ဒီနေ့မတိုင်ခင်ကသာ ဖုန်းနျန်သူ့အား ထိုသို့ပွေ့ဖက်ခဲ့ပါလျှင် သူပျော်မိလိမ့်မည်။
သို့သော် ယခုတော့ ရှန်ကျီးနန် စိုးကြောက်မိသည်။
သူဟာ ငယ်စဉ်ကတည်းက လောင်းရိပ်အောက်ကြီးပြင်းခဲ့သော အားနည်းသည့် အိုမီဂါတစ်ယောက်ဖြစ်သည်။ ဖုန်းနျန်ကတော့ သူ၏စစ်သူကြီးရာထူးကို ခွာချလိုက်လျှင်တောင် သန်မာအားကောင်းသည့် အယ်ဖာတစ်ယောက်ဖြစ်နေသေးသည်။
ဖုန်းနျန်အပေါ် သစ္စာမဲ့ထား၍ ဤအစွမ်းထက်အယ်ဖာသည် အမျက်ထွက်လွန်းပြီး သူ့အသက်ကိုပင် အဆုံးသတ်ပစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ ဖုန်းနျန်ဆန္ဒရှိသရွေ့ လက်ကလေးတစ်ချက် လှုပ်လိုက်ရုံဖြင့် ရှန်ကျီးနန် အသက်ဆုံးရှုံးနိုင်သည်။
ထိုသို့ အသိစိတ်မကပ်ချိန်တွင် သူ၏နောက်ကျောသည် နူးညံ့သည့်အရာတစ်ခုနှင့် ထိမိပြီး အိပ်ခန်းထဲက အိပ်ရာပေါ် ရှန်ကျီးနန် ပစ်ချခံရသည်။
မနေ့ညက သူပြန်မလာသဖြင့် အိပ်ရာမှာလည်း မနေ့ညကအတိုင်း သပ်ရပ်သန့်ရှင်းလို့နေသည်။ ယခုမူ သူလှဲလိုက်သဖြင့် အတွန့်ကြောင်းများ ပေါ်လာလေသည်။
"ဘာလိုချင်လို့လဲ။" ရှန်ကျီးနန် ခြေထောက်ရော လက်ရောသုံးကာ နောက်ဆုတ်ရင်း ဖုန်းနျန်အား သတိရှိရှိ မော့ကြည့်လိုက်သည်။ ထို့နောက် ပြောင်ပြောင်တင်းတင်းပင် ခေါင်းစောင်း၍ လည်ပင်းလှစ်ပြလိုက်၏။
နဂို နှင်းလိုဖြူဖွေးသောလည်ပင်းမှာ ယခုရဲရဲတောက် အနမ်းရာများနှင့် ပြည့်နှက်လျက် မြင်မိသူတိုင်းအား ဘယ်အယ်ဖာကငန်းဖြူလေးလိုလည်ပင်းပေါ် မရပ်မနား ကိုက်ခြေ၍ တန်ဆာဆင်ပေးလိုက်သလဲဟု မုချအံ့ဩကြမည်မလွဲပေ။
ဘေးမှ ဖုန်းနျန်၏လက်ချောင်းတို့ မသိမသာ ကွေးသွားသည်။ နှုတ်ခမ်းပါးတစ်စုံမှာ တင်းတင်းစေ့ထားသော မျဉ်းတစ်ကြောင်းဖြစ်သွားကာ "ဘာကြောင့် အဲဒီလိုလုပ်တာလဲ။"
ဘာကို ဘာကြောင့်လဲ။
ဖုန်းနျန်၏အကြည့်သည် အေးစက်စက် ဓားသွားကဲ့သို့။
ရှန်ကျီးနန်က ဖုန်းနျန်၏အကြည့်ကိုရှောင်လွှဲသည့်အနေနှင့် ခေါင်းငုံ့သွားသည်။ ထိုအခါ လက်ကောက်ဝတ်တွင် ရစ်ခွေနေသော မြွေနက်လက်ကောက်က သူ၏မြင်ကွင်းထဲ ဖျပ်ခနဲ ဝင်လာသည်။
ထိုလက်ကောက်ဟာ သူ့ကို ကာကွယ်ပေးနိုင်သည်ဟု ဟွားချန်းရွှမ် ပြောထားသည်။ ဖုန်းနျန် အားကြီးလျှင်တောင် အင်ပါယာ၏ ဧကရာဇ်လောက်တော့ အစွမ်းမထက်နိုင်ပေ။
သည်တော့မှ စိတ်အေးသက်ပြင်းနှင့်အတူ သူ၏ အာရုံကြောများ ပြေလျော့လာသည်။
စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားတော့ ရှန်ကျီးနန် အူမြူးမိသည်။ ဒါဟာ နောက်ခံရှိသူမျိုး၏ ခံစားချက်များလား။ ဟွားချန်းရွှမ်က သူ့အားမချစ်လျှင်တောင် လက်ဝတ်တန်ဆာအပေါစားလို၊ ကလေးမွေးစက်လို ဆက်ဆံလျှင်တောင် သူ့နောက်ကနေ မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးနိုင်သေးသည်။
ယုံကြည်အားကိုးရသူရှိခြင်းမှ ရလာသောလုံခြုံမှုသည် သူ အချိန်အကြာကြီးမခံစားခဲ့ရသောအရာဖြစ်သည်။
"အခုမှ လက်ရုံးအားကိုးနဲ့ လာမေးနေတာလား။ ငါ့လုပ်ရပ်တွေကို လူတိုင်းထက် မင်းက အသိဆုံးဖြစ်မှာပါ။" ဆိုသော ရှန်ကျီးနန်၏လက်ဖဝါးတို့သည် သူ့အောက်ရှိ ချောမွေ့အေးစက်သော အိပ်ရာခင်းကို ပွတ်သပ်ပြသည်။ "ဒီမင်္ဂလာဉီးအိပ်ရာပေါ်မှာ ငါတစ်ယောက်တည်း အိပ်ရတယ်။ ဒီမင်္ဂလာဉီးအခန်းထဲကို ဒီနေ့အပါအဝင်မှ မင်းဝင်တာ သုံးခါတည်း။ အဲဒီလိုအိမ်ထောင်ရေးမျိုးက ဘာအတွက်တည်ရှိနေတာများလဲ။"
"အရင်နှစ်နှစ်က ကွာရှင်းဖို့ မင်းကိုတောင်းဆိုခဲ့ပြီး မင်းဘာပြောလဲ။ ငါ့ကိုလွှတ်မပေးဘဲ ငါ့ဘဝတစ်လျှောက်လုံး ပြန်ပေးဆပ်ရမယ်ချည်း ထပ်ခါထပ်ခါ မင်းပြောတယ်။ ငါ့ကိုလည်း မချစ်ဘူး၊ လွှတ်လည်းလွှတ်မပေးဘူး၊ အထောက်အပံ့လည်းမပေးဘူး။ အခုကျမှ ဘာကြောင့်လဲလို့ မေးနေတာလား။"
လှောင်ပြုံးနှင့်အတူ ရှန်ကျီးနန်က ဖုန်းနျန်ကို အေးစက်စက် မော့ကြည့်သည်။
ဤကျိုးပျက်လွယ်သော အိုမီဂါတွင် တခြားသူများအား ထိုးစိုက်ရန်အသင့်ဖြစ်နေသော၊ သူ့ကိုယ်သူ ထိုးစိုက်ဖို့လည်း ဝန်မလေးသော ဓားချွန်များအား ပိတ်လှောင်ထားသည့် မျက်ဝန်းတို့ရှိသည်။
"ငါက ငါ့ကိုဂရုစိုက်တဲ့ အယ်ဖာမျိုးကို လိုချင်တာကြောင့်၊ အဖေအပြင်းအထန်နေမကောင်းဖြစ်နေချိန်မှာ ကူညီပေးမယ့် အယ်ဖာမျိုးကို လိုချင်တာကြောင့်၊ ဒီထက်အတိအကျပြောရင် ငါ့ရဲ့ရာသီချိန်မှာ အနားရှိပေးမဲ့ အယ်ဖာကိုလိုချင်တာကြောင့်" ရှန်ကျီးနန် မျက်နှာကိုမော့လိုက်ရင်း ဖုန်းနျန်၏ အကြည့်စူးစူးတို့အောက်မှာပင် "တခြားမိန်းမကို အိမ်ခေါ်လာပြီး ငါ့တောင်းဆိုမှုကိုလျစ်လျူရှု၊ ငါလိုအပ်ချိန်မှာ စိမ်းစိမ်းကားကားဆက်ဆံတဲ့ လူမျိုးထက်စာရင်"
အရင်ကမူ ထိုအတွက် ဖုန်းနျန်အား ရှန်ကျီးနန်မပြောရဲခဲ့ပေ။ သူကိုယ်တိုင်ပင် ဖုန်းနျန်အား အတင်းအကျပ်လက်ထပ်စေခြင်းအတွက် နောင်တရခဲ့သည်။
ယခုတော့ အကြောင်းအရပ်တို့သည် အဆိုးဆုံးအခြေအနေထိ ရောက်လာပြီး ငါးနှစ်တာလုံးက စုထားခဲ့သော အာဃာတများကို တစ်ခါတည်း သွန်ချပစ်လိုက်လေသည်။
လူများစွာတို့အတွက်မူ ဒါဟာ အသေးစားပြစ်တင်မှုများသာ ဖြစ်ကောင်းဖြစ်နိုင်သည်။
ရှန်ကျီးနန်အဖို့တော့ ဒါတွေဟာ ငါးနှစ်တာ အထီးကျန်အေးစက်ခဲ့သော နေ့နှင့်ညများဖြစ်၏။
ဖုန်းနျန်က ခဏငြိမ်သွားပြီးမှ ခပ်ဖြည်းဖြည်းဆိုလာသည်။ "မင်းက ကွာရှင်းချင်တာလား။"
"အခုဆိုရင် ငါ့ရဲ့ဖောက်ပြားမှုက တစ်မြို့တော်လုံးပျံ့သွားလောက်ပြီ။ ဘာလဲ ငါ့ကို လက်လွှတ်ရမယ့်အစား ကြာခိုခံမလို့လား။ မင်းလုပ်ချင်ရင်တောင် မင်းရဲ့ ချစ်လှစွာသော ကျန်းယွဲ့ယင်က သဘောတူမှာမဟုတ်ဘူးလေ။"
ဖုန်းနျန်သည် သူ၏ဂုဏ်သိက္ခာကို အလေးအနက်ထားသည့်လူမျိုး။ ဖောက်ပြန်သော ဇနီးကို သူနှင့် မည်သို့ နေခွင့်ပြုမည်နည်း။
ကျန်းယွဲ့ယင်ကရော သဘောတူပါ့မလား။ ဖုန်းနျန်၏ မိဘများနှင့် လုပ်ဖော်ကိုင်ဖက် လက်အောက်ငယ်သားများကရော သဘောတူပါ့မလား။
သူ့အဖေသာ နေမကောင်းမဖြစ်ဘဲ သူလည်း တခြားနည်းလမ်းကိုမရှာခဲ့ပါက ရှန်ကျီးနန်တစ်ယောက် သူ၏ခန္ဓာကိုယ်အား ဧကရာဇ်နှင့် အလဲအလှယ် လုပ်ခဲ့မည်မဟုတ်ပေ။
ထိုအခါ ဖုန်းနျန်နှင့် ဖရိုဖရဲကမောက်ကမဘဝတွင် တစ်သက်လုံးနေချင်လည်းနေရနိုင်သည်၊ သို့မဟုတ် အချိန်မတိုင်မီ သေဆုံးချင်လည်း သေဆုံးနိုင်သည်။
သို့သော် ဒါဟာလည်း ကံတရားပင်။
ဖုန်းနျန်သည် အဓိပ္ပါယ်ပါသော လေသံဖြင့် "ရတယ်လေ။ ငါ ကူညီမယ်။ ငါကလည်း နာမည်ဆိုးရှိတဲ့ အိုမီဂါကို ငါ့ဇနီး မဖြစ်စေချင်ဘူး။"
ထိုစကားတွင် ရှန်ကျီးနန်၏ နှလုံးသားမှာ ဆုပ်ညှစ်ခံရသလို တင်းကျပ်သွားသည်။ မျက်ထောင့်နီဖြင့် သူ ကျိန်တော့၏။ "ဟုတ်တယ် ငါကမတန်ဘူး။ တခြားလူရဲ့ကလေးကိုလွယ်ထားတဲ့ အဲဒီအိုမီဂါကို သွားချစ်ပြီး သူ့ကိုပဲ မင်းမိန်းမလုပ်လိုက်။"
နောက်နှစ်ဒီနေ့တွင် ဘာဖြစ်မည်ကို ရှန်ကျီးနန် စိတ်ပင်မကူးနိုင်ပေ။"
တခြားယောက်ျားတစ်ယောက်၏ ကိုယ်ဝန်လွယ်ထားရသော အိုမီဂါကို ဖုန်းနျန် ချစ်ခဲ့သည်။
အဲသည်တုန်းက ထိုအိုမီဂါသည် တခြားလူ၏ ဇနီးဖြစ်ခဲ့၏။
ယခုအချိန်တွင် သူ၏လက်ကျန်ဘဝအတွက် နောင်တရမည့် ဆုံးဖြတ်ချက်ကို ဖုန်းနျန် ချမှတ်တော့မည်။
သူ ရှန်ကျီးနန်ကို ထပ်မလိုတော့။
လွန်ခဲ့သောငါးနှစ်က သူ့အားကပ်တွယ်ပြီးလက်ထပ်၍ ဘဝတစ်လျှောက်လုံးသူနှင့်အတူနေသွားချင်သည်ဟုတောင်းဆိုခဲ့သော အိုမီဂါကို မလိုချင်တော့ပေ။
တစ်ခါက အင်ပါယာနှင်းဆီဟု တင်စားခံခဲ့ရသော လှပသောအိုမီဂါသည် ဂလက်ဆီအင်ပါယာတွင်အလှဆုံးအိုမီဂါဖြစ်လျှင်တောင် ရှက်စရာပုံစံဖြင့် စစ်သူကြီးအိမ်တော်မှ ထွက်ခွာသွားရလေသည်။
တစ်နေ့တည်းမှာ ရှန်ကျီးနန်ဟာ ခင်ပွန်းဖြစ်သူ ဖုန်းနျန်အား သစ္စာမဲ့၍ တခြားအယ်ဖာနှင့်ဖောက်ပြားသည့်သတင်းအား မြို့တော်တစ်ခုလုံး သိရှိသွားလေသည်။
တော်ဝင်မြို့တော်တွင် လူအများ၏ဝန်းရံခြင်းခံရသောဖုန်းနျန်သည် ကိုယ်ချင်းစာနာမှုကိုရရှိခဲ့သည်။ သူတို့သည် လွန်ခဲ့သောငါးနှစ်တာအိမ်ထောင်ရေးတွင် ဖုန်းနျန်ဘက်မှ ရှန်ကျီးနန်အပေါ်အေးစက်ခဲ့မှန်း သိကြရက်နှင့် ခင်ပွန်းအားချစ်ရကောင်းမှန်းမသိရလားဟူ၍ ရှန်ကျီးနန်ကိုတော့ လက်ညှိုးငေါက်ငေါက်ထိုးကြသည်။
ဂလက်ဆီအင်ပါယာတွင် ဘယ်အယ်ဖာက ဖုန်းနျန်လောက်ကောင်းမည်နည်း။
ဘယ်အယ်ဖာက ဖုန်းနျန်၏ အိုမီဂါကိုလုယူ၍ သိက္ခာချရဲသနည်း။
အပြင်လူများမှာ အင်ပါယာနှင်းဆီအား ထိရဲသောအယ်ဖာကိုရှာတွေ့ရန် စိတ်အားထက်သန်နေကြသည်။ ထို့အပြင် ဘယ်အယ်ဖာက ကျော်ကြားသည့် အင်ပါယာကြယ်ပွင့်ဖုန်းနျန်အား ထိပ်တိုက်ရင်ဆိုင်ရဲသနည်း။
တချို့က ရှန်ကျီးနန်တစ်ယောက် တခြားအယ်ဖာ၏ ဠှည့်စားခံလိုက်ရပြီဟု ခန့်မှန်းကြသည်။
ရှန်ကျီးနန် မည်မျှပင်လှပါစေ ကြည့်ကောင်းသောရုပ်ရည်ရှိရုံမှတစ်ပါး အားနည်းသည့် အိုမီဂါ ဖြစ်နေသေး၏။
မည်သူကမျှ စွန့်စား၍ ဖုန်းနျန်၏ခေါင်းပေါ် ဉီးထုပ်စိမ်းဆောင်းပေးပြီး လက်တုံ့ပြန်မှုအား ဖိတ်ခေါ်ရဲမည် မဟုတ်ပေ။
အကောင်းဆုံးဖြေရှင်းချက်ကတော့ ရှန်ကျီးနန် တခြားအယ်ဖာတစ်ယောက်၏ လှည့်စားခံလိုက်ရပြီဟူ၍ ဖြစ်သည်။ ထိုအယ်ဖာသည် အိုမီဂါအား အပျော်ကြံပြီး ရှန်ကျီးနန် စစ်သူကြီးအိမ်တော်သို့ပြန်လာပြီး ကွာရှင်းရန်တောင်းဆိုသောအခါမှာတောင် ပေါ်မလာခဲ့။ သနားစရာ ညံ့ဖျင်းသော အိုမီဂါအပေါ် အရှက်တရားနှင့် စိန်ခေါ်မှုတို့အားလုံး ပုံချခဲ့သည်။
စစ်သူကြီး အိမ်တော်မှ နှင်ထုတ်ခံရသော ရှန်ကျီးနန်ကို သူတို့ လှောင်ရယ်ကြသည်။ ဒေဝါလီခံမိသားစု၏ ကျက်သရေမဲ့ ဇနီးသည်ကို ဟားတိုက်၍ ဖုန်းနျန်စွန့်ပစ်လိုက်သော ရှန်ကျီးနန်၏ စိတ်ပျက်ဝမ်းနည်းဖွယ် အဆုံးသတ်ကို မြင်ရဖို့ မစောင့်နိုင်ကြတော့ချေ။
If it were before today, and Feng Nian could hold him like this, he would be very happy.
But now Shen Zhinan felt only afraid.
He was just a weak Omega raised in a sheltered environment since childhood. Feng Nian was a strong and powerful Alpha, even stripped of his general status.
Having cuckolded Feng Nian, maybe this powerful alpha would get so angry that he would directly end his life.
Anyway, as long as Feng Nian was willing, with just a little movement of his fingers, Shen Zhinan's life could be over.
During a period of absent-mindedness, the back of his body came into contact with something soft, then Shen Zhinan was placed on the bed in the bedroom.
He didn't return last night, and the bed was still as neat and clean as when he left last night. At this time, wrinkles appeared on the sheets as he lay down.
"What do you want?" Shen Zhinan took a few steps back, using both hands and feet. He raised his head and looked at Feng Nian warily. He defiantly tilted his head, revealing his neck.
The once snow-white neck was now covered in glaring kiss marks, making anyone who saw it couldn't help but wonder just how much the alpha from last night had adored this swan-like neck, to hold and nibble on it incessantly.
Feng Nian's fingers hanging on his side twitched slightly, and his thin lips formed a tight line: "Why did you do that?"
Do what?
Feng Nian's cold gaze was like sharp blade.
Shen Zhinan lowered his head to avoid Feng Nian's gaze, and in his peripheral vision was a black snake bracelet wrapped around his wrist.
Hua Qianshuang said that this bracelet could protect him. Even if Feng Nian was so powerful, it was impossible to be more powerful than the emperor of the empire, right?
He breathed a sigh of relief, and his tense nerves relaxed.
Shen Zhinan was amused by his psychological change. Is this what it feels like to have a backer? Even if Hua Qian Shuang didn't love him, perhaps he might just see him as a pretty trinket or a tool for bearing children.
Yet, Hua Qianshuang was still the person who could protect him, a support to stand behind.
This sense of security that came from having someone to rely on was something he hadn't felt in a long time.
"Are you coming to question me with a force of arms? You should understand the reason for my actions better than anyone,” Shen Zhinan's palm gently caressed the smooth, cool bedsheets below him, "On this marital bed, only I have ever slept; in this bridal room, including today, you have entered a total of three times. What meaning is there, truly, for such a marriage to exist?”
"I begged you for a divorce two years ago, and you insisted that I pay a lifelong price, saying you would never let me go. You don't love me, refuse to release me, and won't be my support. Now you ask me why?"
With a mocking laugh, Shen Zhinan raised his head and stared at Feng Nian indifferently.
This fragile omega had eyes that concealed sharp knives, ready not only to cut others but also not minding hurting themselves.
"Because I need an Alpha who can take care of me, and I need an Alpha who can help me when my father is seriously ill. To be more practical, I need an Alpha that can help me through my estrus." Shen Zhinan raised his chin slightly, and said under Feng Nian's gaze, "Instead of someone who brings other woman home, ignores my pleas for help, and remains indifferent when I need him."
L
In the past, Shen Zhinan rarely complained to Feng Nian about these things, and he always felt guilty for forcing Feng Nian into marriage.
Now that things had reached an irreversible point, he suddenly poured out all the grievances he had held for several years.
For many people, these might just be a few complaints.
For Shen Zhinan, those were lonely and cold days and nights, which lasted for five years.
Feng Nian was silent for a moment, then slowly said: "You want a divorce?"
"I guess by now the rumors of my infidelity have spread all over the capital. What, you'd rather be cuckolded than let me go? Even if you're willing, your beloved Jiang Yueying, would not agree."
Feng Nian was a man who cared deeply about his reputation. How could he allow a cheating wife to stay with him?
Even if Feng Nian wanted to take revenge on him, he would not be allowed to divorce.
Will Jiang Yueying agree? Will Feng Nian's adoptive parents agree? Will Feng Nian’s subordinates and colleagues agree?
If his father hadn't suddenly become seriously ill and he couldn't find any other way out, Shen Zhinan wouldn't have used his body to make a deal with the emperor.
Perhaps, he would have muddled along for a lifetime with Feng Nian like this, or perhaps one day met a premature end.
But that might be fate.
Feng Nian said in a particularly mean tone, "Okay, I'll help you. After all, I don't want a notorious omega to be my wife."
His heart felt like it was being held tightly and crushed. Shen Zhinan's eyes were red and he cursed: "I'm not worthy. Go and love that omega carrying another man's child, let her be your wife!"
At this time, Shen Zhinan couldn't imagine what would happen one year later today.
Feng Nian did love an omega who was pregnant with another man's child.
But at that time, the omega had already become someone else's wife.
In this moment, Feng Nian was about to make a decision that he would regret for the rest of his life.
He didn't want Shen Zhinan anymore.
He didn't want the omega who was clinging to him wanting to get married and spend a lifetime with him five years ago.
This beautiful omega, once praised as the Rose of the Empire, even the most beautiful omega in the Galactic Empire, left the General's Mansion in the most embarrassing manner.
In just one day, the entire imperial capital learned that Shen Zhinan had betrayed his husband, Feng Nian, and engaged in an affair with another unknown alpha.
In the imperial capital, Feng Nian, surrounded by countless supporters, had won the sympathy of many. They angrily pointed at Shen Zhinan for not knowing how to cherish, even though many were aware that in the past five years of marriage, Feng Nian had been extremely indifferent and disdainful towards Shen Zhinan.
But which alpha in the entire Galaxy Empire was better than Feng Nian?
Which alpha dared to snatch Feng Nian’s omega and disregard his reputation?
The onlookers were also eager to find the alpha who touched the "Empire Rose." After all, which alpha dared to openly confront Feng Nian, known as the "Star of the Empire."
But unfortunately, there has been no news about this mysterious alpha.
Some people began to speculate whether Shen Zhinan had been deceived by some alpha.
No matter how beautiful Shen Zhinan was, he was just a powerless omega, worthless except for his good-looking skin.
No one would risk inviting retaliation from this imperial general by putting a green hat on Feng Nian's head.
The best explanation was that Shen Zhinan was deceived by an unknown alpha. This alpha disappeared completely after enjoying the delicious omega, not even appearing when Shen Zhinan returned to the General's residence to request a divorce. He left the poor and foolish omega to deal with all the challenges and embarrassment.
They mocked and ridiculed Shen Zhinan, who was driven out of the general's residence, laughing at the disgraced wife of a bankrupt family, eager to see the miserable end of Shen Zhinan after being abandoned by Feng Nian.
kotarobokuto
1 year ago
နောက်နှစ်ရက်လောက်အထိ updateက schedule အတိုင်းမဟုတ်သေးဘဲ ကြိုကြား ကြိုကြား တင်ပေးမှာပါ။ ပြီးရင်တော့ scheduleအတိုင်း ဖြစ်သွားမှာပါ။ schedule ကိုလည်း ပြန်ကြေငြာပေးပါ့မယ်။ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ် ❤️