no

Font
Theme

အပိုင်း (၅.၂)

"ဒါက အသစ်စက်စက်လေ၊ ဝတ်လို့လည်းအရမ်းကောင်းတယ်။ ချိုချဉ်တွေနဲ့ အကြွေစေ့တွေထည့်ဖို့ အိတ်ကပ်လေးတွေတောင် ပါသေးတယ်။"

"ဟုတ်ပါပြီ၊ တကယ်ကိုလှပါတယ်။"

"သားရဲ့ဦးငယ်ချုပ်ပေးထားတာလေ။ ဦးငယ်မလုပ်တတ်တာ ဘာမှမရှိဘူး၊ သူက အရမ်းတော်တယ်။"

"အေးပါ၊ အေးပါ။"

အဖိုးဝူထွက်သွားပြီးနောက် မင်ဟယ်က ဖြတ်သွားသော ဒေါ်လေးလျိုနှင့် အဖွားကျန်းတို့ကိုလည်း နှုတ်ဆက်ကာ သူ၏ဘောင်းဘီအသစ်ကို ကြွားလုံးထုတ်နေပြီး သူ့ဦးငယ်ကို ချီးမွမ်းခန်းဖွင့်နေတော့သည်။

နောင်တစ်ချိန်တွင် ဗီလိန်အကြီးစားဖြစ်လာမည့်သူက ယခုကဲ့သို့ ချစ်စရာကောင်းသည့်အကျင့်လေးရှိနေလိမ့်မည်ဟု ရှောက်ယွိ တစ်ခါမှမတွေးမိခဲ့ပေ။

"ကောင်းတယ်။"

"ကောင်းတယ်။"

ရှောက်ယွိက ဝင်ပြီးမပြောဘဲ ခြံစည်းရိုးနားမှာစိုက်ထားသော ဟင်းရွက်တချို့ကိုခူးကာ မီးဖိုချောင်ထဲသို့ ပြန်ဝင်လာခဲ့သည်။ သူက မနေ့ကဝယ်ခဲ့သောမှိုခြောက်များကို ရေစိမ်ကာ မုန့်သားကို ပျော့အိလာသည်အထိ ခပ်နာနာလေးပြန်နယ်ပြီးနောက် အလုံးလေးများလုံး၍ ပေါက်စီအကာပြုလုပ်ရန် တလိမ့်တုံးဖြင့်ပြားလိုက်သည်။

မုန့်သားများကိုပြားပြီးချိန်၌ ရေစိမ်ထားသောမှိုများကလည်း အသင့်ဖြစ်နေလေပြီ။ သူက မှိုနှင့် မုန်လာဥနီတို့ကို သေချာဆေးကြောကာ နုပ်နုပ်စင်းလိုက်၏။ စောစောကခူးခဲ့သော ဟင်းရွက်များကိုလည်း ဆေးကြောလိုက်သည်။

သူ စတင်ချက်ပြုတ်တော့မည့်အချိန်မှာ မင်ဟယ်က ပြန်ရောက်လာခဲ့သည်။

"ဦးငယ်၊ သား မီးမွှေးပေးမယ်။"

မင်ဟယ်က ပြောပြောဆိုဆိုနှင့် မီးဖိုရှေ့မှာ ထိုင်လိုက်၏။

ထိုအခါ ရှောက်ယွိက ပြောလိုက်သည်။

"ဦးငယ်ပဲ မီးမွှေးလိုက်မယ်၊ မင်းက စောင့်ကြည့်ထားပေး။"

မင်ဟယ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"ဦးငယ်၊ ဖိုးဖိုးဝူတို့အကုန်လုံးက သားရဲ့ဘောင်းဘီကို ချီးကျူးနေကြတာ။"

ငါမြင်ရသလောက်ကတော့ မင်းက သူတို့ကို အတင်းချီးကျူးခိုင်းနေတာပါ!

ရှောက်ယွိက အကောင်ပေါက်လေးကို မဖော်ထုတ်တော့ဘဲ ပြုံးလျက် ပြောလိုက်သည်။

"မင်းကရော အဲ့ဒါကိုသဘောကျလား။"

မင်ဟယ်က ခေါင်းကို အတွင်တွင်ညိတ်ပြကာ ပြန်ဖြေခဲ့၏။

"အရမ်း အရမ်းကြိုက်တယ်။"

ရှောက်ယွိက အထည်ဆိုင်တွင် စျေးအပေါဆုံး၊ အကြမ်းဆုံးနှင့် အရောင်အမှိုင်းဆုံးအဝတ်စဖြင့် ချုပ်ထားသော မင်ဟယ်ဝတ်ထားသည့်ဘောင်းဘီကို လှမ်းကြည့်လိုက်သည်။ သူ၏အပ်ချုပ်လက်ရာက ညံ့ဖျင်းလွန်းသဖြင့် ဘောင်းဘီက ပိုလို့တောင်ကြမ်းတမ်းနေသော်လည်း မင်ဟယ်ကမူ အဖိုးတန်လက်ဆောင်တစ်ခုလို တန်ဖိုးထားကာ ဝတ်ဆင်ထားရှာ၏။ ကလေး၏အလိုက အမှန်တကယ်ကို ရိုးရှင်းလှသည်။

ခဏလောက်ပဲ ထပ်စောင့်ပေး။ ပိုက်ဆံရလာတာနဲ့ မင်ဟယ်အတွက် အထည်ဆိုင်က ချုပ်ပြီးသား အကောင်းစားဝတ်စုံလေး ဝယ်ပေးမယ်။

ရှောက်ယွိက စိတ်ထဲမှာ ထိုကဲ့သို့တွေးလိုက်ပြီး ပြောလိုက်လေ၏။

"မင်ဟယ်သဘောကျရင် ဦးငယ်ဝမ်းသာပါတယ်။ ကဲ၊ ပေါက်စီ စလုပ်ကြစို့။"

"ဟုတ်။"

မင်ဟယ်က မီးဖိုထဲမှ ထင်းစများ အပြင်သို့ထွက်မကျအောင် သေချာစောင့်ကြည့်ပေးနေသည်။

ရှောက်ယွိက ဝက်သားတုံးများကို အိုးထဲထည့်ကာ ဝက်ဆီများထွက်လာအောင် ကျော်နေလိုက်သည်။ ဆီထွက်လာသောအခါ ဝက်ဆီဖက်များကို ခပ်ထုတ်လိုက်ပြီး အိုးထဲမှာကျန်နေသော ဆီပူပူထဲသို့ နုပ်နုပ်စင်းထားသည့် မုန်လာဥနီနှင့် မှိုများကိုထည့်ကာ မွှေးလာသည်အထိ ကြော်ကြော်လှော်လိုက်သည်။

မင်ဟယ်က ရေရွတ်လိုက်၏။

"ဦးငယ်၊ အရမ်းမွှေးတာပဲ။"

"ကျက်သွားရင် ပိုမွှေးဦးမှာ။"

ရှောက်ယွိက ဆီတဝင်းဝင်းဖြစ်နေသော မှိုနှင့် မုန်လာဥနီများကို ခဏဆယ်လိုက်ပြီး အိုးထဲသို့ ရေထည့်၊ ဆားခပ်ကာ ဟင်းရွက်များကို ထည့်ပြုတ်လိုက်သည်။

ဤသည်မှာ ဟင်းရွက်၏အခါးဓါတ်ကို ပျောက်ကွယ်သွားစေရန်နှင့် အရောင်ကို စိမ်းစိုနေစေရန်ဖြစ်သည်။

ရေဆူလာသည်နှင့် ဟင်းရွက်များကိုဆယ်ယူကာ ရေအေးထဲစိမ်လိုက်သည်။ ထို့နောက် ရေညှစ်ကာ နုပ်နုပ်စင်းပြီး ကြော်ကြော်လှော်ထားသော မှို၊ မုန်လာဥနီတို့နှင့် ရောသမနယ်လိုက်၏။ ဆားအနည်းငယ် ထပ်ထည့်လိုက်သောအခါ အရသာရှိသောအစာသွပ်လေးက အဆင်သင့်ဖြစ်သွားတော့သည်။

"ဦးငယ်၊ မွှေးလိုက်တာ!"

မင်ဟယ်က ခုံရှည်နားပြေးလာကာ ရေရွတ်လိုက်ပြန်သည်။

"နောက်ထပ် ၁၅ မိနစ်လောက် ထပ်စောင့်လိုက်ဦး။"

မင်ဟယ်က ပေါက်စီမလုပ်တတ်သဖြင့် ဘေးမှာရပ်ကာ သူ့ဦးငယ် မုန့်သားထဲအစာသွပ်၍ အလုံးလေးများကို ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်နေသည်အား မျက်လုံးအဝိုင်းသားဖြင့် စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။

သိပ်မကြာခင် ရှောက်ယွိတစ်ယောက် ပေါက်စီ အလုံး ၃၀ လုပ်ပြီးသွား၏။ ၁၅ မိနစ်လောက် ထပ်ပြီးနှပ်ထားလိုက်ရာ ပေါက်စီလေးများက ပို၍ဖောင်းကားလာခဲ့သည်။

အိမ်မှာရှိသောသံအိုးကြီးက ပေါက်စီ အလုံး ၃၀ လုံးကို ဝါးပေါင်းချောင်ဖြင့် တစ်ခါတည်းပေါင်းရန် ဆန့်ပေသည်။

မင်ဟယ်က ခုံပုလေးပေါ်မတ်တတ်ရပ်ရင်း ပြောလိုက်သည်။

"တစ်ခါတည်း အကုန်ပေါင်းလို့ရတာပဲ။"

ရှောင်ယွိက အိုးအဖုံးကိုပိတ်ကာ ပြောလိုက်သည်။

"ဟုတ်တယ်။ ၁၅ မိနစ်နေရင်ရပြီ။"

သူက စကားပြောနေရင်း မနေ့ကကျန်သောပေါက်စီများကို မနက်စာအဖြစ်စားရန် ပေါင်းချောင်ထဲထည့်နွှေးလိုက်သည်။

၁၅ မိနစ်ကြာပြီးနောက် မီးဖိုချောင်တစ်ခုလုံး မွှေးကြိုင်သောရနံ့များ ပြည့်နှက်သွားခဲ့သည်။

ရှောက်ယွိ အိုးအဖုံးကိုဖွင့်လိုက်သောအခါ အနံ့က ပို၍ပြင်းထန်လာလေ၏။ ဖောင်းဖောင်းအိအိလေးနှင့် ဖြူဖွေးနေသော ပေါက်စီ အလုံး ၃၀ က အနံ့ရော အသွင်အပြင်ကပါ ပြည့်စုံနေခဲ့သည်။ သူက တစ်လုံးကို ထုတ်ယူကာ မှုတ်လိုက်ပြီး နှစ်ခြမ်းခွဲ၍ တစ်ခြမ်းကို မင်ဟယ်အား ပေးလိုက်သည်။

မင်ဟယ်က အားရပါးရ တစ်ကိုက်ကိုက်လိုက်ပြီးနောက် အံ့အားသင့်စွာဖြင့် မျက်လုံးလေးများ ပြူးကျယ်လာခဲ့သည်။

"ဝိုး၊ ဒါက အရမ်းအရသာရှိတာပဲ။"

မင်ဟယ်က သူ့ဦးငယ်လုပ်သမျှကို အမြဲတမ်း ချီးကျူးအားပေးတတ်သည့် ဦးငယ်၏အမာခံပရိသတ်လေးနှင့်တူ၏။

သူ့ကိုသိပ်မယုံကြည်သော ရှောက်ယွိတစ်ယောက် သူကိုယ်တိုင်လည်း တစ်ကိုက်စားကြည့်လိုက်သည်။ မုန့်သားက နူးညံ့နေပြီး အထဲမှ ဟင်းရွက်၊ မှို၊ ဝက်ဆီနံ့လေးနှင့်အတူ အချိုအရသာလေးရပေ၏။ ယင်းက လတ်ဆတ်သော မုန်လာဥနီ၏ကြွပ်ဆတ်မှုနှင့် ပေါင်းစည်းသွားသောအခါ အတော်လေးကို ထူးခြားနေတော့သည်။

ဤသည်မှာ သူလိုချင်သည့်အရသာအတိုင်းပင်။

သူ၏မျက်လုံးများက ကျေနပ်စွာဖြင့် ကွေးညွတ်သွားခဲ့သည်။

"တကယ် အရသာရှိတာပဲ။ မနက်စာ မြန်မြန်စားပြီး ဆိပ်ကမ်းကို သွားရောင်းကြစို့။"

"ဟုတ်။"

နှစ်ဦးသား မနေ့က ပေါက်စီအကျန်များကို စားလိုက်ကြပြီး ဗိုက်ဝသွားသောအခါ တင်းတိမ်သွားကြသည်။ ထို့နောက် ရှောက်ယွိက ဝါးခြင်းတောင်းကိုချကာ အထဲမှာ ဆီစိမ်စက္ကူကိုခင်းလိုက်၏။

ဤဆီစိမ်စက္ကူမှာ မနေ့က ကျန်းဝူထုပ်ပေးလိုက်သော စက္ကူများဖြစ်ပြီး ပေါက်စီများထည့်ရောင်းရန်အတွက် ကွက်တိပင်။

အကုန်ပြင်ဆင်ပြီးနောက် ရှောက်ယွိက သူ့ကိုယ်သူနှင့် မင်ဟယ်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်သည်။ ၎င်းတို့က ဆင်းရဲသော်လည်း နှစ်ဦးသား ပူပူနွေးနွေးပေါက်စီများကိုထုပ်ပိုး၍ ဆိပ်ကမ်းလေးဆီသို့ ဦးတည်ခဲ့ကြလေ၏။

ဆိပ်ကမ်းတွင် ဈေးသည်အမျိုးမျိုးရှိနေပြီး ရှောက်ယွိနှင့် မင်ဟယ်တို့မှာ ဈေးစရောင်းခါစဖြစ်ရာ အနည်းငယ်ကိုးရိုးကားရားဖြစ်နေကြသည်။

ရှောက်ယွိက ဧည့်သည်များကိုအော်ခေါ်ပြီးရောင်းရန် အနည်းငယ်ရှက်ရွံ့နေ၏။

မင်ဟယ်က လှည့်ပတ်ကြည့်နေခဲ့ပြီး အခြားစျေးသည်များက လမ်းသွားလမ်းလာများကို ဝယ်ပါဦး၊ ဝယ်မလားနှင့် တကြော်ကြော်ခေါ်ရောင်းနေသည်အား တွေ့လိုက်ရသောအခါ အရှေ့သို့ထွက်၍ မေးလိုက်သည်။

"ဦးလေး၊ ပေါက်စီဝယ်ဦးမလား။ ကြီးလည်းကြီးတယ်၊ အရသာလည်းရှိတယ်။"

"မဝယ်တော့ပါဘူးကွာ။"

အမျိုးသားက ထိုကဲ့သို့ပြောကာ ထွက်သွားခဲ့သည်။

မင်ဟယ်က ချက်ချင်းဆိုသလို ခေါင်းလေးငိုက်စိုက်ကျသွားပြီး ရှောက်ယွိဘေးသို့ ပြန်လာခဲ့သည်။

"ဦးငယ်၊ သူက မဝယ်ချင်ဘူးတဲ့။"

"ရပါတယ်။ ဦးငယ်တို့ လက်မလျှော့ဘဲ ဆက်ရောင်းကြမယ်။"

သူ့ဦးငယ်၏အားပေးမှုကြောင့် မင်ဟယ်က ယုံကြည်မှုများ ပြန်လည်ရရှိလာပြီး ဘမ်းသွားလမ်းလာများကို ဆက်လက်မေးမြန်းတော့သည်။

တူဝရီးနှစ်ယောက်က လူအုပ်ကြီးထဲ လှုပ်ရှားနေခဲ့ကြသော်လည်း အခြားစျေးသည်များ တစ်ယောက်ပြီးတစ်ယောက်ပြန်သွားပြီး သွားလာနေသည့်လူများ နည်းသွားသည်အထိ ၎င်းတို့တွေ ပေါက်စီတစ်လုံးမှ မရောင်းရသေးပေ။

ဤအတိုင်းသာဆက်သွားလျှင် ပေါက်စီများက အေးသွားပြီး အတွင်းမှဝက်ဆီများခဲကာ အရသာ ပျက်စီးသွားလိမ့်မည်ပင်။

ရှောက်ယွိက သူ ဈေးကွက်ရှာဖွေမှု မှားယွင်းသွားပြီလားဟု ပြန်စဉ်းစားနေမိသည်။

"ဦးငယ်၊ ဝမ်းမနည်းနဲ့နော်။ သားတို့ ညမိုးချုပ်တဲ့အထိ ဆက်ရောင်းကြမယ်။ တစ်လုံးလောက်တော့ ရောင်းရမှာပါ။"

မင်ဟယ်က ရှောက်ယွိမျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရသဖြင့် အားပေးစကားဆိုခဲ့သည်။

ရှောက်ယွိက ပြုံးပြလိုက်၏။

"ဦးငယ် ဝမ်းမနည်းပါဘူး။ တကယ်လို့ မရောင်းရရင်လည်း ကိုယ့်ဘာသာကိုယ် စားကြတာပေါ့။"

"သူ့ရဲ့အရသာက တကယ်ကို ပြိုင်ဘက်ကင်းပဲ!"

ရုတ်တရက်ဆိုသလို သူစိမ်းတစ်ယောက်၏အသံ ထွက်ပေါ်လာခဲ့သည်။

"ပြိုင်ဘက်ကင်းအရသာ? မင်းတို့က ဘာတွေရောင်းတာလဲ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment