no

Font
Theme

အပိုင်း ၄၀ - ဘုရားပွဲတော် (အခန်း ၇)

"မင်းငါ့ကို အတင်းချွတ်ခိုင်းတဲ့ အင်္ကျီလေ။"

စုယွီကသဘောမပေါက်သလို ခေါင်းစောင်းကာကြည့်ပြီးမှ မှတ်မိသွားပုံရသည်။

"သြော် ဂျက်ကတ်လား။ ငါလျှော်ပြီး ခြံနောက်မှာလှန်းထားတယ်။ မင်းညလယ်ခေါင်ကြီးရောက်လာတာ ဒါအတွက်လား။"

"အင်း"

စုယွီက မျက်မှောင်ကြုတ်ကာ ပိုင်လော့ဖုန်းအား စူးစူးရဲရဲကြည့်နေသည်။

"ဘာလဲ။"

"ဂျက်ကတ်လိုချင်ရုံနဲ့ ညလယ်ခေါင်ကြီး ထွက်လာတယ်ပေါ့။"

"မင်းစက္ကူရုပ်က ငါ့ကိုပေးမအိပ်တာ။ အိပ်ရာနံဘေးလာရပ်ပြီး ငါ့ကိုလာနိုးနေတာလေ။" (သူသာထမလိုက်လာပါက စက္ကူရုပ်မိန်းကလေးသည် သူ့စောင်ပေါ်အထိတက်လာလိမ့်မည်။)

ပိုင်လော့ဖုန်း ထိုသို့ပြောချင်သော်လည်း အတင်းချုပ်တည်းထားရ၏။

စုယွီက စက္ကူရုပ်က သူ့အားခေါ်လာကြောင်း သိနေသည့်ပုံမပေါ်ပေ။

စုယွီနှင့်ရုပ်သာတူပြီး ထိုလူသည်ဂိမ်းထဲမှ ဝမ်အဖိုးကြီးဖြစ်နေဆဲပင်။

အရုပ်အားလွှတ်လိုက်သူက ဝမ်လူကြီးဟုတ်ပုံမရ။

ထိုအတွက် စက္ကူရုပ်မိန်းကလေး၌ ကိုယ်ပိုင်အသိစိတ်ရှိရမည်။

ပိုင်လော့ဖုန်း ဇာတ်ကြောင်းအား အမြန်ပြောင်းပစ်လိုက်သည်။ "အေးလွန်းတော့အိပ်မရလို့ ဂျက်ကတ်ပြန်ယူဖို့ ခိုးထွက်လာတာ။"

စုယွီ၏မျက်လုံးများက ဘလိတ်ဓားလိုချွန်မြနေပြီး ပိုင်လော့ဖုန်း လိမ်မလိမ်လေ့လာနေ၏။

ပိုင်လော့ဖုန်းကသူ့အား မကြောက်မရွံ့ ပြန်စိုက်ကြည့်နေသည်။

သရုပ်ဆောင်မှုကပီပြင်လွန်း၍ လိမ်မလိမ်ကို စုယွီမခွဲခြားတတ်တော့ပေ။

သူပိုင်လော့ဖုန်းဆီမှ အကြည့်လွဲကာမေးလာသည်။ "ဘယ်ချိန်ကရောက်တာလဲ။"

"အခုပဲ၊ မိနစ်ပိုင်းပဲကြာဦးမယ်။"

"ဒါပေမယ့် ခပ်လှမ်းလှမ်းကတည်းက မင်းအသားခုတ်နေတဲ့အသံ ကြားနေရတယ်။ မင်းမနက်စာပြင်နေတာလား။ ငါတို့အတွက်မလား။ မန်ထိုလား၊ ဖက်ထုပ်လား။"

သူသည် ဘာမှမသိသလိုဟန်ဆောင်ရင်း စကားတစ်ခွန်းပြောပြီးတိုင်း စုယွီအနား အနည်းငယ်ဆီတိုးကပ်လာသည်။ သူ၏မက်မွန်ပွင့်လိုမျက်လုံးများက ဝိုင်းစက်ဝင်းလက်နေ၏။

ပြီးနောက်ထိုမျက်လုံးများအား တဖျတ်ဖျတ်ခတ်ပြကာ သနားစဖွယ်ပြောလာသည်။ "ငါဗိုက်ဆာနေပြီ။"

စုယွီကအမူအရာပျက်ကာ နောက်ဆုတ်သွား၏။ တစ်ခုခုအား အတင်းအကျပ်သည်းခံနေရသလို အံကိုပင်ကြိတ်ထားသည်။

ပိုင်လော့ဖုန်း မရယ်မိအောင်ထိန်းထားရသည်။ ထိုနည်းကယခုအထိ စုယွီအားလှည့်စားရန် အသုံးဝင်နေဆဲပင်။

ပိုင်လော့ဖုန်းက လက်နှစ်ဖက်အားရင်ဘတ်ရှေ့ထားကာ လက်အုပ်ချီပြ၍ "အစ်ကိုကြီး၊ ငါဖက်ထုပ်စားချင်တယ်။ နံနံပင်အများကြီးနဲ့။"ဟုပြောလိုက်သည်။

စုယွီကဘာမှပြန်မပြော။

မျက်ခုံးအားတွန့်ကွေးကာ ပိုင်လော့ဖုန်းအား ပခုံးမှကိုင်၍တွန်းထုတ်လာ၏။ "ကပ်လွန်းနေတယ်။"

"အာ.....တောင်းပန်ပါတယ်။"

"ဒါနဲ့ ဖက်ထုပ်ရှိလား။"

"မင်းဒီလောက်တောင်မှ စားနေချင်နေတာလား။"

ပိုင်လော့ဖုန်း ခေါင်းတဆတ်ဆတ်ငြိမ့်ပြသောအခါ

စုယွီကမနိုင်သလို သက်ပြင်းချသည်။

ပြီးနောက်မော့ကြည့်ကာ ပိုင်လော့ဖုန်းအား သတိထားလျက်မေးလာ၏။ "မင်းတကယ်ဘာမှ မတွေ့ဘူးမလား။"

"အိမ်ထဲမှမရောက်သေးတာ ဘာတွေ့ရမှာလဲ။"

"ခြံထဲကိုရော၊ မင်းခြံထဲရောက်နေတာမလား။"

"အင်း၊ပတ်ကြည့်ပြီးပြီ။ ဒါပေမယ့် မင်းဘာလို့ ငါ့အင်္ကျီကိုယူခဲ့လဲဆိုတာ ခုထိသဘောမပေါက်သေးဘူး။ ငါတို့ကခုမှတွေ့ဖူးတာလေ။ မင်းငါ့အင်္ကျီကို သဘောမကျလို့ ခြံထဲပစ်လိုက်တာလည်း ဖြစ်နေနိုင်တာပဲ။"

စုယွီ၏မျက်နှာက ခပ်ချဥ်ချဥ်ဖြစ်လာသည်။

ပိုင်လော့ဖုန်းက သတိထားမိကာ အောက်ငုံ့၍ဘေးဘီကိုဝေ့ကြည့်နေ၏။

"မင်းကငါ့ကို ဒီလိုလူမျိုးထင်နေတာလား။"

"ခန့်မှန်းကြည့်ရုံပါ။ ပထမဆုံးဆိုတော့ ငါမှမင်းအကြောင်းမသိတာ။ ဘာလို့အတည်ပေါက် တွေးနေတာလဲ။"

စုယွီကပြန်မဖြေလာပေ။

သူမပျော်နေမှန်း ပိုင်လောဖုန်း ရိပ်မိသည်။

"စိတ်ညစ်နေတာလား။"

"မဟုတ်ဘူး။"

"ဒါဆိုလည်းပြီးရော။ ဒါနဲ့ ဘာလို့ပုဆိန်ကြီး ကိုင်ထားတာလဲ။ သွေးတွေကရော ဘာလို့ပေနေတာလဲ။"

စုယွီကငုံ့ကြည့်သည်။ အဖြူရောင်စွပ်ကျယ်က သွေးများစိုရွဲနေပြီး တစ်ကိုယ်လုံးပေရေနေ၏။ လူတစ်ယောက်အား ဓားနှင့်ခုတ်ရင်း သွေးလွှတ်ကြောထိကာ သွေးများပန်းထွက်သဖြင့် စိုရွဲလာသည်နှင့်တူနေသည်။

ပါးမှ အရည်များတစက်စက်ကျနေ၍ သူသုတ်ပင်ရင်း လက်ကိုကြည့်လိုက်သောအခါ သွေးးများပင်ဖြစ်နေပြန်၏။

မျက်နှာအထိသွေးတက်စင်ထားမှန်း သူရိပ်မိလိုက်သည်။

သူခေါင်းစောင်းကာလက်ထဲက ပုဆိန်အားကြည့်လိုက်၏။ ပုဆိန်ခေါင်းမှာ တုံးနေပြီဖြစ်ကာ သွေးများရွှဲနစ်နေသည်။

"အခုပဲဝက်သတ်လာတာ။ အားအရမ်းသုံးရတယ်။ သွေးလည်းအရမ်းထွက်တယ်။"

"ဒီလောက်ညနက်ကြီးမှ ဝက်သတ်တယ်။"

"အင်း....." စုယွီကမျက်တောင်တစ်ချက်ပင် မခတ်ဘဲပြန်ဖြေ၏။ "မင်းတို့ခရီးသွားတွေကိုကျွေးဖို့ ပြင်ဆင်ရတာပေါ့။"

"ပင်ပန်းမှာပဲ။"

"မပင်ပန်းပါဘူး။ ဒီတိုင်းခက်ခဲတဲ့ ဘဝမလို့။"

"ပင်ပန်းတာပဲပေါ့။ ဒီအတွက် ကျေးဇူးတင်တယ်။"

"ရပါတယ်၊ ဒီမှာခဏစောင့်နေဦး။"

စုယွီက ပုဆိန်ကိုပွတ်ဆွဲကာ အိမ်ထဲဲပြန်ဝင်ပြီး တံခါးဆွဲပိတ်လိုက်သည်။ တံခါးနောက်မှစုယွီ၏ ခပ်အုပ်အုပ်အသံအားကြားရ၏။ "ဂျက်ကတ်သွားယူပေးမယ်။ တစ်နာရီလောက်စောင့်နေဦး။"

သူ့အသံအားမကြားမည်စိုး၍ ပိုင်လော့ဖုန်း အသံကို့မြှင့်ကာပြန်ဖြေလိုက်သည်။ "ဟုတ်ပြီ။"

ပြန်ဖြေပြီးမှ ထူးဆန်းနေသည်ကို သူသတိထားမိ၏။ 'ဂျက်ကတ်လေးယူတာ တစ်နာရီတောင်ကြာလို့လား။'

သူသံသယဝင်နေသော်လည်း စုယွီမှာပျောက်သွားပြီဖြစ်၍ မေးရန်လူမရှိတော့ချေ။

ခြံထဲတစ်နာရီကျော်အောင်စောင့်ပြီးမှ စုယွီပြန်ထွက်လာသည်။

အဝတ်အစားအသစ်များ (အတိအကျပြောရပါက စွပ်ကျယ်အဖြူနှင့် အမဲအားလဲဝတ်ထားခြင်း)လဲကာထွက်လာပြီး လက်တစ်ဖက်တွင် ပိုင်လော့ဖုန်း၏ဂျက်ကတ်နှင့် နောက်တစ်ဖက်၌ အငွေ့များထွက်နေသည့် ပန်းကန်လုံးအားကိုင်ကာထွက်လာ၏။

"မင်းဂျက်ကတ်" သူ့လက်တစ်ဖက်မှ ဂျက်ကတ်အားပေးပြီးနောက် နောက်တစ်ဖက်ကိုပါမြှောက်လာသည်။ "ဖက်ထုပ်"

"....."

ပိုင်လော့ဖုန်း ကြောင်နေသည်။

ထိုစကားအား သူစနောက်သည့်သဘောနှင့်သာပြောမိခြင်းပင်။ သို့သော်စုယွီက ဖက်ထုပ်ခွက်အား ကမ်းပေးနေသဖြင့် သူထုတ်မပြောချင်တော့ပေ။ ငြင်းစရာအကြောင်းအရင်းလည်း မရှိသဖြင့် ပိုင်လော့ဖုန်းလက်ခံလိုက်သည်။

ပန်းကန်လုံးမှာ အလွန်ပူကာ အငွေ့တထောင်းထောင်းထနေပြီး အခုမှအိုးထဲကထုတ်လာသည့် ဖက်ထုပ်များဖြစ်ရမည်။ ပိုင်လော့ဖုန်း ငုံ့ကြည့်သောအခါ ဖက်ထုပ်များက အတော်လေးကြီးကာ အစာအပြည့်သွပ်ထားပြီး ဟင်းရည်၌နံနံပင်များ နိုင်းချင်းအုပ်ထားသည်ကိုတွေ့ရ၏။

'ဖက်ထုပ်တွေကကြီးလိုက်တာ'

ပိုင်လော့ဖုန်း၏ မျက်လုံးများပြူးကျယ်လာပြီး ပန်းကန်လုံးအား ကိုင်ထားရင်းမှ ကြောက်ရွံ့မှုကြောင့် တုန်ရီလာသည်။ "မင်း...မင်းဘာသာလုပ်ထားတာလား။"

စုယွီကပါးစပ်ကို လက်သီးဆုပ်နှင့်ကာ၍ ချောင်းဆိုးရင်းခေါင်းငြိမ့်ပြလာ၏။

"မင်းပဲဖက်ထုပ်စားချင်တာဆို။ အိမ်မှာအအေးခံထားတဲ့ ဝက်သားတွေရှိနေလို့ အခုပဲချက်လိုက်တာ။"

"အခုထုပ်၊အခုပြုတ်ပေါ့။"

"အင်း" စုယွီက ပိုင်လော့ဖုန်း၏ဂျက်ကတ်အား သူ့ပခုံးထက်ကောက်တင်ကာ အိတ်ကပ်ထဲမှဆေးပိုက်ကိုယူထုတ်ပြီး မီးညှိသည်။ ဆေးလိပ်တစ်ချက်ဖွာပြီးနောက် သူ့ကိုကြည့်လာ၏။

"ခြံကလည်းညစ်ပတ်နေတယ်။ ငါကလည်းအထဲမှာ ဝက်ပေါ်နေတော့ သွေးတွေရွဲတုန်းပဲ။ မင်းကိုအိမ်ထဲမှာ ဧည့်ခံလို့အဆင်မပြေဘူး။ နည်းနည်းအဆင်မပြေဖြစ်လောက်ပေမယ့် ဒီမှာပဲစားလို့ရလား။"

"ဟမ်၊ ရ ရတယ်။"

ပိုင်လော့ဖုန်းပန်းကန်လုံးထဲက တူကိုယူကာ ဖက်ထုပ်တစ်ခုညှပ်ယူပြီး မရဲတရဲစားကြည့်လိုက်သည်။

စုယွီအားသံသယမဝင်ချင်သည့်တိုင် ထိုလူကယခုနကတင် လူတစ်ယောက်အား ခုတ်ထစ်နေသည်မဟုတ်ပါလား။ စုယွီကဝက်သားဟုပြောသည့်တိုင် သူအပြည့်အဝ မယုံရဲပေ။

တစ်ချက်ကိုက်လိုက်သည်နှင့် အရသာ၊အထိအတွေ့အားလုံးက ဝက်သားအတိုင်းပင်။ လရောင်နှင့်အထဲမှ အသားအားစစ်ကြည့်သည့်အခါ ဝက်သားနှင့်ပင်တူနေ၏။

သူကြောက်နေသည့်ကိစ္စမျိုး မဖြစ်လာမှသာ ပိုင်လော့ဖုန်းအလုတ်ကြီးကြီး စားရဲတော့သည်။

ဖက်ထုပ်ကစားကောင်းလွန်းနေ၏။

တစ်နေကုန်အလုပ်လုပ်ပြီးနောက် ညစာကောင်းကောင်းမစားရသဖြင့် ပူပူနွေးနွေးစားရကံကြုံသောအခါ ပိုင်လော့ဖုန်း အငမ်းမရစားမိသည်။

စုယွီကသူ့အားကြည့်ရင်း သတိမထားလိုက်မိဘဲ ခပ်ဖွဖွရယ်လိုက်မိ၏။ ပြီးနောက် ပိုင်လော့ဖုန်းအားကျောပေးကာ မြောက်လေအားလက်ဖြင့်ကာ၍ ဆေးတံကိုရှိုက်ဖွာလိုက်သည်။

ဖက်ထုပ်များကုန်ကာ စွပ်ပြုတ်ရည်အား တစ်ဝက်ခန့်မော့သောက်ပြီးမှ ပိုင်လော့ဖုန်းက တစ်ခုခုအားသတိသွားပြီး ပန်းကန်ကိုပြန်ချကာမေးလာ၏။ "မင်းကျွေးတာကျတော့ ဘာလို့ပူနေတာလဲ။"

စုယွီကပြန်လှည့်လာသည်။ "ဟမ်"

"ရွာဘုရားပွဲမစခင် တစ်ရွာလုံး ထမင်းအေး၊ဟင်းအေးပဲ စားရမယ်လို့ပြောထားတယ်မလား။"

"ဒီလိုစုတ်ပြတ်ရွံရှာရူးနှမ်းတဲ့ စည်းကမ်းကို လူတိုင်းလိုက်နာရမယ်လို့လည်း မပြောထားဘူး။"

'စုတ်ပြတ် ရွံရှာ ရူးနှမ်း'

ပိုင်လော့ဖုန်းကသူ့အစား စိတ်လှုပ်ရှားလာ၏။ "မင်းဒီလိုစကားတွေ ပြောလို့ရောရရဲ့လား။"

"ဘယ်သူမှမကြားပါဘူး။ စားပြီးပြီမလား။ ပြီးရင်သွားပြန်အိပ်တော့။ ဒီမှာမင်းဂျက်ကတ်။"

"ပြီးတော့ပြီးပါပြီ။" ပိုင်လော့ဖုန်း ပန်းကန်ကိုပြန်ကမ်းပေးလိုက်သည်။ "ကျေးဇူးပဲ၊ တကယ်စားလို့ကောင်းတယ်။"

စုယွီကဘာမှပြန်မပြောဘဲ ပန်းကန်လုံးကိုယူကာ ဂျက်ကတ်အားပေးလာ၏။

ပိုင်လော့ဖုန်းမှာ ထုတ်လွှင့်ရန်ကိရိယာများ တပ်ဆင်ထားရသဖြင့် အဝတ်လဲခြင်းကမလွယ်လှ။ ကိရိယာများအား အရင်ဖြုတ်ကာ အင်္ကျီဟောင်းအားချွတ်၍ စုယွီဆီကမ်းပေးလိုက်သည်။ ဂျက်ကတ်အားပြန်ဝတ်ပြီးမှသာ နွေးထွေးမှုအားခံစားရတော့၏။

"၂၇ ရက်နေ့ညနေကျ ရွံ့နဲ့ကျောက်သုံးပြီး ရုပ်ထုလုပ်၊ ကခုန်သီချင်းတွေဆို၊ ဘုရားမှာအလှူလုပ်၊ လမ်းဘေးစျေးလည်းခင်းပြီး လမ်းတစ်လျှောက်လုံး ပျော်ပွဲရွှင်ပွဲတွေလုပ်ရင်း တစ်ညလုံးပျော်ကြမယ်။"

"နှစ်တိုင်းလည်းဒီလိုပဲလား။"

"ဒီလိုပဲပေါ့။ ပွဲတော်တွေရဲ့ ဓလေ့ထုံးစံဆိုတာ ပြောင်းလဲရိုးရှိလို့လား။"

ပိုင်လော့ဖုန်း ရှက်ရှက်နှင့်ရယ်ပြလိုက်သည်။ "ပျော်ဖို့ကောင်းမှာပဲနော်။"

သူဂျက်ကတ်အားဇစ်ဆွဲပြီး ကိရိယာများအားပြန်တပ်ဆင်ရ၏။ "သွားတော့မယ်။ မင်းလည်းအနားယူဦး။ အသားတွေထပ်မခုတ်နဲ့တော့။ မနက်မှပဲလုပ်တော့။"

စုယွီကခေါင်းငြိမ့်၏။

ပိုင်လော့ဖုန်းလက်ရမ်းပြကာ နှုတ်ဆက်စကားပြောပြီးထွက်လာသည်။ စုယွီကတရွေ့ရွေ့သွားနေသည့်သူ့အား ရပ်ကြည့်နေ၏။

ခြံတံခါးဝရောက်သောအခါ စုယွီကလှမ်းခေါ်လာသည်။ "ခဏလေး။"

ပိုင်လော့ဖုန်းရပ်ကာ လှည့်ကြည့်လာ၏။

"ငါ"

"မင်းနဲ့ငါ အရင်ကမတွေ့ဖူးဘူးဆိုတာ သေချာလား။"

ပိုင်လော့ဖုန်း ကြောင်နေမိသည်။ ခြံတံခါး၌သူရပ်နေပြီး လေပြင်းများက မြက်ပင်များကြား တိုးဝေ့နေ၏။ မြက်ပင်များက လူခါးလောက်ရှည်လျားပြီး လေယူရာလိုက်ယိမ်းကာ လေတိုးသံများ သံပြိုင်ထွက်ပေါ်နေသည်။

စုယွီကအမဲရောင်အိမ်စုတ်ကြီး ရှေ့၌ရပ်နေ၏။ သူကဆေးတံအား ပါးစပ်မှဖြုတ်ကာ ဘေးသို့ရွေ့လိုက်ပြီး လေပြင်းများက သူ့နဖူးမှဆံပင်များအား အကြမ်းပတမ်းတိုက်ခတ်နေသည်။

ပိုင်လော့ဖုန်းကပြန်မဖြေပေ။

စုယွီက ပိုညင်သာသည့်အသံနှင့် ပြန်မေးလာ၏။ "ငါတို့အရင်က ဆုံဖူးလား။"

ပိုင်လော့ဖုန်းအသိကပ်ကာ ပြန်မေးလိုက်သည်။ "ဘာလို့မေးတာလဲ။"

စုယွီကပြန်မဖြေ။

အတော်ပင်ကြာလေပြီ။

အတော်ကြာပြီးမှ သူပြန်ဖြေလာ၏။

"ပြီးခဲ့တဲ့ရက်က အိပ်မက်မက်ခဲ့တယ်။"

"အိပ်မက်ထဲမှာ ငါကခရီးသွားတစ်ယောက်။"

"ဒီလူတခြားသူတွေနဲ့ အတူလာပေမယ့် အမှန်တော့ငါက ခရီးသွားမဟုတ်နေဘူး။"

"ခရီးသွားလို့ပြောပေမယ့် လိမ်နေမှန်းငါသိနေတယ်။ ငါဘယ်ကလာလဲ၊ ဘာကြောင့်လာလဲ ငါသိနေခဲ့တယ်။"

"ကုတင်ပေါ်လဲနေတဲ့ လူတစ်ယောက်ကိုတွေ့ရတယ်။ သူ့တစ်ကိုယ်လုံးကို ဘာမှန်းမသိတဲ့ ဆေးဘူးတွေချိတ်တန်းထားတယ်။ သူဘာလို့လဲနေရမှန်း ငါမသိပေမယ့် သူသေတော့မယ်လို့ တစ်ယောက်ယောက်ကပြောပြနေတယ်။"

"အဲ့ဒီလူက မင်းပဲ။"

"ငါခရီးသွားအဖြစ်လာတုန်း ဒီအိမ်မှာနေတဲ့လူက ငါ့နာမည်နဲ့ပေမယ့် ငါ့မျက်နှာနဲ့မတူဘူး။"

"အဲ့ဒီကစ ငါ့ကိုယ်ငါဘယ်သူမှန်းမသိတော့ဘူး။"

"မင်းငါ့ကိုပြော။" စုယွီကသူ့အား အဓိပ္ပါယ်ဖော်ရန်မလွယ်သည့် မျက်လုံးမျိုးနှင့်ကြည့်လာ၏။

"မင်းပြောပါ။"

"ငါကဘယ်သူလဲ။"

"မင်းကရောဘယ်သူလဲ။"

"ဒီရွာကရော ဘယ်လိုရွာမျိုးလဲ။"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment