no

Font
Theme

အခန်း ၉ ဆုံးဖြတ်ချက်

ဟော်တူက စားပွဲပေါ်ရှိ လေးနှင့်မြှားကို ကောက်ကိုင်လိုက်ပြီး သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ လဲ့ကျစ်က သူ့မျက်နှာကို စိုက်ကြည့်နေခဲ့သည်။

“ဒီမင်းသားရဲ့ မျက်နှာက အရမ်းလှတယ် ဒါပေမယ့်…”

သူက လဲ့ကျစ်၏ ခါးတစ်ဝိုက်မှ သူ့လက်ချောင်းများကို တင်းကျပ်လိုက်ပြီး သူမ၏ခါးကို ညင်သာစွာ ဖိလိုက်ကာ မျက်ခုံးပင့်ရင်း ထပ်ပြောလာသည်။

“ဒီပွဲကို အရင်ကြည့်ရအောင်”

လဲ့ကျစ်က အဝေးကို လှမ်းကြည့်လိုက်ပြီး ဇာတ်ခုံ၏ အလယ်ဗဟိုဆီသို့ လှမ်းကြည့်လိုက်သည်။ လျင်မြန်သောမြှားက သယ်ဆောင်လာသော လေပြင်းက သူမ၏ ဘယ်ဘက်နားရွက်ကို ဖြတ်သွားကာ အေးစက်သော ငွေရောင်မြှားက ထိုလူ၏ပေါင်ထဲသို့ တည့်တည့်တိုးဝင်သွားရာ သွေးများ စီးကျလာသည်။ ထိုလူက ပါးစပ်ကို ဖွင့်လိုက်သော်လည်း အသံမထွက်နိုင်ခဲ့ပေ။

‘ဘာလို့လဲဆိုတော့ သူမှာ လျှာမရှိတာကြာနေပြီလေ’

စင်မြင့်က သူတို့နှင့် မဝေးသောကြောင့် သွေးနံ့များက သူတို့ဆီသို့ ချက်ချင်း လွင့်ပျံ့လာသည်။

“ဆိုးဝါးလိုက်တာ…”

ဟော်တူက စင်ပေါ်ကို မော့ကြည့်လိုက်ပြီး စိတ်မကောင်းဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။

လဲ့ကျစ်က သူမ၏ ပါးစပ်ကို ဖုံးကာ သူမ၏ဗိုက်ထဲမှ လှုပ်ရှားမှုကို ထိန်းချုပ်နေခဲ့သည်။ လွန်ခဲ့သည့်တစ်လခန့်က သွေးဖြင့် ရေချိုးခြင်း ဇာတ်ကွက်အပြီးတွင် သူမ ဤအနံကို လိုက်လျောညီထွေဖြစ်နေမည်ဟု သူမ ထင်ထားခဲ့သော်လည်း ယခုအချိန်အထိ သွေးနံ့ကြောင့် မအီမသာဖြစ်နေဆဲပင်။

သူမ ခေါင်းကို လှည့်ကာ နောက်ထပ် မကြည့်ချင်တော့ပေ။

“ခံနိုင်ရည်ရှိဖို့ အရမ်းခက်တယ်...အာ...”

ဟော်တူက သူမ၏ ကျောကို ညင်သာစွာ ပွတ်သပ်ပေးပြီး သူမ၏ ချွေးများ စိုစွတ်နေသော လက်ဖဝါးထဲသို့ လေးကို တွန်းပို့လိုက်သည်။

“မင်း သူ့ကို မနာကျင်စေချင်ရင် မြန်မြန်သေခိုင်းလို့ရတယ်”

သူက ပြောနေရင်းဖြင့် တိုးတိုးလေး ရယ်မောနေပြန်သည်။

ထိုစကားကို ပြောပြီးချိန်တွင် သူက သူ့လက်ဖဝါးကို လဲ့ကျစ်၏လည်ပင်းနောက်ဘက်သို့ ရွှေ့ကာ အားပေးမှုကို ပြသရန် ညင်ညင်သာသာ ဆုပ်ကိုင်လိုက်သေးသည်။

နှစ်ယောက်သား နီးကပ်လွန်းသဖြင့် လဲ့ကျစ်က တုန်တုန်ယင်ယင်ဖြစ်နေကာ မထိန်းနိုင်ဘဲ လေးကို ကိုင်ထားသော လက်လည်း တုန်ယင်သွားရသည်။ ကံကောင်းထောက်မစွာဖြင့် အေးစက်သောလက်တစ်စုံက သူမကို အချိန်မီ ဆွဲထားလိုက်ပြီး လေးနှင့်မြှားကို သူမ၏လက်နှင့်အတူ ဆွဲမြှောက်လိုက်သည်။

"မကြောက်ပါနဲ့... အရမ်းပျော်ဖို့ကောင်းတယ်လေ"

လဲ့ကျစ် လေးကိုင်းကို ကြည့်လိုက်ရာ ဟော်တူ၏ လက်ကို လှန်လိုက်သည်ကို တွေ့လိုက်ရသည်။ ထိုလူ၏နှလုံးဆီသို့ ချိန်ရွယ်ထားသော မြှားက ဘယ်ဘက်သို့ ဦးလှည့်သွားသည်။

ဟော်တူက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းပင်။ သူက ထိုလူ မြန်မြန်နှင့် နာကျင်မှုမရှိ သေသွားမည်ကို မလိုလားပေ။

ထိုလူက သေလုမြောပါးဖြစ်နေပြီး အသက်ရှင်ရန် နည်းလမ်း မရှိတော့ပေ။ မြှားမည်မျှပင် ပစ်သည်ဖြစ်စေ နောက်ဆုံးတွင် သူ သေဆုံးသွားမည်ဖြစ်သည်။ ထို့ကြောင့် ငွေမြှားမပစ်မီ လဲ့ကျစ်က သူမ၏လက်ကို ညာဘက်သို့ အမြန်ပြောင်းလိုက်သည်။

“ဝှီး”

ငွေရောင်မြှားတစ်စင်းက ထိုလူ၏နှလုံးသားကို ထိုးဖောက်ဝင်ရောက်ကာ ချက်ချင်းသေဆုံးသွားခဲ့သည်။

‘ဒီလှုပ်ရှားမှုက မြန်လွန်းတယ်’

ဟော်တူ၏ အနက်ရောင် မျက်လုံးများက သိသိသာသာ တဖျပ်ဖျပ်လက်သွားကာ သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။

‘သတိတောင် မထားလိုက်မိဘူး...

သူ့ရဲ့ထိုက်ဇီဖေးက တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ။’

ဟော်တူက သူ့လက်ကို ရုပ်သိမ်းလိုက်ပြီး လဲ့ကျစ်က လေးကို ကိုင်ထားသည့် သူမလက်ကို ဖြည်ချလိုက်သည်။ လေးနှင့်မြားက ပြင်းထန်သည့် တုန်ခါမှုနှင့်အတူ ပြုတ်ကျသွားပြီး သစ်သားတစ်ခုက ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည့် အသံမျိုးထွက်ပေါ်လာသည်။ လဲ့ကျစ်က ထိတ်လန့်တကြားဖြင့် အမောတကော အသက်ရှုနေကာ သူမ၏နှလုံးကို လက်ဖြင့် အုပ်ထားခဲ့သည်။

သူမ၏နှလုံးခုန်သံနှင့်အတူ သူမ၏ခေါင်းကလည်း တဒိန်းဒိန်း ခုန်ပေါက်နေလေသည်။

‘သူမ တကယ်ပဲ တစ်စုံတစ်ယောက်ကို သတ်ခဲ့တာပဲ။’

"ဘာလို့ ဒီလောက်ကြောက်နေတာလဲ"

ဟော်တူ၏ လေသံက အနည်းငယ် အေးစက်နေသည်။ ထို့အပြင် သူက သူမ၏ နောက်ထပ်တုံ့ပြန်မှုကိုလည်း စောင့်မျှော်နေသေးသည်။

‘နာကြည်းတာ ဒါမှမဟုတ် ထိတ်လန့်တာမျိုးဖြစ်နိုင်မလား။ ဒါမှမဟုတ် သူမက သူမရဲ့ဒေါသကို ပြင်းပြင်းထန်ထန် ထိန်းထားနိုင်မလား’

အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်....’

ခဏအကြာတွင် လဲ့ကျစ်၏ အသက်ရှူသံက တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ထို့နောက် သူမက ဟော်တူဘက်သို့ လှည့်ကာ သူ့ပခုံးပေါ်လက်တင်လိုက်ရင်း သူမ၏နှင်းရောင်ဖျော့ဖျော့ ပါးပြင်များကို သူ့ထံသို့ တိုးကပ်ကာ ပြောလာခဲ့သည်။

"အရှင့်သား၊ ဒီလူက ရက်စက်ကြမ်းကြုတ်တဲ့ လူဆိုးလား"

ထိုစကားက ငြိမ်သက်နေသည့် မက်မွန်ပွင့်ပုံမျက်လုံးများအား အံ့သြသင့်သွားသည့် အရိပ်အယောင်များ လင်းလက်သွားစေခဲ့သည်။

‘ဒါက သူ ထင်ထားတာနဲ့ တော်တော်ကွာတယ်လေ...’

သို့သော် ခဏအတွင်းမှာပင် ဟော်တူ၏ မျက်လုံးများက ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားပြန်သည်။ သူက ခေါင်းယမ်းကာ အပြုံးဖြင့် ပြောလာပြန်သည်။

“သူက လူကောင်း၊ အကျင့်စာရိတ္တကောင်းတဲ့သူ”

လဲ့ကျစ်က သူနှင့် အလွန်နီးကပ်နေသောကြောင့် သူမ သူ့မျက်လုံးများကို မလွတ်စေလောက်အောင် နီးကပ်နေခဲ့သည်။

‘ခဏလေးဆိုရင်တောင် လုံလောက်ပြီ၊ သူမ မှန်းဆတာ မှန်တယ်။ အဲ့လူက လူကောင်းတစ်ယောက်မဟုတ်တာ သေချာတယ်’

အချိန်အတော်ကြာသည်အထိ သူတို့နှစ်ယောက် စကားမပြောဖြစ်ကြချေ။

ဟော်တူက သူမ သူ့စကားကို မယုံကြောင်း သိနိုင်ခဲ့သည်။

‘ထက်မြက်တဲ့မိန်းခလေးတစ်ယောက်နဲ့ ပတ်သတ်ရင် တကယ်ကိုပျော်စရာမရှိဘူး...

ဒုက္ခပဲရှိတယ်....’

သူက စိတ်မရှည်စွာဖြင့် လဲ့ကျစ်၏ခါးကို အသာအယာ တွန်းလိုက်ပြီး ထရပ်ရန် ပြင်ဆင်လိုက်သည်။

"ကစားတာ ပြီးပြီ၊ ပြန်သွားတော့"

လဲ့ကျစ်က သူ့ကို ဦးညွှတ်အရိုအသေပေးလိုက်သည်။ သူက ညင်သာစွာ ခွင့်ပြုမေးလိုက်ပြီး သူမက ငြိမ်သက်စွာ ပြန်ထွက်ခွာသွားခဲ့သည်။

အမိုးအောက်မှ ထွက်လာပြီးနောက် တံခါးအပြင်ဘက်တွင် စောင့်နေသော လီယောင်ကို လဲ့ကျစ် တွေ့လိုက်ရသည်။ လဲ့ကျစ်က အထဲမှ သွေးနံ့ကို တားဆီးရန် ထပ်ခိုးတံခါးကို သေချာ ပြန်ပိတ်လိုက်သည်။ သူမ အပြင်သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူမ၏ ခြေလှမ်းများ အားနည်းလာသလို ခံစားလိုက်ရသည်။

"သခင်မ!"

လီယောင်က မျက်မှောင်ကြုတ်ပြီး တရိုတသေ ပြောလာခဲ့သည်။

“ဒီအစေခံက သခင်မ အခန်းထဲပြန်ဖို့ ကူညီပေးပါ့မယ်”

ကောင်းကင်မှ ဆီးနှင်းများ ထူထပ်စွာ ကျလာပြီး မြေပြင်ပေါ်တွင် ထူထပ်သော နှင်းအလွှာများ စုပုံလာသည်။

လဲ့ကျစ်က ခပ်ဖြည်းဖြည်း လျှောက်လှမ်းနေခဲ့သည်။ သူမ ခွန်အားမရှိတော့ဘဲ သူမ၏ အတွင်းခံအဝတ်အစားများတွင် ချွေးများဖြင့် စိုရွှဲနေခဲ့သည်။ လေအေး တိုက်ခတ်လာချိန်တွင် သူမ တုန်ရီသွားပြီး သူမ၏ခန္ဓာကိုယ် တစ်ဝက်လောက်က လီယောင်ကို အားကိုးတကြီး မှီခိုနေရသည်။

ဟော်တူက အဆောက်အဦး၏ ပြတင်းပေါက်အစွန်းကို မှီကာ ဤမြင်ကွင်းကို ငုံ့ကြည့်နေပြီး သူ၏ အနက်ရောင် မျက်လုံးများက အ‌ရောင်မှိန်သွားပြန်သည်။

‘ကောင်မလေးက ကြောက်နေသေးတာလား’

‘သူ့ရှေ့မှာ ဘယ်လောက်ပဲ အေးဆေးသလို ဟန်ဆောင်နေပါစေ၊ သူမရဲ့ နှလုံးသားက ကြောက်ရွံ့နေဆဲပဲ။ သူ သူမကို ဒီပြဇာတ် ကြည့်ခိုင်းဖို့ ဖိတ်ခေါ်ရတဲ့ ရည်ရွယ်ချက်က သူမကို ကြောက်လန့်စေချင်ခဲ့တာ မဟုတ်ဘူးလား၊ ဒါပေမယ့် သူ မျှော်လင့်ထားသလောက် မပျော်နိုင်ပြန်ဘူး’

"အရှင့်သား၊ ဒီအလောင်းကို ဘယ်လိုလုပ်ရမလဲ"

ဟော်တူက စင်မြင့်ပေါ်ရှိ အသားပုပ်ကို ရွံရှာစွာဖြင့် ဘေးတိုက်ကြည့်ကာ မျက်နှာဗလာဖြင့် လှမ်းပြောလိုက်သည်။

" ဝံပုလွေတွေကို အစာကျွေးဖို့ ခုတ်ထစ်ပြီး တောထဲသွား ပစ်လိုက်"

“ဟုတ်ကဲ့!”

အစေခံက အမိန့်ကို လက်ခံရန် ဦးညွှတ်လိုက်သည်။

"ခဏနေဦး"

ဟော်တူက ရုတ်တရက် စိတ်ပြောင်းသွားပြီး ထပ်ပြောလိုက်ပြန်သည်။

“မီးရှို့ပြီး ပြာတွေကို ဖြန့်ကြဲပေးလိုက်”

‘ရက်စက်ကြမ်းကြုတ်တဲ့ လူဆိုးတဲ့လား....

အိုး၊ ဒီတိရစ္ဆာန်ကို လူလို့ ခေါ်ဖို့ ထိုက်တန်လို့လား....’

ဟော်တူက ခေါင်းကို လှည့်ကာ အပြင်မှ နှင်းများကို လှည့်ကြည့်လိုက်ပြန်သည်။ ထိုသေးသွယ်သောပုံရိပ်လေးက ကြီးမားသော မက်မွန်ပင်ကြီးများကြောင့် ပိတ်ဆို့ခံထားရပြီး မမြင်နိုင်တော့ပေ။ သူ့မျက်လုံးများက ရုတ်တရက် မဲမှောင်သွားပြီး သူ့မျက်လုံးထဲတွင် ဘာခံစားချက်မှ မရှိတော့ပေ။

.......။........။........

"လီယောင်၊ ရေနွေးပြင်ထား၊ ငါ ရေချိုးချင်တယ်"

လီယောင်က ခေါင်းညိတ်ပြပြီး တစ်စုံတစ်ယောက်ကို ရေနွေးကျိုဖို့ ခေါ်ရန် အိပ်ခန်းထဲမှ အမြန်ထွက်သွားသည်။

သူမတစ်ကိုယ်လုံး ရေနွေးထဲသို့ နှစ်မြှုပ်လိုက်မှသာ သူမ အသက်ပြန်ရှင်လာသလို လဲ့ကျစ် ခံစားနေရသည်။ သူမက ဘေးနားမှ လီယောင်ကိုလည်း အမိန့်ပေးလိုက်သည်။

"ဒီနေ့ နင်လည်း ပင်ပန်းနေပြီ၊ ခဏလောက်တော့ အနားယူလိုက်ပါ။ နေ့လယ်စာနဲ့ ညစာ စားဖို့ ငါ့ကို ခေါ်နေစရာ မလိုတော့ဘူး"

လီယောင်က သူမအတွက် စိတ်ပူနေပြီး ပါးစပ်ကို ဖွင့်လိုက်သော်လည်း အဆုံးတွင် ဘာမှ ပြန်မပြောခဲ့ပေ။ ထို့နောက် သူမ ခေါင်းညိတ်ကာ ထွက်ခွာသွားခဲ့သည်။

လဲ့ကျစ်က သူမ၏မျက်လုံးများကို မှိတ်ထားပြီး အသက်ရှုအောင့်ကာ ခေါင်းတစ်ခုလုံးကို ရေထဲသို့ နှစ်ချလိုက်သည်။ သူမ အသက်ရှုရန် လုံးဝ လိုအပ်လာမှသာ သူမခေါင်းကို ရေထဲမှ ပြန်မော့လိုက်သည်။ စည်ပိုင်းထဲမှ ရေများ အေးသွားသည်အထိ အချိန်အတော်ကြာအောင် ရေချိုးပြီးမှသာ သူမ ရေချိုးခြင်းကို ရပ်တန့်လိုက်သည်။

ကုတင်ပေါ်တွင် မောပန်းနွမ်းနယ်စွာ လဲလျောင်းနေသော လဲ့ကျစ်က သူမကိုယ်သူမ စောင်နှင့် တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားခဲ့သည်။ သူမ မည်မျှကြာအောင် ရေချိုးခဲ့သည်ဖြစ်စေ သူမကိုယ်ပေါ်တွင် သွေးနံ့သင်းသင်းရှိနေသလို သူမ ခံစားနေရသည်။

ယနေ့ အတွေ့အကြုံ အပြီးတွင် သူမ ခေါင်းထဲ၌ ရှုပ်ထွေးနေသေးသော်လည်း သူမ၏ နှလုံးသားထဲတွင် ပေါ်လာသည့် အစီအမံများက ပိုရှင်းလင်းပြီးရင်း ရှင်းလင်းသွားခဲ့သည်။

‘သူမ စဉ်းစားဖို့လိုတယ်၊ သေချာထပ်စဉ်းစားဖို့ လိုတယ်။

ဒီအကြောင်းကို သူမ ပိုတွေးလေလေ၊ သူမ ဘာမှမတတ်နိုင်ဘဲ စိတ်ရှုပ်လေလေပါပဲ။ သူမ အိပ်မက်တစ်ဝက် နိုးတစ်ဝက်ကြားထဲမှာ ရှိနေတုန်း သူမရဲ့ ဖခင် ဘုရင်မင်းမြတ်၊ မိခင်ဧကရီနဲ့ အစ်ကိုတော်တို့က ပျော်ပျော်ရွှင်ရွှင် ရယ်မောရင်း သူမကို ဝန်းရံနေကြတာကို သူမ မြင်ယောင်နေမိတယ်။

လီတိုင်းပြည်ပျက်သုဉ်းခြင်းက အိပ်မက်ပဲလား’

သူမ ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူမနှင့် မရင်းနှီးသည့် ကုတင်ကန့်လန့်ကာကို တွေ့လိုက်ရသည်။ သူမ သူမပါးကို ပြန်ထိရန် လက်မြှောက်လိုက်ချိန်တွင်တော့ သူမ မျက်နှာပေါ်တွင် အနည်းငယ် စိုစွတ်နေလေသည်။

ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်ချိန်တွင်လည်း အပြင်ဘက်၌ မှောင်နေသေးသည်ကို သိလိုက်ရသည်။ ထိုအချိန်တွင် တံခါးခေါက်သံ တိုးတိုးလေး ထွက်ပေါ်လာသည်။

“သခင်မ”

‘အဲ့တာက ...လီယောင်အသံ...’

လဲ့ကျစ်က သူမမျက်နှာပေါ်မှ မျက်ရည်များကို သုတ်ရန် လက်မြှောက်လိုက်သည်။

"ဝင်လာပါ"

လီယောင်က အခန်းထဲသို့ ဝင်လာပြီး တံခါးကို သေချာပိတ်လိုက်သည်။ သူမက လေးနက်သောအမူအရာဖြင့် ကုတင်ရှေ့သို့ လျှောက်သွားကာ သူမ၏ခန္ဓာကိုယ်ကို ညွှတ်ချရင်း တိုးတိုးလေး ပြောလာခဲ့သည်။

"တတိယမင်းသားက သခင်မကို တွေ့ချင်နေပါတယ်"

လဲ့ကျစ်၏နှလုံးသားက တစ်ချက် ဆောင့်ခုန်သွားပြန်သည်။

‘ဟော်ရှက တကယ်ကို စိတ်မရှည်တော့ဘူးပဲ’

"ထိုက်ဇီအိမ်တော်မှာ တတိယမင်းသားရဲ့ လူတွေရှိတယ်"

လီယောင်က တိုးတိုးလေး ဆက်ပြောနေပြန်သည်။

“သခင်မ အရှေ့ဘက်တံခါးကနေ ထွက်သွားနိုင်တယ်။ အဲဒီမှာ အစောင့်တွေ ရှိမှာ မဟုတ်ဘူး”

လဲ့ကျစ်က ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။

“ငါ သိပြီ.. မင်း အရင် ပြန်တော့၊ တခြားသူတွေကို သံသယမ၀င်စေနဲ့”

လီယောင်က ပြန်ဖြေပြီး အိပ်ခန်းထဲမှ အမြန် ပြန်ထွက်သွားသည်။

အိပ်ခန်းထဲရှိ စားပွဲပေါ်တွင် ဖယောင်းတိုင် အနီရောင်ကို ထွန်းညှိထားပြီး ဖယောင်းတိုင်မီးက ပြင်းပြင်းထန်ထန် တောက်လောင်နေသဖြင့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ လဲ့ကျစ်က ဖယောင်းတိုင်မီးကို ခဏလောက် စိုက်ကြည့်ရင်း နှလုံးသားထဲမှ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

သူမ အဝတ်အစား လဲပြီး အိပ်ခန်းထဲက ထွက်လာခဲ့သော်လည်း အရှေ့ဘက် တံခါးသို့ တိုက်ရိုက် မသွားခဲ့ပေ။ သူမ အမှတ်တမဲ့ ရပ်လိုက်ပြီး အစေခံတစ်ဦးကို ယခုအချိန်၌ ထိုက်ဇီ မည်သည့်နေရာတွင် ရှိနေလဲဟု မေးမြန်းလိုက်သည်။

‘သူမ ဟော်တူကို သွားရှာရမယ်’

#######

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်....

ဟော်တူ : ဟီ...ဟီ

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment