no

"တပ်မှူး ဆိုလိုတာက…." အိမ်တော်ထိန်းကြီးက သူများ နားကြားမှားသလားဟူ၍ တွေးသည်။ သူ့မှာ နေရာတွင်သာ ငြိမ်ငြိမ်လေး ရပ်နေရင်းက ပြန်ရောက် ရောက်ချင်း ဖုန်းနျန်၏နှုတ်မှ ထပ်တလဲလဲ ပြောသည်ကို ကြားရသည်။

"ရှန်ကျီးနန်ရဲ့ အခန်းထဲကဟာမှန်သမျှ ယူပြီး လွှင့်ပစ်လိုက်။ တစ်ခုတလေတောင် မထားခဲ့နဲ့။" စစ်သူကြီးအိမ်တော်၏ ဟောခန်းအလယ်တွင် ဖုန်းနျန် အေးစက်စက် ရပ်နေသည်။ လှေကားပေါ် နှစ်လှမ်းတက်ပြီးနောက် ရုတ်တရက် ရပ်သွားပြန်၏။ ပြီး ဟောခန်းအလယ်မှ နံရံပေါ် ချိတ်ထားသော ပန်းချီကားဆီ အကြည့်ရောက်သွားသည်။

နှင်းဆီဖြူ တစ်ပွင့်၏ပန်းချီဖြစ်၏။

အပြည့်အဝ ပွင့်လန်းနေသာ နှင်းဆီဖြူလေးသည် နူးညံ့လွန်းပြီး ၎င်း၏ ပွင့်ဖတ် ပွင့်ရွက်တို့ကား ပန်းချီကားဘောင်အပြင်ဘက်ဆီ ထိုးထွက်နေသယောင်။

ထိုပန်းချီကား ဘယ်ကနေ ဘယ်လိုရောက်လာမှန်း ဖုန်းနျန် မမှတ်မိချေ။

"ဘယ်သူ ချိတ်ထားတာလဲ။"

အိမ်တော်ထိန်းသည် ဖုန်းနျန်နောက်မှ လိုက်၏။ ခဏတုံ့ဆိုင်းပြီးနောက် ဖုန်းနျန်၏ မေးခွန်းကို သူဖြေသည်။ "တပ်မှူး ဒီပန်းချီကားက…. သခင်ရှန် ဆွဲထားတာပါ။"

သခင်ရှန်

အိမ်တော်ထိန်းသည် အမြဲလိုလို ရှန်ကျီးနန်အား "မဒမ်"ဟု ခေါ်ဆိုခဲ့သော်လည်း ယခုမူ ရှန်ကျီးနန်သည် စစ်သူကြီးဖုန်းနျန်၏ ဇနီးမဟုတ်တော့ချေ။

ရှန်ကျီးနန်နှင့် ဖုန်းနျန်၏ ကွာရှင်းမှုသည် လူတိုင်း၏ စိတ်ကူးထက် ပိုမိုကျော်လွန်ခဲ့၏။ အစက သူတို့ထင်သည်မှာ ဒါဟာ စကားများရုံလောက်သာဟူ၍။ ဒါပေမဲ့ ရှန်ကျီးနန်သည် တခြားအယ်ဖာ၏ရနံ့ကို တကယ်ယူလာပြီး ဖုန်းနျန်ရှေ့ သွားရပ်ခဲ့သည်။

လူတို့၏အမြင်၌ ဖုန်းနျန်ကိုသိပ်ချစ်သော လှပသည့်အိုမီဂါဟာ သူတို့ နားမလည်နိုင်သော လုပ်ရပ်မျိုး လုပ်ခဲ့၏။ ရှန်ကျီးနန် သစ္စာမဲ့လိမ့်မည်ဟု အိမ်တော်ထိန်းကြီး ယနေ့အထိ မယုံနိုင်သေးပေ။

"သူ ပုံဆွဲတတ်တယ်လား။" ဖုန်နျန် တီးတိုး ရေရွတ်လိုက်သည်။ သို့သော် သူမျက်လုံးတို့ထဲရှိ စိတ်ရှုပ်ထွေးမှုသည် ချက်ချင်း ပြင်းထန်ခြင်းအဖြစ်ပြောင်းသွားကာ နှင်းဆီဖြူပန်းချီကားကို မော့ကြည့်ရင်း ရက်စက်စွာ အမိန့်ပေးလေ၏။ "ပန်းချီကားကိုလည်း ဖယ်လိုက်။"

"တပ်မှူး… မဒမ်က ပြန်မလာတော့ဘူးလား။" အိမ်တော်ထိန်းက မနေနိုင်ဘဲ အရဲစွန့်မေးရှာသည်။

အပြင်လူများက ရှန်ကျီးနန်အား သည်းမခံတတ်သည့်လူမျိုးဟု ပြောကြသည်။ အထီးကျန်မှုကို မခံနိုင်သည့် အိုမီဂါဟာ တော်လွန်ကောင်းမွန်သည့် အယ်ဖာအား သစ္စာဖောက်ခဲ့သည်ပေါ့။ သူတို့အားလုံးဟာ သစ္စာဖောက်ရှန်ကျီးနန်တစ်ယောက် သူနှင့်ထိုက်သော ဝဋ်ပြန်လည်မည့်အချိန်ကို စောင့်ဆိုင်းနေကြသကဲ့သို့။

ဖုန်းနျန်နှင့် ရှန်ကျီးနန်အကြား ဘာဖြစ်ခဲ့သည်ကို အိမ်တော်ထိန်းကြီး မသိရိုး အမှန်ပင်။ သို့ပေမဲ့ လွန်ခဲ့သော ငါးနှစ် စစ်သူကြီးအိမ်တော်၌ ရိုးသား၍ ရွှင်ပျစွာနေတတ်သော အိုမီဂါအလှလေး ရှန်ကျီးနန်သည် တစ်နေ့တခြား စိတ်ဖိစီးပြီး မျက်နှာမှအပြုံးတို့ တဖြည်းဖြည်း ပျောက်ကွယ်ကာ တိတ်ဆိတ်လာခဲ့မှန်းတော့ သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ဖြစ်သည်။

လန်းဆန်းစွာ ပွင့်လန်းလျက်ရှိသော ပန်းကလေး တဖြည်းဖြည်း ညှိုးရော်နွမ်းလျလာသည်ကို သူစောင့်ကြည့်ခဲ့ရသည်။

ဖုန်းနျန်သာ သူ၏အိုမီဂါအပေါ် နွေးထွေးဂရုစိုက်မှု တစ်စွန်းတစလေးပြကာ ကြင်နာပေးခဲ့ပါက အရာရာ ပြောင်းလဲသွားလောက်မည်။

"မဒမ် ဟုတ်လား?" ဆို၍ ဖုန်းနျန်သည် လည်ချောင်းသံဖြင့် မခံချင်စရာကောင်းအောင်ပြောမည်ပြင်၏။ အိမ်တော်ထိန်းအား သတိပေးသလို ကြည့်လိုက်ကာ "ကျုပ်ကို လှည့်စားသစ္စာဖောက်သွားတဲ့ လူတစ်ယောက်ဟာ စစ်သူကြီးအိမ်တော်ရဲ့ သခင်မ မဖြစ်ထိုက်ဘူး။ သူ့ပစ္စည်းတွေ အကုန် လွှင့်ပစ်လိုက်။ ထပ်မမြင်ရစေနဲ့။"

ရှန်ကျီးနန်၏ ပစ္စည်းတွေတဲ့။

ဘယ်မှာများများစားစားရှိလို့နည်း။

နေ့စဉ်အသုံးပစ္စည်းများ၊ ရီုးရှင်းသောအဝတ်အဆင်တန်ဆာများသာဖြစ်သော ရှန်ကျီးနန်၏ ပစ္စည်းတို့ကို စုစည်းရန် အိမ်တော်ထိန်းကြီး အချိန် သိပ်မယူလိုက်ရ။ မသိလျှင် ငါးနှစ်တာနေသွားသောလူတစ်ယောက်၏ ပိုင်ဆိုင်မှုများ မဟုတ်သည့်အတိုင်း။

အစက ရှန်ကျီးနန် စစ်သူကြီးအိမ်တော်ဆီ ဝယ်လာသော တန်ဖိုးကြီးအရာဟူသမျှ နောက်ပိုင်း ပိုက်ဆံနှင့်လဲရန် ပေါင်နှံလိုက်ရသည်ချည်း။

ဖုန်းနျန်က ရှန်ကျီးနန်ကို အစားအသောက်မပြတ်လပ်အောင် သေချာစီစဥ်ပေးသော်လည်း ရှန်ကျီးနန်ဖခင်၏ ဆေးဝါးစရိတ်သည် မဆုံးသော ချောက်နက်ကြီးပင်။ ရှန်မိသားစု ဒေဝါလီခံပြီးနောက် အကြွေးများစွာ တင်နေသည်ကိုတော့ ထည့်မပြောလိုတော့ပေ။ ထိုအကြွေးများကို ရှန်ကျီးနန်ကိုယ်တိုင် ဆပ်စရာမလိုပေမဲ့ သူ့အဖေ၏ ဆေးရုံစရိတ်အတွက်တော့ သူကိုယ်တိုင် အားထုတ်ရသေးသည်။

ထိုနှစ်တွေအတွင်း ရှန်ကျီးနန်၏ဘဝဟာ ကောင်းမွန်ခြင်းမရှိခဲ့. အထူးသဖြင့် မြို့တော်ရှိ ကျော်ကြားသော စစ်သူကြီး၏ အိုမီဂါ ဇနီးသည်အဖြစ်။ ရှန်ကျီးနန်၏ဘဝသည် သူများတွေ ထင်ကြသလို ချမ်းသာကြွယ်ဝခြင်း မရှိခဲ့ပေ။ အနှစ်သာရမပါသော ဗလာဂုဏ်သိက္ခာချည်းသက်သက်သာ။

"အိမ်တော်ထိန်းကြီး ဒါတွေကို ပိတ်ပြီး ဘယ်မှာ ထားရမလဲဟင်။" အစေခံက ရှန်ကျီးနန်၏ ပစ္စည်းများအား မည်သို့ မည်ပုံ ကိုင်တွယ်ရမလဲ မေးမြန်း၏။

ရှန်ကျီးနန်၏ပစ္စည်းအားလုံးပေါင်းမှ သုံး၊ လေး သေတ္တာစာသာရှိသည်။

ကျန်းယွဲ့ယင်ဟုခေါ်သော ဧည့်သည်မှာတော့ အဝတ်သေတ္တာချည်း ဒါဇင်လိုက်ရှိ၏။ အများစုကို စစ်သူကြီးက ဝယ်ပေးထားသည်တဲ့။

အိမ်တော်ထိန်းလည်း သက်ပြင်းအသာချကာ "တပ်မှူးညွှန်ကြားထားသလို လွှင့်ပစ်လိုက်ကြတာပေါ့။"

စစ်သူကြီးအား အခန်းကဏ္ဍတိုင်းတွင် တော်လွန်သည်ဟု ယူဆ၍ရ၏။ သို့သော် အယ်ဖာတစ်ယောက်အနေနှင့်ဆိုလျှင်မူ လွန်ခဲ့သည့် ငါးနှစ်လုံးလုံး သူ၏အိုမီဂါအား ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ပေ။

ဤသည်ကို ထိုငါးနှစ်လုံးလုံး အိမ်တော်ထိန်းကြီး မြင်ခဲ့ရသည်။ တစ်ခါတရံ ဖုန်းနျန်သည် ရှန်ကျီးနန်အပေါ် အမှန်တကယ် ခံစားချက် ရှိသည်ဟု ထင်မှတ်ရကာ တစ်ခါတလေတော့လည်း ဖုန်းနျန်၏ လုပ်ရပ်များဟာ အေးစက်နေတတ်သည်။

သို့သော် မည်သို့ပင်ဖြစ်စေ ရှန်ကျီးနန် ဖုန်းနျန်အား သစ္စာဖောက်ခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ မာနကြီးသော စစ်သူကြီးသည် သူ့တွင် ရှန်ကျီးနန်အပေါ် ချစ်ခင်နှစ်သက်စိတ်လေး အနည်းငယ်ပင်ရှိခဲ့လင့်ကစား ယခုမူ သူ့ရင်ထဲ ဘာမျှ ရှိတော့မည်မဟုတ်ချေ။

"အိမ်တော်ထိန်းကြီး ပန်းချီကားကိုလည်း လွှင့်ပစ်ရမှာလား။ ကျောဘက်မှာ မင်္ဂလာဓာတ်ပုံ…" အစေခံလေးက ရှန်ကျီးနန်၏အမည်ကို မပြောရဲ။ ထိုနာမည်သုံးလုံးသည် စစ်သူကြီးအိမ်တော်တွင်တော့ မပြောအပ်သောအရာပင်။

ထိုအခါ နှင်းဆီဖြူပန်းချီကားကို သူတို့တွေ နံရံမှ ဖယ်ရှားပစ်လိုက်သောအခါ နောက်ကျောဘက်၌ တကယ်ပဲ ရှန်ကျီးနန်နှင့် စစ်သူကြီးဖုန်းနျန်၏မင်္ဂလာဓာတ်ပုံရှိနေကြောင်း တွေ့ရ၏။

စာဖတ်ခန်းတွင်။

စဝင်လာကတည်းက ဖုန်းနျန် ထိုင်နေဆဲဖြစ်သည်။ လှန်ထားသောစာအုပ်က ပထမစာမျက်နှာမှာသာရှိသေးပြီး စာလုံးပေါင်းများစွာဖြင့် ပြည့်နှက်နေသည်။ ယခုအထိ သူ တစ်လုံးကိုမျှ အာရုံစိုက်မဖတ်မိသေးပေ။

ရှန်ကျီးနန်နှင့် တွဲနေသည့်အယ်ဖာဟာ မည်သူနည်း။

ထိုလူသည် အစကနေအဆုံးထိ ပေါ်မလာသေး။ ရှန်ကျီးနန်အတွက် စွမ်းဆောင်ရည်မြင့် ဘီတာနှစ်ယောက် စီစဉ်ပေးလိုက်လျှင်တောင် ထိုအယ်ဖာ သူရဲဘောကြောင်သည့် အချက်ကတော့ ပြောင်းလဲမသွားပေ။

စစ်သူကြီး၏ဇနီးနေရာကို စွန့်လွှတ်၍ မျက်နှာမပြရဲသည့် ထိုအယ်ဖာအတွက်နှင့် သူ့အားသစ္စာဖောက်ကာ မြို့တော်တွင် သူတို့နှစ်ယောက်လုံး ရယ်စရာပြက်လုံးဖြစ်သွားအောင်လုပ်သော ရှန်ကျီးနန်ဟာ ထိုမျှ တုံးအ သော အိုမီဂါဖြစ်၏။

ထိုစဉ် ဆက်သွယ်ရေးကိရိယာက မြည်လာသည်။

ဖုန်းနျန် မျက်လုံးတင်းတင်းမှိတ်ပြီး ဖြေလိုက်သည်။

တစ်ဖက်မှ အတွင်းရေးမှူး၏ အသံက ထွက်ပေါ်လာ၏။ "တပ်မှူး ဆေးရုံမှတ်တမ်းတွေက သခင်ကြီးရှန် အရင်တစ်ပတ်က ဆေးရုံဆင်းသွားပြီလို့ ပြပါတယ်။ ဘယ်ကိုပြောင်းသွားလဲဆိုတာကိုတော့ မသိရသေးပါဘူး။ စစ်ဌာနဆေးရုံကို ပြင်ဆင်ထားခိုင်းဖို့..."

"မလိုဘူး။" ဆိုကာ ဖုန်းနျန် ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။ တံခါးခေါက်သံကြားသောအခါ အတွင်းရေးမှူးနှင့် ပြောနေသည်အား ချလိုက်၏။

"ဝင်ခဲ့ပါ။" သူ၏အေးတိအေးစက်အမူအရာကို ဖုန်းနျန် ထိန်းသိမ်းထားဆဲပေမဲ့ သူ့လက်ထဲရှိ ဖောင်တိန်လည်အားက တဖြည်းဖြည်း အရှိန်တိုးနေသည်။

လျှောက်ဝင်လာသည့် အိမ်တော်ထိန်းကို ကြည့်ပြီး "ဘာဖြစ်လို့လဲ။"

အိမ်တော်ထိန်းသည် တံခါးဝတွင် ရပ်လျက် "တပ်မှူးရဲ့ အမိန့်အတိုင်း သခင်ရှန်ရဲ့ ပစ္စည်းတွေကို လွှင့်ပစ်ပြီးပါပြီ။ ပန်းချီကားတစ်ချပ် ကျန်ပါသေးတယ်။"

ဖုန်းနျန် မသိမသာ မျက်မှောင်ကြုတ်သွားသည်။ "ပန်းချီကားက ဘာဖြစ်နေလို့လဲ။"

"ပန်းချီကားအ‌ရှေ့ဘက်က သခင်ရှန်ဆွဲထားတဲ့ နှင်းဆီဖြူပုံပါ။ ဒါပေမဲ့ အနောက်ဘက်မှာကျတော့... တပ်မှူးတို့ရဲ့ မင်္ဂလာဓာတ်ပုံပါ။ ပန်းချီကားကို ဖျက်စီးစေချင်လား၊ ဒါမှမဟုတ် တပ်မှူးဆီယူလာပေးရမလား...။"

ထို့အပြင် ပုံထဲ၌ ဖုန်းနျန်၏ ပုံတူလည်းရှိနေ၏။

ဖုန်းနျန်လည်း ခေတ္တမျှ မင်သက်မိသွားသည်။ သူနှင့် ရှန်ကျီးနန်၏ မင်္ဂလာဓာတ်ပုံတဲ့လား။

သူတို့ လက်ထပ်ခါစက ရှန်ကျီးနန်နှင့် အတူတွဲရိုက်ရန် သူ ဆန္ဒမပါသည့်ကြားက တွန်းအားပေးခံရသည်ကို မှတ်မိသေးသည်။

တစ်ခါက ရှန်ကျီးနန် ထိုပုံကို ဘောင်သွင်းဖူးပေမဲ့ နောက်ပိုင်းတွင်...

ဖုန်းနျန် စဉ်းစားပြီး ထိုပုံကို သူမမြင်ချင်၍ ရှန်ကျီးနန်အား လွှင့်ပစ်ခိုင်းခဲ့၏။

လက်စသတ်တော့ ထိုပုံဟာ နှစ်ပေါင်းများစွာကြာအောင် နှင်းဆီဖြူပန်းချီကား၏ အနောက်ဘက်တွင် ရှိနေခဲ့သည်။

အိမ်တော်ထိန်းက "တပ်မှူး" ဟု အသာအယာခေါ်သည်။

ထိုအခါ ဖုန်းနျန် ပစ္စုပ္ပန်ဆီ ပြန်ရောက်လာကာ "မီးရှို့လိုက်။" 

"General, you mean ..." The steward almost thought he had heard it wrong, standing still in place, as he heard Feng Nian repeat himself once more after just returning.

"Take everything from Shen Zhinan's room and throw it all out, not a single item is to be kept." Feng Nian stood indifferently in the center of the hall of the General's Mansion. He took two steps up the stairs, and suddenly stopped again. His gaze met a picture hanging on the wall in the center of the hall.

It was a picture of a white rose.

The white rose in full bloom was so delicate that their fragrant petals and branches seemed to be peeking out from the frame.

Feng Nian couldn't remember the origin of this painting.

"Who hung it up?" he asked coldly.

The steward followed Feng Nian. After hesitating for a moment, he answered Feng Nian's question: "General, this painting was... painted by Master Shen."

Master Shen.

The steward usually addressed Shen Zhinan as "Madam", but now Shen Zhinan was no longer General Feng Nian's wife.

Shen Zhinan and Feng Nian's divorce was beyond everyone's imagination. They originally thought it was just a quarrel. But Shen Zhinan actually stood in front of Feng Nian with the scent of another alpha.

The beautiful omega, who loved deeply Feng Nian in people's consciousness, did something that they couldn't understand; the steward still couldn't believe to this day that Shen Zhinan would be unfaithful.

"He can draw?" Feng Nian whispered to himself, but the confusion in his eyes quickly turned into a hard look. He looked up at the white rose indifferently and gave a cruel order, "Remove the painting as well."

"General... Madam won't be coming back?" the steward couldn't help but ask a presumptuous question.

People outside always describe Shen Zhinan as very unbearable. The omega who couldn't bear the loneliness betrayed the excellent alpha. They all seemed to be waiting for Shen Zhinan, who had an affair, to receive his deserved 'retribution'.

The steward didn't know what exactly happened between Feng Nian and Shen Zhinan. However, in the past few years in the General's Mansion, he personally witnessed how Shen Zhinan changed from a naive and cheerful beautiful omega, becoming more silent by the day, falling into depression, and losing the smiles from his face altogether.

He watched with his own eyes as a blooming flower gradually withered and faded.

If Feng Nian had been kind to his omega, showing him a little warmth and care, maybe everything would have turned out differently.

"Madam?" Feng Nian made a cold taunt from deep in his throat. He glanced at the steward warningly, "A person who cheated and betrayed me has no right to be the master of the General's Mansion. Throw out all his belongings, and don't let me see them again."

Shen Zhinan's belongings.

Where are they?

The steward didn't spend much time to organise Shen Zhinan's belongings, which were just some basic daily necessities and simple clothing accessories. It didn't seem like the belongings of someone who had been living here for five years.

The things that Shen Zhinan initially brought to the general's mansion, as long as they were valuable, were mostly pawned by Shen Zhinan later in exchange for money.

Although Feng Nian ensured Shen Zhinan lacked nothing in terms of food and drink, the medical expenses for Shen Zhinan's father were a bottomless pit, not to mention that the Shen family owed a lot of extra money after it went bankrupt. Even if Shen Zhinan did not have to repay these debts personally, he still had to afford his father's medical expenses.

Shen Zhinan's life had not been good these past few years, especially as the only omega wife of the most popular General in the imperial capital. Shen Zhinan's life wasn't as affluent as others imagined; it was just a hollow reputation.

"Master Steward, where are these items placed after they are sealed?" The servant asked how Shen Zhinan's items were handled.

All Shen Zhinan's belongings amounted to only three or four boxes.

But the guest named Jiang Yueying had dozens of boxes just for clothes, and it was said that most of them were bought by the General.

The steward sighed helplessly: "Just throw them out and destroy them as the General instructed."

The general could be considered excellent in every aspect, but in terms of being an alpha, he hadn't treated his omega well in the past five years.

Over the past few years, the steward had seen it all. Sometimes he felt that Feng Nian actually has feelings for Shen Zhinan, but sometimes Feng Nian's actions were extremely indifferent.

However, no matter what, it was true that Shen Zhinan betrayed the General. The General who was so proud in his heart, even if he had once harboured a slight fondness for Shen Zhinan, probably had nothing left now.

"Master Steward, do you think this painting is also being thrown away? On the back of the painting is the wedding photo of the General and..." The servant no longer dared mention Shen Zhinan's name. Those three words had become a taboo in the General's residence.

They removed the painting of the white rose from the wall, and only then discovered that the back of the painting was actually the wedding photo of Shen Zhinan and General Feng Nian.

In the study.

Feng Nian has been sitting at the desk since he came in. The book he had opened remained on the first page, densely covered with annotations. Yet he couldn't focus on a single word.

Who was the alpha Shen Zhinan cheated with?

From beginning to end, he never showed up. Even if two capable betas were arranged for Shen Zhinan, it couldn't change the fact that the alpha is a coward.

Shen Zhinan was such a stupid omega that he would betray him for an alpha who dared not show his face, abandoning the position if the General's wife, making them both a joke in the capital.

The communicator flickered.

Feng Nian closed his eyes forcefully and pressed the answer button.

The secretary's voice came from the communicator: "General, the hospital records showed that Mr. Shen had left the hospital a week ago. It's still unknown where he has been transferred to. Does the military hospital need to be prepared to receive..."

"No need." Feng Nian opened his eyes suddenly and hung up the call with his secretary when he heard the knock on the door.

"Come in." Feng Nian maintained his indifferent expression, but the speed of the pen spinning in his hand gradually increased.

He looked at the steward who walked in through the door: "What's the matter?"

The steward stood at the door: "General, according to your instructions, Master Shen's belongings have already been taken away for destruction. There's still one painting left..."

Feng Nian frowned slightly: "What's wrong with the painting?"

"The front of the painting is a rose painted by Master Shen, and the back...is your previous wedding photo." The steward said cautiously, "General, would you like to seal the painting or send it to you?"

After all, there was also Feng Nian's own portrait on it.

Feng Nian was stunned for a moment. The wedding photo of him and Shen Zhinan?

In his memory, when they had just gotten married, he was indeed forced to take such a photo with Shen Zhinan unwillingly.

Shen Zhinan had once put the photo in a frame, but later...

Feng Nian thought about it and asked Shen Zhinan to destroy that photo because he didn't want to see it.

Over the years, it turned out there was still a wedding photo hidden behind the rose painting in the hall.

The steward called out softly: "General?"

Feng Nian came back to his senses: "Burn it." 

DISCUSSION


Leave A Reply

you must Login or register to post a comment