ကွာရှင်းခြင်း။
ထိုရိုးရိုးရှင်းရှင်း စကားလုံးသုံးလုံးသည် ရှုပ်ထွေးလှသော မန္တန်တစ်ပုဒ်လို သူ့စိတ်ထဲ တဝီဝီမြည်နေတော့သည်။
"ကျန်းမုန့်ရှန်ကို မင်းနဲ့ပြန်လာဖို့ ပြောထားမယ်။" ဟွားချန်းရွှမ်၏ အေးစက်စက်လေသံက မန္တန်ထဲ နစ်မျောနေသော ရှန်ကျီးနန်၏ အသိကို ပြန်ဆွဲခေါ်သည်။
မြင့်မားသောအယ်ဖာသည် ရှန်ကျီးနန်အား ကျောပေးရပ်နေ၏။ နေ့လယ်ခင်းနေရောင်သည် ပြတင်းကြားမှ တိုးဝင်လျက် ဟွားချန်းရွှမ်၏ သန်မာသော လက်မောင်းများအပေါ် နူးနူးညံ့ညံ့ကျရောက် တောက်ပနေသည်။
ရှည်လျားသော ဆံနွယ်နက်တို့သည် သူ၏ကျောပြင်မှ ရေတံခွန်လို့ ပြန့်ကျကာ မနေ့ညက ရှန်ကျီးနန် ကုတ်ခြစ်ခဲ့သော အမှတ်ရာတို့ကို ဖုံးကာထား၏။
သူ၏ခံ့ညားထည်ဝါသောရုပ်ရည်ကိုကြည့်နေ သော်လည်း ဖုန်းနျန်၏ အေးစက်ချောမောသည့်မျက်နှာက ရှန်ကျီးနန်အား စိတ်ရှုပ်စေပြန်သည်။
အိပ်ရာပေါ်ထထိုင်၍ စောင်ကို ဆုပ်ဆွဲလျက် လက်တစ်လှမ်းအလိုမှ အင်ပါယာ၏ နတ်ဘုရားကို အနီးကပ် မော့ကြည့်မိသည်။
သူတို့၏ အကျူးလွန်ဆုံးလုပ်ရပ်သည် သူ့ထဲတွင် အရိုးဆွဲနေသော ပုံသေကားကျပုံစံများကို ဟွားချန်းရွှမ်အပေါ် စွဲထင်အောင်မှတ်ထားသလိုမျိုး တစ်လွှာချင်း ကွာချသွားသည်။
"အင်ပါယာ၏ အစွမ်းထက်အုပ်ချုပ်သူ"၊ "အင်ပါယာ၏ဘုရားသခင်" စသော ဂုဏ်သရေရှိဘွဲ့ထူးများကို ခွာချလိုက်ပါက ကျန်းမုန့်ရှန်၏ "ဟွားချန်းရွှမ်က ယောက်ျားတစ်ယောက်" ဟူသော စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို ရှန်ကျီးနန် ချက်ချင်း သဘောပေါက်သွားသည်။
ဟွားချန်းရွှမ်က လှည့်လာသည်။ ရင်ဖွင့် အနက်ရောင်ဝတ်ရုံကိုဝတ်ထားသဖြင့် တောင့်တင်းသန်မာလှသော ရင်အုပ်နှင့် ဝမ်းဗိုက်ကြွက်သားများက ပေါ်လွင်နေသည်။
တကယ်ကိုပင် ဟွားချန်းရွှမ်သည် ခံ့ညားသော ယောက်ျားတစ်ယောက်ဖြစ်၏။
ရှန်ကျီးနန် စိတ်ထဲက တွေးသည်။ လက်ရှိမှာတော့ မည်သူက မည်သူနှင့် အိပ်သလဲ မသေချာတော့ ဟူ၍။
မိမိကိုယ်ကိုနှစ်သိမ့်သောစကားများကိုဖယ်လိုက်လျှင် ရှန်ကျီးနန် အနည်းငယ် နေရကောင်းလာသည်။
"ဝန်ကြီးချုပ်ကျန်းကို မလိုပါဘူး အရှင်မင်းကြီး။ ကျွန်တော်ကိုယ်တိုင် ပြန်လို့ရပါတယ်။" ဟု နူးညံ့ချောမွေ့သောလက်မောင်းပိုင်းလေးသာပေါ်ပြီး ဇိမ်ခံအိပ်ရာပေါ်ထိုင်နေသော ရှန်ကျီးနန်က ဆိုသည်။
အိုမီဂါ၏ အသားအရေဟာ ပုလဲလွှာလေးဖုံးအုပ်ထားသလို ဖြူဝင်းနေသည်။
သူ၏လက်ချောင်းထိပ်တို့ အနည်းငယ် ယားနေသည်။ ထိုအသားစိုင်တစ်ခုချင်းစီကိုထိလိုက်ချိန်တိုင်း ခံစားရသည့် နူးညံ့မှုကို ဟွားချန်းရွှမ် ပြန်ဖော်နိုင်သေးသည်။
စစ်မှန်သော အလှတရား။
၎င်းဟာ လူသားတစ်ယောက်အဖြစ် သူ၏ မွေးရာပါ ပင်ကိုယ်ဓာတ်ခံကို အလိုလို လှုံ့ဆော်နိုင်သည်။
"ကောင်းပြီ။" ရှန်ကျီးနန်၏ တောင်းဆိုချက်က ဟွားချန်းရွှမ်၏ အကြည့်ထဲ ကျီစယ်မှုတချို့ ပေါင်းထည့်ပေးနေသယောင်။
သူ၏အလှလေး စိတ်ပြောင်းဦးမလာ သူ သိချင်သည်။
ငယ်ရွယ်ရိုးသားသော အိုမီဂါတို့သည် လျှပ်တပြက်အချစ်ရေးတွင် အမြဲ ကျရှုံးတတ်ကြ၏။
သနားစရာ ခင်ပွန်းဖြစ်သူဟာ ဤလှပသော အိုမီဂါကို မချစ်ပေမဲ့ ဤအိုမီဂါကတော့ တခြားအယ်ဖာတစ်ယောက်နှင့် တွေ့နေလေသည်။
ထိုအခါ ကိစ္စတိုင်းသည် သိပ်မရေရာတော့။
သူ၏အိုမီဂါအား တစ်ယောက်ယောက်လုယူသွားလျှင် မည်သည့်အယ်ဖာမှ ခံနိုင်မည်မဟုတ်။
ဟား! သို့သော် ကံဆိုးသည်က ထို'တစ်ယောက်ယောက်' ဟာ သူဖြစ်နေသည်။
သူ့အားသစ္စာဖောက်ခြင်း၏တန်ဖိုးဟာ ကြီးမားသော်လည်း အမြဲလိုလိုတည်ငြိမ်သော ဧကရာဇ်ကြီးသည် ထိုဖြစ်နိုင်ချေကိုလည်း ဖယ်မထုတ်နိုင်။
တစ်နေရာမှ လက်ပတ်တစ်ခုပေါ်လာကာ ဟွားချန်းရွှမ် ဒူးတစ်ဖက်ထောက်လိုက်သည်။ ရှန်ကျီးနန်၏ စိတ်လှုပ်ရှားသောအကြည့်အောက် ထိုအိုမီဂါ၏ လက်ကောက်ဝတ်ပေါ် ၎င်းကို နေရာချပေးလိုက်သည်။
ချောက်ခနဲအသံနှင့်အတူ သူ၏အိုမီဂါအား အခိုင်အမာ ချုပ်နှောင်လိုက်၏။
မနေ့ညက ဟွားချန်းရွှမ်သည် ရှန်ကျီးနန်အား ယာယီအမှတ်အသားပေးခဲ့သည်။
သူ၏ နှင်းဆီပန်းလေးသာ တရားဝင်မိဖုရားဖြစ်လာပါက ရှန်ကျီးနန်ကို ထာဝရအမှတ်အသားပေးပြီး ကိုယ်ဝန်ဆောင်ခိုင်းမည်။
"အရှင်မင်းကြီး ဒါက ဘာပါလဲ။" သူ၏လက်ကောက်ဝတ်၌ အနည်းငယ်အေးစက်မှု ခံစားရသည်။ သူငုံ့ကြည့်မိတော့ ဟွားချန်းရွှမ်ဟာ သူ့အား မြွေနက်ပုံစံလက်ပတ်ဆင်မြန်းပေးနေသည်ကို တွေ့ရ၏။
မြွေဦးခေါင်းကို အမြီးနှင့်ဆက်ထားသည်။ မသိလျှင် တကယ့်သက်ရှိ မြွေနက်လေးတစ်ကောင် ရှန်ကျီးနန်၏ လက်ကောက်ဝတ်ကို ရစ်ပတ်ထားသကဲ့သို့။
ရှန်ကျီးနန်သည် အလွန်ဖြူစင်ဝင်းပသဖြင့်လည်း အဖြူ၊ အမည်း ကွဲပြားပြီး ဖော်ပြ၍မရသော နူးညံ့မှုတစ်ခု ထင်းထွက်လာသည်။
"မင်းရဲ့အပိုင်ကို ကာကွယ်ချေ။ ချွတ်မပစ်နဲ့" ဟွားချန်းရွှမ်က ရှန်ကျီးနန်၏လက်ကောက်ဝတ်ကို ပွတ်သပ်၍ ညင်သာစွာ ငုံ့နမ်းသည်။ သူ၏ နှုတ်ခမ်းတို့၌ နှင်းဆီဖြူတို့၏ရနံ့ဖြင့် ပြည့်လျှမ်းလျက်။
သည်နေ့မှစ ဒါဟာ သူပိုင်သော နှင်းဆီပန်းလေးဖြစ်သည်။