no

Font
Theme

Chapter 18( ငရဲပြည်သို့ခရီးစဉ် )

စုကျန်းကတော့ အမောတကော သက်ပြင်းချလိုက်ရင်း မျက်လုံးတွေက ဗလာဖြစ်နေကာ "အစ်ကိုယန်... ကျွန်တော် နေ့လယ်က နေ့လယ်စာ လေးပွဲ သီးသန့်မှာပြီး ညစာအပိုစားဖို့ နှစ်ပွဲ ဝှက်ထားခဲ့တာဗျ"

ကောင်းယန် : "မင်း အခုထိ စားနိုင်သေးလို့လား?"

စုကျန်းက ငိုမဲ့မဲ့မျက်နှာနဲ့ ခေါင်းခါပြသည်။ နာကျည်းချက်သရဲကောင်ရဲ့ ပုံပန်းသဏ္ဍာန်က လူသားတစ်ယောက်နဲ့ လုံးဝမတူဘဲ သဘာဝလွန်လွန်းတာကြောင့် သူ့ရဲ့ အစားအသောက်ဆန္ဒတွေအကုန် ပျက်စီးသွားခဲ့ချေပြီ။ အခုအချိန်မှာ ညစာစားဖို့ ဆိုတာကိုတောင် သူမတွေးရဲတော့ပါ။

ကောင်းယန်လည်း မစားနိုင်တာ အတူတူပါပဲ။ သူကတော့ နာကျည်းချက်သရဲကောင်ရဲ့ ခံတွင်းကြီးနဲ့ သလိပ်လို ပျစ်ချွဲနေတဲ့ သွေးတွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ထိုနံစော်မှုတွေက အခုထိ သူ့နှာခေါင်းထဲ စွဲကျန်နေဆဲပင်။ ဒီလိုအချိန်မျိုးမှာ ဘယ်လောက်ပဲ အစားကောင်းကြိုက်တဲ့သူ ဖြစ်ပါစေ စားချင်စိတ်တွေ အကုန် ပျောက်ဆုံးသွားမှာ အသေအချာပါပဲ။

စုကျန်း : "အစ်ကို့ကြည့်ရတာ စိတ်ပျက်နေတဲ့ ပုံပဲ"

ကောင်းယန် : "အဲ့ဒီ အစားအသောက်အစုံလိုက်က တော်တော်လေး ကောင်းလို့ပါ"

သူက မျက်လုံးဝှေ့ကြည့်လိုက်ပြီး ဆက်ပြောသည်။ "ဟင်းလျာတွေက တစ်ခါနဲ့တစ်ခါ မတူဘူး၊ ထပ်တာလည်း မရှိဘူး။ အရည်အသွေးကလည်း အမြဲတမ်း တည်ငြိမ်တယ်။ သေချာပေါက် ကြယ်လေးပွင့်ဆိုင်အဆင့်ရှိတဲ့ စားဖိုမှူးတစ်ယောက်ရဲ့ လက်ရာပဲ။ အခု ၄ နပ် ကျန်သေးတယ်။ ငါ နောက်ထပ် ၂ နပ်လောက် ထပ်စားရရင် အဲ့ဒီဟင်းချက်နည်းကို အကဲခတ်မိပြီး ငါတို့ ဒီကလွတ်ရင် ပြန်ချက်ကြည့်လို့ ရနိုင်မလားလို့"

ကောင်းယန်ဟာ လူ့ဘဝမှာ အရာရာကို လုပ်တတ်ကိုင်တတ်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး၊ စည်းကမ်းကြီးကာ စနစ်တကျ ရှိသူလည်း ဖြစ်သည်။ သူက မိမိဘဝကို ကောင်းမွန်အောင် စီမံနိုင်ရုံတင်မကဘဲ သူ့ရဲ့ ဟင်းချက်ကျွမ်းကျင်မှုကလည်း ထိပ်တန်းအဆင့်မှာ ရှိနေပေပြီ။

စုကျန်းကတော့ ကောင်းယန်နဲ့အတူ နေထိုင်လာတာ တစ်နှစ်ကျော်ပြီဖြစ်လို့ ကောင်းယန်ဟာ သူ့ရဲ့ ဟင်းချက်စွမ်းရည်ကို ပိုမိုတိုးတက်အောင် လုပ်ဖို့အတွက် အချက်အပြုတ်သင်တန်းကျောင်းတစ်ခုမှာ သီးသန့် တက်ရောက်ခဲ့ဖူးမှန်း သိထားတာပင်။

ဒီအချက်ကြောင့်ပဲ... အိမ်ထောင်ကျပြီးသား ဖြစ်တဲ့ စုကျန်းဟာ အပြင်ထွက်ပြီး ကိုယ့်ဘာသာ သီးသန့်ခွဲနေဖို့ကို လုံးဝ ငြင်းဆန်ခဲ့တာ ဖြစ်၏။

ကလေးကြီးတစ်ယောက်လို အလိုလိုက် ခံထားရပြီးတဲ့နောက်မှာ ဘယ်သူကများ ခွဲခွာသွားချင်ပါ့မလဲ?

စုကျန်းကတော့ လက်မလျှော့ဖို့ ဆုံးဖြတ်လိုက်သည်။ "ကျွန်တော် နာကျည်းချက်သရဲကောင်ရဲ့ ပုံစံကို မေ့ပစ်ဖို့ ကြိုးစားကြည့်မယ်။ ပြီးရင် နောက်ထပ် အနည်းငယ်လောက် ထပ်စားပြီး အရသာကို မှတ်ထားမယ်။ ပြီးမှ အစ်ကို့ကို ပြန်ရှင်းပြပေးမယ်လေ"

ကောင်းယန်: " အေးပါ၊ အဲ့ဒါလည်း အဆင်ပြေတာပါပဲ"

သူက သော့ချိတ်ကို ယူလိုက်ပြီး တတိယထပ် သံတံခါးရဲ့ သော့ကို ဖြုတ်ကာ အပေါ်ထပ်ကို တက်သွားလိုက်သည်။

သူတို့နှစ်ယောက်ဟာ ပဉ္စမထပ် စင်္ကြံလမ်းမှာ အိမ်ရှင်နဲ့ တိုးသွားတော့၏။ ထိုအချိန်မှာ ရန်မျန်၊ လူကြီးလူကောင်းနဲ့ အခြား လူလေးယောက်စလုံး တံခါးဝမှာ ရှိနေကြပြီး အိမ်ရှင်ကို သတိကြီးကြီးထားတဲ့၊ ကြောက်ရွံ့နေတဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်နေကြသည်။

အိမ်ရှင်ရဲ့အကြည့်တွေက ကောင်းယန်ရဲ့ လက်ထဲက သော့ချိတ်ဆီကို ရောက်သွားတဲ့အခါ၊ သူ့မျက်နှာက ချက်ချင်းဆိုသလို ဒေါသကြောင့် ရှုံ့မဲ့သွားရပြီး သူ့ကိုယ်သူ မနည်း ထိန်းချုပ်နေရလောက်အောင်ကို ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့သည်။ ဒါပေမဲ့လည်း သူ ကလဲ့စား‌ချေလို့ မရပါ။

ကစားသမားတွေကသာ သူ့ရဲ့ နယ်မြေထဲကို ကျူးကျော်မဝင်ရောက်လာသရွေ့၊ သူကလည်း ကစားသမားတွေကို တိုက်ခိုက်လို့ မရတာကြောင့် ဖြစ်သည်။

'တောက်! ဒီကောင်စုတ် နှစ်ကောင်!'

စုကျန်းရဲ့ ရင်ဘတ်ထဲမှာတော့ နှလုံးခုန်သံတွေ တဒိန်းဒိန်း ဖြစ်နေခဲ့၏။ သူတို့ စောစောက ကြုံတွေ့ခဲ့ရတဲ့ နာကျည်းချက်သရဲကောင်ကတင် ရင်ဆိုင်ဖို့ တော်တော် ခက်ခဲခဲ့တာဖြစ်ပြီး အခုတော့ ဘော့စ်လို့ သံသယရှိရတဲ့ အိမ်ရှင်ကပါ ရန်လိုတဲ့အမူအရာနဲ့ ပေါ်လာတာမို့လို့ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပါဘူး။

ကောင်းယန်ကတော့ ဘာအမူအရာမှ မပြဘဲ တည်တည်ငြိမ်ငြိမ်ပင် "အစားအသောက် လာပို့တာလား?"

'မင်းအဖေကို လာပို့တာ'

အိမ်ရှင်က မချိပြုံး ပြုံးလိုက်ရင်း "ညစ်ပတ်စုတ်ပဲ့နေတဲ့ ကြွက်နှစ်ကောင်က မီးဖိုချောင်ထဲ ခိုးဝင်ပြီး ညစာကို ဖျက်ဆီးသွားကြတယ်။ ဒီညတော့ ညစာ မရှိဘူး — စားဖိုမှူးက စိတ်အခြေအနေ သိပ်မကောင်းဘူး၊ တော်တော်လေးကို မကောင်းဖြစ်နေလို့ ဟင်းမချက်နိုင်ဘူး။ ဒါကြောင့် နောက်ထပ် နှစ်ရက်အတွင်း ဘာအစားအစာမှ ရှိမှာမဟုတ်ဘူး"

ဒီစကားကို ကြားလိုက်ရတဲ့အခါ ကျန်တဲ့သူတွေအားလုံး ထိတ်လန့်သွားကြပြီး မျက်နှာတွေ ပျက်ကုန်ကြတော့သည်။

သူတို့ဟာ ဒီအဆောက်အဦးထဲကနေ ထွက်သွားလို့ မရကြသလို အခြားအထပ်တွေမှာလည်း ဘယ်လိုမျိုး အညစ်အကြေး သရဲသဘက်တွေ နေထိုင်နေကြလဲဆိုတာကိုလည်း မသိကြပေ။ အိမ်ရှင်ပေးတဲ့ အစားအစာကလွဲလို့ အခြား အစားအသောက် ရနိုင်မယ့် နည်းလမ်းလည်း မရှိပါ။

အစားမစားရဘဲ နှစ်ရက်ကြာသွားရင် သူတို့မှာ သဲလွန်စတွေ ဆက်ရှာဖို့အတွက် လုံလောက်တဲ့ ခွန်အား ရှိတော့မှာ မဟုတ်တော့ဘဲ သူတို့မှာ "ကွမ်ရင်မယ်တော်ရဲ့ နောက်ဆုံး လက်မောင်းတစ်စုံ" နဲ့ ပတ်သက်တဲ့ သဲလွန်စလည်း အခုထိ ဘာမှမရသေးပါ။

တကယ်လို့ သူတို့သာ ဒီအဆောက်အဦးထဲက သရဲတွေနဲ့ ထပ်တိုးရင် ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်ပါတော့မလဲ?

ကောင်းယန်ကတော့ သူ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူ တကယ်ကို မောပန်းနွမ်းနယ်နေပြီဖြစ်လို့ သူ့ရဲ့ လက်မောင်းတွေတောင် အနည်းငယ် တုန်ယင်နေခဲ့ပါပြီ။ သူ တစ်နေ့လုံး လှုပ်ရှားရုန်းကန်နေခဲ့ရတာမို့ အခုအချိန်မှာတော့ လှဲချပြီး အိပ်ပျော်လိုက်ချင်တာပဲ ရှိတော့သည်။

"ကျွန်တော် သော့ချိတ်တစ်ခု ကောက်ရခဲ့တယ်။ အစ်ကို့ဟာလား?"

ကောင်းယန်ကတော့ နေ့လယ်ပိုင်းကတင် အိမ်ရှင်ရဲ့ပုဆိန်နဲ့ အမဲလိုက်ခံခဲ့ရတာကို မေ့လျော့နေသလိုမျိုး လုံးဝ မျက်နှာပြောင်တိုက်ပြီး လိမ်ညာလိုက်၏။

အိမ်ရှင်ကတော့ သူ အသက်ရှူဖို့ မလိုတာကိုပဲ ဝမ်းသာမိတော့သည်။ မဟုတ်ရင်တော့ သူ ဒီနေရာတင်ပဲ 'ငါးသေတစ်ကောင်လို' ရုန်းကန်ပြီး လဲကျသေဆုံးသွားနိုင်၏။

ကောင်းယန်က သော့ချိတ်ကို အိမ်ရှင်ထံ ပြန်ပေးလိုက်ပြီး အရှက်မရှိ ဆက်ပြောလိုက်ပြန်သည်။ "တကယ်လို့ အစ်ကိုက တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ ဆိုရှယ်လစ်စနစ်နဲ့ ကိုးနှစ်တာ မသင်မနေရ ပညာရေးကိုပဲ ကျေးဇူးတင်လိုက်ပါ။ ကျွန်တော်တို့က ကောက်ရပစ္စည်းကို ပိုင်ရှင်ထံ ပြန်လည်အပ်နှံရမယ်ဆိုတဲ့ မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားကို သင်ယူခဲ့ရလို့ပါ။ တကယ်လို့ အစ်ကိုက ကျေးဇူးတင်ချင်တယ်လို့ ဇွတ်ဆိုနေရင်တော့... ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းကို အစားအစာ နှစ်နပ်လောက်ပဲ ကျွေးမွေးဧည့်ခံလိုက်ပါတော့ဗျာ"

အိမ်ရှင်က သော့ချိတ်ကို လှမ်းယူလိုက်ပြီး ကြင်နာသနားဟန် အရေခြုံမျက်နှာပေးနဲ့ - "လူငယ်အသစ်၊ တာဝန်သစ်ပေါ့၊ ငါ နားလည်ပါတယ်။ ငါ ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်၊ ကျေးဇူးတင်စကားလည်း မလိုပါဘူး"

ဝေါင်း... အိမ်ရှင်က (၁၉) ကြိမ်မြောက် အမျိုးသားပါတီညီလာခံကိုတောင် ကြည့်ပုံရသည်။

တကယ်ပဲ ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်ပါပေတယ်။

"သန်ဘက်ခါက ငါ့အမေရဲ့ ဈာပနပွဲပဲ။ မင်းတို့အားလုံး တစ်ယောက်မကျန် တက်ရောက်ရမယ်။ အမှတ်တရလက်ဆောင်တွေ ဘာတွေ ယူလာဖို့မလိုဘူး၊ အသုဘငွေပဲ ထည့်ကြပါ" ဟု အိမ်ရှင်က တောက်ပစွာ ပြုံးရင်း ပြောလိုက်သည်။ ထို့နောက် "တကယ်လို့ ငွေမထည့်နိုင်ရင်တော့ လာဖို့ မစဉ်းစားနဲ့တော့" ဟု ဆက်ပြောလေသည်။

ကောင်းယန်က "သီးသန့် လိုအပ်ချက်တွေကော ရှိသေးလား" ဟု မေးမြန်းလိုက်သည်။

ထိုအခါ အိမ်ရှင်၏ မျက်ဝန်းများထဲတွင် အမုန်းတရားများ ချက်ချင်း ပြည့်နှက်သွားပြီး "ဒါပေါ့၊ ငါ့စိတ်ကြိုက် ဖြစ်ဖို့ လိုတာပေါ့" ဟု ဆိုသည်။

သူသည် အရေးမကြီးသော အရာတစ်ခုခုကို သတိရသွားသည့်နှယ် ခဏမျှ ရပ်တန့်သွားပြီး မိမိခေါင်းကို ပုတ်ကာ "ဩော်... ဒါနဲ့၊ ဈာပနပွဲကို တက်ရောက်တဲ့ 'လိမ္မာတဲ့ကလေးတွေ' သာလျှင် ဒီကနေ ထွက်ခွာခွင့်ရမှာ။ မဟုတ်ရင်တော့ မင်းတို့တွေ 'နောက်ဆုံး လက်မောင်းတစ်စုံ' ကို ရှာတွေ့ပြီး ဂိမ်းကို အောင်မြင်အောင် ဆော့နိုင်ခဲ့ရင်တောင်မှ ဒီကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး" ဟု သတိပေးလိုက်တော့သည်။

လူတိုင်း၏ ရင်ထဲတွင် လေးလံသွားရပြီး အိမ်ရှင်၏ ယုတ်မာကောက်ကျစ်သော ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားကြသည်။

ဤနေရာမှ ထွက်ခွာနိုင်ရန်အတွက် ဈာပနပွဲကို မဖြစ်မနေ တက်ရောက်ရမည်ဖြစ်ပြီး ထိုပွဲကို တက်ရောက်နိုင်ရန်အတွက်လည်း အိမ်ရှင် စိတ်ကျေနပ်လောက်မည့် အသုဘငွေကို ယူဆောင်လာရမည် ဖြစ်သည်။ အိမ်ရှင်က ကစားသမားများ၊ အထူးသဖြင့် ကောင်းယန်အပေါ် မုန်းတီးနေသည့် အနေအထားအရ သူကသာ မကျေနပ်ကြောင်း ဖော်ပြလာပါက ကောင်းယန်တစ်ယောက် ဂိမ်းကို မည်သည့်အခါမျှ အောင်မြင်စွာ ပြီးဆုံးနိုင်တော့မည် မဟုတ်ပေ။

ကောင်းယန်ကမူ လေသံအေးအေးဖြင့်ပင် "မပူပါနဲ့၊ ကျွန်တော်တို့ ပေးမယ့် အသုဘငွေက အစ်ကို့ကိုတင် စိတ်ကျေနပ်စေမှာ မဟုတ်ဘူး။ အခါခါ သေဆုံးပြီး စောစောစီးစီး ဘဝတစ်ပါး ပြောင်းသွားရှာတဲ့ အစ်ကို့ရဲ့ အမေအိုကြီးကိုပါ စိတ်ကျေနပ်စေမှာပါ" ဟု ခပ်အေးအေး ပြောလိုက်သည်။

အခါခါ သေဆုံးပြီး စောစောစီးစီး ဘဝတစ်ပါး ပြောင်းသွားရှာတဲ့ အမေအိုကြီး ဟုတ်လား?

လူတိုင်း၏ မျက်နှာအမူအရာများမှာ ထူးဆန်းသွားကြပြီး ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသလို၊ အကြောင်းပြချက်မရှိဘဲ ရယ်စရာကြီး ဖြစ်သွားရသည်။

အိမ်ရှင်ကမူ ယုတ်မာသော အပြုံးတစ်ခုကို ပြုံးပြလိုက်သော်လည်း ပြန်လည် တုံ့ပြန်ခြင်းမရှိပေ။ သူ၏ သဘောထားကို ကြည့်ခြင်းအားဖြင့် သူသည် ကောင်းယန်နှင့် ကစားသမားတစ်စုကို အလွန် မုန်းတီးနေပုံရပြီး၊ သူတို့ကို ဂိမ်းအတွင်း၌ စုန်းကဝေ သို့မဟုတ် သရဲကောင်များ ဖြစ်သွားစေရန် ထောင်ချောက်များ သေချာပေါက် ဆင်တော့မည် ဖြစ်ကြောင်း သုံးသပ်နိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် ကစားသမားများကို သရဲကောင်များအဖြစ် ပြောင်းလဲပစ်နိုင်မှသာ အိမ်ရှင်အနေဖြင့် သူ၏ ဒေါသနှင့် မကျေနပ်ချက်များကို ဖွင့်ချနိုင်မည် ဖြစ်သောကြောင့်ပင်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment