Chapter 34
နန်းဆောင်တစ်ခုလုံး အစောင့်အကြပ်တစ်ယောက်မှမရှိပါ
တစ်ခါတစ်လေ လေထဲမှာယာဉ်ပျံတွေကတိတ်တဆိတ်ပျံသွားတက်သည် လက်ဝါးလိုကြီးသေးတဲ့စက်ပစ္စည်းတွေက ထောက်လှမ်းခြင်း ကင်းလှည့်ခြင်းအပြင် အဲဒါတွေကို တိုက်ခိုက်ရေးလက်နက်များကိုပါတပ်ဆင်ထားသည် ရှန်ကျီးနန် ခေါင်းကိုလှည့်လိုက်ပြီး အဲဒီစက်ပစ္စည်းတွေကိုကြည့်လိုက်သည်
ရှန်ကျီးနန် သူရှေ့ဆက်သွားရမလားမသိဖြစ်နေသည် ဒါပေမဲ့ ကြည့်ရတာ အဲဒီစက်ပစ္စည်းတွေက ရှန်ကျီးနန်ဝင်လာတော့ ဘာတုံ့ပြန်မှုမှမရှိဘူး အဲဒါကြောင့်သူခေါင်းကိုမော့ကာရှေ့ဆက်သွားလိုက်သည်
အစတုန်းကမှောင်မည်းနေတဲ့လျှောက်လမ်းက သွားရင်းသွားရင်းနဲ့လင်းလာသည် နန်းဆောင်အနားရောက်တော့မဲ့အချိန်မှာ တံခါးနှစ်ခုကဖြည်းဖြည်းခြင်းပွင့်လာသည်
ရှန်ကျီးနန် စိတ်အခြေအနေကိုပြင်ဆင်ပြီး ဖြည်းညှင်းစွာနန်းဆောင်ထဲဝင်သွားသည်
အရင်တစ်ခေါက်သူလာတဲ့အချိန်မှာ ဟွှားချန်းရွှမ်းကနန်းဆောင်တံခါးနောက်မှာရပ်နေသာဖြစ်သည်
ကျယ်ပြောလှတဲ့အခန်းမှာ နံရံပေါ်မှာချိတ်ထားတဲ့ညလင်းပုလဲအလင်းရောင်ပဲရှိလို့နေသည်
ရှန်ကျီးနန် လူအရိပ်ကိုတောင်မမြင်ရသောကြောင့် သူစိတ်ထဲမှာထိန့်လန့်သွားသည် အသံတိုးတိုးလေးဖြင့် “အရှင်မင်းကြီး ရှိလား”
ဘောလုံးလို လုံးဝန်းနေတဲ့ စက်ပစ္စည်းက ရှန်ကျီးနန် ရှေ့ကိုပျံလာပြီး “မိဖုရား အရှင်မင်းကြီးက စာကြည့်ခန်းမှာရှိပါတယ် ဒီဘက်ကနေသွားလိုက်ပါ”
“အာ ကောင်းပါပြီ ကျေးဇူးတင်ပါတယ်”
“အရှင့်မိဖုရားအတွက် ဝန်ဆောင်မှုပေးပါ့မယ်” ဘောလုံးလေးက လေထဲမှာပျံဝဲနေပြီး ရှန်ကျီးနန်အတွက်အရှေ့ကနေလမ်းပြနေသည် စက်ရုပ်အသံကိုသုံးပြီး “ကျွန်တော်က ဒီနန်းဆောင်ကိုတာဝန်ယူရတဲ့ စနစ်ပါ အရှင်မင်းကြီးက ကျွန်တော်ကို မော့ဖေးလို့ခေါ်ပါတယ် မိဖုရားလိုအပ်တဲ့အချိန်ကြရင် ကျွန်တော်နာမည်ကိုခေါ်နိုင်ပါတယ် အရှင့်မိဖုရား”
ရှန်ကျီးနန်က သူ့နှုတ်ခမ်းထောင့်ကို ပင့်လိုက်ကာ “ကောင်းပြီး မော့ဖေး နင့်ကိုကျေးဇူးတင်ပါတယ်”
ယင်းဟယ်အင်ပါယာက နည်းပညာထွန်းကားပြီး စက်ရုပ်တွေကိုလူကြားထဲမှာတွေ့ရတာ အဆန်းမဟုတ်ပါ ဒါပေမဲ့ ပိုက်ဆံရှိတဲ့သူတွေနဲ့မျိုးရိုးကြီးအဆင့်တန်းမြင့်တဲ့သူတွေက လူသားတွေကို သူတို့အစေခံအဖြစ်ထားခြင်းကိုပိုနှစ်သက်ကြသည် စက်ရုပ်ကစက်ရုပ်ပဲဖြစ်သည် လူတို့၏စိတ်နေစိတ်ထားလိုမဟုတ်ဘဲကိစ္စဖြေရှင်းတာက ကျွမ်းကျင်သောအိမ်ထိန်းတစ်ဦးထက်နိမ့်ကျသည်
နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ဒီဘက်ခေတ်မှာ လူအလုပ်သမားက အလွန်ဈေးကြီးပြီး သူ့တို့၏ချမ်းသာကြွယ်ဝမှုကိုပြသနိုင်သောကြောင့်ဖြစ်သည်
မော့ဖေးက သစ်သားတံခါးတစ်ခုရှေ့မှာရပ်လိုက်သည် သူ့ကိုယ်ပေါ်က ကင်မရာကလင်းလာပြီး “အရှင်မင်းကြီးက မိဖုရားကို စာကြည့်ခန်းထဲမှာစောင့်နေပါတယ် ဝင်သွားလိုက်ပါ”
အခန်းတံခါးကဖြည်းဖြည်းချင်းပွင့်လာသည် ရှန်ကျီးနန်က နူးညံ့တဲ့လက်လုပ်ကော်ဇော်ကိုနင်းပြီး စာကြည့်ခန်းထဲကိုဝင်လိုက်တာနဲ့ စာကြည့်စားပွဲမှာထိုင်နေတဲ့ယောကျာ်းတစ်ယောက်ကိုတွေ့လိုက်သည်
ဟွားချန်းရှန်းရဲ့အပြင်ပန်းသဏ္ဋာန်သည် အသက်နှစ်ဆယ်နဲ့ဘာမှမကွာခြားပါ ဒါပေမဲ့ သူ့အတွင်းပိုင်းမှာအမြစ်တွယ်နေတာက လူငယ်တွေမှာမရှိတဲ့ အချိန်ကပေးထားတဲ့ကျက်သရေနဲ့ စိတ်နေစိတ်ထားရှိသည်
ဝေးလံတဲ့တောင်တန်း,တည်ငြိမ်တဲ့ပင်လယ်,နူးညံ့တဲ့လေပြည်တို့ဖြစ်သည်
ရှန်ကျီးနန် အသံတိုးတိုးလေးဖြင့် “အရှင်မင်းကြီး ကျွန်တော်ဟင်းရည်တစ်ခွက်လုပ်လာတယ် အရှင်မင်းကြီးအရသာတွေ့ပါ့မလားတော့မသိဘူး”
“လာခဲ့” ဟွားချန်းရွှမ်းဟွားရွှမ်းချန်း လက်ထဲဘောပင်ကိုချလိုက်ပြီး ရှန်ကျီးနန်ကို လေးလေးနက်နက်ကြည့်နေသည်
သွယ်လှတဲ့အိုမီဂါမှာ ရှည်လျားတဲ့ခြေတံတစ်စုံရှိပြီး အဖြူရောင်အဝတ်စက သူ့ရဲ့ချော့မွေ့လှတဲ့ခြေတံတစ်စုံကို တင်းတင်းကြပ်ကြပ်ရစ်ပတ်ထားသည် အပေါ်မှာလည်း တူညီတဲ့အရောင် ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီး ရှပ်အင်္ကျီပေါ်မှာ ပင်လယ်ခွံနဲ့လုပ်ထားတဲ့ ခလုတ်ကိုခါးမှာချည်ထားပြီး ခလုတ်က အပေါ်ဆုံးထိဆက်နွယ်ထားပြီး ဖြူဖွေးနူးညံ့တဲ့လည်ပင်းသာပေါ်နေသည်
လည်းပင်းပေါ်မှာ အဖိုးတန်ပုလဲလည်ဆွဲကိုဝတ်ဆင်ထားပြီး ပုလဲသေးသေးလေးတွေက အိုမီဂါ၏လည်ပင်းပေါ်တွင်မတင်းမကြပ်နဲ့စီရီနေတော့သည်
ဟွားချန်းရွှမ်းက ဘောပင်ကိုပြန်ကောက်ကိုင်လိုက်ပြီး ဘောပင်ရဲ့အေးစက်လှတဲ့ကိုယ်ထည်ကို သူလက်ချောင်းများဖြင့်ညှင်သာစွာပွတ်သပ်လိုက်သည်
ရှန်ကျီးနန်က စာကြည့်စားပွဲဘေးကိုသွားပြီး ခါးကိုကိုင်းကာ ဟင်းရည်ကို ဟွားချန်းရွှမ်းရှေ့ကိုချပေးလိုက်ပြီး လက်နှစ်ဖက်ကို ရှေ့မှာချထားကာ စိတ်လှုပ်ရှားစွာဖြင့်လက်ချောင်းတွေကိုဖိနှိပ်နေတော့သည်
သူကဟင်းချက်တဲ့နေရာမှာကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိပေမဲ့ သူပထမဆုံးဟွားချန်းရွှမ်းကိုချက်ကျွေးတာဖြစ်တာသည် ဟွားချန်းရွှမ်းကြိုက်မကြိုက်မသိတာမလို့ စိတ်ထဲမှာ နည်းနည်းမသက်မသာဖြစ်နေသည်
ရှန်ကျီးနန် ဘေးနားမှာရပ်နေပြီး ဟွားချန်ရွှမ်းခွက်ကိုယူတာ ဇွန်းနဲ့ခပ်ပြီး ဖြည်းဖြည်းချင်းစားလိုက်တာကို ဘေးကနေတိတ်တိတ်လေးကြည့်နေသည်
ဟွားချန်ရွှမ်းရဲ့မျက်နှာအမူအရာကိုဘေးကနေခိုးကြည့်နေချိန် ရုတ်တရက်ကြီး ခေါင်းမော့လာတဲ့ဟွားချန်းရွှမ်းနဲ့အကြည့်ချင်းသွားစုံသွားသည်
ရှန်ကျီးနန် ပြာယာပြာယာနဲ့ခေါင်းအမြန်ငုံလိုက်သည် အမှားလုပ်ထားလို့ ကြောက်လန့်နေတဲ့ယုန်လေးလိုမျိုး
“လာခဲ့” ဟွားချန်းရွှမ်းက လက်ကိုဝှေ့ယမ်းပြီး “ငါ့ပေါင်ပေါ်မှာထိုင်”
အေးစက်တဲ့အယ်ဖာက သူ့မျက်နှာလက်နှစ်ဖက်ဖြင့်ကိုင်နေသောကြောင့်ရှန်ကျီးနန်က မျက်နှာနီမြန်းနေသည် ဒါပေမဲ့ လည်းစားပွဲကိုပတ်သွားပြီးဟွားချန်းရွှမ်းပေါင်ပေါ်ထိုင်လိုက်သည်
ခါးကိုနည်းနည်းလေးလှုပ်လိုက်တာနဲ့ အနောက်ဘက်ရှိယောကျာ်းရင်ဘက်နဲ့သွားကပ်သည် ရှန်ကျီးနန်ကအပူလောင်သွားသလိုမျိုး ဖြည်းဖြည်းခြင်းတုန်လာသည် ဟွားချန်းရွှမ်းရဲ့ကိုယ်ခန္ဓာကအပူချိန်မြင့်မားသည် အင်္ကျီခံနေတာတောင် သူနောက်ကျောကနေ အပူချိန်ကို ပြတ်ပြတ်သားသား ခံစားမိနေသည်
လက်တစ်ဖက်က ရှန်ကျီးနန် ခါးကိုဖက်ထားပြီး တစ်ဖက်က ဇွန်းကိုယူလိုက်ကာ ရှန်ကျီးနန်းကိုခွံကျွေးတော့သည်
ရှန်ကျီးနန်က ပါးစပ်ကိုဖွင့်ကာ ဟင်းရည်သောက်လိုက်သည် ချိုမြိန်သောသကြားဓာတ်က သူ့ခံတွင်းတစ်ခုလုံးပျံ့နှံ့နေသည်
အရသာအရမ်းကောင်းတယ် မှားသွားတာမရှိဘူး ဒီနေ့သူလုပ်တဲ့ဟင်းရည်မဆိုးဘူးလို့ တွေးနေသည် ဟွားချန်းရွှမ်က မကြိုက်ရင်တောင်အပြစ်ပြောမှာတော့မဟုတ်ဘူး ရုတ်တရက် ဟွားချန်းရွှမ်းက သူ့မေးစေ့ကိုကိုင်ပြီးခေါင်းကိုလှည့်လိုက်သည်
ရုတ်တရက်ဘာဖြစ်သွားလည်း သေချာမသိသေးခင် လှပတဲ့မျက်နှာက သူ့နားကပ်လာပြီး သူ့နှုတ်ခမ်းကိုနမ်းလိုက်သည်
“မျက်လုံးပိတ်ထား”
ရှန်ကျီးနန်က မျက်လုံးကိုတင်းတင်းကြပ်ကြပ်မှိတ်လိုက်သည် ရုတ်တရက်အနမ်းက သူ့နှလုံးခုန်နှုန်းကိုတိုးစေသည် လက်နှစ်ဖက်က ထားစရာနေရာမရှိသောကြောင့် ဟွားချန်းရွှမ်းရဲ့ အင်္ကျီကို တင်းကြပ်စွာဆုတ်ကိုင်ထားသည်
ဘယ်လောက်ကြာကြာနမ်းလိုက်လည်းမသိဘူး လျှာတွေကထုံနေပြီး ခေါင်းတွေပါမူးနေသည် နောက်ဆုံးတော့ဟွားချန်းရွှမ်းကသူ့ရဲ့နီရဲနေတဲ့နှုတ်ခမ်းတွေကိုလွတ်ပေးလိုက်သည် ရှန်ကျီးနန်က အယ်ဖာရဲ့ရင်ခွင်ထဲကနေ အသက်လုရှူနေရသည်
ဟွားချန်းရွှမ်းက အနမ်းခံရလို့ အောက်စီဂျင်မဝမှုကြောင့်နီမြန်းနေတဲ့ မျက်နှာကိုကြည့်ကာ ရှန်ကျီးနန်ရဲ့ နောက်ကျောကိုနှစ်သိမ့်သလိုပုတ်ပြီး နားမလည်နိုင်တဲ့စကားကိုပြောလိုက်သည် “အရသာရှိလိုက်တာ”
ဟင်းရည်ရဲ့အရသာကကောင်းတာလား ဒါမှမဟုတ်သူ့ရဲ့အရသာကကောင်းတာလား
လူဆိုးကောင်
ရှန်ကျီးနန် စိတ်ထဲကနေသာ ဆဲရဲသည် ဒီအချိန်တိုတိုအတွင်းမှာ သူဟွားချန်းရွှမ်းရဲ့အထိအတွေ့ကို ဖွတ်ဖွတ်ညက်ညက်ကြေအောင်ခံရပြီးပြီဖြစ်သည် နည်းနည်းလေးမှာစောင့်ထိန်းမှုလည်းမရှိပေ သူ့ကိုတွေ့တိုင်းနမ်းသည် အဲဒါက….အဲဒါက…
အသက်ပြင်းပြင်းရှူသွင်းကာ “အရှင်မင်းကြီးပို့ပေးတဲ့လက်ဝတ်လက်စားတွေရောက်ပါပြီ အရှင်မင်းကြီးကိုကျေးဇူးတင်ပါတယ်”
ဟွားချန်းရွှမ်းက ဟင်းရည်ကိုနောက်တစ်ကြိမ်ခပ်လိုက်ပြီး ရှန်ကျီးနန်ပါးစပ်နားကိုခွံပေးကာ “သဘောကျလား”
“သဘောကျပါတယ် အရှင်မင်းကြီးပို့တာတွေက တန်ဖိုးကြီးလွန်းတယ်” ရှန်ကျီးနန် မတတ်နိုင်စွာနဲ့ပဲ ပါးစပ်ဟက သောက်လိုက်သည် ရလဒ်ကတော့ ခုနကအတိုင်းပဲ သူ့မျိုချပြီးတာနဲ့ ဟွာချန်းရွှမ်းက သူ့ကိုဖက်က ပြင်းထန်စွာနမ်းတော့သည်
“မင်းကငါ့အိုမီဂါပဲ မင်းကိုလက်ဝတ်လက်စားပို့ပေးသင့်တာပေါ့ လာ နောက်တစ်လုတ်သောက်လိုက်ဦး”
ဟွားချန်းရွှမ်းအတွက်ချက်ထားပေမဲ့ နောက်ဆုံးတော့ ဟွားချန်းရွှမ်းက တစ်လုတ်ပဲသောက်ပြီး ကျန်တာအားလုံးသူ့ဗိုက်ထဲသို့ရောက်သွားသည် တစ်လုတ်သောက်တိုင်း တစ်ချက်အနမ်းခံရသည် နောက်ဆုံးနှုတ်ခမ်းနဲ့လျာကထုံပြီးကျန်ခဲ့သည်
“အရှင်မင်းကြီး ရှီးကဲ့စစ်ဗိုလ်ချူပ်က ကျွန်တော်ကို အားကစားပွဲလာဖို့ဖိတ်ခေါ်ထားတယ်”
“မင်းသွားချင်လို့လား”
ရှန်ကျီးနန်ကသူ့ခါးကိုပွေ့ဖက်ထားတဲ့လက်နှစ်ဖက်ဆီအကြည့်ရောက်သွားပြီး ထောက်ချောက်ထဲရောက်သွားတော့သည်