အခန်း (၁၀) ဘယ်သူ့ဘဝမှ စင်းလုံးချော မရှိဘူး
ဟန်လူမျိုးတို့၏ ထိုးဖောက်မှုက မြန်ဆန် ထိရောက်သော်လည်း စစ်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့သော လီနိုင်ငံ၏ တပ်မတော်ကြီးကလည်း လွယ်လွယ်နှင့် ဖြိုခွဲခံရမည့် အင်အားစုတစ်ခု ဟုတ်မနေခဲ့ပေ။
မည်သူတစ်ဦးတစ်ယောက်မျှ ညွှန်ကြား မနေသည့်တိုင် စစ်သည်တို့သည် တိုက်ကွက်များကို လျင်မြန်စွာ ဖန်တီးကာ တဖြည်းဖြည်း စုရုံးနေရာယူခဲ့ကြပြီး စစ်ရေးသာလာကာ ခံစစ်မှ တိုက်စစ်သို့ ဦးတည်လာနေလေပြီ။
လင်ဝမ်ယွဲ့သည်လည်း လှံရှည်ကို ဟန်လူမျိုးတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ပြင်းပြင်းထန်ထန် ထိုးသွင်းလိုက်၏။ ပန်းထွက်လာသော သွေးများက လင်ဝမ်ယွဲ့၏ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့သို့ စွန်းထင်းသွားပြန်သည်။
လှံရှည်များက လူ့ခန္ဓာကိုယ်အား ဖောက်ထွက်သွားသံများကို လင်ဝမ်ယွဲ့ ဆက်တိုက် ကြားလိုက်ရ၏။ လူ့အသားကို တစ်ခါဖောက်သွားတိုင်း သူမ၏ ဦးနှောက်ထဲမှ မှတ်ဥာဏ်အပိုင်းအစတစ်ခုကို တစ်ကြိမ် ပြန်လည်လှုပ်နိုးလာတတ်၏။ အကြိမ်ပေါင်းများစွာ မရပ်မနားကြားလာရသော ထိုအသံများက အတိတ်က မြင်ကွင်းတစ်ခုကို မီးမောင်းထိုး ပြသကဲ့သို့ ရှင်းရှင်းလင်းလင်း မြင်မိလာစေတော့သည်။
သူမ ရင်ကို ဆို့နင့်သွားစေသောအခိုက်အတန့် ... မိခင်နှင့် မောင်လေးတို့က လှံရှည်တစ်ချောင်းတည်းဖြင့် အတူတကွ ထိုးဖောက်ခံထားရသည်ကို မြင်ကွင်း ...။
“အား!”
လင်ဝမ်ယွဲ့သည် ရင်၌ ပြည့်လျှံလာသည့် ဝမ်နည်းနာကျင်မှုများကို အော်ဟစ် ဖွင့်ဖောက်ထုတ်ပစ်လိုက်ချိန်တွင် သူမ၏ မျက်လုံးများက သွေးရောင်အဆင်းသို့ ပြောင်းလဲသွားလေသည်။
သူမသည် လှံရှည်ဖြင့် တစ်ချက်ပြီးတစ်ချက် အားကုန်ထိုးစိုက်နေမိသည်။ လှံရှည်မှ ထွက်ပေါ်လာသော အသားကို ထိုးဖောက်သံကလည်း လင်ဝမ်ယွဲ့၏ နားထဲသို့ အကြိမ်ကြိမ်ပေါင်းများစွာ ပဲ့တင်ထပ်အောင် ကြားနေရလေသည်။
လင်ဝမ်ယွဲ့၏ စိတ်တို့က လက်တွေ့မှ ကင်းကွာသွားကာ ဟန်လူမျိုးများနှင့် တိုက်ခိုက်နေသည်ကို လုံးဝမေ့လျော့သွားလေပြီ။ သူမ၏ မျက်လုံးများရှေ့တွင် ရွာတစ်ရွာလုံးရှိ အလောင်းများ၊ တောက်လောင်နေသော မီးကြီးများနှင့် ရွာထိပ်တွင် ဒူးထောက်ကာ ဝမ်းနည်းကြေကွဲပြီး မျှော်လင့်ချက်မဲ့နေသော မိမိကိုယ်တိုင်ကိုသာ မြင်နေရ၏။
“ဒင်း!”
လက်နက်ချင်း ထိခိုက်မိသံတစ်ခုက လင်ဝမ်ယွဲ့၏ နောက်ကျောဘက်မှ ထွက်ပေါ်လာလေသည်။ ထိုအသံကြောင့် ရုတ်တရက် သတိပြန်ဝင်လာသော လင်ဝမ်ယွဲ့မှာ တွန့်ခနဲ ဖြစ်သွားပြီး လက်ထဲတွင် တင်းတင်းဆုပ်ထားသည့် လှံရှည်ကို လွှတ်လိုက်ကာ တုန်လှုပ်နေမိ၏။
“ကော! ဘာလုပ်နေတာလဲ…”
လင်ယွီ၏ စိတ်ရှုပ်ထွေးနေသော အသံက လင်ဝမ်ယွဲ့၏ နားဘေးတွင် ပဲ့တင်ထပ်လာခဲ့သည်။
လင်ဝမ်ယွဲ့သည် အာရုံခြောက်ခြားနေချိန်တွင် ဓားကောက် ကိုင်ဆောင်ထားသော ဟန်စစ်သားတစ်ဦးက လင်ဝမ်ယွဲ့၏ နောက်သို့ တိတ်တဆိတ် ရောက်လာခဲ့ပြီး ဓားကောက်ကို မြှောက်ကာ လင်ဝမ်ယွဲ့၏ နောက်စေ့ကို ခုတ်ချလိုက်တော့သည်။
ထိုအချိန်တွင် လင်ယွီက လင်ဝမ်ယွဲ့ အနားတွင် ရှိနေ၍သာ ဟန်စစ်သား၏ ဓားကောက်ကို မိမိ၏ လက်နက်ဖြင့် တားဆီးလိုက်နိုင်သည်။ မဟုတ်ပါက ယခုအချိန်တွင် လင်ဝမ်ယွဲ့၏ ခေါင်းနှင့် ကိုယ်မှာ အိုးစားကွဲနေလောက်ပေပြီ။
လင်ယွီသည် ဓားကို ကိုင်ဆောင်၍ ဟန်စစ်သားနှင့် ဆက်လက် တိုက်ခိုက်နေသော်လည်း လင်ဝမ်ယွဲ့သည် မူလနေရာတွင် မလှုပ်မယှက် ရပ်နေပြီး သွေးများဖြင့် ရွှဲရွှဲစိုနေသော မိမိ၏ လက်နှစ်ဖက်ကို အံ့အားသင့်စွာ ကြည့်နေလေသည်။
လင်ဝမ်ယွဲ့သည် နောက်လှည့်ကြည့်လိုက်သောအခါ ရင်ဘတ်တွင် အချက်ပေါင်းများစွာ ထိုးစိုက်ခံထားရသော ဟန်စစ်သားတစ်ဦးကို မြင်တွေ့လိုက်ရသည်။ ထိုစစ်သားမှာ မျက်လုံးများက ပွင့်လျက် သူမကို စိုက်ကြည့်နေ၏။
ထိုစစ်သား၏ ခန္ဓာကိုယ်သည် သစ်ပင်တစ်ပင်၏ ပင်စည်တွင် လှံရှည်ဖြင့် ထိုးစိုက်ခံထားရပြီး ရင်ဘတ်ရှိ လှံချက်ရာများစွာမှ သွေးများ စီးကျနေပြီး မြေပြင်ပေါ်တွင်ပင် အိုင်ထွန်းနေလေပြီ။
ဟန်စစ်သားတစ်ဦးနှင့် တိုက်ခိုက်နေသော လင်ယွီသည် နောက်ဆုံးတော့ အသာစီးရသွားပြီး ဟန်စစ်သား၏ လည်ပင်းကို ဓားဖြင့် လှီးဖြတ်လိုက်တော့သည်။ ဟန်စစ်သားမှာ သွေးများ ပန်းထွက်လာသော လည်ပင်းကို ဖိကိုင်ရင်း လဲကျသွားလေသည်။ ထို့နောက် မသိမသ အသံများဖြင့် မြေပြင်ပေါ်တွင် နာကျင်စွာ လူးလိမ့်နေ၏။
လင်ယွီသည် ဟန်စစ်သား၏ ရင်ဘတ်ကို ခြေထောက်ဖြင့် နင်းလိုက်ပြီး ဓားကို မြှောက်လိုက်ကာ မြန်မြန် အဆုံးသတ်ပေးလိုက်တော့သည်။
“ကော! ခုနက ဘာဖြစ်တာလဲ”
လင်ယွီသည် လင်ဝမ်ယွဲ့၏ ဘေးသို့ ရောက်လာပြီး လက်တစ်ဖက်က သွေးစက်များ စီးကျနေသော ဓားကို ကိုင်ထားလျက် ကျန်လက်တစ်ဖက်မှ အင်္ကျီလက်ဖြင့် မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်လေသည်။
“ဘာမှ မဟုတ်ပါဘူး၊ ငါလည်း ဘာဖြစ်သွားမှန်း မသိဘူး စဉ်းစားမိတာက… ဘာမှ မဟုတ်တော့ဘူး”
လင်ဝမ်ယွဲ့သည် စိတ်ရှုပ်ထွေးနေကာ ခါးမှ ဓားကို ဆွဲထုတ်ပြီး ပြေးထွက်သွားရန် ကြိုးစားသော်လည်း လင်ယွီက ဆွဲဖမ်းလိုက်လေသည်။
“ကော၊ ကျွန်တော်နဲ့ လိုက်ခဲ့”
လင်ဝမ်ယွဲ့က ပြန်ငြင်းချင်သော်လည်း လင်ယွီက ပြတ်သားစွာ ပြောလိုက်သည်။
“ကော၊ ကျွန်တော် စစ်စခန်းကို ပထမဆုံး ရောက်တုန်းက အချိန်ကို မှတ်မိသေးလား”
လင်ဝမ်ယွဲ့သည် ရုတ်တရက် သတိပြန်ဝင်လာခဲ့သည်။ လင်ယွီ ဆယ့်လေးနှစ်သား အရွယ်တွင် ခရီးဆောင်အိတ်ကို ကိုင်ဆောင်ကာ သူတို့၏ တဲထဲသို့ ဝင်ရောက်လာပုံကို သူမ မှတ်မိလိုက်သည်။ လင်ဝမ်ယွဲ့သည် ခေါင်းကို မော့ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူမ၏ မောင်လေး လင်ဖေးရှင်းကို မြင်လိုက်ရသကဲ့သို့ ခံစားခဲ့ရသည်။
လင်ယွီ စစ်တပ်စခန်းသို့ ရောက်ပြီး ရက်အနည်းငယ်အကြာတွင် ဟန်လူမျိုးတို့ ရောက်လာခဲ့သည်။ ထိုနေ့က လင်ယွီ လှံရှည်ကို အားကုန် ညှစ်ကိုင်ထားပြီး တစ်ကိုယ်လုံးကလည်း တောင့်တင်းနေကာ ခြေလက်အနေအထားတို့ကလည်း အနေအထားမမှန်ဘဲ ရန်သူများ ရှိရာသို့ အတင်းတိုးဝင်သွားရင်း တစ်ယောက်တည်း ကျွံဝင်သွားခဲ့သည်။
လင်ဝမ်ယွဲ့သည် လင်ယွီ၏ ကလေးသာသာ နုနယ်သေးသော နောက်ကျောကို ကြည့်ရင်း သူမ၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေ၏။ စနစ်တကျ လေ့ကျင့်မှု မရှိသေးသော လင်ယွီသည် ထိုသို့ ဆက်သွားပါက ပြန်ရောက်လာနိုင်ခြေ မရှိတော့ပေ။
ထို့ကြောင့် သူမသည် လင်ယွီ၏ အနောက်သို့ တိတ်တဆိတ် လိုက်သွားခဲ့သည်။ ဟန်စစ်သား နှစ်ဦးက လင်ယွီ၏ နောက်ကျောမှ တိုက်ခိုက်ရန် ကြိုးစားစဉ် နှစ်ကြိမ်တိုင်တိုင် ရှင်းလင်းပေးခဲ့သည်။
“ကျေး…. ကျေးဇူးတင်ပါတယ်”
ထိုအချိန်က လင်ယွီ တုန်လှုပ်ချောက်ချားစွာဖြင့် လှံရှည်ကို ကိုင်ထားပြီး လင်ဝမ်ယွဲ့၏ မျက်လုံးများတွင် သေခြင်းတရားကို ကြောက်ရွံ့မှုနှင့် အသက်ရှင်ကျန်ရစ်ခြင်း၏ ပျော်ရွှင်မှုတို့ ရောနှောနေသည်ကို မြင်လိုက်ရသည်။ စကားပင် ကောင်းစွာ မပြောနိုင်တော့ပေ။
“မင်း ငါနဲ့ လိုက်ခဲ့!”
လင်ဝမ်ယွဲ့သည် လင်ယွီအား သူမ၏ နောက်တွင် ထားကာ ဓားကို ကိုင်လျက် ဟန်စစ်သားတို့၏ ဝိုင်းရံပိတ်ဆို့ကြားမှ ဖောက်ထွက်နိုင်ရန် လွတ်လမ်းတစ်ခုကို ဖန်တီးပေးလိုက်သည်။
လင်ဝမ်ယွဲ့သည် အတိတ်က အကြောင်းများကို သတိရကာ အသိတရားတို့ ပြန်ရလာခဲ့၏။ သူမ၏ ရှေ့တွင် မောင်လေးနှင့်တူသော တစ်ဦးတည်းသော မိတ်ဆွေကို ကြည့်လိုက်မိသည်။ သူမ သတိမထားမိခင်မှာပင် ထိုကလေးက သူမထက် ခေါင်းတစ်ဝက်မျှ ပိုမြင့်နေခဲ့လေပြီ။
လင်ယွီသည် လင်ဝမ်ယွဲ့ကို ရန်သူ နည်းသော နေရာအထိ ရောက်အောင် ကာကွယ်ပေးလျက် ထွက်လာခဲ့သည်။ ခဏတာ ထိန်းချုပ်မှု လွတ်သွားသော်လည်း လင်ဝမ်ယွဲ့သည် အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး လင်ယွီနှင့် နှစ်ဦးသား ပူးပေါင်းကာ ဟန်လူမျိုး စစ်သား အများအပြားကို သုတ်သင်လိုက်ကြသည်။ သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသော ဟန်စစ်သားများ မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် အခြားစစ်သားများ၏ လှံရှည်များဖြင့် အပြီးသတ် ထိုးသွင်းခံလိုက်ကြရသည်။
လီနိုင်ငံ၏ စစ်တပ်သည် တဖြည်းဖြည်း အသာစီး ရနေချိန်တွင်…
“ဟူး ဟူး ဟူး!”
အချက်ပေးသံတစ်ခုက အဝေးမှ ထွက်ပေါ်လာ၏။ ဟန်လူမျိုး စစ်သားများသည် ထိုအသံကို ကြားလိုက်သည်နှင့် တိုက်ခိုက်နေသည်ကို ချက်ချင်း ရပ်တန့်လိုက်ကြပြီး အချင်းချင်း ကြည့်ကာ စနစ်တကျ ဆုတ်ခွာသွားကြတော့သည်။
လင်ဝမ်ယွဲ့သည်လည်း ထိုထူးဆန်းသော တံပိုးမှုတ်သံကို ကြားလိုက်သောအခါ မျက်ခုံးများ တွန့်ချိုးသွားသည်။ တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး မည်သည့်အရာဖြစ်ကြောင်း စဥ်းစား၍ မရသေးပေ။
“နောက်က လိုက်မတိုက်နဲ့!”
စစ်သူကြီးလီမုသည် စစ်မြင်းပေါ်မှ အော်ဟစ် အမိန့်ပေးလိုက်၏။ လင်ဝမ်ယွဲ့နှင့် လင်ယွီတို့လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သွေးများဖြင့် ရွှဲရွှဲစိုနေသော တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်ရင်း သူတို့၏ စိတ်ထဲတွင် မယုံနိုင်လောက်အောင် ပေါ့ပါးလန်းဆန်း သွားကြတော့သည်။
“ဟားဟားဟားဟား!”
လင်ယွီသည် လင်ဝမ်ယွဲ့ကို ကြည့်ရင်း အကျယ်ကြီး အော်ရယ်လိုက်သည်။
လင်ဝမ်ယွဲ့လည်း ရယ်မောလိုက်ပြီး မယုံနိုင်လောက်အောင် ပေါ့ပါးပျော်ရွှင်နေလေသည်။
ထိုသို့ အပြန်အလှန် ရယ်မောနေကြသံ၏ အဓိပ္ပာယ်ကို ထိုအချိန်က စစ်ပွဲတွင်ပါဝင်ခဲ့သူများသာ နားလည်ကြလိမ့်မည်။
လီမုသည် မြင်းပေါ်တွင် ရှိနေစဉ် ရယ်သံများကို ကြားလိုက်ရပြီး သွေးများဖြင့် ရွှဲရွှဲစိုနေပြီး အရေပြားမှာ သန့်ရှင်းသော နေရာတစ်ခုပင် မရှိတော့သည့် လူငယ်တစ်ဦးမှာ သူနှင့် ရင်းနှီးသော အမဲရောင်လေးကို ကျောဘက်တွင် လွယ်ထားသည်ကို တွေ့လိုက်ရသောအခါ မျက်လုံးများ လင်းလက်သွားတော့သည်။
“သွား…”
လီမုသည် မြင်း၏ ဝမ်းဗိုက်ကို ခြေထောက်ဖြင့် ညှစ်လိုက်ရာ မြင်းက သခင်သွားလိုသော နေရာသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားတော့သည်။
လင်ဝမ်ယွဲ့နှင့် လင်ယွီတို့သည် ညီအစ်ကိုများကဲ့သို့ ပခုံးချင်းယှဉ် တိုက်ခိုက်ရသည့် ပျော်ရွှင်မှုတွင် နစ်မြောနေစဉ် မြင်းခွာသံများကို အနီးကပ် ကြားလိုက်ရသည်။
နှစ်ဦးသား လှည့်ကြည့်လိုက်သောအခါ သူတို့၏ စစ်သူကြီးသည် မြင်းပေါ်တွင် ထိုင်လျက် သူတို့ကို အပေါ်စီးမှ ငုံကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် ခေါင်းငုံ့၍ ဒူးတစ်ဖက်ထောက်ထိုင်ကာ နှုတ်ဆက်လိုက်လေသည်။
“ခြေလျင် ဒုတိယတပ်ရင်း၊ စစ်ကြောင်း ငါး၊ စစ်သည်တော် လင်ဖေးရှင်း၊ စစ်သူကြီးကို ဂါရဝပြုပါတယ်”
“ခြေလျင်တပ် ဒုတိယတပ်ရင်း၊ စစ်ကြောင်း ၄၊ စစ်သည်တော် လင်ယွီ၊ စစ်သူကြီးကို ဂါရဝပြုပါတယ်”
“အင်း၊ ထတော့”
“ဟုတ်ကဲ့၊ စစ်သူကြီး”
လင်ဝမ်ယွဲ့နှင့် လင်ယွီတို့သည် မြေပြင်မှ ထရပ်လိုက်ကြ၏။
လီမုသည် လက်တစ်ဖက်ဖြင့် မြင်းဇက်ကြိုးကို ကိုင်ရင်း သူတို့ရှေ့မှ လူငယ်နှစ်ဦးကို အကဲခတ်ကြည့်လိုက်သည်။ နှစ်ဦးလုံး၏ ခန္ဓာကိုယ်တွင် သွေးများဖြင့် စိုရွှဲနေသော်လည်း မည်သည့် ဒဏ်ရာမှ မရှိသည်ကို တွေ့ရသောအခါမှ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
အထူးသဖြင့် သူ၏ အမဲရောင် လေးကို ကျောဘက်တွင် လွယ်ထားသော လင်ဝမ်ယွဲ့အား လီမုသည် အကြိမ်ပေါင်းများစွာ ကြည့်ရှုနေမိသည်။ ထိုအချိန်တွင် လီမုသည် လင်ဝမ်ယွဲ့အပေါ် စိတ်ကျေနပ်ရုံတင်မက ချီးကျူးမိသည်အထိ သဘောကျမိလာ၏။
လင်ဝမ်ယွဲ့သည် သူ၏ နှစ်တင်းအားလေးကို ဆွဲနိုင်သည်ကို မြင်ခဲ့ရသည်။ ထို့ပြင် လှံရှည်ကို ကိုင်ဆောင်ကာ တိုက်ပွဲ အပြင်းထန်ဆုံးနေရာထဲသို့ တွေဝေမနေဘဲ ပြေးဝင်သွားခဲ့သဖြင့် သတ္တိကလည်း သာမန်မဟုတ်ပေ။ မည်မျှပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရကောင်း တစ်ကိုယ်လုံးရှိ သွေးများက သက်သေခံနေသော်လည်း မည်သည့်ဒဏ်ရာမှ မရှိဘဲ သူ့ရှေ့တွင် ရပ်နေနိုင်သေးသည်။
ဤအရာများသည် လီမုက လင်ဝမ်ယွဲ့ကို သဘောကျမိသည့် အကြောင်းရင်းများ ဖြစ်လေသည်။
သတ္တိဗျတ္တိနှင့် ပြည့်စုံပြီး တိုက်ရည်ခိုက်ရည်ရှိသော စစ်သည်တို့ကလည်း သူ၏ စစ်တပ်အတွင်း၌ မရေမတွက်နိုင်အောင် ရှိ၏။ သို့သော် လင်းဝမ်ယွဲ့တွင် အခြားသူများ၌ မတွေ့နိုင်သော အရေးကြီးသည့် ထူးခြားချက်တစ်ခု ရှိနေလေသည်။
စစ်မြေပြင် အတွေ့အကြုံ ရင့်ကျက်ခဲ့သည့် လီမုန့်က လင်းဝမ်ယွဲ့၏ ကိုယ်ပေါ်မှ စစ်သည်တော် အများစုတွင် မရှိတတ်သော တိုက်ပွဲဆင်နွှဲလိုစိတ်နှင့် 'စစ်ဝိညာဉ် နိုးကြားနေမှု' ကို စူးရှစွာ ခံစားလိုက်မိခြင်း ဖြစ်သည်။
"ညဘက် စခန်းချပြီးရင် မင်းတို့ နှစ်ယောက် ငါ့တဲကို လာခဲ့”
လီမုသည် ထိုစကားကို ပြောပြီးနောက် မြင်းဇက်ကြိုးကို ဆွဲကိုင်ကာ လှည့်ထွက်သွားလေသည်။ ထွက်ခွာမသွားမီ လီမုသည် လင်ဝမ်ယွဲ့အား တစ်ချက် ကြည့်လိုက်ပြန်သည်။ ထိုလူငယ်လေး၏ မျက်နှာကို တစ်နေရာရာတွင် မြင်ဖူးနေသကဲ့သို့ ခံစားနေရသည်။
လီမု၏ စကားများကို ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သော စစ်သားများကလည်း ရှင်းလင်းစွာ ကြားလိုက်ရပြီး တစ်ခဏချင်းတွင် လင်ဝမ်ယွဲ့နှင့် လင်ယွီတို့သည် လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံလိုက်ရတော့သည်။
လူတိုင်းက သူတို့နှစ်ယောက်ကို စိတ်ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။ အားကျသူများ ရှိသကဲ့သို့၊ မနာလိုသူများလည်း ရှိနေပြီး မကျေနပ်သူများလည်း ရှိနေလေသည်။
တစ်ချို့မှာ "စစ်သူကြီးကိုယ်တိုင် ခေါ်တွေ့တာလား ဒါက လူတိုင်းရနိုင်တဲ့ ကံကောင်းခြင်းမျိုး မဟုတ်ဘူး ဒီနှစ်ယောက် နောက်ဆို တိုးတက်တော့မှာပဲ" ဟု တွေးနေကြသည်။
အကောင်းဘက်မှ တွေးပေးနေသူ အချို့ရှိသော်လည်း အများစု၏ အတွေးမှာတော့....
"တူတူတိုက်ပွဲဝင်ပြီး အသက်ရှင်ကျန်ရစ်တာချင်း အတူတူ၊ ဘာလို့ ဒီလူနှစ်ယောက်ကပဲ ကံကောင်းသွားတာလဲ"
အာရုံစိုက်ခံရသော လူနှစ်ဦးမှာ မိမိတို့က လူအများ၏ အာရုံစိုက်ခံနေရသည်ကို မသိခဲ့ကြပေ။ လင်ယွီသည် ခဏမျှ အံ့အားသင့်ပြီးနောက် လင်ဝမ်ယွဲ့၏ လက်မောင်းနှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ဆွဲကိုင်လိုက်ပြီး ကလေးတစ်ယောက်လို အော်ဟစ်လိုက်၏။
“ကော! စစ်သူကြီးက ကျွန်တော်တို့ကို ခေါ်တွေ့တယ်တဲ့၊ စစ်သူကြီးက ကျွန်တော်တို့ကို တွေ့ချင်တာတဲ့… ကော၊ ကြားလိုက်လား… စစ်သူကြီးက ကျွန်တော်တို့ကို ကိုယ်တိုင် တွေ့ချင်တာတဲ့”
လင်ဝမ်ယွဲ့သည် မည်သည့် ခံစားချက်မှ မရှိဘဲ လင်ယွီ၏ လှုပ်ခါမှုကို ထုံပေပေဖြင့် ငြိမ်ခံနေလေသည်။ သူမသည် လင်ယွီ နည်းတူ စိတ်လှုပ်ရှားသော အမူအရာ လုပ်ပြချင်သော်လည်း ဘယ်လိုမှ စိတ်မလှုပ်ရှားနိုင်ဘဲ စိတ်သာ ဖိစီးနေတော့သည်။
End 10
Chapter 10
အခန်း (၁၀) ဘယ်သူ့ဘဝမှ စင်းလုံးချော မရှိဘူး
ဟန်လူမျိုးတို့၏ ထိုးဖောက်မှုက မြန်ဆန်ထိရောက်သော်လည်း စစ်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့သော လီနိုင်ငံ၏ တပ်မတော်ကြီးကလည်း လွယ်လွယ်နှင့် ဖြိုခွဲခံရမည့် အင်အားစုတစ်ခု မဟုတ်ခဲ့ပေ။
မည်သူတစ်ဦးတစ်ယောက်မျှ ညွှန်ကြားမနေသည့်တိုင် စစ်သည်တို့သည် တိုက်ကွက်များကို လျင်မြန်စွာ ဖန်တီးကာ တဖြည်းဖြည်း စုရုံးနေရာယူခဲ့ကြပြီး စစ်ရေးအသာရလာကာ ခံစစ်မှ တိုက်စစ်သို့ ဦးတည်လာနေလေပြီ။
လင်ဝမ်ယွဲ့သည်လည်း လှံရှည်ကို ဟန်လူမျိုးတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ပြင်းပြင်းထန်ထန် ထိုးသွင်းလိုက်၏။ ပန်းထွက်လာသော သွေးများက လင်ဝမ်ယွဲ့၏ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့သို့ စွန်းထင်းသွားပြန်သည်။
လှံရှည်များက လူ့ခန္ဓာကိုယ်အား ဖောက်ထွက်သွားသံများကို လင်ဝမ်ယွဲ့ ဆက်တိုက် ကြားလိုက်ရ၏။ လူ့အသားကို တစ်ခါဖောက်သွားတိုင်း သူမ၏ ဦးနှောက်ထဲမှ မှတ်ဉာဏ်အပိုင်းအစတစ်ခုက တစ်ကြိမ် ပြန်လည်နိုးထလာတတ်၏။ အကြိမ်ပေါင်းများစွာ မရပ်မနား ကြားလာရသော ထိုအသံများက အတိတ်က မြင်ကွင်းတစ်ခုကို မီးမောင်းထိုးပြသကဲ့သို့ ရှင်းရှင်းလင်းလင်း မြင်ယောင်လာစေတော့သည်။
သူမ ရင်ကို ဆို့နင့်သွားစေသော အခိုက်အတန့်... မိခင်နှင့် မောင်လေးတို့က လှံရှည်တစ်ချောင်းတည်းဖြင့် အတူတကွ ထိုးဖောက်ခံထားရသည့် မြင်ကွင်း...။
“အား!”
လင်ဝမ်ယွဲ့သည် ရင်၌ ပြည့်လျှံလာသည့် ဝမ်းနည်းနာကျင်မှုများကို အော်ဟစ်ဖွင့်ထုတ်ပစ်လိုက်ချိန်တွင် သူမ၏ မျက်လုံးများက သွေးရောင်အဆင်းသို့ ပြောင်းလဲသွားလေသည်။
သူမသည် လှံရှည်ဖြင့် တစ်ချက်ပြီးတစ်ချက် အားကုန်ထိုးစိုက်နေမိသည်။ လှံရှည်မှ ထွက်ပေါ်လာသော အသားကို ထိုးဖောက်သံကလည်း လင်ဝမ်ယွဲ့၏ နားထဲသို့ အကြိမ်ကြိမ်ပေါင်းများစွာ ပဲ့တင်ထပ်အောင် ကြားနေရလေသည်။
လင်ဝမ်ယွဲ့၏ စိတ်တို့က လက်တွေ့မှ ကင်းကွာသွားကာ ဟန်လူမျိုးများနှင့် တိုက်ခိုက်နေသည်ကို လုံးဝ မေ့လျော့သွားလေပြီ။ သူမ၏ မျက်လုံးများရှေ့တွင် ရွာတစ်ခုလုံးရှိ အလောင်းများ၊ တောက်လောင်နေသော မီးကြီးများနှင့် ရွာထိပ်တွင် ဒူးထောက်ကာ ဝမ်းနည်းကြေကွဲပြီး မျှော်လင့်ချက်မဲ့နေသော မိမိကိုယ်တိုင်ကိုသာ မြင်နေရ၏။
“ဒင်း!”
လက်နက်ချင်း ထိခိုက်မိသံတစ်ခုက လင်ဝမ်ယွဲ့၏ နောက်ကျောဘက်မှ ထွက်ပေါ်လာလေသည်။ ထိုအသံကြောင့် ရုတ်တရက် သတိပြန်ဝင်လာသော လင်ဝမ်ယွဲ့မှာ တွန့်ခနဲ ဖြစ်သွားပြီး လက်ထဲတွင် တင်းတင်းဆုပ်ထားသည့် လှံရှည်ကို လွှတ်လိုက်ကာ တုန်လှုပ်နေမိ၏။
“ကော! ဘာလုပ်နေတာလဲ…”
လင်ယွီ၏ စိတ်ရှုပ်ထွေးနေသော အသံက လင်ဝမ်ယွဲ့၏ နားဘေးတွင် ပဲ့တင်ထပ်လာခဲ့သည်။
လင်ဝမ်ယွဲ့သည် အာရုံခြောက်ခြားနေချိန်တွင် ဓားကောက်ကိုင်ဆောင်ထားသော ဟန်စစ်သားတစ်ဦးက လင်ဝမ်ယွဲ့၏ နောက်သို့ တိတ်တဆိတ် ရောက်လာခဲ့ပြီး ဓားကောက်ကို မြှောက်ကာ လင်ဝမ်ယွဲ့၏ နောက်စေ့ကို ခုတ်ချလိုက်တော့သည်။
ထိုအချိန်တွင် လင်ယွီက လင်ဝမ်ယွဲ့အနားတွင် ရှိနေ၍သာ ဟန်စစ်သား၏ ဓားကောက်ကို မိမိ၏ လက်နက်ဖြင့် တားဆီးလိုက်နိုင်သည်။ မဟုတ်ပါက ယခုအချိန်တွင် လင်ဝမ်ယွဲ့၏ ခေါင်းနှင့်ကိုယ်မှာ အိုးစားကွဲနေလောက်ပေပြီ။
လင်ယွီသည် ဓားကို ကိုင်ဆောင်၍ ဟန်စစ်သားနှင့် ဆက်လက်တိုက်ခိုက်နေသော်လည်း လင်ဝမ်ယွဲ့သည် မူလနေရာတွင် မလှုပ်မယှက်ရပ်နေပြီး သွေးများဖြင့် ရွှဲရွှဲစိုနေသော မိမိ၏ လက်နှစ်ဖက်ကို အံ့အားသင့်စွာ ကြည့်နေလေသည်။
လင်ဝမ်ယွဲ့သည် နောက်လှည့်ကြည့်လိုက်သောအခါ ရင်ဘတ်တွင် အချက်ပေါင်းများစွာ ထိုးစိုက်ခံထားရသော ဟန်စစ်သားတစ်ဦးကို မြင်တွေ့လိုက်ရသည်။ ထိုစစ်သားမှာ မျက်လုံးများက ပွင့်လျက် သူမကို စိုက်ကြည့်နေ၏။
ထိုစစ်သား၏ ခန္ဓာကိုယ်သည် သစ်ပင်တစ်ပင်၏ ပင်စည်တွင် လှံရှည်ဖြင့် ထိုးစိုက်ခံထားရပြီး ရင်ဘတ်ရှိ လှံချက်ရာများစွာမှ သွေးများ စီးကျနေပြီး မြေပြင်ပေါ်တွင်ပင် အိုင်ထွန်းနေလေပြီ။
ဟန်စစ်သားတစ်ဦးနှင့် တိုက်ခိုက်နေသော လင်ယွီသည် နောက်ဆုံးတော့ အသာစီးရသွားပြီး ဟန်စစ်သား၏ လည်ပင်းကို ဓားဖြင့် လှီးဖြတ်လိုက်တော့သည်။ ဟန်စစ်သားမှာ သွေးများ ပန်းထွက်လာသော လည်ပင်းကို ဖိကိုင်ရင်း လဲကျသွားလေသည်။ ထို့နောက် မပီမသ အသံများဖြင့် မြေပြင်ပေါ်တွင် နာကျင်စွာ လူးလိမ့်နေ၏။
လင်ယွီသည် ဟန်စစ်သား၏ ရင်ဘတ်ကို ခြေထောက်ဖြင့် နင်းလိုက်ပြီး ဓားကို မြှောက်လိုက်ကာ မြန်မြန် အဆုံးသတ်ပေးလိုက်တော့သည်။
“ကော! ခုနက ဘာဖြစ်တာလဲ”
လင်ယွီသည် လင်ဝမ်ယွဲ့၏ ဘေးသို့ ရောက်လာပြီး လက်တစ်ဖက်က သွေးစက်များ စီးကျနေသော ဓားကို ကိုင်ထားလျက် ကျန်လက်တစ်ဖက်မှ အင်္ကျီလက်ဖြင့် မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်လေသည်။
“ဘာမှ မဟုတ်ပါဘူး၊ ငါလည်း ဘာဖြစ်သွားမှန်း မသိဘူး... စဉ်းစားမိတာက… ဘာမှ မဟုတ်တော့ဘူး”
လင်ဝမ်ယွဲ့သည် စိတ်ရှုပ်ထွေးနေကာ ခါးမှ ဓားကို ဆွဲထုတ်ပြီး ပြေးထွက်သွားရန် ကြိုးစားသော်လည်း လင်ယွီက ဆွဲဖမ်းလိုက်လေသည်။
“ကော၊ ကျွန်တော်နဲ့ လိုက်ခဲ့”
လင်ဝမ်ယွဲ့က ပြန်ငြင်းချင်သော်လည်း လင်ယွီက ပြတ်သားစွာ ပြောလိုက်သည်။
“ကော၊ ကျွန်တော် စစ်စခန်းကို ပထမဆုံး ရောက်တုန်းက အချိန်ကို မှတ်မိသေးလား”
လင်ဝမ်ယွဲ့သည် ရုတ်တရက် သတိပြန်ဝင်လာခဲ့သည်။ လင်ယွီ ဆယ့်လေးနှစ်သား အရွယ်တွင် အဝတ်ထုပ်လေးကို ပိုက်ကာ သူတို့၏ တဲထဲသို့ ဝင်ရောက်လာပုံကို သူမ မှတ်မိလိုက်သည်။ လင်ဝမ်ယွဲ့သည် ခေါင်းကို မော့ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူမ၏ မောင်လေး လင်ဖေးရှင်းကို မြင်လိုက်ရသကဲ့သို့ ခံစားခဲ့ရသည်။
လင်ယွီ စစ်တပ်စခန်းသို့ ရောက်ပြီး ရက်အနည်းငယ်အကြာတွင် ဟန်လူမျိုးတို့ ရောက်လာ၍ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုနေ့က လင်ယွီသည် လှံရှည်ကို အားကုန်ညှစ်ကိုင်ထားပြီး တစ်ကိုယ်လုံးကလည်း တောင့်တင်းနေကာ ခြေလက်တို့ကလည်း အနေအထားမမှန်ဘဲ ရန်သူများရှိရာသို့ အတင်းတိုးဝင်သွားရင်း တစ်ယောက်တည်း ကျွံထွက်သွားခဲ့သည်။
လင်ဝမ်ယွဲ့သည် လင်ယွီ၏ ကလေးသာသာ နုနယ်သေးသော နောက်ကျောကို ကြည့်ရင်း သူမ၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေ၏။ စနစ်တကျ လေ့ကျင့်မှု မရှိသေးသော လင်ယွီသည် ထိုသို့ ဆက်သွားပါက ပြန်ရောက်လာနိုင်ခြေ မရှိတော့ပေ။
ထို့ကြောင့် သူမသည် လင်ယွီ၏ အနောက်သို့ တိတ်တဆိတ် လိုက်သွားခဲ့ပြီး ဟန်စစ်သား နှစ်ဦးက လင်ယွီ၏ နောက်ကျောမှ တိုက်ခိုက်ရန် ကြိုးစားစဉ် နှစ်ကြိမ်တိုင်တိုင် ရှင်းလင်းပေးခဲ့သည်။
“ကျေး…. ကျေးဇူးတင်ပါတယ်”
ထိုအချိန်က လင်ယွီ တုန်လှုပ်ခြောက်ခြားစွာဖြင့် လှံရှည်ကို ကိုင်ထားပြီး လင်ဝမ်ယွဲ့၏ မျက်လုံးများတွင် သေခြင်းတရားကို ကြောက်ရွံ့မှုနှင့် အသက်ရှင်ကျန်ရစ်ခြင်း၏ ပျော်ရွှင်မှုတို့ ရောနှောနေကာ စကားပင် ကောင်းစွာ မပြောနိုင်တော့ပေ။
“မင်း ငါနဲ့ လိုက်ခဲ့!”
လင်ဝမ်ယွဲ့သည် လင်ယွီအား သူမ၏ နောက်တွင်ထားကာ ဓားကို ကိုင်လျက် ဟန်စစ်သားတို့၏ ဝိုင်းရံပိတ်ဆို့မှုကြားမှ ဖောက်ထွက်နိုင်ရန် လွတ်လမ်းတစ်ခုကို ဖန်တီးပေးလိုက်သည်။
လင်ဝမ်ယွဲ့သည် အတိတ်က အကြောင်းများကို သတိရကာ သတိတို့ ပြန်ကပ်လာခဲ့၏။ သူမ၏ ရှေ့တွင် မောင်လေးနှင့်တူသော တစ်ဦးတည်းသော အပေါင်းအသင်းကို ကြည့်လိုက်မိသည်။ သူမ သတိမထားမိခင်မှာပင် ထိုကလေးက သူမထက် ခေါင်းတစ်ဝက်မျှ ပိုမြင့်နေခဲ့လေပြီ။
လင်ယွီသည် လင်ဝမ်ယွဲ့ကို ရန်သူနည်းသော နေရာအထိ ရောက်အောင် ကာကွယ်ပေးလျက် ထွက်လာခဲ့သည်။ လင်ဝမ်ယွဲ့သည် ခဏတာ ထိန်းချုပ်မှု လွတ်သွားသော်လည်း အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လင်ယွီနှင့် ပူးပေါင်းကာ ဟန်လူမျိုး စစ်သား အများအပြားကို သုတ်သင်လိုက်ကြသည်။ သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသော ဟန်စစ်သားများ မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် အခြားစစ်သားက လှံရှည်များဖြင့် အပြီးသတ် ထိုးသွင်းလိုက်ကြသည်။
လီနိုင်ငံ၏ စစ်တပ်သည် တဖြည်းည်း အသာစီး ရနေချိန်တွင်…
“ဟူး ဟူး ဟူး!”
အချက်ပေးသံတစ်ခုက အဝေးမှ ထွက်ပေါ်လာ၏။ ဟန်လူမျိုး စစ်သားများသည် ထိုအသံကို ကြားလိုက်သည်နှင့် တိုက်ခိုက်နေသည်ကို ချက်ချင်း ရပ်တန့်လိုက်ကြပြီး အချင်းချင်း ကြည့်ကာ စနစ်တကျ ဆုတ်ခွာသွားကြတော့သည်။
လင်ဝမ်ယွဲ့သည်လည်း ထိုထူးဆန်းသော တံပိုးမှုတ်သံကို ကြားလိုက်သောအခါ မျက်ခုံးများ တွန့်ချိုးသွားသည်။ တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး မည်သည့်အရာဖြစ်ကြောင်း စဉ်းစား၍ မရသေးပေ။
“နောက်က လိုက်မတိုက်နဲ့!”
စစ်သူကြီးလီမုသည် စစ်မြင်းပေါ်မှ အော်ဟစ် အမိန့်ပေးလိုက်၏။ လင်ဝမ်ယွဲ့နှင့် လင်ယွီတို့လည်း သွေးများဖြင့် ရွှဲရွှဲစိုနေသော တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်ရင်း သူတို့၏ စိတ်ထဲတွင် မယုံကြည်နိုင်လောက်အောင် ပေါ့ပါးလန်းဆန်းသွားကြတော့သည်။
“ဟားဟားဟားဟား!”
လင်ယွီသည် လင်ဝမ်ယွဲ့ကို ကြည့်ရင်း အကျယ်ကြီး အော်ရယ်လိုက်သည်။
လင်ဝမ်ယွဲ့လည်း လင်ယွီနှင့်အတူ လိုက်ပါရယ်မောလိုက်ပြီး မယုံနိုင်လောက်အောင် ပေါ့ပါးပျော်ရွှင်နေလေသည်။
ထိုသို့ အပြန်အလှန် ရယ်မောနေကြသံ၏ အဓိပ္ပာယ်ကို ထိုအချိန်က စစ်ပွဲတွင်ပါဝင်ခဲ့သူများသာ နားလည်ကြလိမ့်မည်။
လီမုသည် မြင်းပေါ်တွင် ရှိနေစဉ် ရယ်သံများကို ကြားလိုက်ရပြီး သွေးများဖြင့် ရွှဲရွှဲစိုနေကာ သန့်ရှင်းသော နေရာတစ်ခုပင် မရှိတော့သည့် လူငယ်တစ်ဦးမှာ သူမ၏ အနက်ရောင် လေးကို ကျောဘက်တွင် လွယ်ထားသည်ကို တွေ့လိုက်ရသောအခါ မျက်လုံးများ လင်းလက်သွားတော့သည်။
“သွား…”
လီမုသည် မြင်း၏ ဝမ်းဗိုက်ကို ခြေထောက်ဖြင့် ညှစ်လိုက်ရာ မြင်းက သခင်သွားလိုသော နေရာသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားတော့သည်။
လင်ဝမ်ယွဲ့နှင့် လင်ယွီတို့သည် ညီအစ်ကိုများကဲ့သို့ ပခုံးချင်းယှဉ် တိုက်ခိုက်ရသည့် ပျော်ရွှင်မှုတွင် နစ်မြောနေစဉ် မြင်းခွာသံများကို အနီးကပ် ကြားလိုက်ရသည်။
နှစ်ဦးသား လှည့်ကြည့်လိုက်သောအခါ စစ်သူကြီးသည် မြင်းပေါ်တွင် ထိုင်လျက် သူတို့ကို အပေါ်စီးမှ ငုံကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် ခေါင်းငုံ့၍ ဒူးတစ်ဖက်ထောက်ထိုင်ကာ နှုတ်ဆက်လိုက်လေသည်။
“ခြေလျင် ဒုတိယတပ်ရင်း၊ စစ်ကြောင်း ငါး၊ စစ်သည်တော် လင်ဖေးရှင်း၊ စစ်သူကြီးကို ဂါရဝပြုပါတယ်”
“ခြေလျင် ဒုတိယတပ်ရင်း၊ စစ်ကြောင်း ၄၊ စစ်သည်တော် လင်ယွီ၊ စစ်သူကြီးကို ဂါရဝပြုပါတယ်”
“အင်း၊ ထတော့”
“ဟုတ်ကဲ့၊ စစ်သူကြီး”
လင်ဝမ်ယွဲ့နှင့် လင်ယွီတို့သည် မြေပြင်မှ ထရပ်လိုက်ကြ၏။
လီမုသည် လက်တစ်ဖက်ဖြင့် မြင်းဇက်ကြိုးကို ကိုင်ရင်း သူတို့ရှေ့မှ လူငယ်နှစ်ဦးကို အကဲခတ်ကြည့်လိုက်သည်။ နှစ်ဦးလုံး၏ ခန္ဓာကိုယ်တွင် သွေးများဖြင့် စိုရွှဲနေသော်လည်း မည်သည့် ဒဏ်ရာမှ မရှိသည်ကို တွေ့ရသောအခါမှ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
အထူးသဖြင့် သူ၏ အနက်ရောင် လေးကို ကျောဘက်တွင် လွယ်ထားသော လင်ဝမ်ယွဲ့အား လီမုသည် အကြိမ်ပေါင်းများစွာ ကြည့်ရှုနေမိသည်။ ထိုအချိန်တွင် လီမုသည် လင်ဝမ်ယွဲ့အပေါ် စိတ်ကျေနပ်ရုံတင်မက ချီးကျူးမိသည်အထိ သဘောကျမိလာ၏။
လင်ဝမ်ယွဲ့သည် သူ၏ နှစ်တင်းအားလေးကို ဆွဲနိုင်သည်ကို မြင်ခဲ့ရသည်။ ထို့ပြင် လှံရှည်ကို ကိုင်ဆောင်ကာ တိုက်ပွဲ အပြင်းထန်ဆုံးနေရာထဲသို့ တွေဝေမနေဘဲ ပြေးဝင်သွားခဲ့သဖြင့် သတ္တိကလည်း သာမန်မဟုတ်ပေ။ မည်မျှပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရသည်ကို တစ်ကိုယ်လုံးရှိ သွေးများက သက်သေခံနေသော်လည်း မည်သည့်ဒဏ်ရာမှ မရှိဘဲ သူ့ရှေ့တွင် ရပ်နေနိုင်သေးသည်။
ဤအရာများသည် လီမုက လင်ဝမ်ယွဲ့ကို သဘောကျမိသည့် အကြောင်းရင်းများ ဖြစ်လေသည်။
သတ္တိဗျတ္တိနှင့် ပြည့်စုံပြီး တိုက်ရည်ခိုက်ရည်ရှိသော စစ်သည်တို့ကလည်း သူ၏ စစ်တပ်အတွင်း၌ မရေမတွက်နိုင်အောင် ရှိ၏။ သို့သော် လင်ဝမ်ယွဲ့တွင် အခြားသူများ၌ မတွေ့နိုင်သော အရေးကြီးသည့် ထူးခြားချက်တစ်ခု ရှိနေလေသည်။
စစ်မြေပြင် အတွေ့အကြုံ ရင့်ကျက်ခဲ့သည့် လီမုက လင်ဝမ်ယွဲ့၏ ကိုယ်ပေါ်မှ စစ်သည်တော် အများစုတွင် မရှိတတ်သော တိုက်ပွဲဆင်နွှဲလိုစိတ်နှင့် 'စစ်ဝိညာဉ် နိုးကြားနေမှု' ကို စူးရှစွာ ခံစားလိုက်မိနေသည်။
"ညဘက် စခန်းချပြီးရင် မင်းတို့ နှစ်ယောက် ငါ့တဲကို လာခဲ့”
လီမုသည် ထိုစကားကို ပြောပြီးနောက် မြင်းဇက်ကြိုးကို ဆွဲကိုင်ကာ လှည့်ထွက်သွားလေသည်။ ထိုလူငယ်လေး၏ မျက်နှာကို တစ်နေရာရာတွင် မြင်ဖူးနေသကဲ့သို့ ခံစားနေရသဖြင့် လီမုသည် ထွက်ခွာမသွားမီ လင်ဝမ်ယွဲ့အား တစ်ချက် ကြည့်ပြန်လှည့်ကြည်လိုက်မိသည်။
လီမု၏ စကားများကို ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သော စစ်သားများကလည်း ရှင်းလင်းစွာ ကြားလိုက်ရပြီး တစ်ခဏချင်းတွင် လင်ဝမ်ယွဲ့နှင့် လင်ယွီတို့သည် လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံလိုက်ရတော့သည်။
လူတိုင်းက သူတို့နှစ်ယောက်ကို စိတ်ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အားကျသူများ ရှိသကဲ့သို့၊ မနာလိုသူများလည်း ရှိနေပြီး မကျေမနပ်သူများလည်း ရှိနေလေသည်။
အချို့က "စစ်သူကြီးကိုယ်တိုင် ခေါ်တွေ့တာလား ဒါက လူတိုင်းရနိုင်တဲ့ ကံကောင်းခြင်းမျိုး မဟုတ်ဘူး ဒီနှစ်ယောက် နောက်ဆို တိုးတက်တော့မှာပဲ" ဟု တွေးနေကြသည်။
အကောင်းဘက်မှ တွေးပေးနေသူ အချို့ရှိသော်လည်း အများစု၏ အတွေးမှာတော့....
"အတူတူ တိုက်ပွဲဝင်ပြီး အသက်ရှင်တာချင်း အတူတူ၊ ဘာလို့ ဒီလူနှစ်ယောက်ကပဲ ကံကောင်းသွားတာလဲ"
အာရုံစိုက်ခံရသော လူနှစ်ဦးမှာ မိမိတို့က လူအများ၏ အာရုံစိုက်ခံနေရသည်ကို မသိကြပေ။ လင်ယွီသည် ခဏမျှ အံ့အားသင့်ပြီးနောက် လင်ဝမ်ယွဲ့၏ လက်မောင်းနှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ဆွဲကိုင်လိုက်ပြီး ကလေးတစ်ယောက်လို အော်ဟစ်လိုက်၏။
“ကော! စစ်သူကြီးက ကျွန်တော်တို့ကို လာတွေ့တဲ့ ... စစ်သူကြီးက ကျွန်တော်တို့ကို တွေ့ချင်တာတဲ့… ကော၊ ကြားလိုက်လား… စစ်သူကြီးက ကျွန်တော်တို့ကို ကိုယ်တိုင် တွေ့ချင်တာတဲ့”