"တကယ် ကျွန်တော် အဖော်လိုက်ပေးဖို့ မလိုဘူးလား။" ကျန်းမုန့်ရှန်၏ လေသင်္ဘောက စစ်သူကြီးအိမ်တော်အနီး ရပ်သွားသည်။
"မလိုပါဘူး။ ဒီမှာပဲစောင့်ပါ။ အန္တရာယ်ရှိရင် ဆက်သွယ်ရေးကိရိယာကနေတစ်ဆင့် ဆက်သွယ်လိုက်ပါ့မယ်။"
ရှန်ကျီးနန်က ခေါင်းခါပြီး တစ်ယောက်တည်းသွားမယ်ချည်းပြောဆိုသည်။
တခြားအယ်ဖာ၏ရနံ့ကိုသယ်ဆောင်၍ သူ ပြန်သွား၏။ သူနှင့် ဖုန်းနျန်၏ ဆက်ဆံရေးသည် မကောင်းဘဲ ဘယ်တုန်းကမျှ စုံတွဲအစစ်မဖြစ်ခဲ့လျှင်တောင် သူ၏လုပ်ရပ်သည် အယ်ဖာတစ်ယောက်ဖြစ်သည့်ဖုန်းနျန်အား ရန်စသလိုဖြစ်နေမှန်း ရှန်ကျီးနန် သိသည်။
မျက်နှာပျက်ရလျှင် ဖုန်းနျန် တစ်ယောက် ဒေါသထွက်မည်မှန်း သူသိသည်။
တစ်ကိုယ်တော်လှုပ်ရှားရခြင်း၏ ထူးဆန်းမှောင်မိုက်သောအရသာကို ရှန်ကျီးနန် ခံစားမိသည်။ တခြားအယ်ဖာရနံ့နှင့် ဖုန်းနျန်ရှေ့ သွားရပ်ပြီး သနားစရာလူပြက်လို "တွေ့လား။ မင်း ငါ့ကိုမထိရင်တောင် င့ါကိုလိုချင်တဲ့ယောက်ျားတွေမှ အများကြီးပဲ" ဟု ပြောရဖို့ မစောင့်နိုင်တော့ပေ။
ကိုယ့်ဘက်တော်သား ရှစ်ရာဆုံးရှုံးပြီးမှ ရန်သူစစ်သားတစ်ထောင်ကိုနိုင်လို့ မည်သည့်ကောင်းကျိုးရှိမည်နည်း။
သူနေပျော်သရွေ့ ဂရုမစိုက်တော့ပါ။
ဖုန်းနျန်နှင့် ကျန်းယွဲ့ယင်ကို ကူညီချင်ပေမဲ့ သူဟာ သဘောကောင်းသူဟု မဆိုလို။
သူက ဘာကြောင့် သဘောကောင်းသည့်လူ ဖြစ်ရမည်နည်း။
သူကိုယ်တိုင်၏ခံစားချက်များကို နင်းချေ၍ တခြားသူများအား ထည့်သွင်းစဉ်းစားပေးခဲ့သည်။
ယခုတော့ ကြက်အူလိုမျိုး စိတ်သဘောထား သေးသိမ်ကျဉ်းမြောင်းသည့်လူတစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်ထားသည်။
ဖုန်းနျန်ဟာ သူ့ကို လှောင်ပြောင်ဖို့ ကျန်းယွဲ့ယင်အား အိမ်ခေါ်လာသည်။ သို့ဖြစ်၍ သူလည်းပဲ ပြန်၍ လှောင်မည်။
ဒါဟာ ဖုန်းနျန်နှင့် ကျန်းယွဲ့ယင်ကို ကူညီသလို ဖြစ်သွားလျှင်တောင် သူ့ဘက်က ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ရမည်။
စစ်သူကြီးအိမ်တ်ောဆီ နီးကပ်လာသည်နှင့် ကင်းလှည့်နေသာအစောင့်များကို အဝေးမှ လှမ်းမြင်ရသည်။ အလိုလိုပင် မြစိမ်းရောင်မျက်ဝန်းဖြင့် စစ်သူကြီး၏ဇနီးကို သူတို့ သတိပြုမိကြ၏။
ထို့အပြင် ရှန်ကျီးနန်ဆီမှ ထွက်ပေါ်နေသော အားကောင်း၍ အလွန်အမင်း ရန်လိုနေသည့် အယ်ဖာဖယ်ရိုမုန်းကိုရောဖြစ်သည်။
စစ်သူကြီး၏ ဇနီးအနေနှင့် ရှန်ကျီးနန်သည် တစ်ညလုံးအပြင်မှာ နေခဲ့သည့်အပြင် နောက်တစ်နေ့ကျတော့လည်း တခြားအယ်ဖာ၏ ဖယ်ရိုမုန်းကို ရဲရဲတင်းတင်းသယ်ဆောင်ပြီး အိမ်သို့ပြန်လာသည်။
အိမ်တော်ထဲ တစ်လှမ်းသာ ဝင်ရသေးသည်။ သူ့အကြောင်းကတော့ တောမီးကဲ့သို့ တော်ဝင်မြို့တော်ရှိ အထက်တန်းလွှာများဆီ အလျင်အမြန်ပျံ့နှံ့သွားလေသည်။
အမြဲလိုလို အသက်မဲ့နေတတ်သော စစ်သူကြီးအိမ်တော်သည် ယနေ့မှ အထူးသက်ဝင်နေ၏။
ဖုန်းနျန်နှင့် ကျန်းယွဲ့ယင်အပြင် ဖုန်းနျန်၏ မွေးစားမိဘများကိုလည်း တွေ့ရသည်။
ဖုန်းနျန်၏ မိဘအရင်းများကို မသိရချေ။ သူသည် မွေးစားမိဘများအားဖြင့် စစ်ပွဲမှကောက်ယူမွေးစားခံရသော မိဘမဲ့ဖြစ်သည်။
မိဘအရင်းမဟုတ်သော်လည်း ဖုန်းနျန်က မွေးစားမိဘများကို မိသားစုအရင်းသဖွယ် မှတ်ယူထား၏။
အရင်က ရှန်ကျီးနန်၏အဖေသည် သူတို့တွေလက်ထပ်ရန် သူ၏မွေးစားမိဘများနှင့် ဖုန်းနျန်ကို ခြိမ်းခြောက်ထားဖူးသဖြင့်လည်း ဖုန်းနျန်နှင့် သူ၏မွေးစားမိဘများ နှစ်ဦးစလုံးက ရှန်ကျီးနန်အား မကျေနပ်ကြပေ။
"နင်! ဘာဖြစ်ခဲ့တာလဲ! နင်က မလိမ်မာတဲ့ အိုမီဂါမှန်းသိတယ်။ ဒါတော့ လွန်သွားပြီ! အတင့်ရဲလို့ တစ်ညလုံးအပြင်ထွက်ပြီး ဒီလို စက်ဆုပ်စရာအနံ့နဲ့ ပြန်လာရဲတယ်လား။" ဖုန်းနျန်၏ မွေးစားအမေက ကျန်းယွဲ့ယင်ဘေးတွင်ရပ်လို့ ရှန်ကျီးနန်အား ရွံရှာသလိုကြည့်သည်။
မွေးစားအမေနှင့် ကျန်းယွဲ့ယင်တို့ တစ်ယောက်လက် တစ်ယောက် ကိုင်ထားသည်ကိုလည်း တွေ့သည်။
အရင်ကဖြင့် သူလည်းပဲ ဖုန်းနျန်၏ မွေးစားမိဘများ ကျေနပ်စေရန် ကြိုးစားဖူးပေမဲ့ ဖုန်းနျန်ကဲ့သို့ပင် သူ့အား အမြဲတမ်း အထင်သေးကြသည်။ သူ၏တည်ရှိမှုကို ဘယ်တုန်းကမျှ အသိအမှတ်မပြုခဲ့ကြချေ။
"အခန်းကိုပြန်တော့ ရှန်ကျီးနန်။" ဖုန်းနျန် အမိန့်ပေးလိုက်သည်။
စိမ်းသက်သက်အကြည့်က သူ့လမ်းကို ဖြတ်တိုက်သဖြင့် ဖုန်းနျန်၏ တမူထူးစွာ တည်ငြိမ်နေသော မျက်ဝန်းတို့ကို ရှန်ကျီးနန် မော့ကြည့်မိသည်။
သူ့နေရာမှာသာ ကျန်းယွဲ့ယင်ဆိုလျှင် ဖုန်းနျန် ထိုမျှလောက် တည်ငြိမ်နိုင်ဦးမည်လော။
တုံးလိုက်လေ။ သူကတော့ ဖုန်းနျန် စိတ်လွတ်သွားသည့်အမူအရာကို တကယ်မျှော်လင့်ထားခဲ့သည်။ သို့သော် ဖုန်းနျန်သည် သူ့အား အစမှအဆုံး တစ်ခါမျှ ဂရုမစိုက်ဖူးပါဘဲနှင့်။ ဒီတော့ ရှန်ကျီးနန် အပြင်ကယောက်ျားတစ်ယောက်နှင့် အိပ်သည်ကို သူ ဘာကြောင့် အလေးအနက်ထားပါ့မည်နည်း။
ရှန်ကျီးနန် နှုတ်ခမ်းတို့ အသာ ဖွင့်လိုက်ကာ "မင်းမြင်တဲ့အတိုင်း ငါ မင်းကို သစ္စာဖောက်ခဲ့တယ်။ တခြားအယ်ဖာရဲ့ကလေးတောင် ငါဆီမှာ ရှိနေလောက်ပြီ။"
ဖုန်းနျန်၏ မျက်ဝန်းတို့ အနည်းငယ် ကျုံ့ကျဉ်းသွားသည်။
ရှန်ကျီးနန်က ပြုံး၍ပင် ဆက်ပြီး "ဘာပဲဖြစ်ဖြစ် မင်းလည်း ငါ့ကို ချစ်မှမချစ်ဘဲ။ ကွာရှင်းကြရအောင်။"
"Really don't you need me to accompany you there?" Jiang Mengshan's aircraft stopped near the General's Mansion.
"No need, please wait for me here. If there's any danger, I will contact you through the communicator."
Shen Zhinan shook his head and insisted on going back alone.
He went back, carrying the pheromones of another Alpha. Even though his relationship with Feng Nian was not good and they never acted as a real couple, Shen Zhinan also knew that his actions were a provocation to Feng Nian as an Alpha.
Knowing that Feng Nian would lose face, he even got angry because of this.
Shen Zhinan actually felt a strange and dark sense of exhilaration. He couldn't wait to stand in front of Feng Nian with the scent of another man, like a pathetic clown telling him: See, even if you don't touch me, there are plenty of other men who want me.
What benefit is there in defeating a thousand enemy soldiers if one suffers the loss of eight hundred of his own?
He didn't care, as long as he was happy.
He was willing to help Feng Nian and Jiang Yueying, but that didn't mean that he was a generous person.
Why should he be a generous person?
He accommodated others at the expense of his own feelings.
He was determined to be a petty person, to be someone with narrow-mindedness like that of a chicken's intestine.
Feng Nian brought Jiang Yueying to humiliate him, so he humiliated him in return.
Even if it meant helping Feng Nian and Jiang Yueying, he must take revenge fiercely.
Shen Zhinan had just approached the General's mansion when he saw guards patrolling nearby from a distance. The guards naturally noticed the General's wife with emerald eyes-Shen Zhinan.
As well as the strong, extremely aggressive Alpha pheromones emanating from Shen Zhinan.
As the General's wife, Shen Zhinan not only stayed out all night, but he even came back to the General's mansion the next day, brazenly carrying the pheromones of another alpha.
Shen Zhinan had just stepped into the General's mansion, and gossip about him spread like wildfire, quickly circulating through the upper class society of the imperial capital.
The usually lifeless General's Mansion was particularly lively today.
In addition to seeing Feng Nian and Jiang Yueying, Shen Zhinan spotted Feng Nian's adoptive parents.
Feng Nian's biological parents were unknown. He was an orphan picked up on the battlefield by his adoptive parents.
Even though they were not his biological parents, Feng Nian considered his adoptive parents to be his closest family members.
Also because Shen Zhinan's father had once threatened Feng Nian with his adoptive parents to force him into marriage to Shen Zhinan, both Feng Nian and his adoptive parents were very dissatisfied with Shen Zhinan.
"You! What happened to you? I know you are not a well-behaved omega. It's outrageous! How dare you stay out all night and come back with such a disgusting scent?" Feng Nian's adoptive mother stood beside Jiang Yueying, casting a disgusted look at Shen Zhinan.
Feng Nian's foster mother and Jiang Yueying were holding hands together when Shen Zhinan glanced at them.
He had also tried to please Feng Nian's adoptive parents in the past, but they had always looked down upon him, just like Feng Nian. They had never truly acknowledged his identity.
"Shen Zhinan, go back to your room." Feng Nian said in a command tone after a brief pause.
A chilly gaze shot his way, and Shen Zhinan looked up at Feng Nian's oddly calm eyes.
If it were Jiang Yueying standing here today instead of him, could Feng Nian still remain so calm?
How stupid. He actually expected to see Feng Nian's expression of losing his control. However, Feng Nian never cared about him from the beginning to the end, so why would he bother about Shen Zhinan sleeping with some random guy outside?
Shen Zhinan pursed his lips slightly: "As you can see, I cheated on you. Maybe I'm even pregnant with another Alpha's child."
Feng Nian's eyes narrowed slightly.
Shen Zhinan smiled and said, "You don't love me anyway. Let's get a divorce."
Clara
2 years ago
Adoro essa novel 🥰