no

Font
Theme

အပိုင်း (၂)

[စနစ်: ချင်းကျိုးစီရင်စု ကုန်စုံဆိုင် Sign-in အမှတ်ကို ရှာဖွေတွေ့ရှိပါသည်။ Sign-in ဝင်ဖို့အတွက် အမှတ် (၁) မှတ်ကို သုံးစွဲပါမည်လား။]

[စနစ်: ချင်းကျိုးစီရင်စု ပိတ်စဆိုင် Sign-in အမှတ်ကို ရှာဖွေတွေ့ရှိပါသည်။ Sign-in ဝင်ဖို့အတွက် အမှတ် (၁) မှတ် သုံးစွဲပါမည်လား။]

[စနစ်: ချင်းကျိုးစီရင်စု အင်္ကျီဆိုင် Sign-in အမှတ်ကို ရှာဖွေတွေ့ရှိပါသည်။ Sign-in ဝင်ဖို့အတွက် အမှတ် (၁) မှတ်ကို သုံးစွဲပါမည်လား။]

[စနစ်: ချင်းကျိုးစီရင်စု စားသောက်ဆိုင် Sign-in အမှတ်ကို ရှာဖွေတွေ့ရှိပါသည်။ Sign-in ဝင်ဖို့အတွက် အမှတ် (၁) မှတ်ကို သုံးစွဲပါမည်လား။]

[စနစ်: ချင်းကျိုးစီရင်စု စာအုပ်ဆိုင် Sign-in အမှတ်ကို ရှာဖွေတွေ့ရှိပါသည်။ Sign-in ဝင်ဖို့အတွက် အမှတ် (၁) မှတ်ကို သုံးစွဲပါမည်လား။]

ရာမနတ်စင်မှ ထွက်လာရင်း ကုချင်းယန်၏ မျက်ဝန်းတို့က တောက်ပသွားလေသည်။ ရွှေရောင် sign-in အမှတ်များက နေရာတိုင်းတွင် ရှိနေ၏။ အကုန်လုံးကို နှိပ်ပစ်လိုက်ချင်စိတ်ကြောင့် သူ့ရင်ဘတ်ထဲ တရွရွဖြစ်နေသော်ငြား သနားစရာကောင်းလှသည့် အမှတ် (၂) မှတ်ကို ကြည့်ကာ ထိုအလိုဆန္ဒကို ဖိနှိပ်ထားလိုက်ရသည်။ အမှတ်တွေ များများရနိုင်မည့် နည်းလမ်းကို ရှာမတွေ့မချင်း သူ ထိုအမှတ်များကို စနစ်တကျ ချွေတာသုံးစွဲရမည်။

ထိုအချက်ပြစာတန်းများအား မည်သူမှ မတွေ့နိုင်သည်ကို သူ သတိထားမိခဲ့သည်။ လမ်းသွားလမ်းလာများက ထိုအရာများမှ ဖြတ်လျှောက်သွားနေကြသော်ငြား မည်သည့်သက်ရောက်မှုမှ မရှိကြပေ။

ကုချင်းယန်တစ်ယောက် အတွေးများစွာဖြင့် မြို့၏အရှေ့ဘက်ခြမ်းသို့ လျှောက်သွားနေခဲ့သည်။ ငွေလဲကောင်တာရှေ့ကိုရောက်တော့ သူထင်ထားသည့်အတိုင်း sign-in အမှတ်က ပေါ်လာ၏။

[စနစ်: ချင်းကျိုးစီရင်စု ငွေလဲကောင်တာ Sign-in အမှတ်ကို ရှာဖွေတွေ့ရှိပါသည်။ sign in ဝင်ဖို့အတွက် အမှတ် (၁) မှတ်ကို သုံးစွဲပါမည်လား။]

သုံးမယ်!

[စနစ်: ချင်းကျိုးစီရင်စု ငွေလဲကောင်တာမှာ sign in လုပ်ခြင်း အောင်မြင်ပါသည်။ ငွေပြား ၁၀၀ ရရှိပါပြီ။]

“ငါမှန်းထားတာနဲ့ ကွက်တိတူနေသားပဲ။”

ကုချင်းယန်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

သာမန်လူနေအိမ်များတွင် တြိဂံဇောက်ထိုးမျှားအမှတ်အသားများ မရှိသည်ကို သူအစောကတည်းက သတိထားမိခဲ့သည်။ စီးပွါးရေးဆိုင်ရာ ဆိုင်ခန်းများတွင်သာ ရှိ၏။ ရရှိလာမည့် ဆုလာဘ်များက စီးပွါးရေးအမျိုးအစားနှင့် သက်ဆိုင်နေလိမ့်မည်ဟု သူကောက်ချက်ချလိုက်သည်။ သို့နှင့် သူ ယခုလေးတင် ငွေပြား ၁၀၀ တိတိကို တကယ် ရရှိခဲ့သည်လေ။

သူ လီမိသားစုကနေ ထွက်လာတုန်းက လက်ဗလာနှင့် ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့ပေသည့် တစ်ရက်ပင် မပြည့်သေးမီကတည်းက သူ့ ‘ကျောပိုးအိတ်’ ထဲတွင် ငွေပြား ၁၁၀ တောင် ရှိနေလေပြီ။ သူ ချင်းကျိုးစီရင်စုတွင် အခြေချနေထိုင်ဖို့ ဆုံးဖြတ်လိုက်လျှင်လည်း ဤငွေပမာဏက ကောင်းကောင်းမွန်မွန် စားသောက်နေထိုင်ရန် လုံလောက်မည်ဖြစ်၏။

သူ ငွေလဲကောင်တာဆီသို့ ပြန်လှည့်ကြည့်လိုက်သည်။ ထိုအချိန်၌ အချက်ပြစာတန်းမှာ ရာမနတ်စင်တွင် ရှိနေစဉ်ကလို ပျောက်ကွယ်သွားပြီဖြစ်၏။ ကြည့်ရတာ တစ်ခါသုံးတွေ ထင်ပါရဲ့.. သူ နောင်တရသော်လည်း အကြာကြီး ပြန်တွေးမနေတော့။ မြို့ထဲတွင် ဆိုင်များစွာ ရှိသေးသည်လေ။ သူသာ ဆိုင်တိုင်းမှာ sign in လုပ်ထားလျှင် ပို၍ ချမ်းသာလာပေလိမ့်မည်။

ယခုလောလောဆယ်တွင်မူ အမှတ်များကို ပိုရနိုင်မည့် နည်းလမ်းကို ရှာဖွေရန်သာ လိုအပ်သည်။

မှောင်ရီပျိုးစပြုလာသော် ကုချင်းယန်က တည်းခိုခန်းကို ရှာဖို့ ဆုံးဖြတ်လိုက်သည်။ တည်းခိုခန်း၏ sign-in အမှတ်ဖြစ်သော သူ၏ နောက်ဆုံးအမှတ်ကိုမူ သူ မသုံးရဲသေးပါ။

“ဧည့်သည်တော်… ကျေးဇူးပြုပြီး ကြွပါဗျ။ စားသောက်ဖို့လား ဒါမှမဟုတ် တည်းခိုဖို့လားဗျ။”

စားပွဲထိုးက နွေးထွေးစွာ မေးလာသည်။ ကုချင်းယန်၏ အဖိုးတန်ပိုးထည် အဝတ်အစားများနှင့် နူးညံ့သိမ်မွေ့သည့် ရုပ်ရည်သွင်ပြင်ကိုမြင်တော့ စားပွဲထိုးဖြစ်သူက သူ့အား ချမ်းသာသော သခင်လေးတစ်ယောက်အဖြစ် သတ်မှတ်လိုက်သည်။ အစေခံမပါဘဲ လျှောက်သွားနေသည်က ထူးဆန်းသော်ငြားလည်းပေါ့။

“အခန်းယူမယ်။”

ကုချင်းယန်က သန့်ရှင်းသပ်ရပ်သော အတွင်းပိုင်းကို ခပ်လျှမ်းလျှမ်းသာ ကြည့်ရင်း ပြန်ဖြေလိုက်သည်။

“ ‘ကောင်းကင်ဘုံ နံပါတ် (၁)’ ဧည့်ခန်းပါ'ပါတဲ့ အခန်းက လွတ်ပါတယ်ဗျ။ သီးသန့်ရေချိုးခန်းလည်း ပါ'ပါတယ်။ ဒီလိုရာသီဥတုမျိုးမှာ အရမ်း သက်သောင့်သက်သာဖြစ်စေမယ့် အခန်းမျိုးပါ။ စောင်ကိုလည်း ဒီနေ့မှ အသစ်လဲထားတာပါ။”

ကုချင်းယန်မှာ စားပွဲထိုးနောက်ကို လိုက်သွားနေရင်း မေးဖို့ သတိရသွားသည်။

“တစ်ညဘယ်လောက်လဲ။”

၁၅ နှစ်တိုင်တိုင် ဖူးဖူးမှုတ်ခံထားရသည့် သခင်လေးတစ်ဦးအနေဖြင့် သူဟာ ဤသို့သောကိစ္စမျိုးအား သူကိုယ်တိုင် တစ်ခါမှ မလုပ်ခဲ့ဖူးချေ။

“တစ်ညကို ငွေပြား ၃ ပြားပါဗျ။”

စားပွဲထိုးက ခပ်ရွှင်ရွှင် ပြောလာသည်။

“အခန်းထဲထိ အစားအသောက် သုံးနပ်လာပို့ပေးမှာပါ။ အသားငါးလည်း ပါပါတယ်ဗျ။”

“အရမ်းစျေးကြီးတာပဲ။”

ကုချင်းယန် မတော်တဆ ပြောထွက်မိသွားသည်။ သူ့မှာ စုစုပေါင်း ငွေပြား ၁၀၀ ကျော်လေးသာ ရှိသည်လေ။

စားပွဲထိုးက ခေတ္တမျှ ရပ်တန့်သွားပြီး တခြားအခန်းကို ချက်ချင်း အကြံပြုလာသည်။

“ဟုတ်ကဲ့… စျေးက နည်းနည်းတော့များပါတယ်၊ ဒါပေမယ့် အခန်းက ကျယ်ပါတယ်ဗျ။ ကျွန်တော်တို့ဆီမှာ တစ်ပြားတန် ‘ကမ္ဘာမြေ’ အခန်းတွေလည်း ရှိသလို၊ ဝမ် ၅၀၀ တန် ‘အမှောင်’ ခန်းလည်း ရှိပါတယ်။ ‘အဝါရောင်’ အခန်းကတော့ ဝမ် ၁၀၀ ပဲကျသင့်မှာပါ။ ဒါပေမယ့် အဲ့ဒီအခန်းတွေက မြေသားအိပ်ရာတွေနဲ့ပါ၊ ပြီးတော့ အရမ်းကျဉ်းပါတယ်။ သက်သောင့်သက်သာ ရှိလောက်မှာ မဟုတ်ဘူးဗျ။”

ကုချင်းယန် တုံ့ဆိုင်းနေခဲ့သော်ငြား ရေနွေးပူပူဖြင့် ရေချိုးရမည်ဟူသော ဖြားယောင်းမှုကို မငြင်းဆိုနိုင်ခဲ့ပေ။

“ကောင်းကင်ဘုံအခန်းကိုပဲ ယူလိုက်မယ်။ ရေချိုးမယ့်ရေကို နွေးနေအောင် သေချာဂရုစိုက်ပေးပါ။”

~~~

ရေနွေးပူပူဖြင့် ရေချိုးပြီး ဗိုက်ဝအောင် ဖြည့်ပြီးနောက် ကုချင်းယန်တစ်ယောက် ခုတင်ပေါ်တွင် ပိုးဖလံတစ်ကောင်အလား ကွေးကွေးလေး အိပ်စက်ပစ်လိုက်သည်။ ထိုနေရာက သူ့ကို လက်မခံပေးလျှင် တခြားနေရာက သူ့ကို လက်ခံပေးလိမ့်မည်ဟု သူ တွေးလိုက်မိသည်။

ဒီစနစ်နဲ့သာဆိုရင် ဘယ်နေရာမှာမဆို သူ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်မှာပဲ။

သို့ပေသည့် ကွက်ကွက်ကွင်းကွင်းနှင့် ကမောက်ကမဆန်သည့် အိပ်မက်တစ်ခုကြောင့် သူ အိပ်ရေးပျက်ခဲ့ရသည်။

လီမိသားစု၏ အခြေအနေက အလွန် ရှုပ်ထွေးလှသည်။ သူ့အမေဖြစ်သူ သခင်မကြီးရွှီက တရားဝင်ဇနီးကြီး မဟုတ်ဘဲ “အထက်တန်းစား ကိုယ်လုပ်တော်” တစ်ဦးဖြစ်ပြီး၊ ပထမဇနီးဖြစ်သူ သခင်မကြီးလီက ၁၀ နှစ်ကြာသည့်တိုင် ကလေးမရနိုင်သောကြောင့် မျိုးရိုးကောင်းသည့် မိသားစုမှ ခေါ်လာခဲ့ခြင်းဖြစ်သည်။ အကယ်၍ သခင်မကြီးရွှီသာ သားလေးမွေးခဲ့လျှင် သခင်မကြီးလီ၏ တရားဝင်သားအဖြစ် ပြုစုပျိုးထောင်ပေးမည်ဟူသော ကတိကဝတ်ရှိခဲ့သည်။

ထင်မှတ်မထားစွာပင် သခင်မကြီးရွှီ ကိုယ်ဝန်ရှိလာသည်နှင့် သခင်မကြီးလီလည်း ကိုယ်ဝန်ရှိလာခဲ့၏။ ဗေဒင်ဟောဆရာက သခင်မကြီးရွှီ၏ မမွေးရသေးသည့် ကလေးဟာ မိသားစုကို ဒုက္ခပေးမည့် “ကြမ်းတမ်းသော ကံကြမ္မာ” ရှိသည်ဟု ဆိုသည်။ ပြိုင်ဘက်များကို သည်းခံလေ့မရှိသည့် သခင်မကြီးလီက ထိုအချက်ကို အသုံးချကာ သခင်မကြီးရွှီအား အိမ်ပေါ်မှ နှင်ချခဲ့သည်။ သခင်မကြီးရွှီမှာ ချင်းကျိုး ဘိုးဘွားပိုင်အိမ်သို့ အပို့မခံရမီအထိ တံခါးပေါက်တွင် ဒူးထောက်နေခဲ့၏။

အမျိုးသမီး နှစ်ဦးလုံးက သားလေးကိုသာ ဖွားမြင်ခဲ့သည်။ ကုချင်းယန်က ကျန်းမာရေးချို့တဲ့စွာ ကြီးပြင်းလာခဲ့ပြီး မြို့တော်ကို တစ်ခါမှ မသွားဖူးပေ။ သို့ပေသည့် သခင်မကြီးလီ၏သားက သူ့ထက် ပိုနုနယ်ကာ မွေးကတည်းက ထမင်းစေ့ထက် ဆေးများကိုသာ သောက်ခဲ့ရသည်။

ဤသို့သော အခြေအနေမျိုးတွင်ပင် ဖခင်ဖြစ်သူ သခင်ကြီးလီက ချင်းယန်အား အစိုးရစာမေးပွဲအတွက် စာလေ့လာခိုင်းရန် တိုက်တွန်းသည့်စာများကို ပေးပို့လေ့ရှိသည်။

သို့ပေသည့် သခင်မကြီးရွှီကတော့ သူ့ကို ဤသို့သာ ပြောလေ့ရှိသည်။

“မြို့တော်ဆိုတာ အရမ်း အန္တာရယ်များတဲ့နေရာ။ သခင်မကြီးလီကလည်း အရမ်းရက်စက်တာ။ ချင်းကျိုးမှာပဲ သူဌေးသားတစ်ယောက်လို နေတာက ပိုကောင်းသေးတယ်။ အမေ စည်းစိမ်တွေအများကြီး မတောင်းဆိုပါဘူး၊ သားလေး အေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့ပဲ မျှော်လင့်တယ်။”

ကုချင်းယန် သက်ပြင်းချလျက် နိုးထလာခဲ့သည်။

အားလုံးက အလိမ်အညာတွေပဲလား? အဲ့ကြင်နာမှုတွေကသာ တကယ်ဆိုရင် ဘာဖြစ်လို့ သခင်မကြီးရွှီက သူ့ကို အဝတ်အစားတောင် ထုပ်ပိုးခွင့်မပေးဘဲ ရက်ရက်စက်စက် မောင်းထုတ်ရက်ရတာလဲ?

သူ အတွေးများကို ခါထုတ်လိုက်ပြီး စနစ်ကို ဖွင့်လိုက်သည်။

“ Host: ကုချင်းယန် ၊ အသက်: ၁၅ နှစ်၊ အမှတ် : ၂ မှတ်။”

သူ ထထိုင်လိုက်မိသည်။

အမှတ် (၁) မှတ် တိုးလာပြီပဲ။ သူတို့ ပြန်စစ်ကြည့်လိုက်တဲ့ပုံပဲ။ ဒီလိုသာဆိုရင် သူ မြို့တိုင်းကို လျှောက်လည်ပတ်နေရုံနဲ့တင် ကမ္ဘာပေါ်မှာ အချမ်းသာဆုံးအမျိုးသား ဖြစ်လာနိုင်တာပဲ။

“သခင်လေး… အထဲမှာ ရှိလားမသိဘူးရှင့်။ ကျွန်မ ချွေးဟုန်ပါ။”

သူ အဝတ်အစားကို မြန်မြန်လဲဝတ်လိုက်ပြီး တံခါးဖွင့်ပေးလိုက်သည်။ သူ၏ ကိုယ်ပိုင်အစေခံဖြစ်သူ ချွေးဟုန်က နီရဲနေသော မျက်ဝန်းများဖြင့် ရပ်နေ၏။

“သခင်လေး… ဒုက္ခတွေ အများကြီး ခံလိုက်ရပြီ။”

“မငိုပါနဲ့၊ ငါအဆင်ပြေပါတယ်။”

သူ သူ(မ)ကို နှစ်သိမ့်ပေးရင်း အနောက်ဘက်ကို ကြည့်လိုက်သည်။

“မင်းကို အ…အမေ ပို့လိုက်တာလား။”

ချွေးဟုန်က ခေါင်းငိုက်စိုက်ချလိုက်ပြီး:

“ကျွန်မ ကိုယ့်သဘောနဲ့ ကိုယ်လာတာပါ။ သခင်မကြီး မသိပါဘူး။”

ကုချင်းယန် ခါးခါးသီးသီး ပြုံးလိုက်မိသည်။

“ဟုတ်သားပဲ။ ငါက သခင်လေးအစစ်ရဲ့ ဘဝကို ၁၅ နှစ်တိတိ ‘ခိုးယူ’ ခဲ့တာလေ။ သူ(မ) ငါ့ကိုမတွေ့ချင်တာက သဘာဝကျပါတယ်။”

“သူတို့ ဘယ်လိုလုပ် သခင်လေးကို အပြစ်တင်နိုင်ရတာလဲ။”

ချွေးဟုန်က ရှိုက်ကြီးတငင် ငိုကြွေးရင်း ဒေါသတကြီး ပြောလာသည်။

“သခင်လေးက ကလေးပဲ ရှိသေးတာလေ။ အဲ့ဒါက အစေခံတွေနဲ့ လက်သည်ရဲ့ အမှားတွေလေ။ သခင်မကြီးကလည်း အရမ်း ရက်စက်လွန်းပါတယ်၊ သခင်လေးရဲ့ ပစ္စည်းတွေကိုတောင် တစ်ခုမှ ယူသွားခွင့်မပြုဘူး။”

“ငါ့ပစ္စည်းမှ မဟုတ်တာ၊ ငါမယူသင့်ပါဘူး။”

သူက ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း ပြောလိုက်သည်။

“ဒါပေမယ့် သခင်လေး ဘာဆက်လုပ်မှာလဲဟင်။ သခင်လေးက ကျန်းမာရေးမကောင်းဘူးလေ။ သခင်လေး ဆရာဝန်ပင့်ဖို့နဲ့ ဆေးအတွက် ပိုက်ဆံလိုတယ်လေ။ ကျွန်တော်မျိုးမလည်း သခင်လေးနဲ့ သွားလို့ရရင် ကောင်းမှာပဲ၊ ဒါပေမယ့် ကျွန်တော်မျိုးမရဲ့ ကျွန်စာချုပ်က သခင်မကြီးဆီမှာ ရှိနေတာ…”

သူ(မ)က စတင် ငိုကြွေးလာသည်။ ထို့နောက် အစေခံအားလုံးထံမှ စုဆောင်းလာသော ငွေအသပြာ ၅ ပြား ထည့်ထားသည့် လက်ကိုင်ပဝါလေးကို ထုတ်ပေးလာသည်။

ကုချင်းယန်၏ ရင်ထဲ၌ အစိုင်အခဲများ ရှိနေသည့်နှယ် ခံစားလိုက်ရ၏။ ဤကောင်မလေးက ဆင်းရဲသော မိသားစုမှ လာသူပင်။ ချွေးဟုန်က သူ(မ)၏လစာဖြင့် မုဆိုးမဖြစ်သူ မိခင်နှင့် မောင်နှမများကို လုပ်ကျွေးနေရသူဖြစ်သည်။

“ချွေးဟုန်၊ ဒါကို ပြန်သိမ်းထားလိုက်ပါ။ ငါအဲ့လောက်ထိ မဆင်းရဲသေးပါဘူး။”

သူသည် အိပ်ရာအောက်ကို နှိုက်ယောင်ဆောင်ကာ စနစ်ထံမှ ရရှိထားသည့် ‘ငွေသား’ ကို ထုတ်ပြလိုက်သည်။

“တွေ့လား? ငါ့မှာ နည်းလမ်းတွေ ရှိပါတယ်။ ငါ ဇာတိရွာကို ပြန်ဖို့ စီစဉ်ထားတယ်။ မင်းတို့အားလုံးလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြဦး။”

ချွေးဟုန်က မျက်ရည်များကြားမှ ခေါင်းညိတ်ပြလာသည်။

“သခင်လေး… တကယ်လို့ တစ်နေ့နေ့မှာ အခက်အခဲတွေနဲ့ ကြုံလာရင် ကျွန်တော်မျိုးမကို လာရှာလိုက်ပါနော်။”

“ငါက ငါ့ရဲ့ နိုးထိန်းအမေကြီးကိုပဲ စိတ်ပူတာ။”

ကုချင်းယန်က ချွေးဟုန်ကို ဆယ်ပြားတန် ငွေသားတစ်ရွက် ပေးကာ ပြောလိုက်သည်။

“သူ(မ)က အသက်ကြီးပြီး အားနည်းနေပြီ။ သူ(မ)ကို ငါ့အတွက် စောင့်ရှောက်ပေးပါဦး။”

ချွေးဟုန်မှာ သခင်လေး၏ မျက်ဝန်းများနှင့် မဆုံရဲတော့။

“ဘာဖြစ်တာလဲ? နို့ထိန်းအမေကြီး တစ်ခုခု ဖြစ်လို့လား။”

ချွေးဟုန်က ရှိုက်ကြီးငင်ငိုရင်း ပြောလာသည်။

“သခင်မကြီးက သခင်လေးကို ကန်ထုတ်လိုက်တာနဲ့… နို့ထိန်းအမေကြီးကိုလည်း ကန်ထုတ်လိုက်ပါတယ်။”

“ဘာ?!”

ကုချင်းယန် ပင့်သက်ရှိုက်မိသွားရသည်။ သခင်မကြီးရွှီက ဤမျှလောက်ထိ အကြင်နာကင်းမဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment