no

Font
Theme

အပိုင်း(၁၆) ။ ။ မင်းအကြောင်းပိုပြီး သိချင်တယ်။

ရထားသည် ပေကျင်းမှ ထွက်ခွာ၍ မော်စကိုသို့ ဦးတည်မောင်းနှင်နေသည်။ တိတ်ဆိတ်သော ညဦးယံသို့ ရောက်ရှိလာပြီး ပြတင်းပေါက်အပြင်ဘက်တွင်မူ ထူထပ်သော အမှောင်ထုက ကမ္ဘာကြီးကို လွှမ်းခြုံထား၏။ ခရီးသည်များ ရထားပေါ်တက်လိုက်ပြီးနောက် ရှုပ်ထွေးလှသော ပတ်ဝန်းကျင်သည်လည်း ပျောက်ကွယ်သွားတော့သည်။

ပေကျင်းမှ မော်စကိုသို့ ခရီးစဉ်မှာ ရှည်လျားလှပြီး ခြောက်ရက်ခန့် ကြာမြင့်မည်ဖြစ်သည်။ ခရီးစဉ်တူသော်လည်း ရထားတွဲတစ်ခုချင်းစီ၏ အငွေ့အသက်များမှာမူ သိသိသာသာ ကွဲပြားနေသည်။

တတိယတန်းတွဲမှ ခရီးသည်များသည် အသုံးအဆောင် ပစ္စည်းသေးမွှားလေးများအတွက်ကစပြီး အသံတိတ်တိုက်ပွဲ ဆင်နွှဲနေကြရသည်။ ကုတင်တစ်လုံးစာသာသာရှိသည့် ကျဉ်းမြောင်းသည့် အခန်းများတွင် အကာအရံပင်မပါသည့် ခုံများကြား၌ ခဏလေးအိပ်ရဖို့အတွက် တွန်းထိုးပြိုင်ဆိုင်နေကြရသည်။

ပထမတန်းနှင့် ဒုတိယတန်းတွဲများမှာမူ နေရာသစ်သို့ သွားရမည့် စွန့်စားခန်းအတွက် စိတ်လှုပ်ရှားမှုများဖြင့် ဆူညံနေသော်လည်း တတိယတန်းတွဲတွင် နေ့စဉ်ကြုံတွေ့နေရသည့် ပင်ပန်းဆင်းရဲမှု အငွေ့အသက်များကသာ လွှမ်းမိုးနေလေသည်။ လေဝင်လေထွက် မကောင်းသည့် တတိယတန်းတွဲတွင် နာမည်တပ်မရသည့် မှိုနံ့လိုလို အနံ့အသက်ဆိုးများဖြင့် လေထုက မွန်းကျပ်နေခဲ့သည်။

ကလေးငယ်တစ်ဦး၏ ငိုသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီး ပင်ပန်းနေသော မိဘနှစ်ပါးမှာ မတတ်နိုင်သည့်အဆုံး ချော့မြှူနေကြရသည်။ အနီးနားရှိ ခရီးသည်များက မျက်မှောင်ကြုတ်ကာ မနားတမ်း ငိုနေသည့် အရင်းအမြစ်လေးဆီသို့ ကြည့်လာကြ၏။ အိပ်ရေးပျက်နေသော စစ်သားတစ်စုက စျေးပေါသော ဗော့ဒ်ကာတစ်ခွက်ကို ခွဲဝေသောက်ရင်း ခပ်တိုးတိုး ရယ်နေကြသည်။

ကုန်သည်များကမူ အထုပ်အပိုးများကို သူများထိုင်ခုံများအောက် ထိုးထည့်ထားပြီး ဆူညံသံများကို နားကြပ် (Earplugs) များဖြင့် ပိတ်ဆို့ထားကြ၏။ အတွေ့အကြုံ ရင့်နေသည့် သူတို့က ဤကဲ့သို့ ရှည်လျားသော ခရီးလမ်းအား မည်သို့ အောင့်အည်းသည်းခံရမည်ကို သိရှိထားပြီး ဖြစ်ကြ၏။

(မှတ်ချက် - ဤနေရာတွင် နားကြပ်သည် သီချင်းနားထောင်သည့် နားကြပ်မဟုတ်ဘဲ နားထဲသို့ ထည့်ရသည့် ဖော့စို့ (Earplugs) ကို ဆိုလိုခြင်း ဖြစ်ပါသည်။)

ဒုတိယတန်းတွဲမှာတော့ လူမျိုးဘာသာ ကျားမ စုံစုံလင်လင် စုစည်းနေကြသည်။ သူတို့သည် တစ်ညလုံး ခရီးသွားအတွေ့အကြုံများ၊ အသုံးဝင်သော အချက်အလက်များ၊ ရှေ့ဆက်မည့် အစီအစဉ်များကို ပြောဆိုကြပြီး မုန့်များကို ဝေမျှစားကြ၏။ သူတို့သည့် ဤခရီးစဉ်နှင့် အသားကျနေကြသကဲ့သို့ ပင်ပန်းမှုကိုပင် သတိမထားမိကြချေ။

သီးသန့်ရေချိုးခန်း ပါရှိသည့် တစ်ခုတည်းသော အထူးတွဲအတွင်း၌မူ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေ၏။ နေ့ညမပြတ် ကော်ရစ်ဒါတွင် လူသွားလူလာ ရှားပါးသဖြင့် ခရီးသည်များမှာ သက်သောင့်သက်သာရှိသော အိပ်ရာများပေါ်တွင် နှစ်ခြိုက်စွာ အိပ်စက်နိုင်ကြသည်။ ဗိုက်ဆာလျှင် ရထားပေါ်ရှိ စားသောက်ဆိုင်သို့ သွားရောက်နိုင်ပြီး အစားအသောက် စျေးနှုန်းများမှာ အဆမတန် ကြီးမြင့်နေပါသော်လည်း သူတို့အတွက် ပြဿနာတစ်ရပ် မဟုတ်ပေ။

ဂွမ်ထက်ဂျူ ကျေနပ်နေရသည့် တစ်ခုတည်းသော အချက်မှာ ဌာနချုပ်က ခရီးစရိတ်နှင့် နေထိုင်စရိတ်ကို ရက်ရက်ရောရော ထောက်ပံ့ပေးနေခြင်းကြောင့် ဖြစ်သည်။ သူသည် အခြားတွဲများကို လှည့်ပတ်ကြည့်ရှုပြီးနောက် အထူးတွဲရှိ အိပ်ရာပေါ်တွင် လဲလျောင်းရင်း တွေးတောနေမိလေသည်။ သို့သော်လည်း သိပ်မကြာလိုက်ဘဲ စိတ်မကျေနပ်စရာများ စတင်ဝင်ရောက်လာတော့၏။

"အား... အာ့... ဟမ်းး... ဟင်း..."

ဂွမ်ထက်ဂျူ၏ မျက်ခုံးများမှာ တဖြည်းဖြည်း တွန့်ကျုံ့လာသည်။ သူသည် မျက်လုံးမှိတ်ကာ အိပ်ပျော်ရန် ကြိုးစားသော်လည်း နားထဲသို့ အတင်းအဓမ္မ တိုးဝင်လာသော ညည်းသံများမှာ ပို၍ပင် ကျယ်လောင်လာနေသည်။ ခေါင်းအုံးထဲ မျက်နှာအပ်ပြီး စောင်ဖြင့် ခြုံထားသော်လည်း ထိုအသံများမှာ နားထဲတွင် ရှင်းလင်းစွာ ကြားနေရဆဲပင်။ အသားချင်း ရိုက်ခတ်သံများ ပြင်းထန်လာသည်နှင့်အမျှ အမျိုးသမီး၏ ညည်းတွားသံများမှာလည်း အိပ်မရအောင် ကျယ်လောင်လာသည်။

‘လွှတ်ထားလိုက်... သူတို့ကို ဒီတိုင်းလွှတ်ထားလိုက်...’

ဂွမ်ထက်ဂျူမှာ စိတ်ငြိမ်စေရန် ဂါထာတစ်ခုလိုပင် ထပ်ခါတလဲလဲ ရွတ်ဆိုရင်း မိမိကိုယ်ကို ထိန်းချုပ်နေရ၏။ အရူးတစ်ယောက်က အရူးလုပ်ရပ် လုပ်နေသည်မှာ အထူးအဆန်း မဟုတ်ချေ။ အပြစ်တင်ရမည် ဆိုလျှင်တောင် ဇန်းညာကို တင်၍မရပေ။ ဒီလိုကောင်ကို သူ့ပါတနာအဖြစ် ထည့်ပေးလိုက်သည့် ဌာနချုပ်ကိုသာ အပြစ်တင်ရမည်။

ဂွမ်ထက်ဂျူသည် ယခင်က အိပ်မပျော်သည့် ရောဂါမျိုး တစ်ခါမျှ မခံစားဖူးပေ။ မစ်ရှင်များအပြီးတွင် အသေကောင်လို ရက်ပေါင်းများစွာ အိပ်နိုင်သူဖြစ်ပြီး တာဝန်ထမ်းဆောင်နေစဉ် ခဏတစ်ဖြုတ် မှေးလိုက်သည်နှင့်ပင် နှစ်ခြိုက်စွာ အိပ်ပျော်နိုင်သူ ဖြစ်၏။ အခြေခံ လိုအပ်ချက်ဖြစ်သော စားသောက်ခြင်းနှင့် အိပ်စက်ခြင်းကို မှန်ကန်စွာ လုပ်ဆောင်ရန်မှာ အရေးကြီးလှရာ ယခုကဲ့သို့ အိပ်စက်ရန် ရုန်းကန်နေရခြင်းမျိုးသည် မဖြစ်သင့်သည့် ကိစ္စကြီးပင်။ နည်းလမ်းမှာ ခေတ်နောက်ကျနေသော်လည်း သူသည် သိုးများ ရေတွက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

‘သိုးတစ်ကောင်... သိုးနှစ်ကောင်... သိုးသုံးကောင်... သိုးလေးကောင်...’

"ဟားး... ဟာ့... အား..."

"ဟားး... ဟာ့... အား... သေစမ်း!"

ဂွမ်ထက်ဂျူတစ်ယောက် ထထိုင်လိုက်တော့သည်။ အခန်းထဲတွင် မီးပိတ်ထားသော်လည်း ကော်ရစ်ဒါမှ လာသော မှိန်ဖျော့ဖျော့ အလင်းရောင်ကြောင့် ဇန်းညာ၏ မျက်နှာကို ရှင်းလင်းစွာ မြင်နေရ၏။ အမှောင်ထဲတွင် ဇန်းညာ၏ မျက်လုံးများမှာ ဝင်းလက်နေပြီး ဂွမ်ထက်ဂျူနှင့် အကြည့်ချင်း ဆုံသွားသော်လည်း သူက အနည်းငယ်မျှပင် ရှက်ရွံ့သွားပုံမရပေ။

သူ့အပေါ်တွင် ခွစီးထားသော အမျိုးသမီး၏ စကတ်မှာ ခါးအထိ လန်တက်နေပြီး ယူနီဖောင်း အင်္ကျီကို ဝတ်ဆင်ထားဆဲမို့ ထိုသူမှာ ရထားပေါ်တက်စဉ်က သူတို့အား နေရာချပေးခဲ့သည့် ရွှေအိုရောင် ဆံပင်နှင့် ဝန်ထမ်းမလေး ဖြစ်နေသည်ကို သိလိုက်ရ၏။ ဂွမ်ထက်ဂျူ စိုက်ကြည့်နေသော်လည်း ဇန်းညာမှာ ဖုံးကွယ်ရန် မကြိုးစားဘဲ သူ၏ ခါးကို အားရပါးရ ပင့်ပေးနေလေသည်။

လှုပ်ရှားမှုတိုင်းတွင် အမျိုးသမီး၏ ခန္ဓာကိုယ်မှာ တုန်ခါနေပြီး စူးရှသော ညည်းတွားသံများမှာလည်း ဆက်တိုက် ထွက်ပေါ်နေလေတော့သည်။ ဇန်းညာ၏ ကြီးမားပြောင်လက်နေသော ခန္ဓာကိုယ်က မဆုတ်မနစ် လှုပ်ရှားနေသည့် အရှိန်အဝါကို လျစ်လျူရှုရန် မဖြစ်နိုင်ဘဲ ဂွမ်ထက်ဂျူ၏ စိတ်ထဲသို့ လွှမ်းမိုးဝင်ရောက်လာကာ အလွန်အမင်း အာရုံစိုက်မိနေသည်။

ဂွမ်ထက်ဂျူသည် အမျိုးသမီး၏ ခေါင်းက တုန်ခါနေသည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်မိသွားသည်။ ထိုမြင်ကွင်းကြောင့် သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ် အောက်ပိုင်း၌ပင် မထင်မှတ်ဘဲ နာကျင်မှုကို ခံစားလိုက်ရ၏။ လူတစ်ယောက်အနေဖြင့် ဤမျှ ပြင်းထန်သော လုပ်ရပ်ကို ဘယ်လိုများ လုပ်နိုင်တာလဲ။ ဂွမ်ထက်ဂျူခမျာ လူ့ခန္ဓာကိုယ်၏ နက်နဲဆန်းကြယ်မှုများကို တစ်ခါထပ်၍ အံ့ဩမိလေသည်။

သူသည် လက်ပိုက်ကာ ဇန်းညာ မည်မျှအထိ အရှက်မရှိနိုင်သည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည်။ သူ၏ စိတ်ကူးယဉ်မှုကြောင့်လား မသိသော်လည်း ဇန်းညာ၏ နှုတ်ခမ်းဖျားတွင် လှောင်ပြုံးတစ်ချက် မြင်လိုက်ရသလို ခံစားလိုက်ရ၏။

"ဟာ... မင်းက တကယ်ကို... ဟား... ဟား... အား... အင်း... ဟား..."

အမျိုးသမီး၏ ခန္ဓာကိုယ် အထက်ပိုင်းမှာ ယိမ်းထိုးသွားပြီး နောက်သို့ လဲကျမတတ် ဖြစ်သွားသည်။ သူမကို အောက်သို့ ဆွဲချပြီး လှုပ်ရှားလိုက်တိုင်း သူမ၏ ဖြူဖွေးသော ပေါင်တံများမှာ တုန်ယင်နေ၏။ သူမ၏ နှုတ်ခမ်းဖျားမှ တိုးညှင်းသော အော်ဟစ်သံများနှင့်အတူ တံတွေးများလည်း စီးကျလာလေသည်။

ဇန်းညာကမူ ဂရုမစိုက်ဘဲ သူ၏ ခါးကိုသာ ပင့်ပေးနေပြီး ပိုမိုပြင်းထန်သော ခံစားမှုကို ရှာဖွေနေ၏။ ပင်ပန်းမှုကြောင့် နီမြန်းနေသော ဖြူဖွေးသည့် အသားအရေမှာ မှိန်ဖျော့ဖျော့ အလင်းအောက်တွင် ပြောင်လက်နေသည်။ အသားချင်း ပွတ်တိုက်သံများမှာလည်း ရသတစ်ခုအဖြစ် ပုံမှန် မြည်ဟည်းနေ၏။

သူမ၏ မျက်နှာမှာ သာယာမှုကြောင့် ရှုံ့မဲ့နေပြီး ဒူးများကားလျက် ခေါင်းကနောက်သို့ လန်ကျနေသည်။ ပြင်းထန်သော အပူရှိန်ကြောင့် သူမမှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေပြီး ပြင်းထန်သော အသက်ရှူသံများမှာလည်း ရုတ်တရက် ရပ်တန့်သွားလေတော့သည်။

"ဟား... ဟား... အား..."

နာကျင်မှုနှင့် သာယာမှု ရောပြွမ်းနေသော အော်ဟစ်သံတစ်ခုက အခန်းတွင်းသို့ ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာပင် ဇန်းညာ၏ ခန္ဓာကိုယ်မှာ တင်းမာသွားပြီး သူ၏ မျက်နှာမှာ အံ့ဩမှုကြောင့် ခဏတာ ပြောင်းလဲသွား၏။

ဂွမ်ထက်ဂျူ၏ မျက်လုံးများမှာ သူ့ထံတွင်သာ စွဲမြဲနေသည်။ အမြဲတမ်း တည်ငြိမ်နေတတ်သော ဇန်းညာပင်လျှင် ဆန္ဒများ၏ လွှမ်းမိုးမှုမှ မလွတ်ကင်းနိုင်ပေ။ ထိုရုတ်တရက်ဆန်လှသော အခြေအနေကြောင့် ဂွမ်ထက်ဂျူ၏ နှလုံးခုန်သံမှာလည်း ပေါက်ကွဲထွက်မတတ် မြန်ဆန်လာရလေသည်။

ဇန်းညာ၏ ပြီးမြောက်ခြင်း အရည်များမှာ ထူထဲပြစ်နှစ်စွာ စီးကျလာပြီး အိပ်ရာကို စိုစွတ်စေကာ ကြမ်းပြင်ပေါ်သို့ တစက်စက် ကျလာသဖြင့် ဂွမ်ထက်ဂျူ ရွံရှာစွာ နောက်သို့ ဆုတ်လိုက်၏။ ကိုယ့်နေရာကို လာပြီး ဤမျှ ရိုင်းစိုင်းနေသည့် နယ်ချဲ့မှုကို မည်သည့်ယောက်ျားကမျှ သက်သောင့်သက်သာ လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။

သူသည် အခန်းတွင်းမှ ညှီနံ့များကို ဖယ်ရှားရန် ပြတင်းပေါက်ကို ဖွင့်လိုက်၏။ အပြင်ဘက်မှ အေးစက်လှသော လေထုက အမြန်မောင်းနေသည့် ရထားအရှိန်နှင့်အတူ အလုံးအရင်းနှင့် ဝင်ရောက်လာသဖြင့် သူ တုန်ရီသွားရသည်။ ဇန်းညာသည် ကျဉ်းမြောင်းသော ရေချိုးခန်းထဲတွင် ကိစ္စပြီးမြောက်အောင် လုပ်ကာ အဝတ်အစားများကို သပ်ရပ်အောင် ဝတ်ဆင်ပြီး ပြန်ထွက်လာလေသည်။

ဂွမ်ထက်ဂျူအနေဖြင့် သူ၏ စိတ်ထဲတွင် ဝေ့ဝဲနေသော မေးခွန်းများကို ဖယ်ရှားပစ်ရမည့် အချိန်ဖြစ်သော်လည်း ထိုမေးခွန်းများမှာ ဇွဲကောင်းကောင်းဖြင့် ဆက်လက် တည်ရှိနေဆဲ ဖြစ်၏။ ဇန်းညာသည် ချမ်း၍ တုန်နေသော သူ့ကိုကြည့်ကာ ဟန်ဆောင်ပန်ဆောင်နှင့် ခေါင်းကို စောင်း၍ မေးလိုက်၏။

"ဘာကိစ္စနဲ့ ဒီလောက် မျက်နှာသေကြီး လုပ်နေတာလဲ"

ထိုလူယုတ်မာသည် အားလုံးကို ရှင်းလင်းစွာ သိနေပါလျက်နှင့် မသိချင်ယောင် ဆောင်နေခြင်းပင်။ ဂွမ်ထက်ဂျူ သူ့ကို စိုက်ကြည့်ပြီး ပြတင်းပေါက်ကို ဆောင့်ပိတ်လိုက်မှသာ ပြင်းထန်လှသော ညှီစို့စို့ အနံ့များ ပျောက်ကွယ်သွားတော့သည်။ သူသည် အိပ်ရေးပျက်ထားသဖြင့် နိုးလာသောအခါ စိတ်အခြေအနေမှာ အလွန်ဆိုးရွားနေပြီး စားချင်စိတ်လည်း လုံးဝ မရှိတော့ပေ။ ဇန်းညာက ထိုအခြေအနေကို သတိပြုမိပြီး ပြုံးလိုက်၏။

"မင်းက တော်တော်လေးကို သက်သောင့်သက်သာနဲ့ ထိုင်ကြည့်နေလိမ့်မယ်လို့ ငါမထင်ထားဘူး။ ပုံမှန်လူသာဆို ရှောင်သွားကြမှာပဲ မဟုတ်လား"

ဂွမ်ထက်ဂျူက ခြောက်ကပ်ကပ် ရယ်မောလိုက်၏။ လိင်ဆက်ဆံခြင်းဆိုသည်မှာ ပုံမှန် လူနှစ်ယောက် သီးသန့်ပျော်ပါးရမည့် အရာမဟုတ်ပါလား။ ဖြစ်ပျက်ခဲ့သည့် ကိစ္စအပေါ် ပေါ့ပေါ့ပါးပါး ပြောနေသည့် ထိုလူယုတ်မာ၏ စကားကို ကြားရသဖြင့် သူ စိတ်ပျက်မိသွားသည်။ ဇန်းညာက သူ့ကို ရန်စနေမှန်း သိသဖြင့် ဂွမ်ထက်ဂျူက တည်ငြိမ်စွာပင် ပြန်တုံ့ပြန်လိုက်၏။

"ဘာလို့ ရှောင်ရမှာလဲ။ အဆင့်မြင့် porn ကို အလကားကြည့်ရတာပဲလေ"

"ဒါပေါ့... အရည်အသွေးက အရေးကြီးတယ်လေ"

ဇန်းညာက သူ့ကိုယ်သူ ကျေနပ်နေသည့်ပုံဖြင့် ခေါင်းညိတ်ပြ၏။ ၎င်းမှာ ချီးကျူးစကားမဟုတ်ဘဲ ရွဲ့ပြောကြောင်း တစ်လောကလုံး သိပေမဲ့လည်း သူကတော့ ပခုံးကိုမြှောက်ပြပြီး ‘ကြည့်ရတာ ကောင်းတယ်မလား’ ဟု ပြောနေသလိုပင်။

"မင်းကတော့ လူတွေကို ဘယ်လို စိတ်ချမ်းသာအောင် ပြောရမလဲဆိုတာ တော်တော်လေး သိတာပဲ"

ဇန်းညာ၏ လူမှုရေးစွမ်းရည်မှာ တကယ်ကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ရွဲ့ပြောသည့် စကားကို ကြားနေရတာတောင် ဘယ်လိုများ ဂုဏ်ယူနေနိုင်သည်မသိ။

ဂွမ်ထက်ဂျူသည် ဆက်ပြောရန် လက်လျှော့လိုက်ပြီး သူ့စိတ်ကြိုက်သာ လွှတ်ထားလိုက်တော့သည်။ တစိမ်းနယ်မြေတွင် လူတစ်ယောက်၏ စိတ်ကို နှောင့်ယှက်နေရန် မလိုအပ်ပေ။ ထို့ပြင် တစ်ဖက်လူက ဂရုမစိုက်ဘဲ သရော်နေလျှင်လည်း မိမိ၏ ပါးစပ်သာ ညောင်းမည် မဟုတ်ပါလား။

သူတို့သည် မနေ့မနက်က ပေကျင်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယား အင်ဂျင်နီယာ ဟုန်ယောဝုခ်သည် တရုတ်ခရီးသွားအဖြစ် ဟန်ဆောင်ကာ ဆိုက်ဘေးရီးယား ရထားပေါ်သို့ တက်လာလိမ့်မည်ဟူသော သတင်းကို ဆွန်းချက်ဗ်၏ ဗောရစ်ထံမှ ရရှိထား၏။ မော်စကိုသို့ မသွားမီ ဆိုက်ခ် ဘော့ဒါနော့ဗ်က ဟုန်ယောဝုခ်ကို ဆက်သွယ်ရန် ကြံစည်နေသော်လည်း အချိန်နှင့် နည်းလမ်းကိုမူ မသိရှိရသေးပေ။

အန်နာစတေးရှားကိုလည်း လုံခြုံသော နေရာတစ်ခုသို့ ရွှေ့ပြောင်းနေသဖြင့် သူတို့၏ နောက်ဆုံးပန်းတိုင်ကို မသိရသေးပေ။ မရေရာမှုများစွာ ရှိနေသော်လည်း ဟုန်ယောဝုခ်နောက်သို့ လိုက်ပါရုံဖြင့် အန်နာစတေးရှား သိမ်းဆည်းထားသည့် နေရာကို သူ့အလိုလို ရောက်ရှိသွားမည်ဟု ဂွမ်ထက်ဂျူ ယူဆထားလေသည်။

မနေ့ညက ဟုန်ယောဝုခ် ရထားပေါ်တက်လာသည်ကို သူတို့နှစ်ဦး အတည်ပြုနိုင်ခဲ့သည်။ ဗောရစ်ပြောသကဲ့သို့ပင် သူသည် တရုတ်ခရီးသွားတစ်ဦးအဖြစ် ဟန်ဆောင်ကာ ဒုတိယတန်းတွဲသို့ ဝင်ရောက်သွား၏။ သူ့နောက်တွင် မည်သူမျှ လိုက်မလာသယောင် ရှိသော်လည်း တကယ် ဟုတ်မဟုတ် စောင့်ကြည့်ရဦးမည် ဖြစ်သည်။

ဘော့ဒါနော့ဗ်၏ လူများက သူ့နောက်သို့ လိုက်နေခြင်းလည်း ဖြစ်နိုင်၏။ ထို့ကြောင့်ပင် ဂွမ်ထက်ဂျူက ချက်ချင်း အရေးယူခြင်း မပြုသေးခြင်း ဖြစ်သည်။ အကယ်၍ ဘော့ဒါနော့ဗ်က ဟုန်ယောဝုခ်နောက်သို့ လူလိုက်နေသည်ကို သိသွားပါက ဆက်သွယ်မှု ဖြတ်တောက်သွားနိုင်၏။ ထိုသို့ဖြစ်ပါက တစ်ခုလုံးသော စစ်ဆင်ရေးမှာ ပျက်စီးသွားလိမ့်မည် ဖြစ်ရာ သူတို့အနေဖြင့် အထူးသတိထားရန် လိုအပ်ပေသည်။

"ဒါနဲ့ ဗောရစ်ကော ဘယ်လိုလဲ။ မင်းပဲ ကိုင်တွယ်မယ်ဆို"

"အေး... ငါလုပ်လိုက်ပြီ"

"ကိုင်တွယ်တယ်ဆိုတာ ကောင်းကင်ဘုံကို ပို့ပေးလိုက်တာတော့ မဟုတ်ဘူးမလား"

"အဲဒီအကြောင်းကို ငါစဉ်းစားလိုက်သေးတယ်..."

ဇန်းညာက ပြုံးရင်း စကားကို ရပ်လိုက်၏။ ဂွမ်ထက်ဂျူ၏ မျက်လုံးများမှာ ပြင်းထန်စူးရှစွာ ကျဉ်းမြောင်းသွားပြီးနောက် အကြာကြီး တိတ်ဆိတ်နေပြီးမှ သူက ဆက်ပြောလေသည်။

"ငါ သူ့ကို ပိတ်လှောင်ထားလိုက်ရုံပဲ။ နောက်ကျရင် အသုံးဝင်လာနိုင်လို့"

"လွတ်သွားရင် ဘယ်လိုလုပ်မလဲ"

"မင်းက ငါ့ကို တကယ်ပဲ သတ်စေချင်နေတာလား။ ရက်စက်လိုက်တာ"

"အဲလိုမဟုတ်ပါဘူး။ ဒါပေမဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားသွားရင် အကုန်လုံး ပျက်စီးသွားလိမ့်မယ်"

"စိတ်မပူပါနဲ့။ အဲဒါမျိုး ဖြစ်လာမှာ မဟုတ်ဘူး"

"မင်းကို ငါ ယုံလို့ရမလား"

"ရတာပေါ့။ ငါ့အမိန့်မရှိဘဲ သူ အပြင်မထွက်နိုင်ပါဘူး"

သံသယများ ရှိနေသော်လည်း ဂွမ်ထက်ဂျူသည် ဆိတ်ဆိတ်နေလိုက်ကာ ဇန်းညာကို ယုံကြည်ထားလိုက်သည်။ ရှေ့နောက်မညီသကဲ့သို့ ရှိနေသော်လည်း သူလုပ်ဆောင်ရန် လိုအပ်သည်မှာ ဟုန်ယောဝုခ်၏ ကံကြမ္မာကို ဂရုစိုက်ရန်သာ ဖြစ်သည်။

ဂွမ်ထက်ဂျူသည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ အဆုံးမဲ့နေသော လယ်ကွင်းပြင်ကြီးမှာ ရထားနှင့်အတူ ကျန်ရစ်ခဲ့ပြီး အေးစက်မှိုင်းညို့နေသော ဆောင်းရာသီ ရှုခင်းများက လွှမ်းခြုံထားသည်။ လွင်ပြင်ကျယ်ကြီးပေါ်တွင် တိရစ္ဆာန်အချို့က တိတ်ဆိတ်စွာ မြက်စားနေကြ၏။ ထိုအထီးကျန်ဆန်သော မြင်ကွင်းက သူ့ရင်ထဲတွင် ဖော်မပြတတ်သော နာကျင်မှုတစ်ခုကို နှိုးဆွနေသကဲ့သို့ ရှိနေလေသည်။

ရထားက မည်မျှပင် ဝေးဝေးသွားနေသော်လည်း မြင်ကွင်းမှာ တူညီနေဆဲ ဖြစ်သည်။ အဆုံးမရှိသော တောင်တန်းကြီးများမှာ နံရံကြီးတစ်ခုကဲ့သို့ ရှိနေ၏။ သူသည် ခေတ္တမျှ တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် ပျင်းရိလာပြီး အောင့်အီးထားရသော အိပ်ချင်စိတ်မှာ ပြန်လည်ရောက်ရှိလာတော့သည်။ သူသည် သမ်းဝေရင်း နာရီကို ကြည့်လိုက်ရာ ရုတ်တရက် ကိုယ်ကို တောင့်လိုက်မိ၏။

သူသည် အပေါ်စင်မှ အိတ်ကို လှမ်းယူလိုက်သည်။ ကြည့်ရသည်မှာ ရုံးသုံးလက်ဆွဲအိတ်နှင့် တူသော်လည်း အမှန်တကယ်မှာ ဂြိုဟ်တုဆက်သွယ်ရေးစက် ဖြစ်သည်။ လိုအပ်ပါက ၎င်းကို အသုံးပြု၍ ကိုရီးယားသို့ ဖုန်းခေါ်ဆိုနိုင်၏။ စက်ကို ဖွင့်ကာ ခလုတ်အချို့ကို နှိပ်လိုက်သည့်အခါ စက်၏ အင်တင်နာမှာ ထွက်ပေါ်လာပြီး ဂြိုဟ်တုအချက်ပြမှုကို ချိတ်ဆက်လိုက်သည်။ သူသည် နားကြပ်ကို တပ်ကာ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်လေသည်။

ဇန်းညာသည် လက်ပိုက်ကာ အနီးနားတွင် ရပ်လျက် စောင့်ကြည့်နေ၏။ သူသည် မနက်စာစားရင်း ဟုန်ယောဝုခ်၏ လှုပ်ရှားမှုကို စောင့်ကြည့်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဂွမ်ထက်ဂျူနှင့် အတူလိုက်ပါရန် အစီအစဉ်မရှိသော်လည်း သူ၏ ပါတနာဖြစ်သူ၏ အလျင်စလို လုပ်ဆောင်မှုများက သူ့ကို စူးစမ်းချင်စိတ် ဖြစ်ပေါ်စေသည်။ အမြဲတမ်း တည်ငြိမ်နေတတ်သော ထိုလူသည် ဘယ်သူ့ကို အသည်းအသန် ဆက်သွယ်ရန် ကြိုးစားနေတာလဲ။

"အမေလား... သားပါ။"

ဖုန်းချိတ်ဆက်သွားသည်နှင့် ဂွမ်ထက်ဂျူက လေသံကို နိမ့်ကာ ပြောလိုက်၏။ သူ့မိခင်၏ အသံမှာ စောင့်ဆိုင်းနေသည့်အလား ချက်ချင်း ထွက်ပေါ်လာသည်။ နောက်ကျမှ ဖုန်းဆက်လာသဖြင့် သူမက စိတ်ပူနေလေသည်။ ဂွမ်ထက်ဂျူသည် ဘေးမှ တိတ်တဆိတ် နားထောင်နေသော ဇန်းညာကို ဂရုမစိုက်ဘဲ သူမ စိတ်အေးစေရန် နူးညံ့စွာ ပြောဆိုနေမိလေသည်။

ဂွမ်ထက်ဂျူ၏ နှုတ်ဖျားမှ ထွက်ပေါ်လာသော ထိုစကားလုံးများကို ဇန်းညာက ကိုရီးယားဘာသာစကားမှန်း သိရှိလိုက်သည်။ သူသည် ကျွမ်းကျင်မှု မရှိသော်လည်း အလုပ်ကိစ္စကြောင့် မြောက်ကိုရီးယား လူမျိုးများနှင့် တွေ့ဆုံဖူးသဖြင့် ဘာသာစကား ဆင်တူသည်ကို သိနိုင်၏။

အသေးစိတ်ကို နားမလည်သော်လည်း ချော့မော့နေသည့်နှယ် ရှိသော ထိုနူးညံ့သည့် လေသံက နက်ရှိုင်းသော ပတ်သက်မှုတစ်ခု ရှိနေမှန်း သိသာစေသည်။ တစ်ဖက်မှ အသံမှာလည်း အမျိုးသမီးတစ်ဦး၏ အသံ ဖြစ်ရမည်။

စူးစမ်းချင်စိတ်ဖြင့် ဇန်းညာသည် ဖုန်းကို ထုတ်ကာ ဘာသာပြန်အက်ပ်ကို ဖွင့်လိုက်၏။ ဂွမ်ထက်ဂျူပြောနေသော စကားမှာ အမှန်တကယ် ကိုရီးယားဘာသာစကား ဖြစ်နေပြီး အကြိမ်ကြိမ် အခါခါ ပြောနေသော စကားလုံးမှာ "အမေ" ဟူသော စကားလုံး ဖြစ်လေသည်။ ဇန်းညာသည် ဖုန်းမျက်နှာပြင်ပေါ်ရှိ စကားလုံးများကို ဂရုတစိုက် ဖတ်ပြီးနောက် တိုးတိုးလေး ရယ်မောလိုက်၏။ တစ်လျှောက်လုံး နူးနူးညံ့ညံ့လေး ပြောဆိုနေသော်လည်း တစ်ဖက်မှလူမှာ မိန်းမပျိုတစ်ဦး မဟုတ်ဘဲ သူ့အမေ ဖြစ်နေသည် မဟုတ်ပါလား။

ဂွမ်ထက်ဂျူက သက်ပြင်းချရင်း ဖုန်းကို အမြန်ချလိုက်၏။ သူသည် ဆက်သွယ်ရေးစက်ကို သိမ်းဆည်းလိုက်သော်လည်း သူ၏ မျက်နှာမှာ တင်းမာနေဆဲ ဖြစ်သည်။ ထိုစဉ် သူသည် ရုတ်တရက် မော့ကြည့်လိုက်ရာ ဇန်းညာနှင့် အကြည့်ချင်း ဆုံသွား၏။ ဇန်းညာက သူ့ကို လှောင်ပြုံးဖြင့် ငုံ့ကြည့်နေလေသည်။ သူသည် ဂွမ်ထက်ဂျူ၏ စိတ်ထဲတွင် ဘာရှိနေသည်ကို ရှင်းလင်းစွာ သိနေသော်လည်း မသိချင်ယောင် ဆောင်နေ၏။ ဇန်းညာသည် အိတ်ကို သိမ်းကာ ပြန်ထိုင်လိုက်ပြီး ထိုအခိုက်အတန့်ကို စောင့်နေသည့်အလား စတင်၍ နောက်ပြောင်လေတော့သည်။

"ဒီတော့ ငါ့ရှေ့ကလူက မာမားဘွိုင်း (Mama's Boy) လေး ဖြစ်နေလိမ့်မယ်လို့ လုံးဝ မထင်ထားမိဘူးပဲ"

"ဘာမှမသိတဲ့ လူတွေက အကုန်သိသလို တတ်သလိုနဲ့ လျှောက်ပြောတတ်ကြတာပဲ"

"ဘာလဲ... ငါပြောတာ မှန်သွားလို့ စိတ်ဆိုးသွားတာလား"

"ငါကလား... မာမားဘွိုင်း ဖြစ်ရတာက မင်းနဲ့ အတူရှိနေရတာထက်စာရင် မပင်မပန်းနဲ့ အများကြီး သက်သာပါသေးတယ်"

ဂွမ်ထက်ဂျူက ညည်းတွားရင်း ခေါင်းခါလိုက်၏။ ဇန်းညာသည် သူတစ်ပါး၏ မိသားစုရေးရာကို ဂရုမစိုက်သော်လည်း အမြဲတမ်း ကျောက်ဆောင်ကဲ့သို့ တည်ငြိမ်နေသော လူတစ်ယောက်က ယခုကဲ့သို့ နူးညံ့သွားပြီးမှ ပြန်လည် အေးစက်သွားသည်ကို မြင်ရသည့်အခါ ထိုနောက်ကွယ်မှ ဇာတ်လမ်းကို စူးစမ်းချင်စိတ် ဖြစ်ပေါ်လာမိသည်။

"မာမားဘွိုင်း ဖြစ်ရတာ ပိုသက်သာတယ်ပေါ့လေ... ဟမ်... ဆက်ပြောပါဦး"

ဇန်းညာက တိုက်တွန်းလိုက်၏။

"တစ်ယောက်တည်း နေထိုင်ရတာ ဘယ်လောက် ခက်ခဲလဲဆိုတာ မင်းလိုလူက ဘယ်လိုလုပ် နားလည်မှာလဲ။ စိတ်ပူရတာတွေ၊ စိုးရိမ်ရတာတွေ၊ မလုံခြုံမှုတွေ၊ မျှော်လင့်ချက်တွေ ကျန်ရစ်ခဲ့တဲ့သူတွေက နှစ်ဆ ပိုပင်ပန်းရတယ်၊ အထူးသဖြင့် တစ်ယောက်ယောက်ကို ဆုံးရှုံးပြီးတဲ့ နောက်မှာပေါ့။ အဲဒီလူ ဘယ်လောက်အထိ စိတ်ပူနေမလဲဆိုတာ သိနေတော့ ငါက အမြဲတမ်း လိမ်ညာပြီး အဆင်ပြေနေသလို ဟန်ဆောင်နေရတယ်။ ငါအခု ဘယ်မှာလဲ၊ ဘာလုပ်နေလဲဆိုတာ ငါ့အမေသာ သိရင် လဲကျသွားလိမ့်မယ်။ သူမကတော့ ငါ့ကို ပြည်တွင်း အေဂျင်စီတစ်ခုမှာ အရပ်ဘက် အရာရှိတစ်ယောက်အဖြစ် အလုပ်လုပ်နေတုန်းပဲလို့ ထင်နေတုန်းပဲ"

ဂွမ်ထက်ဂျူသည် တုံ့ဆိုင်းမှုမရှိဘဲ ပြောဆိုနေသော်လည်း ရုတ်တရက် ပါးစပ်ပိတ်လိုက်၏။ ဇန်းညာက သူ့ကို မကျေမနပ် ကြည့်လိုက်သည်။

"ဘာလို့ ရပ်လိုက်တာလဲ"

"မလိုအပ်တော့လို့"

ဂွမ်ထက်ဂျူက နောက်သို့ မှီလိုက်ပြီး ထူထဲသော စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ရာ စကားပြောချင်စိတ် မရှိတော့မှန်း သိသာ၏။ သူသည် စာမျက်နှာအချို့ကို လှန်ကြည့်ပြီးမှ ပြန်ပိတ်လိုက်သည်။ သူတို့၏ အကြည့်ချင်း တစ်ဖန် ဆုံသွားပြန်၏။

"စကားပြောဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ငါက မိသားစုအကြောင်းတွေ ပြောရလောက်အောင် မပျင်းသေးပါဘူး။ စာအုပ်တွေ အများကြီး ယူလာတယ်"

ဂွမ်ထက်ဂျူက အိတ်ထဲသို့ ညွှန်ပြရင်း ပြောလိုက်၏။

ထိုအိတ်ထဲတွင် ခြောက်ရက်စာအတွက် လုံလောက်သော စာအုပ်များ ရှိနေလေသည်။ ဇန်းညာက လှောင်ပြုံးပြုံးရင်း ဂွမ်ထက်ဂျူကို စူးစမ်းစွာ ကြည့်လိုက်သည်။ ဂွမ်ထက်ဂျူကမူ ထိုအကြည့်ကို ဂရုမစိုက်ဘဲ ရှိနေ၏။ ဇန်းညာက စာအုပ်တစ်အုပ်ကို ကမ်းပေးရင်း ထပ်မံ ကြိုးစားကြည့်ပြန်သည်။

"ဒါ ငှားဖတ်ဦးမလား"

"ကျေးဇူးပဲ၊ ဒါပေမဲ့ မလိုပါဘူး။ ငါက တစ်ဖက်သတ် စကားဝိုင်းတွေကို စိတ်မဝင်စားဘူး။ မင်း တကယ် ပျင်းနေတယ်ဆိုရင် မိန်းကလေးတစ်ယောက်ယောက်ကိုပဲ ခေါ်ခဲ့လိုက်တော့"

"ဒါက စိတ်ဝင်စားစရာ ကောင်းလို့လား"

ဇန်းညာက ရယ်မောရင်း မေးလိုက်၏။

ဂွမ်ထက်ဂျူက ခေါင်းခါလိုက်ပြီး စာအုပ်ဆီသို့ အာရုံပြန်ပို့လိုက်သည်။ ထိုစဉ် ဇန်းညာက မေးခွန်းထုတ်ခြင်းကို ရပ်တန့်ကာ တိတ်ဆိတ်စွာပင် ထရပ်လိုက်၏။ သူတို့မှာ ပါတနာများ ဖြစ်သော်လည်း သူ ဘယ်ကို သွားမည်၊ ဘာကြောင့် သွားမည်ကို ဘယ်သောအခါမျှ ပြောလေ့မရှိပေ။ တံခါးပွင့်သွားပြီး ပြန်ပိတ်သွား၏။ ဂွမ်ထက်ဂျူ၏ မျက်လုံးများမှာ စာအုပ်မှ တံခါးဆီသို့ ရောက်ရှိသွားပြီး သူ၏ တောင့်တင်းနေသော ပခုံးများမှာလည်း နောက်ဆုံးတွင် စိတ်လျှော့နိုင်သွားတော့သည်။

ဇန်းညာက သူ့ကို ကြည့်သည့် အခါတိုင်း သူသည် အမြဲတမ်း တင်းမာနေခဲ့ရခြင်း ဖြစ်သည်။ ဇန်းညာသည် ရေမြှုပ်ဗုံးတစ်ခုကဲ့သို့ သူ၏ ရက်စက်ကြမ်းကြုတ်သော ရည်ရွယ်ချက်များကို ဖုံးကွယ်ထားတတ်သည်။

သူသည် သားကောင်ကို မည်သည့်အချိန်တွင် လွှတ်ပေးရမည်ကို သိရှိပြီး နောက်ဆုံးအချိန်အထိ အရသာခံတတ်သော ပါးနပ်သည့် အသားစား သတ္တဝါတစ်ကောင် ဖြစ်၏။ ဂွမ်ထက်ဂျူ၏ အာရုံခံစားမှုက သူ့ကို ငြင်းပယ်နေလေသည်။ သူတို့မှာ တစ်ဖွဲ့တည်း ဖြစ်သည်ဟု မိမိကိုယ်ကို မည်မျှပင် ပြောဆိုစေကာမူ ထိုကဲ့သို့သော အန္တရာယ်ရှိသော ပါတနာအနားတွင် သူသည် ဘယ်သောအခါမျှ သတိကို လွှဲမထားနိုင်ပါချေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment