no

Font
Theme

အခန်း ၈။ ညီအစ်ကိုအဖြစ် ကတိကဝတ်ပြုခြင်း

ပဲပိစပ်ဆီ၏ ရောင်းအားကို စိုးရိမ်ဖို့မလိုပေ။ ဝူမြို့တော်မှာ ၎င်းတို့အတွက် ဈေးကွက်ကြီးရှိသည်။ ကျန်းကွေက ဆီဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံကာ ပူးပေါင်းဖို့ ဆွေးနွေးထားခဲ့သည်။ မြို့တွင် ဆီဆိုင် ၁၂ဆိုင်ရှိ၏။

နှမ်းဆီထုတ်လုပ်ခြင်း ကုန်ကျစရိတ်နှင့် စာလျှင် ပဲဆီထုတ်လုပ်ခြင်း ကုန်ကျစရိတ်က ပိုသက်သာပြီး နေ့စဉ်ထုတ်လုပ်ရေးကလည်း တည်ငြိမ်သည်။ ၎င်းက နှမ်းဆီကို အပြည့်အဝအစားထိုးနိုင်သည်ဟု မဆိုသာသော်လည်း ဆီဆိုင်ပိုင်ရှင်များက ၎င်းတို့ဆိုင်များတွင် ပဲဆီကို လက်ခံထားဆဲဖြစ်သည်။

လင်းယွမ်က တွက်ချက်မှုအချို့လုပ်လိုက်ရာ တစ်ရက်စီ၏ အမြတ်က ပြား ၁ထောင်ဝန်းကျင်ရှိသည်။

"ဒါကို ငါတို့ ဝူမြို့တော်အပြင်ဘက်မှာပါ ရောင်းသင့်လား?" ကျန်းကွေမှာ ပဲဆီလုပ်ငန်း၏ အမြတ်များကို မြင်သဖြင့် လုပ်ငန်းကို တိုးချဲ့ဖို့ ရဲတင်းလာသည်။

ဘယ်သူက ပိုက်ဆံပိုရမှာကို မကြိုက်မှာလဲ?

သို့သော်လည်း လင်းယွမ်က ခေါင်းခါ၏၊ "အစ်ကိုကျန်း၊ ဒီညီလေးက မလုပ်ချင်လို့မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့သာ တခြားနေရာမှာ ရောင်းမယ်ဆို ဘယ်သူက ခရီးထွက်ပေးမှာတဲ့လဲ? ဒါ့အပြင် ဝူမြို့တော်မှာက အစ်ကိုနဲ့ အစ်ကိုတောက်ရှိတော့ ပိုက်ဆံကို အေးဆေးရှာလို့ရတယ်။ ဒီရက်တွေမှာ အပြင်လောက,က မအေးချမ်းဘူး။ ဆီထုတ်နည်းက လွယ်ကောင်းလွယ်ပေမယ့်လည်း ကျွန်တော်တို့ပဲ သိထားတာလေ"

"တစ်ယောက်ယောက်သာ အခွင့်ကောင်း ယူချင်ရင်...." လင်းယွမ်က အပြီးထိ မပြောလိုက်ရပေ။

ကျန်းကွေက သက်ပြင်းချကာ၊ "ငါ အရမ်းကို စိတ်မရှည်ဖြစ်သွားတယ်၊ ပိုပြီး နက်နက်ရှိုင်းရှိုင်းစဉ်းစားတတ်တဲ့ မင်းနဲ့မတူဘဲနဲ့"

လင်းယွမ်က နှစ်သိမ့်လိုက်သည်၊ "အစ်ကိုကျန်း ဒီလိုစဉ်းစားကြည့်၊ ကျွန်တော်တို့က ရူးလောက်အောင် မ

ချမ်းသာပေမယ့်လည်း အနည်းဆုံးတော့ ဒါက တည်ငြိမ်တဲ့ ဝင်ငွေရင်းမြစ်ပဲလေ'

ယခုတွင် ဝင်ငွေက တည်ငြိမ်လာပြီဖြစ်ပြီး နေ့စဉ်အသုံးစရိတ်က အရမ်းမများလှလေရာ လင်းယွမ်မှာ သူ၏ မြေကွက်ကို ပို၍ အာရုံစိုက်နေနိုင်ပြီဖြစ်၏။

ယန်ဇီအန်း၏ လူ ၄၀က သူ၏ မြေသို့ ကျန်းကွေ ပြင်ဆင်ပေးထားသော လယ်လုပ်ပစ္စည်းများဖြင့် သွားကြပြီဖြစ်သည်။ လင်းယွမ်က ယခုတွင် အစိုးရဝန်ထမ်း မိတ်ဆွေတစ်ဦးရထားခြင်း၏ အကျိုးအမြတ်ကို သေချာသတိပြုမိနေပြီဖြစ်၏။ ကျန်းကွေထံ၌ အဓိကအာဏာမရှိသလို ထိပ်တန်းအရာရှိများကို မယှဉ်နိုင်သော်လည်း သာမန်လူများအကြား၌ သူ့ထံတွင် အာဏာအတော်လေး ရှိနေဆဲပင်။

သူဟာ သုံးစွဲပြီးတိုင်း သူ၏ ပိုက်ဆံအိတ်ပါးပါးလေးကို ထပ်မကြည့်တော့သည်က ကိစ္စကောင်းဖြစ်၏။ လင်းယွမ်မှာ အမှန်ပင် စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။

"အစ်ကိုကျန်း" လင်းယွမ်က ကျန်းကွေအတွက် လက်ဖက်ရည်ငှဲ့ပေးကာ အလေးအနက်ပြောလိုက်သည်၊ "ကျွန်တော့်အနေနဲ့ လူတွေကို ကျွန်တော့်ရဲ့ ကိုယ်ပိုင် စိုက်ပျိုး မွေး‌မြူရေးခြံကို စဆောက်ခိုင်းသင့်နေပြီ။ ကျွန်တော် အစ်ကို့ကို ဒုက္ခဆက်ပေးရဦးမယ်"

ကျန်းကွေက လက်ဖက်ရည်နွေးနွေးကို သောက်လိုက်သည်။

၎င်းမှာ မထူးခြားလှသော်လည်း လက်ဖက်ရည်သောက်နိုင်ခြင်းကပင် ယခုတွင် ဇိမ်ကျလှပြီဖြစ်သည်။ သူက ခေါင်းငြိမ့်ကာ၊ "ပြဿနာ မရှိပါဘူး၊ ပြဿနာ မရှိပါဘူး၊ ငါ သူတို့ကို နည်းနည်းလေးတောင် ပျင်းရိခွင့်မပေးပါဘူး"

လင်းယွမ်က အသေးစိတ်ရှင်းပြသည်၊ "ကျွန်တော် ခြံဝန်းတစ်ခုနဲ့ ပုံမှန် အိမ်တစ်လုံးဆောက်ချင်တယ်၊ ဒါပေမယ့် အထပ်က ၃ထပ်အဆောက်အဦဖြစ်ရမယ်"

ကျန်းကွေလည်း ရှုပ်ထွေးသွားသည်၊ "အာ? မင်းက ပြဇာတ်ရုံဆောက်ချင်လို့လား?"

လင်းယွမ်က ခေါင်းခါလိုက်ကာ၊ "မဟုတ်ပါဘူး။ အာ့လျန် စုတ်တံနှင့် မှင်အိုး ယူလာပေးပါဦး"

အာ့လျန်က “အိုင်း”ဟု အသံပြု၍ အမြန်ပင် စာရွက်တစ်ခုချပေးပြီး စုတ်တံနှင့် မှင်‌အိုး ‌ပြင်ပေးလိုက်သည်။

လင်းယွမ်မှာ လက်ရေးအလှ မည်သို့ရေးရမည်မှန်းမသိသော်လည်း ရိုးရိုးပုံတော့ ဆွဲနိုင်ပါ၏။ သူဟာ နေရာ အညီအမျှချထားသည့် တံခါးများနှင့် ထောင့်မှန်စတုဂံပုံအဆောက်အဦတစ်ခုကို ဆွဲလိုက်သည်။

"ဒီလိုပေါ့" လင်းယွမ်က ကျန်းကွေထံ စာရွက်ပေးလိုက်သည်။

ကျန်းကွေမှာလည်း စာမတတ်သလို *အနုပညာလေးရပ်ကိုလည်း ဘာမှမသိသော်ငြား အနီးကပ်ကြည့်ပြီး

နောက် နားလည်မှုတစ်စွန်းတစ်စရသွားသည်။ သူဟာ လင်းယွမ်အား ပဟေဠိဖြစ်စွာ မေးလိုက်လေသည်၊ "ဒါတွေအားလုံး စတုရန်းနဲ့ စတုဂံပုံစံပဲ၊ ခေါင်းတလားကြီးတစ်လုံးနဲ့တူတယ်။ ဒါကို ဒီလို ဘယ်လိုဆောက်နိုင်မှာလဲ?"

*(အနုပညာလေးရပ် = ဗျတ်စောင်းတီးခတ်ခြင်း၊ စစ်တုရင်ထိုးခြင်း၊ လက်ရေးအလှရေးခြင်း၊ ပန်းချီရေးဆွဲခြင်း)

လင်းယွမ်: "....."

အစ်ကိုကြီး၊ ချိန်တုရဲ့ ရာစုသစ်ကမ္ဘာလုံးဆိုင်ရာမောလ်ကြီးက ဒါနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်သွားမှာ စိုးရိမ်မိပါတယ်ဗျာ။

*( တရုတ်ပြည် ချိန်တုမြို့ရှိ အဆောက်အဦ)

လင်းယွမ်က နေရခက်စွာ ရယ်မောလိုက်၏၊ "အဆင့်မြင့်ပြီး ကြွယ်ဝမှုရရှိဖို့"

(TN: တရုတ်လို ရေးထားတဲ့ စကားစုက ‘ရှန့်ကွမ်းဖာ့ချိုက်’ဖြစ်ပါတယ်။ ကွမ်းဆိုတဲ့ စကားလုံးက ခေါင်းတလားနဲ့ ရေးတဲ့ပုံချင်းမတူပေမယ့် အသံထွက်ချင်း

အတူတူပါပဲ။ လင်းယွမ်က သံတူကွဲကြောင်းသုံးပြီး ကျန်းကွေက သူ့ရဲ့ အကြောင်းပြချက်ကို ယုံလာအောင် လုပ်နေတာပါ)

ကျန်းကွေမှာ နောက်ဆုံးတွင် နားလည်ကာ မိမိပေါင်ကို မိမိပြန်ရိုက်လိုက်သည်၊ "အဓိပ္ပာယ်ကောင်းပဲ! ညီလေး‌လင်းက ပညာသင်ကျောင်းသားဖြစ်နေတာ မဆန်းပါဘူး။ မင်းက ငါ့ထက် ဗဟုသုတပိုရှိတယ်။"

"ဒါပေမယ့် ဈေးနှုန်းကတော့ နည်းမှာ မဟုတ်ဘူး" ကျန်းကွေက မျက်မှောင်ကုပ်လိုက်သည်။

လင်းယွမ်: "ထယ် ၅၀ဆိုရင် လောက်လား?"

လင်းယွမ်ကပြောသည်၊ "ကျွန်တော်က မြန်မြန်ဆောက်ချင်တာဆိုတော့ လူက ပိုလိုမယ်။ အကောင်းဆုံးကတော့ နွေရာသီမှာ ပြီးနိုင်ရင် ပိုအဆင်ပြေတယ်"

ကျန်းကွေက ထရပ်လိုက်သည်၊ "မင်းအနေနဲ့ တောင်းဆိုပြီးနေမှတော့ ကောကောကလည်း ကူညီရမှာပေါ့

ကွာ။ ဒုက္ခသည်တွေအများကြီး ဝူမြို့တော်ကို ရောက်နေကြတာပဲ။ သူတို့ကို အဆောက်အဦဆောက်ခိုင်းပြီး အစားအစာပေးရုံပေါ့။ ဒါက ပိုက်ဆံနည်းနည်းသက်သာလိမ့်မယ်"

ထိုဒုက္ခသည်များကို ဝူမြို့တော်ထဲသို့ ဝင်ခွင့်မပေးထားပေ။ ၎င်းတို့ ရောက်ရှိလာမှုက မြို့တစ်မြို့၏ ဒေသခံများ လုံခြုံမှုကို လျော့ကျမှု ဖြစ်စေသောကြောင့် ၎င်းတို့အား ဝင်ခွင့်မပေးရာ ထိုအစား မြို့ဂိတ်အပြင်ဘက် ကောက်ရိုးတဲလေးများ၌ နေကြရသည်။ ဆောင်းရာသီကူးပြောင်းလာခြင်းကြောင့် ဒုက္ခသည်အရေအတွက်က နည်းပါးလာ၏။

အချို့မှာ သေဆုံး၍၊ အချို့က ထွက်ခွာသွားကြသည်။

ထွက်ခွာသွားကြသူများမှာ ငယ်ရွယ်ပြီး အရွယ်ကောင်းများ ရှိနေသူများဖြစ်ကြ၏။

ကျန်းကွေက ဆို၏၊ "သူတို့တွေ မနှစ်က ရောက်လာတုန်းကဆို ကလေးတချို့ကိုတောင် တွေ့ခဲ့သေး

တယ်။ ဒါပေမယ့် နှစ်ယောက်ကထွက်သွားပြီး သေခါနီးဆဲဆဲဖြစ်နေကြတာလေ။"

လင်းယွမ်က မျက်မှောင်ကုပ်လိုက်ကာ၊ "သူတို့က သေ‌လုနီးပါး အေးခဲသွားခဲ့ကြတာလား?"

ကျန်းကွေလည်း ခေါင်းငြိမ့်၍ သက်ပြင်းချလာ၏၊ "အထက်ပိုင်းလူတွေက သူတို့ကို မြို့ထဲ ပေးမဝင်တော့ ငါလည်း ဘာမှ မတတ်နိုင်ဘူး။ ငါ့အခြေအနေကတောင် ခက်ခဲနေတာလေ။ ငါ့လက်တွေကို တကယ်ပဲ ချည်နှောင်ခံထားရတယ်"

ကျန်းကွေမှာ ကြင်နာတတ်သူဖြစ်သော်လည်း ချမ်းသာမှုမရှိလျှင် သူ၏ ကြင်နာမှုကိုပြသဖို့က အသုံးမဝင်ဆဲဖြစ်သည်။

လင်းယွမ်က ပြော၏၊ "ကျွန်တော့်အနေနဲ့ သူတို့ အဆောက်အဦ ဆောက်ပေးရင် အ‌ဆင်ပြေပေမယ့် သူတို့ကို ကိုင်တွယ်ဖို့က မလွယ်လောက်ဘူး"

သူဟာ လူတစ်ယောက်က အကန့်အသတ်ရောက်

သွားသည်နှင့် ဓားသွား၏ အစွန်းကို လျှောက်ဖို့ ရွေးချယ်သွားမည်အား ကြောက်နေမိသည်။ တောင်အထပ်ထပ်နှင့် ရေစီးကြမ်းကြမ်းမြစ်အသွယ်သွယ်က လူယုတ်မာတို့ကို မွေးထုတ်ပေးတတ်သည် (ပတ်ဝန်းကျင်က လူတွေကို လွှမ်းမိုးနိုင်တယ်) ဟူသော ဆိုရိုးမှာ မမှန်သည်တော့ မဟုတ်ပေ။ လူတစ်ယောက်မှာ ၎င်းတို့အား ဆွဲထားသည့် အရာမရှိသရွေ့ သားရဲကောင်များအဖြစ်ပြောင်းလဲ သွားတတ်သည်။

ကျန်းကွေက နောက်ထပ် လက်ဖက်ရည်တစ်ငုံသောက်ကာ မျက်မှောင်ကုပ်လိုက်၏၊ "ဒါကို အစ်ကိုတောက်နဲ့ ပြောကြည့်လိုက်မယ်"

အစ်ကိုတောက်မှာ မည်သို့ဖြစ်ဖြစ် ဂိုဏ်းခေါင်းဆောင်ဖြစ်ကာ လူများကို စီမံခန့်ခွဲနေခြင်းက လိုအပ်နေသော ကျွမ်းမှုဖြစ်သည်။ လင်းယွမ်လည်း မငြင်းခဲ့ပေ၊ "အစ်ကိုတောက်က သူတို့ကို စီမံခန့်ခွဲဖို့ ဆန္ဒရှိလား ကြည့်ကြတာပေါ့"

……..

"ပြဿနာမရှိဘူး!" အစ်ကိုတောက်က လက်ရှိတွင် ထင်းများ ခွဲနေသည်။ ကျန်းကွေ၏ အမေးကိုကြားသော် သူဟာ ခိုင်ခိုင်ကြည်ကြည် သဘောတူလိုက်၏။ ထို့နောက် နဖူးထက်မှ ချွေးများကို သုတ်၍ ယပ်ခတ်ရန် အုန်းရွက်ယပ်တောင်ကို ယူခပ်လိုက်ပြီးနောက် ပုဆိန်ကို ဘေးသို့ ချထားလိုက်သည်။

လင်းယွမ်က မနာလိုစွာကြည့်လိုက်၏။ အစ်ကိုတောက်၏ ခန္ဓာကိုယ်မှာ ကြွက်သားမာမာများနှင့် တောင့်တင်းကြံ့ခိုင်၍ အရပ်လည်းမြင့်သည်။ သူ့ဘေးနား ရပ်လိုက်ခြင်းဖြင့် လူတစ်ယောက်အား သူ့ထံမှ အပူငွေ့များကိုပင် ခံစားရစေနိုင်၏။ လတ်တလော ရာသီဥတုက မပူလွန်းလှသေးရာ လင်းယွမ်နှင့် အာ့လျန်မှာ စောင်တစ်ထည်တည်းအတူခြုံထားခြင်းဖြင့်ပင် နှစ်ယောက်လုံး ‌အအေးဒဏ်ကို ခံစားနေရသေးသည်။ အစ်ကိုတောက်၏ အနံ့ဆိုးသော ခြေထောက်ကြောင့်သာမဟုတ်လျှင် လင်းယွမ်မှ သူ့အား အတူအိပ်စက်ဖို့ပင် ဆန္ဒရှိရှိ ဖတ်ခေါ်မိလောက်သည်။

အစ်ကိုတောက်က မျက်နှာထက် လေးစားဟန်ဖြင့် လင်းလက်နေသော လင်းယွမ်ကို ကြည့်လိုက်သည်၊ "ညီလေးလင်း မင်းမှာ ကောင်းမှုတွေ လုပ်တတ်တဲ့ နှလုံးသားရှိတော့ ကောကောက ဘာမှမပြောဘဲ သူတို့ကို ကောင်းကောင်းစီမံခန့်ခွဲဖို့ ကူညီပါမယ်။ မင်းက သူတို့ကို ရှင်သန်ဖို့ အခွင့်အရေးပေးပြီးမှ သူတို့အနေနဲ့ ကျေးဇူးတင်ရကောင်းမှန်းမသိရင်တော့ ငါလည်း သူတို့ကို စည်းကျော်ခြင်းရဲ့ အကျိုးဆက်ကို သိခွင့်ပေးလိုက်မယ်"

ပိုက်ဆံသက်သာစေရန်နှင့် လိုအပ်သည့်လူများကို ကူညီရန်မှာ သူ့အနေနှင့် နှစ်ခုစလုံးကို ရထားသည့် အခြေအနေဟု ယူဆနိုင်သည်။

လင်းယွမ်ကလည်း အတော်လေး ခံစားချက်ကောင်းနေကာ လက်များကို အုပ်ကိုင်၍ ပြောလိုက်၏၊ "ဒါဆို ကောကောကို ဒုက္ခပေးရတော့မယ်။"

အစ်ကိုတောက်က လင်းယွမ်၏ ပခုံးကို ပုတ်လိုက်သည်။ သူဟာ ကျန်းကွေကို ကြည့်ပြီးနောက် ရုတ်တရတ် ပြောလေ၏၊ "ငါတို့ ၃ယောက်မှာ ကြိုတင်

ကံကြမ္မာကသတ်မှတ်ပေးထားတဲ့ ရင်းနှီးမှုရှိနေတာပဲ၊ အခုဆို လုပ်ငန်းမှာပါ ပူးပေါင်းပြီးနေပြီ၊ တစ်ရက်လောက် အချိန်ဖယ်ပြီး ညီအစ်ကိုအဖြစ် ကတိကဝတ်ပြုကြရင်ရော"

လင်းယွမ်: "..."

ကျန်းကွေ: "...."

၎င်းတို့မှာ စကားဝိုင်းဖွဲ့နေရုံဖြစ်ရာ မည်သို့များ ညီအစ်ကိုအဖြစ် ကတိကဝတ်ပြုခြင်းသို့ ရောက်လာရသနည်း?

ကျန်းကွေမှာ ပထမဆုံး တုံ့ပြန်၍ ရယ်မောလိုက်သည်၊ "အတိအကျပဲပေါ့! ညီအစ်ကိုအဖြစ် ကတိကဝတ်ပြုကြမယ်လေ၊ ဒီနည်းနဲ့ဆို ဆက်ဆံရေး ပိုတောင် နီးကပ်လာမှာပဲ"

လင်းယွမ်က အမြန်ပြောလိုက်၏၊ "ဒါပေမယ့် ကျွန်တော် အဖေနဲ့ အမေ နှစ်ယောက်စလုံးက မြောက်ပိုင်းမှာ..."

ဤခေတ်တွင် ညီအစ်ကိုအဖြစ် ကတိကဝတ်ပြုခြင်းက တရားဝင်သက်ရောက်မှုမရှိသော်လည်း ကတိကဝတ်ပြုလိုက်သည်နှင့် ၎င်းတို့မှာ သွေးရင်းညီအစ်ကိုများလို ရင်းနှီးလာလိမ့်မည်ဖြစ်သည်။

ကျန်းကွေနှင့် အစ်ကိုတောက် နှစ်ဦးစလုံးက လင်းယွမ်ကို ကြည့်လာ၏။

လင်းယွမ်: ".... အဖေနဲ့ အမေ နောက်ကျ ညီလေးက ကိုယ့်ဘာသာ အစ်ကိုကောင်းတွေ ရှာတွေ့ထားတာကို သိရင် ဝမ်းသာသွားကြမှာပါ"

မူလပိုင်ရှင်ရဲ့ အဖေနဲ့ အမေ၊ တောင်းပန်ပါတယ်ဗျာ၊ ဒါက ကျွန်တော် ရည်ရွယ်ထားတာမဟုတ်ပါဘူး။

နေ့ရက်ကို လမ်းရှိ ဗေဒင်ဆရာတစ်ဦးမှ ရွေးပေးသည်။ သူဟာ လူလိမ်အဘိုးအိုကြီးဖြစ်ပြီး တစ်ဘဝလုံး လိမ်လည်လာခဲ့ကာ တကယ်တမ်း လိမ်ညာရင်းမှတဆင့် ကျန်းဟူလောကအတွေ့အကြုံကိုပင် ရနေပြီဖြစ်သည်။ အတိုချုံး‌ဆိုရသော် မည်သူ့ကို

ဖြစ်ဖြစ် ၎င်းတို့ ကြားချင်တာ ဘာမဆို ပြောလိုက်ရုံပင်။ ထို့အပြင် လူအတော်များများကလည်း တကယ်ပဲ သူ့ကို ယုံကြည်ကြ၏။

အစ်ကိုတောက်လိုမျိုးပင်။

"အမတတစ်ပိုင်း အရှင် ချန်" အစ်ကိုတောက်က တလေးတစား ပြောလေသည်၊ "ဒီနှစ်ယောက်က ကျွန်တော့်ရဲ့ ညီကောင်းလေးတွေပါ၊ ကျေးဇူးပြုပြီး ကျုပ်တို့ ညီအစ်ကိုအဖြစ် ကတိကဝတ်ပြုလို့ရမယ့် မင်္ဂလာရက်လေးတစ်ရက်လောက် ကူရှာပေးပါဦး"

အမတတစ်ပိုင်းအရှင်က မုတ်ဆိတ်ကို သပ်လိုက်သည်။ သူဟာ မူလက အင်မတန် ပိန်လှီလှသဖြင့် ကြီးမားသော လှိုင်းတွန့် တောက်ဆရာဝတ်ရုံ ဝတ်ထားခြင်းက သဘာဝလွန်စွမ်းရည်များနှင့် ဆန်းကြယ်သော တာအိုဆရာတစ်ဦးဟု အင်မတန် ယုံကြည်ချင်စရာကောင်းနေသည်။ သူ၏ မျက်နှာမှာ အရေးအကြောင်းများ အပြည့်ရှိသော်လည်း သူဟာ ၎င်းကို ပို၍ပင် တွန့်သွားစေကာ လက်တစ်ဖက်ထုတ်၍ တွက်ချက်လိုက်၏၊ "မနက်ဖြန် မွန်းလွဲပိုင်း

ပဲ"

လင်းယွမ်မှာ ဘေး၌နေ၍ အမူအရာမဲ့ဖြစ်နေဆဲပင်။ အမတတစ်ပိုင်းအရှင်ကြီး၊ ဒါက အရမ်း မြန်ဆန်ပြီး ကျပန်းဆန်လွန်းမနေဘူးလား?

နေ့တစ်ရက်ကို ရွေးချယ်ခိုင်းခြင်းအတွက် အစ်ကိုတောက်က ငွေပေးရမည်ဖြစ်သော်လည်း အမတတစ်ပိုင်းအရှင် ချန်က သူ့လက်အား ဖိချကာ အလေးအနက်ဖြင့်တီးတိုးမေးလိုက်သည်၊ "တောက်လေး၊ မင်း မကြာခင်က လုပ်ငန်းလုပ်နေတယ်လို့ ကြားတယ်နော်? မင်းရဲ့ ပိုက်ဆံကို ငါလက်မခံတော့ပါဘူး၊ ငါ့ကိုလည်း ပါဝင်ခွင့်ပေးမလား?"

တစ်ခဏအတွင်းမှာပင် ဆန်းကြယ်မှုရောင်ဝါက အပိုင်းပိုင်းအစစ ကြေမွသွားတော့သည်။

အစ်ကိုတောက်က စိတ်ရှုပ်ထွေးဟန်ပေါ်နေသေးကာ မည်သို့ဖြစ်ဖြစ် ဤပါးနပ်သော လူဦးကြီးက သူ့စိတ်ထဲမှ အမတတစ်ပိုင်းအရှင်ဟု ယုံကြည်ဖို့ ဆန္ဒမရှိပေ။

အမတတစ်ပိုင်းအရှင် ချန်က အစ်ကိုတောက်မှာ ထိတ်လန့်မှုမှ ရုန်းမထွက်နိုင်ဆဲဖြစ်နေသည်ကိုမြင်သဖြင့် ထပ်ပြောလိုက်၏၊ "စိတ်မပူပါနဲ့၊ ငါ့မှာ ငွေရှိပါတယ်"

ဗေဒင်ဟောခြင်းလုပ်ငန်းမှာ မူလကတည်းက သမားတော်တစ်ပါးနှင့်တူပြီး အသက်ကြီးလေ ပိုပိုက်ဆံရလေဖြစ်သည်။

အသက်ငယ်ပါက သာမန်လူများက သင့်စွမ်းရည်များကို ယုံကြည်မည်မဟုတ်ပေ။

အမြဲတမ်း ပိုအသက်ကြီးသူများက ပို၍ ယုံကြည်ရသည်ဟု ခံစားရသည်။

ဆေးဆိုင်များရှိ သမားတော်များမှာ ၎င်းတို့ ငယ်ရွယ်သေးလျှင်တောင် မုတ်ဆိတ်ရှည်ထား၍ တကယ့်အသက်ထက် ပိုကြီးသယောင် ဟန်ဆောင်တတ်ကြသေးသည်။ မဟုတ်ပါက လူနာများ ရောက်လာမည်မဟုတ်ပေ။

ကျန်းကွေက အယူသီးသူမဟုတ်သဖြင့် ပြုံးကာ ပြောလိုက်၏၊ "အမတတစ်ပိုင်းအရှင်၊ အစ်ကိုတောက်မှာ ပြောစရာမရှိပါဘူး၊ လုပ်ငန်းက ဒီညီလေးနဲ့ပဲ ဆိုင်တာပါ။ ခင်ဗျား ပါဝင်ချင်ရင် သူနဲ့ စကားပြောလို့ရတယ်"

အမတတစ်ပိုင်းအရှင် ချန်က လင်းယွမ်ကို မျက်စိစောင်းကာ ကြည့်လိုက်သည်။

လင်းယွမ်က ထိုနေရာ၌ အမတတစ်ပိုင်းအရှင် ချန်ကို ကြည့်ရင်း ထိုလူက အဝေးမှုန်လား အနီးမှုန်လားကို တွေးနေမိ၏။

အမတတစ်ပိုင်းအရှင်ချန်က ဝေ့ဝဲကြည့်လာပြီး သူနှင့် ရင်းနှီးသူတစ်ဦးမှ မရှိသည်ကို မြင်သော် အမြန်ပင် လင်းယွမ်ထံ လျှောက်သွားလိုက်သည်၊ "ညီလေး ဒီဘက်ကိုကြည့်ပါဦး၊ မင်းမှာ လက်ရှိ လူနည်းနည်းပဲ ရှိထားတယ်တော့ မင်းအခုအလုပ်နိုင်ဆုံးက ဝူမြို့တော်ဈေးကွက်ကို ဝါးမြိုတာပဲ။ ကျုပ်ဆီမှာ တခြားမြို့တွေက လက်တိုလက်တောင်းလုပ်ပေးတဲ့

မိတ်ဆွေတချို့ရှိတယ်။ သူတို့ကို အပြင်ဘက်မှာ လက်တိုလက်တောင်းလုပ်ခိုင်းပြီး ညီလေးက ဒီတိုင်း ပိုက်ဆံထိုင်တွက်နေရမယ်ဆိုရင်ရော။ ဘယ်လိုသဘောရလဲ?"

လင်းယွမ်: "အမတတစ်ပိုင်းအရှင်၊ ကျွန်တော့်ရဲ့ လုပ်ငန်းက စတင်ရုံရှိပါသေးတယ်၊ အဲ့လောက် ဝေးဝေး မစဉ်းစားဝံ့ပါဘူး။ အနာဂတ်မှာ အခွင့်အရေးရှိလာရင်တော့ ကျွန်တော် ခင်ဗျားကို လာရှာပါ့မယ်"

အမတတစ်ပိုင်းအရှင်ချန်က ပူပန်လာ၏၊ "ညီလေး၊ ဒါက ဖြူပြီးတောက်ပနေတဲ့ ငွေလေ..."

အစ်ကိုတောက်: "အမတတစ်ပိုင်းအရှင်!'

အမတတစ်ပိုင်းအရှင်ချန်: "အိုင်း"

အစ်ကိုတောက်၏ အမူအရာက မကောင်းလှချေ၊ "ဒီလိုကိစ္စမျိုးကို ထပ်မမေးပါနဲ့တော့၊ ပြီးတော့ ဝင်လည်းမပါ ပါနဲ့၊ ကိုယ့်ဘာသာ ဗေဒင်ပဲ ဟောနေပါ"

အမတတစ်ပိုင်းအရှင်ချန်မှာ ထပ်မပြောရဲတော့ပေ။ သူဟာ ဝူမြို့တော်ကို လွန်ခဲ့သည့် ၂နှစ်ကလာခဲ့ပြီး သူ အနိုင်ကျင့်မခံခဲ့ရသည်မှာ အစ်ကိုတောက်၏ အကူအညီကြောင့်ပင်။ သူ့အနေဖြင့် အစ်ကိုတောက်ကို မခုခံဝံ့သောကြောင့် ချက်ချင်း တိတ်သွား၏။

အစ်ကိုတောက်က အတော်လေး ခံစားနေရသည်၊ သူဟာ အမတတစ်ပိုင်းအရှင်ချန်ကို အမတတစ်ပိုင်းအရှင်ဟု စိတ်ရင်းနှင့် ယုံကြည်ထားသော်လည်း ရလာဒ်မှာ သူဟာ အမတတစ်ပိုင်းအရှင် မဟုတ်သည်သာမက ပါးနပ်သည့် လူအိုကြီးဖြစ်နေခြင်းပင်။ သူဟာ ရှေ့မှလျှောက်သွားရင်း မိမိကိုယ်ကို စိတ်တိုနေမိရင်း သူနေထိုင်ခဲ့သည့် လွန်ခဲ့သော ၂နှစ်က လုံးဝကို အရူးနှင့်တူသည်ဟု စဉ်းစားမိသွားသည်။

လင်းယွမ်နှင့် ကျန်းကွေက နောက်မှ လျှောက်ရင်း အချင်းချင်းကြည့်လိုက်ကြ၏။

မနေနိုင်စွာ လင်းယွမ်က လျှောက်သွား၍ ဖြေသိမ့်လိုက်သည်၊ "အစ်ကိုတောက် ဒါက ဘာမှ ကြီးကြီးမားမားမဟုတ်ပါဘူး။ အမတတစ်ပိုင်းအရှင်က

ဘာပဲဖြစ်ဖြစ် တစ်ပိုင်းပဲလေ။ နောက်တစ်ပိုင်းကတော့ သာမန်လူဖြစ်ပြီး စားရ သောက်ရ အညစ်အကြေးစွန့်ရ မိသားစုကို ထောက်ပံ့ရတာပဲပေါ့"

အစ်ကိုတောက်က သက်ပြင်းချ၏၊ "သူက ငါ့ကို လိမ်ခဲ့တယ်"

လင်းယွမ်: "....."

"မနက်ဖြန် မွန်းလွဲကျရင် ငါတို့ ချိန်ဟွမ်းဘုရားကျောင်းကို သွားကြမယ်" အစ်ကိုတောက်က အမတတစ်ပိုင်းအရှင်၏ အတွေးများကို ဘေးချိတ်ကာ လင်းယွမ်နှင့် ကျန်းကွေတို့ဖြင့် ဆွေးနွေးလိုက်သည်၊ "ပစ္စည်းပစ္စယတွေ၊ ဝိုင်နဲ့ ပန်းကန်လုံးတွေယူလာဖို့ မမေ့ကြနဲ့။ ဓားတစ်လက်ရောပဲ၊ ထက်တာလေးပေါ့"

လင်းယွမ်: "ဓားတစ်လက်?' ကျွန်တော်တို့က ညီအစ်ကိုအဖြစ် ကတိကဝတ်ပြုတာပဲလေ၊ အချစ်ကြောင့် အတူသေကြမှာတော့ မဟုတ်ဘူးမို့လား?"

အစ်ကိုတောက်မှာ လင်းယွမ်က မြောက်ပိုင်းမှလည်းဖြစ်သလို အသက်လည်းငယ်သေးသဖြင့် ဤကျန်းဟူစည်းမျဉ်းများကို နားမလည်မည်အား စိုးရိမ်က ပြောပြလိုက်သည်: "ညီအစ်ကိုအဖြစ် ကတိကဝတ်ပြုခြင်းက ‌ဝိုင်ပန်းကန်ထဲ သွေးစက်ချဖို့လိုတယ်၊ လူသုံးယောက်လုံး အဲ့ဒါပြီးမှ ပန်းကန်ထဲက သောက်စရာကို သောက်ရတာ"

လင်းယွမ်: "ကောင်းပါပြီ" ရှေးခေတ်တွင် အနာကပ်ပလာစတာများ မရှိခြင်းကြောင့် ဖြတ်ရာက သိပ်မကြီးသရွေ့ အဆင်ပြေပါသည်။ လင်းယွမ်က မေးလိုက်သည်၊ "အဲ့အစား အပ်သုံးရင်ရော အဆင်ပြေလား?"

၎င်းက အစ်ကိုတောက်နှင့် အစ်ကိုကျန်းက သူ့အား အထင်အမြင်သေးစွာ ကြည့်လာစေသည်။

လင်းယွမ်၏ နှလုံးသားလေးက အင်မတန် ဝမ်းနည်းသွား၏၊ ဒီနှစ်ယောက်က မေးခိုင်ရောဂါ ဘယ်လောက်ကြောက်စရာကောင်းနိုင်လဲဆိုတာ မသိကြဘူးပဲ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment