no

Font
Theme

အခန်း (၆)။ ။ကိုဟီးဘား ဗယ်ဟီခဲ လစ်မစ်တက် ဆေးပြင်းလိပ်

ဂွမ်ထက်ဂျူမှာ ရဲစခန်းတွင် ကြာမြင့်စွာ ထိန်းသိမ်းထားခံလိုက်ရ၏။ သူ့အနားက ဖြတ်သွားသည့် ရဲတစ်ဦးက ထူထဲသော စောင်တစ်ထည်ကို သူထံသို့ လှမ်းပေးလာခဲ့သည်။ ဘယ်အချိန်က လျှော်ဖွတ်ထားမှန်း မသိသည့် စောင်မှ မှိုစွဲနံ့များက သူ့နှာခေါင်းဝသို့ ဝင်ရောက်လာ၏။ အခန်းထဲတွင် အပူပေးစက် ဖွင့်ထားသော်လည်း အအေးဓာတ်က ရှိနေဆဲပင်။ သူ့တွင် အခြားရွေးချယ်စရာ မရှိသောကြောင့် မှိုနံ့ ထောင်းထောင်း ထနေသော စောင်ကိုသာ ယူခြုံလိုက်ရသည်။

သူက စောင်ကို ခြုံထားရင်း ပတ်တီးစည်းထားသော လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်မိသည်။ လက်ထိပ်တွင် လူသတ်သမား၏ လက်ဗွေရာများ အပြည့်အဝ ကျန်ရှိနေနိုင်သည်။

ဂွမ်ထက်ဂျူ အလွန် အံ့သြမိသည်က ဆေးကုသမှု ခံယူပြီးသည့်တိုင် သူ့လက်ကောက်ဝတ်က နာကျင်မှုကို မခံစားရခြင်း ဖြစ်၏။ သူ့လက်ကောက်ဝတ် အဆစ်လွဲပြီး ရောင်ရမ်းနေသည်ကိုတောင် မသိခဲ့ချေ။ ကျန်းမာရေး ဝန်ထမ်းများက သူ့လက်ကို စစ်ဆေးပေးသည့်အချိန်မှ သူ ဘာကြောင့် လက်ကို မသုံးနိုင်ခဲ့သည်ကို နားလည်ခဲ့ရသည်။

ပတ်တီးအပြင်ဘက်တွင် ထွက်နေသော သူ့လက်ချောင်းများကို လှုပ်ကြည့်ရင်း အရူးတစ်ယောက်လို ရယ်လိုက်မိသည်။

ရုတ်တရက် ပြန်ပေးဆွဲခံရသည့်အပြင်၊ အကြောင်းအရင်းမရှိဘဲ လူသတ်သမားတစ်ဦးက ရုတ်တရက် သူ့ကို ကယ်တင်ရန် ပေါ်လာပြီး ပျောက်ကွယ်သွားခဲ့သည်။

‘မဟုတ်ဘူး၊ ဒါကို 'လာကယ်တယ်' လို့ ပြောလို့ မရဘူး ‘

သူ့အင်္ကျီကို အကြမ်းပတမ်း ဆွဲယူသွားပြီး၊ ကောင်းနေသော လက်ကောက်ဝတ်ကပါ အဆစ်လွဲသွားခဲ့ရသည်။ ထို့ပြင် ရဲများ နည်းနည်း နောက်ကျခဲ့လျှင်၊ သူက အေးခဲနေသော အလောင်းတစ်ခု ဖြစ်သွားနိုင်သည်။

‘ဒီလူက လူကော ဟုတ်ရဲ့လား။ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ရဲ့ လက်ကောက်ဝတ်က ဆွဲဖမ်း လိုက်ရုံနဲ့ အဆစ်လွဲသွားနိုင်လား။’

အကယ်၍ သူ့ ခန္ဓာကိုယ်က အားနည်းပြီး ထိခိုက်လွယ်သော ခန္ဓာကိုယ် ဖြစ်ခဲ့လျှင်၊ နည်းနည်းတော့ လက်ခံနိုင်သေးသည်။ ဂွမ်ထက်ဂျူမှာ သူ၏ ကြံ့ခိုင်သန်မာသော ကြွက်သားများအပေါ် အမြဲ ဂုဏ်ယူခဲ့သည်။ သို့သော် အခုတွေးကြည့်လိုက်လျှင် လူဘီလူးကောင်၏အားက တကယ်ပင် စိတ်ကူးထားသည်ထက် သာလွန်နေသည်။

ကျွီ

ထိုအချိန်တွင် တာဝန်ရှိသူ ပြန်ရောက်လာခဲ့သည်။ သူ ထိုင်လိုက်သောအခါ ဟောင်းနွမ်းနေသော ကုလားထိုင်က အသံမြည်သွားလေသည်။

“ဒီဖြစ်ရပ်က စာချုပ်ကို မကျေနပ်တဲ့သူတွေရဲ့ လုပ်ရပ် ဖြစ်နိုင်တယ်။ ဒါက အကြီးစား ပရောဂျက် ဖြစ်တဲ့အတွက် မနာလိုသူတွေ ရှိမှာပဲ။ ရင်းနှီးမြှုပ်နှံမှုငွေက ဝမ်ထရီလီယံ ဆယ်ချီ ရှိတယ်လို့ ကြားတယ်၊ ဟုတ်လား။”

သူက အမည်ခံအားဖြင့် ပြည်သူ့ဝန်ထမ်း ဖြစ်သော်လည်း၊ နိုင်ငံတကာစာချုပ်ကို စစ်ပွဲတစ်ခုလိုမျိုး ပြောဆိုနေသည်။ မျှော်မှန်းထားသော အမြတ်ငွေအကြောင်း ပြောသည့်အခါ၊ သူ၏ မှုန်ဝါးနေသော မျက်လုံးများ လင်းလက် လာခဲ့သည်။

ဂွမ်ထက်ဂျူက တိတ်တဆိတ် နားထောင်ရင်း နံရံပေါ်မှ နာရီကိုသာ စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေပြီး ဟိုတယ်ကိုသာ အမြန်ဆုံး ပြန်သွားချင်နေတော့သည်။

သို့သော် တာဝန်ရှိသူအရာရှိက စိတ်လှုပ်ရှားနေပြီး၊ ဤဖြစ်ရပ်ကြောင့် ရုရှားနှင့် ပတ်သက်ပြီး မည်သည့် အထင်လွဲမှုမျိုးမှ မဖြစ်စေရန်နှင့်၊ ဤဖြစ်ရပ်၏ နောက်ကွယ်မှ လူများကို ရအောင် ရှာဖွေမည် ဖြစ်ကြောင်း ပြောဆိုနေလေသည်။

ညစာ စားရန် ထွက်လာသည့် အရာရှိကြီးတစ်ဦးက ဂွမ်ထက်ဂျူ ဤနေရာတွင် ရှိနေသေးသည်ကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားပြီး အမြန် ပြန်ခွင့်ပြုလိုက်လေသည်။

“ကျွန်တော့် ခရီးဆောင်အိတ်…”

“အိုး၊ သူတို့ကားထဲက အိတ်လား။ အဲဒါဆိုရင်တော့ ငါ အဲ့ဒီမှာ ယူထားပြီးပြီ။

အတွင်းမှာ ဗုံးတို့၊ တည်နေရာခြေရာခံစက်တို့ ပါမပါလဲ စစ်ပေးထားပြီးပြီ၊

ကျေးဇူးတင်စရာတော့ မလိုပါဘူး၊ ဒါလောက်က အသေးအဖွဲပါပဲ။”

‘သေချာပေါက် ကျေးဇူးတင်စေချင်တာပဲပေါ့’

“ကျွန်တော်ကတော့ သေချာပေါက် ကျေးဇူးတင် ရမယ်ထင်တယ်။”

ဂွမ်ထက်ဂျူက အသိအမှတ်ပြုသလို ခေါင်းညိတ်ပြပြီး ထရပ်လိုက်၏။

ရဲအရာရှိ ပြောသလိုပင် တံခါးအရှေ့တွင် ခရီးဆောင်အိတ်တစ်လုံး ထားရှိထားတာသည် တွေ့ရသည်။ ဂွမ်ထက်ဂျူက အိတ်ကို လျင်မြန်စွာ ကောက်ယူလိုက်ပြီး ရုံးခန်းမှ ထွက်ခွာသွားခဲ့သည်။

ဟိုတယ်သို့ ပြန်ရန် ရဲစခန်းလှေကားများကို ဆင်းနေစဥ် ရဲအရာရှိတစ်ဦးက သူ၏အနောက်မှ လိုက်နေသည်ကို သတိထားမိနေသည်။ ဂွမ်ထက်ဂျူက ထိုသူကို လျစ်လျူရှုထားလိုက်ကာ သူ့လမ်းသူ သွားနေသည်ဟု ထင်မှတ် မိသော်လည်း၊ ထိုရဲအရာရှိက အကွာအဝေးတစ်ခုမှအထိ ဆက်လက် လိုက်ပါနေခဲ့သည်။ နောက်ဆုံးတွင် ဂွမ်ထက်ဂျူက လမ်းလျှောက်နေသည်ကို ရပ်လိုက်ပြီး နောက်သို့ ပြန်ကြည့်လိုက်သည်။

“ဘာလို့ လိုက်နေတာလဲ…”

“လူကြီးမင်းကို တစ်ကြိမ် ပစ်မှတ်ထား ခံရပြီးပြီ။ ဒုတိယအကြိမ် ပစ်မှတ်မထားဘူးလို့ အာမမခံနိုင်ဘူး။ အခုဆို သူတို့ရဲ့အဖော် သေသွားပြီဆိုတော့၊ ပိုပြီး လက်စားချေချင်နေကြမှာပဲ။ ဒါကြောင့် လူကြီးမင်းကို ဟိုတယ်အထိ ဘေးကင်းကင်းပို့ပေးမယ်။”

ထို့နောက် သူ၏အကျင့်အတိုင်း စကားတစ်ခွန်း ထပ်ပြောလိုက်သည်။

“အာ၊ ကျေးဇူးတင်စရာမလိုပါဘူး။”

ဆိုလိုသည်မှာ သူ့ကို ကျေးဇူးတင်သင့်သည်။

ရဲအရာရှိက ဂွမ်ထက်ဂျူ၏ ဆန္ဒကို မေးမနေတော့ဘဲ ရှေ့က ဦးဆောင်လျက် “ဒီလမ်းပဲ” ဟု ပြောလိုက်သည်။ မလိုအပ်သော ကြင်နာမှုများသည် အနှောင့်အယှက်တစ်ခုထက် မပိုသော်လည်း ဂွမ်ထက်ဂျူက လက်ရှိတွင် ဟိရိုဆခမိုတို ဖြစ်နေသည်။ ရုတ်တရက် ပြန်ပေးဆွဲခံရပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသော သာမန်နိုင်ငံသားတစ်ဦးအနေနှင့် အစိုးရ၏ ကာကွယ်မှုကို ငြင်းဆန်ရန် အကြောင်းမရှိပေ။ သူသည် ရဲအရာရှိ၏ အကူအညီကို စိတ်ပျက်စွာ လက်ခံလိုက်ရသည်။

ကားပါကင်ထဲတွင် ဆေးသားများ ကွာနေပြီး ချိုင့်ရာများ ရှိနေသော ဗော်လ်ဂါ (Volga)ကားတစ်စီး ရပ်ထားလေသည်။

အနည်းဆုံး ၁၅ နှစ်သက်တမ်း ရှိမည်ဟု ထင်ရသည်။ ဂွမ်ထက်ဂျူက အိတ်ထဲမှ သင့်တော်သော အဝတ်အစားတစ်စုံ ထုတ်ယူ၍ ဝတ်ဆင်လိုက်သည်။ ရဲအရာရှိက ကြပ်နေသော ကားအနောက်တံခါးကို ခက်ခက်ခဲခဲ ဖွင့်လိုက်ပြီး၊ ဂွမ်ထက်ဂျူ၏ အိတ်ကို ထည့်လိုက်သည်။ ထို့နောက် ယဥ်မောင်းထိုင်ခုံတွင် ထိုင်ပြီး အင်ဂျင်ကို စတင်နှိုးလိုက်သည့်အခါ၊ ဟောင်းနွမ်းနေေသာ ကားကိုယ်ထည်က အဆက်မပြတ် တုန်ခါနေတော့သည်။

[T/N : ဗော်လ်ဂါ (Volga) = ရုရှားနိုင်ငံရဲ့ GAZ (Gorkovsky Avtomobilny Zavod) ကားစက်ရုံက ထုတ်လုပ်ခဲ့တဲ့ ဇိမ်ခံကား အမှတ်တံဆိပ်တစ်ခုပါ။ 2010 မှာ ထုတ်လုပ်မှု ရပ်ဆိုင်းထားပြီးတော့ မော်ဒယ်အသစ် ထပ်ထွက်မယ်လို့လဲ သတင်းတွေကြားနေရပေမဲ့ ထွက်မလာသေးပါဘူး။]

ဂွမ်ထက်ဂျူက နောက်ခုံတွင် ထိုင်သင့်၊ မထိုင်သင့် စဉ်းစားနေမိသည်။ အနည်းငယ် မလေးစားရာ ရောက်သော်လည်း သေလောက်သည့် အပြစ်တော့ မဟုတ်ပေ။ သို့ရာတွင် ဂျပန်လူမျိုးများက ရိုင်းစိုင်းသော အပြုအမူများကို ရှောင်ကြဉ် တတ်ကြသည်။ နောက်ဆုံးတွင် သက်ပြင်းမောတစ်ခုကို ချလိုက်ပြီး ဇာတ်ရုပ်နှင့် လျော်ညီစေရန် ကားရှေ့ခန်းတံခါးကို ဖွင့်လိုက်လေသည်။

သူ ထိုင်ချလိုက်ချိန် ခိုးလိုးခုလု ခံစားလိုက်ရ၍ တင်ပါးအောက်ကို လက်ဖြင့် စမ်းပြီး ဆွဲထုတ်လိုက်ရာ အမျိုးသမီးအသားကပ်ခြေအိတ်တစ်ဖက် ဖြစ်နေလေသည်။ ရဲအရာရှိမှာ ထိုအရာကို လျင်မြန်စွာ ဆွဲယူပြီး ကားနောက်ခန်းသို့ လွှင့်ပစ်လိုက်လေသည်။ ကားဒက်ရှ်ဘုတ်ပေါ်တွင် ပေါင်မုန့်အစများ၊ စက္ကူစုတ်များ၊ လူကြီးမဂ္ဂဇင်းများကလည်း ပွစာကျဲနေသည်။

ကျ

“မင်းက စာရွက်စာတမ်းတွေနဲ့ပဲ အလုပ်လုပ်တယ် ထင်ခဲ့တာ၊ အားကစားလုပ်ရတာလဲ ကြိုက်တာပဲလား။”

ရဲအရာရှိက အရှက်ရမှုကို ဖုံးကွယ်လိုသောကြောင့် အကြောင်းအရာတစ်ခုကို အမြန် စပြောလိုက်၏။ ဂွမ်ထက်ဂျူ၏ ခန္ဓာကိုယ်ကို အချိန်အတော်ကြာကတည်းက သတိထားမိဟန် ရှိသည်။

သာမန် ရုံးဝန်ထမ်းတစ်ဦး၏ ခန္ဓာကိုယ်ကြွက်သားက သဘာဝအတိုင်း သန်မာနေမည်ဆိုလျှင်ပင် ယခုကဲ့သို့ ဖုဖောင်းကြွရွသော ကြွက်သားများနှင့် မတူနိုင်ပေ။ ဂွမ်ထက်ဂျူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံက တစ်နေကုန် အလုပ်စားပွဲတွင် အချိန်ကုန်နေသူနှင့် မကိုက်ညီချေ။

ထို့နောက် ပခုံးတွန့်လိုက်ပြီး “အချိန်ကြာကြာ ထိုင်နိုင်ဖို့ဆိုရင် ကိုယ်ခန္ဓာအားကောင်းဖို့လဲ အရေးကြီးတယ်” ဟု သူ့ဟာသူ ပြန်ဖြေရင်း ကိုယ့်စကားကိုယ် ပြန်ရှက်ကာ နားရွက်တို့ နီရဲသွားလေသည်။

အချိန်အတော်ကြာသည့်တိုင်အောင် ကားက ရဲစခန်းမှ မထွက်ရသေးပေ။ အကြောင်းမှာ နောက်ဘီးတွင် ပြဿနာရှိနေပြီး မထွက်မီ အသစ်လဲရန် လိုအပ်နေသောကြောင့် ဖြစ်သည်။ ဂွမ်ထက်ဂျူက တက္ကစီဖြင့် သွားရန် ရည်ရွယ်ထားသော်လည်း၊ ရဲအရာရှိက ဓားစာခံနှင့် မျက်မြင်သက်သေများကို ကာကွယ်ရန် ဆိုသည့် အကြောင်းပြချက်ဖြင့် သူ့အား ဟိုတယ်အထိပို့ပေးမည်ဟု အတင်းအကျပ် ပြောဆိုနေသောကြောင့် ကားဘီးအသစ် လဲပြီးမှ ရဲစခန်းကနေ ထွက်ခွာ နိုင်ခဲ့သည်။

“ဟိုတယ်ကို ရောက်ရင် အခြားအရာတွေကို မတွေးဘဲ အနားယူလိုက်ပါ။ အိပ်မပျော်ဘူးဆိုရင် ဗော့ဒ်ကာ တစ်ခွက် သောက်လိုက်တာကလည်း ကောင်းတဲ့ စိတ်ကူးပဲ။ မင်းကို ဒုက္ခပေးခဲ့တဲ့ လူစုကို ကျွန်တော်တို့ မှန်မှန်ကန်ကန် အပြစ်ပေးမှာပါ။ ဒါပေမဲ့... ခုနက မင်း ဘာပြောခဲ့တာလဲ။”

သူ့ဘာသာ ပြောနေခဲ့သော ရဲအရာရှိက ရုတ်တရက် ခေါင်းကို စောင်းလျက် ဂွမ်ထက်ဂျူကို ကြည့်ကာ မေးလိုက်သည်။ မေးခွန်းက ဘာကိုဆိုလိုမှန်း မသိသောကြောင့် ဂွမ်ထက်ဂျူမှာ ပြန်မဖြေဘဲ သူ့ကို ပြန်ကြည့်လိုက်သည်။

“ဘာဖြစ်သွားတာလဲ။ မင်းပဲ အဲဒီနေရာမှာ သေသွားတဲ့သူတွေအပြင် နောက်ထပ် လူတစ်ယောက်ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အဲဒီလူက စျေးကြီးတဲ့ နွားသရေဖိနပ်တွေ စီးထားတယ်။ ပြီးတော့ အနံ့ဆိုးတယ်လို့ ပြောခဲ့တယ်။ အဲဒီလူက မျက်လုံးတွေကို လက်နဲ့ဖောက်ပြီး အဆောက်အဦးကနေ ပစ်ချခဲ့တယ်ဆိုတာ တကယ်လား။”

ရဲစခန်း၌ စစ်ဆေးခဲ့သော အချိန်အတွင်း ဂွမ်ထက်ဂျူက မြင်တွေ့ခဲ့ရသမျှကို ထပ်ခါထပ်ခါ ပြောပြခဲ့သည်။ သို့သော် တာဝန်ရှိ ရဲအရာရှိက ဘာမှ တိတိကျကျ မမှတ်မိနိုင်ခဲ့ပေ။ ဒီအမှုနှင့် ပတ်သတ်ပြီး အာရုံ စိုက်မထားခဲ့ခြင်းကြောင့် ဖြစ်သည်။ သူ ပြောသမျှစကားများက လေထဲတွင် ပျောက်ကွယ်သွားပုံရ၏။ ဂွမ်ထက်ဂျူလည်း အစကတည်းက ဤရဲအရာရှိများကို ဘာမှ မျှော်လင့်ထားခြင်း မရှိခဲ့ပေ။

ဂွမ်ထက်ဂျူသည် သက်ပြင်းချပြီး မှားနေသည့် အချက်များကို ပြင်ဆင်ပေးလိုက်သည်။

“နွားသရေမဟုတ်ဘူး၊ မိကျောင်းသရေဖိနပ်”

"ပုံစံတူ လုပ်ထားတဲ့ ဖြစ်နိုင်တာပဲ။ နွားသရေနဲ့ လုပ်ထားတဲ့ မိကျောင်းပုံစံဖိနပ် လို့ပဲ ပြောရမှာပေါ့”

“မိကျောင်းသရေဆိုတာ ကျိန်းသေတယ်။ အတိအကျတော့ တံဆိပ်ကို မမှတ်မိတော့ဘူး။ ဒါပေမဲ့ ဈေးက ရူဘယ် (RUB) ၂၅၀,၀၀၀ လောက် ရှိမယ်။ အရောင်က အညိုရင့်ရောင်၊ အရွယ်အစားက US ၁၃ ကနေ ၁၄ လောက်။ ဘူးထဲကနေ အခုမှ ထုတ်ထားသလို၊ အသစ်အတိုင်းပဲ။ ဒီဖိနပ်ကို သိပ်မသုံးရလောက်သေးဘူး၊ ဒါမှမဟုတ် မကြာသေးခင်ကမှ ဝယ်ထားတာ ဖြစ်မယ်။ ပြီးတော့ အတော်လေး ချမ်းသာတဲ့သူ ဖြစ်ရမယ်။”

[T/N : Rubles ရူဘယ် = ရုရှားနိုင်ငံရဲ့ ငွေပါ။ ]

ဂွမ်ထက်ဂျူသည် ဒေါသတကြီးဖြင့် ချေပပြောဆိုလိုက်ပြီးမှ အမှားလုပ်လိုက်မိမှန်း သတိရသွား၏။ ရဲအရာရှိကလည်း သူ့ဘက်သို့ အံ့အားသင့်သော အကြည့်ဖြင့် လှမ်းကြည့်နေလေပြီ။

ရဲအရာရှိ မျက်နှာကို စေ့စေ့ကြည့်ကာ အဆိုပါ ဖိနပ်ကို စိတ်ဝင်စားဖူးသဖြင့် သိနေသည်ဟု ပြောလိုက်လေသည်။ ဂွမ်ထက်ဂျူ ပေးလိုက်သည့် ဆင်ခြေက ကျိုးကြောင်းဆီလျော်မှု မရှိသော်ငြား လုံးဝမဖြစ်နိုင်တာမျိုးတော့ မဟုတ်ချေ။ သို့ပေမဲ့ ရဲအရာရှိ၏မျက်စိက သူ့ထံမှ မခွာနိုင်သေးဘဲ တစ်စုံတစ်ရာကို သံသယရှိ နေသကဲ့သို့ ကြည့်နေပြီးနောက် ရယ်မော လိုက်လေသည်။

“ဟုတ်ပြီ၊ ဒါဆို မိကျောင်းသားရေလို့ပဲ ခေါ်လိုက်ကြရအောင်။”

ရဲအရာရှိ၏ စကားက သူနှင့် ပြေလည်ရန် အလျော့ပေး သည်းခံလိုက်သကဲ့သို့ ဖြစ်နေသည်။

ဂွမ်ထက်ဂျူမှာ စိတ်မကြည်မလင်ဖြင့် သူ ဝတ်ထားသောအင်္ကျီကို လဲဝတ်လိုက်သည်။ ဘာမှမဟုတ်သည့် အရာများကို ဖြေရှင်းရင်း အချိန်ကုန်၊ လူပင်ပန်း ဖြစ်နေရလေသည်။ စိတ်ကို အတတ်နိုင်ဆုံး အေးအေးထားနိုင်ရန် ကြိုးစားသော်လည်း ဒေါသထွက်စရာ တစ်ခုပြီးတစ်ခု ကြုံနေရ၏။ သူ့ဒေါသတို့ကလည်း သည်းခံနိုင်သည့် အတိုင်းအတာ၏ အဆုံးသို့ ရောက်ရှိနေပြီ။

မောင်းနေသောကားသည် မီးပွိုင့်က မီးနီအချက်ပြမှုနှင့်အတူ ရပ်တန့်သွားလေသည်။ ဤအချိန်အထိ အေးဆေး တည်ငြိမ်ဟန်ဖြင့် ထိုင်နေခဲ့သော ဂွမ်ထက်ဂျူက ဒေါသကို ထိန်းမထားနိုင်တော့ဘဲ

“ပြီးတော့ အနံ့ဆိုးတာ မဟုတ်ဘူး၊ မီးလောင်နံ့မျိုး။

ပုံမှန်စီးကရက် မဟုတ်ဘူး၊ လက်လုပ်ဆေးပြင်းလိပ်နဲ့ ပိုတူတယ်”

“အင်း၊ ဒါကိုလဲ ထည့်စဉ်းစားပါ့မယ်” ဟု ရဲအရာရှိက အာရုံမစိုက်ပဲ ပေါ့ပေါ့တန်တန် ဖြေလိုက်သည်။

ရဲအရာရှိမှာ မြို့လယ်ခေါင်မှာ ထင်ထင်ရှားရှား ပေါ်လာတဲ့ လူသတ်သမားကို ဂရုမစိုက်ပဲ၊ ဂျပန်အမျိုးသမီးများ အကြောင်းကိုသာ စိတ်ဝင်စားနေပုံရသည်။

လမ်းတစ်လျှောက်လုံးတွင် ဂျပန်အမျိုးသမီးများ က သူတို့ခင်ပွန်းကို အရှင်သခင်လို ဆက်ဆံကြသလား၊ ကီမိုနိုခါးပတ်က ဘယ်နေရာတွင်မဆို အိပ်လို့ရ တဲ့ဖျာလား စသည့် မေးခွန်းများကို အဆက်မပြတ် မေးနေခဲ့သည်။ ဂွမ်ထက်ဂျူမှာ တဏှာရူး ရုရှားရဲအရာရှိက လူသတ်သမားကို ဘယ်တော့မှ ဖမ်းနိုင်မည် မဟုတ်ကြောင်း သေချာသိ နေလေပြီ။

အချိန်ကြာမြင့်စွာ သေလုနီးပါး သည်းခံစောင့်ဆိုင်းပြီးနောက်၊ ဇိမ်ခံဟိုတယ်ကြီးတစ်ခုရှေ့တွင် ကားကို ရပ်လိုက်သည်။

“ကဲ.. ရောက်ပြီ။ သူတို့ ဘယ်တော့ မင်းကို ထပ်ပြီး ပစ်မှတ်ထားမလဲဆိုတာ မသိဘူး။ ဒါ့ကြောင့် ဖြစ်နိုင်ရင် နေရာပြောင်းတာက အကောင်းဆုံးပဲ။ တကယ်လို့ သက်တော်စောင့် လိုအပ်ရင် ငါ့ကို သီးသန့်ဆက်သွယ်လို့ ရတယ်။ ငါ အကောင်းဆုံး ကြိုးစားကူညီမယ်။”

“အို...အိုး ပိုက်ဆံအတွက်တော့ စိတ်မပူနဲ့။ နောက်မှ ငါ့ကို ဝိုင်တစ်ခွက်လောက် ဝယ်တိုက်လိုက်လဲ ဖြစ်တယ်။ စဥ်းစားကြည့်လိုက်ပေါ့။”

အခုအချိန်မှာတော့ ဂွမ်ထက်ဂျူက အားတင်းပြီး ပြုံးပြနိုင်သော အခြေအနေတောင် မရှိတော့ပေ။ အားကုန်သုံးပြီး တောင့်တင်းနေသော နှုတ်ခမ်းထောင့်များကို ဆွဲမတင် လိုက်ရုံပင်။

“ငါ အဲ့တာကို ဖြည်းဖြည်းချင်း စဉ်းစားလိုက်မယ်။ ဒီနေ့ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်”

“ဘာမှ မဟုတ်ပါဘူးကွာ၊ ဒါက ရုရှားရဲ့ ဧည့်ဝတ်ကျေပွန်မှုပါပဲ။ ကျေးဇူးတင်စရာ မလိုဘူး။”

‘အဲဒီ သောက်စကားကိုပဲ ဘာလို ထပ်ထပ်ပြီး ပြောနေတာလဲ’

ဂွမ်ထက်ဂျူ အစွမ်းအကုန် သည်းခံရင်း ခေါင်းညိတ်ပြကာ မြန်မြန် ထွက်လာလိုက်သည်။

“အရက်သောက်ဖို့ အဖော်မရှိရင် ဖုန်းဆက်လိုက်နော်” ဟု ရဲအရာရှိက အလွန် ဖော်ရွေသည့်လေသံဖြင့် လှမ်းအော်ပြောလိုက်သေးသည်။

သို့သော် ထိုစကားက ဂွမ်ထက်ဂျူအတွက် အလွန် ကြောက်စရာကောင်းနေသဖြင့် ခြေလှမ်းကို ခပ်မြန်မြန် လှမ်းကာ ပြေးလေတော့သည်။

ဂွမ်ထက်ဂျူ ဧည့်ခန်းမထဲသို့ ဝင်လိုက်သည့်အခါ ဝန်ထမ်းလေးက သူ့လက်ထဲရှိ အိတ်ကို ယူသွားပေးသည်။

ဟိုတယ်သည် လေဆိပ်မှ တစ်နာရီစာအဝေးတွင်သာ ရှိသော်လည်း လေယာဉ်နောက်ကျခြင်း၊ ပြန်ပေးဆွဲခံရခြင်းနှင့် စစ်ဆေးမေးမြန်းခံရခြင်းများကြောင့် မျှော်လင့်ထားသည့်အချိန်ထက် တစ်နေ့လုံးနီးပါး နောက်ကျပြီးမှ ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဂွမ်ထက်ဂျူဟာ လုံးဝ ပင်ပန်းနွမ်းနယ်နေပြီး ဧည့်ကြိုကောင်တာဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားတယ်။

“ကြိုဆိုပါတယ်”

ဟိုတယ်ဧည့်ကြိုဝန်ထမ်းလေး၏ ယဥ်ကျေးသော နှုတ်ဆက်သံကိုပင် ပြန်မဖြေနိုင်တော့ဘဲ ပတ်စပို့နှင့် ခရက်ဒစ်ကတ်ကိုသာ တိတ်တဆိတ် လှမ်းပေးလိုက်သည်။

လူရည်လည်သော ဟိုတယ်ဝန်ထမ်းက ဂွမ်ထက်ဂျူ၏ အလွန်အမင်း ပင်ပန်းနေသော အမူအရာကို မြင်ပြီး အချက်အလက်များကို တိတ်ဆိတ်စွာ အမြန် စစ်ဆေးပေးလိုက်သဖြင့် ခဏအကြာတွင် အခန်းသော့ကို ရရှိသွားသည်။

ဂွမ်ထက်ဂျူက အခန်းဆီသို့ တန်းသွားရန် ရည်ရွယ်ထားသော်လည်း ခဏစဉ်းစားပြီးနောက် နောက်ပြန်လှည့်ကာ မေးခွန်းတစ်ခု မေးလိုက်၏။

“ဒီနားမှာ လက်လုပ်ဆေးပြင်းလိပ်ဆိုင် ရှိလား။”

“ကျွန်တော်တို့ ဟိုတယ်ဆိုင်မှာလဲ လက်လုပ်ဆေးပြင်းလိပ်ဆိုင် ရှိပါတယ်။ အမျိုးအစားအစုံ ရှိတာမို့ လူကြီးမင်း နှစ်သက်တဲ့ အရသာကို ရွေးချယ်နိုင်ပါတယ်။ ဧည့်ခန်းကို ပြန်လာပေးပါ။ ဟိုတယ်ရဲ့ နေရာတွေကို ရှင်းပြပေးပါမယ်။”

ဝန်ထမ်းက ဟိုတယ်မြေပုံကို ထုတ်ကာ အသေအချာ ညွှန်ပြလိုက်သည့် လမ်းအတိုင်း ဂွမ်ထက်ဂျူ ချက်ချင်း သွားလိုက်သည်။

သူက အနားယူရန် အသည်းအသန် လိုအပ်နေပြီ ဖြစ်သော်လည်း လူသတ်သမားနှင့် ပတ်သတ်သည့် အချက်အလက်တချို့ကို အရင် အတည်ပြုလိုက်ခြင်းက ပိုကောင်းမည်ဟု ယူဆမိသည်။

မစ်ရှင်စတင်လုပ်ဆောင်ချိန်တွင် စုံစမ်းရန် အချိန်ပေးနိုင်ဖို့ ခက်ခဲပေလိမ့်မည်။

ဂွမ်ထက်ဂျူက လက်လုပ်ဆေးပြင်းလိပ်ဆိုင်ကို အလွယ်တကူ ရှာတွေ့လိုက်၏။

ပြတင်းပေါက်တွင် ခင်းကျင်းထားသော ခမ်းနားသောပုံစံနှင့် အရည်အသွေးမြင့်ပစ္စည်းများက ချက်ချင်းပင် သူ၏အာရုံကို ဆွဲဆောင်သွားတော့၏။ ဂွမ်ထက်ဂျူက မတွန့်မဆုတ်ဘဲ စတိုးဆိုင်ထဲသို့ ဝင်လိုက်သောအခါ ပစ္စည်းများကို စီနေသော ဝန်ထမ်းတစ်ဦးက ရွှင်ပြစွာဖြင့် ကြိုဆိုလေသည်။

“မင်္ဂလာပါ ဧည့်သည်ကြီး ခဗျ”

“တစ်ခုခုများ ရှာနေပါသလား။”

“တံဆိပ်ကိုတော့ မသိဘူး၊ မတော်တဆ အနံ့ရခဲ့တာ”

ဂွမ်ထက်ဂျူက စတိုးဆိုင်ကို မရေမရာနှင့် လှည့်ပတ်ကြည့်နေသည်။ အရောင်းဝန်ထမ်းက သူ၏ မည်းနက်နေသော မျက်ခုံးမွှေးကို အနည်းငယ် မတင်လိုက်ပြီး ခင်းကျင်းထားသော ကောင်တာဆီသို့ ထွက်လာခဲ့သည်။

“ကျွန်တော်တို့ဆိုင်က ကျူးဘားလက်လုပ်ဆေးလိပ်တွေက ကမ္ဘာ့အကောင်းဆုံး ဆေးလိပ်တွေပါ။ ဒီမှာရှိတဲ့ ဆေးလိပ် အများစုက ကျူးဘားဆေးလိပ်တွေပါပဲ၊ တံဆိပ်ပဲ ကွဲတာပါ။ လက်လုပ်ဆိုတာနဲ့ လုပ်ငန်း သေးသေးလေး၊ အနည်းအကျဥ်းပဲ ထုတ်တာလို့ ပြောလို့မရပါဘူး။ အခု မြင်နေရတဲ့ 'မာကာနူဒို(Macanudo)' ဆေးလိပ်က အမေရိကန်မှာ အရောင်းရဆုံး ဖြစ်ပါတယ်။ အရောင်းရဆုံးဆိုတာ လူကြိုက်များတယ်ဆိုတဲ့ သဘောပါ။ သူ့ရဲ့ ပျော့ပျောင်းတဲ့ ဆေးသားက အားသာချက်တစ်ခုပါ။ စသောက်သူတွေအတွက် အကောင်းဆုံးပါပဲ။”

ဂွမ်ထက်ဂျူကို လက်လုပ်ဆေးလိပ် စသောက်သူအဖြစ် သတ်မှတ်ထားပုံရသည်။

သူက ရောင်းချသူပေးလိုက်သော ' မာကာနူဒို ' ဆေးလိပ်ကို ကြည့်လိုက်သည်။

“ဒါတစ်လိပ်ဘယ်လောက်လဲ။”

“တစ်လိပ်ကို ၇ ဒေါ်လာပါ။ ဈေးနှုန်း အရမ်းသက်သာပါတယ်”

“ဒါဆို ဒီဟာ မဟုတ်ဘူး ထင်တယ်”

သူက ဆေးလိပ်ကို ပြန်ပေးလိုက်သည်။

အရောင်းဝန်ထမ်းက စင်ပေါ်ပြန်ထားရင်း အတည်ပြု မေးမြန်းလိုက်သည်။

“လူကြီးမင်း တွေ့ဖူးတဲ့ ဆေးလိပ်ကိုပဲ ရှာနေတာလား”

“ဟုတ်တယ်၊ ဘာအမျိုးအစားလဲ သိချင်နေလို့”

“ဟမ်... ဒါဆို လူကြီးမင်း အရိပ်အမြွက်လေး နည်းနည်းလောက် ပြောပြနိုင်မလား”

အရောင်းဝန်ထမ်းက စိတ်ဝင်စားဖွယ် ပြုံးပြလိုက်သည်။ ဆေးလိပ်အမျိုးပေါင်း ဒါဇင်နှင့်ချီ၍ ရှိသော်လည်း၊ အနံ့တစ်ခုတည်းကိုသာ အခြေခံကာ ထုတ်ကုန်တစ်ခုကို ရှာဖွေရန် စိန်ခေါ်မှုကို အရောင်းဝန်ထမ်းက အရမ်း စိတ်ဝင်စားနေပုံရသည်။ ဤပဟေဠိက သူ၏ ကျွမ်းကျင်မှုကို ဂုဏ်ယူဝံ့ကြွားစွာ ဖော်ပြနိုင်သော မဟာအခွင့်အရေးကြီးလိုပင်။

“ဒေါ်လာ ၄၀၀၀ တန် ဖိနပ်စီးထားသူတစ်ယောက် သောက်ခဲ့တဲ့အနံ့ပါ”

“ဖိနပ်ဆိုတာ ချမ်းသာတဲ့သူတွေသာ ဝယ်နိုင်တဲ့ပစ္စည်း ဖြစ်တယ်၊ ဒီလိုလူမျိုးတွေက အရာအားလုံးမှာ အရည်အသွေးအမြင့်ဆုံးကိုပဲ ရွေးတတ်ကြတယ်။ ဒီမှာ ဆေးလိပ်အားလုံးကောင်းပေမဲ့ 'Romeo y Julieta' လို ထူးခြားတဲ့ အမျိုးအစားတွေလဲ ရှိတယ်။ “

[T/N : 'မာကာနူဒို(Macanudo)ကော Romeo y Julieta က ဆေးပြင်းလိပ် တံဆိပ်တွေပါ။]

“အဲ့တာက အရသာ ပြင်းထန်ပြီး အနံ့မွှေးတယ်၊ စိုစွတ်တဲ့ မြေကြီးအနံ့၊ မှိုနဲ့ ပျားရည်အရသာတွေ ခံစားရလိမ့်မယ်။”

“စိုစွတ်တဲ့ အနံ့ပါပေမဲ့ မြေကြီးအနံ့ နဲ့ မှိုအနံ့ တော့ မဟုတ်ဘူး။ “

“ချိုတဲ့အနံ့ အနည်းငယ် ရှိပေမဲ့ ပျားရည်အနံ့ လိုတော့ မဟုတ်ဘူး။”

“မြေကြီးအနံ့ မရှိရင် ‘အဲလ်ရေးဒဲလ်မွန်ဒို (El Rey del Mundo)’ မဖြစ်နိုင်ဘူး။ မီးလောင်ထားတဲ့ သစ်သားအနံ့ ရနေလား။ သားရေ အနံ့ရော။"

“ဟုတ်တယ်။ မီးလောင်နေတဲ့ သစ်သားအနံ့နဲ့ ပိုနီးစပ်တယ်ထင်တယ်။ သားရေအနံ့တော့ မရဘူး”

“အဲဒီအနံ့က အရမ်းပြင်းလား။”

“ဟမ်... အရမ်း မပြင်းဘူး။”

“ဒါဆို 'မွန်တီခရစ္စတို' (Montecristo) မဟုတ်နိုင်ဘူး။”

“ဗောဓိ (Bodhi) ဆိုရင်ရော။ တစ်ခုလုံးက ရှည်လျားတဲ့ ဆလင်ဒါပုံလား။ ဒါမှမဟုတ် အစွန်းနှစ်ဖက်စလုံး ချွန်နေလား။”

“ကျွန်တော်က ဆေးလိပ်သောက်ပြီးကျန်တဲ့ အကြွင်းအကျန်တွေပဲ မြင်ရတယ်။ ချွန်မနေဘူး။ အာရိုးမား (Aroma) နဲ့တူတဲ့အနံ့ကိုလဲ ခံစားရတယ်။”

“အာ၊ ဒါဆိုရင်တော့ ဒီတစ်ခုပဲ ဖြစ်မယ်နဲ့ တူတယ်။”

အရောင်းဝန်ထမ်းက ပြုံးရွှင်စွာဖြင့် ဆေးလိပ်တစ်လိပ်ကို ထုတ်ယူလာပြီး ဂွမ်ထက်ဂျူက အထူးတလည် မေးမြန်းခြင်း မရှိသော်လည်း၊ သူက အသေးစိတ် ရှင်းပြလိုက်သည်။

“ဒါကို 'ကိုဟီးဘား ဗယ်ဟီခဲ' (Cohiba Behike) လို့ ခေါ်ပါတယ်။ ထူးခြားတဲ့အနံ့က နက်ရှိုင်းပြီး သိမ်မွေ့တယ်။ Aromaလို ပြင်းထန်ပြီး ချိုမြိန်ပေမဲ့၊ စွဲမက်စရာ အရသာကို ဖန်တီးဖို့ လုံလောက်တဲ့ နူးညံ့မှုလဲရှိတယ်။ စမ်းကြည့်ချင်လား။”

ဂွမ်ထက်ဂျူက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ အရောင်းဝန်ထမ်းက 'ကိုဟီးဘား ဗယ်ဟီခဲ' ကို အထူးမီးခြစ်နှင့် မီးညှိလိုက်လေသည်။

ပုံမှန်ဆေးလိပ်နှင့်မတူဘဲ ဆေးလိပ်အစွန်းသည် သစ်ရွက်ကြွေလေးကို မီးရှို့လိုက်သကဲ့သို့ ဖြည်းဖြည်းချင်း လောင်ကျွမ်းနေသည်။

ပြာများက ပြုတ်မကျသွားဘဲ စေးကပ်နေပြီး မူလ ပုံစံအတိုင်း ရှိနေသည်။

ဆေးပြင်းလိပ်၏ မွှေးပျံ့သောရနံ့က ပါးစပ်ထဲ ပြည့်သိပ်သွားတာကို ခံစားလိုက်ရ၏။

ဂွမ်ထက်ဂျူက လောင်ကျွမ်းနေသော ဆေးလိပ်ကို ကြည့်ရင်း ဆေးပြင်းလိပ်မှ ထွက်သော မီးခိုးနံ့ကို ရှူရှိုက် ကြည့်လိုက်သည်။

ထို့နောက် သူ့ခေါင်းကို ခါယမ်းလိုက်ရင်း

“အတော် ဆင်တူတယ်၊ ဒါပေမဲ့ နည်းနည်းတော့ကွဲတယ်။”

“ဘယ်လိုကွာလဲ။”

“အနံ့က တော်တော်လေး ဆင်တူတယ်။ ဒါပေမဲ့ အဲဒီတုန်းက ရှူမိတဲ့ ဆေးလိပ်အနံ့က ပိုပြင်းပြီး ပိုစူးတယ်၊ ပြီးတော့ ဒီဆေးလိပ်မှာ စိုစွတ်တဲ့ အနံ့မရှိဘူး။”

“စိုစွတ်တဲ့ အနံ့ဆိုရင် ဆေးပြင်းလိပ်ကို မီးမညှိခင် ဆေးပြင်းလိပ်ရဲ့ ထိပ်ဖျားမှာ “ကွန့်ညက် (cognac)” အနည်းငယ် ထည့်ထားလို့ပါ။ ဒီလိုဆို ပြင်သစ်အရက်ရဲ့ ထူးခြားတဲ့ အရသာက ဆေးလိပ်အနံ့နဲ့ ရောစပ်သွားလိမ့်မယ်။”

အရောင်းဝန်ထမ်းက ဂွမ်ထက်ဂျူကို ခဏစောင့်ခိုင်းပြီး အတွင်းခန်းထဲသို့ ဝင်သွားသည်။ မိနစ်ပိုင်းအကြာတွင် ပြင်သစ်အရက် ဖြစ်မည့် ဝိုင်ခွက်တစ်ခွက်နှင့် ပြန်ရောက်လာသည်။ ဓားနှင့် ဆေးပြင်းလိပ်၏ မီးကျွမ်းထားသည့်အစွန်းကို ဖြတ်ပြီး၊ ပြင်သစ်အရက် လောင်းလိုက်ကာ မီးပြန်ညှိပြီး ဂွမ်ထက်ဂျူကို ပေးလိုက်သည်။

“ဒီတစ်ခါရော”

“ပိုတူလာပြီ၊ ဒါပေမဲ့ တစ်ခုခု ကွဲနေသေးတယ်။”

အရောင်းဝန်ထမ်းက ဂွမ်ထက်ဂျူ၏ တုန့်ပြန်မှုကြောင့် သူ့ခေါင်းကို အလုပ်ပေးရင်း ရှုပ်ထွေးသွားသည်။ မျက်ခုံးမွှေးနှစ်ခုကို ထိလုနီးပါး ကျုံ့ထားကာ အကျင့်တစ်ခုလိုမျိုး လက်ဖြင့် ပွတ်သပ်ရင်း စဥ်းစားရေရွတ် နေလေသည်။

“အနံ့တူတယ်ဆိုတော့ ဒီဆေးလိပ်ပဲ ဖြစ်မယ်။

ဒါပေမဲ့ ဒီထက် ပို စူးပြီး ပိုပြင်းတယ် ဆိုရင်တော့... တစ်မျိုးပဲ စဥ်းစားမိတယ်။”

“အဲတာ ဘာလဲ။”

ဂွမ်ထက်ဂျူက အလျင်အမြန် ထပ်မေးလိုက်သည်။ အရောင်းဝန်ထမ်းက မေးစေ့ကို ပွတ်ပြီး နည်းနည်း ထပ်စဉ်းစားပြီးမှ ပြောလိုက်သည်။

“ပုံမှန် ကိုဟီးဘား ထုတ်ကုန်တွေက အဓိကကုန်ကြမ်းဖြစ်တဲ့ ဆေးရွက်ကြီး နှစ်ကြိမ် အခြောက်ခံပြီး လုပ်ကြတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ် အနည်းငယ်က ကိုဟီးဘားရဲ့ နှစ်၄၀ပြည့်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရောင်းချခဲ့တဲ့ အကန့်အသတ်နဲ့ ထုတ်တဲ့ ' ကိုဟီးဘား ဗယ်ဟီခဲ' ဆိုတာ ရှိတယ်။”

“အဲဒီ အထူးထုတ်ကုန်ကို အရည်အသွေးအမြင့်ဆုံး ဆေးရွက်ကြီးတွေကို အဆင့် ၃ဆင့်နဲ့ ခြောက်သွားအောင် လုပ်ထားတယ်လို့ ပြောထားပြီး အကောင်းဆုံးအရသာ ရအောင် ဘူးထဲထည့်ပြီး သင့်တော်တဲ့ စိုထိုင်းဆနှင့် အပူချိန်မှာ ၆ နှစ်ကြာ သိုလှောင်ထားတယ်တဲ့။”

“မကောင်းတာကတော့.. အဲဒီဆေးပြင်းလိပ်ကို စပိန်နိုင်ငံမှာပဲ ဘူး ၄ ထောင်ပဲ အကန့်အသတ်နှင့် ရောင်းချခဲ့တယ်။ ဆေးလိပ်ဝါသနာရှင်များက အဲ့ဒီဆေးလိပ်ကို ရဖို့ ကြိုးစားခဲ့ကြတယ်။ ကျွန်တော်လဲ သူတို့တွေထဲက တစ်ယောက်ပါပဲ။ ဒီအကန့်အသတ်ပစ္စည်းရဲ့ ထူးခြားချက်က ပုံမှန် ကိုဟီးဘားဆေးလိပ်တွေထက် အနံ့ပိုပြင်းပြီး အရသာက လေးလေးပင်ပင် ရှိတယ်။ အကန့်အသတ်နဲ့ ထုတ်လုပ်တာကြောင့် ဆေးလိပ်တစ်လိပ်ကို ဒေါ်လာ ၄၀၀ တန်တယ်။”

ဆေးလိပ်တစ်လိပ်ကို ဒေါ်လာ ၄၀၀...

ဆေးပြင်းလိပ်၏ သိပ်သည်း စူးရှသော မွှေးရနံ့ ...

စိုထိုင်းသော အနံ့၏ အရင်းခံက ဆေးပြင်းလိပ်၏ ထိပ်ဖျားကို ပြင်သစ်အရက်နှင့် စိမ်ထားသည်ကြောင့်....

ဖိနပ်က ဒေါ်လာ လေးထောင်....

ဆေးလိပ်တစ်ဖွာအတွက် ဒေါ်လာ လေးရာ သုံးနိုင်သည့် ချမ်းသာသော ပတ်ဝန်းကျင်မှ လူများသာ မကောင်းဆိုးဝါးများအဖြစ် ပြောင်းလဲသွားနိုင်သည်။

“မင်းဆီမှာ အဲဒီလစ်မစ်တက်ဆေးလိပ် ရှိလား။"

“ကျွန်တော်လဲ တစ်ခါလောက်တော့ မြင်ဖူးချင်နေတာပါ။”

အရောင်းဝန်ထမ်းက အကူအညီ မပေးနိုင်ကြောင်း ပြုံးရယ်ကာ ပြောလိုက်သော်လည်း သူ၏ ကျေးဇူးကြောင့် ဂွမ်ထက်ဂျူ၏ သိချင်စိတ်ကို အဖြေရှာနိုင်ခဲ့သည်။ ကူညီသည်ကို အသိအမှတ်ပြုသည့် အနေဖြင့် အပိုကြေး (မုန့်ဖိုး) ပေးရန် ဒေါ်လာအချို့ကို ထုတ်လိုက်လေသည်။ သတင်းအတွက် ဒေါ်လာ တစ်ဆယ်တန် သုံးရွက်က လုံလောက်မည်ဟု ထင်ရသည်။

“အဲဒါ မလုပ်ပါနဲ့၊ လူကြီးမင်း လိုချင်တဲ့ပစ္စည်းတောင် ရှာမတွေ့ဘဲနဲ့။”

“အဲတာဆိုရင် ဒါကို ယူမယ်၊ မင်းကို နှောက်ယှက်မိသွားပေမဲ့၊ ကျေးဇူးတင်ပါတယ်။”

ဂွမ်ထက်ဂျူသည် အနီးမှ ဒေါ်လာ ၂၀ တန်ဖိုးရှိ လက်လုပ်ဆေးလိပ်တစ်လိပ်ကို ကောက်ယူကာ ဆိုင်မှ ထွက်သွားလိုက်သည်။

‘တစ်ကမ္ဘာလုံးမှာ ဘူး ၄ ထောင်ပဲရှိတဲ့ ကိုဟီးဘား ဗယ်ဟီခဲ ‘

‘ကောင်းပေ့ညွန့်ပေ့ ဆိုတဲ့ ထိပ်တန်းအရာတွေကို ကြိုက်တတ်တဲ့ လူသတ်သမား’

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment