ဖုန်းနျန်သည် သူ့အား ငါးနှစ်လုံးလုံး မထိတွေ့ခဲ့။ ယခင်က ဂုဏ်ယူဝံ့ကြွားခဲ့ဖူးသော နှင်းဆီဖြူလေးခမျာ သူဟာ လုံလောက်အောင်မလှ၍လား၊ ဆွဲဆောင်မှု မရှိ၍လား၊ လုံလောက်အောင်မကောင်းပေး၍လားဟု သို့လောသို့လော တွေးမိခဲ့သည်။
သို့သော် ယခု ထိုကဲ့သို့မဟုတ်ပေ။
ဟွားချန်းရွှမ်သည် ရှန်ကျီးနန်အား မောပန်းသည်အထိ ဆက်ဆံသောအခါ ပြင်းထန်စွာ အော်ငိုပေမဲ့ မယုံနိုင်လောက်အောင် ကောင်းသည့်စိတ်ကျေနပ်မှုကိုလည်း ခံစားရသည်။
သူ၏ စွဲလမ်းနေသော သံသယဟာ နောက်ဆုံး ကျိုးပျက်သွားသည်။
သူဟာ အင်ပါယာတွင် အလှပဆုံးနှင့် ညှို့ငင်ဖွယ်အကောင်းဆုံး အိုမီဂါ ဖြစ်နေသေး၏။ အင်ပါယာ၏ အစွမ်းအထက်ဆုံးလူသည်ပင် သူ့အား စွဲလန်းနေသည်။
ဖုန်းနျန်ကတော့ သူ့ကို မချစ်၍ မထိတွေ့ခဲ့ခြင်းဖြစ်မည်။
နောက်တစ်နေ့မနက် နိုးလာလျှင် သူ၏ကျောရိုးတစ်ခုလုံး ကျိုးကြေနေပြီလားဟုပင် ရှန်ကျီးနန် ထင်မှတ်မိသည်။
အဆစ်တိုင်းဟာ နာကျင်ရောင်ရမ်းနေကာ အထူးသဖြင့် ဖော်မပြအပ်သောနေရာက အပြင်းအထန်နာနေတုန်းဖြစ်သည်။
မနေ့ညက ခဏခဏ ပြုသမျှခံခဲ့ရပြီးနောက် လျှပ်တပြက်စိတ်အပိုင်းအစများ သူ့အတွေးထဲဖြတ်သန်းသွားရာ ဦးနှောက်ကြည်လင်သည့်အချိန်တချို့တော့ ရတတ်သည်။
ဟွားချန်းရွှမ်နှင့်ပတ်သက်လို့ ရှန်ကျီးနန် သူ့စိတ်ထဲ စောဒကတက်နေမိဆဲ။
အင်ပါယာ၏ တစ်ဦးတည်းသော အုပ်ချုပ်သူကြီးက ချစ်မိလျှင် ဘယ်တော့မျှ မငြိမ်းနိုင်သည့် မီးစွဲလောင်သော အိမ်အိုကြီးလို၊ အမြဲပွင့်လန်းနေသော သံသစ်ပင်ကြီးလိုဖြစ်တတ်သည့် နှစ်တစ်ရာ လူပျိုကြီး ဖြစ်နိုင်ပါ့မလားဟူ၍။ ထို့အပြင် သူ၏ အားမလိုအားမရစိတ်ကို ဖွင့်ချသည့် တစ်ခုတည်းသော နည်းလမ်းက ဤလူငယ်အပေါ် ခုန်အုပ်ခြင်းတဲ့။
ထိုသို့တွေးတော့လည်း မဖြစ်နိုင်ဟု ထင်ရသည်။ ဒါဟာ ဟွားချန်းရွှမ်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကတည်းက မျိုးဆက်မွေးပေးရန် စိတ်အားထက်သန်ကြပြီး သူ၏ခြေတော်ရင်း ခစားမည့် မရေမတွက်နိုင်အောင် လှပသော အိုမီဂါများစွာ ရှိရမည်။
ကလေးဆိုတော့။
စောင်အောက်ရှိ ရှန်ကျီးနန်၏လက်က သူ၏ဝမ်းဗိုက်ပေါ် အသာရွေ့သွားသည်။ ပြားချပ်သော ဝမ်းဗိုက်အထဲတွင် မနေညက အယ်ဖာဖယ်ရိုမုန်းတို့ဖြင့် ဖြည့်ထားသော အိုမီဂါ၏ မျိုးပွားအင်္ဂါရှိသည်။
နောက်ပြီး... သူ ကိုယ်ဝန်ရနိုင်သလား။ ထိုသို့တွေးလိုက်လျှင် မနေနိုင်အောင် တုန်လှုပ်မိသည်။
မျက်ခွံတို့ကို လေးတွဲစွာ ဖွင့်လိုက်သော်လည်း မျှော်လင့်ထားသော မသက်သာမှုသည် သူ့ထံရောက်မလာ။
မသက်မသာဖြစ်ပေမဲ့ ခံနိုင်သည်။
ရှန်ကျီးနန် လှည့်ဖို့လုပ်ပေမဲ့ မဟူရာ မျက်ဝန်းတစ်စုံကြောင့် အငိုက်မိသွားသည်။
"မင်း-မင်းကြီး။"
ဘာကြောင့် ဟွားချန်းရွှမ် ဤနေရာတွင် ရှိနေသေးသနည်း။ ထိုသို့ အစွမ်းထက်လှသောအယ်ဖာသည် နောက်တစ်နေ့တွင် ပျောက်သွားရမည် မဟုတ်ပါလား။ သည်လိုပဲ ဝတ္ထုများထဲတွင် ရေးကြသည်။
"ဟမ်" ဟွားချန်းရွှမ်၏ မမျှော်လင့်ဘဲ ချဉ်းကပ်လာမှုကြောင့် ရှန်ကျီးနန်၏အကြည့်ထဲ အံ့ဩမှုအတိုင်းသား။ သူ၏ရနံ့သယ်ဆောင်ထားသော အိုမီဂါကို ဟွားချန်းရွှမ် ပွေ့ဖက်လိုက်သည်။
အဆီရစ်နေသော ဧကရာဇ်၏ အမူအရာမှာ တင်းတိမ်ကျေနပ်မှုနှင့် ပျင်းရိမှုအပြည့်။ ရှန်ကျီးနန်၏ နဖူးကို ငုံ့နမ်းလိုက်ကာ သူ့ရင်ထဲရှိ နူးညံ့နွေးထွေးသောအိုမီဂါကို ပိုတိုး၍ ဖက်လိုက်ပြန်သည်။
အိုမီဂါတို့အနက် ရှန်ကျီးနန် ကို အရပ်မြင့်သည်ဟု ယူဆရပေမဲ့ အစွမ်းထက်အယ်ဖာ၏ ပွေ့ဖက်မှုထဲမယ် အလွန်သေးငယ်နေဟန်တူသည်။
ဝံပုလွေ၏ခံတွင်းထဲမှ ယုန်လေးလိုပင်။
မနက်ခင်းနေရောင်က ရောင်စုံမှန်ပြတင်းတွင် တောက်ပသည်။ အိမ်ထဲရှိ လေထုဟာ အဝေးမှ လွင့်ပျံ့လာသော ကြည်လင်စည်းချက်ညီသည့် ငှက်တေးသံနှင့် နူးညံ့လာသည်။
ရှန်ကျီးနန် မျက်တောင်ခတ်သည်။ သူ ထိုမျှ အပန်းပြေခဲ့ရသည့်အချိန်ဟာ ဘယ်တုန်းကမှန်း ရှန်ကျီးနန် မမှတ်မိပေ။
စည်းမျဉ်းအားလုံးကို ချိုးဖောက်ပြီးနောက် သူ ပိုလို့ အပန်းပြေနေသည်။ ဖုန်းနျန်အား သစ္စာဖောက်ခြင်း၏ လိပ်ပြာမလုံမှုသည် ခဏတွင်းချင်း ပျောက်ပျက်သွားပြီး ထိုအစား လက်တုံ့ပြန်လိုက်ရသည့် စိတ်ကျေနပ်မှုက အစားထိုးလာသည်။
ဖုန်းနျန်တောင်မှ ကျန်းယွဲ့ယင်အား စစ်သူကြီးအိမ်တော်တွင် နေခွင့်ပြုသေးသည်။
သူလည်း ဧကရာဇ်၏နန်းတော်တွင် တစ်ညတာကုန်ဆုံးနိုင်၏။
"ကျွန်တော့်ကို တကယ်မိဖုရားတင်မြှောက်မှာပါလား အရှင်မင်းကြီး? ဒါပေမဲ့ စစ်သူကြီးကို ကျွန်တော် အခုထိ မကွာရှင်းရသေးပါဘူး..."
ရှန်ကျီးနန်၏ ချောမွေ့သော ကျောပြင်ကို ဟွားချန်းရွှမ်က သူ၏ ပူနွေးသော ရင်အုပ်ကျယ်ကြီးဖြင့် ဖိကပ်ထားသည်။ ကိုယ်ငွေ့ပြင်းပြင်းက ရှန်ကျီးနန်အား အနည်းငယ် စိတ်ထွေပြားစေသည်။
အယ်ဖာအားလုံးမှာ ထိုမျှ ပူနွေးသောကိုယ်ငွေ့ရှိပြီး ဖုန်းနျန်ကျတော့ ဘာကြောင့် သူ့အပေါ် အေးစက်နေရသနည်း။
ဂလက်ဆီအင်ပါယာသည် အတိတ်တုန်းကထက် ပိုလို့ တိုးတက်ပွင့်လင်းလာသည်။ အင်ပါယာရှိ အိုမီဂါများသည် အိမ်သူ၊ ကလေးမွေးသူများအဖြစ်နေဖို့ တာဝန်မရှိတော့ဘဲ လွတ်လပ်စွာ အလုပ်ထွက်လုပ်လို့ရသည်။
အိမ်ထောင်ရေးအနေနှင့်တော့ ဖောက်ပြန်ခြင်းကို သေချာပေါက် ပြစ်တင်ဝေဖန်ကြမည်ဆိုသော်လည်း ထိုဖောက်ပြန်သောဆက်ဆံရေးဟာလည်း အလွန်လေး လူသိများလာသည်။
မည်သို့ပင်ဖြစ်စေ ဟွားချန်းရွှမ်အတွက်မူ ဥပဒေရေးရာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာများသည် ထိုမျှအရေးမပါလှပေ။
"ငါ့ရဲ့ဖယ်ရိုမုန်းကိုယူပြီး ဖုန်းနျန်ဆီ ကွာရှင်းမယ်လို့ သွားပြောချေ။" ဟူ၍ အယ်ဖာသည် အိုမီဂါ၏ ပုခုံးပေါ် ငုံ့၍ အနမ်းခြွေလိုက်လေသည်။