no

Font
Theme

Chapter 30

“ဖေဖေ”

အဖေရဲ့နွေးထွေးတဲ့အကြည့်ကိုမြင်ပြီးနောက် ရှန်ကျီးနန်တစ်ယောက်မျက်ရည်တွေစီးကျလာတော့သည်။

“နန်နန် ဘာလို့ငိုနေတာလဲ ဖုန်းနျန်ကသားကိုအနိုင်ကျင့်လို့လား” ရှန်ကျီးနန်ရဲ့အဖေက ဆေးရုံကုတင်မှာလှဲနေပြီး မျက်နှာက ရောဂါခံစားနေရတာကြောင့်ဖြူဖတ်နေသည် ရှန်ကျီးနန်ကိုတွေ့လိုက်တဲ့အချိန် ပျော်တောင်မပျော်ရသေးဘူး ရှန်ကျီးနန်မျက်ရည်ကျလာတာကြောင့် ရင်နာနေရပြီ

အဖေရှန်က ကုတင်ပေါ်ကချက်ချင်းထပြီး အချစ်ဆုံးသားလေးအတွက်ဒေါသဖြေပေးဖို့ ဖုန်းနျန်ဆိုတဲ့ခွေးကောင်ကိုတစ်ချက်လောက်သွားထိုးပစ်ချင်သည် နှမြောဖို့ကောင်းတာက တစ်ချက်နှစ်ချက်လှုပ်တာနဲ့ နာလွန်းတာကြောင့် ကုတင်ပေါ်ပြန်လှဲနေတာတယ် အဖေရှန်က ဖုန်းနျန်ကိုလည်းမုန်းတယ် ကိုယ်တိုင်ကဘာမှအသုံးမကျလို့လည်းမုန်းသည်။

“ဖေဖေ သားဘာမှမဖြစ်ဘူး မြန်မြန်ပြန်လှဲနေလိုက်” ရှန်ကျီးနန် မျက်ရည်ကိုအလျင်စလိုသုတ်လိုက်ပြီး အဖေရှန် ကုတင်ပေါ်ပြန်လှဲဖို့ ကူညီပေးလိုက်သည် သူပြုံးပြီးတော့ “ ဘယ်သူမှကျွန်တော်ကို အနိုင်မကျင့်ပါဘူး ကျွန်တော်က အဖေကိုမတွေ့တတာကြာလို့ အရမ်းလွမ်းနေတာ”

“အဖေ ဘာမှမဖြစ်တာ အရမ်းကောင်းတာပဲ” ရှန်ကျီးနန် ကုတင်ဘေးနားမှာထိုင်ပြီး‌ပြောလိုက်သည်။

လူနာခန်းက သီးသန့်အခန်းဖြစ်တယ် မီးဖိုချောင်နဲ့သန့်စင်ခန်းပါပြီး လူနာခန်း အပြင်ဘက်မျာဧည့်ခန်းအသေးတစ်ခုပါရှိပြီး တံခါးပေါက်မှာ အထူးအစောင့်တွေရှိပြီး အဲဒါတွေအပြင် ကျွမ်းကျင်တဲ့ စောင့်ရှောက်သူတွေက နှစ်ဆယ့်လေးနာရီစောင့်ကြည့်ပေးနေသည်

အဖေရှန်က စီးပွားရေးလုပ်ဖူးသူဖြစ်တာကြောင့် အရင်တုန်းက စစ်တပ်အသိုင်းအဝိုင်းနဲ့အများကြီးဆက်ဆံဖူးတယ် အဲတာကြောင့် ဒီစစ်ဆေးရုံးက အလွယ်တကူဝင်လို့ရတဲ့နေရာမဟုတ်ဘူးဆိုတာသိသည်

သူက ဗိုလ်ချုပ်တစ်ယောက်ရဲ့ယောက္ခမတစ်ယောက်အနေနဲ့ စစ်ဆေးရုံကိုဝင်ဖို့က ခက်တဲ့ကိစ္စမဟုတ်ပေမဲ့ အဖေရှန်သိတယ် ရှန်ကျီနန်နဲ့ဖုန်းနျန်ရဲ့လက်ထပ်မှုကအမည်ခံပဲရှိတယ် အမှန်မဟုတ်ဘူးဆိုတာ

လွန်ခဲ့တဲ့သုံးနှစ် ရှန်အိမ်ဒေဝါလီခံတုန်းက ဖုန်းနျန်က စောင့်ကြည့်နေဖို့ကိုပဲရွေးချယ်ခဲ့တယ်

သုံးနှစ်နေပြီးနောက် ရှန်အဖေ ရောဂါဖြစ်ပြီးဆေးရုံတက်လိုက်ရတုန်းကလည်း ဖုန်းနျန်လို အေးစက်ပြီးခံစားချက်မရှိတဲ့ သူကို သူ့ကိုကူညီလိမ့်မယ်လို့မထင်ပါဘူး

“ဖေဖေအခုဘာမှမဖြစ်တော့ဘူး” ရှန်အဖေက လေးလေးပင်ပင်နဲ့ပြောလိုက်သည် မျက်ရည်တွေဝိုင်းနေပြီး “ အားလုံးကဖေဖေမကောင်းတာပါ ဖေဖေက သားကိုနှောင့်နှေးစေတာ ဖေဖေက အရည်အချင်းမရှိတာပါ သားအတွက်ဒေါသတောင်မထွက်ပေးနိုင်ဘူး အဖေအတွက်သားကအဲဒီဖုန်းနျန်ခွေးကောင်ဆီမှာအဖေအတွက်သွားတောင်းဆိုပေးနေရတယ်”

ရှန်ကျီးနန်ရဲ့မှတ်ဉာဏ်ထဲမှာတော့ ရှန်အဖေက သူတို့တစ်အိမ်လုံးရဲ့ထောက်တိုင်ဖြစ်ပြီး သူအတွက်အရင်းနှီးဆုံး အကောင်းဆုံးအဖေဖြစ်သည်

အခုအဖေရဲ့ အားနည်းနေပြီး အိုမင်းနေတဲ့မျက်နှာထက်မှာ သူအသုံးမကျလို့ဆိုတဲ့အမှုအရာတဲ့ပြည်နှက်နေတာက ရှန်ကျီးနန်ကို ရင်နာစေသည်

“ဖေဖေ သားနဲ့ဖုန်းနျန်က ဘာပတ်သက်မှုမှမရှိတော့ဘူး …သားတို့ ကွာရှင်းလိုက်ပြီ” ရှန်ကျီးနန်ရဲ့အသံတိုးတိုးထွက်လာပြီး “ ဒီကိစ္စတွေကပြောရရင်ရှုပ်တယ် ဒါပေမဲ့ ရလာဒ်ကတော့ကောင်းပါတယ် သူနောက်ဆုံးတော့သားကိုလွတ်ပေးလိုက်ပြီ”

“ကွာရှင်းလိုက်ပြီး ကွာရှင်းလိုက်တာကောင်းတယ် ကွာရှင်းလိုက်တာကောင်းတယ် အဲဒီခွေးကောင်ဖုန်းနျန်က သားသူ့ကိုကောင်းပေးတာနဲ့မတန်ဘူး ငါတို့ နန်နန်ကအဲ့ဒီလောက်ကောင်းတာ အဲဒီထက်ကောင်းတဲ့သူနဲ့ထိုက်တန်တယ်” ရှန်အဖေက လေးလေးပင်ပင်နဲ့ “ ဒီနှစ်တွေမှာ ငါတို့နန်နန်ပင်ပန်းသွားပြီ”

“နန်နန်,သားအခုဘယ်မှာနေနေလဲ”

ရှန်ကျီးနန်ကပြုံးပြုံးလေးနဲ့ “ ဖေဖေစိတ်မပူနဲ့ သားအခုကောင်းကောင်းနေ ကောင်းကောင်းစားရတယ် ဗိုလ်ချုပ်အိမ်တော်ထက်တောင်ကောင်းသေးတယ် အခုအရေးကြီးဆုံးက အဖေရဲ့ကျန်းမာရေးပဲ တခြားဟာတွေဘာမှစိတ်ပူစရာမလိုဘူး ဖေဖေ သားအခုအသက်ကြီးလာပြီး ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်တတ်တယ် သားကိုစိတ်ပူဖို့မလိုဘူး”

အဖေရှန်က ပြုံးပြီးခေါင်းငြိမ့်လိုက်တယ် ရှန်ကျီးနန်က သူ့ကိုကိစ္စအများကြီးဖုံးကွယ်ထားတယ်ဆိုတာ သူကြည့်လိုက်တာနဲ့သိတယ် ရှန်ကျီးနန်ကမပြောချင်မှတော့ သူလည်းမမေးတော့ဘူး

အခကုတင်ပေါ်ကနေတောင်မဆင်းနိုင်တဲ့သူက တစ်ခုတည်းသောရှန်ကျီးနန်ကို ကူညီနိုင်တဲ့အရာက ထပ်ပြီးရှုပ်ထွေးအောင်မလုပ်ဖို့ပဲ

မတွေ့တာကြာတဲ့သားအဖနှစ်ယောက်စကားပြောလိုက်တာ အဖေရှန်ရဲ့ရောဂါကကောင်းသွားသလိုပါပဲ

ရှန်ကျီးနန်က ရှန်အဖေကိုနောက်တစ်ခေါက်တွေ့ဖို့ပြောလိုက်ပြီး အဖေအနားယူဖို့အတွက် ဆေးရုံခန်းကထွက်လာခဲ့သည်

အခန်းထဲကထွက်လိုက်တာနဲ့ ရှန်ကျီးနန်တံခါးဝမှာ ရုပ်ထုလို့ရပ်နေတဲ့ ကျန်းမုန့်ရှန်ကိုတွေ့လိုက်သည်

ကျန်းမုန့်ရှန်က လှည့်လာပြီး ရှန်ကျီးနန်ကိုမေးတယ် “ပြီးသွားပြီလား”

ရှန်ကျီးနန်တစ်ယောက်ခေါင်းငြိမ့်ပြီး “အင်း ဗိုလ်ချုပ်ကျန်းကျွန်တော်အဖေကိုစောင့်ရှောက်ပေးလို့ကျေးဇူးတင်ပါတယ်”

“အားလုံးက အရှင်မင်းကြီးညွှန်ကြားထားတာပါ” ရှန်ကျစ်နန်ရဲ့နီရဲနေတဲ့မျက်လုံးကိုကြည့်ပြီး ကျန်းမုန့်ရှန်က ခန္ဓာကိုယ်ကို အစိမ်းရောင်နဲ့ပြည့်နက်နေတဲ့ ပန်းခြံကိုကြည့်လိုက်ပြီး “နန်တော်ကိုပြန်မှာလား ဒါမှမဟုတ် စစ်စခန်းကိုသွားကြည့်ချင်လား”

အခုအချိန်ကစောသေးတယ် နန်းတော်ထဲကိုစောစောပြန်သွားရင် ဘာလုပ်ရမလဲသူမသိဘူး အိပ်ပဲအိပ်ရမလား စကားပြောမဲ့သူတောင်တစ်ယောက်မှရှိမနေဘူး

“တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် ဗိုလ်ချုပ်ကျန်းကပဲအရှင်မင်းကြီးကို ကျွန်တော်စစ်စခန်းကိုကြည့်ကြည့်ဖို့‌လျှောက်တင်ပေးပါဦး” ရှန်ကျီးနန်က ရယ်ပြီး “အခေါက်တိုင်းအပြင်ကနေပဲ အရှင့်ရဲ့ခန္ဓာကိုယ်တစ်ဝက်ကိုမြင်ရတာ အားလုံးကြည့်ဖို့အခွင့်အရေးမရခဲ့ဘူး”

ရှန်ကျီးနန်က အရင်တုန်းကဖုန်းနျန်ရဲ့ဇနီးတစ်ယောက်အနေနဲ့ စစ်စခန်းကိုမဝင်ခဲ့ဖူးဘူး ဒီကိစ္စက ဘယ်သူနဲ့မဆို နေရခက်စရကောင်းတဲ့ကိစ္စပဲလေ

ကျန်းမုန့်ရှန်က စကားများတဲ့သူတစ်ယောက်မဟုတ်ပါ ကြည့်ရတာဘယ်သူ့ကိုမဆို ဘယ်ကိစ္စကိုမဆို စိတ်မဝင်စားသလိုပဲ အရှင်မင်းကြီးအမိန့်ကိုပဲနာခံတဲ့စက်နဲ့တူသည်

လူတွေနဲ့မရင်းနှီးပေမဲ့ ကျန်းမုန့်ရှန်းကအများကြီးမမေးသလို ခံစားချက်တွေကိုမထုတ်ပြပါဘူး အဲတာကြောင့် ရှန်ကျီးနန်က ကျန်းမုန့်ရှန်ရှေ့မှာဆို အများကြီး ပေါ့ပါးတယ်

ကျန်းမုန့်ရှန်းက ခေါင်းငြိမ့်ပြီး ရှန်ကျီးနန်တစ်ယောက် စစ်စခန်းတောင်မဝင်ဖူးဘူးဆိုတာကိုလံအံ့ဩသွားပုံမရဘူး အေးစက်စက်အသံနဲ့” ဆေးရုံနဲ့ စစ်စခန်းကနီးတယ် ငါတို့လမ်းလျှောက်သွားရအောင်”

“ကောင်းပြီ”

စစ်ဆေးရုံနဲ့စစ်စခန်းကနီးသောကြောင့် တံခါးအပြင်တောင်ထွက်စရာမလိုပဲတိုက်ရိုက်ရောက်သည်

စိမ်းဆိုနေတဲ့လမ်းမနှစ်ဘက်မှာ သစ်ပင်များစိုက်ထားပြီး နေ့ခင်းဖက်မှာသစ်ပင်အရိပ်တွေကျရောက်နေပြီး လူရိပ်တွေနဲ့ လမ်းသွားလမ်းလာတွေနဲ့တိတ်ဆိတ်လို့နေသည်

ရှန်ကျီးနန်က အဆင့်မြင့်အိုမီဂါထဲမှာပါသည် အရပ်မရှည်တဲ့အယ်ဖာတွေနဲ့သိပ်မကွာပေမဲ့ ဟွားချန်ရွှမ်းလို့အယ်ဖာမျိုးနဲ့ဆိုရင်တော့ အများကြီးသေးငယ်သွားသည်

ကျန်းမုန့်ရှန်ကလည်း အင်အားကြီးတဲ့အယ်ဖာပဲ ကိုယ်လုံးကိုယ်ပေါက်က ဖုန်းနျန်နဲ့သိပ်မကွားဘူး ရှန်ကျီးနန်ရှေ့မှာသွားနေတဲ့အရိပ်က ရှန်ကျီးနန်တစ်ကိုယ်လုံးကို ဖုံးကွယ်သွားသည်

ရှန်ကျီးနန်ကခေါင်းငုံ့ပြီး ကျန်းမုန့်ရှန်းရဲ့အရိပ်နောက်လိုက်သွားသည်

လေထုကတိတ်ဆိတ်နေပြီ လေတိုက်သံနဲ့သစ်ရွက်ကြွေသံပဲကြားရသည်

ကျန်းမုန့်ရှန်နဲ့နေရမခက်ဖို့ ဘာစကားပြောရမလဲဆိုတာ ရှန်ကျီးနန်မသိတော့ဘူး ကျန်းမုန့်ရှန့်နဲ့သူနဲ့က တူညီတာမရှိတာကြောင့် စကားပြောဖို့ရပ်လိုက်သည်

အရှေ့ကအယ်ဖာသည် ရုတ်တရက်ရပ်လိုက်တာကြောင့် သူ့ကိုတိုက်မိဖို့နည်းနည်းပဲလိုတော့သည် သူခေါင်းမော့ကြည့်လိုက်တာ သန်မာတဲ့နောက်ကျောတစ်စုံကိုပဲမြင်ရသည်

ရှန်ကျီးနန် ကျန်းမုန့်ရှန်ရဲ့ အသံကိုကြားလိုက်သည် “မင်္ဂလာညနေခင်းပါ ဗိုလ်ချုပ်ဖုန်း”

ဗိုလ်ချုပ်ဖုန်း ဖုန်းနျန်လား

ရှန်ကျီးနန် ကျန်းမုန့်ရှန်ရဲ့နောက်မှာမလှုပ်ပဲရပ်နေသည် တကယ်လို့ ဖုန်းနျန်နဲ့တွေ့ရင်ဘယ်လိုပြောရမလဲ လမ်းကျဉ်းလိုက်တာလို့ပြောရမလား

အရင်တုန်းက လအများကြီးကြာတာတောင်တစ်ခေါက်မတွေ့တဲ့သူက အခုကဘာလို့နန်းတော်ကထွက်တာနဲ့တွေ့နေရတာတုန်း

ရှန်ကျီးနန်းတကယ်ကိုဖုန်းနျန်းရဲ့အသံကြားလိုက်သည် ဆီးနှင်းလိုအေးစက်နေတဲ့အသံနဲ့ “ဗိုလ်ချုပ်ကျန်းက အားနေတယ်ထင်တယ် နေ့ခင်းကြောင်တောင်ကြီးလမ်းလျှောက်ထွက်နေရအောင်”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment


Comments (1)
CSS

1 year ago

ဘာလား ep30ဆိုလို့ starပေးပီးဝယ်လိုက်တာလေ 29ကြီးပဲကို epအသစ်မှမဟုတ်တာ star ပြန်ထည့်ပေး