၁၉
နုံချာညံ့ဖျင်းသော အိုမီဂါ၊ အဆင့်နိမ့်သော အိုမီဂါ၊ ခင်ပွန်း၏စွန့်ပစ်ခြင်းခံရသော အိုမီဂါ၊ ဒေဝါလီခံပြီးနောက် ဘာမျှမရှိတော့သော အိုမီဂါ...
ကွာရှင်းခွင့်လေးရဖို့အတွက်နှင့် တကယ်ပဲထိုမျှလောက် သနားစရာကောင်းရသည်လား။
ချစ်စဖွယ် ခိုဖြူလေးက သူ၏အတောင်ဖြူဖြူလေးဖြန့်ကာ လေထဲဝဲရင်းမှ ရှန်ကျီးနန်၏လက်ချောင်းထိပ်လေးပေါ်လာနားသည်။ အတောင်တစ်ဖက်မြှောက်၍ ခေါင်းလေးငုံ့ရင်း အမွေးအတောင်တို့ကို သန့်ရှင်းနေလေသည်။
ရှန်ကျီးနန်သည်မူ ခိုဖြူလေး၏ ခေါင်းလုံးလုံးလေးအား ညင်သာစွာပွတ်သပ်ပေးရင်း ဒူးပေါ်မေးတင်ကာ သူ၏အဖော်သားရဲလေးကို ခေါင်းငဲ့ကြည့်လို့ ဆိုသည်။ "စစ်သူကြီးအိမ်တော်မှာတုန်းက မင်းပဲ ငါ့ကို အဖော်လုပ်ပေးခဲ့တာ။ အခု နန်းတော်မှာလည်း အဖော်ပြုပေးမယ့်သူက မင်းပဲဖြစ်နေတယ်။"
မူလခန္ဓာနှင့် အဖော်သားရဲတို့ကြားတွင် ဝိဉာဉ်ဆက်နွယ်မှုရှိ၏။ ရှန်ကျီးနန်၏ အဖော်သားရဲသည် ခိုဖြူလေးတစ်ကောက်သာဖြစ်စေကာမူ ၎င်းဟာ သူ၏မျက်လုံးအစုံနှင့်တူ၏။ အထီးကျန်စရာ စစ်သူကြီးအိမ်တော်နှင့် တန်ဖိုးကြီးတော်ဝင်နန်းတော်မှ သူ့အားခေါ်ထုတ်၍ ထူးထူးဆန်းဆန်းအကြောင်းအရာမျိုးစုံကို ခိုးနားထောင်ရန် တော်ဝင်မြို့တော်ဆီ ပျံသန်းသွားတတ်သည်။
ဖုန်းနျန်နှင့် ကွာရှင်း၍ စစ်သူကြီးအိမ်တော်မှ ထွက်လာသည်မှာ ခုနစ်ရက်သာရှိသေးသည်။
ဖုန်းနျန်နှင့် သူ ကွာရှင်းကြောင်းကိစ္စသည် မြို့တော်တစ်ခုလုံး ပျံ့နှံ့၍ မကောင်းသတင်းအများစုဟာ သူ့ကိုသာ ဦးတည်နေ၏။
"ဒီမှာ ပျင်းစရာကောင်းလား။" နောက်ကျောဘက်မှ အေးမြသည့်အသံဟာ ပဲ့တင်ထပ်လာသည်။
ရှန်ကျီးနန် လန့်ပြီး ခုန သူ့လက်ချောင်းတို့ပေါ်နားနေသော ခိုဖြူလေးမှာလည်း နေရာမှာတင် အခိုးအငွေ့လေးအဖြစ် ကွယ်ပျောက်သွားလေသည်။
"အ-အရှင်မင်းကြီး! ဘာကြောင့် ဒီကိုလာတာပါလဲ..." ကပျာကယာ ခုံတန်းရှည်ပေါ်မှခုန်ဆင်းပြီး သူ ဦးညွှတ်သည်။
အပြည့်အဝ ဒူးတို့ကွေးတော့မလို့လုပ်စဉ် ဖြူသွယ်သွယ်လက်က ရှန်ကျီးနန်၏လက်မောင်းကိုလာကိုင်ပြီး တားသည်။
"တို့နှစ်ယောက်ကြားမှာ သမရိုးကျဆန်ဖို့မလိုဘူး။" မနက်ခင်းအလင်းရောင်နှင့်အတူ ဆိုက်ရောက်လာသော ဧကရာဇ်သည် ခေါင်းမှခြေအဆုံး ရွှေရောင်စက်ဝန်းတို့ ပတ်လျှံထားသည့်အတိုင်းပင်။ နက်ရှိုင်းဩရှသော အသံသည် ယစ်မူးစေသော ဝိုင်တစ်ခွက်နှယ် ချိုသာသော်ငြား လွှမ်းမိုးငွေ့လည်း ပါသေးသည်။
ရှန်ကျီးနန်၏လက်မောင်းကိုကိုင်ထားသောလက်က တဖြည်းဖြည်းလျှောကျ၍ ထိုမှ ရှန်ကျီးနန်၏ သွယ်လျသောခါးကို ဖက်လိုက်သည်။ ထို့နောက် ဟွားချန်းရွှမ်သည် ခုံတန်းပေါ်ထိုင်လျက် အတော်လေး လန့်နေသော ရှန်ကျီးနန်အား သူ့ရင်ထဲ ဆွဲထည့်လိုက်လေသည်။
ဟွားချန်းရွှမ်၏ပေါင်ပေါ် တက်ထိုင်လျက်သားဖြစ်သွားသော ရှန်ကျီးနန်မှာမူ တစ်ကိုယ်လုံး တောင့်တင်းသွား၏။
မသိလျှင် ဧကရာဇ်၏ရင်ခွင်ထဲ မီထောင်ထားသော သစ်သားရုပ်ထုကဲ့သို့ပင်။
သူတို့၏ ပထမဆုံးသွေးသားစပ်ယှက်ပြီး ခုနစ်ရက်မြောက်နေ့ဖြစ်သည်။ စစ်သူကြီးအိမ်တော်မှ ထွက်လာပြီးနောက် ရှန်ကျီးနန်အား တော်ဝင်မြို့တော်အထက်တွင် တည်နေသော နန်းတော်ဆီ ပြန်ခေါ်လာခဲ့၏။
ထိုခုနစ်ရက်အတွင်း ဟွားချန်းရွှမ် သူ့ဆီ နေ့တိုင်းလာသည်။ သို့သော် သူ့အား ထိလည်းမထိသလို အလွန်ရမ္မက်ဆန်သော အမူအရာမျိုးလည်း မပြချေ။
ဒါဟာ ရှန်ကျီးနန်အား အတော်လေး စိတ်မသက်မသာဖြစ်စေ၏။ တစ်ခါတလေတော့လည်း မြို့တော်ကလူတွေပြောသလို အယ်ဖာများသည် သူ့အား တစ်ခါမြည်စမ်းပြီးသည်နှင့် ငြီးငွေ့သွားသလားဟု သံသယဝင်မိ၏။
သူဟာ သံသယဖြစ်စရာမရှိအောင် အင်ပါယာနှင်းဆီတစ်ပွင့်ဖြစ်၏။
သို့သော် ဟွားချန်းရွှမ်အတွက်မူ မည်သည့်လှပသောအိုမီဂါကိုမဆို ရနိုင်သည်။
သူကျတော့ရော။ သူ့မှာရှိသမျှသည် လှပပြီး စိတ်ဝင်စားစရာမကောင်းသော ကိုယ်ခန္ဓာပင်ဖြစ်သည်။
"သူတို့က မင်းရဲ့အစေခံလည်းဖြစ်သလို ကိုယ်ရံတော်လည်း ဟုတ်တယ်။" ဟု ဟွားချန်းရွှမ်က ဆိုသည်။
ထိုအခါမှသာ ဟွားချန်းရွှမ်၏ဘေးတွင် အမျိုးသမီးအစေခံနှစ်ယောက်ရပ်နေမှန်း သူ သတိပြုမိသည်။
မည်သည့်ဖယ်ရိုမုန်းကိုမျှ မတွေ့ရချေ။ နှစ်ယောက်လုံးက ဆယ့်ခြောက် ဆယ့်ခုနစ်နှစ်ဝန်းကျင် ဘီတာများဖြစ်ပုံရသည်။
"အစေခံ ကျီးကျီးပါ"
"အစေခံ ဝမ့်ဝမ့်ပါ။""
ပြီး တစ်ပြိုင်တည်း "နှုတ်ဆက်ပါတယ် မိဖုရား"
"... ကျွန်တော်က မိဖုရားမဟုတ်သေးပါဘူး" မထင်မှတ်သည့် ဘွဲ့အမည်ကြောင့် ရှန်ကျီးနန် ကြောင်အ သွားသည်။ လှောင်အိမ်ထဲပိတ်မိနေသော စာငှက်ကလေးလို သူ ခံစားရသည်။ သည်ရက်များအတွင်း ဟွားချန်းရွှမ်မှလွဲ၍ မည်သူ့ကိုမျှ သူ မမြင်တွေ့ခဲ့ရပေ။
တချို့အချိန်များတွင် ဟွားချန်းရွှမ်၏ သူ့အားမိဖုရားတင်မြှောက်မည်ဟူသော စကားများဟာ အိပ်ရာထက်မှပေါ်လာသည့် ခဏတဖြုတ် ပြက်လုံးလိုပင်။
အရင်က သူ့အား ဖုန်းနျန် အမှတ်အသားမပေးခဲ့သော်ငြား သူသည် အိမ်ထောင်သည်ဖြစ်နေသေး၏။
"ကိန်းခမ်းမကြီးရုံပါ" ဆို၍ ဟွားချန်းရွှမ်သည် ကျီးကျီးနှင့် ဝမ့်ဝမ့်အား ပြန်ဆုတ်စေကာ လက်တို့ကတော့ ရှန်ကျီးနန်၏ခါးမှာပင် ဝေ့လည်နေလေသည်။
အစေခံနှစ်ဦး ထွက်သွားသည်နှင့် ဟွားချန်းရွှမ်သည် ရှန်ကျီးနန်၏ နူးညံ့သောမေးဖျားအား အသာဖျစ်ညှစ်လိုက်သည်။
သစ်ကတိုးရနံ့သည် ၎င်းတို့၏ နှုတ်ခမ်းများကြားထဲ စိမ့်ဝင်ပျံ့နှံ့လျက် ရှန်ကျီးနန် အနည်းငယ် ရီဝေလာသည်။ ထို့ကြောင့် ဟွားချန်းရွှမ်၏ပုခုံးတို့ကို လက်နှစ်ဖက်ဖြင့် ဖက်တွယ်ထားမိ၏။
အသိစိတ်လုံးလုံးပြန်မကပ်သေးခင် သူသည် ဟွားချန်းရွှမ်၏ပေါင်ပေါ်ထိုင်နေရင်းမှ ဟွားချန်းရွှမ်၏အောက်တွင် လှဲလျက်သားဖြစ်နေသည်။
ခုံတန်းပေါ်တွင် ပုံရိပ်နှစ်ခု ရစ်ပတ်တွယ်ငြိနေသည်။ မြင့်မားသန်မာသော အယ်ဖာသည် သေးသွယ်သော အိုမီဂါအား အသာအယာ ပွေ့ဖက်ထားပါ၏။
"အရှင်မင်းကြီး--" သူ့အောက်ရှိ ခုံတန်းပေါ်မှ စောင်ကို ရှန်ကျီးနန် စိတ်လှုပ်တရှား ဆုပ်မိသည်။
အပေါ်မှလူသည် ကောင်ကင်မှဖြာကျသော အလင်းကို အုပ်ကာထားပြီး သူ့အား လွှမ်းမိုးနိုင်သောအရိပ်အောက်တွင် နားစေသည်။
လေထဲရှိ ဖယ်ရိုမုန်းပြင်းအားက ပိုလေးလံလာသည်။ ရှန်ကျီးနန် တိတ်တဆိတ်အချက်ပြမှုကို ခံစားမိပြီးနောက် ဒါဟာ အယ်ဖာ၏ ရမ္မက်ပြင်းပြသော လက္ခဏာမှန်း သူ နားလည်လိုက်သည်။
"ပြန်-ပြန်ဝင်လို့ရမလား" ရှန်ကျီးနန်က လှုိက်မောသောအသံဖြင့် တောင်းဆိုသည်။ ယခုနေရာသည် အပြင်ဘက်ရှိ လေသာဥယျာဉ်ဖြစ်ကာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မမြင်သော်လည်း ရှန်ကျီးနန် လူမြင်ခံရမှာကိုတော့ ကြောက်သည်။
"ဒီမှာ ဘယ်သူမှမရှိဘူးလေ။" ဟွားချန်းရွှမ် ထိုသို့ပြောလိုက်ပေမဲ့ တကယ့်တကယ်မှာတော့ ရှန်ကျီးနန်အား ပွေ့ချီနှင့်ပြီးဖြစ်သည်။
"ဒဏ်ရာတွေက နာသေးလား။" နန်းတော်ထဲသို့ ခပ်သောသောလျှောက်ဝင်လာရင်း ဟွားချန်းရွှမ် က မေးသည်။
ဟွားချန်းရွှမ်၏စကားကို ရှန်ကျီးနန် သဘောပေါက်၏။ ထိုအခါ အယ်ဖာ၏ရင်ခွင်ထဲ ခေါင်းအပ်၍ တိုးတိုးလေး ပြောမိသည်။ "မနာတော့ပါဘူး အရှင်မင်းကြီး"
လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ဟွားချန်းရွှမ် သူ့အား မထိခဲ့သည်မှာ ယခင်က သူပေးခဲ့သော ဒဏ်ရာများကို စိုးရိမ်၍ဖြစ်သည်။
ထိုအရာဟာ သူ၏ပထမဆုံးအကြိမ်ဖြစ်သော်လည်း ကံကောင်းထောက်မစွာ သွေးမထွက်ခဲ့ချေ။
ဧကရာဇ်ဘက်က တစ်ညလုံး တောက်လျှောက်ခရီးဆက်ခဲ့ပေမဲ့ ဘယ်ကမှန်းမသိသည့် မှော်ဆေးဝါးကို ကျေးဇူးတင်ရမည်။ ပြီးသွားတော့ နာကျင်ရောင်ရမ်းမှုအနည်းငယ်သာ ခံစားရသည်။ နောက်သုံးလေးရက်နေတော့ တဖြည်းဖြည်း အရှင်းပျောက်သွား၏။
"ကျီးကျီးနဲ့ ဝမ့်ဝမ့်က ဘီတာတွေပေမဲ့ သူတို့ရဲ့တိုက်ခိုက်စွမ်းရည်ကတော့ အယ်ဖာတွေထက်မနိမ့်ဘူး။ သူတို့ကို ဆန္ဒရှိသလို အမိန့်ပေးနိုင်တယ်။ နန်းတော်ထဲက ပျင်းစရာကောင်းရင် မြို့တော်ထဲမှာ လွတ်လွတ်လပ်လပ်လျှောက်လည်လို့ရတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကိုတော့ သေချာ ခေါ်သွားချေ။"
နန်းတော်အဆောက်အဦထဲ ခြေချမိသည်နှင့် ဟွားချန်းရွှမ်သည် တံခါးနောက်ပြန်ပိတ်၍ ရှန်ကျီးနန်အား ခိုင်မာသည့်တံခါးမှာ ကပ်လိုက်သည်။ ပြီးလျှင် ပါးစပ်ဟ၍ သွားစွယ်ဖြင့် အိုမီဂါ၏လည်ဂုတ်နောက်ရှိ ဂလန်းအား ပြင်းပြစွာ ကိုက်ခြေလိုက်လေသည်။
ထိုအခါ နှင်းဆီဖြူရနံ့မွှေးမွှေးသည် သူ၏နှုတ်ခမ်းအစုံကြားမှ လျှံထွက်ကာ သူ့ရင်ထဲရှိ အစကတောင့်တင်းနေသော အိုမီဂါသည်လည်း ရေလိုမျိုး ပျော့ပျောင်းသွားတော့သည်။
"အရှင်မင်းကြီး--" ရှန်ကျီးနန် အသက်လုရှူရသည်။ မျှော်လင့်မထားသည့် ကိုက်ခြေမှုက သူ့အား ခွေယိုင်စေ၏။ ထို့ကြောင့်ပင် အယ်ဖာ၏ အပြောကျယ်သော ပွေ့ဖက်မှုထဲ အားနည်းစွာ တိုးဝင်မိသည်။
"စိတ်လျှော့ထား။ မင်းပျော်ရအောင် လုပ်ပေးမယ်။" ဆို၍ ဟွားချန်းရွှမ်သည် ရှန်ကျီးနန်၏ကျောကို အသာပုတ်ပေးပြီး အိုမိဂါ၏နားဆီ တိုးကပ်၍ တီးတိုးပြောသည်မှာ "မှတ်ထားချေ။ မင်းကို ငါ ဟွားချန်းရွှမ်က ပိုင်တယ်ဆိုတာ။ ဂလက်ဆီအင်ပါယာမှာ ဘယ်သူကမှ မင်းကို ဆန့်ကျင်လို့မရဘူး။"
"အခွင့်အာဏာကို အပြည့်အဝအသုံးချတော့ ရှန်ကျီးနန်။""
Poor and foolish omega, the omega at the lower rank, the omega rejected by his husband, the omega left with nothing after the family went bankrupt...
Is it really that miserable to just get a divorce?
The chubby little white dove flapped its pristine wings and, after circling in the mid-air, landed on the fingertips of Shen Zhinan. With its small head bowed, it lifted one wing to groom its feathers.
Gently rubbing the round head of the little white dove with his fingers, Shen Zhinan rested his head on his knees and tilted his head to look at his little companion beast: "When I was in the General's Mansion, you were the only one who accompanied me. Now in the palace, it's still only you who accompanies me."
There was a close spiritual connection between the main body and the companion beast. Although Shen Zhinan's companion beast was just a little dove, sometimes it was like a pair of eyes for him. It could take him away from the lonely general's mansion and the magnificent and luxurious imperial palace, flying to the people of the imperial capital to eavesdrop on those strange rumors.
Only seven days had passed since he divorced Feng Nian and left the General's Mansion.
There were a lot of rumors in the imperial capital about his divorce with Feng Nian, but most of the unfavourable gossip was centered around him.
"Is it boring here?" A cool voice sounded from behind.
Shen Zhinan was startled, and the little white dove perched on his finger turned into a burst of smoke, disappearing on the spot.
"Y-Your Majesty! Why are you here..." Shen Zhinan jumped off the bench covered with soft cushions and saluted hurriedly.
Just as his knees were bent, a pale hand held Shen Zhinan's arm, stopping Shen Zhinan from saluting.
"Between you and me, there's no need for these formalities." The emperor, who approached in the morning light, seemed to be covered in a halo of golden radiance. His deep and mellow voice was like a cup of intoxicating wine, extremely pleasant to the ear, yet it always carried a sense of oppression.
Sliding his hand down Shen Zhinan's arm, he gently embraced the omega's slender waist. Hua Qianshuang sat on the bench, effortlessly pulling the somewhat startled Shen Zhinan into his arms.
Being led to sit sideways on Hua Qianshuang's lap, Shen Zhinan's entire body stiffened.
He was like an incomprehensible piece of wood, leaning upright in the emperor's embrace.
Seven days had passed since their first intimacy. After leaving the General's Mansion, Shen Zhinan was taken back to the palace towering above the imperial capital.
Hua Qianshuang came to see him every day for the past seven days, but he never touched him again, nor did he show any overly intimate behaviour.
This more or less increased Shen Zhinan's anxiety, and sometimes he couldn't even help but wonder if, as those people in the imperial capital said, alphas felt bored after tasting him once.
He was certainly a beautiful imperial rose.
But for Hua Qianshuang, what kind of beautiful omega was unattainable for him?
What about him? All he had was this beautiful but uninteresting body.
"They are your maids and also your guards." Hua Qianshuang said.
Only then did Shen Zhinan notice that besides Hua Qianshuang, there were two girls present.
He couldn't smell any pheromones. Both girls were probably betas, appearing to be around sixteen or seventeen years old.
"Subordinate Zhizhi."
"Subordinate Wenwen."
The two said in unison: "Greetings, Your Grace ."
"...I'm not the queen yet." Shen Zhinan was startled by the sudden honorific. He felt like a canary kept in a cage. He had never seen anyone else except Hua Qianshuang in the past few days.
At times, he even thought that Hua Qianshuang's words about making him the empress were just a temporary joke born out of passion.
Although he has not been marked by Feng Nian before, he was, after all, someone who had been married.
"It just lacks a ceremony." Hua Qianshuang motioned for Zhizhi and Wenwen to withdraw, his palms lingering on Shen Zhinan's waist.
The two maids had just stepped back when Hua Qianshuang held Shen Zhinan's delicate chin, leaning in.
The rich scent of cedar filled the air between their lips and teeth, making Shen Zhinan's whole head feel dizzy. He held Hua Qianshuang's shoulders tightly with both hands.
Before he could regain his senses, he had gone from sitting on Hua Qianshuang's lap to lying beneath him.
Two figures embrace on a bench in the garden, with the tall and strong alpha easily holding the smaller omega between his arms and the soft blanket of the bench.
"Your Majesty—" Shen Zhinan nervously grasped the plush blanket covering the bench under him.
The man above him blocked the cascading light from the sky. He was imprisoned in a shadow, undergoing scrutiny from the dominant figure.
The concentration of pheromones in the air gradually deepened, and Shen Zhinan felt secretly frightened. He knew that this was a sign of the alpha's lust.
"Can we, can we go back?" Shen Zhinan pleaded softly. This was the outdoor garden outside the house; even though he had never seen anyone appear here, Shen Zhinan was still afraid of being seen.
"There's no one else here." Having said that, Hua Qianshuang still lifted Shen Zhinan from the bench horizontally.
"Does your body still hurt?" Hua Qianshuang suddenly asked as he strode into the house.
Shen Zhinan realized what Hua Qianshuang was asking. He buried his head into the alpha's chest, and uttered a muffled voice: "It doesn't hurt anymore, Your Majesty."
So Hua Qianshuang didn't touch him these past few days, was it because he was afraid that his previous injury would not heal?
Although it was his first time, luckily there was no bleeding.
The emperor indeed tormented him all night, but somehow, through some method or miracle medicine, Shen Zhinan afterwards only felt some soreness and swelling pain in his body. That slight sense of discomfort gradually disappeared over the next three or four days.
"Although Zhizhi and Wenwen are betas, their combat power is not inferior to that of alphas. You can use them at will. If you get bored staying in the palace, you can freely spend your time in the imperial capital, but be sure to bring both of them with you."
Stepping into the palace, Hua Qianshuang closed the door with his backhand and pressed Shen Zhinan against the sturdy door panel. He opened his mouth, exposed his teeth, and eagerly bit the gland on the back of the omega's neck.
The rich fragrance of white roses overflowed between their lips and teeth, and the stiff body of the omega in his arms became as soft as water.
"Your Majesty—" Shen Zhinan gasped for breath. The sudden bite made his body completely limp, and he slumped feebly in the alpha's generous embrace.
"Relax, I will make you happy." Hua Qianshuang gently patted Shen Zhinan's lower back, leaned against the omega's ear, and whispered, "Remember, you belong to me, Hua Qianshuang. No one within the Galactic Empire can offend you."
"Use your privileges to the fullest, Shen Zhinan."
Cherry876
1 year ago
Star orderမှာထားပါတယ်သာသာ