no

Font
Theme

မင်မင်းဆက် အခန်း ၁။

ရှင်သန် လွတ်မြောက်ရန်

“သခင်လေး” နှာခေါင်းလုံးလုံးနှင့် အစေခံကောင်လေးမှာ ပန်းကန်လုံးအပဲ့ကို ကိုင်ထားပြီး သူ၏ မျက်နှာကမူ မျက်ရည်နှင့် နှပ်တို့ ပေပွနေလျက် အင်္ကျီကမူ ညစ်ပတ်ပေရေနေကာ လက်ချောင်းများက အအေးဒဏ်ကြောင့် နီရဲနေသည်။ သူဟာ ငိုရှိုက်ရင်းဖြင့် ဆိုလာ ပါ၏၊

“မရ၊ မရဘူး ဘာမှ ဟင့်၊ ဘာမှမရဘူး၊ ဘယ်သူကမှ ကျွန်တော့်ကို မပေး.. ဟင့်…”

လင်းယွမ်မှာ ကောင်ငယ်လေးက ဖျားတော့မတတ် ငိုနေသည်ကို မြင်သဖြင့် အမြန် ပြောလိုက်သည်။ “လာထိုင် မြန်မြန်”

ပြောရင်းဖြင့် လင်းယွမ်ဟာ မိမိခြုံလွှမ်းထားသောစောင်အစုတ်၏ အစွန်းကို ကောင်ငယ်လေးအား ဝင်လာဖို့ရန် မ’ပေးလိုက်သည်။ စွန့်ပစ်ထားသော ဘုရားကျောင်းမှာ လေနှင့် အအေးဒဏ်ကို မကာကွယ်နိုင်ရာ သခင်နှင့် အစေခံတို့မှာ စောင်စုတ်လေးတစ်ထည်ကိုသာ အနွေးဓာတ်ရဖို့ အားထားနိုင်လေသည်။

သူ ပထမဆုံး‌ ရောက်လာခဲ့ချိန်မှစ၍ တစ်ပါတ်ရှိပြီဖြစ်သည်။ တစ်ပါတ်တာလုံးတွင် သူဟာ ခက်ခဲစွာ လှုပ်ရှားခဲ့ရပြီး ကြိုးစားခြင်းကို မလျှော့ခဲ့ပေ။

သူ့ ခန္ဓာကိုယ်အသစ်၏ ပိုင်ရှင်ဖြစ်သူမှာ မြေယာနှင့် စီးပွားလုပ်ငန်း အများအပြားကို ပိုင်ဆိုင်သော မြောက်ပိုင်း မြေရှင်၏ သားဖြစ်သည်။ ရလာဒ် အနေဖြင့် သူဟာ အလွယ်တကူ ထွက် မသွားနိင်ခဲ့ဘဲ သူ့သားအား တောင်ပိုင်းသို့ ခရီးထွက်၍ စိုက်ပျိုမွေးမြူရေးခြံနှင့် မြေအချို့ ဝယ်ယူကာ စီးပွားရေးစတင်စေခဲ့သည်။ အနာဂတ်တွင် မြောက်ပိုင်း နိုင်ငံရေး အခြေအနေသာ ဆိုးလာခဲ့လျှင် မိသားစု တစ်စုလုံး ထွက်ပြေးရန် နေရာ ရှိကာ ပြန်လည်စတင်ဖို့ အထောက်အပံ့ငွေရှိမည် ဖြစ်သည်။

သို့သော်လည်း မြေရှင်အိုကြီးမှာ အတော်ဆိုးရွားစွာ တွက်ချက်မှုမှားခဲ့လိမ့်မည်ဟု မမျှော်မှန်းထားခဲ့ချေ။ သူ၏ တစ်ဦးတည်းသောသား ဆက်ခံသူမှာ နုံအလှသော ငတုံးဖြစ်နေသည်။

တကယ်ကို နုံအသော ငတုံးဖြစ်ပြီး အစေခံကောင်လေးတစ်ယောက်နှင့် မြင်းလှည်းမောင်းသမားတစ်ယောက်တို့နှင့် ထွက်သွားခဲ့သည်။ ထို့အပြင် သူ၏ ဖခင်ကိုပင် ပြောလိုက်သေး၏၊ လူများပို၍ ခေါ်သွားသည်က ပစ်မှတ်ကြီးကြီးကိုသာ ဖန်တီးမိမည်ဟူ၍။ ထိုမျှသာမက သူဟာ သူ၏ ဖခင်အား မြောက်ပိုင်းမှာ လက်ရှိတွင် မငြိမ်းချမ်းလှသောကြောင့် နေခဲ့ပြီး မိသားစုနှင့် ပိုင်ဆ်ိုင်မှုများကို ကာကွယ်ဖို့ လူပိုလိုအပ်သည်ဟု အယုံပါသွင်းခဲ့၏။

မူလပိုင်ရှင်မှာ ပညာရှိများ၏ စာအုပ်များကို အတော်များများ လေ့လာဖတ်ရှုခဲ့ဖူးသည်။ သူ၏ ဖခင်မှာ ၎င်းတို့က ပညာရှိများဆိုမိန့်ခဲ့သော ကျိုးကြောင်းဆင်ခြင်စကားများဖြစ်သည်ဟုဆိုကာ ၎င်းကို ကြားချိန်တွင် လုံးဝ ယုံကြည်သွားတော့သည်။

ရလာဒ်အနေဖြင့် မူလပိုင်ရှင်က ကံဆိုးမိုးမှောင်ကျခြင်း၏ လမ်းပေါ်သို့ ခြေချမိသွားတော့သည်။

အစေခံကောင်လေးမှာ ၁၂နှစ်သာရှိသေးကာ သခင်နှင့် အစေခံတို့မှာ ငယ်စဉ်ကတည်းက လုံခြုံသည့်

ပတ်ဝန်းကျင်၌လည်း နေခဲ့ရသည်ပင်။ တောင်ပိုင်းသို့သွားသည့် လမ်းရှိ ခြေလှမ်းတိုင်းတွင် ၎င်းတို့၏ ပိုက်ဆံအိတ်များက လျော့လျော့လာခဲ့သည်။

မူလပိုင်ရှင်က လမ်းဘေးရှိ သူဖုန်းစားများကို မငြင်းပယ်ခဲ့ရာ သူ၏အပြုအမူများက ပစ်မှတ်အဖြစ် သာပြောင်းလဲသွားစေခဲ့၏။

မြင်းလှည်းမောင်းသမားထံ၌ သန်မာသောကိုယ်ထည်ရှိရာ အနောက်တွင် ကျန်နေခဲ့ပြီး လူဆိုးများကို အချိန်ဆွဲဖို့ ဆန္ဒရှိနေရာ အဆုံး၌ သေသလား ရှင်သလားပင် မသိရချေ။

ဤခန္ဓာကိုယ်နှင့် အချိန်ထဲသို့ လင်းယွမ်ရောက်ချိန်၌ မူလပိုင်ရှင်၏ ကြွယ်ဝမှုအလုံးစုံကို လုယူခံရပြီးပြီဖြစ်သည်။ အပြစ်ရှိစိတ်နှင့် နောင်တတို့ကြောင့် နောက်ပြီး အေးစက်သော ရာသီဥတုနှင့် သင့်တော်သော ခိုလှုံရာမရှိမှု‌တို့ကြောင့် သူဟာ ဖျားနာခဲ့ရသည်။

ရှေးခေတ်တွင် အအေးနှင့် အဖျားမှာ သေဆုံးခြင်း

ကို ဖြစ်စေသော ယေဘုယျအကြောင်းတရားများဖြစ်ကာ ကုသရေးအကူအညီနှင့် ဆေးဝါးချို့တဲ့မှုတို့ကို ထည့်ပြောနေဖို့ရန်ပင် မလိုချေ။ ထို့ကြောင့် မူလပိုင်ရှင်က အလွယ်လေး အနိစ္စရောက်သွားရ၏။

လင်းယွမ်လည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်၊ မူရင်းပိုင်ရှင်မှာလည်း ၁၄နှစ်အရွယ် ကောင်ငယ်လေးသာသာပါပင်။ ရှေးခေတ်များတွင် ဘဝယုံကြည်မှုက တိုတောင်းပြီး ၁၂နှစ်အရွယ် ကောင်လေးများအား အရွယ်ရောက်ပြီးသူဟု သတ်မှတ်ကာ လက်ထပ်ရန်ပင် အဆင်သင့်ဖြစ်နေကြပြီဖြစ်၏။ ကြင်နာတတ်သော စိတ်ဓာတ်နှင့် ၁၄နှစ်အရွယ်ကလေးမှာ ကြင်နာမှုနှင့် စိတ်ထားကောင်းခြင်းတို့ကို ခွင့်မပြုသော ကြမ်းတမ်းသည့် ခေတ်၌ သနားဖွယ်ရာသာ ဖြစ်သည်။

အစေခံကောင်လေးက လက်ခုံဖြင့် မျက်ရည်နှင့် နှပ်များကို မပြောင်မစင်စွာ သုတ်လိုက်ရာ သူ၏ မျက်နှာလေးက သန့်ရှင်းရေးလုပ်ဖို့ မကြိုးစားခင်ကထက်ပင် ပို ညစ်ပတ်သွား၏။ သူက ရှိုက်ကာဖြင့်၊ "ဘာဆေးမှ မရနိုင်ခဲ့ဘူး"

ထိုကလေးမှာ ပင်က်ိုက ခေါင်းမာသူဖြစ်ပြီး ထပ်ပေါင်းအနေဖြင့် လီမိသားစု၌ ကြီးပြင်းလာကာ သခင်ကို သစ္စာခံဖို့ သင်ကြားခဲ့ရသဖြင့် သူဟာ သစ္စာရှိ အစေခံတစ်ဦးဖြစ်လာဖို့ လုံးဝ ဦးနှောက်ဆေးခံထားရသည်ပင်။"ဒါဆိုလည်း မ‌လိုတော့ပါဘူးကွာ" လင်းယွမ်လည်း ထိုကောင်လေး၏ ဆံပင်ကို ဖွ၍ အခြေနေကို အကောင်းဆုံးဖြစ်စေရန် ကြိုးစားလိုက်သည်၊ "အဆင်ပြေပါတယ်၊ ငါ့ကိုကြည့်၊ ဘာပဲဖြစ်ဖြစ် ပြန်ကောင်းခါနီးဖြစ်နေပြီလေ"

ဓားပြအုပ်စုမှာ ချမ်းသာမှုကိုသာ ယူပြီး အသက်ကို မယူသည့် ကြမ်းတမ်းသော ကျေးလက်သားများသာ ဖြစ်နေသည်မှာ ကံကောင်းသည်။ မဟုတ်ပါက ၎င်းတို့လည်း ယခုအထိ ရှင်သန်နိုင်မည်မဟုတ်ပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် လင်းယွမ်မှာ သူ၏ ပိုင်ဆိုင်မှုများကို ရှာဖွေခဲ့ပြီး လင်းမိသားစုက သူ့အား ငွေချောင်းများနှင့် ဘဏ်စာရွက်များသာ

ပေးခဲ့သည်ဟု မယုံပေ။ သူ၏ ယခင်ဘဝ ခေတ်သစ်အချိန်တုန်းက သူ့ထံ၌ ခရီးသွားချိန်တွင် အင်္ကျီထဲ ပိုက်ဆံဝှက်တတ်သည့် အကျင့်ရှိ၏။ ထို့ကြောင့် အထူးသဖြင့် အန္တရာယ်နှင့် အနားမရမှုတို့ အတိပြီးသော ဤခေတ်ကာလတွင် အရံအစီအစဉ် လုပ်ထားခြင်းက ဉာဏ်ရှိသည့် လုပ်ရပ်ဖြစ်ရာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

သို့ရာတွင် အရာအားလုံးကို အခေါက်ပေါင်းမနည်း ရှာဖွေခဲ့သော်လည်း ဘာဆိုဘာမှ ထွက်မလာခဲ့ပါချေ။

အစေခံကောင်လေး၏ ရှိုက်ငိုမှုက ရပ်တန့်သွားပြီး ခံစားချက်က တည်ငြိမ်သွားရာ သူဟာ သူ့သခင်၏ ပွေ့ဖက်ခံကာ ထိုင်နေမိကြောင်း သတိပြုမိလိုက်သည်။ ၎င်းတို့ ကံဆိုးမှုနှင့် ကြုံခဲ့ကတည်းက သခင်နှင့် အစေခံမှာ အလျင်စလို ထွက်ပြေးခဲ့ရပြီး စောင်တထည်သာ ပါလာခဲ့၏။ သူဟာ မူလတွင် ထိုစောင်ကို မထိဖို့ စီစဉ်ထားသော်လည်း သူ၏ သခင်လေး နိုးလာတည်းက အတူတူမျှဝေသုံးစွဲကြလေသည်။

ဤအတွေးက သူ့အား တစ်ဖန် ငိုချင်ရက်လက်တို့ ဖြစ်သွားစေပြန်သည်။ သူ၏ သခင်လေးမှာ ထိုသို့သော လူကောင်းဖြစ်လေရာ အဘယ့်ကြောင့် ဤသို့သော ကံဆိုးမှုကို ကြုံဆုံရသနည်း!

"ဒါ ကျွန်တော့်အမှားပါ!" အစေခံကောင်လေးက မိမိကိုယ်ကို စတင် အပြစ်တင်၍ နောင်တကြီးစွာ ပြောလေသည်၊ "သခင်ကြီးက ဂရုစိုက်ဖို့ ကျွန်တော့်ကို ပြောလိုက်ပေမယ့် ကျွန်တော်က အရူးလိုပဲ သခင်လေးကိုတောင် ရှုပ်နေမိတယ်! ဝူး~ အားလုံး ကျွန်တော့် အမှားပါပဲ! ကျွန်တော့်မှာ ဦးနှောက်ကို မရှိဘူး! အသုံးမကျတဲ့ အရှုံးသမား!"

ကျယ်လောင်စွာ ပြောနေရင်း အစေခံကောင်လေးမှာ မိမိကိုယ်ကို ပါးရိုက်တော့မည့်ဆဲဆဲပင်။

လင်းယွမ်က အမြန် လက်ကို ဆွဲယူ၍ နှစ်သိမ့်သည့်အနေဖြင့် ကျောကို ပုတ်ပေးလိုက်သည်၊ "အဆင်ပြေပါတယ်၊ ငါတို့ အခု လုံခြုံသွားပြီပဲ မဟုတ်ဘူးလား?"

အစေခံကောင်လေးက နှာခေါင်းပိတ်နေသံဖြင့် ပြော

လာသည်၊ "အားလုံး ကျွန်တော့်အမှားပဲ! အရာအားလုံး ကျွန်တော့်အမှားပါပဲ!"

"လာ ထပ်ပြီး ကြည့်ရအောင်" လင်းယွမ်က သူ၏ အဝတ်များကို တစ်ဖန် ပြန်ရှာဖွေဖို့ ပြင်ကာ အေးစက်၍ ခိုက်ခိုက်တုန်နေစဉ်တွင် အတွင်းခံမှတဆင့် ရှာဖွေဖို့ ဘောင်းဘီကိုပါ ချွတ်ချလိုက်သည်။

အစေခံကောင်လေးက ရှာဖွေရာ၌ ကူညီပေး၏။ ဤသည်မှာ ၎င်းတို့နေ့စဉ် လုပ်နေကျ အရာဖြစ်လျှင်သော်မှ အစောပိုင်းရှာဖွေမှုများတွင် အလုံအလောက် ဂရုမစိုက်မိခဲ့မည်ကို အမြဲ စိတ်ပူနေခဲ့ကြသည်။

အစားအစာအတွက် ငွေက တစ်ခုတည်းကျန်ရှိခဲ့သော တန်ဖိုးကြီးပစ္စည်းဖြစ်သည့် လင်းယွမ်၏ အပေါ်ရုံကို ပေါင်ထားခြင်းမှ ရခဲ့သည်။

သူ၏ ဖိနိပ်များကို အဝတ်ဖြင့် လုပ်ထားသော်လည်း ဖိနပ်ခုံက အင်မတန်ထူ၍ နွေးသည်။ ၎င်းအား ချုပ်ရန် သခင်မလင်းအနေဖြင့် အချိန်များစွာယူကာ အပ်ချည်လုံးများစွာ ကုန်ဆုံးခဲ့ရသည်။

မူလပိုင်ရှင်၏ မွေးမိခင်မှာ အစေခံမိန်းကလေးဖြစ်ပြီး ကိုယ်လုပ်တော်ပင် မဟုတ်ချေ။ ဤနေ့ ဤခေတ်တွင် ကလေးမွေးခြင်းက အသက်ခြိမ်းခြောက်နေသည့် လုပ်ငန်းဖြစ်ကာ သူ၏ မိခင်က အသက် ၁၅နှစ်အရွယ် အားနည်းသည့် မိန်းကလေးဖြစ်ခဲ့ရာ ကလေးမွေးနေစဉ်အတွင်း အသက်ဆုံးတော့မည့် နီးနီးဖြစ်ခဲ့၏။

ရလာဒ်အနေဖြင့် မူလပိုင်ရှင်မှာ ကိုယ်ပိုင်ကလေးမရခဲ့သော သခင်မထံ ပျိုးထောင်ဖို့ အပေးခံခဲ့ရ၏။ သူမဟာ စာပေမိသားစုမှလာပြီး မြေပိုင်ရှင့် အဆင့်နှင့် သက်ဆိုင်သည့်အရာတစ်ခုမှ မရှိပေ။ ထို့ကြောင့် သခင်ကြီးလင်းနှင့် သခင်မလင်းအကြား အချစ်အမုန်းဟူ၍ မရှိ။ သို့သော်ငြား သူမဟာ မူလပိုင်ရှင်ကို ကောင်းစွာဆက်ဆံကာ ငယ်စဉ်ကပင် ရေးတတ်ဖတ်တတ်ရန် သင်ကြားပေးခဲ့သည်။

ထို့အပြင် မူလပိုင်ရှင်က စာရေးပြီး သင်္ချာတွက်နိုင်သည့် ပညာရှိသူတစ်ဦးဖြစ်သောကြောင့် သူ၏ ဖခင်က သူ့အနေဖြင့် ပိုကြီးလေးသည့် တာဝန်ကို ထမ်းဆောင်နိုင်မည်ဟု ကောက်ချက်ချခဲ့၏။

လင်းယွမ်မှာ ၎င်းအား သူ၏ မှတ်ဉာဏ်ထဲ၌ ရှာတွေ့ချိန်တွင် မနေနိုင်အောင် အဖေလင်း၏ ကျိုးကြောင်းဆင်ခြင်မှုအပေါ် ပြောစရာမဲ့သွားသလို ခံစားလိုက်ရသည်။

ထိုအခိုက်၌ မီးသီးတစ်လုံး လင်းလာသလိုပင်။ သူဟာ ဖိနပ်များကို ချွတ်လိုက်သည်၊ ကျေးဇူးတင်စရာကောင်းစွာ ဆောင်းရာသီ၏ အအေးဓာတ်က အနံ့ထွက်ခြင်းမှ ကာဆီးပေးထားကာ သူဟာ ဖိနပ်ခုံကို ထုတ်လိုက်၏။

"သခင်လေး...." အစေခံကောင်လေးက အသံစာစာဖြင့် မလွယ်ကူစွာ ပြောလာ၏၊ "ဘာလို့ ....."

သူဟာ သူ၏ သခင်လေးအား မျက်ရည်ကျခါနီးနှင့် တူနေရကြောင်း မေးလိုက်တော့မလို့ပင်။

သို့သော် သူ့စကားမဆုံးခင်၌ လင်းယွမ်က ငွေဘဏ်စာရွက်ကို ထုတ်လိုက်သည်အား မြင်လိုက်ရသည်။

၎င်းမှာ *ထယ်၂၀၀တန်သည့် ငွေဘဏ်စာရွက်ပင်။

*(ထယ် = ရှေးခေတ် အာရှ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် သုံးသည့် အလေးချိန်နှင့် ငွေကြေး ယူနစ်)

ကြေးပြားများအဖြစ် လဲလှယ်လိုက်ပါလျှင် ကွမ်း ၂သိန်းလောက်တန်သည်။ ၎င်းမှာ ပမာဏ နည်းနည်းလေးမဟုတ်ပေ။ မူလပိုင်ရှင်၏ ဖခင်က စုစုပေါင်း ထယ် ၅၀၀ပေးခဲ့ပြီး ၎င်းက အကန့်အသတ်ဖြစ်ကာ အဲ့ထက်ပိုလျှင် လင်းမိသားစု၏ လုပ်ငန်းလည်း ဆက်လည်ပတ်ရန် ရံပုံငွေ အလုံအလောက် ရှိတော့မည်မဟုတ်ချေ။

သူဟာ သခင်မလင်းက သူမ စုငွေအားလုံးကို ထုတ်ယူလာပြီး မူလပိုင်ရှင်အနေဖြင့် မမျှော်လင့်ထားသော အခြေအနေကြုံလာမည်ကို စိုး‌ရိမ်နေပုံရသည်ဟု တွက်ချက်မိသည်။

ဂရုစိုက်တတ်တဲ့ မိခင်တစ်ယောက်ရဲ့ နှလုံးသားပဲ!

သူ၏ မူလအချိန်တွင် မိဘမဲ့ဖြစ်ခဲ့သူအနေဖြင့် လင်း

ယွမ်မှာ တသသဖြင့် သက်ပြင်းသာ ချလိုက်မိပါ၏။

ကြည့်ရသည်မှာ အဖေလင်း၏ တာဝန်ကို မဝေး‌တော့သော အနာဂတ်၌ ဖြည့်ဆည်းပေးနိုင်လိမ့်မည်မဟုတ်ပေ။ ပထမဆုံး သင့်တော်သည့် ခိုလှုံရာကို ရှာဖွေ၍ သူ၏ ကျန်းမာရေးကို အပြည့်အဝ ပြန်လည်ထူထောင်ရပေမည်။

စီးပွားရေးလုပ်ခြင်းအတွက်မူ လင်းယွမ်မှာ စဉ်းပင် မစဉ်းစားဝံ့ပေ။ လက်ရှိ ခေတ်မှာ ယွမ်မင်းဆက်ခေတ်ဖြစ်ပြီး ဧကရာဇ်မှာ ယွမ်ရွှင်းဖြစ်ကြောင်း သိလိုက်ကတည်းက အကြံစည်တစ်ခုလုံးကို လက်လျှော့လိုက်တော့သည်။ သူဟာ အနည်းဆုံးတော့ မင်အင်ပါယာကို တည်ထောင်သူ ကျူးယွမ့်ကျန်းလို လူမှန်ကိုပင် ထောက်ပံ့ခဲ့သော တိုင်းပြည်တစ်ပြည်ထက် ပို၍နီးပါး ကြွယ်ဝသည့် ထင်ရှားသော လုပ်ငန်းရှင် ချန်ဝမ်စန်း၏ ဇာတ်ကြောင်းကိုတော့ သူသိပါ၏။

ဒါပေမယ့် ရလာဒ်ကလား? မင်မင်းဆက်အား တည်ထောင်ပြီး သိပ်မကြာလိုက် သူ၏ ကြွယ်ဝမှုကို နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်းယူခံခဲ့ရပြီး သူ

ကိုယ်တိုင်ကမူ ပြည်နှင်ဒဏ်ခံခဲ့ရသည်။ သူ၏ ကြွယ်ဝမှုတစ်ခုတည်းနှင့်တင် မင်း‌ဆက်အသစ်ကို များစွာ ကြွယ်ဝစေခဲ့၏။

ထို့နောက်၌ ချင်မင်းဆက်ခေတ်တွင် ချင်းလုံဧကရာဇ်က ဟယ့်ရှန်မှာ အကျင့်ပျက်ခြစားမှုမှတဆင့် ကြွယ်ဝမှုကြီးကို စုဆောင်းခဲ့သည်အား မသိဘဲ ရှိပါမည်လား? သူသိပါ၏၊ ထို့ကြောင့် သူ၏ ချမ်းသာမှုအလုံးစုံမှာ နောက်ဆုံးတွင် ဧကရာဇ်၏ အိတ်ကပ်ထဲ၌သာ အဆုံးသတ်သွားရသည်။

ထို့ကြောင့် လင်းယွမ်မှာ အဘိုးလင်း၏ စစ်မြေပြင်နှင့် အလွန်ဝေးကွာသော နေရာတစ်ခု၌ ဝယ်ယူရန် မြေအချို့ ဝယ်ခိုင်းသော အကြံကို ရိုးရိုးသားသား လိုက်နာမည်ဖြစ်သည်။ လင်းမိသားစု တောင်ပိုင်းသို့လာသည်နှင့် နေစရာနေရာရရန် မွေးမြူရေးခြံကို တည်ဆောက်ရမည်။ ထို့အပြင် မှန်ပါ၏၊ စားနပ်ရိက္ခာများကိုလည်း ဖြည့်တင်းထားရမည်ပင်။

ကသောင်းကနင်းခေတ်တွေအတွင်း တန်ဖိုးအရှိဆုံး အသုံးအဆောင်က ဘာတဲ့လဲ? ရွှေလား၊ ငွေလား၊

ကျောက်သံပတ္တမြားတွေလား? မှားတာပေါ့။ အစားအသောက်ပဲ။

စစ်မက်ဖြစ်ပွားသည်နှင့် တိုင်းသူပြည်သားများမှာ လယ်ယာစိုက်၍ ကောက်ပဲသီးနှံများ မထုတ်လုပ်နိုင်တော့ပေ။ လူများအနေဖြင့် သစ်ခေါက်ကို ခွာစား၍ ဆာလောင်မှုကို ဖြေသိမ့်ရသည်အထိ အစားအစာက ရှားသထက် ရှားလာသည်။ အစားအစာဟူသည် အသက်ရင်းမြစ်ဖြစ်ပြီး ပေါများချိန်၌ ဈေးချိုသော်လည်း ကပ်ဆိုက်ချိန်တွင် ဈေးကြီးလှ၏။

"သခင်လေး" အစေခံကောင်လေးက ကြောင်တောင်တောင်နိုင်စွာ ရယ်မောလိုက်သည်၊ "ပိုက်ဆံနဲ့ သွားလဲကြတာပေါ့"

လင်းယွမ်မှာ လက်ရှိတွင် ထရန် အားနည်းလွန်းနေရာ အစေခံကောင်လေးထံသို့သာ ဘဏ်စာရွက်ကို ကမ်းပေး၍ သတိပေးလိုက်၏၊ "ထယ် ၅၀၊ ငွေစက္ကူ ၂ကွမ်းစာပဲ လဲခဲ့၊ ငွေစက္ကူတစ်ရွက်ကို ၁ကွမ်းရှိတယ်"

"မနက်ဖြန်မှသွား စောစောသွား" လင်းယွမ်က မှောင်လာနေသော ကောင်းကင်ကို ကြည့်လိုက်၏၊ "အခုက မလုံ‌ခြုံဘူး"

အစေခံကောင်လေးမှာ ခေါင်းငြိမ့်လိုက်သည်၊ "ကျွန်တော် သခင်လေး စကားကို နားထောင်မှာပါ!"

အစေခံကောင်လေး၏ မျက်လုံးထဲတွင် သူ၏ သခင်လေးမှာ စာရေးနိုင် ဖတ်နိုင်ပြီး သူ့ထက် ပိုတော်ကာ အရာရာတိုင်းကို နားလည်နိုင်၏။

အိပ်မောမကျသွားခင်တွင် လင်းယွမ်မှာ ပျော်ရွှင်စွာ တွေးလိုက်သည်၊ သူ့အနေနှင့် မြေနှင့် ပစ္စည်းများ ပိုင်သည်နှင့် အရည်အချင်းများကို ချပြနိုင်လိမ့်မည်။ ဆိုရိုးတစ်ခုတောင်ရှိတယ်မဟုတ်လား၊ ခေတ်ဆိုးက သူရဲကောင်းတွေကို ဖန်တီးပေးတယ် ဆိုပြီးလေ? သူဟာ သူ၏ အချိန်ခရီးသွားစီနီယာများ၏ ခြေလှမ်းအတိုင်း လိုက်၍ အမြောက်များ၊ တင့်ကားများ၊ လေယာဉ်များ အစရှိသည်တို့ကို တီထွင်ကာ ထပ်ပေါင်းအနေဖြင့် နောက်လိုက်အချို့အား စုစည်းမည်၊ ပြီးတော့လည်း... ပြီးတော့လည်း... ဟဲဟဲ!

လင်းယွမ်မှာ ထိုစဉ်က သူဟာ လူမှုရေးမေဂျာကို ယူထားပြီး သူဘဝတွင် ယခုထိတိုင် နည်းပညာကို တီထွင်ခြင်းနှင့် အနီးစပ်ဆုံးမှာ သူ၏ ကွန်ပျူတာကို ပြင်ခြင်းသာ ရှိကြောင်း သတိမပြုမိခဲ့ပေ။ ထို့အပြင် သူဟာ ၎င်းကို အောင်အောင်မြင်မြင်ပင် မလုပ်နိုင်ခဲ့ပေ။ ထိုအစား ကွန်ပျူတာ အသစ်တစ်လုံးသားဝယ်ပြီး ၎င်းအတွက်နှင့် သူ၏ ထောက်ပံ့ကြေးငွေများအားလုံးကို သုံးစွဲရလုနီးပါးဖြစ်ခဲ့သည်။

သို့သော် လူတစ်ယောက်အနေဖြင့် ကျွန်ုပ်တို့ထံ၌ အိပ်မက်များ ရည်မှန်းချက်များ ရှိကိုရှိရမည်သာ။

နောက်နေ့ အရုဏ်တက်တွင် အစေခံကောင်လေးက နွေးထွေးသည့် စောင်ထဲမှ ခေါင်းလေးပြူထွက်ကာ မသွားချင်ဖြစ်နေသည်။

သို့သော်လည်း အစေခံကောင်လေးက သူ၏ သခင်လေးက အိပ်ရာထဲ၌ အားပြန်မွေးခြင်းမှ မထွက်နိုင်သဖြင့် မိမိကိုယ်ကို အမြန် ဆွဲထူလိုက်ရသည်။

မထွက်သွားခင်၌ လင်းယွမ်က သတိပေးလာ၏၊ "လူဆိုးတွေ လာတားရင် ငွေစက္ကူပေးလိုက် ကြားလား?"

အစေခံကောင်လေးက နားမလည်ပေ၊ "မဖြစ်ဘူး! ဒါက သခင်လေးရဲ့ ပိုက်ဆံလေ!"

လင်းယွမ်က ရှင်းပြ၏၊ "မပေးလိုက်ရင် သူတို့က အားသုံးပြီးယူမှာပဲ။ မင်းသူတို့ကို ဆန့်ကျင်ပြီး တိုက်ခိုက်နိုင်လို့လား? ၂ကွမ်းနဲ့စာရင် ၄၈ထယ်က ပိုများပါတယ်"

အစေခံကောင်လေးမှာ သူ၏ ခြေချောင်းများကို ငုံ့ကြည့်လိုက်သည်၊ "ကျွန်တော်က အသုံးမကျလို့ ကျွန်တော့်အမှားပါ၊ အစ်ကို ချန်သာ ရှိနေရင် အဲ့လူတွေက သေချာပေါက် အစ်ကိုချန်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး...."

အစ်ကို ချန်အကြောင်းပြောရလျှင် သူဟာ မူလပိုင်ရှင်နှင့်အတူ တောင်ပိုင်းသို့ သွားရန် ဆန္ဒရှိခဲ့သော

မြင်းလှည်းမောင်းသမားဖြစ်ပြီး လင်းယွမ်ကို စိတ်ပျက်အားငယ်သွားစေသည်။

အစ်ကို ချန်မှာ မူလပိုင်ရှင်၏ ကလေးထိန်းမိခင်ထံမှ သားဖြစ်ပြီး ငယ်စဉ်ကပင် အတူကြီးပြင်းခဲ့ကြသည်။ သူ့ထံ၌ သန်မာသော ကိုယ်ထည်ရှိ၍ မှားယွင်းလောက်အောင် သစ္စာရှိသည်။ ၎င်းတို့၏ ဆက်ဆံရေး အတူအိပ်ကြပြီး အချင်းချင်း၏ ‘ပိုင်ဆိုင်မှု’ကို ယှဉ်ကြည့်ရကြသည်အထိကို ရင်းနှီးသည်။

(T/N - ဒီနေရာက ပိုင်ဆိုင်မှုဆိုတာ ဟိုဟာကို ပြောတာပါ :)

သေသလား ရှင်သလားလည်း မသိရပေ။

လင်းယွမ်က သက်ပြင်းချသည်။ ရှေးခေတ်က လူများမှာ ရိုးသားကြသည်။ လင်းယွမ်က မိမိကိုယ်ကို အစ်ကိုချန်နေရာ၌ ဝင်ကြည့်သော် အခြားလူအတွက် ကိုယ့်ကိုယ်ကို စတေးသည့် အလုပ်မျိုး သူ မလုပ်နိုင်ကြောင်း ရိုးရိုးသားသား တွေးမိပါ၏။

ယွမ်မင်း‌ဆက်ခေတ်မှာ ကုန်သွယ်မှုနှင့်

ရောင်းဝယ်ဖောက်ကားခြင်းကို ထောက်ပံ့ပြီး စိုက်ပျိုးရေးကိုတော့ ထိုမျှ မဟုတ်ပေ။ သို့သော် အခြားမင်းဆက်ခေတ်များနှင့် စာလျှင် ကုန်သည်များမှာ အမြင့်ဆုံး အခွန်ဆောင်ရပြီး လယ်သမားများက အနည်းဆုံး အခွန်ဆောင်ရသည်။

သို့သော် ၎င်းက ဒေသဆိုင်ရာ အစိုးရနှင့် အရာရှိများက အကောက်ခွန်အနည်းငယ်မျှသာ လက်ခံသည်ဟု မဆိုလိုပေ။ အရာရှိတစ်ဦး၏ လစာသည် ဇိမ်ကျသည့်ဘဝကို မထောက်ပံ့နိုင်သဖြင့် ၎င်းတို့၏ တစ်ခုတည်းသော အခြား ဝင်‌ငွေအရင်းမြစ်မှာ ၎င်းတို့ပိုင် ဒေသဆိုင်ရာအစိုးရလက်အောက်မှ ပြည်သူများကို ဖိနှိပ်ခြင်းမှလာ၏။

မတန်တဆအကောက်ခွန်များက များသထက်များလာပြီး မြေယာရှင်အဆင့်အတန်းများထံမှ ဖိနှိပ်မှုကလည်း မြင့်လာသည်။ ရလာဒ်အနေဖြင့် လူများမှာ ရှင်သန်နေထိုင်ပြီး ၎င်းတို့၏ စားနပ်ရိက္ခာများကို ထောက်ပံ့ရန် အဓိပ္ပာယ်မရှိသဖြင့် တစ်ခုတည်းသော ရွေးချယ်စရာမှာ ဒုက္ခသည်များနှင့် ရာဇဝတ်ကောင်များ ဖြစ်လာဖို့သာ ရှိတော့သည်။

၎င်းတို့ကို လုယက်ခဲ့သော တောပုန်းဓားပြများမှာလည်း အတိတ်က ရိုးသားသည့် လယ်သမားများဖြစ်၍ ဗိုက်ဝနေခြင်းကပင် ၎င်းတို့ကို စိတ်ကျေနပ်ကာ တင်းတိမ်ရောင့်ရဲခဲ့သူများ ဖြစ်ကောင်းဖြစ်နိုင်သည်။

ရှင်သန်နေထိုင်ရန် ၎င်းတို့မှာ သွယ်ဝိုက်သော နည်းဖြင့် မူလပိုင်ရှင်ကဲ့သို့သော လူကောင်းမျိုးကို သေကံရောက်စေခဲ့ကြသည်။

သင်၏ ရှင်သန်ခြင်း အခြေနေမှာ မေးခွန်းထုတ်စရာ ဖြစ်နေချိန်တွင် သူတော်ကောင်းတရားနှင့် တရားမျှတမှုကို မည်သည့်အချိန်၌မဆို စွန့်ပစ်ခံရမည်သာ။

အပိုင်း (၁) ပြီး....✨

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment