ကောင်းကင်ခပ်မြင့်မြင့်တွင် တည်နေသော တော်ဝင်နန်းတော်သည် တိမ်ထူထူတို့အကြား တိတ်တဆိတ် တိုက်ခိုက်ရန် ပုန်းခိုနေသော ဒဏ္ဍာရီသားရဲနှင့် တူသည်။
ပိုးဖလံကောင်တို့၏ အော်သံနှင့်ယှဉ်တွဲလျက် တိုက်ခတ်လာသော အေးစက်သည့်လေညင်းနှင့်အတူ ရုတ်တရက်တိုတိပြတ်တောင်းသည့်အော်သံတစ်ခု ထွက်ပေါ်လာသည်။ ရိုးတံမှ ပန်းဖူးလေးကို ချိုးလိုက်သည့်အတိုင်း ရက်စက်သော ဝံပုလွေ၏ စားသုံးခြင်းခံရတော့မည့် ကြောက်ရွံ့တုန်လှုပ်နေသော သတ္တဝါလေးကဲ့သို့ ချိုမြိန်သလို မသတီစရာလည်းကောင်းသည်။
ရှန်ကျီးနန်၏ ဆန္ဒပါသောစကားလုံးတို့ ထွက်ကျသွားသည်နှင့် သူ့တစ်ကိုယ်လုံးအား အားကောင်းသည့်လက်မောင်းအစုံက လာဖက်ပိုက်သည်။
ရုတ်တရက် ပေါ့ပါးသွားမှုကြောင့် သူ အံ့ဩသံထွက်သွားသည်။
ဟွားချန်းရွှမ်ကို ကြောက်ရွံ့မှုကြောင့် နှုတ်မှ လွတ်ထွက်တော့မည့် အကြောက်တရားကို မနည်း ချိုးနှိမ်ရသည်။
အင်ပါယာ၏ အစွမ်းထက်ဆုံးအယ်ဖာသည် သူ့ရင်ထဲရှိ နူးညံ့သောအိုမီဂါထက် ပို၍ အားကြီး မြင့်မားသည်။
ဟွားချန်းရွှမ်၏လက်ပေါ် ခွေခွေလေးပါသွားသော ရှန်ကျီးနန်မှာမူ စိတ်ရှုပ်ထွေးနေ၏။ ဟွားချန်းရွှမ်သည် သူ့အား တန်ဖိုးကြီးမှိန်ပျပျနန်းတော်ဆီ ခပ်တောင့်တောင့် ခေါ်သွားသည်။
အယ်ဖာဆီမှ ထွက်လာသော ဩဇာကြီးသည့်ဖယ်ရိုမုန်းကြောင့် သူ၏ကိုယ်မှာ ချက်ချင်းတုန်ယင်လာတော့သည်။ ဧကရာဇ်၏အဝတ်တို့ကို ရှန်ကျီးနန် ထိပင်မထိရဲသဖြင့် သူကိုယ်တိုင်၏ဝတ်ရုံကိုသာ တင်းကျပ်စွာ ဆုပ်ထားမိသည်။ ဟွားချန်းရွှမ်သည် လျင်မြန်လွန်းသဖြင့် ညအမှောင်ထဲဝယ် ဘေးပတ်ပတ်လည်မှ မြင်ကွင်းတို့က မှန်ဝါးသည့် မှန်ကူကွက်များလို ဖြစ်လာသည်။
နူးညံ့၍ သက်သောင့်သက်သာရှိသော မျက်နှာပြင်ပေါ် သူ့ကျောကျသွားမှ ရှန်ကျီးနန် အသိစိတ်ပြန်ကပ်သည်။
ရုန်းကန်ချင်သော်လည်း အထက်မှ ကာထားသော စိုးမိုးခြယ်လှယ်နိုင်သည့် အယ်ဖာဖယ်ရိုမုန်းတို့ကြောင့် မလှုပ်နိုင်ပေ။
သူကိုယ်တိုင်က မရုန်းကန်တော့သည်လား၊ သို့မဟုတ် သည်နေရာဆီလာရသည့်ရည်ရွယ်ချက်ကို ပြန်သတိရမိ၍လား မသဲကွဲပေ။
ဒီညသည် သူနှင့် ဖုန်းနျန်၏ ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့။
သူကတော့ အင်ပါယာ၏ အမြင့်မြတ်ဆုံးနတ်ဘုရားဆီ သူ့ကိုယ်သူ ပေးဆပ်ထားသည်။
အပေါ်မှ အရိပ်တစ်ခုကျလာသည်နှင့် ဟွားချန်းရွှမ်၏လက်ချောင်းတို့ဟာ ရှန်ကျီးနန်၏ လှပသောမေးဖျားကို မော့စေလိုက်သည်။
အိပ်ရာပေါ်တွင် လဲလျောင်း၍ တုန်ယင်နေသော အိုမီဂါအား အင်ပါယာ၏အုပ်ချုပ်သူက စေ့စေ့ကြည့်နေသည်။ ရှန်ကျီးနန်၏ အသားသည် မှိန်ပျသောမီးရောင်အောက်တွင် ညှို့ငင်ဖွယ်ရွှန်းစိုတောက်ပြောင်မှုနှင့် နူးညံ့နေသည်။
ဤလှပသောအိုမီဂါတွင် တန်ဖိုးကြီးရှားပါသော မြစိမ်းလို မျက်ဝန်းစိမ်းတစ်စုံလည်းရှိသည်။
ယခုအခါမှာတော့ ထိုမြစိမ်းရောင် မျက်ဝန်းတို့ထဲ၌ ကျိုးပျက်လွယ်သော အလင်းရောင်ထင်ဟပ်နေသည်။ သို့သော် ဒါဟာ သူ၏နှစ်ရှည်လများစောင့်ခဲ့ရသော သွားရည်စာကို အရသာခံနေသည့် အုပ်ချုပ်သူအား မတားဆီးနိုင်ချေ။
ဟွားချန်းရွှမ်က ရှန်ကျီးနန်၏နားဆီ ကိုယ်ကိုင်းလာသည်။ နက်ရှိုင်း၍ ညှို့ယူဖမ်းစားနိုင်သော လှိုက်မောမှုနှင့် တွဲလျက် သူ့အသံသည် ဖြည်းဖြည်းချင်း ပဲ့တင်ထပ်လာလေ၏။ "မင်းကို ပထမဆုံးတွေ့ဖူးတုန်းက ငိုလိုက်ရင် မင်းမျက်လုံးတွေ ဘယ်လောက်လှလိုက်မလဲဆိုပြီး မတွေးဘဲ မနေနိုင်ခဲ့ဘူး။"
ရှန်ကျီးနန် သိမ့်သိမ့်တုန်သွားသည်။ လက်တို့က သူ့အောက်ရှိ ကြက်သွေးရောင်စောင်နုနုကို ဆုပ်ဆွဲထား၏။
ဟွားချန်းရွှမ်သည်မှု ရှန်ကျီးနန်အား အသက်ရှူခွင့်ပေးသည့်အနေဖြင့် နောက်သို့ အသာဆုတ်လိုက်သည်။
အဝတ်လွှာတို့ချွတ်လိုက်သောအခါ အယ်ဖာတစ်ယောက်၏ ကြံ့ခိုင်သော ကိုယ်ခန္ဓာ ပေါ်ထွက်လာသည်။ ကိုယ်ခန္ဓာကြွက်သွားစိုင်တစ်ခုချင်းစီတိုင်းက ချောမွေ့လှပသော ကောက်ကြောင်းတို့ဖြင့် တိကျသော တွက်ချက်မှုအတိုင်း ကြီးထွားနေသကဲ့သို့။
အရမ်းမထူထဲသော်လည်း တပ်မက်စရာကောင်းသည့် အငွေ့အသက်မျိုး ပိုင်ဆိုင်ထားသည်။
အုပ်ချုပ်သူ၏ နှစ်နှင့်ချီစစ်ပွဲများမှ တွေ့ကြုံခဲ့ရသော ကြမ်းတမ်းမှုက ၍ ဆန်းကြယ်မှုကို ရှင်းပြနေသည်။
ရှန်ကျီးနန် တစ်ချက်သာကြည်၍ အလျင်အမြန် ခေါင်းပြန်ငုံ့လိုက်ကာ တုန်ခိုက်ခိုက်လက်တို့ဖြင့် စောင်ကိုသာ ဆုပ်ဆွဲထားမိသည်။
ယခု ပြန်လှည့်လို့မရတော့ချေ။ အယ်ဖာ၏ အစွမ်းထက်ဖယ်ရိုမုန်းများက သံကြိုးများကဲ့သို့ သူ၏ ခြေ၊လက်တို့ကို ချည်နှောင်ထားကာ လုံးဝ လှုပ်မရတော့ပေ။
ဟွားချန်းရွှမ်က သူ၏အသားမာတက်နေသော လက်ချောင်းများဖြင့် ရှန်ကျီးနန်၏ နူးညံ့သည့်ပါးပြင်တို့ကို ပွတ်သပ်သည်။ လက်ထိပ်တွင်ကပ်ပါလာသော အရည်အစအနတို့ကို ဟွားချန်းရွှမ်ငုံ့ကြည့်ပြီး လျှာဖြင့် အရသာခံသည်။
နှင်းဆီဖြူတို့၏ မွေးရနံ့။
အင်ပါယာရှိ နှင်းဆီနီနှင့် နှင်းဆီဖြူတို့တွင် မတူညီသော ရနံ့ရှိသည်။ နှင်းဆီနီသည် နွေးထွေးသော ပန်းရနံ့ဘက်သွားပြီး နှင်းဆီဖြူကတော့ အေးမြလတ်ဆတ်သော ရနံ့ထုတ်လွှတ်သည်။
"မင်းရဲ့မျက်ရည်တွေမှာ ဖယ်ရိုမုန်းရနံ့ပါတယ်။ တခြားနေရာမှာရော ပန်းရနံ့ရှိနေမလား ငါ သိချင်မိတယ်။"
ဟွားချန်းရွှမ်က ရှန်ကျီးနန်၏မေးကို အသာဖျစ်ညှစ်သည်။ နူးညံ့၍ နီထွေးထွေးနေရာနှစ်ခုကို မျက်လွှာချ စိုက်ကြည့်ရင်း "မင်းရဲ့ယောက်ျားက မင်းကို အမှတ်အသားမပေးတဲ့အပြင် တစ်ခါမှတောင် မနမ်းဖူးဘူးပဲ။"
"... ဟုတ်ပါတယ် အရှင်မင်းကြီး။" အမွေးချွတ်၍ အသားကို စားသုံးခံရရန် စွန့်ပစ်ခြင်းခံရသော ယဇ်ပလ္လင်ပေါ်ရှိ သိုးပေါက်လေးကဲ့သို့ ရှန်ကျီးနန် အတင်းအကျပ် မေးမော့ခံလိုက်ရသည်။
ဟွားချန်ရွှမ်သည် အနားသို့ထပ်တိုးကပ်၍ ရှန်ကျီးနန်၏ နှုတ်ခမ်းတို့ကို နမ်းရှိုက်ကာ တင်းတင်းစေ့ထားသောသွားများအား ခွာပစ်လိုက်သည်။
ပန်းဝတ်ရည်ကဲ့သို့ ချိုမြိန်လွန်း၏။