no
...
Description လူများလျှင် ပြဿနာများသည်ဟု ဆိုကြ၏။ ထိုအဆိုအတိုင်းပင် ပျန့်ကျင်းမြို့ ဗဟိုစစ်ရုံးချုပ်၏ အကြီးအကဲဖြစ်သူ ကျိုးသခင်ကြီး၏ အိမ်တော်ဟာလည်း ခြွင်းချက်တစ်ခု မဟုတ်ခဲ့ချေ။ တရားဝင်ဇနီးမယားများနှင့် ကိုယ်လုပ်တော်များအကြားမှ ပြိုင်ဆိုင်မှုများကို အသာထားလိုက်ဦးတော့…..အိမ်တော်ရှိ သခင်မလေး ၄ ယောက်သည်ပင် တစ်ယောက်နှင့်တစ်ယောက် အနိုင်မခံ အရှုံးမပေးဖြင့် ပြိုင်ဆိုင်လိုစိတ် ပြင်းပြနေကြသူများ ဖြစ်ကြသည်။ အကြီးဆုံးသခင်မလေးက ဉာဏ်များတဲ့အလှပဂေး၊ ဒုတိယသခင်မလေးက သေးသေးသွယ်သွယ်နဲ့ စိတ်ကြီးတဲ့မမလေး၊ တတိယသခင်မလေးကတော့ ရည်မှန်းချက်ပြင်းပြတဲ့သူ၊ စတုတ္ထသခင်မလေးကကျ… အင်း….အချိန်ခရီးသွားလာတဲ့ သိုးရေခြုံထားတဲ့ မြေခွေးမလေးဟု ဆိုရမည်။ ပြောရလျှင်တော့ သူ(မ)က ခေတ်သစ်မှ ဝိညာဉ်ကူးပြောင်းလာသူတစ်ဦးပင် ဖြစ်နေနိုင်သည်။ ကျင်းနျဉ်ကမူ အဆင့်အတန်း နိမ့်ပါးရှာသည့် အပ်ချုပ်သမလေးတစ်ယောက်ဖြစ်ပြီး၊ အပ်ချုပ်ခန်းထဲတွင်သာ ငြိမ်ငြိမ်ဆိတ်ဆိတ် အပ်ချုပ်နေမည်ဆိုပါက သခင်မလေးများ၏ ပြိုင်ဆိုင်မှုများနှင့် ဝေးဝေးနေနိုင်မည်ဟု ထင်မှတ်ထားသူပင်။ သို့သော် တော်ဝင်စာမေးပွဲရလဒ်များ ထုတ်ပြန်ပြီးနောက် အိမ်တော်ထဲသို့ ပညာတတ်လူငယ်လေးများ ရောက်လာချိန်တွင်မူ သခင်ကြီးကျိုးသည် နောက်မျိုးဆက်အတွက် သားမက်ဖမ်းရန် အားထုတ်လေတော့သည်။ ထိုအခါ ရုတ်ခြည်းဆိုသလို သခင်မလေးများကလည်း ပြင်ဆင်ခြယ်သကာ ဟန်ရေးပြရန် ပြင်ဆင်ကြတော့ရာ၊ နှိမ့်ချစွာ နေခဲ့ရသည့် အပ်ချုပ်သမလေးများအား အလိုရှိသူ များလာတော့သည်။ အထူးသဖြင့် ဝတ်စုံချုပ်ရာတွင် လက်ရာအမြောက်ဆုံးဖြစ်သည့် ကျင်းနျဉ်က အားလုံး၏ အာရုံစိုက်ရာ ဖြစ်လာတော့၏။ ဤသို့ဖြင့် သူ(မ)ခမျာ အနာဂတ်တိုးတက်ရာတိုးတက်ကြောင်း အခြေအနေများနှင့် မက်လုံးပေးစည်းရုံးနေသော အကြီးဆုံးသခင်မလေး၊ ပေါ်ပေါ်တင်တင် ခြိမ်းခြောက်နေသော ဒုတိယသခင်မလေး၊ တိတ်တဆိတ် ချဉ်းကပ်စည်းရုံနေသည့် တတိယသခင်မလေးနှင့် နူးညံ့နွေးထွေးသယောင် ကြင်နာတတ်သယောင်ပြု၍ ကပ်ပေါင်းနေသော စတုတ္ထသခင်မလေးတို့အကြားတွင် မြေစာပင်လေးပမာ ဖြစ်လာလေရာ၊ ကျင်းနျဉ်တစ်ယောက် လက်အုပ်ချီ၍ တောင်းပန်ရန်သာ တတ်နိုင်တော့သည်။ “သခင်မလေးတို့ရယ်….ကျွန်မကို ချမ်းသာပေးဖို့ တောင်းပန်ပါတယ်ရှင်….” ~~~ စာဖတ်သူများသို့ အမှာစာ 1. ဒီဇာတ်လမ်းက တငြိမ့်ငြိမ့်လေးနဲ့ပဲ ဇာတ်ရှိန်တက်လာမဲ့ slow burn ဇာတ်လမ်းဖြစ်ပြီး၊ အိမ်တော်အတွင်း အားပြိုင်မှုတွေ၊ စီးပွားရေးလုပ်ငန်း ချဲ့ထွင်လုပ်ကိုင်ပုံတွေကိုပဲ အသားပေး ရေးထားတာပါ။ ဒီဇာတ်လမ်းကို “မြောက်ပိုင်းစုန့်မင်းဆက်” မှာ ဇာတ်လမ်းတည်ထားတယ်ဆိုပေမဲ့၊ သမိုင်းအချက်အလက်တွေထက် ဇာတ်လမ်းဇာတ်ကွက်ကိုပဲ ဦးစားပေး ရေးထားတာမို့ သမိုင်းအချက်အလက်တွေကို အသေးစိတ်ကျကျ အလေးအနက်ထားနေတာမျိုး မလုပ်ကြပါနဲ့နော်။ 2. ဇာတ်လိုက်မင်းသားက အသက်ပိုငယ်ပြီး ဇာတ်လိုက်မင်းသမီးတစ်ယောက်တည်းအပေါ်မှာပဲ ပုံအောချစ်ပေးမဲ့သူမျိုးပါရှင်။ ပြီးတော့ သူက ကြာပန်းနက်လေးပါ၊ ဇာတ်လိုက်မင်းသမီးအပေါ်တော့ အလွန်အကြူးချစ်ပြီး ချိုမြိန်နေမှာဆိုပေမဲ့၊ သူ့အပေါ် အနှောင့်အယှက်ဖြစ်စေတဲ့သူတွေအပေါ်ကိုတော့ ရက်ရက်စက်စက် ပြုမူတတ်တဲ့သူပါ။ 3. အချိန်ခရီးသွားပြီး ကူးပြောင်းလာတဲ့ဇာတ်ကောင်က ဗီလိန်မဟုတ်ပါဘူးနော်။ သူ(မ)ရဲ့ ပြဿနာတွေက ယဉ်ကျေးမှုမတူညီမှုတွေကြောင့် ဖြစ်လာတဲ့ နားလည်မှုလွဲတာတွေကနေ အစပျိုးလာတဲ့ ကိစ္စတွေပါ။ *** Aurora Novel Translation Team
Chapter12
lmtn
1
Chapter13
lmtn
1
Chapter14
lmtn
1
Chapter15
lmtn
1
Chapter16
lmtn
1
Chapter17
lmtn
1
Chapter18
lmtn
1
Chapter19
lmtn
1
Chapter20
lmtn
1
Chapter21
lmtn
1
Chapter22
lmtn
1
Chapter23
lmtn
1
Chapter24
lmtn
1
Chapter25
lmtn
1
Chapter26
lmtn
1
Chapter27
lmtn
1
Chapter28
lmtn
1
Chapter29
lmtn
1
Chapter30
lmtn
1