အပိုင်း၃၉
နှင်းဖြူရောင်ဆံနွယ်လေးများသည် သူ့နောက်ကျောတွင်ပျော့ပြောင်းစွာဖြာကျလျက်ရှိသည်။ ပင်လယ်ပြာရောင်ကျောက်မျက်ရတနာက သူ၏နဖူးပေါ်တွင်တောက်ပလျက်ရှိသော်လည်း ထိုအရာသည်သူ့မျက်ခုံးအောက်ရှိ မြစိမ်းရောင်အမှတ်လောက် မျက်စိဖမ်းစားနိုင်ခြင်းမရှိချေ။ နူးညံ့သောအလင်းတန်းလေးများကသူ၏မျက်လုံးများအတွင်းသို့စိမ့်ဝင်သွားပြီး အလင်းတန်းများကြားမှလျှောက်လာသောအိုမီဂါသည်ချက်ချင်းပင် လူအများ၏အာရုံကိုဆွဲဆောင်သွားခဲ့သည်။
"သူကဘယ်သူလဲ၊ရှန်ကျီးနန်မလား။သူကဘယ်ကနေ အဲ့လောက်ကြီးတဲ့လေယာဉ်ရလာတာလဲ?။’’
"အမြန်ကြည့် ဗိုလ်ချုပ်ရှီးကဲ့စစ်ကိုယ်တိုင်တောင်လာခဲ့တာ၊သေစမ်း မဟုတ်မှလွဲရော ရှန်ကျီးနန်နဲ့ဖောက်ပြန်ခဲ့တဲ့အယ်လ်ဖာက..."
"ငါသူ့ကိုနောက်ဆုံးတွေ့ခဲ့တာကလွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကပဲ၊ သူလက်ထပ်ပြီးတဲ့နောက်ပိုင်းမှာလူကြားထဲထွက်လာခဲတယ်၊ ပိုပြီးအံ့ဩဖို့ကောင်းတာက သူကအရင်ကထက်ပိုတောင်လှလာသေးတယ်။"
"ဒီလိုကိစ္စတွေဖြစ်ပျက်ပြီးခဲ့တာတောင် သူကဘယ်လိုလုပ်အရင်ကထက်ပိုပြီးအဆင်ပြေနေတာလဲ၊ သူဝတ်ထားတဲ့ လက်ဝတ်ရတနာတွေနဲ့ လှပတဲ့အင်္ကျီတွေကိုကြည့်လိုက်စမ်း၊ တကယ်ဈေးကြီးမဲ့ပုံပဲ"
"ရှန်မိသားစုကဒေဝါလီခံရတာမဟုတ်ဘူးလား၊ သူဘယ်ကနေအဲ့လောက်များတဲ့ပိုက်ဆံတွေရလာတာလဲ၊ သူ့ရဲ့ကျောက်မျက်နားကပ်ကတောင် သိန်းပေါင်းများစွာတန်တာ"
"သူ့အင်္ကျီတွေကအရမ်းလှတာပဲ၊ ငါတစ်ခါမှအဲ့လိုစတိုင်လ်နဲ့အင်္ကျီကိုမမြင်ဖူးဘူး၊ ဘယ်ဆိုင်ကအင်္ကျီတွေလဲမသိဘူး"
ကောင်းသည်ဖြစ်စေ၊ သိချင်၍ဖြစ်စေ၊ ထူးဆန်း၍ဖြစ်စေ အဆုံးမရှိ ဆွေးနွေးဝေဖန်နေကြသည်။
ရှန်ကျီးနန်ကအကုန်ကြားပေမဲ့သူကမကြားချင်ယောင်ဆောင်နေလိုက်သည်။
သူတိမ်ပေါ်၌ရှိနေတုန်းချီးမွှမ်းသံများကိုကြားခဲ့ရသလို သူတိမ်ပေါ်မှပြုတ်ကျသွားသည့်အခါတွင်လည်းလှောင်ပြောင်သံများစွာကိုကြားခဲ့ရသည်။
"ကြိုဆိုပါတယ်၊ကြိုဆိုပါတယ်။ မင်းရဲ့လေယာဉ်ကအရမ်းလှတာပဲ။ အမှန်တိုင်းပြောရရင် လေယာဉ်ကိုမြင်တုန်းက ငါတောင်အားကျခဲ့သေးတယ်။" ဗိုလ်ချုပ်ရှီးကဲ့စစ်က ရှန်ကျီးနန်ကိုစိတ်အားထက်သန်စွာနှုတ်ဆက်လိုက်သည်။ သူ၏မက်မွန်ပွင့်မျက်လုံးများသည် လေယာဉ်ပေါ်သို့ကျရောက်သွားသည့်အခါ သံသယရိပ်ဖြတ်ပြေးသွားခဲ့သည်။
"ဗိုလ်ချုပ်ရှီးကဲ့စစ်ကတော့နောက်နေပါပြီ။"ရှန်ကျီးနန်သည်ဗိုလ်ချုပ်ရှီးကဲ့စစ်၏ ဦးဆောင်မှုနောက်မှလိုက်၍ အစားအသောက်ခုံတန်းဘက်သို့လျှောက်လာခဲ့သည်။
အစားအသောက်ခုံတန်းသည် မီတာဒါဇင်ပေါင်းများစွာရှည်လျားပြီး အမျိုးမျိုးသော ကမ္ဘာပေါ်ရှိအမျိုးမျိုးသော စားသောက်ဖွယ်ရာများ အမျိုးမျိုးသော အရသာများဖြင့်ဝိုင်များ၊ ဖျော်ရည်များဖြင့်အပြည့်ခင်းကျင်းထားသည်။
ဟင်းချက်စားပွဲများကိုဘေးဘက်တွင်ထားရှိပြီး စားဖိုမှူးများက ဧည့်သည်များအတွက် အရသာရှိသော အစားအစာများကို ချက်ပြုတ်ပေးသောကြောင့် အစားအသောက်၏ လတ်ဆတ်မှုကို အာမခံရုံသာမက လက်ဖက်ရည်သောက်သည့် ရှုခင်းသာနေရာလည်း ဖြစ်လာခဲ့သည်။
"ဝန်ကြီးကျန်းက ဘာလို့ မင်းနဲ့တူတူ မလာတာလဲ" ရှီးကဲ့စစ်က ပေါ့ပေါ့ပါးပါးနှင့်မေးလိုက်ကာ အယ်လ်ကိုဟောပါဝင်မှုနည်းသည့်တဲ့ သစ်သီးဝိုင်တစ်ခွက်ကိုယူပြီး သူ့ဘေးက ရှန်ကျီးနန်ကို မက်မွန်ပွင့်မျက်လုံးများဖြင့် ပြုံးပြလိုက်သည်။ "သောက်ကြည့်ကြည့် ဒီဝိုင်ကဖျော်ရည်လိုပဲ အယ်လ်ကိုဟောပါဝင်နှုန်းလဲ ၂၀ရာခိုင်နှုန်းလောက်ပဲရှိတာ"
ရှီးကဲ့စစ်သည် အလွန်စိတ်အားထက်သန်နေခဲ့သည်။ "ရှောင်နန်မင်းဘာစားချင်လဲ ငါမင်းအတွက်ယူပေးမယ်။"
ရှန်ကျီးနန်မှရှောင်နန်ဟု ရုတ်တရက်ပြောင်းခေါ်သည့်အပေါ် ရှန်ကျီးနန်သည် အနည်းငယ်ထူးဆန်းသွားပြီး စိတ်မသက်မသာဖြစ်မိသည်။
မူလက ဒုတိယဗိုလ်ချုပ်ကြီး ရှီးကဲ့စစ်လူကိုယ်တိုင်လက်ခံတွေ့ဆုံသည့် ဧည့်သည်များစွာမရှိခဲ့ဘဲ ပတ်ဝန်းကျင်မှ ထူးဆန်းသောအကြည့်များ ကပိုများလာသည်ကိုတွေ့သောအခါ ရှန်ကျီးနန်က ခေါင်းခါလိုက်ပြီး "မဟုတ်တာ ဗိုလ်ချုပ်၊ ငါစားချင်သမျှ ငါသွားယူလို့ရတယ်။ တခြားဧည့်သည်တွေက မင်းကို စောင့်နေကြပြီ"
အစကတည်းကရှီးကဲ့စစ်အား နှုတ်ဆက်နေခဲ့သော ဧည့်သည်များကသိပ်မဝေးသောနေရာမှ အော်ကာ "ဟေး ဗိုလ်ချုပ် ရှီးကဲ့စစ်၊ ငါတို့ကို မမေ့နဲ့အုံး!"
ရှီးကဲ့စစ်ခေါင်းလှည့်က သူတို့အားကြည့်ပြီးနောက် ရှန်းကျီးနန်ဘက်သို့ပြန်လှည့်ကာ တိုးတိုးလေးပြောလိုက်သည် "ကောင်းပြီ၊ ခဏနေရင်ငါပြန်လာခဲ့မယ်နော် ရှောင်နန်၊ မင်းပြဿနာတစ်ခုခုကြုံလာရင် ငါ့ကိုအော်ခေါ်လိုက် ငါချက်ချင်းပြန်လာခဲ့မယ်လို့ ကတိပေးတယ်။ ပွဲကအဆာပြေမုန့်နဲ့ ဝိုင်တွေကို မင်းကြိုက်မယ်လို့ မျှော်လင့်ပါတယ်။”
ရှီးကဲ့စစ်သည်အလွန်စိတ်အားထက်သန်လွန်းလှသည်။ အကယ်၍ အခြားသူများ၏အကြည့်များက ထိခိုက်နိုင်လျှင် ရှန်ကျီးနန်ခန္ဓာကိုယ်သည် အပေါက်များဖြစ်နေလောက်ပေမည်။
ရှန်ကျီးနန်ခေါင်းငြိမ့်လိုက်သည်၊ နူးညံ့သော နေရောင်အောက်တွင် သူ့တစ်ကိုယ်လုံးမှုန်ဝါးဝါးနှင့် လှပနေကာပန်းချီကားမှထွက်လာသော အလှတရားကဲ့သို့ လှပနေသည်။
ဒုဗိုလ်ချုပ်ကြီးရှီးကဲ့စစ်က တုံ့ဆိုင်းစွာဖြင့်ထွက်ခွာသွားပြီး သူ့သူငယ်ချင်းများထံ ပြန်ရောက်သွားသောအခါတွင် သူငယ်ချင်းဟောင်းများစွာက သူ့ကို ဟာသလုပ်ခဲ့ကြသည်။
"ဘာဖြစ်နေတာလဲ ရှီးကဲ့စစ်၊ မင်းရှန်ကျီးနန်ကို စိတ်ဝင်စားနေတာလား။"
"မင်းရဲ့ပုံစံကို ကြည့်ပြီး ငါတကယ်ကိုသည်းမခံနိုင်တော့ဘူး။"
လူတိုင်း၏စနောက်ခြင်းနှင့် ရင်ဆိုင်ရသောအခါ ရှီးကဲ့စစ်သည် ခေါင်းကိုမော့ပြီး ဝိုင်တစ်ခွက်ကိုခပ်ပြင်းပြင်းမော့ချလိုက်ကာ သူ၏ခံတွင်းနှင့်အစာအိမ်ကို ပူလောင်သွားစေခဲ့သည်။
သူလေကိုပြင်းပြင်းတစ်ချက်ရှူရှိုက်ရင်း ခပ်ရေးရေးပြုံးလိုက်ကာ"တကယ်လို့မင်းသာ သူ့ရဲ့မျက်လုံးတွေကိုသေချာကြည့်မယ်ဆိုရင် မင်းဆွဲဆောင်တာမခံရဘူးဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။ သူ့ရဲ့ စိမ်းပြရောင်မျက်လုံးလေးတွေက ဒီကမ္ဘာပေါ်မှာအဖိုးတန်ဆုံးနဲ့အလှပဆုံးသောကျောက်မျက်ရတနာလေးလိုပဲ"
"ဒါဘယ်လိုမှမဖြစ်နိုင်ဘူး၊ ဗိုလ်ချုပ်ဖုန်းက အိမ်ထောင်ကျပြီး ငါးနှစ်ကြာတာတောင်သူ့ကို လုံးဝမထိခဲ့ဘူးလို့ ကြားတယ်။ ရှန်ကျီးနန်ကအပြင်မှာ တခြားအယ်လ်ဖာတွေကို လိုက်ရှာနေတာအံ့သြစရာမဟုတ်ပါဘူး" ဟု အယ်လ်ဖာအရာရှိက အံကြိတ်ကာဒေါသတကြီးပြောလိုက်သည်။
"အဲ့အယ်လ်ဖာကဘယ်သူလဲ?"
ရှန်ကျီးနန်ကတခြားအယ်လ်ဖာနဲ့ဖောက်ပြန်သည်ကိုအခြားသောအယ်လ်ဖာမျာကအပြစ်တင်ခြင်း သို့မဟုတ် ရှုံ့ချခြင်းများပြုလုပ်မည်မဟုတ်သော်လည်းရှန်ကျီးနန်ရှာဖွေခဲ့သောအယ်လ်ဖာကသူတို့မဟုတ်ကြသည်ကိုတော့ဒေါသထွက်ကြသည်။
"ဖုန်းနျန်လည်း ဒီနေ့ဒီကိုရောက်နေတယ်။ သူ့ရှေ့မှာသူ့ရဲ့ဇနီးဟောင်းကို ကြင်နာပြတော့မှာလား။"ဟု တစ်ယောက်ကအပြုံးနှင့်ပြောလိုက်သည်။
ရှီးကဲ့စစ်ကပခုံးတွန့်ပြပြီး သူကျန်းယွဲ့ယင်းများအကြောင်းကြားလိုက်ရကတည်းက အရာအားလုံးကစိတ်ဝင်စားစရာဖြစ်လာခဲ့သည်။
ရှီးကဲ့စစ်၏မျက်နှာပေါ်ရှိ အပြုံးသည် ကြာရှည်မခံတော့ဘဲ ရုတ်တရက် ရှန်ကျီးနန်ဆီသို့ လှမ်းကြည့်ကာ "အရူး! ဒီလူယုတ်မာတွေ!"
အရင်တုန်းက သူသိခဲ့တဲ့အိုမီဂါအများစုဟာအိမ်ထောင်ကျသွားပြီး သူနှင့်ပေါင်းသင်းဆက်ဆံရေးကောင်းခဲ့တဲ့အိုမီဂါအနည်းငယ်ဟာ အခုမြို့တော်၌မရှိကြတော့ချေ။ ရှန်ကျီးနန်က တစ်ယောက်တည်းစားပွဲတွင်တစ်ယောက်တည်းထိုင်ရင်း ငြီးငွေ့လာတော့သည်။
အိုမီဂါများစုဝေးရာအခြားနေရာများသို့ သွားရန်ကား ထိုနေရာမှသူ့ထံသို မကြာခဏရန်လိုသောအကြည့်များကရောက်လာတတ်သဖြင့်သူ့ကို စိတ်မသက်မသာဖြစ်စေပြီးသားပင်၊ ထို့ကြောင့် အဘယ်ကြောင့်သူကထိုနေရာသို့ သွား၍ ဒုက္ခခံရမည်နည်း။
ချိုချိုချဥ်ချဉ်သစ်သီးအရသာရှိသော သစ်သီးဝိုင်က တကယ်ကို အရသာရှိပြီး ရှန်ကျီးနန်မသိလိုက်ခင်မှာပဲ တစ်ခွက်ကုန်သွားခဲ့သည်။ သူနောက်ထပ်တစ်ခွက်ထပ်ယူတော့မည့်အချိန် သူ့ထိုင်ခုံကနေမထရသေးခင်မှာပဲ ရုတ်တရက်နောက်ထပ် ဝိုင်ခွက်နဲ့ အဆာပြေပန်းကန် အများအပြားကသူ့ရှေ့တွင်ပေါ်လာခဲ့သည်။
"ရှန်ကျီးနန် ငါ့ဟာသောက်ပါလား။"
"အလွန်အကျွံသောက်တာ အဆင်မပြေဘူး။ သရေစာတွေကော ဘယ်လိုလဲ။"
"ဒီမှာ ဖျော်ရည်တစ်ခွက်၊ မင်းလိုအပ်လို့လား။"
သူနားမလည်နိုင်စွာပင် သူ့ပတ်ဝန်းကျင်တွင် အယ်လ်ဖာငါးယောက်ခြောက်ယောက်လောက်က ရုတ်တရက် ပေါ်လာပြီး သူ့ထံသို့သစ်သီးဝိုင်နှင့် အဆာပြေများ ယူဆောင်လာကာ
အချို့ကနှင်းဆီဖြူများကိုပင်ယူလာခဲ့သေးသည်။ ထူဆန်းနေသည်က သူတို့သည် ရှန်ကျီးနန်၏အကြိုက်များကို ကြိုသိနေပုံရသည်။
"ငါ..."ရှန်ကျီးနန်နေရာတွင် အေးခဲစွာရပ်နေမိသွားသည်။
အယ်လ်ဖာများထံမှအလားတူ အာရုံစိုက်မှုနှင့် ပိုးပမ်းခံခြင်းသည် အမှန်တကယ်တွင် သူလက်မထပ်မီတွင် အလွန်အဖြစ်များခဲ့သည်။
သို့သော်လွန်ခဲ့သည့်ငါးနှစ်အတွဖုန်းနျန်၏လျစ်လျူရှုမှုနှင့်ငြင်းပယ်မှုများသည်သူ၏အိုမီဂါမူလမာနနှင့်ယုံကြည်မှုကို တဖြည်းဖြည်းလျော့ပါးသွားစေခဲ့သည် ။
သူသည်လွန်ခဲ့သောငါးနှစ်တည်းကထက်မြက်သူမဟုတ်ခဲ့ပေ။သူသည်လူ့လောက၏ကြမ်းတမ်းမှု၊အထီးကျန်မှုများကိုကြုံတွေ့ရပြီးနောက်ယခင်ကဲ့သို့အရိုင်းဆန်မနေတော့ဘဲပို၍နူးညံ့လာခဲ့သည်။သူသည်ဆောင်းရာသီတွင် စူးရှပြီး လှပသော ရေခဲပြင်များမှ နွေဦးတွင် အရည်ပျော်သော နှင်းများကဲ့သို့ဖြစ်သော်လည်း အေးမြပြီး ကြည်လင်သေးသည်။
ရှန်ကျီးနန်တုံ့ဆိုင်းနေသည့်ချိန်၌ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ အယ်လ်ဖာများက ရုတ်တရက်ထွက်ပြေးသွားကြသည်။
သူ၏လေးနက်သောစစ်ဝတ်စုံနှင့် မတူဘဲသာမန်အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသည့် ကျန်းမုန့်ရှန်းသည်အနည်းငယ် မြင့်မြတ်သည့်ပုံပေါက်သည်။
စစ်ဌာန၏ခေါင်းဆောင်သည် ရုပ်ရည်ချောမောပြီး နက်နဲသောမျက်နှာအသွင်အပြင်နှင့် အလွန်ချောမောသောအသွင်အပြင်ရှိသော်လည်း၊ သူသည် များသောအားဖြင့် အေးစက်သောအသွင်အပြင်ရှိသည်။သူ့ကိုစိတ်ဝင်စားသောအိုမိဂါရှိခဲ့လျှင်ပင်အေးစက်ပြီး ပြင်းထန်သော စိတ်ဓာတ်ဖြင့်ဤချောမောသော အယ်လ်ဖာက အလိုအလျောက်ဆုတ်ခွာစေလိမ့်မည်ဖြစ်သည်။
ထိုအကြောင်းပြောရမည်ဆိုလျှင် ကျန်းမုန်ရှန်းဟာ အသက်ကြီးသည့်တစ်ကိုယ်တည်းသမား အယ်လ်ဖာတစ်ယောက်လည်းဖြစ်သော်လည်း သူနှင့်တခြားအိုမီဂါများကြား အရှုပ်အရှင်းတွေတခါမှမကြားဖူးချေ။
ချောမောပြီး မျက်နှာအကြောသေနေသော အယ်လ်ဖာဗိုလ်ချုပ်သည် ရှန်ကျီးနန်အနီးရှိ အခြားလူများကို တိတ်တဆိတ်တွန်းထုတ်လိုက်သည်၊ ကျန်းမုန့်ရှန်းသည်နဂိုအချိန်တွင် ပေါင်းသင်းရန်လွယ်ကူသည့်ပုံမပေါ်သော်လည်း ယခုအချိန်တွင်သူ့မျက်နှာမှာ အေးစက်နေသဖြင့်လူတွေကပိုကြောက်လာသဖြင့် သူတို့ပတ်ဝန်းကျင်က အသံတွေတောင် လျော့သွားသည်။
"ဝန်ကြီး ကျန်း" ရှန်ကျီးနန်မတ်တပ်ရပ်လိုက်သည်။
"အရှင်..."
"မလိုဘူး၊မလိုဘူး၊မလိုဘူး၊ ငါ့ကိုဒီမှာ အဲ့လိုမခေါ်နဲ့" ရှန်ကျီးနန်က ကျန်းမုန့်ရှန်းအားခေါင်းစဉ်မပြောရသေးခင် ပိတ်ပြောလိုက်သည်။
"အရှင်မင်းကြီးနဲ့ ငါ အခမ်းအနားမကျင်းပရသေးဘူး၊ ဒါကြောင့်ငါ့နာမည်ကိုပဲ ခေါ်"
ကျန်းမုန့်ရှန်းက ခဏလောက်စဉ်းစားပြီးခေါင်းညိတ်ကာပြောတယ် "ဒါဆို မင်းကိုရှောင်နန်လို့ ခေါ်တာကို ခွင့်လွှတ်ပါ"
တကယ်တော့ ရှန်ကျီးနန်လို့ခေါ်လည်းရပါတယ်။
သို့သော်ကျန်းမုန့်ရှန်း၏ လေးနက်ပြီးအေးစက်သောမျက်နှာကို ကြည့်မိလိုက်တော့ ရှန်ကျီးနန်သည် သူ့စိတ်ထဲအကြောင်းကို မပြောနိင်တော့ပေ။
ကျန်းမုန့်ရှန်းက အနီးနားရှိစားပွဲထိုးကို လက်ပြပြီးဝိုင်နှစ်ခွက်ကိုယူကာ ရှန်ကျီးနန်ထံ ပေးလိုက်ကာ"မင်းဒီကိုမလာခင်ငါ့ကိုအတူလာဖို့အရင်ပြောသင့်တယ်။”
"ဝန်ကြီးကငါဘေးကင်းဖိုအမြဲတမ်း ငါ့ဘေးမှာ ရှိနေလို့ပဲ၊ အခုတော်ဝင်မြို့တော်မှာ ကောလဟာလတွေအများကြီးထွက်နေတယ်..." ရှန်ကျီးနန်က ဝိုင်ဖန်ခွက်ကိုယူလိုက်သည်၊ဖန်ခွက်ထဲ တွင်တော့ရွှေရောင်အရည်များရှိနေသည်။
ကျန်းမုန့်ရှန်း သည် အရပ်ရှည်ကာသွယ်လျသော အိုမီဂါကိုတိတ်တဆိတ် ကြည့်ရင်း မျက်လုံးကိုအနည်းငယ်မှိတ်ထားကာ "ကောလဟာလတွေကို ငါဂရုမစိုက်ဘူး၊အရှင်မင်းကြီးလည်း ဂရုမစိုက်ဘူး၊ မင်းလည်း ဂရုစိုက်စရာ မလိုဘူး။ မင်းရဲ့အထောက်အထားကို ထုတ်ဖော်လိုက်တာနဲ့ဒီ အတင်းအဖျင်းတွေ ပျောက်ကွယ်သွားမှာဘဲ၊ မင်းငါ့ကို ဒုက္ခဖြစ်စေမှာစိတ်ပူတယ်ဆိုရင်တော့ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့် စိတ်မပူပါနဲ့။"
ကျန်းမုန်ရှန်းက သူ့ဖန်ခွက်ကို ရှန်ကျီးနန် ဆီမြှောက်လိုက်ပြီး"အရှင်မင်းကြီးအတွက်"
ရှန်ကျီးနန်ကလည်း သူ၏ ဝိုင်ဖန်ခွက်ကိုမြှောက်ရင်း "အရှင်မင်းကြီးအတွက်"
သူတို့နှစ်ယောက်ကဝိုင်တစ်ခွက်စီသောက်ပြီး ကျန်းမုန့်ရှန်းက "မင်း အခုအဆင်ပြေလား။ ရိုင်းစိုင်းတဲ့ အယ်လ်ဖာတွေကမင်းဆီ ဖယ်ရိုမုန်းတွေကို တမင်တကာထုတ်လွှတ်လိုက်တာ။ ဒီကိစ္စကိုနောက်မှ ရှင်းရမယ်။"
"ဖယ်ရိုမုန်း ? ရှန်ကျီးနန်သည် အသက်ပြင်းပြင်းရှူကာ ငြိမ်သက်စွာခေါင်းခါလိုက်ပြီး "မဟုတ်ဘူး၊ ငါ အယ်လ်ဖာတွေရဲ့ ဖယ်ရိုမုန်းတွေကို မခံစားရဘူး"ပြောလိုက်သည်။
ကျန်းမုန့်ရှန်း၏အမူအရာမှာ မပြောင်းလဲခဲ့ပေ။ "တကယ်ပဲ တခြားသူတွေရဲ့ ဖယ်ရိုမုန်းတွေရဲ့ တိုက်ခိုက်တာကို တားဆီးဖို့အတွက် အရှင်မင်းကြီးကမင်းကိုကာကွယ်ပေးထားတာပဲ"
"လက်စွပ်နှင့် လက်ကောက်ဝတ်အောက်မှာ ဝှက်ထားသောမြွေပုံသဏ္ဍာန် လက်ကောက်ကြောင့် ဖြစ်နိုင်လား။"
နွေးထွေးမှုအနည်းငယ်က သူ၏နှလုံးသားထဲသို့ ပြေးဝင်လာပြီး ရှန်ကျီးနန်ကအရှင်မင်းကြီးဟာ တကယ်ကို စာနာတတ်တဲ့သူတစ်ယောက်ပဲဟုတွေးလိုက်မိသည်။
ရှီးကဲ့စစ် က ဖုန်းနျန်ဆီကို လျှောက်သွားပြီး အဝေးတွင်ရပ်နေသည့်လူနှစ်ယောက်ကို ကြည့်လျက် "ဝန်ကြီး ကျန်းက ဒီလိုမျိုးအိုမီဂါကိုဂရုစိုက်တာကို နှစ်ပေါင်းများစွာအတွင်းဒါပထမဆုံးအကြိမ်တွေ့ဖူးတာပဲ"
ခပ်လှမ်းလှမ်းတွင်ကျန်းမုန့်ရှန်း နှင့် ရှန်ကျီးနန် တို့သည် မျက်နှာချင်းဆိုင် စကားပြောနေကြပြီးသူတို့ဘာပြောနေကြသည်ကိုတော့ မသိရချေ။
သိပ်မကြာခင်မှာပဲ ရှန်ကျီးနန် က သူ့လက်ထဲကဝိုင်ဖန်ခွက်ကို ချလိုက်ပြီးတစ်ယောက်တည်း ဗီလာဘက်ဆီ လျှောက်သွားသည်။
ဖုန်းနျန် ကအမူအရာမဲ့စွာဖြင့်လှည့်ထွက်သွားပြီး “ဒါက ငါနဲ့ဘာမှမဆိုင်ဘူး”