Chapter 31
“ဗိုလ်ချုပ်ဖုန်းနျန်တောင် လမ်းလျှောက်ထွက်လာတယ်ဆိုတော့ ဒီနေ့ရာသီဉတုကသာယာတာပဲ” ကျန်းမုန့်ရှန်းကဖုန်းနျန်နဲ့ရပ်ပြီးစကားပြောဖို့အစီအစဉ်မရှိပဲ ငြိမ်သတ်စွာပြန်ဖြေလိုက်ပြီး ရှေ့ကိုဆက်သွားလိုက်သည်
ရှန်ကျီးနန်လည်းသူ့နောက်လိုက်သွားပြီး ဖုန်းနျန်နားကဖြတ်သွားတဲ့အခါ တစ်ချက်မှမကြည့်ပဲလျစ်လျူရှုသွားသည်
ဖုန်းနျန်ဘေးနားကဖြတ်သွားတဲ့အခါ စူးရှတဲ့အကြည့်ကသူ့ကိုစိုက်ကြည့်နေတယ်လို့ခံစားရတယ်
ပြန်လှည့်ကြည့်ချင်တဲ့စိတ်တွေကိုချုပ်တည်းပြီး ရှန်ကျီးနန်တစ်ယောက် ကျန်းမုန့်ရှန်းနောက်ကိုတစ်ချက်လေးမှလှည့်မကြည့်ပဲလိုက်သွားခဲ့သည်
ဝေးကွာသွားတာနဲ့အမျှ အဲဒီလျစ်လျူရှုထားတဲ့ဖိအားတွေလည်း တဖြည်းဖြည်းပျောက်ကွယ်သွားသည်
ရှန်ကျီးနန် သက်ပြင်းတစ်ချက်ချလိုက်သည် ကံကောင်းစွာနဲ့ သူဖုန်းနျန်ရှေ့မှာ တုန်လှုပ်မှမဖြစ်သွားဘူး အစက ဒီနေ့သူ့အဖေကိုတွေ့လိုက်ရတော့ သူ့စိတ်အခြေအနေကတော်တောကောင်းနေခဲ့သည် လမ်းတစ်ဝက်မှာ ဖုန်းနျန်နဲ့တွေ့တော့ ဒီနေ့ရဲ့စိတ်အခြေအနေတွေအကုန်ပျက်စီးသွားပြီ
“ရောက်ပြီ” ဘေးကအသံကြားကရှန်ကျီးနန်ကိုအတွေးထဲကနေလှုပ်နိုးလိုက်သည်
ကျန်းမုန့်ရှန်းကခြေလှမ်းတွေကိုရပ်လိုက်သည် ရှန်ကျီးနန်ခေါင်းမော့ကြည့်လိုက်တော့ ကြီးမားလှတဲ့ရုပ်ထုက ကွင်းပြင်အလယ်မှာ ရှိနေသည် လက်စသတ်တော့ သူတို့စစ်စခန်းရဲ့အလယ်ကိုရောက်နေပြီပဲ
ဟွားချန်ရွှမ်းရဲ့ ရုပ်ထုကအဆောက်အအုံလေးငါးထပ်လောက်မြှင့်သည် အပေါ်ပိုင်းကသူရင်းနှီးတဲ့လူပုံစံဖြစ်ပြီး အောက်ပိုင်းကတော့ သူဗီဒီယိုထဲမှာမြင်တဲ့အတိုင်းပဲ မြွေ၏အမြီးဖြစ်သည်
ကြီးမားပြီးရှည်လျားတဲ့အနက်ရောင်အမြီးက အောက်ပိုင်းမှာ ရှိပြီး နေရောင်အောက်မှာ တုန်လှုပ်ဖွယ်ကောင်းပြီး အေးစက်တဲ့ကြေးခွံတွေကတလက်လက်တောက်ပနေသည်
ရှန်ကျီးနန် တံထွေးတစ်ချက်မြိုချပြီး ထွင်းထုထားတဲ့ရုပ်ထုကိုမော့ကြည့်လိုက်သည် ထွင်းထုပေးထားတဲ့ဆရာက ဟွားချန်ရွှမ်းကိုထွင်းထုထားရာမှာအသက်ဝင်လှသည် လှပတဲ့မျက်နှာထက်မှာ ဟွားချန်ရွှမ်းရဲ့အင်အားနဲ့မော်ကြွားမှုတွေထင်ဟပ်နေသည် တစ်ချိန်ထဲမှာပဲ သေမျိုးတွေထက်ကျော်လွန်ပြီး နတ်ဘုရားတစ်ယောက်နဲ့တူနေသည်
သူရဲ့အမူအရာက အေးစက်ပြီး ရက်စက်ကြမ်းကြုပ်မှုတွေနဲ့ပြည်နှက်နေသည်
ဒီလိုမြင့်မြတ်ပြီး အေးစက်ပြီးခံစားချက်မရှိတဲ့သူကလည်း ဆန္ဒနဲ့ပတ်သတ်ရင် ညစ်ညမ်းသွားဆိုတာ ထင်မြင်ဖို့ခက်သည်
ရီဝေနေတဲ့အကြည့်နဲ့ ဆန္ဒပြည့်ဝကြောင်းကိုဖော်ပြသည်
ရှန်ကျီးနန် ဟွားချန်းရွှမ်းရုပ်ထုကနေအကြည့်ရုပ်သိမ်းလိုက်ပြီး ဘေးနားမှာမျက်လုံးပိတ်ပြီးအနားယူနေတဲ့ကျန်းမုန့်ရှန်းကိုကြည့်ပြီး သိချင်စိတ်နဲ့မေးလိုက်သည် “ဗိုလ်ချုပ်ကျန်းရဲ့ သားရဲတစ်ဝက်က ဘာသတ္တဝါလဲ”
ကျန်းမုန့်ရှန်း မျက်လုံးဖွင့်လိုက်သည် နေရောက်အောက်ကမျက်ဝန်းသည် ကြည်လင်တောက်ပသောအရောင်အဆင်းရှိသည် “အနက်ရောင်ကျားသစ်”
“မူလပုံစံလား”
“မဟုတ်ဘူး”
ရိုးရိုးစင်းစင်းနဲ့ပြန်ဖြေသည်
ကျန်းမုန့်ရှန်ရဲ့မူလပုံစံကဘယ်လိုလည်းဆိုတာ ရှန်ကျီးနန်အရမ်းသိချင်သည် သားရဲပြောင်းလဲဖြစ်စဉ်က ပုံမှန်ဆို စစ်တိုက်နေတဲ့အချိန်မှာပေါ်ထွက်တာ သူတို့ရဲ့သားရဲတစ်ဝက်က ပုံမှန်အချိန်ဆို သတ္တဝါငယ်ပုံစံပဲဖြစ်သည်
ဉပမာ သူ့ရဲ့သားရဲတစ်ဝက်က အဖြူရောင်ခိုတစ်ကောင်ဖြစ်သည်
ပုံစံပြောင်းလဲသွားတာရင်တောင် လက်ရှိမှာ ရှန်ကျီးနန်မှာအဲဒီလိုအစွမ်းအစမရှိသေးဘူး ဒါပေမဲ့ သူ့ရဲ့အယ်ဖာက အစွမ်းအထက်ဆုံးအယ်ဖာဖြစ်ပါက ဟွားချန်းရွှမ်းရဲ့အာဟာရက သူ့ကိုတဖြည်းဖြည်းသန်မာလာစေမှာ ပြီးတော့ သားရဲ့တစ်ဝက်ပုံစံကို ပိုင်ဆိုင်လိမ့်မယ်
တကယ်လို့ အဲဒီလိုနေ့မျိုးရောက်လာခဲ့ရင် သူ့ရဲ့ခိုဖြူလေးက ဘယ်လိုပုံစံပြောင်းလဲသွားမလဲဆိုတာသူသိချင်သည် ဒါက သားရဲတစ်ဝက်ပုံစံနဲ့သတ်ဆိုင်သည်
ထူးထူးဆန်းဆန်းပုံမဖြစ်ဖို့ ရှန်ကျီးနန်မျှော်လင့်ပါတယ်
သူအရင်ကျောင်းတက်တဲ့အချိန်တုန်းက ထူးထူးဆန်းဆန်းသားရဲပုံတစ်ဝက်ပြောင်းသွားတာကိုမြင်ဖူးတယ် တစ်ချို့သူတွေက အပေါ်ပိုင်းကသမင်ပုံစံ အောက်ပိုင်းကလူပြောင်းသွားတာမြင်ဖူးတယ်
မတော်လို့ သုကိုယ်တိုင်အပေါ်ပိုင်းက သားရဲတစ်ဝက်ပုံပြောင်းသွားလို့ကတော့ သူဒီတစ်သက်လုံး သားရဲပုံပြောင်းမှာမဟုတ်ဘူးလို့ကျိန်ဆိုသည်
“ဗိုလ်ချုပ်ကျန်း ကျေးဇူးပြုပြီး ကျွန်တော်ကို ပြန်ပို့ပေးပါဦး” ဟွားချန်ရွှမ်းရဲ့သားရဲတစ်ဝက်ရုပ်ထုကိုကြည့်ပြီးသွားပြီဆိုတော့ သူ ဒီစစ်စခန်းမှာနေလည်း ဘာအဓိပ္ပာယ်မှမရှိတော့ဘူး
တကယ်တော့ သူစစ်စခန်းကလည်ပတ်ချင်သေးတယ် ဒါက ငါးနှစ်အတွင်းသိချင်တဲ့နေရာတစ်ခုဖြစ်ပေမဲ့လည်း ဝင်ဖို့အခွင့်အရေးမရှိခဲ့ဘူး
အရင်တစ်ခေါက်လာတုန်းက သူအဖေအပြင်းအထန်နေမကောင်းဖြစ်ကြောင်းသိလိုက်ရသည်
ဖုန်းနျန်ကအိမ်မပြန်လာတာနဲ့ စစ်စခန်းမှာ ဖုန်းနျန်ကိုလာရှာဖို့ပဲရှိတော့တယ် ဖုန်းနျန်သူအဖေကိုစစ်ဆေးရုံမှာဆေးကုပေးဖို့အကူအညီတောင်းချင်ခဲ့တာ
ဒါပေမဲ့နောက်ဆုံတော့ ဖုန်းနျန်ရဲ့အတွင်းရေးမှုးတားတာခံလိုက်ရပြီး ကြိုတင်ချိန်းဆိုရမယ်လို့အပြောခံခဲ့ရတယ်
ပြီးတော့ အဲဒီချိန်းဆိုရမဲ့ထဲမှာ သူအပါအဝင်တဲ့
အဲအချိန်တုန်းကဖုန်းနျန်ကဘယ်မှာလဲ ကျန်းရွဲ့ယင်းကိုအဖော်လုပ်ပေးနေခဲ့တာလေ
အရင်ကစစ်စခန်းကဖုန်းနျန်ကိုလာရှာတာမတွေ့ခဲ့ဘူး ဒီနေ့မထင်မှတ်ပဲဖုန်းနျန်နဲ့တွေ့ခဲ့တယ် ကံကြမ္မာက လူကိုစနောက်ရတာကြိုက်တာပဲ
ဒါပေမဲ့ ခုနကဖုန်းနျန်နဲ့တွေ့လိုက်တော့ စစ်စခန်းကိုလှည့်ပတ်ကြည့်ဖို့ သူစိတ်မဝင်စားတော့ဘူး
“အင်း” ကျန်းမုန့်ရှန်းရဲ့ အဲဒီအကျင့်ကို သူအရမ်းကြိုက်တယ် အဲဒါကဘယ်တော့မှအများကြီးမမေးတာပဲ
ကျန်းမုန့်ရှန်းကစစ်စခန်းကရာထူးကြီးနေရာမှာအကြာကြီးထိုင်ပြီး တစ်ချိန်ထဲမှာပဲ အစောင့်တပ်မှုးအဖြစ်တာဝန်ထမ်းဆောင်နိုင်ပြီး ဟွားချန်ရွှမ်းရဲ့ဘေးကလူဖြစ်လာတော့တာမဆန်းပါဘူးလို့ ရှန်းကျီးနန်စဉ်းစားနေသည်
“မတွေ့တာကြာပြီနော် ဗိုလ်ချုပ်ကျန်း ဒီတစ်ယောက်က…” လူစိမ်းတစ်ယောက်ရဲ့အသံက အနီးအနားကနေပျံလွင့်လာသည်
ရှန်ကျီးနန်ရဲ့အကြည့်တွေက ဘေးကလူစိမ်းဆီရောက်သွားသည် သူဒီလူကိုမသိဘုး အရင်တုန်းကတွေ့ဖူးလားဆိုတာလည်းမမှတ်မိဘူး ဒါပေမဲ့ အနက်ရောင်စစ်ဝတ်စုံဝတ်ထားတာကိုကြည့်ရရင် ဒီမက်မွန်ပွင့်မျက်လုံးနဲ့ယောကျာ်းက စစ်စခန်းကရာထူးကြီးတဲ့သူပဲဖြစ်မယ်
“မင်းငါ့ကိုသိလား” ရှန်ကျီးနန် လက်ထပ်ပြီးကတည်းက လူရှေ့ထွက်တာနည်းသည်
ရှေ့နှစ်နှစ်တုန်းက ဖုန်းနျန်သူ့ကိုပစ်ပြီး စစ်မြေပြင်ကိုသွားတုန်းက အပြင်ထွက်တာနဲ့လူတွေသူ့ကိုလှောင်မှာကြောက်သည်
သုံးနှစ်ပြီတော့ ဒေဝါလီခံသွားရတာကြောင့် ချမ်းသားတဲ့မိသားစုကသားဗိုလ်ချုပ်ဇနီးတစ်ယောက်အနေနဲ့ သူလှပတဲ့အဆင်တန်ဆာတွေကိုမဆင်နိုင်တော့ဘူး
ဒီမက်မွန်မျက်လုံးနဲ့သူက လွန်ခဲ့တဲ့ငါးနှစ်တုန်းကသူ့ကိုသိခဲ့တာထင်တယ်
“သေချာတာပေါ့ ငါအရင်တုန်းက မင်းရဲ့အရွယ်ရောက်အခမ်းအနားကိုတက်ရောက်ဖူးတယ် မင်းနဲ့တစ်ခါတွေ့ဖူးတဲ့ရေစက်ရှိတယ်” အဲဒီလူပြုံးလိုက်တဲ့အချိန် မက်မွန်မျက်ဝန်းတစ်စုံက ကျက်သရေရှိနေသည် ထိုသူကသက်ပြင်းတစ်ချက်ချလိုက်ပြီး နှမြောတတ်တနဲ့ပြောသည် “ နှမြောဖို့ကောင်းလိုက်တာ မင်းနဲ့ဖုန်းနျန်နဲ့လက်ထပ်ပြိးကတည်းကမင်းနဲ့ထပ်မတွေ့ဖြစ်တော့ဘူး”
“ဒီတစ်ယောက်က ဗိုလ်ချူပ် ရှီးကဲ့စစ်”ကျန်းမုန့်ရှန်းကအရင်မိတ်ဆက်ပေးခဲ့သည်
“တောင်းပန်ပါတယ် မိတ်ဆက်ဖို့မေ့သွားတယ် ငါ့ကို ရှီးကဲ့စစ်လို့ခေါ်ရင်ရပြီ ဗိုလ်ချုပ်ဆိုတဲ့နှစ်လုံးကိုမခေါ်လည်းရတယ်” ရှီးကဲ့စစ်ရဲ့မက်မွန်မျက်ဝန်းတစ်စုံက ရှန်ကျီးနန်ဆီကနေမခွာသွားခဲ့ဘူး
ရှန်ကျီးနန်ရဲ့ဇာတ်လမ်းက မြို့တော်မှာပျံနှံ့နေပေမဲ့လည်း ရှီးကဲ့စစ်ကရှန်ကျီးနန်ကိုဆက်ခံတဲ့အချိန်မှာ ဖော်ရွေနေခဲ့သည်
“မင်္ဂလာပါ ရှီးကဲ့စစ်လူကြီးမင်း” ရှန်ကျီးနန် ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်
ရှီးကဲ့စစ်က နာရီကိုကြည့်ပြီး “နှမြောဖို့ကောင်းလိုက်တာ ငါကမင်းနဲ့စကားထပ်ပြောချင်သေးတာကို ဒါပေမဲ့ငါနောက်ကျတော့မယ်”
“ငါမှာမင်းနဲ့သူငယ်ချင်းဖို့အခွင့်အရေးရှိမလားမသိဘူး ရှန်ကျီးနန်လူကြီးမင်း” ရှီကဲ့စစ်ကဖိတ်ဆောင်တစ်ဆောင်ထုတ်လိုက်ပြီး “ နောက်အပတ်မှာ ကိုယ်ခံပညာအတွက် ငါစစ်ဆေးဖို့ရှိတယ် တကယ်လို့ စိတ်ဝင်စားတယ်ဆိုလာခဲ့ပါ”
HamtaroLovesRoti
1 year ago
Many of the chapters being posted say there is no English version.