no

Font
Theme

အပိုင်း(၁၅) ။ ။ မင်းအင်္ကျီကို ကူချွတ်ပေးမယ်။

ဂွမ်ထက်ဂျူနှင့် ဇန်းညာတို့နှစ်ဦး ချိန်းဆိုထားရာ ဂိုထောင်သို့ ရောက်ရှိလာချိန်တွင် အပြင်ဘက်၌ အနက်ရောင် ဆလွန်းကားများစွာ တန်းစီရပ်တန့်ထားသည်ကို တွေ့လိုက်ရသည်။

ထိုကားတစ်စီးပေါ်တွင် မာဖီးယားဂိုဏ်းသားတစ်ဦးဟု ယူဆရသူတစ်ယောက် အေးအေးလူလူ ထိုင်နေပြီး၊ သူနှင့်အတူ ပါလာသည့်လူများမှာ အတွင်းသို့ ဝင်သွားပုံရသည်။

ကားများ၏ ဘေးရှိ ပျက်စီးယိုယွင်းနေသော ဂိုထောင်မှာ သူတို့၏ ပစ်မှတ်နေရာပင် ဖြစ်သည်။

ဂွမ်ထက်ဂျူနှင့် ဇန်းညာတို့သည် အစောကတည်းက ရောက်ရှိနေကြခြင်းဖြစ်ပြီး ပတ်ဝန်းကျင်အခြေအနေကို သေသေချာချာ အကဲခတ်ကာ လှုပ်ရှားရမည့် အချိန်ကောင်းကို စောင့်ဆိုင်းနေခဲ့ကြသည်။

မလိုလားအပ်သော ထိပ်တိုက်တွေ့မှုများကို ရှောင်ရှားရန်အတွက် အပြင်တွင် အချိန်အတော်ကြာ စောင့်ကြည့်ပြီးမှသာ အတွင်းသို့ဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။

ဂွမ်ထက်ဂျူက သူ၏ ပစ္စတိုကို အသင့်ဖြစ်အောင် စစ်ဆေးနေစဉ် ဇန်းညာမှာမူ ဆေးပြင်းလိပ်ကို အရေးမစိုက်ဟန်ဖြင့် ရှိုက်ဖွာနေသည်။

ဇန်းညာက ဆေးပြင်းလိပ်ကို နောက်ဆုံးတစ်ကြိမ် ရှိုက်ဖွာပြီးနောက် မြေပြင်ပေါ်သို့ ပစ်ချလိုက်သည့် ခဏမှာပင် နှစ်ယောက်လုံး၏ အကြည့်များမှာ တင်းမာစူးရှသွားပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။

ဂွမ်ထက်ဂျူသည် ဆန့်ကျင်ဘက်တွင် ရပ်ထားသည့် ဆလွန်းကားဆီသို့ ပစ္စတိုကို ချိန်ရွယ်လိုက်ပြီး အသံတိတ်ပြောင်းမှတစ်ဆင့် ကျည်ဆံနှစ်ချက် ပစ်လွှတ်လိုက်သည်။

သို့သော် ကျည်ဆံများမှာ ကားအတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

ကားမှန်များမှာ ကျည်ကာမှန်များ ဖြစ်နေသောကြောင့် မှန်ပေါ်တွင် အစင်းရာအနည်းငယ်သာ ထင်ကျန်ရစ်ခဲ့သည်။

အတွင်းထဲတွင် အေးအေးဆေးဆေး ထိုင်နေခဲ့သည့် ဂိုဏ်းသားမှာ ချက်ချင်းပင် ရိုင်ဖယ်ကို ဆွဲထုတ်၍ ဂွမ်ထက်ဂျူရှိရာဘက်သို့ ပြန်လည်ချိန်ရွယ်လာသည်။

သို့သော် သူ မောင်းခလုတ်ကို မဆွဲနိုင်ခင်မှာပင် ကားဘော်ဒီတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားပြီး တစ်စုံတစ်ယောက် ကားဘောနက်ပေါ်သို့ ခုန်တက်လာသံကို ကြားလိုက်ရသည်။

ခဏအကြာတွင် ကားလေကာမှန်မှာ တစ်စစီ ကွဲအက်သွားပြီး အတွင်းမှလူမှာ ဂုတ်မှဆွဲထုတ်ခြင်း ခံလိုက်ရသည်။

ဂွမ်ထက်ဂျူက ထိုရက်စက်သော မြင်ကွင်းကို ကြည့်မနေဘဲ အကြည့်လွှဲလိုက်သည်။

ထိုကဲ့သို့ ကြောက်စရာမြင်ကွင်းမျိုးကို မမြင်ခြင်းကသာ စိတ်ချမ်းသာဖို့ ပိုကောင်းမည်ကို သူ သိနေသည်။

ကိစ္စများ ပြီးဆုံးသွားချိန်တွင် ဇန်းညာသည် အဖြူရောင် လက်ကိုင်ပဝါဖြင့် လက်မှသွေးများကို အေးအေးဆေးဆေး သုတ်နေသည်။

သိပ်မကြာလိုက်မီမှာပင် အဖြူရောင် လက်ကိုင်ပဝါလေးမှာ သွေးရောင်ဖြင့် နီရဲသွားတော့သည်။

ဂွမ်ထက်ဂျူက ထိုအခွင့်အရေးကို အသုံးချကာ ဂိုထောင်အတွင်းသို့ ချောင်းကြည့်လိုက်သည်။

အတွင်း၌ ဆွန်ချက်ဗ် (Sonchev) အဖွဲ့မှ ထင်ရှားသော ဂိုဏ်းဝင်တစ်ဦးဖြစ်သည့် ဗောရစ် (Boris) ကို တွေ့လိုက်ရသည်။

သူတို့ရှာနေသည့် လက်နက်မှာ အန်နာစတေးရှား ဟုတ်၊ မဟုတ် မသေချာသေးသော်လည်း ဗောရစ်ကို ဖမ်းမိပါက အဖိုးတန်သော သဲလွန်စများ ရနိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ဂွမ်ထက်ဂျူက ဇန်းညာကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

ဇန်းညာက တစ်ချက်ပြုံးလိုက်ပြီး ဂိုထောင်တံခါးကို ဆွဲဖွင့်လိုက်၏။

တံခါးပွင့်သွားသည်နှင့်အတူ ဖုန်မှုန့်များမှာ နေရာအနှံ့ ပျံ့လွင့်သွားပြီး အမြင်အာရုံကို ဝေဝါးသွားစေသည်။

ဂွမ်ထက်ဂျူက လက်ဖြင့် ဖုန်များကို ရမ်းထုတ်လိုက်ပြီး အခြေအနေကို အကဲခတ်လိုက်သည်။

ဂိုထောင်အတွင်း၌ ပရိဘောဂဟောင်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများ ပရမ်းပတာ ပျံ့ကျဲနေပြီး၊ အုတ်နံရံမှာလည်း ကျိုးပဲ့ပျက်စီးကာ မျက်နှာကျက်တွင် အပေါက်အကြီးကြီး ဖြစ်နေသည်။

ထိုအခြေအနေကြားတွင် လူလတ်ပိုင်းအရွယ် ရုရှားလူမျိုးတစ်ယောက်သည် အခန်းအလယ်တွင် အေးအေးလူလူ ထိုင်နေသည်။

ထိုလူမှာ ဗောရစ် ဖြစ်ကြောင်း ဂွမ်ထက်ဂျူ တစ်ချက်ကြည့်ရုံနှင့် သိလိုက်၏။

ဗောရစ်၏ နောက်တွင် လူလေးငါးယောက်ခန့် ခြံရံထားပြီး မဖိတ်ခေါ်ဘဲ ရောက်လာသည့် သူတို့နှစ်ယောက်ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။

ဗောရစ်၏ အမူအရာမှာ ကြောက်ရွံ့ခြင်း မရှိဘဲ တည်ငြိမ်နေလေသည်။

သူ မျှော်လင့်ထားသည့်လူမှာ ဘော့ဒါနော့ဗ် ဖြစ်နေသောကြောင့် ဖြစ်နိုင်သည်။

ဗောရစ်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း ပြုံးလျက်ပင် စတင်ပြောဆိုလာသည်။

"မင်း နည်းနည်း နောက်ကျသွားတယ်နော်”

ဗောရစ်ကပင် အရင် စကားစလာခြင်းဖြစ်သည်။

"မနေ့ညက ဘော့ဒါနော့ဗ်ရဲ့ စံအိမ်မှာ ကိစ္စကြီးတစ်ခု ဖြစ်သွားတယ်လို့ ကြားတယ်။ ပြဿနာရှာတဲ့သူက မင်းလို့တောင် ကောလာဟလတွေ ထွက်နေတာ။ အခု မင်းကို ဒီမှာ မြင်လိုက်ရတော့ ကောလာဟလတွေက အမှန်ပဲပေါ့”

ဗောရစ်သည် ဇန်းညာကို သေသေချာချာ စိုက်ကြည့်ရင်း ပြောနေသည်။

'သူတို့နှစ်ယောက် ဘော့ဒါနော့ဗ် စံအိမ်မှာ တွေ့ဖူးကြပုံရတယ်။'

ဟု ဂွမ်ထက်ဂျူ တွေးလိုက်သည်။

ဇန်းညာက ဘာစကားမှ ပြန်မပြောဘဲ ပြုံး၍သာ ပုခုံးတွန့်ပြသည်။

'ကြည့်ရတာ သူတို့နှစ်ယောက်က အရင်ကတည်းက သိထားကြပုံပဲ။ မြေအောက်လောကမှာ နာမည်ကြီးသူတွေဆိုတော့ ဒါက သဘာဝကျပါတယ်လေ။'

ထို့နောက် ဗောရစ်က ဂွမ်ထက်ဂျူဘက်သို့ လှည့်လာပြီး ခေါင်းအစ ခြေအဆုံး စိုက်ကြည့်ကာ မယုံကြည်နိုင်ဟန်ဖြင့် ဇန်းညာကို မေးလိုက်သည်။

"မင်း ဘာလို့ ဒီလို လုပ်ခဲ့တာလဲ”

"ပျော်စရာကောင်းမယ် ထင်လို့လေ”

ဇန်းညာက အပြစ်ကင်းသယောင် ပြုံးလျက် ပြန်ပြောသည်။

သူသည် ဘော့ဒါနော့ဗ်မိသားစုနှင့် ရုရှားကို ရန်တိုက်ပေးခဲ့ပြီးမှ ထိုသို့ ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောနေခြင်းဖြစ်သည်။

အန်နာစတေးရှား လက်နက်သာ အောင်မြင်သွားပါက အကျိုးအမြတ်များစွာ ရနိုင်သော်လည်း၊ ထိုမတိုင်ခင်အထိ အခက်အခဲမျိုးစုံ ကြုံတွေ့ရမည်မှာ သေချာသည်။

"ဒါက တကယ့်ကို မဆင်မခြင်ရာ ကျလွန်းတယ်”

"ဒါကို ပုံမှန်ဆိုရင် ရဲရင့်တယ်လို့ ခေါ်တာ မဟုတ်ဘူးလား”

ဇန်းညာက အေးစက်စက် ပြန်ပြောသည်။

ဂွမ်ထက်ဂျူက စိတ်မရှည်တော့သည့်ဟန်ဖြင့် ကြားဖြတ်ပြောလိုက်သည်။

"အပိုတွေ ပြောနေတာ တော်လောက်ပြီ။ အဓိကအချက်ကို သွားရအောင်။ အန်နာစတေးရှား ဘယ်မှာလဲ”

ဗောရစ်က အံ့ဩသွားဟန်ဖြင့် မျက်ခုံးပင့်ကာ ပြန်ပြောသည်။

"အန်နာစတေးရှား... အဲဒီပစ္စည်းအကြောင်းကို ဘာလို့ ငါ့ကို လာမေးနေတာလဲ”

'SS-29' နှင့် အန်နာစတေးရှားကြား ဆက်နွယ်မှုကို သေချာမသိသော်လည်း ဂွမ်ထက်ဂျူသည် ကံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"ဒါဆိုရင်လည်း 'SS-29' အကြောင်းကို ပြောင်းပြောကြတာပေါ့။ ငါ အဲဒီလက်နက်နဲ့ ပတ်သက်ပြီး မေးစရာလေးတွေ ရှိလို့”

"ငါကတော့ ကြွက်က ထောင်ချောက်ထဲကို ဘာလို့ ကိုယ်တိုင်တိုးဝင်လာတာလဲလို့ စဉ်းစားနေတာ။ လက်စသတ်တော့ ဒါကြောင့်ကိုး။ ရိုးအတာလား သတ္တိကောင်းတာလားတော့ မသိဘူး။ ဘာလဲ... ငါက မင်းကို အမှန်အတိုင်း ပြန်ဖြေပေးမယ်လို့ ထင်နေတာလား”

"ဒါဆိုလည်း မတတ်နိုင်ဘူးပေါ့။ မင်းက ဒီနည်းလမ်းကို မကြိုက်ဘူးဆိုမှတော့ ငါတို့ တခြားနည်း ပြောင်းသုံးကြတာပေါ့”

ဂွမ်ထက်ဂျူ စကားဆုံးသည်နှင့် ကျည်ဆံများမှာ နေရာအနှံ့မှ ဝဲပျံလာပြီး သူသည် ဆောက်လုပ်ရေးပစ္စည်းများနောက်သို့ အမြန်လှိမ့်ဝင်ကာ ပုန်းခိုလိုက်ရသည်။

တရစပ် ပစ်ခတ်မှုများကြောင့် တစ်ခန်းလုံး ဖုန်မှုန့်များ ဖုံးလွှမ်းသွားပြီး ဘာကိုမျှ သေချာမမြင်ရသလို၊ သေနတ်သံများ ဆူညံနေမှုကြောင့် ဘာအသံကိုမျှလည်း သေချာမကြားရတော့ပေ။

ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ဂွမ်ထက်ဂျူက အခန်းထဲသို့ မီးခိုးဗုံးတစ်လုံး ပစ်ထည့်လိုက်သည်။

အမည်းရောင် မီးခိုးများ ဖုံးလွှမ်းသွားသည်နှင့် သူသည် ဂိုထောင်ရှိ မီးချောင်းများကို တစ်ခုပြီးတစ်ခု လိုက်လံပစ်ခတ်လိုက်သည်။

မီးချောင်းများ ကွဲကြေသွားပြီး ဖန်ကွဲစများနှင့်အတူ အခန်းထဲမှာ မှောင်အတိ ကျသွားတော့သည်။

သိပ်မကြာလိုက်မီမှာပင် နေရာအနှံ့မှ ပစ်ခတ်သံများနှင့်အတူ အော်ဟစ်သံများ၊ တစ်စုံတစ်ခု ကျိုးပဲ့သွားသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ယခုအချိန်တွင် ဇန်းညာမှာ သူ့ဘေး၌ မရှိတော့သော်လည်း သူ စိုးရိမ်ခြင်းမရှိပေ။

မည်သည့်အခြေအနေမျိုးကိုမဆို ဇန်းညာ ကိုင်တွယ်နိုင်မည်မှာ သေချာသည်။

ထို့ကြောင့် သူသည် မိမိကိုယ်မိမိသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဂွမ်ထက်ဂျူက အထူးမျက်မှန်ကို တပ်ဆင်လိုက်သည့်အခါ မှောင်မည်းနေသော ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဂိုဏ်းသားများမှာ တစ်ယောက်နှင့်တစ်ယောက် ရန်သူ၊ မိတ်ဆွေ မခွဲခြားနိုင်တော့ဘဲ အချင်းချင်း တရစပ် ပြန်လည်ပစ်ခတ်နေကြသည်။

"အား..."

"သေစမ်း... ဘယ်ကောင်လဲဟ”

နေရာအနှံ့မှ ဆဲဆိုသံများ ကြားနေရသည်။

ဂွမ်ထက်ဂျူသည် ရှုပ်ထွေးနေသည့်ကြားမှ ဗောရစ် ရှိရာဆီသို့ ဦးတည်သွားလိုက်သော်လည်း ထိုနေရာတွင် မည်သူမျှ မရှိတော့ပေ။

အခန်းအနှံ့ ရှာဖွေခဲ့သော်လည်း ဗောရစ်ရော၊ ဇန်းညာကိုပါ အရိပ်အယောင်မျှ မတွေ့ရပေ။

ဂွမ်ထက်ဂျူက ဂရုတစိုက် ရှာဖွေနေစဉ် ရုတ်တရက် နောက်မှ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို ခံစားမိလိုက်သည်။

သူ အမြန်တိမ်းရှောင်လိုက်သော်လည်း လက်မောင်းတွင် ပြတ်ရှဒဏ်ရာတစ်ခု ရသွားသည်။

သူက အနောက်သို့ အမြန်ဆုတ်ကာ သေနတ်ဖြင့် ချိန်လိုက်သော်လည်း ချက်ချင်းမပစ်ဘဲ တွန့်ဆုတ်နေမိသည်။

ရှေ့မှလူမှာ ဗောရစ် ဖြစ်နေခဲ့ပါက သူယခုထိ ကြိုးစားခဲ့သမျှမှာ အလကား ဖြစ်သွားလိမ့်မည်။

တစ်ဖက်လူက ဓားဖြင့် လည်ပင်းကို ချိန်ရွယ်တိုက်ခိုက်လာသောကြောင့် သူ အမြန်တိမ်းရှောင်လိုက်ရသည်။

ထိုစဉ် တံခါးပေါက်တစ်ခုတွင် ပေါ်နေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

ထိုအရိပ်မှာ တံခါးကိုမှီကာ လက်ပိုက်၍ သူ့ကို စိုက်ကြည့်နေသည့် ဇန်းညာ ဖြစ်၏။

ဇန်းညာ၏ ခြေထောက်အောက်တွင် မာဖီးယားများ အတုံးအရုန်း လဲကျနေပြီး၊ သူက ဂွမ်ထက်ဂျူကို ကူညီရမည့်အစား ယခုအခြေအနေကို ကြည့်ကာ ပျော်မွေ့နေပုံရသည်။

ရန်သူ့ဓားက သူ့ဝမ်းဗိုက်ဆီ ဦးတည်လာသဖြင့် ဂွမ်ထက်ဂျူက သေနတ်ဖြင့် ကာကွယ်လိုက်ပြီး တစ်ဖက်လူ၏ ဒူးခေါင်းကို ပစ်ခတ်လိုက်သည်။

ရန်သူမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး နာကျင်စွာ အော်ဟစ်နေတော့သည်။

ထိုအခါမှ ဂွမ်ထက်ဂျူက အထူးမျက်မှန်ကို ချွတ်လိုက်ပြီး သက်ပြင်းချနိုင်တော့သည်။

လက်မောင်းမှ သွေးများ တရစပ် စီးကျနေသဖြင့် သူ အမြန် ကုသရန် လိုအပ်နေပြီဖြစ်သည်။

ဂွမ်ထက်ဂျူက လက်ကိုင်ပဝါကို ရှာသော်လည်း ဇန်းညာကို ပေးလိုက်သည်ကို သတိရသွားသည်။

ထို့ကြောင့် ဂျာကင်အင်္ကျီကို ချွတ်ရန် ပြင်လိုက်သည်။

"တကယ့်ကို အန္တရာယ်များတာပဲ။ အဲဒီဓားချက်သာ ဗိုက်ကို ထိသွားရင် မင်း တစ်လလောက် အိပ်ရာပေါ်မှာပဲ နေရတော့မှာ”

ဇန်းညာက အနားသို့ တိုးကပ်လာရင်း ပြောလိုက်သည်။

"စိတ်ပူပေးတာ ကျေးဇူးပဲ”

ဂွမ်ထက်ဂျူက ခေါင်းခါရမ်းရင်း ပြန်ပြောသည်။

သူသည် လက်တစ်ဖက်တည်းဖြင့် အင်္ကျီကြယ်သီးများကို ခက်ခက်ခဲခဲ ဖြုတ်နေရသည်။

ဇန်းညာက အနားတွင် မတ်တပ်ရပ်ကာ ထိုမြင်ကွင်းကို ပြုံး၍ စိုက်ကြည့်နေသည်။

"ငါ ကူညီပေးမယ်”

ဇန်းညာက ဂွမ်ထက်ဂျူ၏ လက်များကို တွန်းဖယ်ကာ ကြယ်သီးများကို ဖြည်းဖြည်းချင်း ဖြုတ်ပေးလိုက်သည်။

ဇန်းညာက တမင် အချိန်ဆွဲနေသဖြင့် ဂွမ်ထက်ဂျူမှာ စိတ်မရှည် ဖြစ်လာသည်။

"အခုလို သေခါနီး အတွေ့အကြုံလေး ရတာ ဂုဏ်ယူစရာပဲ မဟုတ်လား”

ဇန်းညာက ရွဲ့သလို ပြောလိုက်သည်။

"ဒါပေါ့”

ဂွမ်ထက်ဂျူကလည်း မပြောင်းလဲသော လေသံဖြင့် ပြန်ပြောသည်။

သူတို့နှစ်ဦးကြားတွင် တစ်ဦးကိုတစ်ဦး လှောင်ပြောင်နေကြသော်လည်း ထူးထူးခြားခြားပင် သက်တောင့်သက်သာ ရှိနေသလို ခံစားရသည်။

"လုပ်စရာတွေ အများကြီး ကျန်သေးတယ်”

ဂွမ်ထက်ဂျူက သူ့ကိုယ်သူ ပြန်သတိပေးသလို ပြောလိုက်သည်။

ဇန်းညာက ဘာမှပြန်မပြောဘဲ အင်္ကျီကြယ်သီးများကိုသာ အာရုံစိုက် ဖြုတ်ပေးနေသည်။

သူ၏ လှုပ်ရှားမှုများမှာ နူးညံ့လှပြီး ဂွမ်ထက်ဂျူမှာ ထိုလက်များကို အကြောင်းမဲ့ စိုက်ကြည့်နေမိသည်။

နောက်ဆုံးတွင် ဂျာကင်ကို ချွတ်လိုက်နိုင်ပြီး၊ ဂွမ်ထက်ဂျူက ဒဏ်ရာကို အင်္ကျီစဖြင့် တင်းတင်းကျပ်ကျပ် စည်းနှောင်လိုက်သည်။

နှစ်ပေါင်းများစွာ တစ်ကိုယ်တော် မစ်ရှင်များ လုပ်ဆောင်ခဲ့သူပီပီ ထိုသို့လုပ်ဆောင်ရန် သူ့အတွက် အသားကျနေပြီဖြစ်သည်။

သူသည် ဒဏ်ရာကို တစ်ချက်ကြည့်လိုက်ပြီး သွေးစီးဆင်းမှု လျော့နည်းသွားသည်ကို တွေ့ရသဖြင့် စိတ်အေးသွားကာ၊ လဲကျနေသည့် ဗောရစ် ဆီသို့ လျှောက်သွားလိုက်သည်။

ဗောရစ်ကို ဆံပင်မှ ဆွဲမလိုက်ပြီး ထိုင်ခုံပေါ်သို့ ပစ်တင်လိုက်သည်။

ဗောရစ်သည် နာကျင်စွာ ညည်းတွားနေသော်လည်း မျက်လုံးများမှာ ဝေဝါးနေဆဲဖြစ်သည်။

ဂွမ်ထက်ဂျူက ဗောရစ်၏ လက်ကို ထိုင်ခုံနှင့် တွဲ၍ လက်ထိပ်ခတ်လိုက်ပြီး ထိုင်ခုံကို အနောက်သို့ တွန်းလှဲလိုက်သည်။

ဗောရစ်က ထိုင်ခုံနှင့်အတူ လဲကျသွားသည့်အတွက် နာကျင်စွာ အော်ဟစ်လိုက်၏။

ထိုအတိုင်း လေးငါးကြိမ်ခန့် ပြုလုပ်သော်လည်း ဗောရစ်က မကြောက်ရွံ့ဘဲ ရယ်မောလျက် ဂွမ်ထက်ဂျူကို ကြည့်နေသည်။

"ငါက မင်းကို ပြောပြမယ်လို့များ ထင်နေတာလား”

"ဒါဆိုရင်လည်း စောင့်ကြည့်ကြတာပေါ့”

ဂွမ်ထက်ဂျူက အေးစက်စွာ ပြောပြီးနောက် အနီးရှိ ကီးဘုတ်အဟောင်းတစ်ခုကို ယူကာ နံရံနှင့် ရိုက်ခွဲပစ်လိုက်သည်။

ပြုတ်ထွက်သွားသော ခလုတ်များကို ကောက်ယူကာ ဗောရစ်ဆီသို့ ပြန်လျှောက်လာပြီး၊ ထိုခလုတ်များကို ဗောရစ်၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်လေသည်။

ထို့နောက် ပါးစပ်ကို တိတ်ဖြင့် ပိတ်ပစ်လိုက်သည်။

ဇန်းညာက ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေသည်။

"မနက်ဖြန် မြောက်ကိုရီးယား အေးဂျင့်တစ်ယောက် ရောက်လာမယ် မဟုတ်လား။ ငါ သူ့ကို ဘယ်မှာ သွားတွေ့လို့ရမလဲ”

ဂွမ်ထက်ဂျူက ဗောရစ်၏ မျက်နှာနားသို့ တိုးကပ်ကာ မေးလိုက်သည်။

ဗောရစ်က သူ့ကို ထသတ်တော့မလို ကြည့်နေသဖြင့် ဂွမ်ထက်ဂျူက လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။

ဗောရစ်၏ ပါးစပ်ထဲတွင် ခလုတ်များ ပြည့်နေလေရာ နာကျင်မှုကို နှစ်ဆတိုး ခံစားလိုက်ရ၏။

သို့သော် ဗောရစ်မှာ တစ်ခွန်းမျှ မဟဘဲ အံကြိတ်ခံနေလေသည်။

ဂွမ်ထက်ဂျူ၏ စိတ်ရှည်နိုင်စွမ်းမှာ ကုန်ဆုံးလာပြီ ဖြစ်သည်။

သူက ဗောရစ်ကို ထပ်မံထိုးနှက်ပြီးနောက် ပါးစပ်မှ တိတ်ကို ဆွဲခွာလိုက်လေသည်။

ဗောရစ်၏ ပါးစပ်အတွင်းမှ သွေးများနှင့်အတူ ကီးဘုတ်ခလုတ်များ၊ ကျိုးပဲ့နေသော သွားများ ထွက်ကျလာသည်။

"နောက်တစ်ခါ ထပ်မေးမယ်။ အဲဒီပညာရှင်က ဘယ်သူလဲ။ သူ ဘယ်ကို သွားမှာလဲ”

ဗောရစ်က နာကျင်မှုကို အန်တုရင်း ဂွမ်ထက်ဂျူ၏ မျက်နှာကို သွေးများဖြင့် လှမ်းထွေးလိုက်သည်။

ဂွမ်ထက်ဂျူက တည်ငြိမ်စွာဖြင့် သွေးများကို သုတ်လိုက်ပြီး ဗောရစ်၏ ဓားကို ကောက်ကိုင်လိုက်သည်။

"မင်း ဘာလို့ မသွားသေးတာလဲ”

ဂွမ်ထက်ဂျူက ဇန်းညာကို မေးလိုက်၏။

"ငါ့ကို မရှိဘူးလို့ပဲ သဘောထားလိုက်ပါ”

ဇန်းညာက ပျော်စရာတစ်ခုကို အလွတ်မပေးလိုသည့်ပုံဖြင့် ပြောနေလေသည်။

ဂွမ်ထက်ဂျူက ဗောရစ် ဘက်သို့ ပြန်လှည့်လိုက်သည်။

ဗောရစ်က စိန်ခေါ်သည့် မျက်လုံးများဖြင့် ပြန်ကြည့်နေဆဲဖြစ်သည်။

"အိန္ဒိယစစ်သားတွေက သူတို့ရဲ့ ရဲရင့်မှုကို ပြသဖို့ ရန်သူတွေကို ရက်ရက်စက်စက် နှိပ်စက်တတ်ကြတယ်။ အသားလှီးတာ၊ ခေါင်းဖြတ်တာတွေထက် ပိုပြီး လူမဆန်တဲ့ နည်းလမ်းများကို သုံးလေ့ရှိတယ်။ ငါကြားဖူးတာတော့... သူတို့က ရန်သူတွေကို အရှင်လတ်လတ် ဦးရေပြား ဆွဲလှန်ပစ်တတ်ကြတယ်တဲ့”

ဂွမ်ထက်ဂျူက ပြောရင်းဖြင့် ဗောရစ်၏ နဖူးစပ်တွင် ဓားဖြင့် ဖြတ်လိုက်သည်။

ဗောရစ်မှာ နာကျင်လွန်းသဖြင့် ဟစ်အော်တော့သည်။

"ဒီလို နဖူးစပ်မှာ ဓားရာလေး လုပ်လိုက်ပြီးမှ ဦးရေပြားကို ဆွဲလှန်တာ။ လူအများစုကတော့ အကုန်မခွာရသေးခင်မှာတင် ကြောက်လန့်ပြီး သေဆုံးသွားကြတယ်။ သေနတ်ပစ်ခံရတာ၊ ခြေလက်ကျိုးတာတွေက ဒီဒဏ်ရာနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူးလို့ ပြောကြတယ်လေ”

ဂွမ်ထက်ဂျူက ထူးဆန်းစွာ ပြုံးလျက် ပြောလိုက်သည့်အခါမှ ဗောရစ်သည် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့သွားတော့သည်။

ခဏအကြာတွင် ဂိုထောင်အတွင်းမှ အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက်၊ ဂွမ်ထက်ဂျူနှင့် ဇန်းညာတို့ ပြန်လည်ထွက်လာကြသည်။

ဂွမ်ထက်ဂျူက စိတ်မကြည်မလင် ဖြစ်နေသော်လည်း ဇန်းညာကမူ ပျော်ရွှင်နေပုံရသည်။

"မင်း တကယ်ပဲ အဲဒီကောင်ကို အရေခွံခွာလိုက်တာလား”

ဇန်းညာက သိချင်စိတ်ဖြင့် မေးသည်။

"ငါ နေလို့မကောင်းဘူး။ သွားရအောင်”

ဂွမ်ထက်ဂျူက ဇန်းညာ၏ အမေးကို လျစ်လျူရှုကာ လက်မှသွေးများကို သုတ်ရင်း ထွက်သွားသည်။

ဇန်းညာက နောက်မှလိုက်ကာ စကားဆက်ပြောနေသည်။

"မင်း ခုနက တကယ့်ကို ဆွဲဆောင်မှုရှိတာပဲ။ အဲဒါ ငါ့အတွက် အန္တရာယ်များလွန်းတယ်”

"နောက်တစ်ခါ အဲလိုထပ်ဖြစ်ရင် မင်းကိုပါ အရေခွံခွာပေးမယ်”

ဂွမ်ထက်ဂျူက ဒေါသတကြီးဖြင့် ဇန်းညာ၏ အင်္ကျီကော်လံကို ဆောင့်ဆွဲလိုက်သည်။

သို့သော် ဇန်းညာ၏ မျက်လုံးပြာများက သူ့ကို စိုက်ကြည့်ရင်း အေးစက်သော လက်များဖြင့် ဂွမ်ထက်ဂျူ၏ လက်ပေါ်သို့ ထပ်ကိုင်လိုက်သည်။

ထိုအေးစက်မှုကြောင့် ဂွမ်ထက်ဂျူ ကြောက်လန့်တကြား လက်ကို ရုန်းထွက်မိပြီး ရှက်ရွံ့စွာဖြင့် အကြည့်လွှဲလိုက်သည်။

"ဒါဆို နောက်တစ်ဆင့်က ဘာလဲ”

ဂွမ်ထက်ဂျူက မပြောတော့ဘဲ ခေါင်းသာ ညိတ်ပြလိုက်လေသည်။

"သွားကြတာပေါ့”

ဇန်းညာက ရှေ့မှ အရင်ထွက်သွားလေသည်။

ဂွမ်ထက်ဂျူက ဇန်းညာ၏ ကျောပြင်ကို ကြည့်ရင်း အတွေးများနေသည်။

သူ့ရှေ့မှလူသည် ပျင်းရိလေးတွဲသည့် ပုံရှိသော်လည်း အမှန်တကယ်တွင် ကြောက်စရာကောင်းသည့် ဘီလူးတစ်ကောင် ဖြစ်သည်။

သူလိုချင်လျှင် ဘာမဆိုဖြစ်အောင် လုပ်နိုင်သည့် ဇန်းညာကို ကြည့်ရင်း ဂွမ်ထက်ဂျူ၏ စိတ်ထဲတွင် သတိပေးသံများ အထပ်ထပ် မြည်ဟည်းနေတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment