ဘာကြောင့် ယခုလို ကသိကအောက်အခြေအနေမှာမှ သူ၏ယောက်ျားဟောင်းနှင့် တွေ့ရသနည်း။
ရက်ဆယ်နှင့်ချီပြီး တစ်လနေလို့မှ မတွေ့ရသူတွေဟာ သာမန်ဈေးဝယ်ခရီးလေးမှာ အမှတ်တမဲ့ ဆုံတွေ့နိုင်ကြသေးသည်တဲ့။
တောက်ပခန့်ညားသော စစ်ဝတ်စုံကို ဖုန်းနျန် ဝတ်ဆင်ထားသည်။ ခါးမှ ခါးပတ်သည် သူ၏ကျစ်လစ်သော ကောက်ကြောင်းကို ပြည့်ပြည့်စုံစုံဖော်ပြပေးထားကာ တစ်ကိုယ်လုံးက ရည်မွန်ကြော့ရှင်းသည့် ညှို့ဓာတ်ကို ထုတ်လွှတ်နေသယောင်။
ထိုရည်မွန်ကြော့ရှင်းသည့်စရိုက်ဟာ ရှန်ကျီးနန်အား ဆွဲဆောင်ခဲ့ဖူး၏။ ထို့ကြောင့် တစ်နေ့ သူ့အား ဖုန်းနျန်ချစ်လာအောင်၊ ထိုရေခဲတုံးမျက်နှာနှင့် လူကို ရူးသွပ်သွားအောင်၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကျရှုံးသည်အထိ အချစ်တွင်ပျော်ဝင်လာအောင်လုပ်မည်ဟူသော ရယ်စရာအကြံတစ်ခုလည်း သူ့တွင်ရှိခဲ့သည်။
ဝမ်းနည်းစရာကောင်းပြီး ကလေးဆန်သည် စိတ်ကူးပေ။
ထိုအရာအားလုံးဆီမှ လွတ်မြောက်ချင်စိတ်ကို ရှန်ကျီးနန် ခုခံခဲ့သည်။
ထွက်ပြေးရမည့်လူဟာ ဘာကြောင့် သူပဲ ဖြစ်ရသနည်း။
ဖုန်းနျန်ကို မျက်နှာလွှဲလိုက်ကာ ဘေးရှိ မျက်ဆံတွေပြေးလွှားနေသော ဖုန်းမုန့်လုံအား ရှန်ကျီးနန် လှည့်ကြည့်သည်။
ယခုချိန်၌ ထိုအယ်ဖာဆိုးသည် အခြေအနေကို ချိန်ဆလျက် ဖုန်းနျန်နှင့် သူ၏ဆက်ဆံရေးအား အကဲခတ်လို့နေ၏။
ကွာရှင်းပြီးနောက် တစ်ယောက်နှင့် တစ်ယောက် ထပ်မတွေ့ဘဲ အဆက်အသွယ်လုံးလုံးဖြတ်၍ အိုမင်းသွားကြမည်လား၊ သို့မဟုတ် မသေချာ မရေရာသည့် အချိတ်အဆက်မျိုးတွေရော ရှိနေဦးမည်လားပေါ့။
အဲဒီတော့ရော?
နောက် ဘာဆက်ဖြစ်မလဲ ရှန်ကျီးနန် သိချင်မိသည်။
သူ့အပေါ် ဖုန်းမုန့်လုံ၏ အမြင်သည် ဘာကြောင့် ဖုန်းနျန်၏အမြင်ပေါ် အခြေခံနေသနည်း။
ဖုန်းနျန်၏ နေရာကကြည့်လျှင် ရယ်စရာကောင်းသည် မဟုတ်ပါလော။
ကြည့်ပါလား။
မင်းကလေ ငါ့ကိုထားခဲ့တာတောင် ပြဿနာတွေကနေ လွတ်ဖို့ ငါ့ကို လိုအပ်နေသေးတဲ့ သနားစရာ အိုမီဂါတစ်ယောက်သာသာပဲ။
ထိုထိတ်လန့်ဖွယ် ခံစားချက်ဟာ သူ့ရင်ထဲ မုန်တိုင်းလို ပြင်းထန်လာသည်။ ထိုအခါ ရှန်ကျီးနန် နှုတ်ခမ်းတင်းတင်း စေ့ပိတ်၍ ဖုန်းမုန့်လုံအား ညင်ညင်သာသာပြုံးပြလိုက်၏။
ထိုအေးစက်စက်အပြုံးတွင် ဖုန်းမုန့်လုံ ပျော်ဝင်သွားကာ မြစိမ်းရောင် မျက်ဝန်းအစုံကြောင့်လည်း သူ ဆွဲဆောင်ခံရလေ၏။
ရှန်ကျီးနန်သည် မိသားစုကိုပင်မကာကွယ်နိုင်၊ စစ်သူကြီးအိမ်တော်မှ နှင်ထုတ်ခံရသည်ကိုတောင်။
ဤမျက်ဝန်းစိမ်းတို့နှင့် အကြည့်ခံရသူအဖို့ မည်သူက ခံနိုင်ရည်ရှိမည်နည်း။
ရမ္မက်ကြီးသောအယ်ဖာ၏စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးနေသည်။ ဘာပဲဖြစ်ဖြစ် ဖုန်းနျန်ဟာ ရှန်ကျီးနန်နှင့် ကွာရှင်းထားသည်ပဲ။ ဒီတော့ သူ့တွက် ရှန်ကျီးနန်ကို ဂရုစိုက်ခွင့် မရှိတော့ပေ။
မိသားစုဒေဝါလီခံထားရသော အိုမီဂါကို သူ လက်မထပ်နိုင်စေကာမူ ရှန်ကျီးနန်အား သူ့ချစ်သူအဖြစ်တော့ ပျော်ပျော်ကြီးထားချင်၏။ သူ့ကို ရှန်ကျီးနန် ပြုံးပြနေသရွေ့ ရှန်ကျီးနန်အား သူ့ကိုယ်ပိုင်ဇနီးထက် ပို၍ခမ်းနားထည်ဝါသောဘဝနေထိုင်မှုပုံစံမျိုး ထောက်ပံ့ပေးနိုင်ပါ၏။
ရှန်ကျီးနန်ဘက်က အေးစက်စက်အပြုံးသာလှစ်ပြနေသော်ငြား ဖုန်းမုန့်လုံကတော့ သူနှင့် ရှန်ကျီးနန်၏ ချစ်သူဘဝကို စိတ်ကူးယဉ်ပြီးနေလေပြီ။
"ဒီအယ်ဖာက ငါကို မတော်မရော်လုပ်ဖို့ကြိုးစားနေတယ်။" ဟူ၍ ရှန်ကျီးနန်သည် ကျီးကျီးနှင့် ဝမ့်ဝမ့်အား အကြည့်ဖြင့် အချက်ပြလိုက်၏။
ဟွားချန်းရွှမ်ကိုယ်တိုင် စီစဉ်ပေးသော ထိုအစေခံများဟာ သာမန်ဘီတာမိန်းကလေးများ ဖြစ်နိုင်ပါ့မည်လော။
"ဟေ့ ရှောင်နန်။ မင်း အဲဒီလိုပြောလို့ဘယ်ရမလဲ-- အား!" ဖုန်းမုန့်လုံတစ်ယောက် ချိုမြိန်သောအိပ်မက်မှ ရိုက်နှိုးခံရရှာသည်။ ဒါကို ဖုန်းနျန်ကြားအောင် ရှန်ကျီးနန် သက်သက်ပြောသလားဟု သူ စိုးရိမ်နေသေး၏။ သို့သော် သူ စကားကိုကတ်မပြောရသေးခင်မှာပင် စူးရှရှနာကျင်မှုကြောင့် အာရုံပျက်သွားသည်။
သူမ၏ သခင်ဆီမှ အမိန့်အပြည့်အဝလက်ခံရရှိရကား ကျီးကျီးလည်း ဖုန်းမုန့်လုံ၏ ခြေထောက်ခွကြားကို ခပ်နာနာကန်ထည့်လိုက်သည်။
ဝှီးခနဲအသံကိုတောင် ကြားရ၏။ ထိုကန်ချက်နောက်ကွယ်မှ ကြောက်ခမန်းလိလိအင်အားနှင့် မြန်နှုန်းကို သိသိသာသာ ခံစားလို့ရသည်။
သားဖျက်ခံရသော ဝက်လို ဖုန်းမုန့်လုံ စူးစူးဝါးဝါး အော်တော့၏။ မျက်နှာကြီး သေလောက်အောင် ရှုံ့တွဖြူဖျော့ကာ အကန်ခံရသည့် ခွကြားကို လက်နှင့် တင်းတင်း ပိတ်အုပ်လိုက်ရှာသည်။
အစွမ်းထက်အယ်ဖာတစ်ယောက်သည် သာမန်လူများထက် မည်မျှပင် အင်အားကြီးမားစေကာမူ သူ၏ပျော့ကွက်အား အကန်ခံရပါက ဖုန်းမုန့်လုံသည်ပင် မသန်မစွမ်း ဖြစ်သွားတတ်သည်။
သူ့အား စနောက်နေသော အယ်ဖာမှာ အကျယ်ကြီးအော်ရှာ၏။ ထိုအော်သံက ရှန်ကျီးနန်၏ လက်ဖဝါးကိုပင် ချွေးစို့စေသည်။
ငယ်စဉ်ကတည်းက နူးညံ့ကြင်နာတတ်ပြီး ရိုကျိုးတတ်ရန် သင်ယူခဲ့ရသော အိုမီဂါတစ်ယောက်ဟာ အယ်ဖာ၏အော်သံထဲက တစ်ခါမျှ မတွေ့ကြုံဖူးသော ရင်ဖိုစိတ်လှုပ်ရှားမှုအား ပထမဆုံးအကြိမ် ခံစားမိလိုက်၏။
အယ်ဖာနှင့် ရင်ဆိုင်ရပါက အိုမီဂါတစ်ယောက်သည် ဘာကြောင့် ရိုကျိုး၍ အားနည်းပြရမည်နည်း။
အဖြစ်အပျက်ဟာ လျင်မြန်လွန်းရကား တခြားသူများမှာ ဘာဖြစ်သွားမှန်း နောက်ကျမှ သိရလေသည်။
ထိုအခါ ဖုန်းလုဟွားသည်လည်း စူးနေအောင်အော်ပြီး သူ့အစ်ကိုအား ရိုက်ရဲရကောင်းလားဆို၍ ရှန်ကျီးနန်ကို မင်းတော့သေပြီပဲဟု ကြုံးဝါးသေး၏။
အခု ဘယ်သူ တကယ် သေနေသနည်း။
ရှိနေသည့်လူတိုင်းကို ရှန်ကျီးနန် သဘောပေါက်စေချင်သည့် တစ်ခုတည်းသော အရာမှာ: သူဟာ အညှာလွယ်သူမဟုတ်ဘဲ ရန်လာစပါက အကျိုးဆက်ကို ခံစားရမည် ဟူ၍ပင်။
"နောက်ပြီး ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်းပြောတဲ့ကောင်။" ရှန်ကျီးနန်၏ နှုတ်ခမ်း အနည်းငယ် မြင့်တက်သွားကာ သူ့အားကျိန်ဆဲနေသော ဖုန်းလုဟွားကို ထိုးပြသည်။
ရုတ်တရက် လက်ညှိုးအထိုးခံလိုက်ရသည့် ဖုန်းလုဟွား ခေတ္တမျှ အေးခဲသွား၏။ သူ့ဆီလာနေသော အစေခံကိုမြင်သောအခါ သူ အလျင်စလို အော်ဟစ်မိသည်။ "မင်း ရူးနေပြီ ရှန်ကျီးနန်။ ငါ့အစ်ကိုအပေါ်တောင် လက်ပါရဲတယ်။ မြို့တော်မှာ လျှောက်မသွားချင်တော့ဘူးနဲ့တူတယ် ဟုတ်လား။"
"မင်းမှန်တယ်လို့ထင်တယ်။ ဖုန်းမိသားစုလည်း တော်ဝင်မြို့တော်မှာ ထပ်ပေါ်လာဖို့မလိုဘူး။" ဟူ၍ သူ့အားရိုင်းစိုင်းစွာဆက်ဆံသည့် ဖုန်းလုဟွားအား အစေခံမှ လဲကျအောင် ရိုက်နှက်သည်ကို ရှန်ကျီးနန် အေးစက်စက် စောင့်ကြည့်၏။
ဒါဟာ အာဏာ၏အရသာကို ပထမဆုံးအကြိမ် သူ အလိုလိုခံစားရခြင်းပင်။
တစ်ချိန်က သူ့မိသားစုအား ဒေဝါလီခံရအောင်လုပ်ခဲ့သော တရားခံတွေထဲမှ တစ်ယောက်၊ နှစ်ပေါင်းများစွာ သူ့ကို အသရေပျက်အောင်ပြောဆို၍ အတင်းအဖျင်းတို့ဖြန့်ခဲ့သူသည် အာဏာနှင့်တွေ့မှ ကျိုးပျက်လွယ်မှန်း တွေ့လိုက်ရ၏။
သူ့ကိုယ်တိုင်ပင် ဘာမျှမလုပ်ရဘဲ ထိုလူတွေအား သင်ခန်းစာပေးနိုင်ခဲ့သည်။
ဖုန်းနျန်သည် သူ့အား ကာကွယ်နိုင်စွမ်းမရှိလို့ သူ့အစား သင်ခန်းစာမပေးခြင်းမဟုတ်။ မကာကွယ်ချင်၍ ဖြစ်သည်။
ဒါပေမဲ့ အခုလည်း ဖုန်းနျန်ဆီမှ အကူအညီကို ရှန်ကျီးနန် မလိုတော့ပါ။
ဆိုင်ဝင်ပေါက်ဆီ တစ်လှမ်းချင်းလျှောက်သွားလျက် တံခါးဝမှာ ရပ်နေသေးသော ဖုန်းနျန်အား အသာကြည့်ပြီး "လိမ္မာတဲ့ခွေးက လမ်းမပိတ်ဘူး။ ဖယ်ပေး။"
ဖုန်းနျန်က မျက်မှောင်ကြုတ်လို့ ရှန်ကျီးနန်ကို ကျော်ကာ မြေပေါ်လဲနေသည့် ဖုန်းမုန့်လုံနှင့် ဖုန်းလုဟွားကို ကြည့်ပြီး "ဒီအတိုင်းပဲ ထွက်သွားတော့မှာလား။"
ရှန်ကျီးနန် ရယ်ချင်၏။ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်ကာ နှလုံးသားကိုချိန်ရွယ်ထားသော ချိတ်ကလေးကဲ့သို့ ကျီစယ်ဟန်အပြုံးနှင့် "ဘာလုပ်ချင်လို့လဲ စစ်သူကြီးဖုန်း။ ဖမ်းမှာလား။ ဘာအမှုနဲ့လဲ။ ကိုယ့်ကိုစော်ကားတဲ့လူကို ပြန်တိုက်ခိုက်ရဲတာကိုလား။"
ဖုန်းနျန်၏မျက်ခုံးနှစ်ဖက်ကြားရှိ အရေးအကြောင်းများမှာ ပိုနက်လာလေ၏။ "ငါပြောချင်တာ အဲဒါမဟုတ်ဘူး။ သူတို့သာ မင်းကို တကယ် စော်ကားခဲ့ရင် ဥပဒေရေးရာအစီအစဉ်အတိုင်းပဲ သွားသင့်တယ်..."
"ဒီနေ့ သူတို့အနိုင်ကျင့်တဲ့လူက ကျန်းယွဲ့ယင်ဖြစ်နေရင် ဒီလို ဖြောင့်မတ်တဲ့စကားတွေပြောပြီး တည်တည်ငြိမ်ငြိမ် နေနိုင်မှာလား။ စစ်သူကြီးဖုန်း ကိုယ့်ကိုယ်ကို သတိထားပြီး တခြားအိုမီဂါတွေကို ပြစ်တင်ဝေဖန်တာကနေ ထိန်းသိမ်းပေးဖို့ မျှော်လင့်တယ်။ ဒီလိုဝင်စွက်ဖက်ရတာကို ကြိုက်နေတာဆိုတော့ ဘာလဲ။ ခင်ဗျားမှာ ကိုယ်ပိုင်အိုမီဂါမရှိလို့လား။" ဖုန်းနျန်အပေါ် သူ၏စက်ဆုပ်မှုကို ရှန်ကျီးနန် ဖုံးကွယ်မနေတော့။
သူတို့၏ကွာရှင်းမှုသည် အခင်အမင်ပျက်ခြင်းမည်၏။ ပြင်းပြင်းထန်ထန်စကားများခဲ့ကြသည့် နောက်ဆုံးအချိန်ဟာ သိပ်မကြာသေးချေ။
မိုးသောက်ချိန်ရောင်နီ လာနေလေပြီ။ ရှန်ကျီးနန် ဖုန်းနျန်အား တွန်းထုတ်၍ ခြေလှမ်းကျဲများဖြင့် လျှောက်ထွက်ခဲ့လေ၏။
"မင်းရဲ့ ပစ္စည်းတွေ စစ်သူကြီးအိမ်တော်မှာ ရှိသေးတယ် ရှန်ကျီးနန်။ အကုန်ရွှေ့ပေး။" ဖုန်းနျန်ဟာ အသံနက်နက်နှင့် ဆိုသည်။
ထိုအခါ ခြေလှမ်းတို့မသိမသာ တုံ့သွားရုံသာဖြင့် ရှန်ကျီးနန်သည် ပြန်လှည့်မကြည့်ဘဲ "အဲဒါတွေကို သိမ်းထားစရာမလိုဘူး။ အကုန်သာလွှင့်ပစ်လိုက်ပါ။"
ဖုန်းနျန်နှင့် သက်ဆိုင်သည့် မည်သည့်ကိစ္စတွင်မဆို သူ မပါဝင်၊ မပတ်သက်ချင်တော့ပေ။
Why did he meet his ex-husband in such an awkward situation?
The person whom you might not have been able to see easily even once in ten days or half a month, you can actually bump into by chance during a casual shopping trip.
Shen Zhinan stood still, casting a faint glance at Feng Nian standing at the door.
Feng Nian was wearing a sharp and handsome military uniform. The belt around his waist perfectly outlined the man's slender figure, and his whole person exuded an ascetic and elegant charm from the inside out.
This elegant and ascetic temperament once deeply attracted Shen Zhinan. He even had the absurd idea that one day he would make Feng Nian fall in love with him, make that icy-faced man go crazy, and perhaps fall in love with him to the point of losing rationality.
What a sad and childish idea.
Shen Zhinan resisted the urge to escape from all this.
Why did he have to be the one to escape?
Looking away from Feng Nian, Shen Zhinan slowly turned his gaze to Feng Menglong, whose eyes were swirling beside him.
This bad alpha was probably still sizing up the situation at this moment, pondering the nature of his relationship with Feng Nian.
Is it just like the rumors after the divorce, where they completely cut off contact and grow old without ever seeing each other again, or is it a case of lingering sentiments with unclear and unresolved connections?
Then what?
Shen Zhinan wondered, what comes next?
Why should Feng Menglong's attitude towards him be based on Feng Nian's?
Isn't this also ridiculous in Feng Nian's opinion?
Look.
You are just a poor omega who has to rely on me to get out of trouble even if you leave me.
A certain terrible mood was brewing a storm in the depths of his heart. Shen Zhinan slightly pursed his lips, and he suddenly gave Feng Menglong a gentle smile.
Feng Menglong lost himself in this indifferent smile, and he was fascinated by those emerald eyes.
Even though Shen Zhinan lost the protection of his family and was even kicked out of the general's mansion because of his unruly behavior.
But who could resist being tempted by those green eyes?
Countless thoughts ran through the lustful alpha's heart. Feng Nian had already divorced Shen Zhinan anyway, so he had no right to take care of Shen Zhinan, right?
Although he couldn't marry an omega whose family was bankrupt, he was happy to keep Shen Zhinan as his lover. As long as Shen Zhinan smiled at him, he might even provide Shen Zhinan with a more lavish lifestyle than his wife.
Shen Zhinan just showed a cold smile, and Feng Menglong even began to fantasize about a life where Shen Zhinan would be his lover.
"This alpha is attempting something improper with me." Shen Zhinan glanced at Zhi Zhi and Wen Wen next to him.
Would the maids personally arranged by Hua Qianshuang be ordinary beta girls?
"Hey, Xiao Nan, you can't say that-ah!" Feng Menglong was forced to wake up from his sweet dream. He was still worrying that Shen Zhinan might have said that intentionally to Feng Nian to hear. But before he could finish his quibbles, he was interrupted by a sharp pain.
Perfectly executing the order from her master, Zhi Zhi kicked Feng Menglong hard in the middle of his legs.
Even the sound of a sonic boom could be heard when Zhi Zhi kicked. One can imagine the terrifying strength and speed behind that kick.
Feng Menglong let out a scream like a slaughtered pig. His face was twisted in pain as he tightly covered the area between his legs, his face turning deathly pale.
Even though being a powerful alpha came with superior physical condition than ordinary people, if the most vulnerable spot was kicked, it was possible that Feng Menglong would be completely incapacitated from then on.
A powerful alpha who was teasing him let out a scream. Feng Menglong's scream made Shen Zhinan's palms slightly damp with sweat.
An omega who had been taught from a young age to be kind, gentle, and submissive, tasted for the first time a thrill he had never experienced before from the screams of an alpha.
Why should an omega always be submissive and weak when facing an alpha?
The incident happened so quickly that many people realized what had just happened belatedly.
Feng Luhua let out a piercing scream and shouted that Shen Zhinan was finished for daring to hit his brother.
Who was really finished?
Shen Zhinan felt it necessary to let everyone present understand one thing: he didn't seem to be easy to mess with, and if provoked, there would be consequences.
"And he, who just spoke rudely to me." Shen Zhinan's mouth curled up slightly and he pointed at Feng Luhua, who kept cursing him.
Feng Luhua, who was suddenly pointed out, was stunned for a moment. Seeing a maid walking towards him, he shouted hurriedly: "Shen Zhinan, you are crazy. You dare to lay hands on our brother. Do you not want to get by in the imperial capital anymore?!"
"I think you're right. The Feng family no longer needs to appear in the imperial capital." Shen Zhinan watched coldly as Feng Luhua, who had been disrespectful to him, was slapped to the ground by the maid.
This was the first time that he felt the taste of power so intuitively.
One of the culprits who once forced his family to go bankrupt, the person who had spread rumors and viciously slandered him over the years, turned out to be so vulnerable in the face of power.
He could easily teach them a lesson without even having to do it himself.
Feng Nian was not incapable of protecting him and teaching those people a lesson on his behalf; it was just that the man didn't want to.
But Shen Zhinan didn't need any help from Feng Nian now.
Step by step, he walked to the entrance of the store. Shen Zhinan gave Fu Nian, who was still standing at the doorway, a faint glance and said, "A good dog doesn't block the way, make room."
Feng Nian frowned and looked past Shen Zhinan, landing on the two brothers, Feng Menglong and Feng Luhua who were lying on the ground wailing: "You're just going to leave like that?"
Shen Zhinan almost laughed. The corners of his eyes were slightly raised, forming a mischievous smile that resembled a small hook, aimed directly at the heart: "What are you going to do, General Feng? Arrest me? What's the crime? Daring to fight back when faced with others' insults?"
The wrinkles between Feng Nian's brows deepened: "That's not what I meant. If they really offended you, you can go through legal procedures instead of..."
"If the person they bullied today were Jiang Yueying, could you still calmly say such righteous words? Since we're divorced, please stop saying these nauseating things; I hope General Feng has some self-awareness and refrains from casually criticizing other omegas. With such a penchant for meddling, what, do you not have your own omega?" Shen Zhi Nan made no attempt to hide his disdain for Feng Nian.
Their divorce was anything but amicable; the last time they parted, exchanging harsh words, hadn't been too long ago.
The dawn is just beginning. Pushing away Feng Nian, Shen Zhinan took big strides to leave.
"Shen Zhinan, your belongings are still in the General's Mansion. Move them out," Feng Nian said in a deep voice.
With a slight pause in his steps, Shen Zhinan didn't turn back for another look: "No need to keep them, throw them all away."
In any way connected with Feng Nian, he did not want to be involved.
Nel001
7 months ago
Really happy that there is more chapters in English 😀