no

Font
Theme

အခန်း (၄) - ပြန်ပြီး ကူးပြောင်းသွားတာလား

ပန်းကန်ခွက်ယောက် ရှာမနေတော့ဘဲ ရှောင်ကော်နှင့် ကျွမ့်ကျွမ့်တို့သည် မီးဖိုဘေးမှာပင် ဝိုင်းဖွဲ့ကာ ဆန်ပြုတ်ကို စတင်သောက်ကြလေတော့သည်။

ပထမဆုံး တစ်ငုံသောက်လိုက်ရုံဖြင့် ရှောင်ကော်၏ ခန္ဓာကိုယ်ထဲသို့ နွေးထောင်မှုများ စီးဝင်သွား၏။ ဝမ်းဗိုက်ထဲသို့ ဆန်ပြုတ်လေး ရောက်သွားသည်နှင့်တစ်ပြိုင်နက် ခြေလက်များထဲသို့ အားအင်များ ပြန်လည်ရောက်ရှိလာသလို ခံစားလိုက်ရသည်။ ကျွမ့်ကျွမ့်မှာလည်း ထို့အတူပင်။ ဟင်းသီးဟင်းရွက် ဆန်ပြုတ်ကို တစ်ဇွန်းပြီးတစ်ဇွန်း သောက်ပြီးနောက် ပြောမပြတတ်အောင် ပျော်ရွှင်သွားကာ ရှောင်ကော်ကို သူ၏ ဝိုင်းစက်လှသော မျက်လုံးလေးများဖြင့် ကြည့်ကာ သူ၏ ဝမ်းသာမှုကို ဖော်ပြနေရှာသည်။

ရှောင်ကော်သည် ဇွန်းကို ချလိုက်ပြီး အားရပါးရ လေချဉ်တစ်ချက် တက်လိုက်၏။ ထို့နောက် ကျေနပ်အားရစွာဖြင့် ဝမ်းဗိုက်ကို ပွတ်သပ်ရင်း... "တကယ်ကို နေလို့ကောင်းသွားတာပဲ" ဟု ရေရွတ်လိုက်မိသည်။

ဆန်ပြုတ်သောက်ပြီးနောက်တွင် နွမ်းလျနေသော သူမ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အားအင်များ ပြန်လည်ပြည့်ဝလာခဲ့သည်။

ကျွမ့်ကျွမ့်သည် အမေဖြစ်သူ ဇွန်းချလိုက်သည်ကို ကြည့်ကာ သူ၏ တုန်တုန်ရင်ရင် လက်ကလေးများဖြင့် ရှောင်ကော်၏ ဇွန်းထဲသို့ ဆန်ပြုတ်များ ခပ်ထည့်ပေးသည်။ ထို့နောက် သူ၏ ဇွန်းကိုချလိုက်ရင်း “အမေ... စားပါဦး”

ပန်းကန်ခွက်ယောက် ရှာမနေတော့ဘဲ ရှောင်ကော်နှင့် ကျွမ့်ကျွမ့်တို့သည် မီးဖိုဘေးမှာပင် ဝိုင်းဖွဲ့ကာ ဆန်ပြုတ်ကို စတင်သောက်ကြလေတော့သည်။

ပထမဆုံး တစ်ငုံသောက်လိုက်ရုံဖြင့် ရှောင်ကော်၏ ခန္ဓာကိုယ်ထဲသို့ နွေးထောင်မှုများ စီးဝင်သွား၏။ ဝမ်းဗိုက်ထဲသို့ ဆန်ပြုတ်လေး ရောက်သွားသည်နှင့်တစ်ပြိုင်နက် ခြေလက်များထဲသို့ အားအင်များ ပြန်လည်ရောက်ရှိလာသလို ခံစားလိုက်ရသည်။ ကျွမ့်ကျွမ့်မှာလည်း ထို့အတူပင်။ ဟင်းသီးဟင်းရွက် ဆန်ပြုတ်ကို တစ်ဇွန်းပြီးတစ်ဇွန်း သောက်ပြီးနောက် သူသည် ပြောမပြတတ်အောင် ပျော်ရွှင်သွားကာ ရှောင်ကော်ကို သူ၏ ဝိုင်းစက်လှသော မျက်လုံးလေးများဖြင့် ကြည့်ကာ သူ၏ ဝမ်းသာမှုကို ဖော်ပြနေရှာသည်။

ရှောင်ကော်သည် ဇွန်းကို ချလိုက်ပြီး အားရပါးရ လေချဉ်တစ်ချက် တက်လိုက်၏။ ထို့နောက် ကျေနပ်အားရစွာဖြင့် ဝမ်းဗိုက်ကို ပွတ်သပ်ရင်း... "တကယ်ကို နေလို့ကောင်းသွားတာပဲ" ဟု ရေရွတ်လိုက်မိသည်။

ဆန်ပြုတ်သောက်ပြီးနောက်တွင် နွမ်းလျနေသော သူမ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အားအင်များ ပြန်လည်ပြည့်ဝလာခဲ့သည်။

ကျွမ့်ကျွမ့်သည် အမေဖြစ်သူ ဇွန်းချလိုက်သည်ကို ကြည့်ကာ သူ၏ တုန်တုန်ရင်ရင် လက်ကလေးများဖြင့် ရှောင်ကော်၏ ဇွန်းထဲသို့ ဆန်ပြုတ်များ ခပ်ထည့်ပေးလိုက်သည်။ ထို့နောက် သူ၏ ဇွန်းကိုပါ ချလိုက်ရင်း... “အမေ... စားပါဦး” ဟု ပြောရှာသည်။

ရှောင်ကော်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားရ၏။ ဤကလေးမှာ ၃ နှစ်သားအရွယ်သာ ရှိသေးသော်လည်း အလွန်ပင် သိတတ်လွန်းလှသည်။ သူကိုယ်တိုင် ဗိုက်မဝသေးသော်လည်း ကျန်ရှိနေသော ဆန်ပြုတ်ကို အမေဖြစ်သူအတွက် ပေးခဲ့သည်။ ရှောင်ကော်သည် ကျွမ့်ကျွမ့်ကို မေတ္တာဖြင့် ကြည့်ရင်း “လိမ္မာလိုက်တဲ့ ကျွမ့်ကျွမ့်။ အမေ ဗိုက်ဝသွားပါပြီ၊ ထပ်မစားနိုင်တော့ဘူး”

ကျွမ့်ကျွမ့် သည် ခဏမျှ စဉ်းစားပြီးနောက်... “ဒါဆို သားလည်း ထပ်မစားနိုင်တော့ဘူး အမေ”

ရှောင်ကော်သည် သူ့ကိုကြည့်ကာ ဟန်ဆောင်ပန်ဆောင် စိတ်ဆိုးပြလိုက်သည်။ “ဘာလို့လဲ၊ အမေချက်တာ မကောင်းလို့လား”

“မဟုတ်ပါဘူး... မဟုတ်ပါဘူး။ အမေချက်တာ အကောင်းဆုံးပါ။ အဘွားချက်တာထက်တောင် ပိုကောင်းသေးတယ်” ဟု ကျွမ့်ကျွမ့် က အမေဖြစ်သူ သူ့ကို မယုံမှာစိုးသဖြင့် အသည်းအသန် ပြန်ပြောသည်။

ရှောင်ကော်က ရယ်မောရင်း သူ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ကာ “ဒါဆိုရင်လည်း ဆန်ပြုတ်ကို ကုန်အောင် ဆက်သောက်လေ”

ကျွမ့်ကျွမ့်သည် ခေါင်းညိတ်ပြကာ သူ ဆန်ပြုတ်ကို အလွန်အရသာရှိရှိ သောက်နေကြောင်း ပြသသည့်အနေဖြင့် တကယ့်ကို အသံမြည်အောင် 'ရှူး... ရှူး...' ဟု စုပ်သောက်ပြသည်။ ယခင်က အမြဲတမ်း အဘွားဖြစ်သူကသာ သူ့ကို ချက်ကျွေးခဲ့ခြင်းဖြစ်ပြီး၊ အမေ့လက်ရာကို တစ်ခါမှ မမြည်းစမ်းခဲ့ဖူးပေ။ မိုးခေါင်စဉ်ကာလက သူတို့စားခဲ့ရသည်မှာ အရသာမရှိသော ဟင်းရွက်ပြုတ်ရည် ကြည်ကြည်များသာ ဖြစ်၏။ သူ၏အမေ က ဤမျှ ဟင်းချက်တော်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့။

ကျွမ့်ကျွမ့်သည် ဇွန်းကို ပြောင်စင်အောင် လျက်လိုက်ပြီး လေချဉ်တစ်ချက် တက်လိုက်၏။ ထို့နောက် အမေဖြစ်သူကို ရှက်ကိုးရှက်ကန်း ပြုံးပြရင်း “အမေ...”

ရှောင်ကော်၏ နှလုံးသားမှာ အရည်ပျော်ကျမတတ် ခံစားလိုက်ရ၏။ ‘ကလေး က တကယ်ကို ချစ်ဖို့ကောင်းတာပဲ' ဟု သူမ စိတ်ထဲက ရေရွတ်လိုက်မိသည်။ ဖောင်းအိနေသော ပါးလေးများနှင့် ကလေးသံလေးဖြင့် ခေါ်နေသော သူ့ကိုကြည့်ကာ... “ဗိုက်ဝသွားပြီလား”

“ဝပြီ... ဝပြီ!”

ရေကန်ထဲတွင် ရေများ ကျန်ရှိနေသေးသလို၊ ထင်းလည်း အလုံအလောက် ရှိနေသည်ကို မြင်သောအခါ ရှောင်ကော်သည် သူတို့သားအမိနှစ်ဦး ရေချိုးနိုင်ရန် ရေနွေး တည်လိုက်သည်။ ရှောင်ကော်သည် အပြင်ဘက်တွင် အစားအစာ ရှာဖွေနေရသဖြင့် အိမ်အလုပ်များကို လုံးဝ လစ်ဟင်းခဲ့ပေသည်။ အိမ်အတွင်းမှာ ဖရိုဖရဲ ဖြစ်နေ၏။ နံရံများတွင် ပင့်ကူအိမ်များ ဖုံးလွှမ်းနေပြီး လျှော်ဖွပ်ရန် စောင့်ဆိုင်းနေသော စောင်များနှင့် အဝတ်အစားများမှာ တောင်ပုံရာပုံ ရှိနေသည်။ ကြမ်းပြင်နှင့် ပရိဘောဂများပေါ်တွင်လည်း ဖုန်များမှာ အထပ်လိုက် တက်နေ၏။ ရှောင်ကော် ကိုယ်တိုင်မှာလည်း ဖရိုဖရဲ ဖြစ်နေပေသည်။ ဆံပင်များမှာ ရှုပ်ထွေးနေပြီး ကိုယ်လက်သန့်စင်ခြင်း မပြုရသည်မှာလည်း ရက်အတော်ကြာခဲ့လေပြီ။

ရှောင်ကော်သည် လက်မနားတမ်း အလုပ်ဆက်လုပ်နေခဲ့သည်။ ရေနွေးဆူလာသောအခါ ရေဇလုံထဲသို့ ရေနွေးအချို့ ရောထည့်လိုက်ပြီး ကျွမ့်ကျွမ့်ကို အဝတ်အစားချွတ်၍ ရေချိုးရန် ခေါ်လိုက်၏။ ကောင်လေးက ဇလုံထဲတွင် ထိုင်နေစဉ် ရှောင်ကော် က ပုဝါဖြင့် သူ၏ ကိုယ်ပေါ်မှ အညစ်အကြေးများကို ပွတ်တိုက်ပေးလိုက်သည်။ ပွတ်တိုက်လိုက်သည်နှင့် ဂျီးများမှာ ချက်ချင်း ကွာကျသွား၏။ ကျွမ့်ကျွမ့် အအေးမိမှာ စိုးရိမ်သဖြင့် ရှောင်ကော်သည် အမြန်ပင် ရေချိုးပေးပြီးနောက် ကိုယ်ကိုခြောက်အောင် သုတ်ကာ သန့်ရှင်းသော အဝတ်အစားများ ဝတ်ပေးလိုက်သည်။

အိပ်ရာပေါ်သို့ ချီသွားသောအခါ ကျွမ့်ကျွမ့်မှာ အိပ်ပျော်လုနီးပါး ဖြစ်နေချေပြီ။ နာရီမရှိသဖြင့် အချိန်မည်မျှရှိပြီလဲဆိုသည်ကို သူမ မသိသော်လည်း ကောင်းကင်မှာ မှောင်နေပြီဖြစ်ရာ ရှောင်ကော်သည် ကျွမ့်ကျွမ့်ကို စောင်လေး ညင်သာစွာ ခြုံပေးလိုက်သည်။

အိပ်ရာထဲ လှဲလိုက်သည်နှင့် ကျွမ့်ကျွမ့်သည် အိပ်ချင်မူးတူးဖြင့် လှုပ်ရှားလာကာ စိုးရိမ်တကြီးဖြင့်... “အမေ...” ဟု ခေါ်ရှာသည်။

ရှောင်ကော်သည် သူ၏ ဘေးနားတွင် ရှိနေဆဲပင်။ သူမသည် ကျွမ့်ကျွမ့်ကို ပုတ်ခတ်ပေးရင်း အသံတိုးတိုးဖြင့် နှစ်သိမ့်ပေးလိုက်၏။

ကျွမ့်ကျွမ့်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသောအခါ ရှောင်ကော်သည် တံခါးပိတ်ကာ မီးဖိုခန်းသို့ ပြန်လာခဲ့သည်။ အိုးထဲတွင် ရေနွေးများ ရှိနေသေးသဖြင့် သူမသည် ဇလုံထဲမှ ရေဟောင်းများကို သွန်ကာ ရေနွေးအသစ် လဲလိုက်၏။ အဝတ်အစားများ ချွတ်လိုက်စဉ် သူမ၏ အတွင်းအိတ်ထဲမှ တစ်စုံတစ်ခုမှာ ကြမ်းပြင်ပေါ်သို့ 'ခလင်' ဟု အသံမြည်ကာ ကျသွားလေသည်။ ရှောင်ကော်သည် ဖယောင်းတိုင်အလင်းရောင်ဖြင့် ငုံ့ကြည့်ကာ ကောက်ယူလိုက်၏။ ၎င်းမှာ လက်စွပ်တစ်ကွင်း ဖြစ်ပေသည်။

ရှောင်ကော်သည် ဤလက်စွပ်က ဘယ်ကရောက်လာသလဲဆိုသည်ကို ပြန်စဉ်းစားလိုက်သည်။ မင်္ဂလာဦးညအပြီးတွင် ကျန်းတန်းဟော့က သူမအား ဆင်မြန်းပေးခဲ့ခြင်း ဖြစ်၏။ ထိုစဉ်က ဤလက်စွပ်မှာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော လက်စွပ်ဖြစ်ကြောင်းနှင့် သေချာဂရုစိုက်ရန် မှာကြားခဲ့သည်။

ပျောက်သွားမှာ စိုးရိမ်သဖြင့် ရှောင်ကော်သည် အဝတ်အစားထဲတွင် လျှို့ဝှက်အိတ်လေး တစ်လုံးချုပ်ကာ ဤလက်စွပ်ကို သိမ်းထားခဲ့ခြင်း ဖြစ်၏။ ရှောင်ကော်သည် လက်စွပ်ကို ကောက်ယူကာ စမ်းဝတ်ကြည့်လိုက်စဉ်မှာပင် ရုတ်တရက် ခေါင်းမူးသွားပြီး သတိလစ်သွားတော့သည်။

သတိပြန်ရလာသောအခါ သူမရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်သွားရ၏။ သူမ... မူလနေရာကို ပြန်ပြီး ကူးပြောင်းသွားတာလား?

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment