no

Font
Theme

အပိုင်း ၃၄ - ဘုရားပွဲတော် (အခန်း ၁)

(တင်၊ အချိန်ပြည့်ပါပြီ။)

နားနေခန်းသည် မည်သည့်အချက်ပြမှုမှ မတွေ့ရဘဲ ဓာတ်ပုံတစ်ပုံ အဖျက်ခံရသလို ရုတ်ချည်းပျောက်သွားတော့သည်။

လူသစ်များ အလန့်တကြား ဖြစ်ကုန်ကြပြီး ဝါရင့်ကစားသမားများမှာ အသားကျနေကြ၏။

နားနေခန်းမှာ ဖြိုချခံလိုက်ရသလို သူတို့အားလုံး သစ်တောလမ်းတစ်ခုပေါ်၌ ရပ်နေကြသည်။ ပိုင်လော့ဖုန်း ပတ်ဝန်းကျင်အား ပတ်ကြည့်သောအခါ ပတ်ပတ်လည်တွင် သစ်ပင်ကြီးများနှင့် မြက်ပင်ရှည်များမှလွဲ၍ မည်သည့်တည်းခိုခန်း၊ ရွာ၏အရိပ်အယောင်မှ မတွေ့ရချေ။

ခေါင်းထက်မှ ကျီးအာသံများက သူတို့အားပို၍ ချောက်ချားအထီးကျန်စေ၏။

အက်ပ်မှ ညွှန်ကြားချက်အသစ်များ ပေးလာသည်။

(ထုတ်လွှင့်သူများ ထုတ်လွှင့်ခန်းကိုဖွင့်ပြီး ဂိမ်းအသစ်ထဲဝင်ရောက်ပါ။)

အဖွဲ့သားများ ထုတ်လွှင့်ခန်းအား ဖွင့်လိုက်ကြသည်။

ထုတ်လွှင့်မှုစသည်နှင့် အက်ပ်မှ နေရာသစ်ဆီသွားရန် တောလမ်းအတိုင်း ရှေ့ဆက်သွားရန် ညွှန်ကြားလာ၏။

အဖွဲ့သားများအားလုံး တောလမ်းအတိုင်းသာ ဆက်လျှောက်လာခဲ့ကြသည်။

ငါးမိနစ်အကြာ၌ တောစပ်သို့ရောက်လာကြ၏။

သစ်ပင်များ၏အလွန် မလှမ်းမကမ်း၌ ရွာတစ်ရွာရှိနေသည်။ မြင်ကွင်းမှာ တောင်ပေါ်ရွာဟောင်း၌ ဇာတ်အိမ်တည်ထားသော သရဲကားနှင့်တူနေ၏။

သို့သော် ရွာထဲ၌လူရိပ်သူရိပ် တွေ့နေရသဖြင့် တော်သေးသည်ဆိုရမည်။

ပိုင်လော့ဖုန်း အက်ပ်ကိုကြည့်လိုက်သောအခါ ရွာသားများနှင့် စကားပြောရန် အက်ပ်ကညွှန်ကြားနေ၏။

ကျန်းမုန့်ရီ အဖွဲ့ထဲမှထွက်ကာ NPC တစ်ဦးနှင့်စကားပြောရန် တိုးကပ်သွားသည်။

ရွာသားတစ်ဦးနား သူကပ်သွားရင်း "တစ်စိတ်လောက်၊ ကျွန်တော်တို့ လမ်းပျောက်ပြီးဒီရောက်လို့ မေးလို့ရ....."

သူ့စကားမဆုံးခင် ထိုအမျိုးသမီး၏ မျက်လုံးများက တောက်ပလာ၏။ ကျန်းမုန့်ရီ၏ လက်အားအတင်းဖမ်းဆွဲကာ တစ်ခုခုကို သဘောပေါက်သွားသလို 'အိုး'ဟု အံ့သြတကြီး တုံ့ပြန်လာသည်။

"ခရီးသွားတွေ" သူမကအတည်ပြုလာ၏။ "ခရီးသွားတွေပဲ၊ လာပါ လာပါ။"

ကျန်းမုန့်ရီအား ရှေ့သို့ဆွဲရင်းနှင်း နောက်မှအုပ်စုအား ဝမ်းသာအားရနှင့် လက်ယပ်ခေါ်သည်။ "လာလေ၊ မြန်မြန်လာကြ။"

ရွာသူအမျိုးသမီးက နွေးထွေး၍ဖော်ရွေသဖြင့် သူတို့အုပ်စု ရွာအတွင်းဝင်ရန် ဆုံးဖြတ်လိုက်ကြ၏။

ရွာထဲရောက်မှ ရွာသားများအားလုံး ဖော်ရွေကြမှန်းသိကြရသည်။ လမ်း၌တွေ့သမျှလူတိုင်းက ဖော်ရွေစွာနှုတ်ဆက်ကြသလို အစားအသောက်များလည်း ပေးကမ်းကြ၏။

လျန့်ရိထုံက ရွာသားတစ်ဦး ပစ်ပေးသည့်ပန်းသီးအား ဖမ်းကာတစ်လုတ်ကိုက်၍ပြောလာသည်။ "ရွာသားတွေကမဆိုးပါဘူးဟ။"

ပိုင်လော့ဖုန်း သူ့အားမေးလာ၏။ "မင်းတကယ်ကြီးစားလိုက်တာလား။"

"မစားစရာလား။"

"ထားပါတော့။" ပိုင်လော့ဖုန်း ထိုမျှသာရေရွတ်ကာ စကားဆက်မပြောတော့ချေ။

အုပ်စု၏အနောက်ဖက်မှ ဖုန်းလိုင်က တစ်ခုခုတွေးနေပုံရကာ ပိုင်လော့ဖုန်းအား သေချာကြည့်နေသည်။ ပိုင်လော့ဖုန်း၏ ဖြူဖွေးနေသော လည်ကုတ်အားကြည့်ကာ မေးစေ့ကိုပွတ်၍ ပြုံးစိစိလုပ်နေပြန်၏။

ရွာသူအမျိုးသမီးသည် လမ်းပြရင်း တစ်လမ်းလုံးစကားပြောလည်း မပြတ်ပေ။ "ရွာကချောင်ချတော့ ပုံမှန်ဆိုလာလည်တဲ့သူ မရှိသလောက်ပဲ။ ဒါပေမယ့် ဘုရားပွဲစတိုင်း ခရီးသွားတွေရောက်လာတတ်တယ်။"

"ဘုရားပွဲတော်ကလည်း ထူးခြားတာကိုး။"

"ဒီမှာဘုရားပွဲရှိတာလား။" ကျန်းမုန့်ရီမေးလိုက်သည်။

"ရှိသပရှင်။" သူမက အတော်အူမြူးနေ

ဟန်နှင့် ပြန်ဖြေကာ ဘယ်ဖက်သို့ထိုးပြလာ၏။

"အဲ့ဒီမှာလေ။ ရွာနောက်ပိုင်းမှာ ဘုရားကျောင်းရှိတယ်။ ဘုရားကျောင်းထဲက ဗုဒ္ဓရုပ်ထုကို ငါတို့ကိုးကွယ်တာ။ နှစ်တိုင်း ဘုရားပွဲတော်ကျင်းပတိုင်း အစားအသောက်ကောင်းတွေ ပူဇော်၊အမွှေးတိုင်တွေထွန်း၊ ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီး ရွာသားတွေကို ပြုစုစောင့်ရှောက်ဖို့ ပူဇော်ကြတာပေါ့။"

"ရွာဘုရားပွဲမှာ ရွာသားတွေ ကတာဆိုတာက အသက်ဝင်လွန်းလို့ ခရီးသွားတွေက လာကြည့်ကြတာလေ။"

"သိပါပြီ။"

အမျိုးသမီးသည် ပွဲတော်အကြောင်းပြောရင်း ပို၍စိတ်လှုပ်ရှားကာ စျာန်ဝင်စားလာတော့သည်။

ရှစ်ယွမ်က ပိုင်လော့ဖုန်းနောက် အမှီလိုက်ကာ သူ့အားခေါ်လာ၏။ "ပိုင်လော့ဖုန်း"

ပိုင်လော့ဖုန်း လှည့်ကြည့်လိုက်သည်။

"အရင်ဂိမ်းအတွက်" ရှစ်ယွမ်မျက်နှာမကောင်းပေ။ "တောင်းပန်ပါတယ်။ ဘာမှမလုပ်ပေးနိုင်တဲ့အပြင် ဖိအားပါပေးခဲ့မိလို့ တောင်းပန်ပါတယ်။"

"ရပါတယ်၊ မင်းအပြစ်မှမဟုတ်တာ။ တောင်းပန်ဖို့မလိုပါဘူး။" ပိုင်လော့ဖုန်း အားတင်းကာပြုံးပြလိုက်၏။ "တကယ် အဆင်ပြေပါတယ်။ ငါတို့မှာလည်း ရွေးချယ်စရာမှမရှိတာ။"

"ငါသိပါတယ်၊ ဒါပေမယ့် ငါစိတ်မကောင်းလို့ပါ။"

"တကယ်မလိုပါဘူး။"

ရှစ်ယွမ်၏မျက်ခုံးများ အတော်လေးပြေလျော့လာသည်။ "မင်းကောင်လေးကို ထပ်တွေ့ရဦးမလားသိချင်တယ်။"

"ဘယ်သိနိုင်မလဲ။ တကယ်လို့ဖန်တီးသူကသာ သူ့ကိိုပိုခံစားစေချင်ရင်တော့ ထပ်ပေါ်ချင်ပေါ်လာမှာပေါ့။ သူက NPC ဆိုပေမယ့် ဝိညာဥ်တစ်ခုပဲမလို့ တစ်နေရာမှာတစ်ကြိမ်ပဲ ပေါ်လာမှာပေါ့။"

"မင်းပြောတဲ့သဘောဆို သူကစပယ်ယာအနေနဲ့ ပေါ်လာပြီးတဲ့အတွက် စပယ်ယာအနေနဲ့ ထပ်မပေါ်လာတော့ဘူးပေါ့။"

"ဒီလိုပဲဖြစ်သင့်တာပေါ့။ သူကတော့ ကိုယ်ခွဲနိုင်ပါ့မလား။ ဂိမ်းအားလုံးမှာ တစ်ပြိုင်တည်းတော့ မပေါ်လာနိုင်ဘူးလေ။"

ထိုစကားကဖြစ်နိုင်ခြေများသည်ဟု ရှစ်ယွမ်ထင်သည်။

သူတို့စကားပြောနေစဥ် ရှစ်ယွမ်ပခုံးပေါ် လက်တစ်ဖက်ရောက်လာပြီး ဘေးသို့အပို့ခံလိုက်ရ၏။

ရှစ်ယွမ်ဟန်ချက်ပျက်သွားသောအခါ လျန့်ယွဲ့ရှစ်က ဘေးမှအမြန်ထိန်းပေးလာသည်။

တွန်းလိုက်သူအား သူတို့နှစ်ဦး လှည့်ကြည့်လိုက်သောအခါ ဖုန်းလိုင်ဖြစ်နေ၏။

ဖုန်းလိုင်က သူ့အားတွန်းရွေ့လိုက်ပြီးနောက် မချိုမချဥ်ပြုံးကာ ပိုင်လော့ဖုန်းအနား ကပ်လာသည်။ သူ့အပြုံးသည် 'ငါတစ်ခုခုလုပ်တော့မယ်ဟေ့'ဟု ပြောနေသည့်ပုံပင်။

ပိုင်လော့ဖုန်း ".........."

ဖုန်းလိုင် မျက်လုံးအားမှေးကျဥ်း၍ ညုတုတုလေသံနှင့်ပြောလာသည်။ "ဒီတော့မင်းက ပိုင်လော့ဖုန်းပေါ့ ဟုတ်လား။"

"ဟုတ်တယ်။"

"မင်းကချစ်စရာလေးပဲ။" ဖုန်းလိုင်က ပိုင်လော့ဖုန်း၏ ပခုံးပေါ်လက်တင်ကာ အနားသို့ကပ်လာ၏။ "ဒီတော့ မင်းယောက်ျားလေးရောကြိုက်လား။"

ရွံရှာမှုကြောင့် ပိုင်လော့ဖုန်း၏ ခန္ဓာကိုယ်ပင်တုန်လာပြီး ကြက်သီးများထလာသည်။

သူဖုန်းလိုင်အား အဝေးသို့တွန်းထုတ်လိုက်မိ၏။ "ဆောရီး ဆရာ၊ ငါ့မှာကောင်လေးရှိတယ်။"

"သူသေပြီမလား။ သူတို့ဆီကကြားတာတော့ မင်းရည်းစားကသေပြီး ကောင်းကင်ပေါ်မှာ ကြယ်ဖြစ်နေပြီဆို။"

ပိုင်လော့ဖုန်း စိတ်ကသိကအောက်ဖြစ်မှုအား ထိန်းမထားနိုင်တော့ဘဲ မျက်ခုံးများ တွန့်ချိုးသွားတော့သည်။

"သေပြီးတဲ့လူက ပြန်မှမလာနိုင်တော့တာ။ မေ့ပစ်ပြီး ဘဝအသစ်ကိုရှာရမှာပေါ့။" ဖုန်းလိုင်ကပိုတိုးကပ်လာ၏။ "ငါ့ကိုကြည့်လေ။"

"မင်းကိုဘာလို့ကြည့်ရမှာလဲ။" ပိုင်လော့ဖုန်း၏ သည်းခံနိုင်စွမ်း ဂိတ်ဆုံးသွားလေပြီ။ သူပေါက်ကွဲတော့မည့်အချိန်၌ စုချာကအရင်ဦးစွာ ဒေါသူပုန်ထကာ အော်ပြောလာ၏။

သူမကခြေဆောင့်ကာ ဖုန်းလိုင်အား စူးစူးရဲရဲကြည့်နေသည်။ "ရည်းစားရှိတယ်လို့ ပြောနေတာမကြားဘူးလား။ ကြယ်ဆိုတာကရော ဘာအဓိပ္ပါယ်လဲ။ နင်ကကျက်သရေတုံးလွန်းတယ်။ သူ့ရည်းစားက ငါတို့ကိုကယ်ပေးခဲ့သေးတာ

လွန်ခဲ့တဲ့နှစ်ရက်ကမှ။"

"ဒေါသအရမ်းထွက်မနေနဲ့ ကောင်မလေး။" ဖုန်းလိုင်က ပြုံးစိစိလုပ်နေဆဲပင်။ "မင်းလည်းချစ်စရာလေးပဲ။"

စုချာရန်ဖြစ်ရန် အသင့်ဖြစ်နေရာမှ သူ့စကားလုံးများကြောင့် အတော်လေးစိတ်ကုန်သွားရ၏။ မျက်လုံးများပင်ပြူးကာ ဒေါသများထွက်လာပြီး စကားလုံးများ မသဲမကွဲ ရေရွတ်တော့သည်။ "ဘာ၊ နင်ရူးနေတာလား။"

ရှစ်ယွမ်လည်း သည်းမခံနိုင်တော့ဟန်နှင့် လျန့်ယွဲ့ရှစ်၏လက်အားဖယ်ကာ ရန်ပွဲအတွင်းဝင်ပါရန် ရှေ့တက်လာသည်။

ထိုအချိန်၌ ရွာသူအမျိုးသမီးက အသံကျယ်ကျယ်ဖြင့် စကားပြောလာ၏။ "ကဲ ဧည့်သည်တွေရေ....."

ထို NPC ကြောင့် ရပ်ပွဲရပ်သွားတော့သည်။ ဂိမ်းအတွင်း၌ NPC ၏စကားလုံးများက အရေးပါသောကြောင့် တစ်ဖွဲ့လုံး အသံမထွက်ကြတော့ချေ။

အမျိုးသမီးက လက်ကိုဝေ့ယမ်းကာ အသံကျယ်ကျယ်နှင့်ပြောလာသည်။

"ဒီမှာတော့ ကျွမ်းကျင်ခရီးသွားဂိုက်မရှိဘူး။"

"အားလုံးက ကိုယ့်အစီအစဥ်နဲ့ကိုယ် ဘုရားပွဲတော်လာကြတာ။ ဒီကိုဘုရားပွဲတော်အတွက် လာတာဆိုရင် ပွဲပြင်ဆင်ရေးမှာ ပါဝင်ရမယ့်အကြောင်း ခရီးသွားကုမ္ပဏီကပေးတဲ့ မှတ်တမ်းမှာရေးထားမှာပဲ။"

"အခုအားလုံးကို ပွဲတော်အတွက် ကိရိယာတွေလုပ်ပေးတဲ့ ဝမ်လူကြီးဆီခေါ်သွားမယ်။ သူ့ကိုအရင် ကူညီပေးလိုက်ကြပေါ့။"

သူမကထိုသို့ပြောကာ ရှေ့ပြန်လှည့်သွားပြီး တစ်နေရာသို့ လမ်းပြခေါ်ဆောင်လာသည်။

သူမကတစ်လမ်းလုံး ကျန်းမုန့်ရီအား စကားပြောမပျက်ပါ။

နောက်ဆုံး၌ ကျန်းမုန့်ရီ နောက်လှည့်ကြည့်ရန် အခွင့်အရေးရခဲ့ပြီး ဖုန်းလိုင်က ပိုင်လော့ဖုန်း၏ လက်အားဆွဲကိုင်ထားသည်ကို တွေ့လိုက်ရ၏။

သူအလိုမကျစွာနှင့်မေးလိုက်သည်။ "မင်း ဒါဘာလုပ်နေတာလဲ။"

ပိုင်လော့ဖုန်းက လက်မြှောက်ပြကာ ပြန်ဖြေလာ၏။ "အရာရှိကြီး၊ ဒီလူကနှာဘူးကြီး။ ကျွန်တော့်ကိုလိုက်နှောင့်ယှက်နေတယ်။"

ဖုန်းလိုင် - "..........."

ကျန်းမုန့်ရီ မျက်လုံးကိုမှေးကာ ဖုန်းလိုင်အား သတိပေးသည့်ဟန် ခေါင်းအစခြေအဆုံး စူးစူးရှရှ ကြည့်လာ၏။ ပြီးနောက် အရှေ့ဖက်သို့ မေးထိုးပြသည်။ "လာခဲ့၊ အရှေ့တက်လာ။"

ပိုင်လော့ဖုန်းက ကပ်ဘေးမှလွတ်အောင်ပြေးသလို ဖုန်းလိုင်၏လက်ကိုခါချပြီး ရှေ့သို့ပြေးတော့သည်။

ဖုန်းလိုင်က သူပြေးသွားသည်ကိုကြည့်ကာ အဓိပ္ပါယ်ဖော်၍မရသော အပြုံးမျိုးနှင့် နှုတ်ခမ်းတွန့်ရုံပြုံးနေ၏။

ထိုအမျိုးသမီးနှင့်အတူ ဝမ်လူကြီး၏အိမ်ဆီ သူတို့ရောက်လာကြသည်။

ဝမ်လူကြီး၏အိမ်သည် ကျန်သည့်အိမ်များနှင့် ခြားနေသဖြင့် ရွာမြောက်ပိုင်းအားဖြတ်ပြီးမှ မီတာ ၂၀ ကျော်ခန့် ထပ်လျှောက်ခဲ့ရ၏။

အိမ်နေရာမှာ အဝင်ဝ၌ ပြိုကျနေသည့် ခြံစည်းရိုး၊ မဲညစ်အက်ကွဲနေသည့် အုတ်သားနံရံနှင့် ခြံဝင်း၌အမှိုက်များ တောင်လိုပုံနေပြီး အတော်လေးပျက်စီးယိုယွင်းနေသည်။ အပေါ်ဖက်၌လည်း ကျီးကန်းများ ပတ်ကာပျံနေကြ၏။

ခြံထောင့်၌ ပုပ်သိုးနေသည့် အရာတစ်ခုအား ယင်ကောင်များဝိုင်းအုံနေပြီး လေနှင့်အတူပါလာသည့် ရွံစရာအနံ့ဆိုးများက သူတို့ကိုဆည်းကြိုနေသည်။

ခြံထဲမှသစ်ပင်မှ သေနေပြီဖြစ်ကာ အရွက်များမရှိ အကိုင်းအခက်များတွန့်လိမ်ကာ သရဲလက်များကဲ့သို့ လေထဲထီးထီးကြီး တည်ရှိနေ၏။

အမျိုးသမီးကြီးက တံခါးဝ၌ရပ်ကာ လက်နှစ်ဖက်အား ပါးစပ်ရှေ့၌စု၍ အဆုတ်ကွဲမတတ်အသံနှင့် လူသားလူခေါ်ဘဲလ်ကဲ့သို့ အော်ခေါ်သည်။

"ဝမ်လူကြီး၊ ဧည့်သည်တွေရောက်နေပြီ လောင်ဝမ်။"

"မိန်းမသေပြီးကတည်းက အိပ်ပဲအိပ်နေတော့တာပဲ လောင်ဝမ်။"

အထဲမှပြန်ဖြေသံမကြားရ။

ဖုန်းလိုင်က ပိုင်လော့ဖုန်းအနား ကပ်လာပြီးပခုံးပေါ်လက်လာတင်သည်။

ပိုင်လော့ဖုန်း သူ့အားတွေ့သည်နှင့် မျက်နှာပျက်သွားကာ မေးလာ၏။ "ဘာဖြစ်ချင်နေတာတာလဲ။"

ထိုစကားကြောင့် ကျန်းမုန့်ရီ သူတို့ဖက်လှည့်လာသည်။

ဖုန်းလိုင်က ပြုံးတုံ့တုံ့နှင့်ပြန်ဖြေ၏။ "ဘာမှမဟုတ်ပါဘူး၊ ရည်းစားဆုံးသွားတဲ့ သနားစရာကောင်လေးကို လာကြည့်ရုံပါ။"

ပိုင်လော့ဖုန်း၏ မျက်ခုံးများပို၍ တွန့်ကွေးသွားသည်။

ကျန်းမုန့်ရီ ပိုင်လော့ဖုန်း၏ ပခုံးပေါ်မှ သူ့လက်အားဆွဲဖယ်ကာ နံဘေးသို့တွန်းထုတ်ကြီး ကြား၌ဝင်ရပ်လာ၏။ "သူသဘောမကျတာ မင်းမတွေ့လို့လား။"

"အိုး၊ နာကျင်လိုက်တာ။" ဖုန်းလိုင်က ပြုံးစိစိလုပ်နေဆဲပင်။

ကျန်းမုန့်ရီကိုတွန်းဖယ်ကာ လက်ကောက်ဝတ်အားဆန့်တန်းရင်း ပိုင်လော့ဖုန်းကိုကြည့်၍ ပြောလာသည်။ "အထင်မမှားပါနဲ့။ မင်းတို့အားလုံးက လူသစ်တွေဆိုတော့ ငါရှင်းပြမယ်။ ဘာမှထွေထွေထူးထူး မလုပ်ရပါဘူး။ ငါနဲ့နည်းနည်း ဟိုလိုဒီလိုလိုက်သရုပ်ဆောင်လိုက်။ ထုတ်လွှင့်ခန်းမှာ အမှတ်ပေးစနစ်ပါတယ်။ မင်းကိုနာမည်ကြီး ထုတ်လွှင့်သူဖြစ်လာအောင် လုပ်ပေးနိုင်တယ်။"

"နားလည်လား၊ ကလေးလေး။" ဖုန်းလိုင်က အင်မတန်နူးညံ့သည့် လေသံလုပ်ကာပြောလာ၏။ "ငါကမင်းကို ထုတ်လွှင့်သူအစစ် ဖြစ်လာအောင်ကူညီပေးနေတာ။ မင်းကချစ်ဖို့ကောင်းလွန်းလို့ တခြားဘယ်သူ့ကိုမှ အာရုံမစိုက်ဘဲ မင်းဆီတန်းရောက်လာတာ။ မိန်းကလေးတွေတောင် မင်းလောက်ချစ်ဖို့မကောင်းဘူး။ မင်းရည်းစားပြန်လာရင်လည်း သူအပြစ်မမြင်လောက်ပါဘူး။"

"မင်းကသူမဟုတ်ဘူး။" ပိုင်လော့ဖုန်း အေးစက်စွာတုံ့ပြန်လာသည်။

"ဖြစ်တော့ဖြစ်လာနိုင်ပါတယ်။ ငါ့ရုပ်ရည်အပေါ်တော့ ယုံကြည်ချက်အပြည့်ရှိတယ်။ သူ့ထက်ငါက ပိုကြည့်ကောင်းတယ်လို့ မင်းမထင်ဘူးလား။"

"မထင်ဘူး။"

"အချိန်ယူပြီးစဥ်းစားပေါ့။ သေပြီးတဲ့လူထက်တော့ ငါကပိုသာတယ်မလား။" ဖုန်းလိုင်ကရယ်သည်။ "သေပြီးသားလူကတော့....."

ထိုအခိုက်၌ သူတို့ရှေ့မှ ဝမ်လူကြီး၏အိမ်တံခါးသည် တကျွီကျွီသံရှည်ဆွဲကာ ပွင့်လာ၏။

"မင်းကိုမကာကွယ် ပေးနိုင်တော့ဘူး။"

တံခါးဝ၌ရပ်နေသည်မှာ စွပ်ကျယ်၏အပေါ်၌ ရှပ်အင်္ကျီထပ်ဝတ်၍ အောက်၌ရွာမှအဖိုးကြီးများ ဝတ်သည့်ဘောင်းဘီဝတ်ကို တွဲဝတ်ထားသည့် အမျိုးသားတစ်ဦးဖြစ်သည်။ သူ့ရုပ်ရည်မှာ ဝမ်လူကြီးဟူသည့် နာမည်နှင့်မကိုက်နေပေ။ ဆံပင်များကမဲနက်ထူထဲပြိီး အတော်ရှည်နေပြီဖြစ်၏။

အရက်ပုလင်းကိုင်ထားသည့်လက်ကို တံခါးဘောင်ပေါ်တင်ကာ ကျန်သည့်လက်က နားထင်အားနှိပ်နေပြီး ပါးစပ်၌လည်း စီးကရက်ကိုကိုက်ထားသည်။

မျက်လုံးမှေးမှေးများဖြင့် သူတို့အဖွဲ့အား မလိုမကျဟန်နှင့် ကြည့်လာ၏။

စုချာမှာ သရဲတွေ့သလို အလန့်တကြားနှင့် ထအော်တော့သည်။ "ပေါ်လာပြီ။”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment