no

Font
Theme

"ဒါတွေက ဘာတွေလဲ?"

ငှက်ကလေးများ၏ တေးဆိုသံ၊ နေရောင်နှင့် ပန်းရနံ့တို့ကြောင့် နိုးလာပြီးမကြာလိုက်၊ ကိုယ် လက် မသန့်စင်ရသေးခင်မှာပင် အပြင်၌ ကျန်းမုန့်ရှန် စောင့်နေသည်မှာ ကြာပြီဖြစ်ကြောင်း ရှန်ကျီးနန် ကြားသိရသည်။

ကပျာကယာ သန့်ရှင်း၊ အဝတ်အစားလဲပြီးနောက် ကျန်းမုန့်ရှန်ကို တွေ့သည်။ တော်ဝင်ကိုယ်ရံတော်တပ်မှူးက သူ့အား လက်ရာမြောက် လက်ဝတ်ရတနာများကို ပြသ၏။

"မကြာသေးခင်က အရှင်မင်းကြီး လက်ရာမြောက် လက်ဝတ်ရတနာနဲ့ ကျောက်မျက်တချို့ ရထားပြီး ကျွန်တော့်ကို ဒီယူလာဖို့ အမိန့်ပေးလိုက်ပါတယ်။ အရှင်မင်းကြီးက ဒါတွေအားလုံး မင်းဆီကို အပ်နှင်းတာပါ။" ဘယ်အချိန်၊ ဘယ်နေရာဖြစ်ဖြစ် ကျန်းမုန့်ရှန်ဟာ ‌သစ္စာရှိ လက်ပါးစေ၏အသွင်အပြင်ကို ထိန်းသိမ်းထားဆဲ။ သေတ္တာနှစ်လုံးကိုယူလာကာ မည်သည့်ခံစားချက်မျှမရှိသည့်မျက်နှာဖြင့် အဖုံးတို့ လှပ်ပြလိုက်သောအခါ တစ်ခန်းလုံး ပြိုးပြက်စွာ တောက်ပသွားလေသည်။

"ကျွန်တော့်ကိုယ်စား အရှင်မင်းကြီးကို ‌ကျေးဇူးတင်ကြောင်း ပြောပေးပါ..." အဖိုးတန်၍ လက်ရာမြောက်လှသော အဆင်တန်ဆာ၊ ပုလဲ၊ ရွှေ၊ သင်္ဘောမဟူရာ၊ အရောင်အမျိုးမျိုးနှင့် ကျောက်မျက်များစွာဖြင့် ပြည့်နှက်နေသည့် သေတ္တာထဲ ရှန်ကျီးနန် လှမ်းကြည့်သည်။

မိသားစု ဒေဝါလီခံရမှုကြောင့် ရှန်ကျီးနန်တစ်ယောက် နောက်ပိုင်းနှစ်များ၌ သူ၏ လက်ဝတ်လက်စားအားလုံးကို ပေါင်နှံခြင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့သော်လည်း မိသားစု၏ မျက်နှာသာအရဆုံး အငယ်ဆုံးသားတစ်ဖြစ်လည်း သူဟာ တစ်ဉီးတည်းသော အမျိုးသားအိုမီဂါ ဖြစ်နေသေး၏။

သူဖခင်ဖြစ်စေ၊ သူ၏ အစ်ကို အစ်မတို့ဖြစ်စေ နှစ်တိုင်းဆိုသလို သူ့ဆီသို့ လှပသည့် လက်ဝတ်ရတနာအမျိုးမျိုးအား လက်ဆောင်ပေးလေ့ရှိသည်။ လက်ဝတ်ရတနာများအား ဆန်းစစ်သုံးသပ်နိုင်သည့် သူ၏အရည်အချင်းကတော့ ပြောင်မြောက်လှပေသည်။ တစ်ခါကဆို လက်ဝတ်ရတနာဒီဇိုင်းနှင့်ပတ်သက်သည့် အသက်မွေးဝမ်းကြောင်းကို လိုက်စားဖို့ပင် စဉ်းစားဖူးသည်။ ဒါပေမဲ့ လက်တွေ့မှာတော့ ထိုတောက်တောက်ပပအရာတို့ကို ရှန်ကျီးနန် သဘောကျသည်ဆိုစေကာမူ ဒီဇိုင်းပိုင်းတွင်တော့ အရည်အချင်းသိပ်မရှိလှသေး။

မိခင်ဖြစ်သူ အစောကြီး ဆုံးပါးသွားတော့ အစ်ကိုနှင့် အစ်မက သူ့အား ပျိုးထောင်ခဲ့ကြသည်။ သူ့အား အကောင်းဆုံး ရုပ်ဝတ္တုအခြေအနေနှင့် အတတ်နိုင်ဆုံး ထောက်ပံ့ပေးကြပြီး လှပ၍ ရိုးသားသော အိုမီဂါတစ်ယောက်ဖြစ်လာအောင် အလိုလိုက်ကြ၏။ အိမ်ထောင်ရေးနှင့် မိသားစုကဏ္ဍ၏ ရုတ်လျော့မှု၊ ကျရှုံးမှုများကြောင့်သာ မဟုတ်ပါက ရှန်ကျီးနန်ဟာ သူ့ဘဝတစ်လျှောက်လုံး ရိုးရိုးစင်းစင်းသာ နေထိုင်သွားရနိုင်၏။

ဒါဟာလည်း ပျော်ရွှင်မှုပုံစံတစ်မျိုး မဟုတ်ပါလား။

ကံမကောင်းစွာပင် လွန်ခဲ့သည့်နှစ်များမှာ လူ့လောက၏ အတက်အကျပေါင်းစုံကို ရှန်ကျီးနန် တွေ့ကြုံရသည်။ အိမ်ထောင်ရေးတွင်လည်း အယုံအကြည်မရှိတော့သလို အချစ်ကိုလည်း မယုံတော့ချေ။ သူ့အား ဟွားချန်းရွှမ်ပေးသည့် အလိုလိုက်မှုနှင့် ရာထူးအဆင့်အတန်းသည်ပင် တစ်သက်လုံးစာဖြစ်နိုင်သည်ဟု မယုံကြည်ပေ။

"ဝန်ကြီးချုပ်ကျန်း။ ကျွန်တော့်အဖေ အခြေအနေဘယ်လိုလဲ၊ သူ့ကို သွားတွေ့လို့ရလား။"

သူဖခင်၏ ဆေးဝါးစောင့်ရှောက်မှုကို ကျန်းမုန့်ရှန်က တာဝန်ယူထားသည်ဟု ဟွားချန်းရွှမ် ပြောဖူးသည်။ ရှန်ကျီးနန်ဘက်ကလည်း သူ့ဖခင်နှင့်ပတ်သက်၍ ဟွားချန်းရွှမ်းအား စကားဟထားဖူးသည်။ ဧကရာဇ်က ယခု သူ့အဖေဟာ ကုသမှုခံယူနေရသောကြောင့် သွားရောက်လည်ပတ်ရန် မသင့်တော်ဟု ဆိုထား၏။

ကျန်းမုန့်ရှန်သည် ထင်ရူးသစ်ပင်ရှည်ကဲ့သို့ မတ်မတ်ရပ်နေ၏။ အိုမီဂါ၏ ကြည်လင်သော မျက်ဝန်းစိမ်းတို့ထဲ ငေးမိတော့ ဂြိုလ်တစ်ခုပေါ်၌ တွေ့ဖူးသော လွင်ပြင်ချိုင့်ဝှမ်းနှင့် ရေကန်တို့ကို ပြန်ပြောင်းအောက်မေ့သွားသည်။ နေရောင်သည် သစ်ရွက်တို့ကြားထဲ ထိုးဖောက်ကျဆင်းလျက် ပယင်းကျောက်တို့ တလက်လက်တောက်ပနေသကဲ့သို့ လှိုင်းထနေသော ကန်ရေပြင်ပြာထက်ဝယ် တလျှပ်လျှပ် ဝင်းလဲ့လို့နေ၏။

"မင်းအဖေက အရေးပေါ်ကာလကို ကျော်လွှားပြီး အခု အားဖြည့်နေတယ်။ မင်းကို တွေ့ချင်တယ်လို့တောင် ပြောသေးတယ်။ လိုအပ်ရင် သူနဲ့တွေ့ဖို့ ခေါ်သွားပေးနိုင်ပါတယ်။" ဟု ကျန်းမုန့်ရှန်က တည်ငြိမ်စွာဆိုသည်။

"အဖေက သတိရပြီလား။" ရှန်ကျီးနန်သည် ရတနာသေတ္တာတို့ကို အစေခံဆီအပ်ရင်း မနေနိုင်မထိုင်နိုင် ကျန်းမုန့်ရှန်ဆီသို့ လျှောက်သွား၏။ သူက အယ်ဖာထက် ခေါင်းတစ်လုံးစာ နိမ့်သည်။ နီးကပ်သွားသောအခါ ကျန်းမုန့်ရှန်အား အသာ ခေါင်းမော့ကြည့်ရ၏။

ဖခင်ဖြစ်သူကိုတွေ့ရရန် ရှန်ကျီးနန် မစောင့်နိုင်တော့ပေ။ အယ်ဖာတပ်မှူးကိူ သူ တောင်းဆိုလိုက်သည်။ "ဒါဆို အဖေနဲ့တွေ့ဖို့ ခေါ်သွားပေးပါ ဝန်ကြီးချုပ်ကျန်း။ အခု သွားလို့ရမလား။"

ကျန်းမုန့်ရှန်လည်း အလျင်အမြန် လေသင်္ဘောစီစဉ်ကာ ရှန်ကျီးနန်အား စစ်ဆေးရုံဆီ ခေါ်သွားတော့သည်။

ရှန်ကျီးနန်က လေသင်္ဘောပေါ်တွင် ထိုင်လိုက်ပါရင်း ငုံ့ကြည့်၏။

စစ်ဌာနချုပ်၏ ပြိုင်စံရှား ခမ်းနားသော ဗိသုကာလက်ရာဟာ ထင်ရှားပေါ်လွင်လှပါဘိ။ အထူးသဖြင့် စစ်ဌာနချုပ် အလယ်ဗဟိုရှိ ဓားရှည်ကိုင်ထားသော စစ်ဝတ်စုံပြည့်ဖြင့် ဂလက်ဆီဧကရာဇ်၏ ရုပ်တုဖြစ်သည်။ ဤသည်ကို စစ်ဌာနချုပ်၏ ကိုယ်စားပြု အဆောက်အဦဟု ယူဆနိုင်၏။

စစ်ဌာနချုပ်အလယ်တွင် မားမားမတ်မတ်ရပ်တည်နေသော ဂလက်ဆီဧကရာဇ်၏ရုပ်တုဟာ စစ်ပွဲအတွင်း ဟွားချန်းရွှမ်၏ တစ်စိတ်တပိုင်းသားရဲပုံစံကို ဖော်ပြ၏။ ကိုယ်အပေါ်ပိုင်းက လူသားဖြစ်ကာ အောက်ပိုင်းမှာ မြွေအမြီးနှင့် ဆင်တူသည်။

စစ်ဌာနချုပ်သည် လူတိုင်းဝင်ရောက်နိုင်သော နေရာမဟုတ်။ ယုတ္တိကျကျပြောရလျှင် တစ်ခါက ဖုန်းနျန်၏ဇနီးဖြစ်ခဲ့ဖူးသော ရှန်ကျီးနန်လို စစ်သူကြီး၏ဇနီးအတွက်တော့ ဝင်ရန် မခက်ခဲလှ။ သို့သော် လက်တွေ့တွင်မူ ရှန်ကျီးနန်သည် စစ်ဌာနချုပ်ထဲမဝင်ရောက်ဖူးသလို ဌာနချုပ်အလယ်၌ရှိသော ဟွားချန်းရွှမ်၏ သားရဲတစ်ဝက်ပုံ ရုပ်တုကိုလည်း မတွေ့မြင်ဖူးချေ။

စစ်ဌာနချုပ်ကို သူ နောက်ဆုံးလာသည့်အချိန်တုန်းက သူ့အား ဖုန်းနျန်၏အတွင်းရေးမှူးက တားခဲ့သည်။

ရယ်စရာကောင်းလိုက်သည့် ဆင်ခြေပင်။ ဖုန်းနျန်၏ ဇနီးတစ်ယောက်အနေနှင့် ဖုန်းနျန်ကိုတွေ့ချင်ပေမဲ့ ကြိုတင်ချိန်းဆိုမှုယူရသည်တဲ့။

"အရှင်မင်းကြီးက တိုက်ခိုက်ရင် တကယ်ပဲ မြွေအမြီးထွက်လာတာလား။" ရှန်ကျီးနန်က လေသင်္ဘောပြတင်းကိုမီရင်း မေးသည်။ ရုပ်တု၏ ကိုယ်အောက်ပိုင်းဟာ မြွေအမြီးပုံစံရှိသည်ဟု သူကြားဖူး၏။ ကံမကောင်းစွာ ကိုယ်အောက်ပိုင်းကို အဆောက်အဦများက ဖုံးကွယ်နေကာ အဝေးမှကြည့်လျှင် လူသားပုံစံ ကိုယ်အပေါ်ပိုင်းကိုသာ မြင်ရ၏။

"အင်ပါယာကလူတွေ အရှင်မင်းကြီးကိုယ်တိုင်ပါဝင်မှူကို လိုအပ်တဲ့ စစ်ပွဲမျိုးမမြင်ရတာ နှစ်သုံးဆယ်လောက်ရှိပြီ။" ဆိုကာ ကျန်းမုန့်ရှန်သည် ရှေ့တည့်တည့်ကိုကြည့်ရင်း "ကျွန်တော်က အရှင်မင်းကြီးနောက်ကို နှစ်၁၀၀နီးပါးကြာအောင်လိုက်ပြီး စစ်ပွဲမှာ အတူတိုက်ခိုက်ပေးခဲ့တာ။ သားရဲတစ်ဝက်ပုံစံပြောင်းလိုက်ရင် ထွက်လာတဲ့ ကြေးခွံနက်အမြီးနဲ့ တကယ့် စွမ်းအားကြီးတဲ့ စစ်သူရဲကောင်းတစ်ယောက်ပဲ။ အဲဒါကို နဂါးခန္ဓာကိုယ်လို့ ပြောရင်လည်းရတယ်။"

"စိတ်ကူးကြည့်ဖို့ ခက်သား..." မနေ့ညက သူနှင့် ချစ်တင်းနှောခဲ့သည့်ယောက်ျားကို စစ်ပွဲအတွင်း သားရဲတစ်ဝက်ပုံစံ ထုတ်ပြသည့် ပုဂ္ဂိုလ်နှင့် ဆက်စပ်ကြည့်ဖို့ ရှန်ကျီးနန်အတွက်တော့ ခက်လှသည်။

ရုတ်တရက် ကျန်းမုန့်ရှန်က ဆိုသည်မှာ "နောက်ဆိုရင်တော့ စစ်ပွဲပေါ်က အရှင်မင်းကြီးရဲ့ ရုပ်တုကိုအနီးကပ်ကြည့်ဖို့ စစ်ဌာနချုပ်ကို မင်း သွားလို့ရပါတယ်။ မင်းကြီးရဲ့ မိဖုရားအဖြစ်နဲ့ သူ့ရဲ့သားရဲတစ်ဝက်ပုံစံကို မြင်ရဖို့က အချိန်နည်းနည်းပဲလိုတာပါ။ နောက်ဆိုတာထက် မကြာခင်မှာ အသားကျရင် ပိုကောင်းတယ်။"

ထို့နောက် ခဏရပ်သွားပြီးမှ ဆောင်းရာသီရေကန်ထဲမှ ဆွဲထုတ်လိုက်သည့် သံဓားလို အေးစက်သည့် လေသံဖြင့် "သတိပေးထားရဦးမယ်။ ခင်ပွန်းဖြစ်သူရဲ့ သားရဲတစ်ဝက်ပုံစံကိုမြင်ပြီး ကြောက်လန့်သွားလို့ စိတ်ပိုင်းဆိုင်ရာကုသမှုတောင် ခံယူလိုက်ရတဲ့ နူးညံ့တဲ့ အိုမီဂါတစ်ယောက် ရှိတယ်တဲ့။"

အယ်ဖာတိုင်းတွင် သားရဲတစ်ဝက်ပုံစံမရှိပေ။ သားရဲတစ်ဝက်ပုံစံ အသွင်ကူးပြောင်းခြင်းသည် အယ်ဖာ၊ သို့မဟုတ် အိုမီဂါ၏ ကြီးမားလှသော ခွန်အားဖြစ်၏။

"မကြောက်ဘူး။ ကျွန်တော်က နူးညံ့တဲ့ အိုမီဂါ မဟုတ်ဘူး။" ကျန်းမုန့်ရှန်၏ စကားဖြင့်ပမာမခန့်လုပ်ခြင်းက ရှန်ကျီးနန်အားမသက်မသာဖြစ်စေသည်။ လူအများစု၏ မျက်လုံးထဲ သူဟာ အမှန်တကယ် နူးညံ့သောအိုမီဂါဖြစ်နေမှန်းသိသည်။ ထိုသို့သော သမရိုးကျပုံစံကို ချက်ချင်းပြောင်းလဲဖို့မလွယ်ပေ။

ဖုန်းနျန်နှင့် လက်မထပ်ခင်က ရှန်ကျီးနန် စိတ်ထဲက ပြင်ဆင်ထားခဲ့သည်။ စစ်ပွဲတွင် သားရဲတစ်ဝက်ပုံစံထုတ်ပြကြသော အယ်ဖာများ၏ ဗီဒီယိုကို စိတ်ပိုင်းဆိုင်ရာအတွက် ပြင်ဆင်ဖို့ မရပ်မနား ကြည့်ခဲ့၏။

ဖုန်းနျန်နှင့် ဟွားချန်းရွှမ်ကဲ့သို့ အစွမ်းထက် အယ်ဖာများသည် အိုမီဂါတစ်ယောက်အား အပြည့်အဝအမှတ်အသားပေးလျှင် ဖယ်ရိုမုန်းထုတ်လွှတ်မှုကြောင့် ၎င်းတို့၏ သားရဲတစ်ဝက်အသွင်သို့ ကူးပြောင်းလေ့ရှိကြသည်။

သဘောတရားအရဆိုပါက ထိုအကြောင်းသည် အိုမီဂါများအတွက်လည်း အတူတူပင်။ အယ်ဖာတို့ကဲ့သို့ ငယ်ငယ်ကတည်းက ပြင်းထန်သည့်လေ့ကျင့်ရေးဆင်းခဲ့ရသည့် အိုမီဂါ အနည်းငယ်သာရှိသည်။

ယခုထိတော့ ဟွားချန်းရွှမ်ဟာ သူ့ရှေ့တွင် မြွေအမြီးကို ထုတ်မပြသေး။ သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသောကြောင့် မည်မျှပင် မကြောက်ဘူးဟု ပြောနေပါစေ တကယ်တမ်း ထိုအချိန်ကျလျှင် မည်သို့တုံ့ပြန်ရမည်လဲ ရှန်ကျီးနန် သိပ်မသေချာချေ။

"ရောက်ပြီ။" လေသင်္ဘောက ဖြည်းဖြည်းချင်း အရှိန်သေသွားကာ ပြောရင်းဆိုရင်း ကျန်းမုန့်ရှန် ထရပ်လိုက်သည်။

"what are these?"

Awakened in the morning by sunlight, the fragrance of flowers and the chirping of birds, Shen Zhinan was told that Jiang Mengshan had been waiting outside for a long time before he could freshen up.

He hurriedly tidied himself up and changed his clothes to meet Jiang Mengshan. The commander of the imperial guards presented him with exquisite jewelry.

"His Majesty has recently received some exquisite jewelry and gems, and specifically instructed me to bring them over. These are all given to you by His Majesty." Jiang Mengshan seemed to maintain the appearance of a loyal subordinate regardless of when or where. He brought two whole boxes, and expressionlessly opened the lids of the boxes. The dazzling brilliance suddenly filled the room.

"Please thank His Majesty for me..." Shen Zhinan glanced into the box, which was filled with expensive and exquisite ornaments, pearls, gold, agate, and various colored gemstones.

Although Shen Zhinan spent the latter years almost pawning all his jewelry due to his family's bankruptcy, as the most favored youngest son in the family, he was still the only male omega.

Whether it was his father or his brother and sister, every year they would gift him various beautiful pieces of jewelry. His ability to appraise jewelry was quite outstanding, and he had even considered pursuing a career in jewelry design. However, in reality, although Shen Zhinan liked these shiny things, he didn't have much talent in design.

His mother left early, and his brother and sister took on the responsibilities of raising him. They did everything they could to provide him with the best material conditions, spoiling him into a naive and beautiful omega. If not for the setbacks and failures in marriage and family, Shen Zhinan might have remained naive for the rest of his life.

Isn't that a form of happiness too?

Unfortunately, in the past five years, Shen Zhinan experienced the ups and downs of human relationships. He no longer believed in marriage, no longer naively believed in love, and didn't even believe that the pampering and status Hua Qianshuang gave him would last a lifetime.

"Minister Jiang, may I ask how is my father doing now? Can I go see him?"

Hua Qianshuang once mentioned that Jiang Mengshan was now responsible for his father's medical care. Shen Zhinan had also mentioned his father to Hua Qianshuang a while ago. The emperor had told him that his father was currently undergoing treatment and it was not suitable for visits.

Jiang Mengshan stood upright, like a tall pine tree. He stared into the omega's clear green eyes and remembered the valleys and lakes he had seen on a certain planet. The sunlight filtered through the leaves and casting shimmering light on the rippling blue lake surface, as if emeralds were sparkling.

"Your father has passed the critical period and is currently recuperating. He once mentioned wanting to see you. If you need, I can take you to see him," Jiang Mengshan said calmly.

"Is my father awake?" Shen Zhinan asked the maid to store the two boxes of jewelry and couldn't wait to walk to Jiang Mengshan. He was almost a head shorter than the alpha. When he approached, he had to tilt his head slightly to meet Jiang Mengshan's gaze.

Shen Zhinan couldn't wait to see his father. He said to General Alpha: "Minister Jiang, then please take me to see my father. Can we leave now?"

Jiang Mengshan quickly arranged the aircraft to take Shen Zhinan to the military hospital.

The military hospital was very close to the military headquarters.

Shen Zhinan sat on the aircraft and looked down from above.

The unique grand architecture of the military headquarters was very conspicuous, especially the sculpture of the Galactic Emperor, dressed in battle armor and holding a long sword, located right in the center of the military headquarters. It could be considered the iconic building of the military headquarters.

The sculpture of the Galaxy Emperor, standing tall in the center of the Military Headquarters Square, depicted Hua Qianshuang's half-beast form during battle. The upper body was like a human and the lower body resembled a snake's tail.

The military headquarters was not a place that one could enter casually. Logically speaking, having once been the wife of Feng Nian, it shouldn't have been difficult for Shen Zhinan, the general's wife, to enter the military headquarters. However, in reality, Shen Zhinan had never actually entered the military headquarters, nor had he seen up close the half-beast form statue of Hua Qianshuang located in the center of the military headquarters square.

The last time he came to the military headquarters, he was stopped outside by Feng Nian's secretary.

What a ridiculous reason. As Feng Nian's wife, he wanted to see Feng Nian but he had to make an appointment in advance.

"His Majesty, does he really grow a snake's tail when he fights?" Shen Zhinan leaned against the window of the aircraft. He had heard that the lower half of the sculpture was in the shape of a snake. Unfortunately, it was obscured by buildings, and from afar, he could only see the upper half of the sculpture that was human.

"The empire has not seen a war requiring His Majesty's personal presence on the battlefield for nearly thirty years," Jiang Mengshan calmly looked ahead, "I have followed His Majesty for nearly a hundred years and have accompanied him onto the battlefield. He is a powerful warrior, with his half-beast transformation yielding a snake tail covered in indestructible black scales. You could also think of it as the body of a dragon."

"It's hard to imagine..." It was difficult for Shen Zhinan to associate the man he had been intimate with last night with the person who showed his half-beast form on the battlefield.

Jiang Mengshan suddenly said: "Perhaps later you can go to the military department's square to get a closer look at the sculpture of His Majesty in battle. As His Majesty's partner, it's only a matter of time before you see His Majesty's half-beast form. It's better to get used to it sooner rather than later."

He paused, and his voice was as cold as an iron sword pulled out of the icy lake in winter: "Just a friendly reminder, there was once a fragile omega who, upon seeing their alpha husband's half-beast form, fell into panic and fear, and even had to undergo psychological therapy."

Not every alpha can have a half-beast form; transforming into a half-beast is a proof of an alpha or omega's great strength.

"I'm not afraid, and I'm not a delicate omega." Jiang Mengshan's contempt for himself in his words made Shen Zhinan uncomfortable. However, he knew that in the eyes of most people, he was actually a fragile omega. Such stereotype couldn't be changed overnight.

Before marrying Feng Nian, Shen Zhinan was mentally prepared. He watched a large number of videos showing alphas displaying their half-beast forms on the battlefield, constantly watching them to mentally prepare himself in advance.

When powerful alphas like Feng Nian and Hua Qianshuang, when fully marking an omega, are likely to reveal their half-beast forms due to the release of pheromones.

In theory, the same applied to omegas; it was just that very few omegas underwent the harsh ability training from a young age like alphas do.

So far, Hua Qianshuang had never shown his snake tail in front of him. Shen Zhinan said that he was not afraid and was mentally prepared himself, but when the day actually arrived, he wasn't sure how he would react.

"We've arrived." The aircraft slowly came to a stop, and Jiang Mengshan stood up, saying.

DISCUSSION


Leave A Reply

you must Login or register to post a comment


Comments (1)
winzarchi

1 year ago

ဖတ်ရတာနည်းနည်းထောက်နေသလိုပဲ