Chapter 37
ကျန်းယွဲ့ယင်း စူးရှတဲ့အသံနဲ့အော်လိုက်သည်
“မပြောနဲ့တော့ ထပ်မပြောနဲ့တော့”
သူမျက်နှာတစ်ခုလုံးမျက်ရည်တွေဖြင့်စိုရွဲနေသည် တကယ်လို့ အရင်တုန်းကသာဆို ဖုန်းနျန်ကသူမျက်ရည်ကျနေတာကိုတွေ့ရင် သူကိုလာပြီးနှစ်သိမ့်ပေးလိမ့်မည်ဖြစ်သည်
အခုတော့ တစ်ချိန်တုန်းကသူ့ကိုကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့အယ်ဖာက သူ့ကို ခံစားချက်မရှိအေးစက်စက်အကြည့်နဲ့ ကြည့်နေသည်
“ငါဘာတတ်နိုင်မှာလဲ နင်ငါ့အားနာတယ်လို့ခဏခဏပြောနေခဲ့ပေမဲ့ ဘာလို့ ရှန်ကျီးနန်နဲ့ကွာရှင်းပြီးငါ့နဲ့လက်မထပ်နိုင်ရတာလဲ ငါနင့်ကိုစောင့်နေတာ နှစ်နှစ်ပြည့်သွားပြီ နင်စစ်ပွဲကပြန်လာတာကိုစောင့်ခဲ့တယ် စစ်ပွဲအောင်နိုင်ပြီးကျော်ကြားလာကာ ရှန်အိမ်နဲ့အတိုက်အခံလုပ်နိုင်တဲ့အင်အားရလာခဲ့တယ် ဒါပေမဲ့နင့်ငါ့ကိုဘယ်လိုပြောလဲ နင်ရှန်ကျီးနန်နဲ့မကွာရှင်းနိုင်ဘူး ငါကိုကောင်းတဲ့တွဲဖက်တစ်ယောက်ရှာပေးမယ်တဲ့…”
ဖုံးကွယ်ထားတဲ့အတိတ်ကို ဖုန်းနျန်ရုတ်တရက်ဖော်ထုတ်လိုက်တော့ ကျန်းမုန့်ယင်း ရှန်ကျီးနန်ကို မုန်းသေတော့မယ် ကွာရှင်းပြီးလို့ စစ်ဗိုလ်ချုပ်အိမ်တော်ကနေတောင်မောင်းထုတ်ခံထားပြီးပြီကို ဘာလို့ မပြီးပြတ်နိုင်သေးရတာလဲ
ကျန်းမုန်းယင်း သူ့ရဲ့မကျေနပ်မှုတွေကို ထုတ်ပြောလိုက်တော့သည်
ဖုန်းနျန်ကသူ့အပေါ်ကိုကောင်းပေမဲ့ သူ့ခင်ပွန်းတော့မဟုတ်ခဲ့ဘူး
သူ့လို အဖေအမေမရှိတဲ့အိုမီဂါက ကျန်းအိမ်မှာသက်တောင့်သက်သာနေဖို့အတွက် တခြားအယ်ဖာကိုအားကိုးမှပဲရတယ်
သူတစ်ပါးသူပေးကမ်းစွန့်ကြဲမှအသက်ရှင်ရမဲ့ဘဝမျိုးနဲ့မနေချင်တော့ဘူး ရှန်ကျီးနန်လိုမျိုးဘဝမျိုးသူလိုချင်တယ်
မရေမတွက်နိုင်တဲ့ချောမောလှပတဲ့အယ်ဖာတွေကသူ့နားမှာဝိုင်းနေသည် အလှပဆုံးအဝတ်အစားနဲ့တန်ဖိုးကြီးလက်ဝတ်ရတနာများကိုဝတ်ဆင်ကာ တခြားအိုမီဂါတွေကအားကျလိုက်တာဆိုတဲ့အကြည့်မျိုးနဲ့ကြည့်ကြသည်
အဲဒါက သူအရင်တုန်းက အိမ်မက်မက်ခဲ့ဖူးတဲ့ဘဝမျိုးဖြစ်သည်
သူဖုန်းနျန်နဲ့ရှန်ကျီးနန်ကိုအပြစ်တင်ခဲ့သည်
ရှန်ကျီးနန်က ဘာမှကြိုးစားစရာမလိုပဲ သူလိုချင်တာတွေကိုအလွယ်တကူရနေတာကို သူမုန်းတယ်
ဖုန်းနျန်သူ့ကိုအသေးစိတ်ဂရုစိုက်တာကိုသူပိုမုန်းတယ် သူ့ကိုမျှော်လင့်ချက်တွေပေးပြီး တစ်ခါပြီးတစ်ခါ ရှန်ကျီးနန်နဲ့ကွာရှင်းဖို့ကိုငြင်းဆန်ခဲ့တယ်
ကျန်းမုန်းယင်း၏မျက်လုံးတွင်မျက်ရည်များဖြင့်ပြည့်နက်နေတာ အသံတုန်ယင်စွာဖြင့် “ဖုန်းနျန် ရှောင်နျန် ငါ့ကိုကောင်းကောင်းဆက်ဆံပါမယ်ဆိုပြီး ငါ့မိဘတွေကိုနင်ဂတိပေးခဲ့တယ်လေ”
“ကောင်းကောင်းအနားယူပြီး နင့်ရင်သွေးကိုဂရုစိုက် နင့်နေစဉ်ဘဝကိုကူညီဖို့ ငါလူလွတ်လိုက်မယ်” အေးစက်နေတဲ့အသံထဲမှာ ကြင်နာမှုနည်းနည်းလေးမှမပါခဲ့ဘူး
ဖုန်းနျန်ကကျန်းမုန့်ယင်းရဲ့လိမ်ညာမှုကိုဖော်ထုတ်ပြီး အမှန်တရားကိုသိသွားကာ ဒေါသထွက်နေတဲ့ကျန်းမုန့်ယင်းထက်စာရင် ဖုန်းနျန်ကအများကြီးတည်ငြိမ်နေသည်
ခြံဝင်းငယ်ထဲကထွက်သွားပြီး ဖုန်းနျန်ကလက်ထောက်ကိုပြောသည် “ကျန်းမုန့်ယင်းကိုကြည့်ဖို့ဆရာဝန်တစ်ယောက်ခေါ်လိုက် သူ့စိတ်အခြေအနေမကောင်းဘူး”
ပန်းခြံထဲက အဖြူရောင်နှင်းဆီတွေကညလေညင်းတွေကြားမှာ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်နေပြီ ဖြစ်သည်
ပန်းခြံကိုဖြတ်သွားတဲ့အချိန် လေထုထဲမှာပျံလွင့်နေတဲ့အဖြူရောင်နှင်းဆီပန်းရနံ့တို့က ဖုန်းနျန်ခြေလှမ်းကိုနှေးကွေးသွားစေကာ ရှီးကဲ့စစ်နဲ့စကားပြောခဲ့တာကိုသတိရသွားသည်
(မင်းနဲ့မင်းအရင်ဇနီးကွားရှင်းရတာ သူဂြိုလ်မွှေလိုဖြစ်တာ,ထပ်ပြီးကျန်းမုန့်ယင်းကြောင့်ပဲလား)
(မကြာခင်ကျင်းပမဲ့ ကိုယ်ခံပညာစစ်ဆေးပွဲမှာ ငါရှန်ကျီးနန်ကိုဖိတ်ခေါ်ထားတယ် ဒါပေမဲ့ မင်းတို့နှစ်ယောက်က ကွာရှင်းပြီးပြီဆိုတော့ အတူတူပါဝင်ရလည်း ဘာပြဿနာမှမရှိဘူးမလား)
ကိုယ်ရဲ့အဖြေကဘာလဲ
ကျန်းမုန့်ယင်းနဲ့မဆိုင်ဘူး
သူနဲ့ရှန်ကျီးနန် ဒီလိုအခြေအနေအထိရောက်သွားတာ ကျန်းမုန့်ယင်းနဲ့ကြောင့် ဒါပေမဲ့ အကြောင်းအရင်းအားလုံးကတော့ ကျန်းမုန့်ယင်းကြောင့်မဟုတ်ခဲ့ဘူး
သူရှန်ကျီးနန်ကို အရမ်းမုန်းခဲ့သည် သူ့တစ်အိမ်လုံးကိုမုန်းခဲ့သည်
သူပျော်နေသင့်တာပေါ့
ရှန်အိမ်ပျက်သွားတယ် ရှန်ကျီးနန်ရဲ့အဖေကရောဂါကြောင့်ဆေးရုံမှာနေနေရတယ် ရှန်ကျီးနန်ရဲ့အစ်ကိုနဲ့အစ်မက အိမ်ထောင်ရေးပျက်စီးသွားပြီး အိမ်နဲ့အဝေးမှာအလုပ်သွားလုပ်နေရတယ်
ပြီးတော့ ရှန်ကျီးနန်
သူ့ကို အိမ်တော်ကနေမောင်းထုတ်ခဲ့တယ် အဲဒီလို အလိုလိုက်ခံခဲ့ရတဲ့အိုမီဂါက သူ့နားကထွက်သွားရင် ဘယ်သွားနိုင်မှာလဲ
အခုဘဝကိုတောင့်ခံဖို့အတွက် သူ့အဖေဆေးကုသဖို့အတွက် အယ်ဖာကြားမှာ လှည့်လည်နေဖို့ဆန္ဒရှိနေတာလား
မင်္ဂလာမဆောင်ခင်ကိုယ်ဝန်လွယ်နေရပြီလား တခြားအယ်ဖာရဲ့ကလေးကိုလွယ်ထားနေရပြီလား
ဖြူစင်သန့်ရှင်းလှတဲ့ခိုဖြူလေးက ညစ်ညမ်းသွားပြီ
ကောင်းကင်ကလမင်းက ပင်လယ်ထဲကိုနှစ်မြုပ်သွားပြီ
သူပျော်ရွှင်နေသင့်တာပေါ့ သူကိုယ်တိုင် ရှန်ကျီးနန်က ဖျက်စီးခဲ့တာပဲဟာ
ဟုတ်တယ် သူပျော်ရွှင်နေသင့်တယ်
ဒါပေမဲ့ ဘာလို့လဲ
ဘာလို့ ညတိုင်းအိပ်ရေးပျက်နေပြီး စိတ်မသက်မသာဖြစ်နေရတာလဲ
နေ့ခင်း တောက်ပတဲ့နေရောင်ခြည်က ဘာလို့မြူကိုမဖုံးနိုင်တာလဲ
ပြန့်ကျဲနေတဲ့အရိုးစုများကို ရေအောက်မှာမြုပ်နှံထားသည်
လှပသောအဖြူရောင်နှင်းဆီပန်းက အဆိပ်ဖြစ်လာခဲ့သည်
သူနောင်တမရဘူး သူဘယ်တော့မှနောင်တမရဘူးလို့ သူ့ကိုယ်သူ လိမ်ညာပြီးပြောနေခဲ့တယ်
“အိမ်တော်ထိန်း ပန်းခြံထဲက အဖြူရောင်နှင်းဆီတွေအကုန်လဲလိုက်”
“ဗိုလ်ချုပ် ဒါတွေက ကျန်းသခင်မလေးအကြိုက်ဆုံးပန်းတွေ”
“လဲလိုက်”
“ဟုတ်ကဲ့”
ကြည့် သူဂရုမစိုက်ဘူး
ရှန်ကျီးနန်ချန်ခဲ့တဲ့ခြေရာလက်ရာအားလုံးကိုသူဖျက်စီးပစ်မယ်
ရှီးကဲ့စစ်ရဲ့ ပွဲတော်ကိုသူ့ကိုယ်တိုင်သွားပြီး လူတိုင်းကိုပြောပြမယ် ရှန်ကျီးနန်က သူစွန့်ပစ်ထားတာ ရှန်ကျီးနန်ကို သူ့လုံးဝဂရုမစိုက်ဘူးဆိုတဲ့အကြောင်း
ဗိုလ်ချုပ်အိမ်တော်ရှိ နှင်းဆီဖြူတွေကိုညတွင်းချင်းနှုတ်ခဲ့ပြီး ပန်းပွင့်ခဲ့သော အကိုင်းအခက်တွေက မြေပြင်ပေါ်ပြတ်ကျကာ ကြေမွသွားတော့သည်
နန်းတော်ရဲ့တစ်နေရာမှာတော့ နှင်းဆီဖြူပန်းအိုးတွေကို စနစ်တကျပို့ဖို့ပြောနေခဲ့သည်
ဟွားချန်းရွှမ်းရဲ့နန်းဆောင်ထဲက ပန်းခြံမှာအလျင်အမြန်ပြေးလာတဲ့ရှန်ကျီးနန်ကို ရှည်လျားတဲ့အနက်ရောင်မြွေအမြီးကဖမ်းမိသွားသည်
ခါးကနေရင်ဘက်အထိ စက်ဝိုင်းပုံပတ်တွယ်ထားသည်
ပထမဆုံးအကြိမ်အသက်ရှိတဲ့မြွေထိတွေ့တာကြောင့်ရော ပန်းကန်လုံးလောက်ရှိတဲ့မြွေအမြီးကြောင့်ရော ရှန်ကျီးနန်ကြောက်လန့်တကြားဖြစ်နေသည်
သူဇာတ်ကားတွေထဲမှာကြည့်ဖူးတာ မြွေကလူကိုမြိုတယ် အဆိပ်ကိုသုံးပြီးလူကိုအဆိပ်သင့်အောင်လုပ်တယ်
သူအခုမြွေစားတာကိုခံရတော့မှာလား
ရှန်ကျီးနန် သူ့ရဲ့ခိုဖြူကိုလွတ်လိုက်ပြီး သူ့ကိုကူညီမဲ့သူလာမှာကိုစောင့်ဖို့ပဲတတ်နိုင်တော့သည်
ဒါပေမဲ့ တကယ်ကြောက်ဖို့ကောင်းလွန်းတယ် မျက်ရှိရှေ့ကမြွေကသူ့ကိုမြိုတော့မဲ့အရိပ်ယောင်ပြတော့ ရှန်ကျီးနန် ငိုတော့သည်
မျက်ရည်တစ်စက်စက်ကျဆင်းလာကာ ကြောက်လွန်းလို့ အသံပင်မထွက်နိုင်ခဲ့ပါ
မြွေနက်သည် စာတစ်ဆောင်ကိုထွေးထုတ်လိုက်ပြီး ငိုနေတဲ့အိုမီဂါကို စိုက်ကြည့်ရင်းတုံ့ဆိုင်းနေပုံရသည် ခဏအကြာ ရှန်ကျီးနန်ကိုရစ်ပတ်ထားသော အမြီးကိုဖြည်းညှင်းစွာဖြည်လိုက်သည်
“နန်နန်” ရုတ်တရက်ရင်းနှီးတဲ့အသံကြားလိုက်သည်
ရှန်ကျီးနန်ငိုကာ ဟွားချန်းရွှမ်းရဲ့ရင်ခွင်ထဲဝင်လိုက်သည်
ခဏကြာတော့ ဘာကိုမှကြောက်တော့ဘူး
ဒါက အင်ပါယာမှာအသန်မာဆုံးအယ်ဖာလေ
ကြီးမားတဲ့မြွေမြိုခံရမည်ကိုကြောက်နေသည့် ရှန်ကျီးနန်သည် ဟွားချန်းရွှမ်းရင်ခွင်ထဲကနေခေါင်းမော့ကာ မျက်နှာတစ်ခုလုံးမျက်ရည်နှင့်ကြောက်ရွံ့မှုတွေပြည့်နေသည်
“မြွေရှိတယ် အရှင်မင်းကြီး မြွေရှိတယ်”
“ဘာမှမဖြစ်ဘူး မကြောက်နဲ့” ဟွားချန်းရွှမ်းက ကြောက်လန့်နေတဲ့အိုမီဂါကိုရင်ခွင်ထဲထည့်ထားကာ ရှန်ကျီးနန်မျက်နှာပေါ်ကမျက်ရည်တွေကိုနမ်းလိုက်သည်
“မင်းကိုပြောပြဖို့မေ့နေတာ ငါ့ရဲ့ပန်းခြံထဲမှာ တိရိစ္ဆာန်အရိုင်းတွေအများကြီးပဲ ဒါပေမဲ့ နန်နန်မကြောက်နဲ့ ကိုယ်မင်းကိုပေးထားတဲ့လက်ကောက်ကိုမေ့နေတာလား လက်ကောက်ကိုဝတ်ထားရင် အဲဒီသတ္တဝါတွေက မင်းကိုထိခိုက်အောင်မလုပ်နိုင်ဘူး”
ဟွားချန်းရွှမ်း ရှန်းကျီးနန်နောက်ကျောကိုဖြည်းဖြည်းချင်းပုတ်ပေးကာ “မင်းမြွေကြောက်တာလား”
“နည်းနည်း နည်းနည်းကြောက်တယ်”
“ကိစ္စမရှိဘူး သူမင်းကိုထိခိုက်အောင်လုပ်မှာမဟုတ်ဘူး”
“ဒီမြွေပုံစံလက်ပတ်ကိုရော ကြောက်လား”
“မကြောက်ဘူး သူကလက်ဝတ်လက်စားလေ ပြီးတော့ သူကမကြီးဘူး ခုနတုန်းကမြွေကအကြီးကြီးပဲ ရုတ်တရက်ထွက်လာတော့ ငါနည်းနည်းကြောက်တယ်”
အာ အဲဒါဘယ်လိုလုပ်ကြမလဲ
ဟွားချန်းရွှမ်း သူ့မြွေအမြီးကို ပိုကြီးချင်တယ်