no

Font
Theme

အခန်း (၂၆) ပထမကမ္ဘာ

ဆုန်ကျူယောင် ကျောင်းကနေ ရုတ်တရက် ထွက်သွားလိမ့်မည်ဟု ကျင်းယွီ လုံးဝမျှော်လင့်မထားခဲ့မိပေ။ ထို့ကြောင့် ဂွမ်းပုံကို လက်သီးနှင့် ထိုးလိုက်ရသလိုမျိုး ဘာမှခရီးမရောက်သည့် ခံစားချက်ကို ကျင်းယွီ ခံစားလိုက်ရသည်။ ဆုန်ကျူယောင်သည် အရာအားလုံးကို ပစ်ချပြီး ဘယ်တော့မှ ပြန်မလာတော့မည့်သူမျိုး ဖြစ်သလောဟုပင် သူ တွေးနေခဲ့သည်။ ကျောင်းအဆောင်မှူးက သူမ၏တိုက်ခန်းသို့ သွားရောက်စစ်ဆေးပြီး သူမ၏ ပစ္စည်းပစ္စယများနှင့် ကြောင်လေးပင် ရှိနေသေးသည်ဟု ပြောလာမှသာ ကျင်းယွီ နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။ အခြေအနေများက သူ မျှော်လင့်ထားသလို မဟုတ်ခဲ့ပေ။ ဆုန်ကျူယောင် ပြန်ရောက်လာပြီး ဤမြင်ကွင်းကို မြင်ရလျှင် ဖြစ်ပေါ်သွားမည့် သူမ မျက်နှာအမူအရာကို တွေးမိရုံနှင့်ပင် သူ ကျေနပ်ပီတိ ဖြစ်နေမိသည်။

သို့သော်လည်း ဆုန်ကျူယောင်သည် ရက်အတော်ကြာသည်အထိ ပြန်မလာသေးသဖြင့် သူ၏ စိတ်ရှည်နိုင်စွမ်းကို စိန်ခေါ်လာသယောင် ရှိနေသောကြောင့် သူမထံသို့ ဖုန်းဆက်ရန် သူ ဆုံးဖြတ်လိုက်တော့သည်။ အမှန်တော့ ဆုန်ကျူယောင်သည် ထိုအချိန် ဒါရိုက်တာ ဖုန်းကျာ၏ အိမ်တွင် ညစာစားနေခြင်း ဖြစ်သည်။ ဖုန်းကျာ၏ ဇနီးသည် သူမကို ချစ်ခင်မြတ်နိုးသဖြင့် အားလပ်ရက်များတွင် ညစာကျွေးရန် ဖုန်းကျာကို အမြဲခေါ်ခိုင်းလေ့ရှိသည်။ သူမသည် ဆုန်ကျူယောင် ကြိုက်တတ်သော ဟင်းလျာများကိုလည်း စားပွဲအပြည့် ပြင်ဆင်ပေးထားခဲ့သည်။

"သမီးက အရမ်းပိန်လွန်းတယ်၊ ဟိုအမျိုးသမီး အနုပညာရှင်တွေထက်တောင် ပိန်သေးတယ်။ လေတိုက်ရင်တောင် လွင့်သွားမယ့်ပုံစံမျိုး ဖြစ်နေပြီ။ သမီး များများစားရမယ်နော်"

"အဲ့လောက်လည်း မဟုတ်ပါဘူး အန်တီရယ်။ သမီးရဲ့ ကြွက်သားထုထည်က ကိုယ်လက်လှုပ်ရှားမှု မလုပ်တဲ့ တခြားအမျိုးသမီးတွေထက်တောင် ပိုမြင့်ပါသေးတယ်" ဆုန်ကျူယောင်က သူမ၏ ထမင်းပန်းကန်လုံးကို ကြည့်ရင်း အားနာနာဖြင့် ပြန်ပြောလိုက်သည်။

ဖုန်းကျာသည် ပုံမှန်ဆိုလျှင် အပြင်မှာ ဗိုလ်ကျစိုးမိုးတတ်သော်လည်း အခုအချိန်တွင်မူ ဘာလုပ်ရမှန်းမသိဘဲ မျက်နှာတစ်ခုလုံး နီမြန်း၍ စားပွဲကိုသာ စိုက်ကြည့်ပြီး စကားတစ်ခွန်းမှ မဟရဲရှာသော သူ့သားဖြစ်သူကို လှမ်းကြည့်လိုက်သည်။ ဖုန်းကျာသည် စိတ်ထဲကနေ အတော်လေး အမြင်ကတ်သွားမိသည်။

တကယ်ကြီးလား။ ဒီကောင်က ကျူယောင့်ကို သဘောကျနေတာလား။ ပြီးတော့ ဒီလိုပုံစံနဲ့ သူ့ကို ပိုးပန်းဖို့ ကြိုးစားနေတယ်ပေါ့လေ။ မင်းက သူ့ကို လိုက်ပိုးပန်းဖို့ရော တန်လို့လား။

သားဖြစ်သူက ခေါင်းမော့အကြည့်တွင် သူ့အဖေ၏ ဝေဖန်ပုတ်ခတ်နေသော အကြည့်များနှင့် ကွက်တိတိုးတော့သည်။

အဖေ??? တကယ်ကြီးလား။ ဒါက ကျွန်တော့် အဖေ အရင်းခေါက်ခေါက်ရော ဟုတ်ရဲ့လား

ထိုစဉ် ဆုန်ကျူယောင်၏ ဖုန်းမြည်လာသဖြင့် သူမ ဖုန်းကို ကောက်ကိုင်လိုက်သည်။ ကျင်းယွီ ဖြစ်နေကြောင်း မြင်လိုက်ရသဖြင့် သူမ ဖုန်းပြောရန် ဝရန်တာဘက်သို့ ထွက်လာခဲ့သည်။

"ဘာကိစ္စပါလဲ"

ကျင်းယွီက ထိုမေးခွန်းကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။

"ဆုန်ကျူယောင်... မင်း ငါ့ကို ရိုက်ခဲ့တဲ့ကိစ္စကို ငါ့ဘက်က ဘာမှမဖြစ်ခဲ့သလိုမျိုး မေ့ပစ်လိုက်မယ်လို့ ထင်မနေနဲ့"

"အဲ့တော့ ဘာဖြစ်လဲ"

"ကျင်းခယ့်အကယ်ဒမီကို ပြန်လာပြီး မင်း မျက်လုံးနဲ့ကိုယ်တိုင် လာကြည့်လိုက်တာ ပိုကောင်းလိမ့်မယ်" ကျင်းယွီသည် စကားပြောပြီးသည်နှင့် ဖုန်းချပစ်လိုက်သည်။ သူသည် ဆုန်ကျူယောင် ပြန်လာပြီး သူ့ကို ဒူးထောက်တောင်းပန်မည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

သူက အရမ်းသဘောကောင်းတဲ့လူ မဟုတ်လား။ အထူးဝင်ခွင့်ရကျောင်းသားတွေအတွက် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တာဆိုတော့ အခုလည်း သူတို့အတွက် ဘယ်လောက်အထိ လုပ်ပေးနိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်။

ဆုန်ကျူယောင်သည် သူမ၏ ဖုန်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

"... ဘာဖြစ်လို့လဲ။ တစ်ခုခု ဖြစ်လို့လား" သခင်လေးဖုန်းက အကဲခတ်ရင်း ထစ်အစွာ လှမ်းမေးရှာသည်။

ဆုန်ကျူယောင်က လှည့်ကြည့်ပြီးနောက် အပြုံးဖြင့် ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး"

ဆုန်ကျူယောင်အနေဖြင့် ကျင်းယွီ၏ ဖုန်းကို လက်ခံရရှိပြီးနောက် ကျင်းခယ့်အကယ်ဒမီသို့ ချက်ချင်း အပြေးအလွှား ပြန်သွားလိမ့်မည်ဟု ကြည့်ရှုသူ ပရိသတ်များက မျှော်လင့်ထားခဲ့ကြသော်လည်း သူမသည် ကျင်းခယ့်အကယ်ဒမီသို့ ပြန်မသွားခဲ့ချေ။ ယင်းအစား သူမသည် မြို့ထဲတွင်သာ ဆက်လက်နေထိုင်ပြီး အစီအစဉ်များတွင် ပါဝင်နေသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ လူအများအပြားက စိုးရိမ်တကြီး ဝေဖန်လာတော့သည်။ သည်းခံစောင့်ဆိုင်းရင်းနှင့် နောက်ဆုံးတွင် ဆုန်ကျူယောင်သည် ကျင်းခယ်အကယ်ဒမီရှိရာ မြို့သို့ ပြန်လာခဲ့သည်။

[အမြန်လုပ်ပါတော့၊ ကလေးတွေ အများကြီးက နင်လာကယ်မှာကို စောင့်နေကြတာဟဲ့!]

[သွားပြီးတော့ ဟိုအမှိုက်နှစ်ကောင် ကျင်းယောင်နဲ့ ကျင်းယွီကို နှိပ်စက်ပစ်လိုက်စမ်းပါ!]

[ဒေါသထွက်လိုက်တာ! ဒေါသထွက်လိုက်တာ! ဒေါသထွက်လိုက်တာ! ဒေါသထွက်လိုက်တာ!]

[ငါ့မှာ လည်ပင်းရှည်အောင် စောင့်ခဲ့ရတာ]

"... အခုလောလောဆယ် ကျင်းခယ့်အကယ်ဒမီကို မသွားဘဲနဲ့၊ နံပါတ်တစ် အထက်တန်းကျောင်းဘက်ကို မောင်းပေးလို့ ရမလား" ဆုန်ကျူယောင်က ကားဆရာကို ရုတ်တရက် ပြောလိုက်သည်။

[???? ဘာလုပ်မလို့လဲ။ ဘာလို့ ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်ရတာလဲ]

[ပြောစရာ စကားတောင်မရှိဘူး။ အချိန်ဆွဲနေတာကို ရပ်လို့မရဘူးလား]

[ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ဆုန်ကျူယောင်ကို တကယ် ဒေါသထွက်မိတယ်။ အထူးဝင်ခွင့်ရကျောင်းသားတွေ ကျောင်းမှာ ဘယ်လိုအခြေအနေ ရောက်နေလဲဆိုတာနဲ့ ကျင်းယွီက ဘယ်လိုလူစားမျိုးလဲဆိုတာကို သူ ကောင်းကောင်းကြီး သိရဲ့သားနဲ့။ ဟိုကျောင်းသားတွေ ဘာတွေကြုံတွေ့နေရမလဲဆိုတာကို သူ ဘာလို့ မတွေးပေးနိုင်ရတာလဲ။ အခုထိ အချိန်ဆွဲပြီး အစီအစဉ်တွေပဲ လိုက်ရိုက်နေတုန်း။ အဲ့ဒါတွေက ဘာကိစ္စ ဒီလောက်အရေးကြီးနေရတာလဲ။ ကျောင်းအုပ်ကြီးဆီ ဖုန်းဆက်ပြီးတောင် မမေးဘူး!]

[ဆုန်ကျူယောင်က အထူးဝင်ခွင့်ရကျောင်းသားတွေကို တကယ် ဂရုစိုက်တာ မဟုတ်ပါဘူး။ အရင်က ကူညီခဲ့တာကလည်း လက်လွတ်စပယ် သဘောမျိုးပဲ လုပ်ခဲ့တာ။ ပြီးရင် တခြားလူတွေရဲ့ သေရေးရှင်ရေးကို သူ ဂရုမစိုက်တော့ဘူး]

[အဲ့လိုဆိုရင်လည်း အစကတည်းက မျက်ကွယ်ပြုထားလိုက်တာ ပိုကောင်းတာပေါ့၊ တခြားလူတွေကို မျှော်လင့်ချက်တွေပေးပြီးမှ စိတ်ပျက်အောင် လုပ်မယ့်အစား။ ကျောင်းသားတွေက သူ့ကို မျှော်လင့်တကြီး စောင့်နေကြတာလေ!]

[အခုကျမှ ဆုန်ကျူယောင်ကို လာပြီး အပြစ်တင် ဝေဖန်နေကြတာလား။ ဒါက ကိုယ်ကျင့်တရားနဲ့ ဓားစာခံလုပ်နေတာ မဟုတ်ဘူးလား။ လူတစ်ယောက်ကို ကူညီကယ်တင်ဖူးရုံနဲ့ တစ်သက်လုံး တာဝန်ယူပေးရမှာလား။ အဲ့ဒါဆိုရင် အစကတည်းက သေတာကိုပဲ ထိုင်ကြည့်နေလိုက်တာပေါ့!]

[ကျောင်းအုပ်ကြီးဆီ ဖုန်းဆက်တော့ရော ဘာထူးမှာလဲ။ သူက ဘယ်လိုလူစားလဲဆိုတာ အရင်တိုက်ရိုက်ထုတ်လွှင့်မှုမှာ မြင်ခဲ့ပြီးပြီ မဟုတ်ဘူးလား]

ဆုန်ကျူယောင်သည် နံပါတ်တစ် အထက်တန်းကျောင်း ရှေ့တွင် ကားပေါ်မှ ဆင်းလိုက်ပြီး၊ ဂိတ်စောင့်ထံသို့ ချဉ်းကပ်ကာ ဖုန်းတစ်ချက် ဆက်ပေးရန် တောင်းဆိုလိုက်သည်။ မကြာမီမှာပင် ဆရာတစ်ယောက်က သူမကို လာရောက်ကြိုဆိုလေသည်။ ထိုဆရာက ဆုန်ကျူယောင်ကို ကျောင်းအုပ်ကြီးရုံးခန်းဆီသို့ ခေါ်ဆောင်သွားသည်။ သူမ အထဲသို့ ဝင်သွားသောအခါ ကျောင်းအုပ်ကြီးက မတ်တတ်ထရပ်ပြီး ပြုံးရွှင်စွာ ဆီးကြိုနှုတ်ဆက်လေသည်။ သူမ၏ ရုတ်တရက် ရောက်ရှိလာမှုကြောင့် သူ အနည်းငယ် အံ့ဩသွားသည်မှာ သိသာသည်။

"ဒေါက်တာဆုန်ရဲ့ နာမည်ကျော်ကြားမှုက တောက်ပလျက်ပါပဲ၊ ကျုပ်ဇနီးကလည်း ဒေါက်တာဆုန်ရဲ့ ပရိသတ်လေ။ ကျုပ်တို့မှာ သားနှစ်ယောက် ရှိပေမယ့် သမီးလေးတစ်ယောက် မမွေးပေးနိုင်လို့ သူက အမြဲတမ်း စိတ်မကောင်းဖြစ်နေတာ..... ဟာ အားနာလိုက်တာ စကားတွေရှည်မိနေတာပဲ" ကျောင်းအုပ်ကြီးသည် မိမိစကားလွန်သွားခြင်းကို သတိပြုမိကာ အနေရခက်စွာ ချောင်းဟန့်လိုက်သည်။

ဆုန်ကျူယောင်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"တကယ်တော့ ကျွန်မ ဒီနေ့ လာတာက အကူအညီတစ်ခု တောင်းချင်လို့ပါ"

"ဟင်?"

"နံပါတ်တစ်အထက်တန်းကျောင်းကနေ ကျောင်းသားတစ်စု လက်ခံပေးဖို့ တောင်းဆိုချင်လို့ပါ"

သူမသည် ကျင်းခယ့်အကယ်ဒမီမှ အထူးဝင်ခွင့်ရကျောင်းသားများ၏ အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ကျင်းခယ့်အကယ်ဒမီသို့ တက်ရောက်ခွင့်ရသော ကျောင်းသားများအားလုံးသည် ထူးချွန်ထက်မြက်သူများ ဖြစ်ကြသဖြင့်၊ နံပါတ်တစ်အထက်တန်းကျောင်းအနေဖြင့်လည်း စာတော်သောကျောင်းသားကောင်းများကို လက်ခံရန် ဆန္ဒရှိပေသည်။ အဆုံးသတ်တွင် ကျောင်းသားကောင်းများရှိနေခြင်းက ကျောင်း၏ အောင်ချက်ရာခိုင်နှုန်းကို ပိုမိုမြင့်မားစေမည်ဖြစ်ရာ ကျောင်းအတွက် အကျိုးရှိပေလိမ့်မည်။ သို့သော်လည်း ကျင်းခယ့်အကယ်ဒမီမှ အထူးဝင်ခွင့်ရကျောင်းသားများသည် ပထမနှစ်မှ တတိယနှစ်အထိ စုစုပေါင်း လူတစ်ရာကျော် ရှိနေသည်။ အကယ်၍ ကျောင်းသားတစ်ရာကျော်ကို ရုတ်တရက် ပြောင်းရွှေ့လက်ခံရမည်ဆိုပါက၊ ထိုကျောင်းသားအများစုမှာ ငွေကြေးအကူအညီ လိုအပ်နေသူများဖြစ်သဖြင့် ကျောင်းအတွက် ကြီးမားသော စိန်ခေါ်မှုနှင့် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်ပေသည်။

ထိုစဉ် ဆုန်ကျူယောင်က ချက်လက်မှတ်တစ်ခု ထုတ်ယူပြီး ပြောလိုက်သည်။

"ဒီကျောင်းသားတွေရဲ့ ပညာသင်ဆုနဲ့ အထွေထွေကုန်ကျစရိတ်အားလုံးကို ကျွန်မဘက်က အပြည့်အဝ တာဝန်ယူပါ့မယ်။ သူတို့ထဲက တချို့မှာ ထူးခြားတဲ့ အခြေအနေတွေ ရှိနေလို့ အထူးဂရုစိုက်ပေးဖို့ လိုအပ်လို့ပါ။ ဒါတင်မကဘဲ နံပါတ်တစ် အထက်တန်းကျောင်းမှာ စာတော်ပေမယ့် မိသားစုအခြေအနေကြောင့် ပညာဆက်မသင်နိုင်တော့တဲ့ ကျောင်းသားတွေကိုလည်း ကျွန်မဘက်က ကူညီပေးချင်ပါတယ်"

ကျောင်းအုပ်ကြီး အလွန်အံ့ဩမှင်သက်သွားသည်။

"ဒါ... သူတို့ကို ဒီအတိုင်းအတာအထိ ကူညီပေးမလို့လား။ ဒါက နည်းတဲ့ ငွေပမာဏ မဟုတ်ဘူးလေ"

ဆုန်ကျူယောင်က ခေါင်းလေးစောင်းကာ ပြုံးလိုက်သည်။

"ဒီလောက် ထူးချွန်တဲ့ ကလေးတွေရဲ့ အနာဂတ်က ဒီငွေကြေးတွေထက် အဆပေါင်းများစွာ ပိုပြီး တန်ဖိုးရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်"

[အား....!!! ဒီချက်လက်မှတ်ပေါ်က ငွေပမာဏက ဆုန်ကျူယောင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မရပ်မနား ရိုက်ခဲ့တဲ့ တီဗီအစီအစဉ်တွေကနေ ရခဲ့တဲ့ အနုပညာကြေးအားလုံးနဲ့ ကွက်တိပဲ!]

[အိုး... ဘုရားရေ! သူ အစကတည်းက ဒါကို ကြိုတင်စီစဉ်ထားတာပေါ့လေ ဟုတ်လား။ ဒါကြောင့်မို့လို့ ဒီရက်ပိုင်းတွေမှာ တီဗီအစီအစဉ်တွေကို မနားတမ်း လိုက်ရိုက်ပြီး အလုပ်ရှုပ်နေခဲ့တာကိုး!]

[သူက အထူးဝင်ခွင့်ရကျောင်းသား အားလုံးကို ကူညီဖို့ စီစဉ်နေတာလား။ အိုး... ဘုရားရေ]

[သမီးလေးက သူတို့နဲ့ အသက်တူတူပဲ ရှိသေးတာလေ၊ သမီးကိုယ်တိုင်လည်း ကလေးပဲ ရှိသေးတာကို!]

[ဆုန်ကျူယောင်က အရမ်း ကြင်နာတတ်တာပဲ။ လျို့ယန်တို့ အုပ်စုက သူ့ငွေတွေကို အကုန်ယူသွားခဲ့တာဆိုတော့ သူက အကန့်အသတ်မရှိ ချမ်းသာနေတဲ့လူ မဟုတ်ဘဲနဲ့ ဒီလို လိုက်ကူညီနေတာ...]

[စောစောက သူ့ကို အပြစ်တင်ဆဲဆိုခဲ့တဲ့ လူတွေရဲ့ မျက်နှာတွေရော အခု နာနေကြပြီလား]

[အစကတော့ အလွန်ဆုံးရှိလှ ကျင်းယွီကို စိတ်ပြောင်းအောင် သွားပြောလိမ့်မယ်လို့ပဲ ငါ ထင်ထားတာ၊ ဒါပေမယ့် အထူးဝင်ခွင့်ရကျောင်းသားအားလုံးကို ကျောင်းပြောင်းပေးဖို့အထိ စီစဉ်ထားလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့ဘူး။ သူက တကယ် အံ့ဩဖို့ကောင်းပြီး လေးစားဖို့ ကောင်းလွန်းပါတယ်!]

ဆုန်ကျူယောင်၏ လုပ်ရပ်သည် နံပါတ်တစ်အထက်တန်းကျောင်းအုပ်ကြီး၏ စိတ်နှလုံးကို အလွန် ထိရှသွားစေခဲ့သဖြင့်၊ သူသည် ကျင်းခယ့်အကယ်ဒမီမှ အထူးဝင်ခွင့်ရကျောင်းသားအားလုံးကို ချက်ချင်း လက်ခံရန် ဆုံးဖြတ်လိုက်တော့သည်။ ကျိုးရှုချန်းတစ်ယောက် ထိုင်ခုံဆီ သွားရန် ပြင်လိုက်စဉ် ဘေးဘက်မှ ခြေထောက်တစ်ဖက်က ရုတ်တရက် ကန်ချလာသဖြင့် သူ၏စာသင်ခုံ လဲကျသွားရသည်။ ကျိုးရှုချန်းသည် သူ၏လွယ်အိတ်ကြိုးကို တင်းတင်းဆုပ်ကိုင်ရင်း ခုံကို ကန်လိုက်သည့် ကျောင်းသားကို စိုက်ကြည့်လိုက်သည်။

"ဒီငတုံးကောင်... မင်း ကျောင်းထုတ်ခံလိုက်ရပြီဆိုတာ နားမလည်ဘူးလား။ မြန်မြန် ထွက်သွားစမ်းပါ၊ ဒီမှာ ဘာကိစ္စ ဆက်နေချင်နေရတာလဲ"

ကျိုးရှုချန်းသည် ဘာမှပြန်မပြောဘဲ လဲကျနေသော စာသင်ခုံကို ပြန်ထူရန် ငုံ့လိုက်သည်။ သို့သော် ထိုသို့ပြုလုပ်နေစဉ်မှာပင် အနောက်မှ ကန်ကျောက်ခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ လိမ့်ကျသွားလေသည်။ သူ့ပတ်ဝန်းကျင်တွင် လှောင်ပြောင်သရော်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။

"ငါ သဘောပေါက်ပြီ၊ မင်းတို့ အထူးဝင်ခွင့်ရကျောင်းသားတွေက ဆုန်ကျူယောင် ပြန်လာပြီး ဒီကျောင်းမှာ ဆက်နေနိုင်အောင် ကူညီပေးလိမ့်မယ်လို့ မျှော်လင့်နေကြတုန်းပဲ မလား။ ဟားဟားဟား..."

လှောင်ရယ်သံများက ပို၍ ကျယ်လောင်လာသည်။

"မင်းတို့ အထူးဝင်ခွင့်ရကျောင်းသားတွေ ဂရုထဲမှာ ဘာတွေတင်နေကြလဲဆိုတာ ကြည့်ရအောင်။ 'စီနီယာအစ်မ ဆုန်ကျူယောင် ပြန်လာမှာကို စောင့်ကြမယ်'၊ 'အခြေအနေတွေ သေချာပေါက် ပိုကောင်းလာမှာပါ၊ စီနီယာအစ်မဆုန်က ငါတို့ကို ကူညီမှာပါ'၊ 'အရှုံးမပေးနဲ့၊ ကြိုးစားထားကြ၊ စီနီယာအစ်မဆုန်က ငါတို့အတွက် တရားမျှတမှု ရှာပေးလိမ့်မယ်'.....ဟားဟားဟား"

ထိုလူသည် ရွံရှာဖွယ်ကောင်းသော လှောင်ပြောင်သည့် လေသံဖြင့် အထူးဝင်ခွင့်ရကျောင်းသားများ ပေးပို့ထားသော စာတိုများကို အသံထွက်ဖတ်ပြပြီးနောက် တဟားဟား အော်ရယ်တော့သည်။

"မင်းတို့က ဆုန်ကျူယောင်ကို ဘာကောင်ကြီးလို့ ထင်နေတာလဲ။ သူက ဥက္ကဋ္ဌကျင်းယွီရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲအောင် လုပ်နိုင်လို့လား။ မင်းတို့အားလုံး ဘာတွေတွေးနေကြတာလဲ။ ဒါနဲ့ စကားမစပ်၊ ငါ မင်းတို့ကို တစ်ခုပြောပြရဦးမယ်၊ ဆုန်ကျူယောင်က ပြန်လာတော့မှာ မဟုတ်ဘူး"

ဘာ?!

ကျိုးရှုချန်းသည် ထိုကျောင်းသားကို အလန့်တကြား မော့ကြည့်ပြီး မေးလိုက်သည်။

"မင်း ဘာပြောလိုက်တယ်?"

ထိုကျောင်းသားက သတင်းအမှားပြုလုပ်ကာ လျှောက်ပြောတော့သည်။

"ငါတို့ သတင်းရထားပြီးပြီ။ ဆုန်ကျူယောင်က သူ့အိုလံပစ်အဖွဲ့ဝင်တွေရှိတဲ့ တော်ဝင်မြို့တော်ကို ထွက်သွားတာ ကြာလှပြီ။ မင်းတို့က ကိုယ်ကိုယ်ကို ဘာကောင်တွေလို့ ထင်နေတာလဲ။ မင်းတို့က သူ့အလုပ်တွေနဲ့ ယှဉ်လို့ရမှာမို့လို့လား"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment