no

Font
Theme

အခန်း (၂၀) ပထမကမ္ဘာ

တိုက်ရိုက်ထုတ်လွှင့်မှုရှိ စကားပြောခန်းတစ်ခုလုံး ပေါက်ကွဲထွက်မတတ် ဖြစ်သွားလေသည်။

[ချီးပဲ... ထုတ်လုပ်ရေးအဖွဲ့က ဆုန်ကျူယောင် အတွက် စီစဉ်ထားတဲ့ နောက်ခံဇာတ်ကြောင်းက ရွံစရာကောင်းလွန်းတယ်!]

[ငါ တကယ်ငိုချင်လာပြီ၊ ဆုန်ကျူယောင်က သနားစရာလေးပါ၊ ဘာလို့အောက်တန်းကျတဲ့ လူတွေနဲ့ တွေ့နေရတာလဲ]

[လျို့ယန်၊ နင် အခုချက်ချင်း ပျောက်ကွယ်သွားလိုက်တော့! အမြန်ဆုံး သေပေးပါတော့!]

[ထုတ်လုပ်ရေးအဖွဲ့ရဲ့ မလိုတမာစိတ်ကို ငါ အပြည့်အဝ ခံစားနေရတယ်။ ဆုန်ကျူယောင် ဒီလိုပတ်ဝန်းကျင်မျိုးမှာ အခုလို အောင်မြင်လာဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ငါတကယ် ငိုချင်လာပြီ]

[ဒေါသထွက်လွန်းလို့ လူသတ်ချင်စိတ်တောင် ပေါက်လာတယ်။ ဒါက ဘာကြီးလဲ။ သူတို့က ဆုန်ကျူယောင်ကိုတောင် ရောင်းစားချင်နေကြတာလား။ နင်တို့က ဘယ်သူမို့လို့လဲ၊ နင်တို့မှာ အဲဒီလိုလုပ်ပိုင်ခွင့် ဘာရှိလို့လဲ]

အမှန်တကယ်တွင် ဤအရာများသည် အစီအစဉ်အဖွဲ့၏ ပုံမှန်လှည့်ကွက်များသာ ဖြစ်သည်။ ပရိသတ်များသည် ယခင်ကလည်း ထိုကဲ့သို့ ရွံရှာဖွယ်ကောင်းပြီး အစွန်းရောက်သည့် လူများကို မြင်ဖူးကြသော်လည်း ထိုစဉ်က ယခုလောက် ဒေါသမထွက်ခဲ့ကြပေ။ အဆုံးတွင်မူ ဤသည်မှာ နောက်ကြောင်းပြန်သည့် နည်းစနစ်ကြောင့်ပင်။ ပရိသတ်များသည် ဆုန်ကျူယောင်၏ ဆွဲဆောင်မှုရှိပြီး ချစ်စဖွယ်ကောင်းသော ပုံရိပ်ကို အရင်မြင်တွေ့ခဲ့ရကာ သူမ၏ အောင်မြင်မှုများကို သိရှိထားပြီး သူမအပေါ် အကောင်းမြင်စိတ်များ ရှိနေခဲ့ကြသည်။ သို့သော် ဇာတ်လမ်းသည် အမှောင်ဘက်သို့ ကူးပြောင်းသွားသည့်အခါ ပရိသတ်များအတွက် လက်ခံရန် ပို၍ ခက်ခဲသွားခြင်းဖြစ်သည်။ ဆုန်ကျူယောင်သည် ထိုကဲ့သို့ ခါးသီးသော ပတ်ဝန်းကျင်တွင်ပင် လူကောင်းတစ်ယောက် ဖြစ်နေနိုင်ခြင်းအပေါ် ၎င်းတို့ စိတ်မကောင်းဖြစ်ရသလို၊ သူမကိုယ်စားလည်း မခံမရပ်နိုင် ဖြစ်ကြရသည်။ ဆုန်ကျူယောင်ကို မုန်းတီးသူများပင် မျက်မှောင်ကြုတ်ကာ မသက်မသာဖြစ်လာရသည်။

တစ်နည်းအားဖြင့် ဆိုရသော် ၎င်းတို့သည် တရားခံ၏ တုံ့ပြန်မှုကိုသာ အာရုံစိုက် စောင့်ကြည့်ရမည် ဖြစ်သော်လည်း၊ ယခုအခါ လူတို့၏ အာရုံစိုက်မှု ဤ NPC များ မည်မျှ ယုတ်မာရိုင်းစိုင်းကြောင်းဆီသို့ ရောက်ရှိသွားခဲ့သည်။ ထျန်းရှန်သည် ဤအခြေအနေကို ကြည့်ပြီး ရင်ထဲတွင် မကောင်းသော နိမိတ်များ ခံစားလိုက်ရသည်။ သို့သော် ဤအခြေအနေအထိ ရောက်လာပြီဖြစ်သဖြင့် သူကိုယ်သူ ပြန်နှစ်သိမ့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။ နောက်ဆုံးအချိန်တွင် ဘယ်လို အလှည့်အပြောင်းများ ရှိလာဦးမည်ကို မည်သူသိနိုင်မည်နည်း။ ဇာတ်လမ်း ဆက်လက် ပြသနေခဲ့ရာ၊ ဦးနှောက်မရှိသော လျို့ယန်သည် ဆုန်ကျူယောင် အိပ်ပျော်နေစဉ် မနက်စောစော၌ ဟိုတယ်မှ ခိုးထွက်ကာ သူမ၏ ဇာတိမြေသို့ အရင်ပြန်သွားခဲ့သည်။ ခဏအကြာတွင် ဆုန်ကျူယောင် နိုးလာပြီး လျို့ယန်ကို ရှာမတွေ့တော့ပေ။ ဖုန်းခေါ်သော်လည်း မည်သူမျှ မဖြေကြားသဖြင့်၊ သူမသည် အပစ်ပယ်ခံထားရသော ကလေးငယ်တစ်ယောက်ကဲ့သို့ အားကိုးရာမဲ့သည့် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို လိုက်ရှာနေခဲ့သည်။

လျို့ယန် လေယာဉ်ပေါ်မှ ဆင်းပြီး လျို့ကော်ချင်း လာကြိုပြီးမှသာ ဆုန်ကျူယောင်ဘက်မှ ဖုန်းလက်ခံရရှိခဲ့သည်။

"အမေ"

သို့သော် တစ်ဖက်မှ ကြားလိုက်ရသော အသံကြောင့် သူမ၏ သွေးများ အေးခဲသွားသလို ခံစားလိုက်ရသည်။

လျို့ကော်ချင်း: "မင်းအမေက လေယာဉ်ပေါ်က ဆင်းလာတာ ပင်ပန်းနေပြီ၊ မင်းနဲ့ စကားမပြောချင်ဘူးတဲ့"

ချက်ချင်းပင် ဆုန်ကျူယောင်က သတိကြီးစွာဖြင့် အော်ဟစ်လိုက်သည်။

"အမေ့ကို ချန်မိသားစုက ဒုတိယသားနဲ့ လက်ထပ်ပေးဖို့ မကြိုးစားနဲ့နော်။ သူက အိမ်တွင်းအကြမ်းဖက်တတ်တဲ့လူ၊ အမေ့ကို နှိပ်စက်ကြလိမ့်မယ်!"

"ဒါတွေကို တွေ့မှ ဆွေးနွေးကြတာပေါ့။ မင်းပစ္စည်းတွေကို ထုပ်ပိုးပြီး အမြန်ပြန်လာခဲ့။ မဟုတ်ရင် အိမ်က ထွက်ပြေးသွားတယ်လို့ ရဲတိုင်ပြီး ဖမ်းခေါ်ခိုင်းလိုက်မယ်"

လျို့ယန်အတွက်ကြောင့်ဖြစ်စေ၊ သူမကိုယ်တိုင်က ကလေးတစ်ယောက်ဖြစ်ပြီး အုပ်ထိန်းသူနှင့် ခွဲခွာ၍ မရသေးသောကြောင့်ဖြစ်စေ၊ ဆုန်ကျူယောင်သည် ပြန်သွားရန်မှတစ်ပါး အခြားမရှိတော့ပေ။

[ပြန်မသွားနဲ့!!]

[ငါ့ရင်ထဲ အရမ်းအေးစက်နေပြီ၊ ပြန်ကြည့်ဖို့တောင် သတ္တိမရှိတော့ဘူး]

[သူတို့တွေ ဆုန်ကျူယောင်ကို တကယ် ရောင်းစားလိုက်တာလား။ ဒါဆို သူ ဘယ်လို ပြန်လွတ်လာတာလဲ]

[ငါ အခုမှ နားလည်တော့တယ်။ ဆုန်ကျူယောင် ပြန်ရောက်သွားတဲ့အခါ လျို့ကော်ချင်းက လျို့ယန်ကို အသုံးချပြီး သူ အရွယ်မရောက်ခင် ငွေတွေကို ခြိမ်းခြောက်ယူမှာ။ ဒါကြောင့်လည်း ဆုန်ကျူယောင်က အသက် ၁၈ နှစ် ပြည့်တာနဲ့ ဘဏ်ကတ်ကို ဖျက်ပစ်ပြီး အိမ်ထောင်စုစာရင်း ပြောင်းပစ်ခဲ့တာကိုး!]

သို့သော် လက်တွေ့သည် ၎င်းတို့ ခန့်မှန်းထားသည်ထက် ပို၍ အန္တရာယ်များနေခဲ့သည်။ လျို့ကော်ချင်းသည် ကနဦးတွင် ထိုကဲ့သို့ မစီစဉ်ခဲ့ဘဲ၊ ဆုန်ကျူယောင် ပြန်ရောက်သည်နှင့် သူမကို ပိတ်လှောင်ထားလိုက်သည်။ လျို့ယန်သည် သူမနှင့် စကားတစ်ခွန်းပင် ပြောခွင့်မရလိုက်ဘဲ လျို့ကော်ချင်း၏ အော်ငေါက်မှုကြောင့် ပါးစပ်ပိတ်သွားရသည်။ ဆုန်ကျူယောင်က အခန်းထဲမှ မည်မျှအော်ဟစ်နေပါစေ၊ အရာမထင်ခဲ့ပေ။ ကြည့်ရှုသူများ အလွန် ဒေါသထွက်လာသဖြင့် လျို့ယန်ကို ကာကွယ်ပေးသူ မှန်သမျှအား တိုက်ခိုက်သည်အထိ ပြင်းထန်လာခဲ့သည်။

ဒါက အမေတစ်ယောက် လုပ်သင့်တဲ့ အလုပ်လား။ ဒီလို အမေမျိုးရှိတဲ့ ကလေးတွေက တကယ် ကံဆိုးတာပဲ။

အချို့ဆိုလျှင် ၎င်းတို့သာ ဆုန်ကျူယောင် နေရာတွင်ဆိုရင် ဓားတစ်ချောင်းယူပြီး လျို့ယန်ကို ထိုးသတ်မိလိမ့်မည်ဟု ဆိုကြသည်။ ၎င်တို့သည် ဆုန်ကျူယောင်အပေါ် စိတ်ပျက်လာကြသည်။

[ဘာလို့ ဒီလောက်တောင် နားမလည်နိုင်ရသေးတာလဲ။ လျို့ယန်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို မမြင်နိုင်ဘူးလား။ တကယ် ဒေါသထွက်ဖို့ကောင်းလိုက်တာ!]

ဆုန်ကျူယောင်သည် အချုပ်ခံထားရစဉ် သူမ၏ ဖုန်းသည်လည်း သိမ်းဆည်းခြင်း ခံလိုက်ရပြီး သူမ၏ ဘဏ်ကတ်ကိုလည်း လျို့ကော်ချင်းက ရှာတွေ့သွားသည်။ သို့သော် လျို့ယန်က လျှို့ဝှက်နံပါတ်ကို မသိပေ။ ဆုန်ကျူယောင်သည် ငယ်ရွယ်သေးသဖြင့် မှတ်ပုံတင် မရှိသေးသောကြောင့် ဘဏ်ကတ်ကို လျို့ယန်၏ မှတ်ပုံတင်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ လျို့ကော်ချင်းသည် လျို့ယန်ကို ဆုန်ကျူယောင်​၏ ငွေပမာဏကို ကြည့်ပြီး သူမအတွက် စံအိမ်ကြီးတစ်လုံး ဆောက်ပေးမည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဘဏ်သို့ ခေါ်သွားကာ လျှို့ဝှက်နံပါတ်ကို ပြောင်းလဲပစ်လိုက်သည်။ ဘဏ်စာရင်းထဲက ဂဏန်းများကို မြင်လိုက်ရသည့်အခါ လျို့ကော်ချင်း​၏ မျက်လုံးများလောဘဇောဖြင့် ပြူးထွက်သွားသည်။

"ဒီကာင်မစုတ်လေး အဲ့လောက်တော်လိမ့်မယ်လို့ ငါမထင်ထားဘူး။ သူက သူ့ဦးလေးဖြစ်တဲ့ ငါနဲ့ တူတာနေကို၊ ငါ့တူမလေးက ငါနဲ့တူတာပဲ"

ကံကောင်းထောက်မစွာဖြင့် ၎င်းတို့သည် လျို့ယန်ကို လှည့်စားပြီး ပြန်ခေါ်လာနိုင်ခဲ့သည်။ မဟုတ်လျှင် ဆုန်ကျူယောင်၏ ပါးနပ်မှုနှင့်ဆိုလျှင် ၎င်းတို့အားလုံး တစ်ပြားတစ်ချပ်မှ ရလိမ့်မည်မဟုတ်ပေ။ မောင်နှမတစ်သိုက်သည် လျို့ယန် မရှိခင် ညအချိန်၌ စုဝေးကာ အရက်သောက်ပြီး အောင်ပွဲခံလိုက်ကြသည်။ သို့သော် မကြာမီပင် ဆုန်ကျူယောင်ဆီမှ ရမည့်ငွေများကို မည်သို့ခွဲဝေမည်ဆိုသည့် အငြင်းပွားမှုများ ရှိလာကြသည်။

"အစ်ကိုကြီးက လျို့ယန်ကို ပြန်ခေါ်လာနိုင်တဲ့သူဆိုတော့ အများဆုံး ရသင့်တယ်။ ဒါပေမယ့် တတိယညီ၊ မင်းက ဘာလို့ ငါနဲ့ ညီတူမျှတူ ခွဲချင်နေရတာလဲ"

"အနည်းဆုံးတော့ ကျွန်တော်က လေယာဉ်ကွင်းကို ကားမောင်းပြီး သွားကြိုပေးခဲ့တာလေ။ ဒုတိယအစ်ကိုက ဘာလုပ်ပေးလို့လဲ၊ ကျွန်တော့်ထက် နှစ်ရက်စောရောက်ပြီး ပါးစပ်လေး လှုပ်ရုံပဲ မဟုတ်လား" တတိယညီက ပြန်ပြောလိုက်သည်။

"အစ်ကိုကြီး၊ ကျွန်တော့်အိမ်က အခုထိ မပြင်ရသေးဘူး။ ညဘက်ဆို လေတိုးလို့ အိပ်လို့တောင် မရဘူး..."

"အစ်ကိုကြီး၊ ကျွန်တော့်မိန်းမက အခုမှ ကိုယ်ဝန်ရှိခါစ..."

လျို့ကော်ချင်းသည် သူ၏ ညီအစ်ကို မောင်နှမများ၏ မြှောက်ပင့်မှုကို သာယာနေပြီး၊ ဆုန်ကျူယောင်ဆီမှ ရလာသော ငွေများကို ကိုင်ကာ ဆေးလိပ်သောက်နေသည်။ ထိုငွေများကို သူကိုယ်တိုင်ပိုင်ဆိုင်ထားသကဲ့သို့ ယုံကြည်မှုအပြည့် ရှိနေသည်။ ထို့ကြောင့် ချက်ချင်း ဆုံးဖြတ်ချက် မချသေးဘဲ သူ​၏အတွေးများကို ပြောင်းလိုက်သည်။

"ငါ သေချာစဉ်းစားပြီးပြီ။ ချန်မိသားစုပေးတဲ့ ငွေတစ်သိန်းက နည်းလွန်းတယ်။ အခုခေတ် ဦးနှောက်ကောင်းတာက အရာရာပဲ။ ချန်မိသားစုက ငွေတစ်သိန်းတည်းနဲ့ သူတို့ရဲ့ မျိုးရိုးဗီဇကို မြှင့်တင်ချင်နေတာလား။ မဖြစ်နိုင်တာ! အနည်းဆုံး နှစ်ဆပေးရမယ်"

ကျန်လူများသည်လည်း ထိုစကားကို အဓိပ္ပာယ်ရှိသည်ဟု ထင်မှတ်ကြသည်။ ပရိသတ်များက ထိုမိသားစု၏ အရှက်မဲ့မှုကို ဒေါသတကြီး စောင့်ကြည့်နေစဉ်၊ ဆုန်ကျူယောင်သည် လျို့ယန်ကို လှမ်းမခေါ်တော့ဘဲ မျက်ရည်များကို သုတ်လိုက်သည်။ သူမ၏ မျက်လုံးများသည် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ ပြောင်းလဲသွားသည်။

"ဝမ်းကွဲအစ်ကို၊ အစ်ကို့အဖေကို သွားခေါ်ပေးပါ" ဆုန်ကျူယောင်က ပြောလိုက်သည်။

"ဦးလေးနဲ့ ဆွေးနွေးစရာ ရှိလို့"

တံခါးဝတွင် စောင့်နေသော ဝမ်းကွဲအစ်ကိုသည် ဆုန်ကျူယောင် ငိုနေစဉ်က ဖုန်းကစားနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု သူမ၏ လေသံကို ကြားလိုက်ရသောအခါ သူ အနည်းငယ် ဂဏာမငြိမ် ဖြစ်သွားသည်။ ခေတ္တစဉ်းစားပြီးနောက် လျို့ကော်ချင်းကို သွားခေါ်ရန် သူ ဆုံးဖြတ်လိုက်သည်။

[သူ လျို့ယန်ကို ရောင်းစားတော့မှာလား]

[ကျေးဇူးပြုပြီး လျို့ယန်ကိုသာ ရောင်းစားလိုက်ပါတော့!]

[လျို့ယန်လို လူမျိုးက တကယ် သေသင့်တဲ့လူ။ သူ့ကို ချန်လောင်အာဆီ ရောင်းစားလိုက်ပြီး နှိပ်စက်ခံရအောင် ထားခဲ့လိုက်!]

အင်တာနက်အသုံးပြုသူများသည် ဒေါသထွက်နေကြသော်လည်း၊ အကယ်၍ ဆုန်ကျူယောင်သာ ထိုသို့ အမှန်တကယ် ပြုလုပ်ခဲ့လျှင် သူမသည် သွေးအေးပြီး ရက်စက်သူတစ်ဦးဟု တစ်ဖန် ထင်မှတ်ကြပေဦးမည်။ သို့သော် ဆုန်ကျူယောင်က ထိုအရာကို မသိဘဲ နေမည်လော၊ သူမသည် အစကတည်းက သိထားပြီးသားဖြစ်သည်။ သူမသည် မျက်ရည်များကို လက်နှင့် သုတ်လိုက်သော်လည်း၊ စိတ်ထဲတွင်မူ ပျော်ရွှင်စွာ ရယ်မောနေခဲ့သည်။ ထိုရွံရှာဖွယ်ကောင်းသော လျို့ယန်ကို ဖယ်ရှားပစ်ရန် သူမအနေဖြင့် အားစိုက်ထုတ်ရဦးပေလိမ့်မည်။ လျို့ယန်သည် အစီအစဉ်အဖွဲ့က စီစဉ်ထားသော သံခြေကျင်းတစ်ခုဖြစ်သည့်အလျှောက် အလွန်စိတ်ပျက်ဖွယ်ကောင်းလှသည်။

ယခုအခါ သူမသည် ထိုသံခြေကျင်းများမှ လွတ်မြောက်လိုသလို၊ ဤယုတ်မာသော ကမ္ဘာကြီးကိုလည်း ချေမှုန်းပစ်ချင်သည်။ လျို့ကော်ချင်း ရောက်လာခဲ့ပြီး၊ ကျန်သည့် လျို့မိသားစုဝင်များလည်း လိုက်ပါလာကြသည်။ ပိန်ပါးသော ကလေးမလေးသည် ယုတ်ညံ့၍ အကျည်းတန်လှသော လူကြီးအုပ်စု၏ အရှေ့တွင် ရပ်နေသည်။ သူမသည် အားနည်းပုံပေါ်သော်လည်း ခေါင်းကို မော့ထားလေသည်။ သူမ၏ ခေါင်းမာမှုနှင့် ရင့်ကျက်မှုသည် လူတိုင်းကို စိတ်မကောင်းဖြစ်စေသည်။

"ဘဏ်ကတ်ထဲမှာ ငွေလေးသိန်းပဲ ရှိတာ၊ ဒါနဲ့ လောက်မယ်လို့ ထင်နေတာလား" ကလေးမလေးက ပြောလိုက်သည်။

"သမီး ဒီကို မလာခင် 'အောင်နိုင်သူ ကျွန်ုပ်' အစီအစဉ်ရဲ့ နောက်အပိုင်းတွေအတွက် စာချုပ်ချုပ်ခဲ့ပြီးပြီ။ အခွန်ဆောင်ပြီးရင်တောင် အပိုင်းတစ်ပိုင်းရဲ့ အနုပညာကြေးက ၁.၅ သန်း ရှိတယ်။ သမီး နောက်ဆုံးအပိုင်းအထိ ပြိုင်နိုင်မယ်လို့ အာမခံတယ်။ နောက်ဆုံး သမီးဆီမှာ ငွေဘယ်လောက် ရှိလာမလဲဆိုတာ တွက်ကြည့်ကြပေါ့"

ဆုန်ကျူယောင်က ငွေ ၁.၅ သန်းဟု ပြောလိုက်သောအခါ လူတိုင်း၏ မျက်လုံးများ ပြူးထွက်ကုန်ကြသည်။ သာမန် ကျေးလက်တောရွာက လူများဖြစ်သဖြင့် ဆုန်ကျူယောင်သည် သူမ ပါဝင်ခဲ့သော နောက်ဆုံးအစီအစဉ်မှ ဤမျှ ငွေအမြောက်အမြား ရနိုင်လိမ့်မည်ဟု ၎င်းတို့ လုံးဝ မထင်ထားခဲ့ကြပေ။

"ပြီးတော့ စူပါဦးနှောက်နဲ့ အင်ပါယာစကားပုံများလို အစီအစဉ်တွေကလည်း သမီးကို ဆက်သွယ်နေကြတယ်။ ကျင်းခယ့်အကယ်ဒမီလို့ခေါ်တဲ့ နာမည်ကြီးကျောင်းကတောင် သမီးသာ သူတို့ကျောင်းမှာ တက်မယ်ဆိုရင် ကျောင်းဝင်ကြေးအနေနဲ့ ဆုကြေးငွေ ၅ သိန်း ပေးမယ်လို့ ကတိပေးထားတယ်"

လျို့ကော်ချင်း ဦးဆောင်သော လူအုပ်စုသည် လောဘဇောများ တက်လာပြီး၊ ထိုငွေများ လက်တစ်ကမ်းတွင် ရောက်ရှိနေသကဲ့သို့ ခံစားနေရသည်။ ၎င်းတို့၏ ဘဝတွင် ဤမျှများပြားသော ငွေပမာဏကို မမြင်ဖူးသလို၊ ထိုငွေများကို အားစိုက်စရာမလိုဘဲ ရရှိတော့မည် ဖြစ်သည်။

သူ့ကို ရောင်းစားမလို့တဲ့လား။ ၂ သိန်းလောက်နဲ့လေ။

ဆုန်ကျူယောင် ပြောလိုက်သည့် ကိန်းဂဏန်းများကို ကြားပြီးနောက် ၂ သိန်းဆိုသည် ၎င်းတို့အတွက် လှည့်ကြည့်ရန်ပင် မထိုက်တန်တော့ပေ။ လျို့ကော်ချင်းသည် စိတ်လှုပ်ရှားနေသော ညီအစ်ကို မောင်နှမများကို တားဆီးလိုက်ပြီး ဆုန်ကျူယောင်ကို ပြောလိုက်သည်။

"မင်း တကယ်ပဲ အဲဒီငွေတွေအားလုံး ငါတို့ကို ပေးမှာလား"

"အားလုံး ပေးမယ်၊ ဒါပေမယ့် တောင်းဆိုချက်တစ်ခု ရှိတယ်"

"ဘာလဲ"

"အမေ့ကို သမီးနဲ့အတူ ခေါ်သွားမယ်။ ဒီလောက် ငွေအများကြီးနဲ့ဆိုရင် အမေ့ကို ရောင်းစားလို့ ရမယ့်ငွေထက် ပိုရမှာပဲ မဟုတ်လား။ ဒါဆို လုံလောက်ပြီလား" ဆုန်ကျူယောင်သည် ကလေးတစ်ယောက် ဖြစ်သည့်အလျောက် သူမ၏ မျက်လုံးထဲတွင် ဒေါသများ ထွက်ပေါ်နေသည်။

[မိုက်မဲတဲ့ ကလေးမလေးရယ်၊ သူတို့က လျို့ယန်ကိုပဲ ရောင်းစားချင်တာ မဟုတ်ဘူး၊ နင့်ကိုပါ ရောင်းစားချင်နေကြတာ!]

[စိတ်တိုလိုက်တာ၊ ငါ ဆက်မကြည့်နိုင်တော့ဘူး။ ဒီလိုအမေမျိုးကို ဘာလို့ မစွန့်လွှတ်နိုင်ဘဲ အတူခေါ်သွားချင်နေရတာလဲ]

[သူက ၁၀ နှစ်ပဲ ရှိသေးတယ်လေ။ ကလေးတစ်ယောက်ရဲ့ မိခင်အပေါ် တွယ်တာမှုနဲ့ ခံစားချက်ကို ဒီလောက်လွယ်လွယ်နဲ့ ဖြတ်တောက်လို့ ဘယ်ရမလဲ]

[အခု ငါ မျှော်လင့်နိုင်တာကတော့ လျို့ယန် တစ်ယောက် လူကောင်းဖြစ်လာဖို့နဲ့ ဆုန်ကျူယောင်နောက်ကို လိုက်ပြီး မဒုက္ခပေးဖို့ပဲ။ တွေးမိရင် ငါ တကယ် ငိုချင်လာတယ်]

လျို့ကော်ချင်းနှင့် သူ၏ မောင်နှမများသည် အပြင်သို့ထွက်ကာ တိုင်ပင်လိုက်ကြသည်။ လူတိုင်း ဝမ်းသာအားရ ဖြစ်နေကြသည်။ ထိုငွေပမာဏဖြင့်ဆိုလျှင် ၎င်းတို့ တစ်ယောက်ချင်းစီ သန်းနှင့်ချီ၍ ရရှိနိုင်သည်။ ချန်မိသားစုက ဤငွေပမာဏကို မပေးနိုင်သလို၊ လျို့ယန်ကို ရောင်းစားလျှင်လည်း ဤမျှ မရရှိနိုင်ပေ။

လျို့ကော်ချင်းက သူ၏ ဆေးလိပ်ပြာကို ခါချလိုက်ပြီး မျက်လုံးများ အရောင်တောက်ပသွားသည်။

"မင်းတို့က ရေရှည်ကို မတွေးတတ်လိုက်တာ၊ ရွှေဥဥတဲ့ ကြက်မကို မကြည့်ဘဲ ဒီငွေနည်းနည်းလေးကိုပဲ ကြည့်နေကြတယ်"

"အစ်ကိုကြီး၊ ဘာကို ဆိုလိုတာလဲ"

"လျို့ယန်နဲ့ အဲဒီကောင်မစုတ်လေးကို သွားခွင့်ပြုလိုက်ရင် သူက ငါတို့ကို ငွေတွေအားလုံး တကယ်ပေးပါ့မလား၊ ပေးခဲ့ရင်တောင် ဘယ်လောက်ရှိမှာလဲ။ လျို့ယန်သာ ဒီမှာကျန်နေခဲ့ရင်၊ အဲဒီကောင်မစုတ်လေးက ကြိုးချည်ထားတဲ့ စွန်တစ်ယောက်လိုပဲ၊ ဘယ်မှ ထွက်ပြေးလို့ မရတော့ဘူး"

"အစ်ကိုကြီး၊ ဒါက အကြံကောင်းပဲ!"

၎င်းတို့သည် လျို့ယန်ကို ခေါ်လိုက်ပြီး၊ သူမ၏ အနာဂတ်နှင့် ပတ်သက်၍ သွေးထိုးပေးလိုက်ကြသည်။ လျို့ယန်သည် သူတစ်ပါး၏ အလိုလိုက်မှုကို ခံယူချင်သော မင်းသမီးလေးတစ်ပါးဖြစ်ပြီး၊ သကြားလုံးတစ်လုံးနှင့်ပင် ဖြားယောင်း၍ ရနိုင်သည်။ သူမသည် ၎င်းတို့​၏စကားများဖြင့် ချက်ချင်းပင် ခေါင်းထဲ မူးဝေသွားကာ သူမ၏ ဇာတိမြေတွင်သာ နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။

"ငါ နင်နဲ့ လိုက်မနေနိုင်ဘူး။ အိမ်မှာပဲ နေချင်တယ်" လျို့ယန်က ငြင်းဆန်လိုက်သည်။

"နင်ပဲ ပြန်သွားတော့၊ ကြိုးစားပြီး သေချာ အလုပ်လုပ်၊ ပြီးရင် ငွေတွေကို အချိန်မှန်မှန် ပြန်ပို့ပေး ကြားလား"

ဆုန်ကျူယောင်သည် လျို့ကော်ချင်းနှင့် ၎င်းတို့အုပ်စုကို ဒေါသတကြီး စိုက်ကြည့်ကာ လျို့ယန်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

"အမေ၊ သမီးနဲ့ လိုက်ခဲ့ပါ။ သမီး အမေ့ကို ကာကွယ်ပေးပါ့မယ်။ လိုက်ခဲ့ပါနော်။ အမေ့အတွက် အိမ်ကြီးတစ်လုံးလည်း ဝယ်ပေးမယ်၊ စားကောင်းတာတွေလည်း ဝယ်ကျွေးမယ်။ လိုက်ခဲ့ပါ!"

လျို့ယန်ကမူ ဆုန်ကျူယောင်သည် သူမအား အမှန်တကယ် ဂရုစိုက်သောကြောင့် မဟုတ်ဘဲ၊ စာချုပ်များ လက်မှတ်ထိုးရန်အတွက် အုပ်ထိန်းသူ လိုအပ်နေသောကြောင့် ဆွဲဆောင်နေခြင်းဖြစ်သည်ဟု ယုံကြည်သွားသည်။ မဟုတ်လျှင် ဘာကြောင့် သူမကို ထိုကဲ့သို့ အစီအစဉ်များတွင် ဝင်ပါခိုင်းပြီး တစ်နိုင်ငံလုံး၏ ဝေဖန်မှုများ ခံရသည့်အချိန်အထိ ပစ်ထားခဲ့သနည်း။ သူမသည် လျို့ယန်ကို အသုံးမကျသူအဖြစ်သာ မြင်ပြီး၊ သူမ အရွယ်ရောက်ပြီးနောက် အသုံးမလိုတော့သည့်အခါ စွန့်ပစ်လိမ့်မည်ဟု တွေးနေသည်။

လျို့ယန်သည် တွေးလေ ပို၍ ဒေါသထွက်လာသဖြင့် လက်ကို ဖယ်ထုတ်လိုက်သည်။

"ငါ မလိုက်ချင်ဘူး။ နင် လက်မှတ်ထိုးခိုင်းချင်တဲ့ စာချုပ်တွေကိုသာ ငါ့ဆီ ပို့ပေးလိုက်၊ ငါ ထိုးပေးမယ်။ ငါက ဒီလောက် အသုံးမကျမှတော့ နင့်ကို အနှောင့်အယှက် မပေးတော့ဘူး!"

ပရိသတ်များ : [အဲဒီအတိုင်းပဲ လုပ်လိုက်ပါ။ ငါတို့အားလုံး ကျေးဇူးတင်ပါတယ်!]

"မရဘူး၊ အမေ ဒီမှာနေလို့ မဖြစ်ဘူး။ သူတို့အားလုံးက လူဆိုးတွေ!" ဆုန်ကျူယောင်သည် အလူးအလဲ ဖြစ်လာပြီး မျက်ရည်များ စီးကျလာကာ လျို့ယန်ကို အပြင်သို့ ဆွဲထုတ်ရန် ကြိုးစားသော်လည်း လျို့ယန်က သူမ၏ လက်ကို ခါထုတ်ပစ်လိုက်သည်။

"သူတို့က ငါ့မောင်နှမတွေပဲ၊ ငါ့ကို ဘယ်လိုလုပ် အန္တရာယ်ပြုမှာလဲ" လျို့ယန်၏ မျက်လုံးများ နီရဲလာကာ သူမကို လက်ညှိုးထိုးပြီး အော်ငေါက်လိုက်သည်။

ထိုအချိန် ၎င်းတို့အချေအတင်ဖြစ်နေစဉ် အပြင်ဘက်မှ ကားတစ်စီး အရှိန်အဟုန်ဖြင့် ရောက်ရှိလာသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment