no

Font
Theme

ဤသို့ဖြင့် ယွမ်ယယ်က ယုံကြည်မှုအပြည့်နှင့် 'ဘယ်သူက ငါ့ထက်ငယ်မှာမို့လဲ' ဟု ​မေးလိုက်ခြင်းဖြစ်သည်။ သူ ဖန်း​ရှောက်ယိနှင့် စတွဲချိန်က တကယ့်ကိုငယ်ရွယ်နုပျိုပြီး နှင်း​ရည်ကြည်စက်က​လေးများထဲ ဖုံးလွှမ်း​နေသလိုပင်။ သူ့အား အချစ်အ​ကြောင်း အရာရာသင်​ပေးခဲ့သူမှာ ဖန်း​ရှောက်ယိဖြစ်၏။ သူပိုးပန်းချင်​သောတစ်စုံတစ်​ယောက်၊ သူတွဲချင်​သောတစ်စုံတစ်​ယောက်၊ ထိုလူမှာ အမြဲတမ်း သူတစ်​ယောက်တည်းသာဖြစ်ခဲ့သည်။

သို့​သော် ဖန်း​ရှောက်ယိက 'မင်း ငါနဲ့စတွဲ​တဲ့အချိန်တုန်းက' ဟူ​သောစကားကို လုံးဝသ​ဘောမတူ​ပေ။

"ကိုယ်က မင်းနဲ့စတွဲတာ?" ဖန်း​ရှောက်ယိက မျက်ခုံးပင့်ကာ ရယ်လျက်​ပြောလိုင်သည်။ "မင်းကမှ ကိုယ်နဲ့တွဲတာမဟုတ်ဘူးလား။"

ယွမ်ယယ် ထိုကဲ့သို့ နုံအပြီး အပြစ်ကင်းစင်သည့် ဆယ်ခုနစ်၊ ဆယ့်ရှစ်အရွယ်က​လေးတစ်​ယောက်ဖြစ်ခဲ့သည်မှာ ကြာခဲ့​လေပြီ။ သူ ဆက်ဆံ​ရေးများအ​ကြောင်း သိသင့်သမျှကို ​သိခဲ့သည်မှာလည်း ကြာခဲ့ပြီဖြစ်၏။ လက်ရှိတွင် သူက အသက်သုံးဆယ့်သုံးနှစ်အရွယ် ဦး​လေးအဆင့်သို့​ရောက်​နေပြီဖြစ်သည်။ သူက ရယ်​နေ​သဖြင့် ပခုံးများလှုပ်ခါ​နေ​သော ဖန်း​ရှောက်ယိအား လက်ညှိုးထိုးကာ ​ပြောလိုက်သည်။ "မင်းက အ​​ကောင်ကြီးပြီး အမြီးရှည်တဲ့​မြေ​ခွေးပဲ! မင်းက ငါ ခပ်တုံးတုံးနဲ့ မင်းကိုပိုးပန်း​နေတာကို ကြည့်​နေခဲ့တာ​လေ။ မင်းက ဝက်က ကျားကိုစားသလိုမျိုး ပြုမူ​နေခဲ့တာ။"

"မင်းက ကျားလား။" ဖန်း​ရှောက်ယိက ​ခေါင်းယမ်းကာ ​ရှေ့သို့ ဖြည်းဖြည်းချင်း​​လျှောက်သွားလိုက်သည်။ "ကျား? အရင်တုန်းကဆို မင်းက အများဆုံးမှ ပါပီ​လေးနဲ့ပဲတူတာပါ။"

ယွမ်ယယ်က သူ့​အနောက်မှ​လျှောက်​​နေ၏။ ညဘက်တွင် ယခုလိုလမ်း​လျှောက်ရင်း လ​​ရောင်​အောက်တွင် အတိတ်ကိုအမှတ်ရ​စေကာ သူ့အား အလွန်အမင်းလွမ်းဆွတ်​လာစေခဲ့သည်။ ထိုအချိန်က သူ ဖန်း​ရှောက်ယိအား သူ၏ဖြစ်တည်မှုတစ်ခုလုံးကိုသုံးကာ သ​ဘောကျခဲ့သည်။ သူက ပြတ်သားပြီး မယိမ်းယိုင်ခဲ့​သော်လည်း ​နောက်ဆုံးတွင် ဖန်း​ရှောက်ယိကို ဆုံးရှုံးခဲ့ရ​သေးသည်။

ယွမ်ယယ် ရုတ်တရက်လက်ဆန့်ထုတ်ကာ ဖန်း​ရှောက်ယိ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ နှစ်ဦးသား အလွန်သိမ်​မွေ့စွာ လက်ချင်းဆုပ်ကိုင်ထားကြပြီး သူတို့၏လက်​ချောင်းများမှာ ​နွေး​ထွေး​နေခဲ့သည်။

ယွမ်ယယ်ကရယ်​မောကာ ဖန်း​ရှောက်ယိကို ကြည့်လိုက်၏။ သူတို့၏မျက်လုံးများ ဆုံသွားကြချိန်၌ ယွမ်ယယ်က​ ပြောလိုက်သည်။ "​ကျေးဇူးတင်ပါတယ်။"

ဘာ​ကြောင့်​ကျေးဇူးတင်ပြီး ဘာအတွက်​ကျေးဇူးတင်သလဲကို ယွမ်ယယ်က မ​ပြောခဲ့​ပေ။ ဖန်း​ရှောက်ယိကလည်း သူ့ထံမှ ရှင်းလင်းချက်တို့ကို မလိုအပ်ခဲ့​​ချေ။

ထိုညက သူတို့နှစ်ဦး အ​တော်​​လေး​နောက်ကျမှ ပြန်​ရောက်ခဲ့ကြသည်။ ယင်း​ကြောင့် ကျီ​ရှောင်​ထောင်းဆီမှ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ကြရ​လေ၏။ ၎င်းမှာ သူသည် သူတို့နှစ်​ယောက်ထံမှ ထုတ်​ပြောလို့မရသည့်အချစ်​ရေးအ​ကြောင်းကို ရှာ​တွေ့ချင်​နေသကဲ့သို့ပင်။ ယွမ်ယယ် သူ့ကိုဖြတ်သွား​သောအခါ သူက တစ်ဖက်လူကို တွန်းဖယ်​ကာ ဆိုဖာ​ပေါ်မှာထိုင်လိုက်သည်။ ထို့​နောက် သူက ​ပြောလိုက်​၏။ "​နေ့တိုင်း မင်း ငါ့ကိုဒီလိုစိုက်ကြည့်​နေတာက ​ကြောက်စရာ​ကောင်းတယ်။ မင်း ဒီလိုပဲ ပုံမှန်ဟုတ်မ​နေဘူးဆိုရင် မင်းရဲ့​ဘော့စ်ကို မင်းကိုအလုပ်ဖြုတ်ခိုင်းလိုက်​တော့မယ်။ ပြီးရင် ပိုပြီးအပြုအမူ​ကောင်းတဲ့လက်​ထောက်တစ်​ယောက်နဲ့ ​ပြောင်းခိုင်းလိုက်​မယ်။"

ကျီ​ရှောင်​ထောင်းမှာ လုံးဝစိတ်အ​နှောင့်အယှက်ဖြစ်မ​နေချေ။ ၎င်းတို့နှစ်​ယောက်အတွက် ​ရေ​နွေးထည့်​ပေး​နေရင်း သူက​ပြောလာ၏။ "ကျွန်​တော် ဆင်ခြေ​ပေးဖို့ကြိုးစား​နေတာ​မဟုတ်ပါဘူး။ ဒါ​ပေမဲ့ ​ကောတို့နှစ်​ယောက် အခု လက်​ထောက်သာ​ပြောင်းလိုက်ရင် ​ကောတို့အသက်ရှင်နိုင်မှာ​တောင်မဟုတ်​တော့ဘူး။"

ယွမ်ယယ်က ​ရေ​နွေးခွက်ကို ယူလိုက်ပြီး ခဏ​လောက်မှုတ်ကာ တစ်ငုံ​သောက်လိုက်၏။ "မင်းရဲ့မျက်နှာက ပစိဖိတ်သမုဒ္ဒရာကို ​ဖုံးထားနိုင်​လောက်​အောင်ကို ကြီးတာပဲ။"

ကျီ​ရှောင်​ထောင်း၏မျက်နှာ​ပေါ်တွင် အပြုံး​ရေး​ရေး​လေးရှိ​​နေ၏။ သူက ယွမ်ယယ်​ဘေးနားကပ်ထိုင်ပြီး စကား​ပြော​နေစဥ် ဖန်း​ရှောက်ယိက ​​ရေချိုးရန် ​ရေချိုးခန်းထဲသို့ဝင်သွားခဲ့သည်။ ယွမ်ယယ်က သူပြန်ထွက်လာသည်အထိ​စောင့်ကာ တစ်ဖက်လူအား သူမပြန်ခင် အသိ​ပေးကာ အ​ပေါ်ထပ်သို့ တက်လာခဲ့​တော့သည်။ တစ်​နေ့လုံး ရိုက်ကွင်းအား ​လျှောက်ပတ်​နေရသည်မှာ အ​တော်​လေးပင်ပန်း​ပေ၏။ သူ အခန်းပြန်ပြီး ​ရေချိုးကာ ​စော​စောအိပ်ရန် လိုအပ်​နေသည်။

သူထွက်သွားပြီး​နောက် ဖန်း​ရှောက်ယိက ကျီ​ရှောင်​ထောင်းအား ​ပြောလိုက်သည်။ "မင်းအားတဲ့အချိန်ကျ ယန်စစ်ရန်နဲ့ စကား​လေးဘာ​လေးသွား​ပြောလိုက်ဦး။"

"ဘာအ​ကြောင်း​ပြောရမှာလဲ။" ကျီ​ရှောင်​ထောင်းက မျက်ခုံးပင့်လိုက်၏။ "သူဘာဖြစ်လို့လဲ။"

ဖန်း​ရှောက်ယိက တခြားဘာမှထပ်မ​ပြောခဲ့​ပေ။ သူက ကျီ​ရှောင်​ထောင်းကို အချိန်ရလျှင် ထိုအ​ကြောင်း​မေးရန်သာ ​ပြောလိုက်သည်။ မည်သို့ပင်ဖြစ်​စေ ယန်စစ်ရန်က သူ၏ကုမ္ပဏီမှ သရုပ်​ဆောင်တစ်​ယောက်ဖြစ်သည်။ ဖန်း​ရှောက်ယိ၏​စောင့်ကြပ်မှု​အောက်တွင် သူသာ အမှန်တကယ်တစ်ခုခုဖြစ်ခဲ့ကာက ၎င်းမှာ လက်ခံနိုင်စရာမရှိ​ပေ။

ကျီ​ရှောင်​ထောင်းက ​ခေါင်းညိတ်ပြလိုက်၏။ "ဟုတ်ကဲ့ပါ၊ ကျွန်​တော် ​မေးဖို့ အခွင့်အ​​ရေးရှာကြည့်လိုက်မယ်။ သူ့ကိုကြည့်ရတာ အ​တော်​လေးရှက်တတ်တဲ့ပုံပဲ။ သူရှက်ရွံ့သလိုခံစား​နေရမှာကို ကျွန်​တော်စိုးရိမ်တယ်။"

​နေ့ခင်းတုန်းက ဖန်း​ရှောက်ယိသည် ယန်စစ်ရန်ကို ​ခေါင်းငုံ့ကာတစ်ခုခု​ပြောပြီး ​ခေါ်ထုတ်သွားခဲ့သည်။ သူက တစ်ဖက်လူကို အဝတ်လဲခန်းထဲ ​ခေါ်သွားခဲ့၏။ မည်သူမှ ဘာမှမ​ပြောခဲ့​သော်လည်း ၎င်းတို့အားလုံး အကြည့်ချင်းဖလှယ်​နေကြကာ အ​တော်​လေးထူးဆန်း​နေသည်ကို ​တွေ့ခဲ့ကြရသည်။ အထူးသဖြင့် ယွမ်ယယ်လည်းရှိ​နေသည်​လေ။ ဖန်း​ရှောက်ယိက ယွမ်ယယ်ကို အ​​သေးစိတ်ရှင်းမပြခဲ့ဘဲ တစ်ဖက်လူ၏​ခြေ​ထောက်တွင် ဒဏ်ရာများရှိ​နေ၍ မိတ်ကပ်ဖုံးရန်​ခေါ်သွားခြင်းဖြစ်သည်ဟုသာ ​ပြောခဲ့သည်။ ဖန်း​ရှောက်ယိအတွက် နား​ထောင်သူမှာ ယွမ်ယယ်ဖြစ်​နေလျှင်​တောင် အခြားသူများ၏ပုဂ္ဂိုလ်​ရေးကိစ္စများကို အစပျိုးကာမျှ​ဝေတတ်သည့်လူစားမျိုးမဟုတ်​ပေ။

ထို​နေ့လယ်က ယန်စစ်ရန်သည် ဆိုဖာ​ပေါ်ထိုင်​နေရင်း အနည်းငယ်ချီတုံချတုံဖြစ်​နေဟန်ရှိ၏။ သူ၏မျက်ခုံးအစုံမှာ တွန့်ချိုး​နေပြီး ​ဘောင်းဘီချွန်ရန် ဆန္ဒရှိ​မ​နေ​ပေ။ ​ယောက်ျား​လေးသရုပ်​ဆောင်တစ်​ယောက်အ​နေဖြင့် သူ၏​ခြေ​ထောက်များကို ကင်မရာအားပြသရန်မှာ ထိုမျှ​လောက်ကိစ္စကြီးမဟုတ်​ပေ။ သူက ထိုကိစ္စကို အ​တော်​လေးစိတ်ဖိစီး​နေပုံ​ပင်။ ထို့​နောက် ယန်စစ်ရန် ​ဘောင်းဘီချွတ်လိုက်​သော​အခါ ဖန်း​ရှောက်ယိက အနီးနားတွင်ရပ်​နေသဖြင့် တစ်ဖက်လူ၏​ပေါင်တွင် လက်​ချောင်းရာများရှိ​နေသည်ကို သတိထားမိလိုက်၏။ တချို့မှာ စိမ်း​နေဆဲဖြစ်ပြီး တစ်ချို့က အဝါ​ရောင်​ဖျော့​ဖျော့​လေး​သန်းပြီး ​ပျောက်ကွယ်လုနီးပါး ဖြစ်​နေပြီဖြစ်သည်။

ဖန်း​ရှောက်ယိက အ​တွေ့အကြုံရှိသည့်သူတစ်​ယောက်ပင်။ သူ ထိုဒဏ်ရာများ မည်သို့ဖြစ်လာရသည်ကို အတိအကျသိ​ပေ၏။ ယွန်စစ်ရန်က သူ့ကုမ္ပဏီအဖွဲ့သားတစ်​ယောက် ဟုတ်သည်ဖြစ်​စေ၊ မဟုတ်သည်ဖြစ်​စေ၊ ၎င်း​နေရာတွင် အခြားသာမန်သရုပ်​ဆောင်လေးဆိုလျှင်​တောင် ဖန်း​ရှောက်ယိက ဂရုစိုက်​ပေးမည်သာ။ သူ၏​ခြေ​ထောက်များကို ကင်မရာ​ပေါ်ပြလိုက်လျှင် လူတိုင်းမြင်သွားနိုင်​ပေသည်။ သရုပ်​ဆောင်တစ်​ယောက်အတွက် ၎င်းမှာ အလွန်ရှက်စရာ​ကောင်း​သောအ​ခြေအ​နေဖြစ်၏။ သူ့ကို ပြစ်တင်​ပြောဆိုခြင်းမျိုး မရှိ​နေလျှင်​တောင်​မှပင်။ ထိုအချိန်က သူမျက်​မှောင်ကြုတ်ကာ ပတ်ပတ်လည်ရှိဝန်ထမ်းများကို လှည့်​ပြောလိုက်၏။ "ခဏ​လောက် ​စောင့်​ပေးပါဦး။"

သူ ယွမ်ယယ်ကို တစ်ဖက်လူ၏​ခြေ​ထောက်တွင် ဒဏ်ရာများရှိ​နေသည်ဟုသာ​ပြောခဲ့ပြီး မည်ကဲ့သို့​သောဒဏ်ရာမျိုးဖြစ်သည်ကို​တော့ မ​ပြောခဲ့​ပေ။ ယွမ်ယယ်က ဤနယ်ပယ်ရှိ ထိုညစ်ပတ်​သောကိစ္စရပ်များကို အရွံရှာဆုံးဖြစ်သည်။ ထို့​ကြောင့် ဖန်းရှောက်ယိက သူ့ကို အ​သေးစိတ်ကျကျ ရှင်းမပြခဲ့​ချေ။

ကျီ​​ရှောင်​ထောင်းကလည်း ထိုအ​ခြေအ​နေ​ကြောင့် အလွန်ရှုပ်​ထွေး​နေ​လေ၏။ ယုတ္တိရှိရှိ​ပြောရလျှင် ထိုကဲ့သို့အ​ရောင်းအဝယ်(*သရုပ်​ဆောင်​တွေကို စပွန်ဆာရှာ​ပေးတာကို​ပြောချင်တာပါ)မှာ မဖြစ်သင့်​ပေ။ ကန်းကျင့်​ဝေက ၎င်းတို့၏ခန္ဓာကိုယ်ကို​ရောင်းစားကာ အရင်းအမြစ်ရှာ​ဖွေခြင်းကို အလွန်ဆန့်ကျင်သည့်သူတစ်​ယောက်ဖြစ်သည်။ သူက သူ၏သရုပ်​ဆောင်များအတွက် ထိုသို့​သောလှုပ်ရှားမှုများနှင့် ​စေ့စပ်ညှိနှိုင်းခိုင်းရန် ဘယ်​တော့မှ မလုပ်​ဆောင်ခဲ့ဖူးသလို အရိပ်အ​ယောင်​တောင်မပြခဲ့ဖူး​ချေ။ ၎င်းတို့၏ကုမ္ပဏီက ဤနယ်ပယ်၌ အ​တော်​လေးဂုဏ်သ​ရေရှိ​ပေ၏။ ကန်းကျင့်​ဝေက စွမ်း​ဆောင်နိုင်စွမ်းရှိ​သောသူတစ်​ယောက်ဖြစ်​သော်လည်း ဘယ်​တော့မှ တခြားသူများကို မထိခိုက်​စေတတ်​ပေ။ ထို့ပြင် ဖန်း​ရှောက်ယိ၏ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခြင်းသည် အရင်းအမြစ်များ ဘယ်​တော့မှရှားပါးသွားလိမ့်မည်မဟုတ်ဟု ဆိုလို​ပေ၏။ ဒါရိုက်တာကျန်းကိုယ်တိုင်ကလည်း ဤကဲ့သို့အရှုပ်အ​ထွေးကိစ္စများတွင် မပါဝင်တတ်​​ပေ။ အကျိုးဆက်အ​နေဖြင့် သူ၏အဖွဲ့သားများကလည်း မလုပ်ရဲကြ​ပေ။

ထို့​ကြောင့် ယန်စစ်ရန် သ​ဘောတူထားခြင်းမရှိလျှင် မည်သူကမှ သူ့ကိုဘာမှမလုပ်နိုင်​ပေ။

ယွမ်ယယ်က ဂရုမစိုက်ဘူးဟု​ပြောခဲ့သည်မှာ သူ အမှန်ပင် ဂရုမစိုက်​သော​ကြောင့်ဖြစ်၏။ သူ​ ရောက်မလာခင်က ယန်စစ်ရန်နှင့် ဖန်း​ရှောက်ယိတို့က နှစ်​ယောက်အတူသတင်းထွက်ခဲ့ကြ​သော်လည်း ယွမ်ယယ်က သူ့ကို ​လေး​လေးစားစားဆက်ဆံ​နေဆဲပင်။ သူ တစ်ဖက်လူနှင့် စကား​ပြောသည့်အခါတိုင်း သူ့အား '​ရှောင်တိ' ဟု အမြဲ​ခေါ်တတ်၏။ သူ့အသက်အရွယ်ဖြင့် က​လေးတစ်​ယောက်လိုမျိုး အ​ခြေအမြစ်မရှိ သဝန်မတို​နေနိုင်​ပေ။ သူကလည်း ထိုကဲ့သို့လူစားမျိုးမဟုတ်​ပေ။

တစ်ခါတစ်ရံ သူ မနက်ခင်းတွင် ​စော​စောမထနိုင်​ပေ။ စား​သောက်ပြီး​နောက် ​နေ့ခင်း​တောင်​ရောက်လုပြီဖြစ်သည်။ ထို့​နောက် သူက ရိုက်ကွင်းသို့ လမ်ယလျှောက်သွားလိမ့်မည်။ ဖန်း​ရှောက်ယိ ရိုက်ကူး​ရေးလုပ်နေလျှင် ယွမ်ယယ်က ထိုင်ခုံကိုဆွဲကာ ​ဘေးတွင်ထိုင်​နေပြီး ဖန်း​ရှောက်ယိကိုကြည့်​နေလိမ့်မည်။ ဖန်း​ရှောက်ယိ ရိုက်ကူး​ရေးလုပ်​မနေလျှင် ယွမ်ယယ်က ဘာကိုမှ မကြည့်ဘဲ ​လျှောက်ပတ်သွား​နေလိမ့်မည်သာ။

​လောင်ထူက သူ့ကို ဘယ်အချိန်ပြန်လာမှာလဲဟု စာပို့လာ၏။ လက်ဖက်ရည်ဆိုင်တွင် ​ကောင်းမွန်​သောလက်ဖက်ရွက်အသစ်ရောက်လာ၍ ယွမ်ယယ်အား မြည်းစမ်းကြည့်ရန် ​ဖိတ်ခေါ်ခြင်းဖြစ်သည်။

ယွမ်ယယ်က ပြောလိုက်သည်။ "နှစ်ကူးမှာ ကျွန်​တော်အချိန်ရမလား​တော့ မ​ပြောတတ်သေးဘူး။ အချိန်ရခဲ့ရင် ကျွန်​တော်လာခဲ့မယ်။ အချိန်မရရင်​တော့ ကျွန်​တော် ရုပ်ရှင်အဖွဲ့သား​တွေနဲ့ပဲ​နေရမှာပဲ။"

​လောင်ထူက ​နောက်ထပ်စာပို့လာခဲ့၏။ "​ရှောင်မိန့်က မင်းကို ကြိုးစားထားလို့ ငါက​နေတစ်ဆင့်​ပြောခိုင်းလိုက်တယ်။ ငါတို့​​တွေ မင်း သူ့ကို ​သိပ်မကြာခင်ပဲ အောင်​အောင်မြင်မြင်ပိုးပန်းနိုင်ပါ​စေလို့ ဆု​တောင်း​ပေးပါတယ်ကွာ။"

ယွမ်ယယ်က ရယ်​မောရင်း စာပြန်လိုက်သည်။ "ဒါဆို ​ရှောင်မိန့်ကို ​ကျေးဇူးတင်ပါတယ်လို့​ပြော​ပေးပါဦး။

သူသည် ဖုန်းကြည့်ရင်း လမ်း​လျှောက်လာရာ တစ်စုံတစ်​ယောက်ကို မ​တော်တဆဝင်တိုက်မိ​သွားလေ၏။ ယွမ်ယယ်က ချက်ချင်း​ဆိုသလို ဘေးသို့ဖယ်​ပေးလိုက်သည်။ သူက ​မော့​တောင်မကြည့်ဘဲ ​တောင်းပန်စကားဆိုလိုက်၏။ တစ်ဖက်လူက ရုပ်ရှင်အဖွဲ့သားထဲမှ ငယ်ရွယ်​​သောဝန်ထမ်းတစ်ဦးဖြစ်သည်။ ထိုသူက ဝင်တိုက်မိသည့်သူကို သတိပြုမိသည်နှင့် အလျင်အမြန်​တောင်းပန်စကားဆိုလာခဲ့သည်။ "​တောင်းပန်ပါတယ် ယွမ်ယယ်​လောင်ရှီး။"

ယွမ်ယယ်က လက်​ဝှေ့ယမ်းကာ အပြုံး​လေးဖြင့် 'ကိစ္စမရှိပါဘူး' ဟု ပြန်​​ဖြေလိုက်၏။

သူ ရိုက်ကွင်းသို့​ရောက်​သောအခါ အကျင့်တစ်ခုနှယ် ဖန်း​ရှောက်ယိကို လိုက်ရှာတတ်သည်။ တစ်ဖက်လူကို​ တွေ့လိုက်ရချိန်၌ သူ၏မျက်နှာက အနည်းငယ်ဖြူ​ဖျော့​နေသည်ကို ​မြင်​တွေ့လိုက်ရ၏။ သူက မျက်လုံးများမှိတ်ထားပြီး အနားယူ​နေသည်။ သူ့ကိုယ်​ပေါ်တွင် ​စောင်ပါး​လေးတစ်ထည်ရှိ​ပေ၏။ ယွမ်ယယ်က ကျီ​ရှောင်​ထောင်းကို တိုးတိုး​လေး​မေးလိုက်သည်။ "ဘာဖြစ်တာလဲ။"

ကျီ​ရှောင်​ထောင်း: "သူ နည်းနည်း​လေး အဆင်မ​ပြေဖြစ်​နေတာ။ သူတို့ မ​နေ့ညကမှ အခန်းကို​ဆေးအသစ်သုတ်ထားကြတာဆို​တော့ အနံ့က တော်​တော်​ပြင်းတယ်​လေ။ တစ်မနက်ခင်းလုံးလည်း ရိုက်ကူး​ရေးလုပ်ခဲ့ရတာဆို​တော့။"

ယွမ်ယယ်က မျက်​မှောင်ကြုတ်ကာ​မေးလိုက်သည်။ "ဘာလို့​ဆေးအသစ်သုတ်တာလဲ။"

"မ​နေ့ညက ဒါရိုက်တာတို့က အဲ့ဒါကို ​သေချာ​လေ့လာပြီး အ​ရောင်က ကင်မရာ​ပေါ်မှာ နည်းနည်း​လေး​တောက်​နေတယ်လို့​ပြောကြလို့ ညတွင်းချင်းပဲ မြန်မြန်​ဆေးပြန်သုတ်လိုက်ရတာ။" ကျီ​ရှောင်​ထောင်းကလည်း စိတ်အ​နှောင့်အယှက်ဖြစ်နေ​ဟန်ပင်။ ဖန်း​ရှောက်ယိက အလွန်ပြင်းထန်​သောအနံ့စူးစူးများကို မခံနိုင်​ပေ။ သူ ထိုအနံ့များကိုရှူပြီးလျှင် ​ခေါင်းကိုက်လာတတ်သည်။ ဤရက်ပိုင်းအတွင်း ၎င်းတို့က မြို့ငယ်​လေးရှိ စက်ချုပ်ဆိုင်တွင်ရိုက်ကူး​ရေးလုပ်ရမည်ဖြစ်သည်။ ရိုက်ကူးပြီးသည်နှင့် သရုပ်​ဆောင်များက ထိုအနံ့​ကြောင့် ချက်ချင်းထွက်သွားရန်လိုအပ်​ပေသည်။ ထိုအနံ့ကို ရက်အနည်းငယ်​လောက် ထပ်ပြီးသည်းခံရ​ပေဦးမည်။ ယွမ်ယယ်က ​ခေါင်းငုံ့ကာ ဖန်း​ရှောက်ယိကိုကြည့်လိုက်သည်။ သူက သူ့ကိုယ်​ပေါ်က​နေ စောင်​​​လျောကျလာသည့်အချိန်မှာ​တောင် မလှုပ်မယှက်ဘဲ​နေ​နေခဲ့သည်။

​စောင်ကို သူ့ကိုယ်​ပေါ်ပြန်လွှမ်း​ပေးလိုက်ရင်း ယွမ်ယယ်က ကျီ​ရှောင်​ထောင်းကို ​မေးလိုက်၏။ "Tiger Balm ယူလာခဲ့လား။"

"ဟုတ် ယူလာတယ်။" ကျီ​ရှောင်​ထောင်းက သူ့အိတ်ကပ်ထဲမှ ဘူး​လေးကိုထုတ်​ပေးလာခဲ့သည်။ "ကျွန်​တော် သူ့ကို နည်းနည်း​လောက်လိမ်း​ပေးမလို့ကို သူက အလိမ်းမခံဘူး။"

ယွမ်ယယ်က ဘူးကိုယူကာ လက်ညှိုးနှစ်​ချောင်းလုံးဖြင့် အနည်းငယ်​ကော်ယူလိုက်သည်။ ထို့​နောက် သူက အနည်းငယ်ငုံ့ကိုင်းကာ ဖန်း​ရှောက်ယိ၏နားထင်မှာ နူးညံ့စွာ ပွတ်သပ်​ပေးလိုက်၏။

ဖန်း​ရှောက်ယိက မျက်လုံးဖွင့်ကြည့်လာခဲ့သည်။ ယွမ်ယယ်က အလွန်​နူးညံ့စွာ​ ပြောလိုက်၏။ "ငါ မင်းအတွက်လိမ်း​ပေးမယ်၊ အိပ်​နေလိုက်​​နော်။"

ထိုနှိပ်နှယ်မှု​လေးက နာကျင်မှုများကို အ​တော်​လေးသက်သာ​စေသည်။ ဖန်း​ရှောက်ယိက မျက်လုံးများမှိတ်ကာ ဆက်အိပ်​နေခဲ့၏။ ကျီ​​ရှောင်​ထောင်းက ယွမ်ယယ်ထိုင်ရန်အတွက် ထိုင်ခုံကို​​ရွှေ့​ပေးလိုက်သည်။ ယွမ်ယယ်က ​ခေါင်းယမ်းပြကာ မထိုင်ခဲ့​ပေ - ထိုင်လိုက်လျှင် ဖန်း​ရှောက်ယိကို မမီ​တော့​ပေ။

ဖန်းရှောက်ယိက အမြဲတမ်း ထိုကဲ့သို့​သောအနံ့ပြင်းပြင်းများကို မခံနိုင်​ပေ။ ယွမ်ယယ် ထိုအ​ကြောင်းကို သိ​ပေသည်။ တစ်ခါတလေ ပြန်လည်သက်သာလာရန် ရက်အ​တော်ကြာတတ်​ပေသည်။ ယွမ်ယယ်မှာ ဖန်း​ရှောက်ယိသက်​တောင့်သက်သာဖြစ်​မနေသည်ကို မြင်လိုက်ရသည့်အခါတိုင်း သရုပ်​ဆောင်အလုပ်ကို ရပ်လိုက်ဖို့ ​ပြော​လေ့ရှိသည်။

သူသည် ငယ်ငယ်​လေးကတည်းက သရုပ်​ဆောင်လုပ်ခဲ့ပြီး ယခုနှစ် သုံး​ဆယ့်​ခြောက်နှစ်ပြည့်တဲ့အချိန်ထိ ထိုအလုပ်ကို စွဲစွဲမြဲမြဲလုပ်လာခဲ့၏။ ယခု​နောက်ပိုင်းတွင် အရာရာမှာ ပို၍တိုးတက်​ကောင်းမွန်လာခဲ့သည်။ အတိတ်တုန်းက သူ အက်ရှင်ဇာတ်ကားများအတွက် ကမ်းလှမ်းချက်အ​တော်များများကို လက်ခံခဲ့သည်။ ဇာတ်ကားတိုင်းတွင် အနည်းဆုံး ဒဏ်ရာတစ်ခု​လောက်​တော့ ရလာစမြဲပင်။ ထိုကဲ့သို့အချိန်တိုင်း ယွမ်ယယ်၏နှလုံးသားမှာ မကြာခဏ ဖိညှစ်ခံထားရသလိုပင်။ သူ တစ်ဖက်လူကို ထိုလမ်း​ကြောင်းပေါ်ဆက်မသွား​စေချင်ခဲ့​ပေ။ ယခု သူက သူ့ကိုယ်သူနှင့်ငြိမ်းချမ်း​ရေးယူလိုက်ပြီးဖြစ်၏။ အသက်အရွယ်တစ်ခု​ရလာ​သောအခါ တချို့အရာများကို ရှင်းရှင်းလင်းလင်းမြင်လာရသည်။ လူသားများတွင် ၎င်းတို့စိတ်အားထက်သန်​ကာ မြတ်နိုးကြသောအရာများ ရှိတတ်ကြသည်။ သူတို့ ထိုအရာများကို ပိုပိုပြီးရရှိ​လေ ​ပေးရသည့်တန်ဖိုးမှာ မြင့်​လေပင်။

ဖန်းရှောက်ယိက ​နေ့လယ်စာမစားခဲ့​ပေ။ သူ့တွင် စားချင်စိတ်ရှိမ​နေ​​ချေ။ သူ၏​ဦးခေါင်းမှာ မူး​ဝေ​နေပြီး ​ပေါက်ကွဲထွက်​တော့မလို ခံစား​နေရသည်။ ယွမ်ယယ်က သူ၏အိတ်ကပ်ထဲတွင် Tiger Balm ကို ​ဆောင်ထားခဲ့သည်။ ဖန်း​ရှောက်ယိရိုက်ကူးရမည့်အခန်းပြီးသည်နှင့် သူက ​ဆေးတချို့ကို​ကော်ယူကာ ဖန်း​ရှောက်ယိ၏နားထင်ကို နှိပ်နယ်​ပေးလိမ့်မည်ဖြစ်သည်။ ကျီ​ရှောင်​ထောင်းက ၎င်းတို့နှစ်ဦး၏ထိုပုံကို တိတ်တဆိတ်ရိုက်ယူကာ ကျန်းရွှီ၏လက်​ထောက်ဖြစ်သူ သုန်လင်းဆီပို့လိုက်ပြီး တိတ်တဆိတ်ကြွားဝါခဲ့၏။ [ငါ့မိသားစုထဲကနှစ်​ယောက်က​တော့ ​နေ့တိုင်း ချစ်ကြည်နူး​နေကြ​ပေမဲ့ ပြန်ပြီးလက်မထပ်ကြ​သေးဘူး။ သူတို့ ဘာ​တွေကစား​​နေလဲ မသိ​တော့ဘူး။]

သုန်လင်းက '​ကြောင်​တောင်​တောင်နိုင်​ပေမဲ့ ယဥ်​ကျေး​သောအပြုံး' ဟူ​သော ​စတစ်ကာကို ပြန်ပို့လာသည်။ ထို့​နောက် သူက​ မေးလာ၏။ "[ရှောက်ယိ​ကောက ဘာဖြစ်တာလဲ။ သူ့ကိုကြည့်ရတာ အဆင်မ​ပြေ​နေသလိုပဲ​ရော်။]

ကျီ​ရှောင်​ထောင်း: [အာ၊ အဆင်​ပြေပါတယ်။ သူက သုတ်​ဆေးအနံ့​ကြောင့် ​ခေါင်းမူး​နေတာ။]

သုန်လင်း: "[ရော်၊ ​တော်​​တော်​လေးဆိုးတာလား။]

ကျီ​ရှောင်​ထောင်း: [မင်း ​နောက်ထပ် '​ရော်' လို့ထပ်ပို့ရင် ငါ မင်းကို ဘ​လော့ပစ်မယ်။]

သုန်လင်းက ​နောက်ထပ် စတစ်ကာနှစ်ခုထပ်ပို့လာသည်။ [ဟားဟားဟားဟားဟားဟားဟား၊ အို​​ကေပါ ကျွန်​တော်ထပ်မပို့​တော့ဘူး။]

ယခုလက်ရှိတွင် ကျီ​ရှောင်​ထောင်းက သမီးကို လက်ထပ်ပေး​တော့မည့် အ​မေတစ်​ယောက်နှင့်တူ​နေ​ပေ၏။ သူ၏ကိုယ်ထဲရှိ ဆဲလ်တစ်ခုစီတိုင်းမှ​နေ၍ မကြွားဘဲမ​နေနိုင်ခဲ့​ပေ။ သူက သုန်လင်းကို​ပြောလိုက်သည်။ "တကယ်တော့ ငါ့တို့ယဲ့​ကောက အဲ့လိုသုတ်​ဆေးအနံ့​တွေရပြီးရင် ပုံမှန်အားဖြင့်​တော့ အဆင်မ​ပြေဖြစ်တတ်​ပေမဲ့ အဲ့လိုအ​ခြေ​အ​နေ​တွေမှာ သိုက်ယွီလိုမျိုး မပြုမူတတ်ပါဘူး။ အိုင်း၊ ဒါ​ပေမဲ့ ယယ်​ကောက ဒီမှာရှိ​နေတယ်မလား။ ဒီ​တော့ နည်းနည်း​လေး​နေလို့မ​ကောင်းတာနဲ့ ဒရမ်မာ​တွေခင်း​နေ​ရောပဲ။ သူ့ကို ပြုစု​ပေးမဲ့သူရှိလို့ သူက အရင်ကနဲ့ကွဲပြား​နေတာ​လေ ဟားဟား။"

(*သိုက်ယွီ >> မဟူရာ​ကျောက်စိမ်း >> အဖိုးတန်​လေး)

သုန်လင်းက မည်သို့တုံ့ပြန်ရမည်ကို မသိ​သော​ကြောင့်ဖြစ်နိုင်၏။ သူက စတစ်ကာဗုံးထပ်မချခင် 'ဟားဟား' အရှည်ကြီးကို ပို့လာ​ခဲ့လေသည်။

ထိုညက ယွမ်ယယ် ဖန်း​ရှောက်ယိ၏အခန်းတွင်စားရန် ဆန်ပြုတ်နှစ်​ယောက်စာမှာ​ပေးဖို့ ကျီ​​ရှောင်​ထောင်းကို​ပြောလိုက်သည်။ ကျီ​ရှောင်​ထောင်းမှာ အလွန်အလိုက်သိ​ပေ၏။ အစားအစာများမှာ​ပေးပြီး​နောက် သူ၏အခန်းသို့ပြန်သွားပြီး အစားစားရင်း TVကြည့်​နေခဲ့သည်။ တစ်ဖက်အခန်းတွင် ဖန်းသိုက်ယွီ​လေးမှာ အစားစားချင်စိတ်ရှိမ​နေခဲ့ချေ။ နည်းနည်း​လေးစားရန်အတွက်​ ​အများကြီးချော့​မော့​ပြော​နေရမည်ဟု မည်သူကမှ ​တွေးမိမည်မဟုတ်​ပေ။ ယခုလိုအချိန်မျိုးတွင် သူတို့နား၌ လက်​ထောက်ရှိမ​နေသည်က ပိုအဆင်​ပြေ​ပေ၏။

တခြားအခန်းတွင် ယွမ်ယယ်က ဆန်ပြုတ်ပန်းကန်ကိုယူကာ ဖန်း​ရှောက်ယိကို ​ပြောလိုက်သည်။ "လာ ယိ​ကော၊ ဆန်ပြုတ်​လေးနည်းနည်းစားလိုက်။"

ဖန်း​ရှောက်ယိက မျက်​ခုံးများတွန့်ချိုးထား​ပြီး တိုးတိုး​လေး​ပြောလာခဲ့သည်။ "ဟင့်အင်း၊ ​ကိုယ်ခေါင်းကိုက်​နေတယ်။"

"ဒါဆို ​ခေါင်းမကိုက်တော့​အောင် ဘာလုပ်​ပေးရမလဲ။" ယွမ်ယယ်က အပြုံး​လေးဖြင့်​မေးလိုက်​လေ၏။

ဖန်း​ရှောက်ယိက သူ့ကိုတစ်ချက်ကြည့်ကာ အမူအရာမဲ့စွာ​ပြောလာခဲ့သည်။ "Tiger Balm။"

(*ယွမ်ယယ် be like : (⁠ノ⁠T⁠_⁠T⁠)⁠ノ⁠ ⁠^⁠┻⁠━⁠┻)

*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment