no

Font
Theme

ကော်ရေးက ရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီး "မာရှယ်၊ မနေ့က ထုံးကျောက်ဂြိုလ်  ဗျူရို ကနေ ကျွန်တော်တို့ ယူလာတဲ့ ကလေးစမ်းသပ်ကိရိယာထဲမှာ ဗုံးအသေးတစ်လုံး ထည့်ထားတယ်၊ အဲဒါက မာရှယ့်ဇနီးနဲ့ ကလေးကို ခုလေးတင် ထိခိုက်လုနီးပါးဖြစ်သွားပါတယ်" ဟု လေးစားစွာ သတင်းပို့လာသည်။

ရေမွန် : "..."
ရေမွန်က မြေပြင်ပေါ်ရှိ မီးလောင်သွားသောစက်ကိရိယာ ကို ကြည့်လိုက်သည်။ လွန်ခဲ့သည့်နှစ်ရက်က ကျင်းဝူကယ်တင်တာခံလိုက်ရသော မာရှယ်က သူ၏"မစ္စစ်"(ကျင်းဝူ) ကို တိတ်တဆိတ် ကြည့်နေလိုက်သည်။

လေထဲတွင် နှစ်ယောက်သားအကြည့်ချင်း ဆုံမိသွားလေပြီ။
ကျင်းဝူတစ်ယောက် ရှုပ်ထွေးနေ‌လေသည်၊
ဒီလူက ဘယ်သူလဲ။

ဘာလို့ သူ့မျက်လုံးတွေက ထူးဆန်းနေရတာလဲ။
"မာရှယ်ကြီး၊ ဒါက အထွေအမြင်လွဲမှားမှုတစ်ခုပဲ ဖြစ်ရမယ်။ ဒါကို မာရှယ်ကြီး သိစေချင်ပါတယ်"
စစ်ကောင်ဝန်က မြေပြင်ပေါ်တွင် မြက်ပင်လိုမျိုး တုန်လှုပ်နေပြီး သူ့သွားများက တောက်တောက်နှင့် မြည်အောင် ရိုက်ခတ်နေ‌လေသည်။

မာရှယ်ရေမွန်၏ ဖိအားက အလွန်ကို ကြောက်စရာကောင်းလွန်းလှသည်၊ အချိန်တစ်တန်ရှိ‌သော ကျောက်တုံးကြီးများနှင့် ဖိထားခံရသလိုပင်၊ တစ်စက္ကန့်အတွင်းမှာပုပ်သိုး‌နေသည့် အသားတုံးကြီးတစ်တုံး ဖြစ်သွားနိုင်သည် ဟုခံစားနေရသည်။
ရေမွန်က အုပ်ချုပ်သူကို ဖိနှိပ်ထားသည့် စွမ်းအင်များကို ပြန်ရုပ်သိမ်းလိုက်သည်။ စွမ်းအင် အဆင့်၅ရှိသော အုပ်ချုပ်သူ ကို ခြောက်လှန့်ဖို့ရန် သူ‌စောစောက အားအနည်းငယ်လေးသာ ထုတ်လွှတ်လိုက်ခြင်းဖြစ်၏။

ထို့အပြင် သူ့ပတ်ဝန်းကျင်ရှိ လူများ မသိအောင် လူတစ်ဦးချင်းစီအတွက် ဖိနှိပ်မှုအဆင့်ကို သူ တိတိကျကျ ထိန်းချုပ်နိုင်ပါနေပြီပင်။
သူ အဆင့်ရှစ်ဖြစ်ချိန်က သူ့စွမ်းအင်များ ထုတ်လွှတ်လိုက်သည့်အခါ ထိုစွမ်းအင်မှာ ဧရိယာကျယ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး သူ့အဆင့်အောက်က Orc တိုင်းကို ခွဲခြားနိုင်စွမ်းမရှိဘဲ ဖိနှိပ်ခဲ့သည်။

ထိုအရာက အားအင်များကို အလဟဿ ဖြုန်းတီးစေပြီး ကိုယ့်ကိုကိုယ် ထိခိုက်လွယ်စေသည်။
ရေမွန်က သူ့ကျောဘက်၌ သူ့လက်သီးကို တိတ်တဆိတ် ဆုပ်ထားလိုက်မိသည်။

အဆင့်ကိုးတွင် ၊ သူ့အတွက် မျှော်လင့်စောင့်စားနေသော လုပ်ဆောင်ချက်အသစ်တွေ အများကြီး ရှိနေသေး၏။
သူ့လက်များကို နောက်ပစ်ထားပြီး‌နောက် သူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်‌တော့သည် "ဘရစ်၊ ဒီကိစ္စက မင်းရဲ့ တာဝန်ယူမှုအောက်မှာ ဖြစ်ပျက်ခဲ့တာပဲ၊ မနက်ဖြန်မတိုင်ခင် အကြောင်းပြချက် ပေးပါ"

အုပ်ချုပ်သူသည် သူ့ခန္ဓာကိုယ်ပေါ်မှ ဖိအားကြီးများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသော်လည သူ့ရင်ထဲရှိ အနှီကြောက်ရွံ့မှုကိုတော့ မဖယ်ရှားနိုင်သေး‌ပေ။
ချွေးများက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရွှဲနစ်နေပြီး မြေပြင်ပေါ်မှ တုန်လှုပ်ချောက်ချားစွာ ထလာသည့်အခါ မာရှယ်ရေမွန် ပြောသည်အား ကြားလိုက်ရတော့သည်။
အုပ်ချုပ်သူက ပုံမှန်လေသံနှင့် ဒူးထောက်ထိုင်လိုက်ပြီး မြေပြင်ပေါ်၌ အကြိမ်ကြိမ် အဖန်ဖန် ဦးချတောင်းပန်လိုက်‌တော့၏။

ထိုနေရာမှာ ရှိနေသည့် တခြား Orc များက အုပ်ချုပ်သူကို ကြည့်နေကြ‌လေသည်၊ အထူးသဖြင့် အုပ်ချုပ်သူ၏ လက်ထောက်မှာ အုပ်ချုပ်သူ မြေပြင်ပေါ်ဦးတိုက်တိုင်း သူလည်း လိုက်ပြီး ဦးတိုက်နေရသည်၊ သူတို့ဟာ ခွင့်လွှတ်လို့မရသည့် အမှားကြီး လုပ်မိသလိုမျိုး ပြုမူနေကြ၏။

အုပ်ချုပ်သူ၏ လက်ထောက်များက သေချာ စဉ်းစားကြသော်လည်း မနေ့က ဗိုလ်မှူးကြီးကော်ရေး၏ တောင်းဆိုချက်ကို သူတို့ဘာလို့ ငြင်းမိခဲ့သလဲ။သူတို့ ဒီကို မနက်အစောကြီးလာပြီး တောင်းပန်နေခဲ့ရသလဲဆိုတာ မသိနိုင်ခဲ့ကြပေ။

သူတို့သူဌေး(အုပ်ချုပ်သူ)က အဘယ်ကြောင့် ဤမျှလောက်ကြောက်နေရတာလဲဆိုတာ သူတို့နားမလည်ခဲ့‌ချေ ၊ သူဌေး က ဘာမှ မလုပ်ခဲ့ဘူးမလား။
ရေမွန်က ကျင်းဝူဆီသို့ လျှောက်သွားပြီး ရပ်လိုက်သည်၊ ထို့နောက် သူ့အား အပေါ်အောက် ကြည့်လိုက်သည်။

ကျင်းဝူက မနေ့က ကော်ရေး၏ဝတ်စုံကို ထပ်ဝတ်ဆင်ထားတာကို တွေ့လိုက်ရပြီး သူ့ခန္ဓာကိုယ်တွင် ကော်ရေး၏ အနံ့အနည်းငယ် ကျန်ရှိနေသေးသည်။
သူ့မျက်ခုံးများက အနည်းငယ် တွန့်သွားပြီး ဘေးမှာ တွေဝေနေသော နရှီဇါဝါကို ပြောလိုက်သည် "ဆရာ နရှီဇါဝါ၊ ဒီနေ့ သူ့အတွက် အဝတ်အစားတချို့ ဝယ်ပေးလို့ရမလား"
နရှီဇါဝါက စိတ်လှုပ်ရှားစွာပင် ပြန်ဖြေလိုက်သည် "ဟုတ်ကဲ့ပါ ၊ မာရှယ်"

နရှီဇါဝါက ရေမွန့်အား ချက်ချင်းပင် ကျန်မာရေးစစ်ဆေးမှုကို အပြည့်အဝ ပြုလုပ်ပေးချင်နေသည်။
ရေမွန့်စွမ်းအင်များက ပျောက်ကွယ်သွားခဲ့ရသည်။ စစ်တပ်၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည့် ဗီဒီယိုက အတုမဟုတ်နိုင်သော်လည်း ရေမွန်က လက်ရှိ ဒီမှာ ရပ်နေနိုင်သည်။
အင်ပါယာရှိ Orc တချို့က စွမ်းအင်များ ပျောက်ကွယ်သွားပြီးနောက် ကုတင်ပေါ်တွင်သာနေရပြီး မလှုပ်ရှားနိုင် မဖြစ်နေရအောင် သူတို့ ကြွက်သားများနှင့်အကြောများကို အဆင့်မြင့်နည်းပညာဖြင့် ချိတ်ဆက်ဖို့ ရွေးချယ်ကြသည်။

ကြွက်သားများနှင့် အကြောများ ချိတ်ဆက်ပြီးသည့်နောက်တွင် ခန္ဓာကိုယ်ထဲ၌ စွမ်းအားအရင်းအမြစ် မရှိတော့သည့်အတွက် စွမ်းအင် လည်ပတ်နိုင်ခြင်း မရှိဘဲ ကြွက်သားများနှင့် အကြောများကိုသာ ထပ်ခါထပ်ခါ ထိခိုက်မှု ဖြစ်ပွား‌စေသည်။

စွမ်းအင်က အကြောများကို ထိမိသည့်အခါ ပြင်းထန်သော ဝေဒနာကို ခံစားရလိမ့်မည်။ Orc များသည် အကြောများ ပြန်ပြတ်သွားသည်အထိ ကြီးစွာသောဝေဒနာကို ခံစားရသည်။
သို့သော်လည်း ရေမွန် ကတော့ ဘာမှ မဖြစ်သလိုပင်။ ခြေလက်များ ပြန်ဆက်ထားသည့်သူလို အားမရှိသည့်ပုံစံလည်း မရှိ‌ပေ။ စစ်ဖက်ဆရာဝန် တစ်ယောက်အနေနှင့် နရှီဇါဝါသည် စွမ်းအင်လွန်ကဲပြီး ထွက်ပြေးသွားသည့် Orc အများကြီးကို မြင်ဖူး‌လေသည်။

စွမ်းအင်လွန်ကဲပြီးနောက် ခန္ဓာကိုယ်တစ်ခြမ်း မသန်စွမ်းဖြစ်သွားသည်ကို မခံစားနိုင်၍ အကြောဆက်သည့်သူများကိုလည်း အများကြီး မြင်ဖူးသည်။ ထိုကဲ့သို့ လူများသည် အကြောဆက်ပြီး သုံးရက်အတွင်း ပုံမှန် လမ်းလျှောက်နိုင်ခြင်း မရှိကြ‌ချေ။
ရေမွန် က လှည့်ကြည့်ပြီး ကော်ရေး ကို ပြောလိုက်သည် "ဆရာ နရှီဇါဝါ ရဲ့ လုံခြုံရေးကို မင်း တာဝန်ယူရမယ်"
"ဟုတ်ကဲ့ပါ!"

ကော်ရေး၏ အသံမှာ အတော်လေး ကျယ်လောင်လှသည်။ သူ့စိတ်ထဲ၌လည်း ပဟေဠိများ ဖြစ်‌နေလေပြီ။
မနေ့ညက မာရှယ် က သူ့ကို ကျင်းဝူ ကို ကာကွယ်ဖို့ မှာလိုက်တာ မဟုတ်ဘူးလား။ အခုကျ ဘာလို့ နရှီဇါဝါ ကို ကာကွယ်ဖို့ ပြောနေရတာလဲ?
နရှီဇါဝါကလည်းပြောလိုက်လေသည်။ "ကျွန်တော် အခုပဲ ကျင်းဝူ အတွက် အဝတ်အစားသွားဝယ်လိုက်ပါဦးမယ်"

ကျင်းဝူ က တစ်ခုခု မှားနေပြီဆိုတာကို ခံစားမိသည်။ ထိုအရာရှိကြီး(ရေမွန်)က လေယာဉ်ပေါ်က ဆင်းလာသည့်အချိန်ကတည်းစ သူ့ပတ်ဝန်းကျင်တွင် ထူးဆန်းသည့် အငွေ့အသက်များ ရှိနေ၏။
နရှီဇါဝါတောင်မှ သူ့ကို ပျော်ရွှင်သည့် မျက်လုံးများဖြင့် ကြည့်နေသည်။
ကျင်းဝူ က သူ နားလည်နိုင်သော စကားလုံးအနည်းငယ်နှင့် အသုံးဝင်သည့် အချက်အလက်တွေကို စုစည်းနိုင်ဖို့ ကြိုးစားနေသည်။

နရှီဇါဝါ ထွက်သွားတော့မည်ဆိုတာ သိတော့ သူလည်း နရှီဇါဝါနောက်ကို လိုက်သွားဖို့ ပြင်လိုက်သည်။
နရှီဇါဝါနှင့်အတူ ရှိလျှင် သူ့အတွက် အသုံးဝင်မည့် အချက်အလက်များ ပိုရနိုင်သည်။ ပိုအရေးကြီးတာက သာ့ဟေး က အပြင်ဘက်ကို ထွက်ပြေးသွားသည်။ သာ့ဟေးကို သူ သွားရှာရဦးမည်ပင်။

ကျင်းဝူ က ခြေလှမ်းစလှမ်းလိုက်သည့်အချိန်၌ပင် ရေမွန် က ရပ်တန့်ဖို့ အမူအရာ ပြလိုက်သည်။
ကျင်းဝူ သူ့ကို မော့ကြည့်လိုက်‌လေ၏။
ရေမွန့် နှုတ်ခမ်းထောင့်က နည်းနည်းလေး လှုပ်သွားပြီး စကားလုံးတစ်လုံးချင်းစီကို ဖြည်းဖြည်းချင်း ပြောလိုက်‌လေသည်။
"ငါ နဲ့ လိုက် ခဲ့"

ထိုစကားလုံးကိုတော့ သူ ချက်ချင်း နားလည်လိုက်သည်။
နရှီဇါဝါ က ပြုံးပြီး သူ့ကို ရေမွန် ဆီ တွန်းပို့လိုက်ကာ "မင်း မာရှယ်ရေမွန် နဲ့ ပြောစရာတွေ အများကြီး ရှိမှာပါ။ ကျွန်တော် တစ်ယောက်တည်း သွားလို့ ရပါတယ်။ မင်းရဲ့ အင်္ကျီဆိုဒ်ကို ကျွန်တော် သိပါတယ်"

ကျင်းဝူ: "..."
ကျင်းဝူ: "!!!"
မာရှယ်ရေမွန် : ? ? ?
...သေသွားပြီ မဟုတ်ဘူးလား? ? ?

ကျင်းဝူ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားရသည်။ သူ ရေမွန့်ကို ချက်ချင်း ကြည့်လိုက်မိ၏။ ဒီလူက မာရှယ်ရေမွန် လား? ?
မာရှယ်ရေမွန် က ချမ်းသာတဲ့ စီးပွားရေးသမားတစ်ယောက် မဟုတ်ဘူးလား။
ဘယ်လိုလုပ်ပြီး အရာရှိကြီး ဖြစ်သွားရတာလဲ။

ကျင်းဝူ တစ်ခုခုကို ချက်ချင်းနားလည်သွား‌လေပြီ။ "မာရှယ်ရေမွန်" ဆိုသည်မှာ လူတစ်ယောက်၏နာမည်မဟုတ်ဘဲ နာမည်နှင့် ရာထူးကို ပေါင်းပြောတာဖြစ်ကြောင်း သူသဘောပေါက်သွားသည်။

ပြီးခဲ့သည့်နှစ်ရက်အတွင်း ထိုလူများပြောနေသော "ရေမွန်" နှင့် "မာရှယ်" ကို ဘာကြောင့် သီးခြားစီပြောနေလဲဆိုတာ သူသိလိုက်ရပြီ။
အကြောင်းအရင်းကတော့ ... ဘာသာစကားအခက်အခဲတွေကြောင့်ပဲ။
အခု ဘာလုပ်ကြမလဲ။

သခင်ကြီးက အသက်ပြန်ရှင်လာပြီ။
သူ့ "ကလေးအဖေ" အတုကိစ္စ ကို ချက်ချင်း ဖော်ထုတ်ခံရတော့မယ်၊ အခု "ကလေး" ကလည်း ထွက်ပြေးသွားပြီ။
သူလည်း ထွက်ပြေးသင့်လား။

ကျင်းဝူဟာ တံခါးနှင့် သူ့အကွာအဝေးကို တစ်ချက်ကြည့်လိုက်ပြီး သေနတ်များကိုင်ဆောင်ထားသည့် စစ်သားနှစ်တန်းကို ကြည့်လိုက်သည်။
သူသည် အနှီလူများကို မကြောက်ပါ‌ချေ၊ လက်နက်များကလည်း သူ့ကို ထိခိုက်အောင် မလုပ်နိုင်‌ပေ၊ သို့သော်လည်း ... ယခုထွက်ပြေးသွားလျှင် "အလိုရှိနေတဲ့ ရာဇဝတ်သား" ဖြစ်သွားကာ တစ်သက်လုံး ပုန်းရှောင်နေရတော့မည်။
ထို "မာရှယ်ရေမွန်" က ရာထူးကြီးကြီးမားမားရှိပုံရသည်။

ဒီလူ သေသွားတာ ကောင်းနေရဲ့သားနဲ့၊ ဘာလို့ ရုတ်တရက် အသက်ပြန်ရှင်လာရတာလဲ။
ကျင်းဝူ ဘာလုပ်ရမှန်း မစဉ်းစားရသေးခင်မှာပင် ရေမွန်က စကားပြောလိုက်သည်။
"မင်းနဲ့ နှစ်ယောက်တည်း စကားနည်းနည်းပြောချင်တယ်။ ငါ့နောက်လိုက်ခဲ့။"

ပြောပြီးပြီးချင်း ရေမွန်က လှည့်ပြီး မနေ့ညက ကျင်းဝူ နေသော အခန်းဆီသို့ ထွက်သွား‌လေသည်။
ကျင်းဝူ"..."
နရှီဇါဝါ က သူ့ကို ပြုံးပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်ပာ "သွားလေ၊ သွားလေ" ဟု ပြောလိုက်သည်။
ကျင်းဝူတစ်‌ယောက် သူ၏တောင့်တင်းနေ‌သောခြေထောက်များနှင့် ခြေလှမ်းကို လှမ်းလိုက်သည်။

ဘေးမှာရှိသည့် ကော်ရေးက ရုတ်တရက် သဘောပေါက်သွားရသည်၊ မာရှယ်က သူ့ကို နရှီဇါဝါကို ကာကွယ်ဖို့ ဘာလို့မှာလိုက်သလဲဆိုတာက အကြောင်းရင်းရှိနေသည်ကိုး။
သူတို့ မာရှယ်၏ အပြင်ပိုင်းမှာ အေးစက်ကာ မပြောင်းလဲသည့် မျက်နှာအမူအယာရှိပေ‌သော်ငြား တကယ်တမ်းကြတော့ ထိုကဲ့သို့လုပ်ရန် မစောင့်နိုင်သည့်ပုံစံဖြစ်နေသည်လား?။

မာရှယ်တစ်ယောက် အရင်က ပုန်းကွယ်နေတဲ့ကြယ်က အပျိုစင်တောအုပ်ထဲမှာ ရှိနေတုန်းကတောင် ဗဟိုကြယ်ကို ပြန်ရောက်တဲ့အထိ မစောင့်နိုင်ဘဲ  သူ့သားရဲတိရစ္ဆာန်ပုံစံကို အသုံးပြုပြီး အမှတ်အသားပေးခဲ့တာ မဟုတ်လား။မဟုတ်သေးဘူး၊ မာရှယ်က စွမ်းအင် မပျောက်ဆုံးသွားဘူး ဒါကြောင့် သူက သားရဲတိရစ္ဆာန်ပုံစံကို သုံးမှာ မဟုတ်ဘူး။
တစ်ယောက်တည်း အတွေးများနေသည့် ကော်ရေးက ‘နှစ်ရက်လောက် ကိုယ့်ရဲ့ချစ်သူကို မတွေ့ရရင်ကော အဲ့လောက်အများကြီး စဉ်းစားနေဦးမလား။’  ဟု ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။

ကော်ရေး၏ ဦးခေါင်းထဲတွင် အတွေးများ အများကြီးရှိနေပြီး နရှီဇါဝါ ကို အဓိပ္ပါယ်ပါပါနှင့် ကြည့်လိုက်သည်။
နရှီဇါဝါကလဲ နားမလည်နိုင်စွာ သူ့ကိုပြန်ကြည့်နေပြီး "မာရှယ်ရဲ့အဖော်အတွက် အဝတ်အစား သွားဝယ်ရအောင်။ သူက မင်းဝတ်ခဲ့တဲ့ယူနီဖောင်းကို ဝတ်ထားတုန်းပဲ၊ မင်းရဲ့အနံ့တွေလည်း ရနေတယ်။ မာရှယ်စိတ်ဆိုးသွားမှာပေါ့။"

ကော်ရေး၏ အမွှေးအမျှင်များ ရုတ်တရက် တောင့်တင်းသွား‌လေပြီ။
သားရဲများသည် အနံ့ခံအာရုံ အလွန်အမင်း စူးရှသည်၊ ပိုင်ဆိုင်လိုစိတ်လည်း အရမ်းပြင်းထန်ကြသည်။
 
သေပြီ။ သူတော့ သေပြီ။ ဘာလို့ မာရှယ်ရဲ့တွဲဖက်အတွက် သူ အစတည်းက ဝတ်စုံတစ်စုံ ဝယ်ပေးရမယ်ဆိုတာ မေ့သွားရတာလဲ။
ကော်ရေးဟာ သူ ရိုက်နှက်ခံရတော့မည် ဟုခံစားလိုက်ရတော့သည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment