ရိုက်ဖို့ အချိန်ရှိသွားပြန်ပြီလား။"
"လက်တွေကျကျပြောရမယ်ဆိုရင်တော့ သူ့အခန်းတွေကပြီးသွားပြီပဲ။" ယွမ်ယယ်က မျက်မှောင်ကြုတ်ထားဆဲပင်။ "ဒါပေမဲ့ ငါလည်း အတိအကျတော့မပြောနိုင်သေးဘူး။ မနက်ဖြန်ကျ သွားပြီးစစ်ဆေးကြည့်လိုက်မယ်။"
*****