no

CHAPTER 15

သည်နှစ်တွေအတွင်း ယန့်ရန်နှင့်ကျွန်တော် အတူတူအိပ်ခဲ့သော အကြိမ်ရေကို လက်ချိုးရေတွက်၍ရသည်။ အထူးသဖြင့် သူ့လိင်စိတ်ခံယူမှုကို ကျွန်တော်သိသွားပြီးနောက်ပိုင်းမှာ ဖြစ်၏။

ကျွန်တော် ဂေးတွေကို မနှစ်မြို့တာတော့ မဟုတ်။ သို့ပေမဲ့ သူက ယောကျာ်းများကို သဘောကျလေရာ ယောကျာ်းလေး၏ခန္ဓာကိုယ်ကို တပ်မက်မည်မှာ အသိသာပင်။ ကျွန်တော်တို့က သွေးသားဝောာ်စပ်သည့် ညီအစ်ကိုများဖြစ်သော်ငြား အကွာအဝေးတစ်ခုကိုတော့ ထိန်းထားရမည်။

သို့သော်ငြား ယန့်ရန်ကတော့ ထိုကဲ့သို့ ခံစားရပုံမရချေ။

သူသည် နည်းလမ်းမျိုးစုံနှင့် ကျွန်တော့်ကိုတွယ်ကပ်ရခြင်းကို နှစ်သက်သည်။

သူ၏နီးကပ်မှုကြောင့် ကျွန်တော် တစ်ခါတလေစိတ်တိုရသော်လည်း နားလည်ရန်မခက်ပေ။

ကျွန်ဝောာ်တို့ အချင်းချင်းသိခဲ့သည်မှာ ယခုဆိုရင် ခြောက်နှစ်ရှိပြီဖြစ်၏။ အိမ်မှလူကြီးများက အမြဲအလုပ်ရှုပ်နေကြသဖြင့် ဤခြောက်နှစ်အတွင်း သူ ကျွန်တော်နှင့် ကုန်ဆုံးခဲ့သည့်အချိန်သည် တခြားသူများနှင့် ကုန်ဆုံးသည့်အချိန်ထက် ပို၍များသည်။ နားမလည်နိုင်လောက်အောင် သဘောကျမှုတွေနှင့်အတူ ကျွန်တော့်ကိုအားကိုးတာပေါင်းပြီး ကျွန်တော့်ကို ချစ်ခင်တွယ်တာတာက သူ့အကျင့်ဖြစ်လာခဲ့သည်။

ယခင်က ကျွန်တော် အသိနှေးခဲ့သည်။ သူ့အတွက် ကျွန်တော်က အစ်ကိုတစ်ယောက်ထက် ပိုနေတာကို နားမလည်ခဲ့ပေ။

ကျွန်တော်လည်း အကျင့်ပါနေသည့်အတိုင်း သူ့ကို ကလေးဟုသာမြင်ခဲ့ပြီး ၁၉ နှစ်အရွယ်ကောင်လေးနှင့် ၁၆နှစ်အရွယ်ကောင်လေးက ဖက်ပြီးအိပ်ကြတာမျိုး၊ လိင်စိတ်တိမ်းညွတ်မှုကို ဖွင့်ပြောတာမျိုးအား တစ်ခုခုမှားယွင်းနေကြောင်း သတိမထားမိခဲ့ချေ။

ထိုည၌ ယန့်ရန်က ကောင်းကောင်းအိပ်ပျော်ပေမဲ့ ကျွန်တော်ကတော့ အိပ်မပျော်ခဲ့။

ည၏အစောပိုင်းတွင် အပူပေးစက်သည် အားကောင်း၏။ ပူလွန်းသဖြင့် ယန့်ရန်သည် စောင်များကိုကန်ချသည်။ ထို့နောက် ညနောက်ပိုင်းတွင် အေးလာသဖြင့် ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်လာပြန်သည်။ ကျွန်တော် သူ့ကြောင့်နိုးလာပြီး စောင်များကိုဆွဲယူကာ သူ့အပေါ်ခြုံပေးလိုက်သည်။ ကျွန်တော့်လည်ပင်းကို ဖက်ထားသည့် သူ့လက်များသည် မွန်းကြပ်စရာဖြစ်၏။

စိတ်တိုစရာကောင်းပေမဲ့ သူ့ကိုလည်း မတွန်းထုတ်ချင်ပေ။ ဤသို့အကြပ်ရိုက်ခြင်းက အိပ်ချင်စိတ်ကိုပျောက်သွားစေသည်။

အခြေအနေတွေ အနည်းငယ်ထူးခြားလာမှန်း နားလည်လိုက်တာက နောက်တစ်နေ့မနက်တွင်ဖြစ်၏။ ကောင်းကင်သည် စတင်တောက်ပနေပြီး ကျွန်တော်က အခုမှစပြီးအိပ်ချင်နေသည်။ ကျွန်တော်အိပ်ပျော်တော့မည့်အချိန်တွင် ယန့်ရန်သည် စတင်လှုပ်ရှားလာပြီး ကျွန်တော့်ကိုထပ်ပြီးနိုးလာစေ၏။

မည်သည့်ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးမဆို မနက်ခင်းတွင် ထကြွတာမျိုးရှိလိမ့်မည်။ သို့မဟုတ် သူက မနက်ခင်းထကြွတာတစ်ခုတည်းမဟုတ်တာလည်း ဖြစ်နိုင်သည်။

ယန့်ရန်က သူ့လက်မောင်းဖြင့် ကျွန်တော့်ကိုဖက်ထားပြီး သူ၏အောက်ပိုင်းက ကျွန်တော့်ကိုပွတ်သပ်နေသည်။ ထိုနေရာသည် မာကြောနေသဖြင့် ကျွန်တော့်ကိုနေရခက်စေ၏။ ညီအစ်ကိုနှစ်ယောက် မည်မျှပင်နီးကပ်ပါစေ ထိုအရာကတော့ လွန်လွန်းသည်။

ကျွန်တော် သူ့ကိုတွန်းပြီး နှိုးချင်ပေမဲ့ မလုပ်နိုင်ခင်မှာပင် သူ့ဆီကနေ လေသံတိုးတိုးနှင့် မိတ်လိုက်ချင်နေသည့် ကြောင်ကဲ့သို့ အသံဆွဲပြီးညည်းနေသံကို ကြားလိုက်ရသည်။

ယန့်ရန်၏ပါးပြင်က နီရဲနေသည်။ ဘာကြောင့်လဲ ကျွန်တော်မသိ။ ပူလို့ဖြစ်နိုင်သလို တခြားအရာကြောင့်လည်း ဖြစ်မည်။

ကျွန်တော်မသိဘူးဟု ပြောပေမဲ့ ထပ်ပြီး မတွေးချင်သောကြောင့်သာဖြစ်၏။ အမှန်တကယ်က ဤကဲ့သို့သောအကြောင်းမျိုးကို သူ့ထက် ကျွန်တော်က ပိုသိသည်။

သူ့ကိုနှိုးပြီး နေရခက်သွားစေမှာ ကြောက်ရွံ့မှုသဖြင့် အစတွင် သည်းခံဖို့သာ ကျွန်တော်ဆုံးဖြတ်ခဲ့၏။ စောင့်ဆိုင်းခဲ့လျှင် သူနိုးလာသည့်အခါ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ မေ့နိုင်လိမ့်မည်ဟု ကျွန်တော်ထင်ခဲ့သည်။ သို့သော် ကျွန်တော်မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေချိန် သူ၏လှုပ်ရှားမှုများက ပို၍ပို၍အားကောင်းလာသည်။

ယန့်ရန်၏လက်တွေက ကျွန်တော့်ခန္ဓာကိုယ်ပေါ်တွင် အပေါ်အောက် ပုံမှန်မရှိဘဲ ပွတ်သပ်နေလေရာ ချွေးအေးများနှင့် လွှမ်းလာရသည်။ မတတ်နိုင်တော့ဘဲ သူ့လက်ကိုဖမ်းဆုပ်ကာ မျက်လုံးဖွင့်လိုက်ရ၏။

ယန့်ရန်လည်းနိုးလာသည်။ သူ အိပ်ချင်မူးတူးဖြင့် အတန်ကြာငိုင်နေသေးသည်။ အသိဝင်လာသောအခါ မျက်နှာက ခရမ်းချဉ်သီးကဲ့သို့ နီရဲသွားပြီး ချက်ချင်းပင် စောင်ကို ခေါင်းပေါ်အထိခြုံလိုက်ကာ ကျွန်တော် ဘာပဲပြောပြော ထွက်မလာတော့ပေ။

“ မွန်းကြပ်ပြီးသေလိုက်ပေါ့.. မင်းရွေးချယ်တာပဲ”

ကျွန်တော်စိတ်အေးသွားပြီး အိပ်ရာပေါ်မှ ထလိုက်သည်။

ယန့်ရန်ကို အာရုံစိုက်မနေဘဲ ကိုယ့်ဘာသာ သန့်စင်ခန်းထဲသို့ဝင်ခဲ့၏။ တံခါးကိုသော့ချပြီးနောက် ခွကြားကို ငုံ့ကြည့်လိုက်သော် ကျွန်တော်ကျိန်ဆဲချင်လာသည်။

ကျွန်တော် တုံ့ပြန်မိ​သည်။

ယန့်ရန်အထိအတွေ့ကို ကျွန်တော် တုံ့ပြန်ခဲ့၏။

အားလုံး၏စိတ်ထဲတွင် မကောင်းသည့် မျိုးစေ့များရှိသည်ဆိုလျှင် စိုက်ပျိုးသူက ကျွန်တော့်အဖေဖြစ်ပြီး ထိုနေ့တွင် အညှောက့်ပေါက်ပြီး အဖူးပွင့်အောင်လုပ်ခဲ့သူက ယန့်ရန်ဖြစ်သည်။

ကျွန်တော်ရေပန်းအောက်တွင်ရပ်ရင်း ရေအေးထဲတွင် နစ်မြုပ်နေကာ သူ့ကြောင့်ထောင်မတ်နေသောအရာကို ဆုပ်ကိုင်ထားရင်း ကိုယ့်ကိုယ်ကိုယ်သတ်သေချင်စိတ်နှင့် ကိုယ့်ကိုယ်ကိုယ်ဆန့်ကျင်ချင်စိတ်တွေဖြစ်လာသည်။

ထိုအချိန်တုန်းက ကျွန်တော်ဘာဖြစ်နေမှန်း နားမလည်နိုင်ခဲ့ပေ။ အဆုံးတွင် ရေအေးအောက်တွင် ထိုင်ချပြီး ငိုကြွေးမိလေသည်။

ခုချိန်ပြောလျှင် အချည်းနှီးပေမဲ့

ထိုစဥ်တုန်းက ကျွန်တော့်စိတ်ထဲမှာ ရွံစရာကောင်းသည့် ခံစားချက်တွေ ပြည့်နေ၏။ ကိုယ့်ကိုယ်ကိုယ်ရွံသည်၊ အဖေကိုရွံသည်၊ ပြီးလျှင် ယန့်ရန်ကိုလည်း စရွံလာရသည်။

ကျွန်တော်ရေချိုး၍အပြီး အပြင်ထွက်နိုင်အောင် တည်ငြိမ်လာသည့်အချိန်တွင် ယန့်ရန်သည် အိပ်ရာပေါ်တွင်ထိုင်ကာ သူ့အိတ်ကိုမွေနှောက်နေ၏။

သူကပြောသည်။

“ကျွန်တော် ကိုကို့အတွက် လက်ဆောင်ပါလာတယ်”

“ငှက်ကုလားအုတ်ဖြစ်ဖို့ လက်လျော့လိုက်ပြီလား”

ကျွန်တော်မေးလိုက်သည်။

သူက နီရဲနေဆဲဖြစ်သည့်ပါးပြင်များနှင့် ရယ်၏။

သူ ကျွန်တော့်ကို ဘူးတစ်ခုပေးလာသည်။ ထုပ်ပိုးထားပုံက လှပပြီး ဖဲကြိုးဖြင့်ပင်ချည်ထားသည်။

ကျွန်တော်ယူပြီး သူ့ကိုဘာလဲမေးလိုက်သောအခါ သူကဖြေ၏။

“ချောကလက်.. ကိုကို့ရဲ့ နှစ်သစ်ကူးလက်ဆောင်လေ”

နှစ်တစ်နှစ်၏နောက်ဆုံးရက်ဖြစ်သည်။ ယန့်ရန်သည် ကျွန်တော်နှင့် နှစ်သစ်ကိုဆင်နွှဲရန် အထူးရောက်လာခြင်းဖြစ်၏။

နှစ်ယောက်သား အိပ်ရာပေါ်တွင်ထိုင်ပြီး သူရေမချိုးခင် ချောကလက်များကို စားခဲ့ကြသည်။

ယန့်ရန်သည် ရေချိုးခန်းထဲဝင်သွားပြီးနောက် ခေါင်းပြူလာပြန်၏။ သူသည် အဝတ်အစားများဝတ်မထားရာ ဖြူဖွေးပြီး ပိန်သွယ်သည့် အပေါ်ပိုင်းကို မြင်နေရသည်။ ယခုထိ အာဟာရမပြည့်ဝသည့် ပုံစံပေါ်နေသေးသည်ပင်။

သူကပြောလာသည်။

“ကိုကို ရေအေးနဲ့ရေချိုးခဲ့တာပဲ”

သူကဆက်ပြော၏။

“ကိုကိုရော ..ဟိုဟာ ဖြစ်သွားတာလား”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment