CHAPTER 16
လူတစ်ဦးအပေါ် ထားရှိသည့် အမြင်ကို ပြောင်းလဲရန် အင်မတန်ခက်ခဲသည်။ အထူးသဖြင့် ကျွန်တော်နှင့် ယန့်ရန်တို့လို ဆက်ဆံရေးမျိုးမှာဆို ပိုတောင်ခက်သေးသည်။ ပထမဆုံးတွေ့တုန်းက သူဟာ ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တတ်ပြီး တစ်နေကုန် "ကိုကို"ဟု အော်ခေါ်နေတတ်သော ကလေးတစ်ယောက်ပါပင်။
ခုလည်း နေ့တိုင်း ကျွန်တော့်နားမှာ တွယ်ကပ်နေသည်သာဖြစ်သည်။ ကျွန်တော် သူ့ဘေးတွင် မရှိလျှင်တောင် မေ့သည်မရှိ။ မက်ဆေ့များပို့တတ်ပြီး စာများက အမြဲတမ်း ‘ကိုကို’ ဆိုသည့်စကားလုံးနှင့် စတင်လေ့ရှိသည်။
ဤစကားက သူဟာ ကျွန်တော့်ညီလေးဆိုတာကို သတိပေးနေ၏။ ပိုပြီးရှည်ကြာလေ ကျွန်တော်နှလုံးသားတွင် သူ့ကိုတခြားခေါင်းစဉ်ကပ်ဖို့ပင် နေရာမကျန်ရှိခဲ့။
သို့ငြား….ဥပမာအနေဖြင့် ထိုနေ့မနက်က သူညည်းပြီး ကျွန်တော့်ကိုပွတ်သပ်လာမှသာ သူသည် သူ့ဆန္ဒများနှင့်သူ တဖြည်းဖြည်း အရွယ်ရောက်လာသူဖြစ်ကြောင်းကို ကျွန်တော်နောက်ဆုံးတွင် တွန့်ဆုတ်စွာလက်ခံခဲ့ရသည်။
တဖြည်းဖြည်းချင်းပေါ့။
အကြောင်းမူ သူဟာ အရွယ်မရောက်သေးသောကြောင့်ပင်။
တကယ်တော့ 16 နှစ်အရွယ်ကောင်လေးအဖို့ သူတို့ကိုယ်တိုင်စပြီးသိလို၍ဖြစ်စေ၊ အသိပေးခံရ၍ဖြစ်စေ အရာအားလုံးကို သိပြီးသားဖြစ်လောက်ပြီဖြစ်၏။
“ယောကျာ်းလေးတွေအတွက် မနက်ခင်းမှာထကြွတာက ပုံမှန်ပါပဲ”
ကျွန်တော် ဘာမှမဖြစ်သလိုတည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားရင်း အိပ်ရာထောင့်တွင်ထိုင်ကာ ဆေးလိပ်မီးညှိလိုက်သည်။
“မြန်မြန်ရေချိုးလေ.. ပြီးရင် အပြင်ထွက်ပြီး မနက်စာစားကြမယ်”
ကျွန်တော် သူ့ကိုနောက်ကျောပေးထား၏။ အတန်ကြာသည်အထိ သူ၏လှုပ်ရှားသံကိုမကြားရပေ။ ကျွန်တော်တို့သည် ထူးခြားစွာဖြင့် အချိန်ရပ်နေသည့် ဘောင်ထဲတွင်ရှိနေခဲ့ကြပေသည်။
ယန့်ရန်ရေချိုးသွားသည့်အခါမှသာ ဤဟိုတယ်စုတ်၏အသံလုံစနစ်သည် ဆိုးရွားလွန်းပြီး ရေချိုးခန်းမှ အသံနည်းနည်းကိုပင် အပြင်ဘက်ကနေရှင်းလင်းစွာကြားနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် သာယာအောင်လုပ်စဉ် ညည်းသံများကို ရေသံကမဖုံးကွယ်နိုင်ကြောင်း ကျွန်တော်နားလည်လိုက်ရသည်။
ကျွန်တော်ရေချိုးစဉ်က ထိုကဲ့သို့သောအသံမျိုးကို လုပ်ခဲ့သလား၊ မလုပ်ခဲ့ဖူးလား သေချာမသိပေမဲ့ ယန့်ရန်၏အသံကမူ ကြည်လင်လွန်းပြီး ကျွန်တော်ကြားရချိန်မှာ ဆေးလိပ်နှစ်လိပ်ကို ဆက်တိုက်သောက်ရင်း မျက်မှောင်ကြုတ်သွားရသည်။
ယန့်ရန်က ထွက်လာပြီးပြောသည်။
“ကိုကို ရေက ချိုးနေရင်းနဲ့ အေးလာတယ်”
သည်လောက်ဈေးပေါသည့် ဟိုတယ်၏အခြေအနေကို သူဘယ်လောက်ထိ မျှော်လင့်နေတာများလဲ။
သူက သည်တိုင်း ဇီဇာကြောင်နေခြင်းသာ။
သူသည် ပုဝါဖြင့်ပတ်ကာရောက်လာပြီး ကျွန်တော့်ဘေးကိုထိုင်ချိန် ရေများစိုစွတ်နေသည်။
ယန့်ရန်ကမေးလာ၏။
“ကိုကို့ရဲ့ နီကိုတင်းစွဲလမ်းတာက အခုအရမ်းဆိုးနေပြီလား”
ကျွန်တော် ဆေးလိပ်ကို ပါးစပ်ထဲတွင်ခဲထားရင်း သူ့လက်ထဲမှအဝတ်ကိုယူကာ ဆံပင်ကိုခြောက်သွေ့အောင် ခေါင်းပေါ်သို့ ရှေ့နောက် ကြမ်းတမ်းစွာသုတ်ပေးလိုက်သည်။
ရေစက်တွေက နေရာတိုင်းကို စင်သွားကာ အိပ်ရာခင်းနှင့် စောင်တွေမှာ ရေကွက်တွေ ထင်သွားသည်။
ယန့်ရန်က မကျေမနပ်ပြောလာ၏။
“ အရမ်းကြမ်းကြမ်းကြီး မသုတ်ပါနဲ့ဗျ”
ကျွန်တော် သူ့ကိုကြည့်ပြီး သူ့ဘာသာသူသုတ်နိုင်အောင် အဝတ်ကိုပြန်ပစ်ပေးလိုက်တော့သည်။
သူသည် ဆံပင်ခြောက်အောင် အေးအေးဆေးဆေးသုတ်ရင်း ကျွန်တော့်အနားပူးကပ်နေ၏။
သူကမေးလာသည်။
“ဒီနေ့ စိတ်အခြေအနေမကောင်းဘူးလား”
ကျွန်တော် နာရီကိုကြည့်ပြီး ယနေ့ ညီလေးနှင့်အပြင်ထွက်မည်ဖြစ်သောကြောင့် ညတွင်စီစဉ်ထားသည့် သောက်ကြမည့်ပွဲကို မလာနိုင်တော့ကြောင်း အခန်းဖော်များကို မက်ဆေ့လှမ်းပို့လိုက်သည်။
သူတို့က ယန့်ရန်ကိုခေါ်လာစေချင်ကြ၏။ ကျွန်တော်တွေးကြည့်မိနောက် “ဖြစ်နိုင်ရင်ပေါ့.. နောက်မှအသိပေးမယ်” ဟူ၍သာစာပြန်လိုက်သည်။
ယန့်ရန်ကို သူတို့နှင့် မတွေ့ချင်စေပေ။ သူတို့ကို ယန့်ရန်နှင့် မတွေ့စေချင်တာဟုပြောရမည်။
ဘာကြောင့်လဲတော့ ကျွန်တော့်မသိ။ ထိုအချိန်တုန်းက ကျွန်တော် နားမလည်နိုင်ခဲ့ပေ။
ယန့်ရန်သည် အင်မတန်စိတ်တိုစရာကောင်းသည့်သူဖြစ်၏။ ငယ်ငယ်လေးကတည်းက ရည်ရွယ်ချက်မရှိ အချိန်ဆွဲတတ်သူဖြစ်သည်။ အစက မနက်စာအတွက် သူ့ကိုအပြင်မှာကျွေးရန် စီစဉ်ထားခဲ့သော်လည်း သူ့ကျေးဇူးနှင့် ဟိုတယ်မှထွက်သောအခါ နေ့လည်ရောက်တော့မည်ဖြစ်သည်။
ထိုအသက်အရွယ်တွင် သူကပိန်ပါးနေဆဲဖြစ်ချိန် ကျွန်တော့်က ယန့်ရန်ထက် ခေါင်းတစ်လုံးလောက်ပိုရှည်နေပြီဖြစ်သည်။ ကျွန်တော့်၏အနွေးထည်ဟောင်းသည် သူ့အတွက် အရွယ်အစားကြီးလွန်းပြီး မြင်ရသည်မှာ ရယ်ချင်စရာကောင်း၏။
ဤတွန့်ဆုတ်နေသည့်ကောင်လေးကို ဟိုတယ်မှဆွဲထုတ်လာခဲ့ရင်း အနီးအနားတွင် တစ်ခုခုစားရန် စီစဉ်လိုက်သည်။
“ကျွန်တော် ကိုကို့ကျောင်းကို သွားကြည့်ချင်တယ်”
ယန့်ရန်ကပြောလာ၏။
“နောင်ကျ ဒီကိုလာနိုင်အောင် ကျွန်တော်ကောင်းကောင်းကြိုးစားမယ်”
ကျွန်တော် သူ့ကို လှောင်ဖို့တောင်ပျင်းနေမိသည်။ သူ့အမှတ်များဖြင့် အရည်အချင်းပေါ်မှာသာအားကိုးလျှင် နောင်ဘဝမှာတောင် ဤကျောင်းကိုဝင်ခွင့်ရနိုင်မည်မဟုတ်။
သို့ပေမဲ့ နောက်ဆုံးတွင် သူ့အား ကျောင်းခေါ်လာခဲ့ရကာ ကန်တင်းသို့ လာခဲ့လိုက်ရသည်။
ယန့်ရန်က မှတ်ချက်ချ၏။
“ကိုကို့ကျောင်းက အရမ်းကောင်းတယ်”
ကျွန်တော် ဤကျောင်းကိုစပြီးတက်ချိန်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် မျှော်လင့်မထားဘဲ အမှတ်မကောင်းသောကြောင့်သာ ရောက်လာရသဖြင့် အနည်းငယ်မပျော်ရွှင်ခဲ့ပေ။ သို့သော် ပြီးသည့်ကိစ္စကိုနောင်တရနေ၍ မထူးခြားသဖြင့် တဖြည်းဖြည်းနှင့် လက်ခံလာနိုင်ခဲ့သည်။
“ဒီထမင်းကြော်က တကယ်ကောင်းတယ်”
ယန့်ရန်သည် ပါးစထဲပ်ထိုးသွပ်ထည့်ရင်း စားသောက်နေသည်။ ထမင်းစေ့က သူ၏နှုတ်ခမ်းထောင့်တွင်ကပ်နေ၏။ သူသည်ခေါင်းမော့ကာ ကျွန်တော့်ကိုပြောလာသည်။
“ကိုကို ဒါကိုကြည့်.. ကိုကို့အတွက် အထူးလှည့်ကွက်လုပ်ပြမယ်”
သူ၏ ‘အထူးလှည့်ကွက်’ ဆိုသည်မှာ လျှာထုတ်ပြီး နှုတ်ခမ်းထောင့်မှ ထမင်းစေ့ကို လျှက်လိုက်ခြင်းဖြစ်၏။ လျှက်ပြီးနောက် ကျွန်တော့်ကိုပြုံးပြသည်။ ဤမြင်ကွင်းသည် ကျွန်တော့်ကို စိတ်တိုစေလေသည်။
ထိုအချိန်ကာလတွင် အသိသာဆုံးမှာ သူအနားတွင်ရှိနေလျှင် ကျွန်တော်စိတ်တိုရပြီး မရှိသောအခါတွင်လည်း စိတ်တိုရသည်။
ယန့်ရန်ကပြော၏။
“ကိုကို့ကို မေးခွန်းတစ်ခုမေးလို့ရလား”
“မေးလေ”
ကျွန်တော်စားသောက်ရင်း ငုံ့လိုက်ကာ စိတ်ထဲခံစားချက်ဖြစ်ပေါ်လာသည်။
“ကိုကို တက္ကသိုလ်တက်တာနဲ့ သေချာပေါက်ရည်းစားရမယ်လို့ သူတို့က ကျွန်တော့်ကိုပြောကြတာ.. အခု ကိုကို့မှာရည်းစားရှိလား”
"အဲ့ဒီပေါက်ကရစကားတွေက ဘယ်ကလာတာလဲ"
ကျွန်တော်မေးလိုက်၏။
"မင်းကို ဘယ်သူပြောတာလဲ"
"ကျွန်တော့်အတန်းဖော်တွေ"
ယန့်ရန်ကဖြေသည်။
"တက္ကသိုလ်ကျောင်းသားတွေအကုန်လုံး အတွဲရှိကြတယ်လို့ သူတို့ပြောတယ်"
ယန့်ရန်ကရယ်လျှက်။
"ဒါပေမဲ့ အထက်တန်းကျောင်းသားတွေလည်း ရှိတယ်လေ.. ကျွန်တော်တို့အတန်းမှာ အတွဲတချို့ရှိကြတယ်"
ကျွန်တော်ခေါင်းမော့ပြီး သူနှင့်မျက်နှာချင်းဆိုင်ကာ ထိုအသုံးမဝင်သောအကြောင်းများကို တွေးတောတာရပ်ရန်နှင့် ထိုအစား အမှတ်တွေတိုးတက်အောင် မည်သို့လုပ်ရမလဲစဉ်းစားရန် အချိန်ကိုသုံးဖို့ပြောလိုက်မိသည်။
ပြောပြီးမှ အထက်တန်းအောင်ပြီးလျှင် သူ့အား နိုင်ငံခြားကိုပို့မည်ဟု သူ့မိခင်ပြောခဲ့တာ ကျွန်တော်သတိရသွားမိသည်။ ဆိုတော့ သူ့ပညာရေးမှာ သိပ်ပြီးစိတ်ဖိစီးစရာမလိုလောက်။
"ကျွန်တော့်ကိုကြိုက်တဲ့သူ တစ်ယောက်ရှိတယ်"
ယန့်ရန်ကပြော၏။
"သူကယောကျာ်းလေး.. ချောတယ် ပြီးတော့ ကျွန်တော့်အပေါ်ကိုလည်း ကောင်းတယ်"
ဒေါသ ဘယ်ကထွက်လာလဲ ကျွန်တော်မသိပေမဲ့ သူစကားဆုံးသည်နှင့် ကျွန်တော့်လက်ထဲမှဇွန်းကို စားပွဲပေါ် ချက်ချင်း ဆောင့်ချလိုက်သည်။
"ကိုကို စိတ်မဆိုးပါနဲ့.. ကျွန်တော် သူ့ကို လျှို့ဝှက်ချက်ပြောမပြဘူး.. ကိုကိုနဲ့ ကျွန်တော်ပဲသိတာ"
ယန့်ရန်သည် ဂရုတစိုက်နှင့် သူ့ဇွန်းကို ကျွန်တော့်လက်ထဲ ထည့်ပေးပြီး ဆက်ပြော၏။
"သူ ကျွန်တော့်ကို ထိချင်လာတော့ ကျွန်တော် သူ့ကိုတွန်းပစ်ခဲ့တယ်"
"မင်း ကျောင်းမှာနေ့တိုင်း ဘာတွေလုပ်နေတာလဲ ! "
ကျွန်တော် သူ့ကိုအော်မိ၏။
"တစ်ခါလောက် သင့်လျော်တာကို တွေးလို့မရဘူးလား! "
ကျွန်တော်တကယ်ပဲ စိတ်ဆိုးနေမိသည်။ သူ့ကို တစ်စုံတစ်ယောက်က ထိတွေ့လိုက်မည်ဟူသော အတွေးက ကျွန်တော့်ကို အင်မတန်စိတ်တိုစေသောကြောင့်ပင်။
ယန့်ရန်ဟာ ဤနှစ်ပေါင်းများစွာအတွင်း တခြားသူများအား “ဟင့်အင်း” ဟုပြောရန် ဘယ်တော့မှ သင်ယူခဲ့သည်မဟုတ်ပေ။ တစ်စုံတစ်ယောက်က သူ့ကိုထိသောအချိန် တကယ်ပဲ တွန်းပစ်နိုင်ပါရဲ့လား။
ကျွန်တော်စိတ်ဆိုးနေတာကို သူသိပြီး နည်းနည်းကြောက်သွားပုံရ၏။ သူသည် ကျွန်တော့်ရှေ့တွင် ခေါင်းငုံ့ပြီး ဆက်လက်တိတ်ဆိတ်နေသည်။
မနက်စာစားခြင်းက ကျွန်တော်တို့နှစ်ယောက်စလုံးကို မပျော်ရွှင်စေခဲ့ပေ။ ယန့်ရန်ကို သူ့အတွက်ဇွန်းယူရန် ကျွန်တော်ပြောလိုက်၏။ သူသည် စားနေရင်း ခေါင်းငုံ့ထားပြီး စားပြီးသည်အထိ ခေါင်းမော့မလာချေ။ ကျွန်တော်တို့ထွက်ရန်လုပ်စဉ် သူ့မျက်လုံးများ နီရဲနေသည်ကို ကျွန်တော်တွေ့လိုက်ရသည်။
သူက ထိုအတိုင်း၊ ငယ်ငယ်လေးကတည်းက ထိုအတိုင်းသာဖြစ်၏။ ကြမ်းတမ်းသည့်စကား အနည်းငယ်ပြောရုံဖြင့် ငိုသွားတတ်သည်။
ကျွန်တော်တို့ထွက်လာသောအခါ လေအေးသည် ကျွန်တော်တို့၏မျက်နှာကို ဓားများကဲ့သို့ တိုက်ခတ်လာ၏။
ယန်ရန်သည် သိုးမွေးမာဖလာတွင် မျက်နှာကိုကွယ်ထားသည်။ နီရဲနေသည့် မျက်ထောင့်နှစ်ခုကိုသာ မြင်ရ၏။
"ဟိုတယ်ကိုပြန်ပြီးအိပ်တော့"
ကျွန်တော်ပြောလိုက်သည်။
"ညကျရင် နှစ်သစ်ကူးအတွက် မင်းကိုအပြင်ခေါ်သွားပေးမယ်"
ကျွန်တော် ရှေ့သို့ခြေလှမ်းအနည်းငယ် ရောက်သွားသောအခါ သူကလျင်မြန်စွာ အမှီလိုက်ပြီး ကျွန်တော့်လက်မောင်းကို တွဲထားချင်ဟန်ရှိပုံရသည်။
ထိုအခိုက်အတန့်တွင် ကျွန်တော့်အတန်းဖော် မိန်းကလေးနှင့် အမှတ်မထင်တွေ့ဖြစ်ခဲ့၏။ တကယ်တော့ ကျွန်တော်တို့သိပ်ပြီး မရင်းနှီးပေမဲ့ တွေ့သောအခါ ယဥ်ကျေးမှုအရ အနည်းငယ်တော့ပြောရသည်။
ကျွန်တော်တို့နှုတ်ဆက်ကြပြီး သူမက ကျွန်တော့်ကို နှစ်သစ်ကူးအပြီး ကျင်းပမည့် စာမေးပွဲများအကြောင်းကိုမေး၏။ သူမထွက်သွားသောအခါ ယန့်ရန်သည် မျက်မှောင်ကြုတ်ပြီး ကျွန်တော့်ကို မေးလာလေသည်။
"ကိုကိုက တခြားသူတွေအပေါ်မှာကောင်းပြီး ဘာလို့ ကျွန်တော့်အပေါ်ကျမှ ပြင်းထန်နေရတာလဲ"