Chapter 17( ငရဲပြည်သို့ခရီးစဉ် )
သူတို့နှစ်ယောက် မြေအောက်ပထမထပ်ရှိ သံတံခါးဆီသို့ သွားကာ သော့အချောင်းပေါင်းများစွာကို စမ်းဖွင့်ကြည့်ပြီးနောက် နောက်ဆုံးတွင် တံခါးကို ဖွင့်နိုင်ခဲ့ကြသည်။
“ကလစ်” ဟူသော အသံနှင့်အတူ တံခါးက အဟောင်းသား ပွင့်သွားခဲ့၏။ ကောင်းယန်က တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ လှမ်းဝင်လိုက်ပြီး စုကျန်းကလည်း နောက်ကနေ ကပ်လျက် လိုက်ဝင်လာသည်။
သူတို့က အဝင်ဝတွင်သာ မတ်တပ်ရပ်နေပြီး အတွင်းထဲသို့ ဆက်မတိုးရဲကြချေ။ တစ်ချက်က မြင်လိုက်ရသည့်အရာကြောင့် ထိတ်လန့်သွားခြင်းဖြစ်ပြီး၊ နောက်တစ်ချက်ကတော့ ရှေ့ဆက်တိုးရန် နေရာလွတ် မရှိတော့ခြင်းကြောင့် ဖြစ်သည်။
စုကျန်းတစ်ယောက် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိပြီး ဂျပိုးကောင်လို တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားရသည်။ “အစ်ကိုယန်... ဒါ လေးထပ်က အိုတာကူပြောခဲ့တဲ့ ‘သရဲနာကျည်းချက် ဝိညာဉ်ဆိုး’ ဆိုတာလား”
ပုံစံက ဝတုတ်ဖြိုးအိနေတဲ့ မုန့်လုံးကြီးတစ်လုံးလိုပဲ။ တကယ်လို့ အဲဒီအရာတွေက စုပြုံပြည့်နှက်မနေဘူးဆိုရင် ကြည့်ရတာ တော်တော်လေး စားချင်စရာကောင်းနေဦးမှာ ဖြစ်သည်။
ကောင်းယန် - “မင်း အခု ဘာကို တောင့်တနေလဲဆိုတာ ငါ့ကို လာမပြောနဲ့၊ မဟုတ်ရင် မင်းခေါင်းကို လိမ်ချိုးပစ်မယ်”
စုကျန်း - “...” သူ စိတ်မကောင်း ဖြစ်သွားရသည်။
သူတို့ရှေ့တွင်ရှိနေသည်က လူကြီးတစ်ယောက်စာခန့်ရှိသော အဖြူရောင် အသားဆိုင်ခဲကြီးတစ်ခုဖြစ်ပြီး လက်မောင်းပေါင်း ထောင်သောင်းချီ၍ ဖုံးလွှမ်းနေပေသည်။ မှုန့်ပန်းကန်ထဲ နှိုက်ထားသည့်အလား ဖြူဖျော့နေသော ထိုလက်မောင်းများသည် လက်သီးဆုပ်ထားကြသည် သို့မဟုတ် ဖြန့်ထားကြပြီး၊ လက်ဖဝါးတစ်ခုစီ၏ အလယ်ဗဟိုတွင် တင်းတင်းစေ့ထားသော လုံးဝန်းသည့် အကျိတ်တစ်ခုစီ ရှိနေလေသည်။
ကောင်းယန်က ထိုအကျိတ်များ ကွဲအက်ပွင့်ထွက်လာသည်ကို ယခင်က မြင်ဖူးထားပေသည်—၎င်းတို့က မျက်လုံးများ ဖြစ်ကြသည်။
ထောင်သောင်းချီသော လက်မောင်းတစ်ခုစီ၏ လက်ဖဝါးထဲတွင် အကျိတ်တစ်ခုစီ ရှိနေခြင်းက ဤအရာသည် “လက်တစ်ထောင်၊ မျက်စိတစ်ထောင် ကွမ်ရင်မယ်တော်” ကို ပုံတူကူးချရန် ကြိုးစားသော်လည်း မအောင်မြင်ဘဲ ဗီဇပြောင်းလဲသွားသည့် မိစ္ဆာသတ္တဝါကြီး ဖြစ်ကြောင်း သက်သေပြနေပေသည်။
ကောင်းယန်က လေသံတိုးတိုးဖြင့် “သရဲနာကျည်းချက် ဝိညာဉ်ဆိုး ဆိုတာက နာမည်အတိုင်းပဲ။ မတရားခံရလို့ သေဆုံးသွားတဲ့ သရဲတစ္ဆေတွေရဲ့ နာကျည်းမှုကို ရုပ်ဝတ္ထုအသွင် ပြောင်းလဲလာတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကို ပြန်ကောက်ရရင်တော့ အသိပညာမဲ့ပြီး နောက်ကျကျန်ခဲ့တဲ့ ရွာသားတွေက အယူမှား မိစ္ဆာနတ်ဘုရားတစ်ပါးကို ကိုးကွယ်ခဲ့ကြပြီး၊ အဲဒါကို ကွမ်ရင်မယ်တော်လို့ ထင်မှတ်ပြီး ဒူးထောက်ကာ လူသားရဲ့ အသွေးအသားအရှင်တွေကို ပူဇော်ပသခဲ့ကြတာ”
“ကွမ်ရင်ရဲ့ ထူးခြားချက်က လက်တစ်ထောင်နဲ့ မျက်စိတစ်ထောင် ရှိတာပဲ။ အဲဒီမိစ္ဆာနတ်ဘုရားက ကွမ်ရင်ရဲ့ ရုပ်အသွင်ကို အတုခိုးခဲ့တာကြောင့် အသတ်ခံခဲ့ရတဲ့ သရဲတွေရဲ့ နာကျည်းမှုတွေက ပေါင်းစပ်သွားပြီး ဒီလို လက်တစ်ထောင် မျက်စိတစ်ထောင် မိစ္ဆာကောင်ကြီး ဖြစ်လာခဲ့တာ”
ကောင်းယန် : “ဒီအကောင်က ပထမဆုံးညမှာ ငါတို့အခန်းထဲကို ဝင်လာခဲ့သေးတယ်၊ ဒါပေမဲ့ လက်မောင်းရှစ်ဖက်ပြတ် ကွမ်ရင်ရုပ်ပွားတော်ကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တာ”
စုကျန်းတစ်ယောက် ခြေထောက်များပါ ပျော့ခွေသွားပြီး ချွေးပေါက်များပိတ်ကာ ကြက်သီးတဖြန်းဖြန်း ထလာတော့သည်။ သူက မြင်သာအောင် ပြန်ပြောပြသည်။ “ကျွန်တော့်ခြေထောက်တွေ နောက်ဆုံးအကြိမ် ပျော့ခွေခဲ့တာကတော့ နောက်နေ့ နေ့လယ်ဘက်မှာ ချစ်သူများဟိုတယ်ကနေ လမ်းလျှောက်ထွက်လာတုန်းကပဲဗျာ"
ကောင်းယန် : “ဒါကို သတိပေးချက်တစ်ခုလို့ပဲ သဘောထားလိုက်။ လူပျိုသိုးတွေက ပွေတတ်တဲ့သူတွေကို အမုန်းဆုံးပဲ”
ထို ‘သရဲနာကျည်းချက် ဝိညာဉ်ဆိုး’ ကြီးက အိပ်ပျော်နေပြီး ညဘက်တွင်သာ လှုပ်ရှားလေ့ရှိပုံရသည်။
“သွားကြစို့” ကောင်းယန်က တံခါးဘက်သို့ လှည့်ရင်း ပြောလိုက်သည်။
စုကျန်းက အံ့အားသင့်သွား၏။ “ဟင်? တစ်ချက်ပဲ ကြည့်ပြီး ပြန်တော့မလို့လား”
“ဒီဝိညာဉ်ဆိုးကို သူ့အပေါ် မတရားလုပ်ခဲ့တဲ့သူ မသေမချင်း သတ်လို့မရဘူး။ အဲဒီလူသေမှပဲ နာကျည်းမှုတွေက သဘာဝအတိုင်း ပျောက်ကွယ်သွားမှာ။ ဒါတင်မကသေးဘူး၊ ဒီဝိညာဉ်ဆိုးက ရန်သူနဲ့ မိတ်ဆွေကို မခွဲခြားတတ်ဘူး။ သူက နာကျည်းမှုသက်သက်နဲ့ပဲ ဖွဲ့စည်းထားတာမို့ သက်ရှိတွေရဲ့ အသက်စွမ်းအားနဲ့ အသွေးအသားကိုပဲ တောင့်တနေတာ။ မှောင်တာနဲ့ တပြိုင်နက် သူက နိုးလာမှာ—” ကောင်းယန်က စကားကို ရုတ်တရက် ဖြတ်လိုက်ပြီး မေးလိုက်သည်။ “အခု ဘယ်နှစ်နာရီရှိပြီလဲ”
စုကျန်း : “ခြောက်နာရီ ထိုးတော့မယ်”
အခုက ဇွန်လ နွေရာသီမို့ ခြောက်နာရီထိုးရင်တောင် နေ့ခင်းဘက်လို လင်းနေဦးရမှာ ဖြစ်သော်လည်း— စုကျန်း မော့ကြည့်လိုက်တဲ့အခါ အပြင်ဘက်တွင် မှောင်အတိ ကျနေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် လန့်ဖျပ်သွားတော့သည်။
ကျိန်စာသင့်ပါစေ! သူတို့တွေ မြေအောက်ပထမထပ်ကို ရောက်နေပြီး နေရောင်ခြည်မရနိုင်တဲ့ နေရာဖြစ်မှန်း မေ့သွားကြခြင်း ဖြစ်သည်။ သူတို့ရဲ့ ဇီဝနာရီအရ ခြောက်နာရီဆိုတာ ညအချိန် ရောက်နေပြီ ဖြစ်သည်။
သူတို့နှစ်ယောက် နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ ‘သရဲနာကျည်းချက် ဝိညာဉ်ဆိုး’ ကြီး၏ လက်မောင်းများက ရေဘဝဲလက်တံများကဲ့သို့ လိမ်တွန့်လှုပ်ရှားလာပြီး ထိုကဲ့သို့သော အသံဆိုးများကိုပါ စတင်မြည်ဟီးလာတော့သည်။ နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာပဲ ဥခွံများ ကွဲအက်သွားသည့်အလား တဖြန်းဖြန်းမြည်သော အသံများနှင့်အတူ ထောင်သောင်းချီသော အကျိတ်များ ကွဲအက်ပွင့်ထွက်လာကြ၏။
ထို ‘သရဲနာကျည်းချက် ဝိညာဉ်ဆိုး’ ကြီးက ၎င်း၏ မျက်လုံးအားလုံးကို ဖွင့်လိုက်ပြီး ၎င်းတို့အားလုံးက ကောင်းယန်နှင့် စုကျန်းဆီသို့ စူးစိုက်ကြည့်လာကြတော့သည်။
ကောင်းယန်က ရုတ်တရက် အော်ဟစ်လိုက်သည်။ “ပြေးတော့!”
ကျဉ်းမြောင်းလှတဲ့ စင်္ကြံလမ်းတစ်လျှောက်မှာ ကောင်းယန်နဲ့ စုကျန်းတို့ဟာ အပေါ်ထပ်ကို အလောတကြီး ပြေးတက်နေကြရသည်။ သူတို့နောက်ကနေတော့ လက်ပေါင်းထောင်ချီရှိတဲ့ 'နာကျည်းချက်သရဲကောင်' က နံရံတွေကို အရှိန်အဟုန်နဲ့ တွားတက်ပြီး လိုက်လာနေ၏။ ၎င်းက စင်္ကြံလမ်းရဲ့ အပေါ်ဆုံးပိုင်းကို ဖျတ်ခနဲ ရောက်ရှိလာပြီး သူတို့နှစ်ယောက်နားကို တဖြည်းဖြည်းချင်း တိုးကပ်လာပါတော့သည်။
စုကျန်း တစ်ချက်လှည့်ကြည့်မိတဲ့အခါ ကြောက်လွန်းလို့ မျက်ရည်တွေတောင် ဝဲလာပြီး အော်ဟစ်လိုက်မိ၏။ "အဖေကြီးရေ... သားကို နောက်တစ်ခေါက်လောက် ထပ်ပြီး ချစ်ပေးပါဦးဗျ!!!"
ရှေ့ကနေ ဦးဆောင်ပြေးနေတဲ့ ကောင်းယန်ကတော့ တတိယထပ် လှေကားထစ်အဝင်ဝကို ရောက်ရှိနေပြီဖြစ်သည်။ သူ လှည့်ကြည့်လိုက်တဲ့အခါ စုကျန်းရဲ့ ခေါင်းပေါ်တည့်တည့်မှာ ရောက်နေတဲ့ နာကျည်းချက်သရဲကောင်ကို မြင်လိုက်ရ၏။ ထိုသရဲကောင်ရဲ့ ဒါဇင်နဲ့ချီတဲ့ လက်မောင်းတွေရဲ့ အလယ်ဗဟိုဟာ ရုတ်တရက် အက်ကွဲပွင့်ထွက်သွားပြီး လျှာနီရဲရဲ ခံတွင်းကြီးတစ်ခု ပွင့်ဟလာကာ ၎င်းထဲမှာ ထက်မြက်ပြီး တစ်ခုနဲ့တစ်ခု ယှက်ဖြာနေတဲ့ သွားချွန်ကြီးတွေ ပြည့်နှက်နေတာကို တွေ့လိုက်ရသည်။
နာကျည်းချက်သရဲကောင်ရဲ့ ခံတွင်းကြီးဟာ စုကျန်းရဲ့ ခေါင်းပေါ်တည့်တည့်မှာ ရောက်နေတာပင်။ နည်းနည်းလေးသာ ထပ်နိမ့်သွားရင် စုကျန်းရဲ့ ခေါင်းကို တစ်ချက်တည်းနဲ့ ကိုက်ဖြတ်ပစ်နိုင်တဲ့ အနေအထား ဖြစ်လို့နေသည်။
ပြီးတော့ ထိုသရဲကောင်ကလည်း တကယ်ပဲ အဲ့ဒီလိုလုပ်ဖို့ ကြိုးစားလာခဲ့သည်။ အရေးကြုံတဲ့ ထိုအရေးကြီးတဲ့ အခိုက်အတန့်မှာပဲ စုကျန်းက ခေါင်းကို အုပ်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သလိုဘတစ်ဖက်မှာလည်း ရန်မျန်ဆီက ငှားလာတဲ့ မက်မွန်သီးဓားကို ကိုင်ဆောင်ထားတဲ့ ကောင်းယန်က သုံးလှမ်းလှမ်းရမယ့် အကွာအဝေးကို တစ်လှမ်းတည်းနဲ့ အပြေးအလွှား ရောက်သွားပြီး ထိုအသားရောင် ခံတွင်းအနီကြီးထဲကို ဓားနဲ့ အားကုန် ထိုးစိုက်ချလိုက်ပါတော့သည်။
သံမဏိဓားသွားတစ်ခုလို ထက်မြက်နေတဲ့ မက်မွန်သီးဓားဟာ ခံတွင်းကြီးကို ဖောက်ထွက်သွားပြီး၊ အထဲကနေ သလိပ်လို ပျစ်ချွဲချွဲ အရည်တွေ ပန်းထွက်လာကာ လေထုထဲမှာ နံစော်တဲ့ အနံ့ဆိုးတွေ ချက်ချင်း ပြည့်နှက်သွားစေခဲ့သည်။
"အပေါ်ကိုတက်ပြီး တံခါးပိတ်လိုက်တော့!"
စုကျန်းဟာ လှေကားထစ် အဝင်ဝဆီကို ကယောင်ကတမ်း ပြေးတက်သွားခဲ့ပြီး ကောင်းယန်တစ်ယောက်တည်း နာကျည်းချက်သရဲကောင်ကို ရင်ဆိုင်ဖို့ ကျန်ရစ်ခဲ့လေသည်။
နာကျည်းချက်သရဲကောင်ဟာ စူးရှတဲ့ အော်သံကြီးကို ခြောက်ခြားဖွယ် မှုတ်ထုတ်ရင်း မျက်နှာကြက်ပေါ်ကို တွားတက်သွားခဲ့သည်။ ၎င်းရဲ့ ထောင်သောင်းမကတဲ့ မျက်လုံးတွေက ကောင်းယန်ဆီကို အမုန်းတရားတွေနဲ့ စူးစိုက်ကြည့်နေပြီး ဒဏ်ရာရထားတဲ့ လက်မောင်းအစီအရင်ကြီးကလည်း သူ့ကို ဒဏ်ရာရစေခဲ့တဲ့ လူသားကို ဖမ်းဆွဲဖို့၊ ခြေဆစ်လက်ဆစ်တွေနဲ့ ခေါင်းကို ဆွဲဖြဲပစ်ဖို့၊ ပြီးရင်တော့ ဝါးမြိုပစ်ဖို့အတွက် တဆတ်ဆတ် တုန်ခါနေခဲ့သည်။
ကောင်းယန်ဟာ မက်မွန်သီးဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး ရုတ်တရက် လှည့်ကာ ထွက်ပြေးလာခဲ့၏။ တရှရှနဲ့ တစ်ခုခု လှုပ်ရှားလာတဲ့ အသံတွေက သူ့နားထဲ ပြည့်နှက်နေပြီး၊ မျက်လုံးထောင့်ကနေ ဖြတ်ခနဲ ကြည့်လိုက်မိတဲ့အခါ ဖြူဖွေးတုတ်ခိုင်နေတဲ့ လက်မောင်းကြီးတွေက သူ့ကို ဖမ်းဆွဲပြီး နောက်က ခံတွင်းကြီးထဲ အတင်းထိုးထည့်ဖို့ လှမ်းလာနေတာကို မြင်လိုက်ရသည်။—
သူ့ရဲ့ စိတ်တွေ ဗလာဖြစ်သွားပြီး နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာ တွေးဖို့ အချိန်ရော နေရာပါ မရှိတော့ပါပေ။ ကြီးမားတဲ့ လက်ဝါးကြီးတစ်ခုက သူ့နှလုံးသားကို လာညှစ်ထားသလိုမျိုး ကြောက်စိတ်ကြောင့် ရင်ထဲ မွန်းကြပ်လာပြီး အသက်ရှူဖို့တောင် ခဲယဉ်းလာခဲ့လေသည်။
ဗီဇစိတ်တစ်ခုတည်းကိုပဲ အားကိုးပြီး ကောင်းယန်ဟာ အရှေ့ကို အားကုန် ပြေးဝင်လိုက်ကာ တတိယထပ် လှေကားထစ်ရဲ့ နောက်ဆုံး အဆင့်ပေါ်ကို သူ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် နင်းတက်လိုက်သည်။ အရှိန်ကြောင့် အရှေ့ကို ကိုင်းညွတ်သွားပြီး တစ်ကိုယ်လုံးဟာ အားကုန်ဆွဲဆန့်ထားတဲ့ လေးညှို့တစ်ခုလို တင်းမာနေခဲ့လေ၏။
ကောင်းယန် အပေါ်ကို ရောက်ရောက်ချင်းမှာပဲ စုကျန်းက သံတံခါးကြီးကို ဝုန်းခနဲ ချက်ချင်း ဆွဲပိတ်လိုက်ပါတော့သည်။
တံခါးက ကောင်းယန်ရဲ့ ဆံပင်ဖျားတွေကို ကပ်ပြီး ပိတ်သွားခဲ့ကာ နာကျည်းချက်သရဲကောင်ရဲ့ လက်သုံးဖက်ကို ညှပ်မိသွားခဲ့သည်။ စုကျန်းကတော့ ဘာမှ ဝေခွဲမနေဘဲ ထိုလက်သုံးဖက်ကို ခြေမွှ ဖြတ်တောက်ပြစ်လိုက်ပြီး တံခါးကို ဂျက်ချ သော့ခတ်လိုက်တော့သည်။
သံတံခါးရဲ့ နောက်ကွယ်မှာ ပိတ်မိကျန်ခဲ့တဲ့ နာကျည်းချက်သရဲကောင်ဟာ ဒေါသတကြီး အော်ဟစ်မြည်သံ ပေးလာခဲ့သည်။ ၎င်းရဲ့ ခံတွင်းကြီး ပွင့်လိုက် ပိတ်လိုက်ဖြစ်နေတဲ့ ခပ်တိုးတိုးအသံနဲ့အတူ ဒေါသကြောင့် ပြူးကျယ်လာတဲ့ မျက်လုံးပေါင်း ထောင်သောင်းချီဟာ လည်ပတ်လှုပ်ရှားနေပြီး၊ လူပေါင်းမြောက်မြားစွာက ရုန်းရင်းဆန်ခတ် လေသံတွေနဲ့ တစ်ယောက်တစ်ပေါက် တိုးတိုးဖျဖျ ငြင်းခုံအော်ဟစ်နေကြသလိုမျိုး ‘ဝုန်းဝုန်း’ အသံတွေ ထွက်ပေါ်နေခဲ့သည်။
ထိုအစိတ်စိတ်အမွှာမွှာ ထွက်ပေါ်နေတဲ့ အသံတွေကို ကြားရရုံမျှနဲ့တင် လူတစ်ယောက်ရဲ့ ဦးရေပြားကို ထုံကျဉ် သွားစေနိုင်လောက်ပေသည်။