no

Font
Theme

Chapter 15( ငရဲပြည်သို့ခရီးစဉ် )

အိမ်ရှင်က ထိုနေရာတွင် အချိန်ဆွဲမနေဘဲ တွန်းလှည်းကို တွန်း၍ ထွက်သွားခဲ့သည်။ ကောင်းယန်နှင့် ရန်မျန်တို့လည်း အခွင့်ကောင်းကို စောင့်ကာ အပြင်သို့ထွက်ပြီး ခေါင်မိုးထပ်သို့ အမြန်တက်ခဲ့ကြ၏။

ခေါင်မိုးထပ်ရဲ့ အပေါ်မှာတော့ အိမ်ရှင် နေထိုင်ရာ နောက်ထပ်အထပ်တစ်ခု ရှိနေပေသည်။

ရန်မျန်က သော့ခလောက်ကို ကိုင်ကြည့်ကာ “သော့ခတ်ထားတယ်” ဟု ပြောလိုက်သည်။

ကောင်းယန်က သကြားလုံးဗူးအဖုံးကိုဖွင့်၊ လိုက်ချီးသီးအရသာ သကြားလုံးတစ်လုံးကို ပါးစပ်ထဲပစ်ထည့်ပြီး အဖုံးပြန်ပိတ်ကာ အိတ်ကပ်ထဲ ထည့်လိုက်သည်။ ထို့နောက် သော့ခလောက်ကို သေချာစစ်ဆေးကြည့်လိုက်ကာ “ဒီလို ရှေးဟောင်းသော့မျိုးက ဖွင့်ရလွယ်ပါတယ်။ မြေအောက်ထပ်က သံတံခါးသော့ကိုသာ ငါ ဖွင့်နိုင်မှာ မဟုတ်တာ”

ရန်မျန်က ဘာမှမပြောဘဲ ဆံပင်ကလစ်တစ်ချောင်းကို ဆွဲထုတ်ကာ သူ့ကို ကမ်းပေးလိုက်သည်။ “ရော့၊ ဒီမှာ”

ကောင်းယန်က သူမကို တိတ်တဆိတ် တစ်ချက်ကြည့်လိုက်ပြီး နောက်သို့ သုံးလှမ်းဆုတ်ကာ ခန္ဓာကိုယ်ကို ဝှေ့ယမ်းပြီး တံခါးကို ခြေထောက်ဖြင့် ဆောင့်ကန်၍ ဖွင့်လိုက်သည်။ “ရုပ်ရှင်တွေ အရမ်းမကြည့်နဲ့”

သူက သော့ပြင်သမားလည်း မဟုတ်၊ သူခိုးလည်း မဟုတ်တာကို ဆံပင်ကလစ်တစ်ချောင်းနဲ့ သော့ဖွင့်နိုင်မည့် ပညာရပ်မျိုး ဘယ်လိုလုပ် ရှိနိုင်ပါမည်နည်း။

သူမ ဘာမှမတတ်နိုင်တော့ဘဲ ဆရာကြီး၏အရှေ့တွင် ခေါင်းငုံ့ အရှုံးပေးလိုက်ရတော့သည်။

သူတို့နှစ်ယောက် အထဲသို့ လျှောက်ဝင်သွားလိုက်ကြတော့ အခန်းက ကျဉ်းကျပ်ပြီး စုတ်ပြတ်နေကာ အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုချောင်နှင့် ရေချိုးခန်းတို့ ပါဝင်လေသည်။

ရန်မျန်က မီးဖိုချောင်ထဲရှိ အမှိုက်ပုံးထဲတွင် ကျန်းဝေမင်း၏ ရုပ်အလောင်းရှိနေသည်ကို မြင်လိုက်ရသဖြင့် မအောင့်နိုင်ဘဲ ဘေစင်တွင် သွားရောက် အော့အန်တော့သည်။ ပိုဆိုးသည်မှာ သော့တွဲအကြီးကြီးက ထိုအမှိုက်ပုံး၏ အပေါ်တည့်တည့်တွင် ချိတ်ဆွဲထားသဖြင့် သော့ကိုလှမ်းယူရန် ကျန်းဝေမင်း၏ ဦးခေါင်းအပေါ်ကနေ လက်လှမ်းကျော်ယူရမည် ဖြစ်သည်။

ကောင်းယန်ကတော့ အိပ်ခန်းထဲသို့ တန်းဝင်သွားပြီး ရောင်းချလိုက်ဖူးသည့် ‘လက်ပြတ်ကွမ်ရင်ရုပ်ပွားတော်’ ကို မကြာမီမှာပင် တွေ့ရှိသွားရသည်။ သူက စုတ်ပြတ်နေသော အိတ်တစ်လုံးကို အလွယ်တကူ ရှာဖွေကာ ရုပ်ပွားတော်ကို အထဲသို့ ထည့်လိုက်သည်။

အပြင်သို့ ပြန်ထွက်လာသောအခါ ရန်မျန်ကို ရှာရန် မီးဖိုချောင်သို့ သွားရာ၊ သူမက နှာခေါင်းကိုပိတ်ပြီး သော့တွဲကို လှမ်းယူနေသည်နှင့် ကွက်တိတိုးတော့သည်။

ထိုသော့တွဲတွင် အနည်းဆုံး သော့ချောင်း တစ်ဆယ်ချောင်းခန့် ပါရှိပြီး၊ မြေအောက်ထပ်က သံတံခါးကို ဖွင့်နိုင်မည့် သော့ကိုရရန် တစ်ချောင်းချင်းစီ လိုက်စမ်းကြည့်ရမည် ဖြစ်သည်။

ကောင်းယန်က အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး “မြန်မြန်လုပ်၊ အိမ်ရှင် မကြာခင် ပြန်လာတော့မယ်” ဟု သတိပေးလိုက်သည်။

သူတို့ အိမ်ထဲကနေ ပြေးထွက်လာကြစဉ်မှာတင် လှေကားကနေ တက်လာသည့် ခြေသံများကို ကြားလိုက်ရသည်။ အကယ်၍ အခု အောက်ကိုဆင်းသွားပါက အိမ်ရှင်နှင့် ထိပ်တိုက်တိုးနိုင်သဖြင့် ခေါင်မိုးထပ်ရှိ ရေကန်ကြီး၏ နောက်ကွယ်တွင် ဝင်ပုန်းလိုက်ကြရသည်။

အိမ်ရှင်က တံခါးကို တွန်းဖွင့်လိုက်သောအခါ ဇဝေဇဝါဖြစ်သွားပြီး အိမ်ထဲသို့ အမြန်ဝင်သွားလိုက်သည်။ ချက်ချင်းဆိုသလိုပင် လူနံ့ကို ရလိုက်ပုံရသည်။ သူက အခန်းထဲကို တစ်ပတ်ပတ်ကြည့်ပြီးနောက် ‘လက်မောင်းရှစ်ဖက်ပြတ် ကွမ်ရင်ရုပ်ပွားတော်’ နှင့် သော့တွဲ ပျောက်ဆုံးနေသည်ကို သိသွားကာ ခဏချင်းပင် ရူးသွပ်မတတ် ဒေါသချောင်းချောင်း ထွက်သွားတော့သည်။

သူက ပုဆိန်အကြီးကြီးတစ်လက်ကို ဆွဲကာ တံခါးအပြင်သို့ ထွက်လာပြီး လှေကားဝဆီသို့ လျှောက်လှမ်းလာ၏။သံတံခါးကြီးကို ဆွဲဖွင့်လိုက်သဖြင့် ထွက်ပေါ်လာသော စူးရှရှ အသံရှည်ကြီးက ခေါင်မိုးထပ်၏ သေမင်းတမျှ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။

ကောင်းယန်က သံတံခါးဆီသို့ လှည့်ကြည့်လိုက်ရာ အိမ်ရှင်က ခေါင်မိုးထပ်ကို စတင်ရှာဖွေနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သွေးရောင်ရင့်ရင့် ပုဆိန်ကြီးက နံရံများကို နက်နက်ရှိုင်းရှိုင်း ခြစ်မိနေခြင်းက အိမ်ရှင်၏ ကြီးမားလှသော ခွန်အားကို သက်သေပြနေပေသည်။

တကယ်လို့သာ သူ့ကို ထိပ်တိုက်ရင်ဆိုင်ရရင် နိုင်ဖို့လမ်း မရှိနိုင်ပေ။

သံတံခါးက သော့ခတ်ထားပြီး သော့တွဲ လက်ထဲရှိနေသော်လည်း တစ်ချောင်းချင်းစီ လိုက်စမ်းနေရဦးမည်ဖြစ်ရာ အချိန်အများကြီး ကုန်ပေလိမ့်မည်။

ရန်မျန်က တိုးတိုးလေး ကပ်မေးသည်။ “ငါတို့ ဘာလုပ်ကြမလဲ”

ကောင်းယန်က သူမကို ငုံ့ကြည့်လိုက်သည်။ မိန်းကလေးငယ်လေး၏ မျက်နှာမှာ ဖြူဖျော့နေပြီး မျက်ဝန်းထဲတွင်လည်း ကြောက်ရွံ့မှုများ ပြည့်နှက်နေပေသည်။ သူမ စိတ်အေးအေးထားရန် ကြိုးစားနေသော်လည်း လက်တွေ့တွင်မူ အသက်ရှူဖို့ပင် မေ့လျော့နေလောက်အောင် တင်းကျပ်နေရှာသည်။

သူမက စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီး တာအိုဆရာမတစ်ယောက် ဖြစ်နေလင့်ကစား လက်တွေ့ဘဝတွင် လူသားစားလူသတ်သမားကြီးနှင့် ရင်ဆိုင်ရခြင်းက အလွန်တရာ ထိတ်လန့်စရာ ကောင်းနေဆဲပင်။

ကောင်းယန် ခဏမျှ တိတ်ဆိတ်သွားပြီးမှ “မင်း မက်မွန်သစ်သားဓား ယူလာခဲ့လား” ဟု မေးသည်။

ရန်မျန်: “ယူလာတယ်”

“အဲဒါကို ငါ့ကိုပေး။ ငါ သူ့ကို တားထားမယ်။ မင်း တံခါးကို အမြန်ဖွင့်ပြီး ထွက်ပြေးတော့။ ရှစ်ထပ်ကို ရောက်သွားရင် မင်း ဘေးကင်းသွားလိမ့်မယ်"

ရန်မျန်က မက်မွန်သစ်သားဓားကို ကောင်းယန်ထံ ကမ်းပေးလိုက်သည်။ သူ ဓားကို လှမ်းယူလိုက်သည့် ခဏမှာပင် အပေါ်ကနေ ပုဆိန်ကြီးတစ်လက် ခုတ်ပိုင်းချလိုက်ရာ မြေပြင်ပင် ကွဲအက်သွားပြီး မီးပွားများ လွင့်စင်သွားတော့သည်။

ကောင်းယန်က အော်ဟစ်လိုက်သည်။ “ပြေးတော့!”

ထိုခဏ၌ပင် သူတို့နှစ်ယောက် ချက်ချင်း လူခွဲလိုက်ပြီး ဆန့်ကျင်ဘက်အရပ်စီသို့ အားကုန်ရုန်းပြေးကြတော့သည်။ ရန်မျန်က သံတံခါးဆီသို့ ပြေးသွားရင်း သော့တွဲထဲမှ သော့များကို တစ်ချောင်းပြီးတစ်ချောင်း အမြန်လဲစမ်းနေပြီး အိမ်ရှင်ကမူ ကောင်းယန်တစ်ယောက်တည်းကိုသာ မျက်စိဒေါက်ထောက်ကြည့်ကာ လိုက်လံတိုက်ခိုက်တော့သည်။

အိမ်ရှင်၏ အရှိန်က အလွန်မြန်လှသည်။ ပုဆိန်အကြီးကြီးကို မြေကြီးပေါ် တရွတ်တိုက်ဆွဲကာ ပြေးလာရင်း အရှိန်အဟုန်ဖြင့် စိတ်ကြိုက် လွှဲခုတ်နေခဲ့သည်။

ကောင်းယန်မှာ အဆုတ်တစ်ခုလုံး ပေါက်ထွက်လုမတတ် အသက်လုပြေးနေရသည်။ လေပြင်းများက နှာခေါင်းနှင့် ရင်ဘတ်ထဲသို့ တိုးဝင်နေပြီး မွန်းကြပ်လွန်းလှသဖြင့် နာကျင်မှုက သူ့ကို အသက်ရှူရပ်မတတ် ဖြစ်စေပေသည်။

ပုဆိန်ကြီးက သူ့ခေါင်းကို ကပ်ပြီး လွဲချော်သွားသည်မှာ အကြိမ်ကြိမ်ပင်။ တကယ်လို့ ကောင်းယန်သာ ဖျတ်လတ်မှု မရှိရင် သူ့ရဲ့ လည်ပင်းကျဉ်းကျဉ်းလေးက ပြတ်ကျသွားခဲ့တာ ကြာလှပေပြီ။ ကောင်းယန်က ခေါင်းမိုးထပ်ရဲ့ အစွန်းနားအထိ ရောက်သွားပြီး အရှိန်ကို အသုံးချကာ သူ့ဆီ ဦးတည်လာတဲ့ ပုဆိန်ချက်ကို သီသီလေး ရှောင်တိမ်းလိုက်သည်။ ထို့နောက် ဗီဇစိတ်အရ လက်ထဲက မက်မွန်သစ်သားဓားကို မြှောက်ပြီး ကာကွယ်လိုက်ရာ—မမျှော်လင့်ဘဲ ထိုဓားက ထက်မြက်လှသော ပုဆိန်ချက်ကို တကယ်ပဲ ခုခံတားဆီးနိုင်ခဲ့သည်။

ကောင်းယန်က မက်မွန်သစ်သားဓားကို လက်ပြောင်းကိုင်ကာ အိမ်ရှင်၏ ကျောပြင်ဆီသို့ ပြောင်းပြန်ဆတ်ခနဲ ထိုးစိုက်လိုက်သော်လည်း ဓားက တုတ်တုတ်မျှမလှုပ်ပေ။ ထိုဓားက အိမ်ရှင်ကို ဘာဒဏ်ရာမှ မပေးနိုင်ခဲ့ပါ။ သူ့အရေပြားက ထူလွန်းလှပြီး ကောင်းယန်ကလည်း အတွေ့အကြုံမရှိသေးသူ ဖြစ်သဖြင့် အိမ်ရှင်ထံမှ သွေးတစ်စက်ထွက်အောင်ပင် လုပ်နိုင်စွမ်း မရှိခဲ့ချေ။

အိမ်ရှင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ကောင်းယန်၏ နားထဲတွင် လေပင်အူသွားတော့သည်။ထိုအချိန်တွင် ရန်မျန်က သံတံခါးကို ဖွင့်နိုင်သွားပြီး ကောင်းယန်ကို လှမ်းအော်ပြောလိုက်သည်။ “တံခါးပွင့်ပြီ၊ ပြေးတော့”

ကောင်းယန်က ချက်ချင်းလှည့်ပြီး သံတံခါးဆီသို့ အားကုန်ပြေးတော့သည်။ ရန်မျန်ကလည်း လျင်လျင်မြန်မြန်ပင် လူနာဆောင်စင်္ကြံထဲသို့ ဝင်ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

ကောင်းယန်က သံတံခါးနှင့် ပိုဝေးသည့်နေရာတွင် ရှိနေသဖြင့် သူ မည်မျှပင် မြန်အောင်ပြေးပါစေ၊ အိမ်ရှင်၏အရှိန်က ပို၍ မြန်နေဆဲ ဖြစ်သည်။

ကောင်းယန် သံတံခါးအပြင်သို့ ခြေတစ်ဖက် လှမ်းအထွက်မှာတင် ပုဆိန်ကြီးက သူ့ခြေသလုံးဆီသို့ ဝှေ့ယမ်းခုတ်ပိုင်းလာလေသည်။ ကောင်းယန်က မက်မွန်သစ်သားဓားဖြင့် အမြန်ပင် ကာကွယ်လိုက်သော်လည်း မျက်လုံးထောင့်ကနေ အိမ်ရှင်၏ ကျောချမ်းဖွယ် အပြုံးကြီးကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခုခု ဖြစ်တော့မည်ကို အလိုလို ခံစားလိုက်ရသည်။

နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာပဲ သွေးစွန်းနေတဲ့ နောက်ထပ်ပုဆိန်တစ်လက်က လျှပ်စီးကဲ့သို့ မြန်ဆန်သောအရှိန်ဖြင့် ကောင်းယန်၏ လည်ပင်းဆီသို့ ကျဆင်းလာပြန်သည်။ ကောင်းယန်၏ သူငယ်အိမ်များ ကျုံ့သွားပြီး မျက်ဝန်းထဲတွင် အိမ်ရှင်၏ ယုတ်မာကောက်ကျစ်ပြီး အောင်နိုင်သူအသွင် ပြုံးနေသည့် မျက်နှာပေးနှင့် ရိပ်ခနဲ ကျလာသည့် ပုဆိန်ရိပ်တို့က ထင်ဟပ်သွားခဲ့သည်။

သို့သော် ဘာကြောင့်မှန်းမသိ၊ ထိုပုဆိန်ကြီးက ကောင်းယန်၏ လည်ပင်းပေါ်တွင် တစ်ဆို့သွားပြီး အရေပြားကို ခပ်ဖွဖွလေး ပွတ်တိုက်ရုံသာ တိုက်မိကာ ဆက်ပြီး ခုတ်ပိုင်း၍မရ ဖြစ်သွားတော့သည်။

ကောင်းယန် အံ့အားသင့်သွားရသည်။ သူက အိမ်ရှင်ကို မော့ကြည့်လိုက်ရာ၊ အိမ်ရှင်မှာ တစ်ကိုယ်လုံး အားစိုက်ထားသဖြင့် နဖူးနှင့် လက်မောင်းတို့တွင် အကြောအပြိုင်းပြိုင်း ထနေသော်လည်း ပုဆိန်ကြီးကတော့ အနည်းငယ်မျှ ရွေ့မလာသည်ကို တွေ့လိုက်ရသည်။

ကောင်းယန်က ခန္ဓာကိုယ်ကို အနည်းငယ် နောက်ဆုတ်ကာ ပုဆိန်ကို ငုံ့ကြည့်လိုက်သည်။ ပုံစံက တစ်စုံတစ်ယောက်က ထိုပုဆိန်ကို နောက်ကနေ ဆွဲကိုင်တားဆီးထားသည့်အတိုင်းပင်။

သူ့မှာ သတ္တိရှိလှသည်ဆိုသော်လည်း ဤနေရာတွင် ဆက်နေပြီး အခြေအနေကို စုံစမ်းရမည့်အချိန် မဟုတ်မှန်း ကောင်းယန် သိပေသည်။ သူက အမြန်ထပြီး ထွက်ပြေးရန်ပြင်ရင်း ထွက်ပေါက်နားရှိ လက်မောင်းရှစ်ဖက်ပြတ် ကွမ်ရင်ရုပ်ပွားတော်ကိုပါ လှမ်းဆွဲယူခဲ့သည်။

သူက ရုပ်ပွားတော်ကို ကျောပေါ်သို့ ကောက်လွယ်လိုက်သော်လည်း စုတ်ပြတ်နေသောအိတ်က ရုပ်ပွားတော်ကို လုံအောင်မဖုံးနိုင်သဖြင့် လမ်းတွင် ပြုတ်ကျလုမတတ် ဖြစ်နေခဲ့သည်။

ထိုသို့ လှုပ်ခါပြီး ဆောင့်မိနေမှုများက အိမ်ရှင်၏ နှလုံးသားကို နာကျင်စေပုံရလေ၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment